အခန်း ၁-၁၀
Vol. 1 Ch. 1-10
အပိုင်း( ၁) အပိုဒ် (၁)
“မီးတောက်အမွှေးဖွာကြက်”
မီးခိုးမှုန်တွေနဲ့ မြူလွှာပါးပါးလေးဟာ ကန်လျန်းတောင်ခြေမှာရှိတဲ့ ရွာသာသာ မြို့ငယ်လေးကို ရစ်ပတ်လွှမ်းခြုံထားတယ်။ ညနေစောင်း နေဝင်ရီတရော အချိန် ရွာထဲက မြေကွက်လေးတစ်ခုမှာ ရွှေရောင်အလင်းတန်းတွေတောက်ပနေတယ်။ အဲ့ဒီ့အရာကိုတော့ ပါးလွှာတဲ့ ရွှေရောင်အဝတ်စတစ်ခုနဲ့ ဖုံးလွှမ်းထားတယ်။
"ဘုရားရေ! ကုန်ပါပြီ……… ဘယ် သောက်ရူးကောင်က ငါ့ မီးတောက်အမွှးဖွားရွှေကြက်ကလေး ကို ခိုးသွားတာလဲ"
မရင်းနှီးတဲ့ ကြောက်လန့်တကြားအော်ဟစ်သံတစ်ခုက ဒီမြေကွက်လပ်လေးရဲ့ ညနေခင်း တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်တယ်။ ဒီအသံကနော့ တောက်ပနေတဲ့ အစိမ်းရောင်အမွှေးဖွာဖွာလေးနဲ့ ရွှေရောင်အမောက်ပါတဲ့ ငှက်ကလေးတစ်ကောင်ရဲ့ အော်သံပဲဖြစ်တယ်။
မီးတောက်အမွှေးဖွားကြက်?
ဒါကကြက်လား?
ဖန်ကျန်းရှီကခြောက်သွေ့နေတဲ့ သူ့နှုတ်ခမ်းတွေကို လျှာသပ်လိုက်ပြီး အော်နေတဲ့ကြက်ကို မီးဖိုပေါ်တင်လိုက်တယ်။ သူ,မြစ်ဘက်ကိုတချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်ရင်းနဲ့ အဝါရောင် အိတ်ငယ်လေးတွေကို ထုတ်လိုက်တယ်။ အိတ်လေးတွေကို ဖွင့်လိုက်ပြီးတာ့ အနီ အဖြူ အဝါ မီးခိုးရောင် အရောင်စုံ အမှုန့်လေးတွေ ဖြူးချလိုက်တယ်။
ဒါတွေအကုန်လုံးက အရည်အသွေးကောင်းတယ်။ ဒီရွာက အစားအစာ သိပ်ပြီးမပေါကြွယ်ဝလှဘူး ဟင်းခတ်အမွှေးကြိုင်လည်း များများစားစားမရှိဘူး။ ဆီနဲ့ဆားက လွဲပြီး ကျန်တာတွေက ပေါပေါများများ မရှိသလောက်ပဲ။ ဒါတွေကြောင့် ဖန်ကျန်းရှီ တစ်ယောက် အပင်အမျိုးမျိုးနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ကိုယ်တိုင် လုပ်ထားရတယ်။
စားတာသောက်တာ……
ဘဝရဲ့ သုခတမျိုးပဲ။ သို့ပေမယ့်လည်း ဒီ ပျင်းရိ ငြီးငွေ့ဖွယ် နေရာကြီးကို သူ ရောက်သွားပြီးထဲက ပေါက်စီနဲ့ ဟင်းရွက်တွေကို ပဲ အမျိုးမျိုး ချက်စားနေခဲ့ရတယ်။ ဖက်ထုပ်ပြုတ်လေး ဖက်ထုပ်ပေါင်းလေးတောင် ရှာမတွေ့ဘူး။
ဆက်ပြီး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ဖန်ကျန်းရှီက အရသာကော အာဟာရပါ ပြည့်ပြည့်ဝဝ ရှိတဲ့ တစ်ခုခုကို စားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက အသက် ၆နှစ်အရွယ်သာ ရှိသေးပင်မယ့် အသက်၂၀အရွယ် ရင့်ကျက်မှုမျိုးရှိနေတယ်။ ဒါကြောင့် မြန်မြန်အရွယ်မရောက်သေးတာကို တော်တော်လေး မခံမရပ်နိုင်ဖြစ်နေခဲ့တယ်။
"ဗွမ်းခနဲမြည်သွားသည်"
ဖန်းကျန်းရှီတစ်ယောက် လေထဲမှာ ပျံ့လွှင့်နေတဲ့ အသားကင်စီက မွှေးကြိုင်လွန်းတဲ့ရနံ့ကြောင့် ဂလုခနဲ တံတွေးမျိုချလိုက်တယ်။ အဲ့ဒီ့နောက် သူ ခေါင်းမော့ပြီး ကောင်းကင်မှာ ထွန်းလင်းနေတဲ့ နေမင်းကို ကြည့်လိုက်တယ်။ ငယ်ရွယ်နုနယ်တဲ့ မျက်နှာလေးကတော့ အတွေးနွံထဲနစ်နေဟန်ရှိတယ်။
ရှေးဦးခေတ်ကိုလေ့လာတဲ့ သမိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့တာက ကောင်းမွန်တဲ့ အတတ်ပညာတစ်ခုပဲ။ ရှေးခေတ်ကအမူအကျင့်တွေကို လေ့လာနိုင်တယ်။ ရှေးဘာသာစကားတွေကို တတ်ကျွမ်းနိုင်တယ်။ ပထဝီဝင် ကြဟ်တာရာတွေနဲ့ နက္ခဗေဒ တွေကို လေ့လာနိုင်တယ်။ တခါတစ်ရံ စာအုပ်အချို့ကနေ ရှေးခေတ်ဆေးကုသနည်းတွေကို လည်းသင်ယူနိုင်တယ်။
ဒါပေါ့………
ဒီအလုပ်က နေရာများများစားစား မရှိဘူးလေ။
အရင်တုန်းက ဖန်ကျန်းရှီဟာ သူအလုပ်ပြုတ်ပြီးတဲ့နောက်မှာတောင် အပြင်းအထန် ကြိုးစားခဲ့တယ်။ အကြိမ်ရာပေါင်းများစွာ စစ်ဆေးချက်တွေ ဒုက္ခဆင်းရဲတွေကိုလဖြတ်သန်းပြီးနောက် ဒီရှေးကမ္ဘာကို ပို့ဆောင်ခံခဲ့ရတယ်။ ဒီကမ္ဘာမှာ ကျော်ကြားအောင် လုပ်နိုင်မယ်လို့ သူကတော့တွေးခဲ့တယ်။ ဘာကိုမှ ထပ်မစဉ်းစားပဲ အရင်ကသူ့ရဲ့ ရှေးခေတ်အပေါ် လေ့လာမှုတွေပေါ် အခြေခံပြီးတော့ တော်ဝင်စာမေးပွဲကိုဝင်ဖြေဖို့ နဲ့ ထူးချွန်ကျောင်းသားတစ်ယောက် ဖြစ်ရမယ့် အခွင့်အရေးရှိတယ် လို့ တွေးခဲ့တဟ်။
ဘယ်သူတွေးမိမှာလဲ?
ဒီမှာ တစ်လထက်မက နေထိုင်ပြီးတဲ့နောက် တော်ဝင်စာမေးပွဲဆိုတာ မရှိမှန်း သူသဘောပေါက်ခဲ့တယ်။ စာ၈မျိုး ဖြေဆိုမှုတွေ ဖြစ်ရိုးဖြစ်စဉ်တွေ ဘာမှ မရှိဘူး။ ဒါက လုံးဝကို ကွဲပြားခြားနားတဲ့ ကမ္ဘာတစ်ခုပဲ တိရစ္ဆာန်တွေတောင်မှ မတူညီကြဘူး။
မီးတောက်အမွှေးဖွာ ရွှေကြက်? ဒါက အမြီးမှာ အနီရောင်အမွှေးတောင် ပါတာကလွဲပြီး မထူးဆန်းပါဘူး။ အနီရောင် ဥတွေ ဥရင်တောင် ကြက်က ကြက်ပါပဲ။
ဖန်ကျန်းရှီ ကြက်ကင်ကနေထွက်လာတဲ့ အနံ့တွေကို လောဘတကြီး တရှူးရှူး ရှူရင်း ငရုတ်ကောင်းမှုန့် ဇီရာစေ့နဲ့ ပျားရည်တွေကို ထပ်ထည့်လိုက်တယ်။
"ငါနင့်ကိုတွေ့ပြီ ။ ကြက်သူခိုးကောင်"
မိန်းမဆန်တဲ့ အသံတစ်ခုက ဖန်ကျန်းရှီကို တုန်နေအောင်ကြောက်သွားစေတယ်။ မတ်မတ်တောင်မရပ်နိုင်ပဲ ကိုယ်ကို ကိုင်းထားမိတယ်။ ချွေးစီးတွေက သူ့ နဖူးကနေ တစက်စက် စီးကျလာတယ်။ ဖမ်းခံရတယ်ဆိုတာ ကောင်းတဲ့ အခြေအနေမှ မဟုတ်တာ။
အခုဘယ်လို လုပ်မလဲ?
ဒီလို လက်မောင်းသေးသေးလေးတွေ ခြေတံတိုတိုလေးတွေနဲ့ ဘယ်လိုမှ ပြေးလွှတ်မှာ မဟုတ်ဘူး။ အခြေအနေကို သဘောပေါက်သွားပြီးနောက် ဖန်းကျန်းရှီ စိတ်ပျက်လက်ပိက်နဲ့ လှည့်ကြည့်လိုက်တယ်။
သူ့ကိုဘယ်သူဖမ်းမိတာလဲဆိုတာ သိချင်ခဲ့တယ်။
တစ်ချက် အရိုက်ခံရပြီးတဲ့နောက် အနည်းဆုံးတော့ လက်စားချေဖို့ အခွင့်အရေးတစ်ခုရှိရမဟ်။ သူ့အိမ်ပြတင်းပေါက်ကို ကျောက်တုံးနဲ့ပြစ်ရမလား? ကြက်ဥနဲ့ပဲ လူကို ကောက်ပေါက်လိုက်ရမလား?
ဒါ ဘယ်သူလဲဆိုတာ မြင်ပြီးတဲ့နောက် ဖန်ကျန်းရှီ မျက်လုံးပြူးသွားတယ်။
သူတစ်ခါမှ မမြင်ဖူးတဲ့ လူစိမ်းတစ်ယောက် ။ ဒါထက်ပိုအရေးကြီးတာက ဒီကောင်မလေးက သူ့လိုပဲ ငါးနှစ်ကျော်လောက်ပဲ ရှိအုန်းမှာ ဖြူဖွေးနူးညံ့တဲ့ မျက်နှာလေးက အရုပ်မလေးလိုပဲ လှတယ်။ ပန်းပွင့်ဖြူ၃ပွင့်ပါတဲ့ စကပ်ကို ဝတ်ထားတယ်။ ခေါင်းမှာ ကျောက်စိမ်းပန်းကိုပန်ထားတယ်။ ရွှေချည်ထိုးဖိနပ်ကိုစီးထားတယ်။
ဒီလို အသက်ငယ်ငယ်လေးမှာတောင် ထူးမြတ်ပြီး ကောင်းမွန်တဲ့ အငွေ့အသက်တွေကို ခံစားမိနိုင်တယ်။ နိုင်ငံတစ်ခုလူံးကိုတောင် လွှမ်းမိူးနိုင်လောက်တဲ့ အလှတရားတစ်ခုဖြစ်လာမှာ သေချာတယ်။
မှတစ်ပါး……
ဒီကလေးမက ခါးထောက်ပြီး မတူမတန်နှိမ်ချင်သလိုလို အပြုံးကြည့်နေတာလား?
ဖန်ကျန်းရှီ က အတော်လေးစိတ်ဆင်းရဲနေတယ်။ ဒီကောင်မလေး ဘယ်ကလာတာလဲ? ဘာလို ပူဆွေးသောက နေရာကလိုမျိုး ဝတ်ထားတာလဲ?
ပိုအရေးကြီးတဲ့ ကိစ္စကတော့ ဒီကလေးမ သူ့ကို မတူမတန်သလို သဘောထားတဲ့ကိစ္စပဲ။
သူ့အရွယ်က ကလေးလိုဖြစ်နေပင်မယ့် စိတ်ကတော့ အသက်၂၀ကျော်နေပြီ ! ဘယ်သူ့နဲ့မဆို ဉာဏ်ရည်ချင်း ပြိုင်နိုင်တာကြောင့် လူတိုင်းရိုက်တာကို လူံးဝ သီးမခံနိုင်ဘူး။
"ဘယ်ကလာတဲ့ ကောင်မစုတ်လေးလဲ မမြင်ချင်ဘူး ထွက်သွားစမ်း ! ဒါ ငါ့ ကြက်" ဖန်ကျန်းရှီ ကြက်ကင်ကို လက်ညှိုးညွှန်ပြီးတော့ စိတ်တိုနေတဲ့ လေသံနဲ့အော် လိုက်တယ်။
"သူခိုးလေး ဘယ်သူ့ကို ကောင်မစုတ်လေးလို့ ခေါ်လိုက်တာလဲ၏" လိုလီတာရဲ့ အပြုံးတွေ ပျောက်ကွက်သွားပြီး သူမရဲ့ လက်သီးသေးသေးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။
လိုလီတာ လက်သီးဆုပ်ထားတာကို ဖန်ကျန်းရှီ မြင်လိုက်တယ်။
အိူး…… ဒီကောင်မစုတ်လေးက ရန်ဖြစ်ချင်တယ်ပေါ့?
ဖန်ကျန်းရှီအေးစက်စက်နဲ့ ရယ်လိုက်တယ်။ ဒီနယ်မြေမှာ သူ အတွေ့အကြုံ များများစားစားမရှိပေမဟ့် ငါးနှစ် သမီးနဲ့ ကိုတော့ ရှုံးစရာအကြောင်းမရှိဘူးလေ။
"နင် ထွက်မသွားသေးရင် ငါနင့်ကို ရိုက်ထုတ်တော့မှာ!" ဒီကလေးမကို ခပ်ကြမ်းကြမ်း ပုံစံပြမှ ဖြစ်မယ်လို့ သူခံစားမိတဟ်။
သနားစရာပဲ သူ့ရဲ့ အခုလို ကလေးပုံစံနဲ့ ရီစရာပုံဖြစ်နေတော့မှာ။
"ငါ့ကို ရိုက်ထုတ်မယ်။ ကောင်းပြီ ငါ 'ချီကူယန်' နင့် စိန်ခေါ်မှုကို လက်ခံတယ်။ လောင်းကြေးကိုပြော နင် ဘာပေးမှာလဲ? ဖန်းကျန်းရှီရဲ့ စကားကို ကြားပြီးနောက် သူမ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတယ်။
"ဟမ်" ဖန်ကျန်းရှီ မထင်မှတ်မိပဲ အံ့အားသင့်သွားတယ်။ ဒီလိုလီတာက ငိုယိုပြီး ထွက်မသွားဘူးလား?
ဒီကောင်မလေး ပြောတဲ့ ကမ်းလှမ်းချက်ဆိုတာ ဘာလဲ?
အာ့
ဖန်ကျန်းရှီတစ်ယောက်နားလည်အောင်တောင် မစဉ်းစားရသေးခင် သူ့ဆီကို တိုးဝင်လာတဲ့ အရာတစ်ခုကို ခံစားလိုက်ရတယ်။ သူ့ရဲ့ ဆံပင်တွေနဲ့ တကိုယ်လုံးကို အရပ်မျက်နှာစုံကနေ လေပြင်းတွေ ဦးတည် တိုက်ခတ်နေသလို ခံစားနေရတယ်။
ဘာလားဟ? မသိစိတ်ရဲ့ တုံ့ပြန်မှုကြောင့် ဖန်ကျန်းရှီဟာ ကျောက်တုံးတွေနဲ့ ဝေးတဲ့နေရာကို ရွှေ့ပြီး လှိမ့်ချလိုက်တယ်။
"ဗုန်း ခနဲ ပဲ့တင့်သံလို အသံကျယ်ကြီးတစ်ခု သူ့နောက်ကနေ ထွက်လာတယ်။
ဖန်းကျန်းရှီနောက်ဘက်ကို လှည့်လိုက်တော့ သူ့မျက်လုံးတွေ ပေါက်တော့ မလို့ နည်းနည်းပဲလိုတယ်။
သူခုနက ထိုင်နေခဲ့တဲ့ အစိမ်းရောင် ကျေက်တုံးအသေးလေးက ခုတော့ ကားကိုယ်ထည်လောက် နီးပါးကို ကြီးလာတယ်။ အခု ကျောက်တုံးရဲ့ အလယ်မှာလဲ အခေါင်းပေါက် တစ်ခုရှိနေတယ်။ အဲ့ဒီ့ကျောက်တူံးဟာ လေထဲမှာ မြှောက်ထားတဲ့ လိုလီတာရဲ့ လက်သီးဆုပ်ထက် နည်းနည်းပဲနိမ့်တဟ်။
"ငါ့ကိုသာ လုပ်သွားလိုက်ပါတော့ကွာ"
ဖန်ကျန်းရှီ လုံးဝကို ကြက်သေသေနေတယ်။
အသက်ငါးနှစ် ကလေးမက ကားကိုယ်ထည်လောက်ကြီးတဲ့ ကျောက်တုံးကြီးကို ခွဲပြီး ဘယ်လိုတောင် မထားနိုင်တာလဲ? ဒါထက့် ဒါထက့် ပိုအရေးကြီးတာက လိုလီတာ ကြည့်ရတာ လန်းဆန်းတက်ကြွနေတာပဲ သူ့လက်ဖဝါးတောင် အနီရောင်မဖြစ်ဘူး။
မဆင်မခြင်လုပ်တဲ့ကောင်မလေးလား? နတ်ဘုရား ဝင်စားတာလား?
ဖန်ကျန်းရှီခေါင်းမီးတောက်သွားတယ်။ ခေါင်းထဲချာချာလည်နေတဟ်။ ဒီကမ္ဘာက တကဟ်ကို မဖြစ်နိုင်တာပဲ။ ရွာထဲမှာ ထူးထူးခြားခြား တစ်ယောက်မှ မရှိပါဘူး။ အကုန်လုံးက နေထွက်ကနေ နေဝင်ထိ အလုပ်ကြိုးစားနေကြတာပဲ။ အမဲလိုက်မုဆိုး လည်း နည်းနည်းပဲရှိတာ။
ဒီကမ္ဘာနဲ့ သူ့ကမ္ဘာကြားက ကွာခြားချက်ကတော့ ဒီကလူတိုင်းက သိပ်ကို သန်မာကြပြီး တိရစ္ဆာန်အမျိုးမျိုးကလည်း ကြမ်းကျုတ်ရက်စက်ကြတယ်။ သို့ပေမယ် ဒါက နိမ့်ကျတဲ့ လူ့အဖွဲ့စည်း တစ်ခုပဲ မလား?
ဒီကာလအတောတွင်း ဖန်ကျန်းရှီက သူ့ကိုယ်သူ အေးချမ်းတဲ့ ကမ္ဘာမှာ နေနေရတယ် လို့ တွေးထားခဲ့တာ ။
မျက်စိတမှိတ်အတွင်းမှာပဲ ဒီကမ္ဘာကြီး အထက်အောက် ပြောင်းပြန်ဖြစ်သွားသလို ခံစားလိုက်ရတယ်။ ဒါကကြောက်စရာအကောင်းဆုံးတော့ မဟုတ်သေးဘူး ပိုကြောက်စရာကောင်းတာက လိုလီတာက သူ့ကို မျက်လုံးစိမ်းတွေနဲ့ စိုက်ကြည့်နေတာပဲ။' တလက်လက်တောက်နေတဲ့ အဲ့ဒီမျက်လုံးတွေက ကစားစရာအရုပ်သစ်ရတဲ့ ပုံစံမျိုးလိုဖြစ်နေတယ်။
နောက်တခါ? မဖြစ်ဘူး………
ငါဘာလုပ်ရမလဲ? ဒီကောင်မစုတ်လေးကိုလည်း ငါမရိုက်နိုင်လောက်ဘူး။ ။
*ပြေး*
ငါးနှစ်အရွယ် ကလေးမလေးက သူ့အင်အားသူ ကောင်းကောင်စ ထိန်းချုပ်နိုင်မလားဆိုတာ သူ မယုံကြည်ဝံ့ဘူး။ ဒီကလေးမကို သင့်လျော်တဲ့နေရာမှာ သင့်လျော်တဲ့ အားကို သုံးရမယ်လို့ရှင်းပြတာက နည်းလမ်းကောင်းဖြစ်မယ်မထင်ဘူး။
တခြား ဘာကိုမှ ပြောစရာမလိုတော့ပါဘူး။သူ ကွေ့ဝိုက်ပြီးထွက်ပြေးခဲ့တယ်။သူ့ရဲ့မီးတောက် အမွှေးဖွားကြက်ကိုလည်း အရေးမစိုက်တော့ဘူး။ခုချိန် မျှော်လင့်မိတာက သူ့ရဲ့ ခြေတံတိုတိုလေးတွေ နည်းနည်းလောက်ပိုမြန်မြန်ပြေးနိုင်ဖို့ပဲ။
"ဟွန့် ! အသုံးမကျတဲ့ကြက်သူခိုး" အံ့အားသင့်စရာကောင်းလောက်အောင်ပဲလိုလီတာက ဖန်ကျန်းရှီနောက်ကို လိုက်မဖမ်းခဲ့ဘူး။အလွန်တရာ မွှေးပျံ့ရနံ့တွေ ပျံ့လွင့်နေတဲ့ ကြက်ကင်ဘက်ကိုပဲ ပြန်လှည့်သွားတယ်။
"တောင်တွေရှိနေသေးသရွေ့မြစ်တွေ စီးနေဦးမယ်။ငါ ပြန်လာခဲ့မယ်။ ဖန်ကျန်းရှီ သူ့ရဲ့သိက္ခာကို ဘယ်လိုမှ အကျမခံနိုင်ဘူး။
သူပြေးနေရာကနေ ပြန်လှည့်လာပြီးတော့ သူ့ကိုစောင့်နေမယ့် သူဆီပြန်သွားလိုက်တယ်။ လိုလီတာက ဖန်ကျန်းရှီကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူးသူမရဲ့ တောက်ပတဲ့မျက်လုံးတွေက စားချင်စဖွယ်ကောင်းတဲ့ ကြက်ကင်ကိုသာ တစိုက်မတ်မတ် ကြည့်နေတယ်။
အဲ့ဒီနောက် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့တာနဲ့ ကြက်ကင်ကို ဖဲ့လိုက်တယ်။နောက်ပီး ပါးစပ်ထဲကို ကြက်တောင်ပံတစ်ချောင်း ထည့်ပြီး ကိုက်နေတယ်။အံ့သြသွားတဲ့အမူအရာက သူမရဲ့မျက်နှာမှာ တားမရဆီးမရ ပေါ်လာတယ်။ကြက်ကင် တစ်ဖက်လေးတောင် ဒီလောက်အရသာရှိလွန်းတယ်။
အဲ့ဒီနောက်
ဖန်ကျန်းရှီပြန်ရောက်လာတယ်။
လိုလီတာရဲ့နောက်မှာ လေပွေလိုပေါ်လာတော့ လှောင်ပြုံးတစ်ခု သူမ နှုတ်ခမ်းထောင့်မှာပေါ်လာပြီးတော့ ခြေထောက်ကိုမြှောက်လိုက်တယ်။
သူသေချာချိန်လိုက်တယ်အဲ့ဒီကောင်မလေး တင်ပါးကို
နောက် ကြောက်စရာကောင်းလောက်အောင် ပြင်းထန်တဲ့ အရှိန်နဲ့
ကန်ပလိုက်တယ်သူ့ကြက်ကင်ကို အငမ်းမရစားနေတဲ့ လိုလီတာ ရှောင်ချိန်လုံးဝမရလိုက်ဘူး။
" ဗွမ်းးးးခနဲ" လွင့်ထွက်သွားပြီးတော့ မြစ်ထဲပြုတ်ကျသွားတယ်။
"ဒီနေ့ ရာသီဥတု အတော်ကောင်းတယ်။နေမင်းကြီး ကလဲသာလို့ ငှက်ကလေးတွေကလဲ အသံတကျီကျီအော်လို့ပန်းရနံ့လေးတွေကလဲ လေထဲမှာ သင်းပျံ့နေတာပဲရေချိုးဖို့ နေ့ကောင်းရက်သာ တစ်ရက်ပဲ" ပြောပြီးတာနဲ့ ဖန်ကျန်းရှီ ကြက်ကင်ကိုလက်နဲ့ကိုင်လိုက်ပြီး တစ်ဟုတ်ထိုး ထွက်ပြေးတော့တယ်။
"သူခိုးကောင်အဲ့ဒါ ငါ့ကြက်" လိုလီတာ အော်သံက မြစ်ထဲကနေ ထွက်လာခဲ့တယ်မဟုတ်တရုတ်တွေ တွေးမနေနဲ့ဒါ ငါ့ကြက် လို့ ဖန်ကျန်းရှီ အနိုင်နဲ့ပိုင်းပြီး နောက်ကိုလှည့်မကြည့်တော့ပဲ ပြေးထွက်ခဲ့တော့တယ်။
" သေစမ်း"လိုလီတာ မြစ်ထဲကနေ ထွက်လာတော့ သူ့ပုံစံက နှင်းတောင်ကျားသစ်ပေါက် အဖြူလေးနဲ့တူနေတယ်သို့ပေမဲ့လည်း သူမရဲ့မျက်လုံးတွေက မှုန်ရီနေတယ်မျက်ရည်တွေကြောင့်လားရေတွေကြောင့်လားဘယ်သူ အတပ်ပြောနိုင်တော့မှာပါလိမ့်။
"ကျာ့ဒုန်းဟ!"
"ချီ ယ!"
ကျယ်လောင်တဲ့အော်ဟစ်သံတွေ အဝေးကနေတောင်ကြားနေနိုင်တယ်။
"အမလေးလေးသခင်မလေး သခင်မလေးဘာတွေဖြစ်လာတာလဲ"ရိုးရာဝတ်စုံဝတ်ထားတဲ့ ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ကြောက်လန့်တကြားအော်ဟစ် ပြေးလာတယ်။
သူမနောက်မှာတော့ တိမ်ဖြူတွေ ရစ်သိုင်း အုံ့မှိုင်းနေပါတယ်။ဒါကတော့ တောက်ပတဲ့ ချပ်ဝတ်တန်ဆာတွေနဲ့ စစ်သားအုပ်စုပဲဖြစ်ပါတယ်။သူတို့ရဲ့ချပ်ဝတ်တန်ဆာတွေမှာတော့ တြိဂံ ပုံတံဆိပ်ပါရှိပြီး ဒါကပဲ သူတို့ရဲ့အဆင့်အတန်းကို ဖော်ပြနေတယ်။အားလုံးပေါင်း အယောက်သုံးရာကျော်ရှိပြီးတော့ အကုန်လုံးက မဟူရာမြင်းပျံတွေကို စီးထားပါတယ်။
ဒီတိရစ္ဆာန်တွေက မြင်းနဲ့ဆင်တူသလိုရှိတယ်။သားရဲကောင်ရဲ့ အားမန်ပြင်းထန်မှုလည်း ရှိနေတယ်။သို့သော်ငြားလည်းအရွယ်အစားကတော့မြင်းထက်ကြီးပြီး အနက်ရောင် လည်ဆံမွေးဖွားဖွားကြီးတွေရှိတယ်။ခန္ဓာကိုယ်မှာတော့ အဖြူရောင်ကြေးခွံတွေနဲ့ ဖုံးအုပ်ထားတဲ့အတွက် နဂါးမျိုးနွယ်ကနေ ဆင်းသက်လာတယ်လို့ ထင်ရပါတယ်။
တပ်စုကြီးရဲ့ ခေါင်းဆောင်ကတော့ မဟူရာအရောင်တိမ်လွှာသဏ္ဍာန် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူ့ပုံပန်းသဏ္ဍာန်ကတော့ အသားညိုညိုနဲ့ ကြံ့ခိုင်ကျစ်လစ်တဲ့ ကြွက်သားတွေနဲ့ အသက်၄၀ လို့မထင်ရလောက်အောင် သန်မာလွန်းလှတဲ့ သူတစ်ယောက်ဖြစ်တယ်။
သူ့ကိုကြည့်မိသူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်စေနိုင်တဲ့ အရှိန်အဝါ ရှိပြီး သတ်ဖြတ်ချင်စိတ် အငွေ့အသက်တွေ ခံစားစေရတယ်။
"ကျွန်တော်မျိုးသေသင့်ပါတယ်" လူကြးီကပြောရင်းနဲ့ မြေပြင်ပေါ် ဒူးထောက်ချလိုက်တယ်သူ့ပုံစံက တစ်ခုခုကို အရမ်းကြောက်ရွံ့နေတဲ့ပုံ ပေါက်နေတယ်။
"ဒီလမ်းကြောင်းမှာ ဘာရှိလဲ"လိုလီတာက အမျိုးသမီးကြီးနဲ့ လူကြီးကို အံ့သြဟန်မပြဖန်ကျန်းရှီ ထွက်ပြေးသွားတဲ့ လမ်းကို လက်ညိုးထိုးပြီး ဒါ ဘယ်ကိုသွားတဲ့လမ်းလဲသူ သိချင်တာကို မေးလိုက်တယ်။
"သခင်မလေးကို လျောက်တင်ရရင်တော့ ဒီလမ်းက တောင်ပေါ်ရွာကို သွားတဲ့လမ်းပါ " တုံ့ဆိုင်းနှေးကွေးခြင်း မပြုရဲပဲ မြန်မြန်လျောက်တင်လိုက်ပါတယ်။
တောင်ပေါ်ရွာလားကောင်းပြီလေငါတို့ တောင်ပေါ်ရွာကိုသွားမယ်လို့ လိုလီတာကပြောလိုက်ပြီူတော့ ကျောက်မျက်ရတနာစီခြယ်ထားတဲ့ ဝေါယာဉ်ပေါ်သို့ တက်သွားတော့တယ်။
"သခင်မလေးကျွန်မတို့ ခရီးမှာ တခြားမြို့တွေသွားရမယ့်ခရီးစဉ်ရှိနေသေးတယ်လေဒီလိုတောင်ပေါ်ရွာလေးအတွက်ခရီးစဉ်ဖျက်မလို့လား"အမျိုးသမီးကြီးက လိုလီတာကို ချက်ချင်းသတိပေးလိုက်တယ်။သို့သော်လည်း သခင်မလေးရဲ့ မျက်နှာ အနူအရာကိုတွေ့လိုက်ရတော့ ရှေ့ဆက်မတားရဲတော့ဘူး။
ရွာတစ်ခုချင်းဆီမှာသူတို့ကိုယ်ပိုင်ကျွမ်းကျင်ပြီး ပြိုင်ဘက်ကင်းတဲ့အရာတွေရှိတယ်ဟိုလိုဒီလို ခွဲခြားမနေသင့်ဘူး။ လိုလီတာက အမျိုးသမီးကြီးကို တစ်ချက်ကြည့်ပြီး ဝေါ်ယာဉ်ပေါ် ခုန်တက်လိုက်တော့တယ်။
တစ်ချိန်တည်းမှာပဲသခင်မလေး ကိုယ်ပေါ်ကရေတွေဟာ လေထဲမှာ ခဲသွားသယောင်ထင်ရပြီး မြေပြင်ပေါ် ပြုတ်ကြကုန်ကြတယ်။သူမ ဝေါယာဉ်ပေါ်ရောက်သွားပြီးနောက် "သခင်မလေး အမျှော်အမြင်ကြီးလှပါတယ်ဒီလို အတွေးမျိူးဝင်မိတာ ရှက်စရာကောင်းလိုက်တာ" မြေပြင်ပေါ်ပြုတ်ကျကုန်တဲ့ ရေစက်တွေကို ကြည့်ပြီးတော့ ဒူးထောက်နေတဲ့လူကြီးရဲ့မျက်နှာမှာ လေးစားမှုတွေ ကြောက်ရွံ့မှုတွေ ရောထွေး ပျံ့နှံ့နေတယ်။
အမျိုးသမီးကြီးကတော့ ဒွိဟဖြစ်နေတုန်းပဲသူတစ်ယောက်တည်း တီးတိုးရေရွတ်နေတယ်ကျယ်ပြောလှတဲ့ တာအိုလမ်းစဉ်ကျဉ်းမြောင်းလှတဲ့ တာအိုလမ်းမရေမတွက်နိုင်တဲ့ တည်ရှိမှုတွေက ဘယ်လိုများဆက်စပ်နေတာပါလိမ့်" နောက်ပြီး တောင်ပေါ်ရွာကိုသွားမှာကရောဘာကိစ္စတွေရှိခဲ့လို့လဲ။
"မသိတော့ဘူးသခင်မလေးက ငါ့ထက် အမျှော်အမြင်ပိုရှိတယ်သူမ ဘာလုပ်နေတယ် ဆိုတာ သူမဘာသာသိမှာပါ"ငါက အစေခံတစ်ယောက်ပဲလေတချို့ကိစ္စတွေမှာ ဝင်မစွက်ဖက်တာ ငါ့အတွက် အကောင်းဆုံးပဲ။
"သခင်မလေးက အသက်ခုနှစ် နှစ်ကတည်းက စာဖတ်တတ်ပြီး ကမ္ဘာကြီးဘယ်လို သက်ဝင်လှုပ်ရှား လည်ပတ်နေလဲဆိုတာ သဘောပေါက်နေခဲ့ပြီးပြီလေသူ့ကို ဘယ်သူမှ အနိုင်ကျင့်ဝံ့မှာမဟုတ်ဘူးဆိုတာ ငါ ယုံကြည်တယ်။" အမျိုးသမီးကြီးက သူ့ဘာသာပြောနေရင်းနဲ့ သဘောတွေကျနေတယ်။
ဝေါယာဉ်ပေါ်က လိုလီတာကတော့ အသားတစ်ဆတ်ဆတ်တုန်နေတယ်။
ငါ့ကို ဘယ်သူမှ အနိုင်ကျင့်ဝံ့မှာမဟုတ်ဘူး ဟုတ်လား
ယွဲ့အာ နင်တက်မလာနဲ့လမ်းဆင်းလျောက်တော့
" အားးးး" လမ်းဆင်းလျောက်ရမယ် ဟုတ်လားအမျိုးသမီးကြီးမျက်နှာက ဇီးရွက်လောက်ပဲရှိတော့တဲ့အပြင် မည်းမှောင်သွားတော့တယ်။
လမ်းခရီးကြမ်းလွန်းတဲ့ တောင်ပေါ်ရွာဆီကို မျှော်ကြည့်လိုက်ပြီးတော့ဟင်းးးးး ငါ့အပြစ်နဲ့ငါပဲလေဒီလောက် ပါးစပ်သရမ်းမှတော့ အပြစ်ပေးခံရပြီပေါ့သူမ စိတ်ပျက်တဲ့အမူအရာနဲ့ လမ်းဆင်းလျောက်နေရတော့တယ်။
"ဒီခရီးစဉ်အတွက် သခင်မလေး ဘာများ စီစဉ်ထားတာရှိသလဲကျွန်တော် သိခွင့်ရှိနိုင်မလား သခင်မလေး" လူကြီးကမတ်တပ်ရပ်ရင်း မြစ်ကမ်းပါးဘေးမှာရှိနေတဲ့ ကြက်ကင်ထားတဲ့စင်ကို လှမ်းကြည့်နေပါတော့တယ်။
"ပဏာမ အကြို စာမေးပွဲ ထပ်လုပ်မယ်" လိုလီတာရဲ့အသံက အထဲကနေ အပြင်ကို ထွက်ပေါ်လာတယ်။
"ပဏာမ စာမေးပွဲလားးဘယ်အသက်အရွယ်အတွက် ကျင်းပတာလဲသခင်မလေး"
"အမ်းးးးးး ၆ နှစ်ကနေ ၈ နှစ် အထိပေါ့"
" ကောင်းပါပြီ သခင်မလေးအမိန့်တော် အတိုင်း ဆောင်ရွက်ပါ့မယ်"
အပိုင်း(၁)ပြီး၏။
အပိုင်း(၂)
"လျှို့ဝှက်ပူးပေါင်းကြံစည်မှု"
မီးတောက်အမွှေးဖွားကြက်ဟာ ဘယ်လောက်ထိကြီးနိုင်ပါသလဲ?မိသားစု သုံးယောက် နှစ်နှပ်စာ စားနိုင်လောက်အောင်ကို ကြီးမားလှပါတယ်။
ဒီလိုမျိုး စားသောက်ပြီးတဲ့နောက် ဖန်ကျန်းရှီဟာ အတော်လေးကို ဗိုက်ပြည့်သွားပါတော့တယ်။လေချဉ်တစ်ချက် တက်လိုက်ပြီးနောက် နှုတ်ခမ်းတစ်ဝိုက် ပေနေတဲ့ဆီတွေကို လက်ဖမိုးနဲ့သုတ်လိုက်ပါတယ်။
ထို့နောက်မှာတော့ သူဟာ ကျောက်တုံးတစ်တုံးရှာပြီး ကြက်အရိုးတွေကို ကျောက်တုံးအောက်တွင် ကျွင်းတူးပြီး မြှုုပ်လိုက်ပါတော့တယ်။သူ့နောက်ကို ဘယ်သူမှလိုက်မလာတာ သေချာအောင် ကြည့်ရှုပြီးတဲ့နောက် လေတချွန်ချွန်နဲ့ မြို့ထဲကို ထွက်သွားပါတော့တယ်။
"တောင်ပေါ်လမ်းကတွေရယ် လေထန်လွန်းလှတယ်၊ မြစ်ချောင်းလေးတွေရယ်စီးး" ရွာထိပ်ကအဝင်လမ်းကိုရောက်တဲ့အချိန်မှာတော့ လူတွေဟာသတင်းထူးတစ်ခု အကြောင်းကို နေရာအနှံ့မှာ ပြောနေကျတာကို သူတွေ့လိုက်ရတော့တယ်။
"ဘုရားရေမျောက်ဘုရားနန်းတော်က လူတွေ ဒို့ တောင်ပေါ်ရွာကိုလာတယ်တဲ့"
"မိုးနတ်မင်းက ငါ့ကိုမျက်နှာသာပေးလာပြီပဲတစ်ခါမှမဖြစ်ဖူးတာတွေ ဖြစ်လာပြီ။ငါတို့ရွာမှာ တရားမျှတတဲ့ အမြင်နဲ့ အကျင့်သိက္ခာကောင်းတဲ့ ပါရမီရှင်များ ထွက်ပေါ်လာလို့လားး?။
"မျောက်နတ်ဘုရား ဘုံကျောင်းကို လာတယ်လား"
ဒီကလူတွေ မျောက်နတ်ဘုရား "အနောင်အရပ်သို့ခရီးသွားခြင်း"အကြောင်းသိရင် တော်တော်အံ့သြကြမှာ မြေကြီးလက်ခတ်မလွဲပဲ။
ဖန်ကျန်းရှီကတော့ သူ့အကြောင်းလူတွေထင်ရာမြင်ရာ မှန်းပြောနေကြတာကို လျစ်လျူရှုလိုက်ပါတော့တယ်။သူ့လက်ဖမိုးနဲ့ နှုတ်ခမ်းတစ်ဝိုက်ကို နောက်တစ်ကြမ် သုတ်လိုက်ပြီးတော့ အိမ်ကိုတန်းတန်းမတ်မတ် ပြန်ပါတော့တယ်။
တောင်ပေါ်ရွာလို့ ခေါ်ရတာကတော့ ကန်လျန်းတောင်ရဲ့ တောင်ဘက်မှာရှိလို့ပဲ ဖြစ်ပါတယ်။တောင်စောင်းလေးပေါ်မှာ တည်ရှိပြီး အိမ်ခြေတစ်ရာကျော်မျှသာရှိတဲ့ ရွာငယ်လေးဖြစ်ပါတယ်။အကြမ်းဖျင်းပြောရမယ်ဆိုရင်တော့ဖြင့် အယ်လဲ့ ကမ်းခြေကြီးပေါ်က ဖုန်မှုန့်သာသာရွာလေးပဲဖြစ်ပါတယ်။
ဝင်း အဝင်ပေါက်မှာတော့ သစ်ကိုင်းခြောက်၊ထင်းခြောက်တုံးတွေကို သစ်တောထဲကနေခုတ်ထွင်ပြီး အပူံလိုက်ပုံထားပါတယ်။ဖန်ကျန်းရှီကတော့ ဒီ ထင်းပုံကြီးကို မီးရှို့လိုက်ရရင်တော့ မီးတောက်က ကောင်းကင်ဘုံအထိ တက်သွားမှာပဲလို့ တွေးနေမိပါတယ်။(ကြံကြံဖန်ဖန်ကွာ ပြဿနာရှာဖို့ပဲစဉ်းစားနေတဲ့ကောင် ဒီကောင်ကတော့ကွာအယ်လဲ့)
"ထင်းခြောက်တွေမီးတောက်အကြီးကြီးတွေ"
ဖန်ကျန်းရှီ သူ့လမ်းသူဆက်သွားပြီးတော့ ခြံဝန်းရဲ့ တံခါး ဆီကို ပြေး ကပ်လိုက်ပါတယ်။ နောက်တော့ ဖြည်းဖြည်းချင်း ၁၀ မီတာလောက် လျှောက်ပြီးနောက်မှာတော့ ခေါင်မိုးစိမ်းနဲ့အိမ်ကလေးကို မြင်လိုက်ရပါတော့တယ်။
ဒါကတော့ ဖန်ကျန်းရှီရဲ့ ဒီကမ္ဘာက အိမ်ကလေးပဲ ဖြစ်ပါတယ်။
"
"ရွာ လူကြီး ဒီစစ်ဆေးမှုအတွက် နာမည်စာရင်းတွေကို ဒီလို ထည့်တာ အဆင်ပြေပါ့မလား?"
"မဖြစ်နိုင်စရာ မရှိပါဘူး "
သစ်သားတံခါးလေးကို ဖန်ကျန်းရှီ တွန်းလိုက်တဲ့အချိန်မှာပဲ အမျိုးသမီး နှစ်ဦးရဲ့ စကားပြောသံတွေကြားလိုက်ရပါတော့တယ်။
ဒီ အသံကို ဖန်ကျန်းရှီ အတော်လေး ရင်းနှီးပါတယ်။ ပထမအသံဟာ သူတို့ အိမ်နီးချင်း ဘေးအိမ်က အမျိုးသမီး ဆိုတာ သူအသေအချာ သိပါတယ်။ အသက် ၂၅-၂၆ အရွယ်လောက်ရှိပြီး အနည်းငယ် ပြည့်ဖြိုးတဲ့ ခန္ဓာကိုယ် နဲ့ အနီရောင်ဝတ်စုံတွေကို ဝတ်ရတာနှစ်သက်တဲ့သူဖြစ်ပါတယ်။ (ဘေးအိမ်က အန်တီကို စောင့်ကြည့်လေ့လာနေသူ)
အိမ်နီးနားချင်းတွေ ဖြစ်တဲ့အတွက်…သူမအိမ်ရဲ့ ဖွဲ့စည်းပုံအဆင်အပြင်ကို သူလုံးဝကို ရင်းနီးနေတယ်။ အိမ်နီးနားချင်းတွေကြားက " သူငယ်ချင်းဆက်ဆံရေး " ကို တိုးတက်စေဖို့အတွက်ဆိုရင်တော့…သူ မနက်ကတောင် သွားလည်ခဲ့ပါသေးတယ်။
ဒုတိယအသံကတော့…ဒီလောကက သူ့ အမေဆီက ထွက်ပေါ်လာတာဖြစ်ပါတယ်။ " ချီရှင်းလိန်"
သူမမှာ သိပ်ကောင်းမွန်တဲ့ ကိုယ်အချိုးအစားရှိပြီး သူမရဲ့ နာမည်အတိုင်းကို သူမက အသက်ရှင်သန်နေတာပဲ…။ ကောင်းကင်ဘုံပေါ်က နှင်းကြာလေးလိုပေါ့…။
ဘာကြောင့် သူမလို မိန်းကလေးမျိုးက သူ့အဖေလို ယောကျာ်းမျိုးကို လက်ထပ်လိုက်ရတာလဲ?
ဒါက လုံးဝတိုက်ဆိုင်မှုကြီးပဲ…။
ပြောကြတာကတော့… သူ့အဖေက… " မတော်တဆ " သူ့အမေရဲ့ မိမွေးတိုင်းဖမွေးတိုင်းကိုယ်ကို မြင်သွားခဲ့တယ်ဆိုပဲ…။ အဲ့တာပြီး… ရိုးသားသည့်ယောကျာ်းတစ်ယောက်အနေနဲ့ပဲ… ရှင်းလိန် ရဲ့မြင်ရမယ့်အရာတွေအားလုံးကို သူမြင်ခဲ့ပြီးပြီဆိုတာ သူလူတိုင်းကိုလိုက်ပြောတော့တာပဲ…။
အဲ့တာက…အဲ့လိုကိစ္စမျိုးဖြစ်သွားတယ်ဆိုရင်တောင်… အဲ့တာသူမရဲ့ အနာဂတ်ခင်ပွန်းလောင်းကို မတရားရာကျမနေဘူးလား… ? ဒီလိုလိပ်ပြာမသန့်စရာ အသိစိတ်ကြီးနဲ့ သူရှင်သန်သွားရမှာလေ…, ……
သူ ဒီဇာတ်လမ်းကြီးကို သုံးနှစ်တိတိကြီးတောင်… ကျူးလွန်ခဲ့ပြီးပြီ။ ၁၀ မိုင်အကွာက… ရွာတွေတောင် ဒီအကြောင်းသိကြတယ်။ ရလဒ်အနေနဲ့ကတော့ … သူ့ရဲ့အမေ… သူမရဲ့ ဂုဏ်သတင်းရဲ့အကျိုးသက်ရောက်မှုကို ပြန်ပြီး စဉ်းစားဆုံးဖြတ်ခဲ့ရတာပဲ…။
ဘယ်လိုပဲ… သူ့အဖေရဲ့ " ရိုးသားမှု " က လုံးဝကို ရှက်စရာဖြစ်နေတယ်လို့… ဖန်ကျန်းရှီ ခံစားမိနေပေမယ့်လည်း…
ဇွဲကောင်းကောင်းနဲ့ ဒီဇာတ်လမ်းကြီးကို သုံးနှစ်သုံးမိုးတိုင်ဖြန့်ချီနိုင်ခဲ့အတွက် သူအားပေးရမယ်။
"… စိတ်ပိုင်းဖြတ်ထားတာ…သူလုံးဝကို စိတ်ပိုင်းဖြတ်ထားခဲ့တာပဲ "
သူ့အမေက အလွန်တရာကို နူးညံ့ပြီး ချောမောလှပလွန်းတယ်။ အဝတ်အစားကို လည်းအမြဲ ရှင်းသန့်နေအောင်ဝတ်စားတတ်တယ်။
သူမရဲ့ဘောင်းဘီတိုမှာ ၇ှိနေတဲ့ ဖာရာလေးကတောင် အဝတ်စအသစ်နဲ့ ဖာထားတာဖြစ်တယ်။
"
"အမေရေ့! ဖန်ကျန်းရှိတစ်ယောက်ကတော့ အာပြဲကြီးနဲ့အော်ပြီး အိမ်ထဲဝင်လာပါတော့တယ်။ ကလေးပေါက်စိန အသံလိုဖြစ်နေတာကို သူလုံးဝသဘောမကျပင်မယ့် သူက ခုတော့ ကလေးပေါက်စ
ပဲ……"
အကဟ်၍ ဖန်ကျန်းရှီသာ အသက်၃၀ အရွယ်လောက် ရောက်လာရင် သူ့အသံကြောင့် မိုးနတ်မင်းတောင် လန့်ပြေးလောက်တယ်။
ဟယ်အချစ်တုံးလေးမင်းပြန်လာပြီ။ဟုတ်တယ် မေမေသားပြန်လာပြီ။ ရေဆာလိုက်တာ အမေရာ။ ရေပေးပါဦး။ ဖန်ကျန်းရှီ (ခ) သူ့သားရဲ့ တောင်းဆိုသံကို ကြားလိုက်ရပြီးတဲ့နောက် သောက်ရေအိုးထဲက ရေတစ်ခွက် ခပ်လာခဲ့တော့တယ်။
ဖန်ကျန်းရှီ ရေဆာလွန်းလို့ ဟန်တောင်မဆောင်နိုင်တော့ပဲ သူ့အမေဆီက ရေခွက်ကို ပြေးယူလိုက်တော့တယ်။ မီးတောက် အမွှေးဖွားကြက်ကို စားပြီးတော့ သူ တော်တော်လေး ရေငတ်နေတဲ့အတွက် တစ်ကျိုက်တည်း သောက်ချလိုက်တယ်။
ဟူးးအခုမှပဲ ရေငတ်ပြေသွားတော့တယ်။ ရေခွက်ကို စားပွဲပေါ် တင်လိုက်ပြီး သူ့အမေ ရှေ့မှာ လေချဉ်တောင် တက်ပြလိုက်သေးတယ်( …… ) ။ သူ အနားယူတော့မယ်လို့ စဉ်းစားပြီး အိမ်ထဲကိုဝင်လာတဲ့လအခါမှာတော့ သူစိမ်းတစ်ယောက်ရှိနေတာကို သတိပြုမိသွားတယ်။
လက်ထဲမှာလည်း ဆေးတံရှည်ကြီး (အရင်တုန်းက ဆေးတံကတော့ထဲကို ဆေးမှုန့်လေတွေထည့်ပြီးသောက်ရတဲ့အချိန်ကပေါ့)ကိုင်ပြီးမုတ်ဆိတ်မွှေးတွေကလည်းဖြူနေတဲ့ ( လူရှိန်အောင်လို့ တမင် အဖြူထားတာနေမှာ) အသက်ကြီးကြီး လူတစ်ယောက်ရှိနေတယ်။
ဟင်းး ဒီလူကို ငါရင်းရင်းနှီးနှီးသိနေသလိုပဲ( အိပ်ချင်မူးတူးဖြစ်နေပြီးတော့)အာ ဒါ တောင်ပေါ်ရွာရဲ့ အကြီးအကဲပဲ။
ဒီလူကြီးက ဒို့ တောင်ပေါ်ရွာရဲ့ အကြီးအကဲ ခေါင်းဆောင်ပဲ။ သူက ဒီနေရာမှာ ဘုရင်ဆိုလည်း ဟုတ်တယ်(အထင်ကြီးမိပြီလေ)။
ဒီ လူကြီးအဲ မဟုတ်ပေါင်ဒီအကြီးအကဲရဲ့ အာဏာ ဘယ်လောက်တောင်ရှိလဲဆိုရင် ရွာသားတွေက သူ့ကို တောကောင်တွေရဲ့အသားတွေ ဟင်းသီးဟင်းရွက်တွေကို ဘုရင်ကြီးအတွက်ဆိုပြီး ဦးဦးဖျားဖျားပို့ပေးရလောက်တဲ့အထိကို အာဏာရှိတာ(ဒါ တမင်သက်သက် အာဏာအလွဲသုံးစားလုပ်တာခေါင်းပုံဖြတ်တာနောက်ဆက် မတွေးရဲစရာတွေပဲ)တဲ့ သူတစ်ယောက်ဖြစ်တယ်။
"အကို ဖန် ကျွန်မ တခြားအိမ်တွေကို သွားရအုန်းမယ်။ အခုတော့ အစ်မ လီ ပြောတာကို ပြင်ဆင်ရအောင်။ နတ်ဘုရားကျောင်းတော်က လူတွေ ကျွန်မ တို့ ဆီလာတဲ့ အချိန် သူတို့အတွက် စားသောက်စရာတွေနဲ့ တည်းခိုဖို့နေရာ ပြင်ဆင်ပေးရမယ်။ အစ်မလီက "မီးတောက်အမွှေးဖွာကြက် ၄ကောင်" နဲ့ ကျောက်တုံးအိမ် အကြီးတစ်လုံးလှူပေးထားတယ်။ ဒါကြောင့် သူ့ကလေးတွေက ရွေးချယ်ခံစာရင်း ထဲ မပါမနေပါရမယ်။"
ရွာအကြီးအကဲက သူ့ရဲ့လက်ဝါးကြီးကိုမြှောက်လိုက်ပြီး သူ့ရင်ဘတ်သူ ပုတ်လိုက်ပါတယ်။ အဲ့ဒီ့နောက် ဆေးတံကြီးကို ကိုက်ရင်းအသက် ပြင်ပြင်းရှူထုတ်လိုက်ပြီုး မီးခိုးကွင်းကြီးတစ်ခုပေါ်လာအောင် လုပ်လိုက်ပါတယ်။
" ဒါက မီးတောက်အမွှေးဖွာကြက်ပဲ မဟုတ်ဘူးလား? ကျွန်မ အခုချက်ခြင်း သွားချေးလိုက်မယ်" ချီရှင်းလိန်က သူ့ရဲ့ အင်္ကျီ ကို သပ်ရပ်အောင်လုပ်ရင်း အပြင်ထွက်ဖို့ ပြင်လိုက်တယ်။
ဖန်ကျန်းရှီကတော့ အတော်လေး အံ့သြနေပါတယ်။ သူ့အမေက မဖြစ်မနေ ကိစ္စ မဟုတ်ရင် အိမ်နီးချင်းဆီက ချေးငှားတာ မလုပ်ဖူးလေ။ အခုတော့ သူမ က ကြက်သွားချေး မလို့တဲ့ လား?
"အစ်မ ရှင်းလိန်က ကြက်သွားချေးမယ်တဲ့လား?? " ဟား ဟား ဟား ကျွန်မကြားတာ မမှားပါဘူးနော်? ဒီရွာထဲမှာ ကြက် နည်းနည်းပဲရှိတာ။ အခု နတ်ဆိုးကျောင်းတော်ကလည်း လာတော့မှာ လူတိုင်းက မျက်နှာသာရအောင် ဧည့်ခံဖို့ ကြိုးစားနေတဲ့အချိန် အစ်မက ဘယ်လိုသွားချေး မှာလဲ?
အဒေါ်လီရဲ့ အဆီတွေ တုန်ခါတဲ့ အထိ လှုပ်ယမ်းရယ်မောနေတဲ့ ခန္ဓာကိုယ်ကြီး ကို ကြည့်ရင်း ဖန်ကျန်းရှီ စိတ်ရှုပ်လာမိတော့တယ်။
"ဒါ ဒါက " ချီရှင်းလိန်မှာတော့ စကားလုံးတွေ ဆွံ့အ ပျောက်ဆုံးသွားခဲ့တယ်။
"အစ်မ ရှင်းလိန် ကျွန်မပြောမယ် ဒီ တောင်ဘက်တောင်ရွာ မှာ မိသားစုထောင်ချီ ရှိတယ်။ ဒါပေမယ့် မိသားစုတိုင်းတော့ ရွေးချယ်ခံခွင့်မရှိဘူး။ တွေးကြည့်စမ်းပါ။ နတ်ဆိုးကျောင်းတော်က လူတွေလာတဲ့ အချိန် ရလဒ် မကောင်းရင် မျက်နှာရမှာလည်းမဟုတ်ဘူး။ ကျောင်းခွဲလည်း ဖွင့်နိုင်မှာ မဟုတ်ဘူး" အဒေါ် လီက နောက်တခါ အကြံပေးပြန်တယ်။
စာမေးပွဲ ရွေးချယ်မှု ကျောင်း
စာမေးပွဲလို့ သူတို့ ပြောတဲ့ အရာကို အခန်းထဲ ဝင်လိုက်တဲ့ အချိန် ဖန်ကျန်းရှီ မျက်လုံးကျယ်ပြီး နားလည်သွားတော့တယ်။
နတ်ဆိုးကျောင်းတော် က ဒီရွာမှာ စာမေးပွဲ နဲ့ ရွေးချယ်မူလုပ်မှာ ဖြစ်တယ်။ ရွာထဲက မိသားစုတိုင်းတော့ ပါဝင်ခွင့် ရမှာ မဟု တ်ဘူး။ ရွာ အကြီးအကဲ တွေ က သင့်လျော်တဲ့ သူကို ရွေးချယ်မှာ
ဒါပေသိ
ရွာအကြီးအကဲတွေက ရွေးမှာ ကို အဒေါ် လီက သူတို့အိမ် ဘာလာလုပ်နေတာလဲ? အရမ်းကို အခိုင်အမာလည်းပြောနေသေးတယ် ။ ဖြစ်နိုင်တဲ့ အဖြေ ကတော့ သူက လူစိစစ်ရေး အဖွဲ့ ကပဲ ဖြစ်လိမ့်မယ်။
သူတို့ ပေါင်း ပြီး ငါ့အမေကို လှည့်စားချင်နေကြတာလား။သည်းမခံနိုင်စရာပဲ ။ ဖန်ကျန်းရှီကတော့ ဒီလို လှည့်စားတာမျိုးကို လုံးဝလက်မခံနိုင်ဘူး။ သူကို တစ်ပတ်လှည့်ရင် သူက နှစ်ပတ်ပြန်လှည့်မယ်သူမျိုး။
"ညီမ လီ ငါတို့မိသားစုက အမွှေးဖွာကြက်ကို မပေးနိုင်တာနဲ့ပဲ ငါ့သားလေးက ရလဒ်ကောင်းမရနိုင်ဘူးလို့ မင်းဘယ်လို ပြောနိုင်ရတာလဲ။" ချီရှင်းလိန်က သူမ ဆင်းရဲတယ်ဆိုတာ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် သူ့ အဖိုးတန်သားလေးကို ထိခိုက်ပြောဆိုတာမျိုးတော့ လုံးဝကို သည်းမခံနိုင်ပါဘူး။
"တော်လောက်ပြီ ငြင်းခုံနေတာ ရပ်သင့်ပြီ။ ဒီကိစ္စကစီစဉ်ပြီးပြီ။ လီမိသားစုက ရွာကို အထောက်အပံ့ပေးလာတာလဲကြာပြီ လီအိမ်က ကလေးတွေက လည်း ကျန်းရှီထက် အသက်ပိုကြီးကြတယ်။ ပြောရမယ်ဆိုရင် ကျန်းရှီက အတော် ငယ်သေးတယ်။ ဒါကြောင့် ဒီရွေးချယ်ခံရမယ့် အခွင့်အရေးကို လီမိသားစုက ကလေးတွေကို ပဲ ပေးသင့််တယ်။" ဆေးတံကြီးကို ကိုက်ရင်းနဲ့ ရွာအကြီးအကဲက ပြောဆိုပြီး အိမ်အပြင်ထွက်သွားတော့တယ်။
တစ်လလောက် အသက်ငယ်တာက ဘာ ကွာလို့လဲ
သိတဲ့သူတစ်ယောက်ယောက်မျာ းရှင်းပြပေးနိုင် မလား
ဘယ်သူ့သွားမေးမေး ရွာအကြီးအကဲ ဘက်လိုက်တယ်ဆိုတာ သိသာနေတာပဲ။
" ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေက အရောင် တဖျက်ဖျက် တောက်လာပြီး တဲ့ အပြစ်ကင်းတဲ့ ချစ်စရာ ကလေးသံလေးနဲ့ သူ့ရဲ့ တွေးမိတာလေးကို ပြောလိုက်တယ်။
"အမေ ရွာအကြီးအကဲနဲ့ အဒေါ်လီ ပြောသလိုပဲ ရွေးချယ်ပွဲမှာ ရလဒ်ကောင်းထွက်မထွက်သိ နိုင်အောင် ဘာလို့ အကြိုစစ်ဆေးမှု မလုပ်ကြည့်ရမှာလဲ။
(၁) မျောက်နတ်ဘုရားကျောင်းတော်နဲ့ နတ်ဆိုးကျောင်းတော်ဆိုတာ အတူတူပါပဲ နေရာဒေသ ကို လိုက်ပြီး အခေါ်အဝေါ်ပြောင်းလဲသွားခြင်းပါ။
(၂) ထိုက်ရှန်း တောင် က ကောင်းကင်တောင် သို့မဟုတ် နှင်းတောင်လို့ လူသိများကြပါတယ်။ ရှင်းကျန်း ပြည်နယ် အခေါ်အဝေါ်ဖြစ်ပါတယ်။
အပိုင်း၂ ပြီး၏ ။
အပိုင်း(၃)
"တာအို နိယာမ"
Translator:Sparrow Translations | Editor: JTJTY97
ဖန်ကျန်းရှီ အသံက အရမ်းကို မကျယ်ပေမယ့် တံခါးပေါက်နား ရောက်နေတဲ့ ရွာအကြီးအကဲကိုတော့ ရပ်တန့်သွားစေခဲ့တယ်။ ဖန်ကျန်းရှီရဲ့ မေးခွန်းကတော့ သူ အကြောက်ဆုံး မေးခွန်းတစ်ခုပဲ။
အကယ်၍ ဒီမေးခွန်း ကသာ အရွယ်ရောက်ပြီးသား သူတစ်ယောက် မေးတာ ဖြစ်ခဲ့ရင် ရွာ အကြီးအကဲ က ဒီရှုပ်ထွေးမှုရဲ့ဂယက်ကို တွေးမိမှာ အမှန်ပဲ။
သာမာန် ဘယ်လို အခြေအနေမျိုးမှာ မဆို အကြို ပဏာမ စစ်ဆေးမှုကို ကျင်းပပြီးမှ နာမည် စာရင်းကို ရွေးချယ်တာဖြစ်တယ်။
သို့ပေမယ့် အခုတကြိမ်ကတော့ ခြားနားသွားပြီ။ နတ်ဆိုးကျောင်းတော်က သူတွေ ကိုယ်တိုင်လာရောက် စစ်ဆေးတဲ့ ဒီလို အဖြစ်မျိုးက တကယ့်ကို ရှားပါးလွန်းတယ်။
အိတ်ထဲက ငွေတုံးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ရွာအကြီးအကဲရဲ့ မျက်နှာက ဖြူဖျော့သွားတော့တယ်။ အဆုံးသတ်မှာတော့ ရွာလူကြီးဟာ ပါးစပ်ကို ခပ်တင်းတင်းစေ့လိုက်ပြီး အိမ်အပြင်ဘက်ကိုပဲ ခပ်တည်တည်နဲ့ လျှောက်လှမ်းသွားတော့တယ်။ ဒီလို လာဘ်ပေးလာဘ်ယူမှု က သူ့ခြေထောက်တွေတုန်တဲ့ အထိ စိတ်လှုပ်ရှားနေစေပင်မယ့်လည်း ရှားပါးတဲ့ ဒီလို အခွင့်အရေးအတွက် ဟန်ဆောင်မျက်နှာဖုံးက ပီပြင်မှ ဖြစ်မှာ လေ။
အဒေါ်လီ ရဲ့ မျက်နှာအမူအယာကတော့ ပိုပြီး ပီပြင်လှတယ်။ "အကြီးဆုံး ထောက်ပံ့သူ" ဆီက ငွေတုံးတွေ ကို သူ လက်ခံပြီးပြီပဲ ရွာအကြီးအကဲ စကားပြန်ပြင်မှာလည်း စိုးရိမ်စရာ သူ့ကိစ္စမှ မဟုတ်တာ။
"အိုက်ယား ကလေးက ဘာသိမှာမို့လဲ။ အကြို ပဏာမ စစ်ဆေးမှု လုပ်ဖို့ ကျွန်မတို့မှာ အချိန်မှ မရှိတာ ။ ကလေး နင့်အိမ်မှာ ပဲ အမေ သင်ပေးတဲ့ အမဲလိုက်နည်းတွေကို ပိုကြိုးစားသင်လိုက်အုန်း။ ဒါမှ ငါတို့ နောင်အနာဂတ်မှာ အသုံးမကျတဲ့သူမဖြစ်မှာ " အဒေါ်လီက စကားနဲ့ ရိုက်ချဖို့ ကြိုးစားနေပါတယ်။
" အမဲလိုက်တာ'?"ဖန်ကျန်းရှီက သူ့အမေကို တခွန်းမှ ဟ ခွင့် မပေးတော့ဘဲ အဒေါ်လီကိုသာ သနားစဖွယ် အပြစ်ကင်းစင်တဲ့ အသံလေးနဲ့ မေးလိုက်တယ်။ " အဒေါ်လီက တောင်ပေါ်တောင်အောက် မသိတာ မရှိတဲ့သူလို့ ကျွန်တော်ကြားဖူးတယ်။ ဒါဆို ဘယ်မြွေ က သက်တမ်းအရှည်ဆုံးလဲ အဒေါ်သိလား?"
" ဘယ်မြွေက သက်တမ်းအရှည်ဆုံးလဲ?" ဖန်ကျန်းရှီ ရဲ့မေးခွန်းကို ကြားပြီးနောက်အဒေါ်လီရဲ့ အမူအယာက မဲ့ရွဲ့သွားတယ်။ ဒါပေမယ့် သူ့ကို အထင်တကြီးနဲ့ကြည့်နေတဲ့ ဖန်ကျန်းရှီ ကြောင့် အထစ်ထစ်အငေါ့ငေါ့နဲ့ ဖြေလိုက်တယ် " ငအလေးရဲ့ ဒီတောင်မှာ မျက်လုံး၃လုံးမြွေ။ အနံတိုမြွေ။ ငွေလက်သည်းမြွေ ဒီလောက် အမျိုးအစားအများကြီးရှိတာ ဘယ်မြွေ သက်တမ်းအရှည်ဆုံးလဲ ဘယ်သူက သိမှာလဲ?"
တံခါးအပြင်ဘက်ရောက်နေတဲ့ ရွာအကြီးအကဲကလည်း ဖန်ကျန်းရှီ ရဲ့ မေးခွန်းကို ကြားလိုက်တယ်။ ဒီကလေးက တကယ့်ကို မိုက်မဲတာပဲ မြွေတွေ အသက်ရှည်မရှည်ထက် သူတို့ မျိုးစိတ် တိုက်ခိုက်ပုံနဲ့ ဘယ်လို အမဲလိုက်ရမလဲ လေ့လာသင့်တာ မဟုတ်ဘူးလား?
"စိတ်ပျက်စရာပဲ ! အားလုံးကို ကျွန်တော် အဖြေ ပြောပြမယ်။ " စိတ်ပိက်စွာနဲ့ ခေါင်းခါလိုက်ရင်း ဖန်ကျန်းရှီက ပြောလိုက်ပါတော့တယ်။
" နင်သိတယ်လား?" အဒေါ်လီက အံ့သြသွားတဲ့ ပုံပါပဲ။
ရွာအကြီးအကဲ လည်း အံ့သြသွားခဲ့တယ်။ ၆နှစ်သားလေးက ဘယ်မြွေ အသက်အရှည်ဆုံးလဲ သိတယ်? ဒါသိပ်တော့ မဖြစ်နိုင်ဘူး။ ရွာက မုဆိုးကျော်ကြီးတွေတောင် သေချာမသိနိုင်တာကို
" အင်းး ! မြွေတွေက (1) စိတ်ရှည်တယ်။ , ဒါကို အားလုံး မသိကြဘူးလား?" ရှေ့ကလူနှစ်ယောက်ကို ငတုံးငအတွေကို ကြည့်တဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး ပြောလိုက်ပါတော့တယ်။
" မြွေက စိတ်ရှည်တယ်။ ?" ဒီ၆ နှစ်သားလေးက သူ့ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကိုမြင်လိုက်တော့ အဒေါ်လီခမျာ ဒေါသကြောင့် တုန်ယင်သွားတယ်။
'ဒီကလေးပေါက်စ က ငါ့ကို အထင်သေးတယ်။ ဒါဘယ်လို ဖြစ်နိုင်မှာလဲ? ဒီ၆နှစ်သားက သူများကို ဒီလို
ဝေဖန်တတ်တယ်။ မဖြစ်နိုင်ဘူး။ ချီရှင်းလိန် သင်ပေးထားတာပဲ ဖြစ်ရမယ်'
"နင်"
"ဘာမှ ထပ်ပြောစရာမလိုဘူး သွားရအောင် " ရွာအကြီးအကဲက အသံတုန်တုန်နဲ့ အော်လိုက်တယ်။ သူပြောနိုင်တာကတော့ ဒီ ဖန်ကျန်းရှီ ပေါက်စလေးက သူနဲ့ အဒေါ်လီကို အရူးလုပ်ဖို့ကြိုးစားနေတယ်ဆိုတာပဲ။
သူ့ရဲ့ ရွာလူကြီး သိက္ခာကို ထိန်းရအုန်းမယ်။ ဒီလိုမျိုး ကလေး တစ်ယောက်နဲ့ ငြင်းခုံဖို့ မဖြစ်နိုင်ဘူး။
ရွာလူကြီးက သိက္ခာထိန်းရအုန်းမယ်။ နောက်ပြီး ဖန်မိသားစုကနေ ကဲ့ရဲ့ ပြစ်တင်တာကိုလည်း မခံနိုင်ဘူးလေ။
ဒါကြောင့် သူဟာ အဒေါ်လီကို မစောင့်တော့ဘဲ ရွာအကြီးအကဲဟာ သူမကို ဆွဲခေါ်ပြီး မပြေးရုံတမယ် ထွက်သွားတော့တယ်။
အဒေါ်လီက ထပ်ပြောချင်နေသေးတယ်။ ဒါပေမယ့် သူစကားမစရသေးခင်မှာပဲ ရွာလူကြီးဆွဲခေါ်ရာနောက် လိုက်ခဲ့လိုက်ရတယ်။
ဒီအချိန်မှာပဲ အဒေါ်လီက သူ့လျှာသူ ပြန်ကိုက်မိသွားတယ်။
ဒီလို ခနခန ဖြစ်ပြီးတဲ့အချိန်မှာတော့ အဒေါ်လီက ဖန်အိမ်ကနေ တော်တော်ဝေးဝေးကို ရောက်လာပြီဖြစ်တယ်။
သုတ်သီးသုတ်ပြာနဲ့ ထွက်ပြေးသွားတဲ့ အဒေါ်လီနဲ့ ရွာလူကြီးကို တချက်ကြည့်လိုက်ပြီး သူ့ရဲ့ အဖိုးတန် သားရတနာလေးကို စိုက်ကြည့်လိုက်တယ်။ တကယ်တမ်းတော့ သူ့သားရတနာလေး ဒီလို မေးခွန်းမျိုး ဘယ်လိုမေးတတ်ရတာလဲလို့ သူမ အံ့သြနေမိတာ ဒါပေမယ့် သူမစိတ်ထဲမှာတော့ ရွေးချယ်မှု စာမေးပွဲကို တွေးမိနေတုန်းပဲ။
ဘာကြောင့်လဲဆိုရင်
လူးလူးလိမ့်လိမ့်နဲ့ ဒီလို ပါဝင်ခွင့် မရဘူး ဆိုတာကို သူမ လက်မခံနိုင်ဘူး။
ပါးစပ်ကိုတင်းတင်းစေ့လိုက်ပြီး ရွာလူကြီးနောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ချောင်းဟန့်သံ တစ်ချက်ဟာ အိမ်တွင်းကနေ ထွက်ပေါ်လာခဲ့တယ်။
" မလိုက်နဲ့တော့……" တိုးညှင်းတဲ့ အိမ်ထဲက အသံကို ကြားလိုက်ရတယ်။
"သူတို့ လှည့်စားတာ သိသာနေတာပဲ။ အဒေါ်လီက ရွာလူကြီးကို လာဘ်ထိုးထားလိမ့်မယ်။ ကြက်၄ ကောင်က ပဓာနမဟုတ်ဘူး။ ငါတို့ဆင်းရဲတာကိုလည်း အမှုထားစရာမလိုဘူး။ တောင်ဘက်တောင်ရွာမှာ ခရီးသွားတွေ မရောက်တာ ရာစုနှစ် တွေ များလှပြီ။ နတ်ဆိုးကျောင်းတော်က အခု အသက် ၆နှစ်နဲ့ ၈နှစ်အရွယ်ကလေးတွေကိုပဲရွေးချယ်တာ။ အကြို လူစိစစ်မှုကို ရွာအကြီးအကဲက ဘယ်လို ဆုံးဖြတ်လိုက်တာလဲ? ကျန်းအာက ဒီ သတ်မှတ်ချက်အတွင်းမှာရှိတယ်။ ဒါပေမယ့် လီအိမ်က သားအငယ် ဟူဇစ် ဆိုရင် သတ်မှတ်ချက်ထဲတောင်ဝင်တာ မဟုတ်ဘူး။ ကျန်းအာကို ဒီရှားပါးတဲ့ အခွင့်ရေးအတွက် လက်လွှတ်မခံနိုင်ဘူး။ "
ချီရှင်းလိန် နှုတ်ခမ်းကို ကိုက်လိုက်ရင်း ဖန်ကျန်းရှီရဲ့ လက်မောင်ကို တင်းတင်း ဆုပ်လိုက်တယ်။
ဖန်ကျန်းရှီ စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။ သူက ကလေးအရွယ်ပဲ ရှိသေးတာကြောင့် သူ့စကားတွေက အရာရောက်မှာ မဟုတ်ဘူး။ သူ တွေးနေတဲ့ အချိန် သူ့လက်မောင်း မှာ တင်းကြပ်လာတာ ခံစားလိုက်ရတယ်။
အမေ ဆွေးနွေးချင်တယ်ဆိုရင်လည်း ဆက်ပြောလေ ဘာလို့ ကျွန်တော့်လက်မောင်းကို ညစ်နေတာလဲ?
" ဟင်းးးး ကျန်းအာ အမေ ရင်နာတယ်။ မီးတောက်ပြာ ဝံပုလွေ အဖွဲ့ ကန်လင်းတောင်ကို လာတဲ့အချိန်တုန်းက ရွာကိုကာကွယ်ဖို့အတွက် မင်းအဖေရဲ့ လက်မောင်း နှစ်ဖက်ကိုသာ အဆုံးရှုံးမခံခဲ့ရရင် ဒီလို လှည့်စားရဲကြမှာမဟုတ်ဘူး။ ငါတို့ကိုဆင်းရဲလို့ဆိုပြီး စာမေးပွဲဝင်ခွင့်မှာတောင် မျှတအောင်မလုပ်ကြတော့ဘူး။"
ဒီစကားကိုပြောနေတဲ့အချိန် ရှင်းလိန်ဟာ သူ့သားလေးရဲ့ လက်ကို ပိုပြီးတင်းတင်းကျပ်ကျပ် ဆုပ်ထားမိတယ်။
ဖန်ကျန်းရှီ ချွေးပျံလာတော့တယ်။ လက်က အကြောတွေဟာ လည်း ဖိနှိပ်ခံရမှုကြောင့် ထုံကျင်လာခဲ့တယ်။ အတိတ်ကဖြစ်ရပ်တစ်ခုကို သတိရသွားတာကြောင့် သူ့မျက်နှာပေါ်မှာတော့ စိုးရိမ်တဲ့ အငွေ့အသက်တွေ ပေါ်လာခဲ့တယ်။
'သူ့အမေက ချောမောလှပတယ်။ နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိတယ်။ စိတ်ရှည်သီးခံတတ်တယ်။ ဘာကြောင့်သူမ က ဒီလောက်တောင် ရိုးစင်းနုံအတာလဲ စဉ်းစားမရခဲ့ဘူး။ ? အံ့သြစရာမရှိပါဘူး ဖန်ဖေဖေ က သူမ အကြောင်းသတင်းတွေ အတော်ဖြန့်ပြီး နှစ်အနည်းငယ်ကြာမှသာ လက်ထပ်ခွင့်ရတာပဲ။
ဒါနဲ့ ငါ လက်မောင်းနာနေပြီလို့ အခုပဲပြောလိုက်မိတာမလား?'
"မပြောနဲ့တော့ ကျန်းအာက ငယ်သေးတယ် ။ ဒီလို မကောင်းတဲ့ စကားတွေကြားလို့ မဖြစ်ဘူး။ တောင်ဘက်တောင်ရွာ ကိုသာ နတ်ဆိုးကျောင်းတော်က သတိထားမိသွားရင် နောင် ဖွင့်မယ့် ကျောင်းခွဲမှာ တက်ဖို့ အခွင့်အရေး ရနိုင်တယ်။ " ဖန်ဖေဖေ ရဲ့ အသံဟာ ဟိန်းထွက်လာခဲ့တယ်။
(1) မန်ဒရင်း ဘာသာစကားနဲ့ပြောရ ရင် " မြွေ" ရဲ့ အသံထွက်က "လျှာ" အသံထွက်နဲ့ ဆင်တူပါတယ်။ ဒီနေရာမှာတော့ အဒေါ်လီက မလိုအပ်ပဲ အပိုစကားတွေ ပြောတာကို(လျှာရှည်တာကို) မြွေသက်တမ်းရှည်တယ် လို့ သွယ်ဝိုက်ပြောလိုက်တာဖြစ်ပါတယ်။
"မျှော်လင့်ချက် ? မျှော်လင့်ချက်ဆိုတာ အစတည်းက တခြားသူတွေအတွက်ပဲ။ ရွာလူကြီးရဲ့ အပြုအမူကို မမြင်ဘူးလား နတ်ဆိုးကျောင်းတော်က ဒီမှာ ကျောင်းခွဲလာဖွင့်ရင်တောင် ကျန်းအာ အတွက် အခွင့်အရေးက လာမှာ မဟုတ်ဘူး။ "
ချီရှင်းလိန်ဒေါသတကြီးနဲ့ သူ့သားရဲ့ လက်ကို ဆုပ်ကိုင်ထားတာ ဖန်ကျန်းရှိ ခမျာတော့ မြေကြီးနဲ့တောင် အတော်လွတ်နေပြီ။
မေမေ။ ကျွန်တော့်ရဲ့ ချစ်မေမေရယ်။ ဒီလောက်ထိ ဒေါသမထွက်ပါနဲ့ ဗျာ။ ဗူးသီးလုံးလောက် မျက်ရည် စက်တွေ ဖန်ကျန်းရှီ ပါးပြင်ပေါ်ကနေ စီးကျလာတယ်။ ဘယ်လို မိခင်မျိုးကများ ကိုယ့်သားရတနာလေး ဒီလိုငိုကြွေးနေတာကို ကြည့်ရက်နိုင်ပါမလဲ?"
" မေမေ သား လက်နာနေပြီ……" ဖန်ကျန်းရှီကတော့ တွေးလိုက်မိတယ်။ သူသာ အခုချိန် အသံမထွက်ရင် သူ့ လက်မောင်းတော့ သွင်သွင် ကျိုးတော့မှာပါပဲ ။
" အိုက်ယား မေမေ့ချစ်သားလေး ဘယ်နားနာသွားလဲ မေမေ့ကိုပြော? သားလက်ကို နာအောင် ဘယ်သူလုပ်တာလဲ? " သူ့သားလက်ကို ငုံ့ကြည့်မိလိုက်တော့ လက်မောင်းပေါ်မှာ အနီအမှတ် လက်ရာကြီး တစ်ခုဖြစ်နေတာကိုတွေ့လိုက်တယ်။ ကတော့ သူ့ရဲ့ သားရတနာလေးကို တစ်ယောက်ယောက်က အနိုင်ကျင့်ပြီး ဒဏ်ရာရအောင် လုပ်လိုက်တယ်လို့ တွေးမိလိုက်တယ်။
အားနဲ့ အဖိခံထားရတာကြောင့် သွေးကြောတွေတောင် ညိုနေပြီ။ ချီရှင်းလိန်ခမျာ မျက်ရည်လေး တစမ်းစမ်းနဲ့ ဖြစ်လာတော့တယ်။
"ကျန်းအာ မေမေ့ အသည်းလေး ။ သားက မေမေ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ဒီစကားလုံးကို ကောင်းကောင်းမှတ်ထား " အရာအားလုံးရဲ့ ဖြစ်တည်မှု တာအို " လီမိသားစုကို အင်အားကြီးတယ်လို့ မတွေးနဲ့ သား။ သူတို့က ရိုင်းစိုင်းပြီး အဆင့်အတန်းမရှိတဲ့သူတွေ ထက်မပိုဘူး။"
"အရာအားလုံးရဲ့ ဖြစ်တည်မှုတာအို" အဲ့တာ ဘာလဲမေမေ ? " မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း ဖန်ကျန်းရှီ သူ့အမေကို မေးလိုက်တယ်။
ဖန်ကျန်းရှီ က လွတ်လွတ်လပ်လပ် အပူအပင်ကင်းကင်းနဲ့ နေချင်တဲ့သူမျိုးဖြစ်တယ်။ ဒါပေသိ သူတို့ ဖန်အိမ်က အခု တနေ့စာ တနေ့ရှာစားရတာတောင် ခက်ခဲနေတာ ………။
အကယ်၍ သူတို့သာ ဒီလို အလုပ်လက်မဲ့ ဆက်နေနေမယ်ဆိုရင် ရွာက လူတွေ အနိုင်ကျင့်တာကို ပိုပြီးခံရတော့မှာ အမှန်ပဲ။
အလုအ်လက်မဲ့က အလုပ်လက်မဲ့ပဲ။ ဒါပေမယ့် သူများအနိုင်ကျင့် လှည့်စားတာ အမြဲခံနေရရင်တော့ အသုံးမကျတဲ့ လူ့ငနွားဖြစ်သွားပြီ။
"အရာအားလုံးရဲ့ ဖြစ်တည်မှု တာအို က …… တကယ်တမ်းတော့ အမေလည်း သိပ်မသိဘူး။ ဒါပေမယ့် တာအိုနိယာမကနေ အခြေခံလာတာတော့ အမေသိတယ်။ ဒါကြောင့် ကျန်းအား သား အင်အားကြီးတဲ့သူ ဖြစ်ချင်ရင် ပညာကိုကြိုးစားသင် စာများများဖတ်"
" သင်ယူလေ့လာတာနဲ့ စာဖတ်တာ? ကျင့်ကြံတာက အဓိက သော့ချက်မဟုတ်ဘူးလား?"
ဖန်ကျန်းရှီ ပိုပိုပြီး သိချင်လာတာကြောင့် သတိလက်လွတ်နဲ့ သူ့အမေကို မေးလိုက်တယ်။ " မေမေ တာအို နိယာမကို ဖတ်ဖူးတာလား?"
အဲ့ဒီ့နောက် သူ့အမေက စာမတတ်ဘူးဆိုတာ သူသတိရသွားတယ်။
" ဟား ဟား မေးခွန်းကောင်းပဲ။ အမေမဖတ်ဖူးပေမယ့် အမေ ငယ်ငယ်က မြို့ကျောင်းကနေ မထွက်ခင် နှုတ်တိုက်ကျက်ခဲ့ဖူးတယ်။ ဒါပေမယ့် အမေက စာမဖတ်တတ်တော့ တော်တော်များများ မမှတ်မိတော့ဘူး။ အမေ ပြန် စဉ်းစားလိုက်အုန်းမယ်…"
အချိန်အနည်းငယ် ကြာပြီးနောက် ချီရှင်းလိန်ဟာ လက်နောက်ပစ်လိုက်ပြီး ခေါင်းကို မော့လိုက်တယ်။ သူမရဲ့ သွင်ပြင်ဟာ ကျွမ်းကျင်တဲ့ ဆရာတစ်ယောက် စာသင်ကြားတော့မယ့် ပုံစံ အလားပါပဲ။ ။
" အဟမ်း ! တာအိုလို့ အမည်နာမ ခေါ်တွင် ခြင်း ဟာ တာအို အစစ်အမှန်မဟုတ်ဘူး။ အမည်နာမ သတ်မှတ်ချက်ဟာလည်း စစ်မှန်တဲ့ အနည်နာမ မဟုတ်ဘူး။ ပြီးတော့ ……… အမေမေ့သွားပြီသားရေ"
သူ့ အမေရဲ့ ရွတ်ဖတ်သံကို နားထောင်ပြီးနောက် ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတော့ တဟ်။
ဒါ ဒါ ဒီစာသားတွေ က သူ အရင်ဘဝက လေ့လာ ဖူးတဲ့ "တာအို နိယာမ" တွေပဲ။
သူ့ အမေ က တကယ်ပဲ "တာအိုနိယာမကို သင်ဖူးတယ်။
ဒီ ကမ္ဘာ က "တာအို နိယာမ" ဆိုတာ သူ့ရဲ့ အရင်ဘဝတုန်း က 'တာအို သိကျင်း ' လား?
"ကျန်းအာ စိတ်မပူနဲ့ မေမေ ဒီအခန်းကို မမှတ်မိပေမယ့် နောက် အခန်းကို မှတ်မိတယ်။ နိယာမ 4320 ခုကို အပိုင်း ၈ ပိုင်းနဲ့ ပိုင်းခြားထားတယ်။ တစ်ပိုင်းမှာ ချီ 3ခု ရှိပြီး စုစုပေါင်း ချီ 24 ခုရှိတယ်။ ချီတွေက ကောင်းကင် မြေကြီးနဲ့ လူသားတွေ အတွက် အချက် 72 ခုကို ပြုလုပ်ပေးတယ်။ "
ဖန်ကျန်းရှီ စိတ်လှုပ်ရှားမှုကြောင့် ရင်တွေ တုန် နှလုံးခုန်တွေ မြန်လာတယ်။ ဒါက " ကိုယ်ပျောက်ခြင်း အနုပညာ " မဟုတ်ဘူးလား?
"နောက်ပြီးတော့…… ခနလေး သား နောက်တစ်ခု မေမေ ထပ်ပြောမယ်။"
စိတ်ဝင်တစား နားထောင်နေတဲ့ သူ့သားလေးကြောင့် ရှင်းလိန်ရဲ့ မျက်နှာပေါ်မှာ ယုံကြည်ချက်ပြည့်ဝတဲ့ အမူအယာဖြစ်ပေါ်လာခဲ့တယ်။
သူမရဲ့ စွမ်းရည်ကို သားလေးရှေ့မှာ အစွမ်းကုန်ပြဖို့ ဆုံးဖြတ်လိုက်ရင်း လည်ချောင်းရှင်းကာ ဆက်ပြောပြန်တယ်။
"ကွန်ဖြူးရှပ်စ် က ဆိုခဲ့တယ်။ မင်းသင်ထားတာကို ပြန်ပြီးလေ့ကျင်တာဟာ စိတ်ကိုမရွှင်လန်းစေဘူးလား? အဝေးရောက် သူငယ်ချင်း အလည်လာတာကကော ပျော်စရာ မကောင်းဘူးလား? မင်းကို လူကြီးလူကောင်းအဖြစ် အသိအမှတ်မပြုတာထက် လူဆိုးလူမိုက်အဖြစ် ပြစ်တင်မခံရတာက ပိုမကောင်းဘူးလား?"
သူ့အမေရဲ့ စကားလုံးတွေထဲက စာသားတစ်ချို့ကို ကြားပြီးနောက် ဖန်ကျန်းရှီ စိတ်ထဲ တိမ်တွေပေါ် လွင့်နေသလို ခံစားလိုက်ရတယ်။ ဒါက "ကွန်ဖြူးရှပ်စ်ရဲ့ ခွဲခြမ်းစိတ်ဖြာမှု"ပဲ။
လောကမှာ ဒီလိုတိုက်ဆိုင်မှုမျိုးလည်းရှိနေသေးတာလား
ဒါအပြင် တာအိုနိယာမနဲ့ အရာအားလုံး ရဲ့ ဖန်တီးမှု တာအိုကြား ဆက်သွယ်ချက်ကကော ဘာဖြစ်နိုင်မလဲ?
ခနနေပါအုန်း
အကယ်၍ သူ့အမေ မှတ်မိတာတွေသာ မမှားဘူးဆိုရင် ဒီကမ္ဘာရဲ့ အရာအားလုံးဖြစ်တည်မှုဟာ တာအို စံ သတ်မှတ်ချက် ဘောင်ထဲမှာပဲရှိနေမှာ………
သမိုင်းသုတေသီ ပညာရှင် တစ်ယောက်အနေနဲ့ ဖန်ကျန်းရှီ ဟာ တာအိုနိယာမကို အတော်လေး ထဲထဲဝင် ဝင် လေ့လာဖူးတယ်။ ဒါပေမယ့် အကုန်လုံး သူ မှတ်မိသမျှကိုတော့ထုတ်မပြောရဲဘူး။ူ အောင်မြင်ခါနီးလာပြီ။ မိုးနတ်မင်းတောင် အခု သူ့ကိုရပ်တန့်နိုင်မှာ မဟုတ်တော့ဘူး။
"အမ် အမ်…"
ဖန်ကျန်းရှီရဲ့ ခေါင်းထဲမှာတော့" တာအိုတိ ကျင်း" က စာသားတွေကို အပြန်ပြန်အလှန်လှန် ပုံဖော်နေမိတယ်။ အဲ့ဒီနောက့် ကောင်းကင်ဆီကို လက်ဆန့်တန်းရင်းအော်ဟစ်လိုက်တယ်။ " အရာအားလုံးရဲ့ဖန်တီးမှု တာအို" ငါ့ဆီလာစမ်း"
""
အရင်တည်းက ကောင်းကင်ကြီးကလည်း ကြည်လင်နေတဟ်။ မြေပြင်ကလည်း ခြောက်သွေ့နေတယ်။ တခုတည်းသော ပြောင်းလဲ သွားတဲ့အရာကတော့ ချီရှင်းလိန်ရဲ့ မျက်နှာ အမူအယာပါပဲ။
ဖန်ကျန်းရှီ လန့်ဖြန့်သွားတော့တယ်။
ဘာတွေဖြစ်ကုန်တာလဲ? အမေ နေမကောင်းလို့လား?တစ်ခုခုမှားနေပြီထင်တယ်။
ချီရှင်းလိန် ခေါင်းထဲချာချာလည်သွားတယ်။ သူ့ သား အသည်းကျော်လေးက ရွာလူကြီးနဲ့ အဒေါ်လီကို မေးခွန်းတစ်ခုနဲ့ ဘယ်လိုတောင် နှက်ချ လိုက်ရတာလဲ။ သူမရဲ့ မျက်နှာ အမူအယာက မည်းမှောင်သွားတယ်။ " သား ဒီကိုလာစမ်း! ဒါကို ကျန်းအာက များ ပိုင်ဆိုင်ထားသလား?"
အပိုင်း (၃) ပြီး၏ ။
အပိုင်း(၄)
" အမြင့်မှာ အထီးကျန်တယ်"
Translator:Sparrow Translations | Editor: JTJTY97
"သရဲပူးခံရတယ်”
ဖန်ကျန်းရှီရဲ့ စိတ်နှလုံးထဲမှာ ကြောက်ရွှံ့မှုတွေ ပေါ်လာတယ်။ အသည်းအသန်ကြိုးစားပြီး နောက်မှာတော့ ဒီကိစ္စကို သူတို့တောင်ဘက်တောင်ရွာကနေ လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာတုန်းက ဖြတ်သွားခဲ့တဲ့ Mrယို့ဖူ ဆီကို လွှဲချဖို့ ဆုံးဖြတ်လိုက်တော့တယ်။
ဒါပေမယ့် သူ့စိတ်ထဲမှာလည်း စိုးရိမ်နေမိတယ်။ သူက အခု (၆)နှစ်သားအရွယ်ပဲရှိသေးတာ သူ့ရဲ့ ပုံရိပ်ကို နှိမ့်ချထားသင့်တယ်။ အကယ် သူက ပိုင်ဆိုင်သူ အဖြစ် သတ်မှတ်ခံရရင်တောင်ပေါ့။
အရင်က သူလေ့လာခဲ့ဖူးတာတွေကို ပြန်တွေးကြည့်လိုက်တော့ ရေနွေးပူနဲ့လောင်းချခံရတာ၊ ကားစင်တင် မီးရှို့ခံရတာ၊ အရှင်လတ်လတ် တွင်းတူးပြီး မြေမြှုပ်ခံရတာတွေ မြင်ကွင်းထဲ တရိပ်ရီပ်ပေါ်လာတာကြောင့် ကြက်သေသေပြီး တောင့်တင်း အေးခဲသွားတော့တယ်။ ဒီ ကမ္ဘာမှာ “နှိပ်စက်မှု ” ရှိလားဆိုတာ သူ မသေချာ ပေမယ့်ပေါ့။
ပါးပါးနပ်နပ် လှုပ်ရှားမှုတော့ လိုအပ်တယ်။
လျှောက်လှမ်းနေတဲ့ လူအုပ်ကြီးနဲ့အတူ ရောယောင်လိုက်ပါသွားလိုက်ပြီး ရွာရဲ့ ကွင်းပြင်ကျယ်ကြီးမှာ ရပ်တန့်လိုက်တယ်။ များပြားလွန်းတဲ့ လူအုပ်ကြီးကို ကြည့်လိုက်ရင်း ဖန်ကျန်းရှီ စိတ်ပျက်သွားတယ်။
ဒီ ကွင်းပြင်ကြီးက အမဲလိုက်လို့ရလာတဲ့သားကောင်တွေနဲ့ အောင်ပွဲခံတဲ့ ကွင်းပြင်ပဲ အခုတော့ ကွင်းထဲမှာ ရွာခံလူတွေနဲ့ ပြည့်နှက်နေတယ်။ ကွင်းရဲ့ အနောက်ဘက် မှာတော့ သစ်သားစင်မြင့် တစ်ခုရှိပြီး ပိတ်စနီနဲ့ ဖုံးလွှမ်းထားတယ်။
ကော်ဇောနီရဲ့ အလယ်မှာတော့ သစ်သား ခုံသုံးလုံးရှိပြီး ခုံတွေပေါ်မှာတော့ တိရစ္ဆာန် သားရေစတွေကို တြိဂံ ပုံစံ ခင်းကျင်းထားတယ်။
အနီရောင် စင်မြင့်ထက်မှာ တောရိုင်းကောင်တွေရဲ့ ဦးခေါင်းတွေ နဲ့ အလှဆင်ထားတယ်။ ငွေရောင် အမွှေး ရွှေရောင်အမွှေး့ ပတ္တမြားရောင် တောရိုင်း သတ္တဝါခေါင်းတွေနဲ့ တလက်လက်တောက်နေတဲ့ မဟူရာ မျက်လုံးနက်တွေကြောင့် ဒီ သတ္တဝါတွေဟာ တောင်ဘက်တောင်ရွာမှာ ရှာမတွေ့နိုင်တဲ့ အကောင်တွေဆိုတာ သူသိတယ်။
“အံ့အားသင့်စရာပဲ ။ ငါ့မှာသာ ဒီသားရေတွေရှိရင် ညတွင်းချင်း ချမ်းသာ သွားမှာပဲ။ ဒါတွေကို ယူပြေးရင်ကောင်းမလား။ ” စိတ်ထဲမှာ ဖြတ်ခနဲ ပေါ်လာတဲ့ အတွေးကို မြန်မြန်ရှင်းထုတ်လိုက်ရတယ်။
သူ့ရဲ့ ခြေထောက်တိုတိုလေးတွေနဲ့ဆိုရင်ေ ပြေးဖို့ အခွင့်ရေးတောင် ရလိုက်မှာမဟုတ်ဘူး။
သူတွေးတောနေတဲ့အချိန် သူ့မြင်ကွင်းရှေ့မှာ ပုံရိပ်တစ်ခုပေါ်လာတယ်။
"ဖန်ကျန်းရှီ" ဂင်တိုတို တုတ်တုတ်ခိုင်ခိုင် နဲ့ လက်နှစ်ဖက်မှာ ကြက်ပေါင် ၀၀ နှစ်ချောင်းကို ဆွဲကိုင်ထားတဲ့ ဆီပေနေတဲ့ ပါးစပ်ပိုင်ရှင် ကလေးငယ်ဟာ သူ့ဆီကို တန်းတန်းမတ်မတ် လျှောက်လာပါတယ်။
အရင် အချိန်တွေ တုန်းကတော့ ၆နှစ်သား ဂျလေဘီလေးရဲ့ အနိုင်ကျင့်တာကို ခံရတော့မယ်ဆိုတဲ့ အတွေးဟာ ရင်နာစရာကောင်းလွန်းလှတယ်။
လူကြီးတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတာ ခက်ခဲပေမယ့် ကလေးတွေနဲ့ ရေလိုက် ငါးလိုက်နေဖို့ကတော့ သူ့အတွက်လုံး၀ မခက်မခဲဘူး။ သူက ထက်မြက်တဲ့ ကလေး တစ်ယောက် ပဲလေ။
"ငါ့အမေ ဆီကနေ ကြားခဲ့တယ်။ မင်က ကလေးငယ်စမ်းသပ်မှုမှာ ငါပါဝင်တာကို မလိုလားဘဲ ဒီသခင်လေး ငါ့ရဲ့ သန်မာမှုကို စမ်းသပ်ချင်နေတယ်လို့။ ကောင်စုတ်လေး မင်းက ငါ့အင်အားထက် သာမယ်ထင်နေတာလား?" လက်မောင်းကိုကွေးညွှတ်လိုက်ပြီး ဗလ ပြရင်းနဲ့ ဖန်ကျန်းရှီကို မေးလိုက်တယ်။
ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းထောင့်လေးတွေ ကွေးညွှတ်သွားတယ်။ ဒီကောင်လေးက အဒေါ်လီရဲ့ အဖိုးတန် သားလေး လီဟူအာလေ ဉာဏ်မကောင်းတဲ့ ကလေးပင်မယ့် သူ့ထက် များများပိုစားထားတော့ ခန္ဓာကိုယ်က ပိုတောင့်တင်းနေတယ်။
"မင်း စမ်းသပ်မှုအတွက်မပြင်ဆင်ဘူးလား? ဒဏ်ရာ ရမှာ မကြောက်ဘူးလား?"ဖန်ကျန်းရှီ စိတ်ရင်းနဲ့ မေးလိုက်တယ်။
"ငါတို့ မတိုက်ခိုက်ဘဲ တခြားဟာ ပြိုင်လို့ရတာပဲ။"
"အပြေးပြိုင်တာတော့ မင်းငါ့ကို နိုင်မှာ မဟုတ်ဘူး……" ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့ အမူအယာပေါ်လာတော့တယ်။
"ငါ မင်းကို နိုင်အောင် မပြေးနိုင်ဘူးလို့ ဘယ်သူပြောလဲ။ အခုချက်ချင်း ပြိုင်မယ်။ " လီဟူအာကတော့ သိသိသာသာကို လှည့်စားခံလိုက်ရပါပြီ။
"ကောင်းပြီ ။ ဟိုနားက စင်ကိုတွေ့တယ်မလား ? အဲ့က သားရေစကို ဘယ်သူ အရင်ခိုးနိုင်မလဲ ပြိုင်ကြတာပေါ့။ " စင်မြင့်အလယ်က အရောင်တောက်တောက် သားရေစ ကို ညွှန်ပြလိုက်တဟ်။
အရူးလိုမျိုး အင်တိုက်အားတိုက် ပြေးလွှားဖို့ ပြင်နေတဲ့ လီဟူအာကို အော်လိုက်တယ်။
" ခနစောင့် အုန်း။"
"ဘာကိစ္စလဲ မြန်မြန်ပြော။ ဒီ မှာ ဆန့်တငင်ဖြစ်နေပြီ။ " လီဟူအာက ဖန်ကျန်းရှီ ကို သံသယ ဖြစ်တဲ့ အကြည့်နဲ့ကြည့်လိုက်တယ်။
" မင်းလက်ထဲက ကြက်ပေါင်ကြော်တွေ ငါ့ကိုပေးထား စင်ပေါ် တွယ်တက်တဲ့ အချ်န် ဒါတွေက အနှောက်အယှက်ဖြစ်တယ်။ "
လီ ဟူအာက ခပ်မြန်မြန်ပဲ ဖန်ကျန်ရှီ လက်ထဲကို ကြက်ပေါင်ကြော်ကို ထိုးထဲ့လိုက်တယ်။ နောက်ကျသွားရင် သူရှုံးမှာ ဒါမျိုးအဖြစ်မခံနိုင်ဘူး။
ကြက်ပေါင်ကြော်ကို ပေးလိုက်ပြီးနောက် ဖြစ်လာမယ့် အကျိုးဆက်တွေကို သူမစဉ်းစားမိခဲ့ဘူး။
ဖန်ကျန်းရှီ လက်ထဲကို ကြက်ရိုးတွေ ရောက်လာပြီးတဲ့နောက် လီဟူအာဟာ မုန်ယိုနေတဲ့ ဆင်လိုပဲ စင်မြင့်စီကို တဟုန်ထိုးပြေးသွားတော့တယ်။
အဲ့ဒီ့ အခိုက်အတန့်လေးမှာ ရူးသွပ်မှု စိတ်လှုပ်ရှားမှုတွေနဲ့ ကောက်ကျစ်တဲ့ မျက်ဝန်းတစ်စုံဟာ ရုတ်ချည်းကို ပြောင်းလဲသွားတော့တယ်။
လီဟူအာ ရဲ့ အပြေးနှုန်းကတော့ တကယ့်ကို မြန်လွန်းလှတယ်။ ရွာသားတွေ အံ့သြပြီး ကြက်သေသေ နေတဲ့ အချိန်မှာ ပဲ သူဟာ စင့်မြင့်ပေါ်ကနေ သားရေးစကို ဆွဲကိုင် ဝှေ့ယမ်းရင်း ဖန်ကျန်းရှီကို အောင်နိုင်သူ အပြုံးနဲ့ ကြည့်နေပါတယ်။
သို့ပေသိ, ဒီလို ကိုယ်ရည်သွေးနေတာဟာ ကြာကြာမခံလိုက်ပါဘူး။
စင်မြင့်ပေါ်မှာ သားရေစကို ကိုင်ပြီး တဟား ဟား အော်ရယ်နေတဲ့ ကောင်ဆိုးလေးကို သတိပြုမိသွားတဲ့ ရွာသားတွေဟာ ချက်ချင်း ဆွဲချဖို့ ပြင်ဆင်လိုက်ကြတယ်။
"အားးး ! လွှတ်ကြ ငါ့ကို လွှတ်ကြ အားးး!"
ကြားနေရတဲ့အသံတွေဟာ လီဟူအာရဲ့ အခြေအနေကို ဖော်ပြနေတယ်။
"အ့ , အမြင့်မှာ အထီးကျန်တယ်။ " ဖန်ကျန်းရှီက သူ့ခေါင်းကိုမော့ပြီး စူးရှစွာတောက်ပနေတဲ့နေမင်ကြီးကိုမော့ကြည့်ရင်း အပြုံးတစ်ခုနဲ့ရေရွတ်လိုက်တယ်။
………
လီဟူအာရဲ့ အော်သံတွေ ပျောက်ဆုံးသွားပြီး တဲ့ မကြာခင်အချိန်မှာပဲ စမ်းသပ်စစ်ဆေးမှုဟာ စတင်ခဲ့တယ်။
ဗုံသံတွေ စည်တီးသံတွေနဲ့အတူ တောက်ပတဲ့ တိမ်လိုငွေလို ချပ်ဝတ်တန်ဆာတွေကိုဝတ်ဆင်ထားတဲ့ တပ်ဖွဲ့စုကြီးဟာ ဆင်းသက်ရောက်ရှိလာတယ်။
အရွယ်အစားကတော့မြင်းထက်ကြီးပြီး အနက်ရောင် လည်ဆံမွေးဖွားဖွားကြီးတွေ။ခန္ဓာကိုယ်မှာတော့ အဖြူရောင်ကြေးခွံတွေနဲ့ ဖုံးအုပ်ထားတဲ့အတွက် နဂါးမျိုးနွယ်ကနေ ဆင်းသက်လာတယ်လို့ ထင်ရတဲ့ သားရဲကောင်ကြီးတွေကို စီးနင်းလာကြတာဖြစ်တယ်။
ကွင်းပြင်ကျယ်ကြီးရဲ့ ဧရိယာ တဝက်ကို တပ်ဖွဲ့ကြီးဟာ နေရာယူထားတယ်။
မိုးကြိုးလျှပ်စီးအလား ခြေသံ ခွာသံတွေဟာ ရွာသူရွာသားကို တုန်လှုပ်စေခဲ့တယ်။
"ဒါ ဒါတွေက နှင်းမဟူရာ မြင်းပျံတွေလား?"
"ကျွတ် ကျွတ် မြင်းပျံ စစ်စစ်တွေပဲ။ နတ်ဆိုးကျောင်းတော်ရဲ့ ဂုဏ်သတင်း ကောလဟလ တွေ အတိုင်းပဲကိုး ။ ငါကြားဖူးတာတော့ ဒီကောင်ကြီးတွေက တနပ် တနပ်ကို အသားအများကြီး စားတယ်ဆိုပဲ"
"အများကြီး? ငါ့အိတ်ထဲရှိသမျှ ပိုက်ဆံပြောင်အောင် စားနိုင်ကြလို့လား?"
"မင်း အိတ်? ဟား ဟား မြင်းပျံတစ်ကောင်ကိုတောင် ကျွေးနိုင်မှာ မဟုတ်တဲ့ ကောင်ကများ"
ဝတ်ကောင်းစားလှတွေကို ဆင်မြန်းထားတဲ့ ရွာအကြီးအကဲ တစ်စုကတော့ စစ်သည်တွေရဲ့ ဘေးမှာရပ်ရင်း တစုံတရာကို တီးတိုးပြောဆိုနေကြတယ်။
"မိုးနတ်မင်းပဲသိနိုင်မယ်။ သေချာပေါက် ဒီဝေါယာဉ်က နတ်ဆိုးကျောင်းတော်က ဆိုတော့ အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်း ပါတာပဲဖြစ်ရမယ်။"
စစ်သည် ၈ ဦး သယ်ဆောင်လာတဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခုစီကို အာရုံရောက်သွားတဲ့ ရွာသားတွေဟာ လှုပ်လှုပ်ရွရွဖြစ်လာကြတော့တယ်။
ရွှေရောင်ပိတ်စနဲ့ ဖုံးအုပ်ထားတဲ့ ထူးဆန်းတဲ့ ပစ္စည်းဟာ နေရောင်အောက်မှာ တလက်လက် တောက်ပနေတယ်။
ဖန်ကျန်းရှီလည်း ဒါကို ဘာဖြစ်မလဲလို့ စိတ်ဝင်စားနေတယ်။ ဒီစစ်သည် ၈ဦး သယ်ဆောင်လာတဲ့ အရာဟာ ၂မီတာ လောက်မြင့်တယ်။ ဒါပေမယ့် သူ့အကျယ်ကိုတော့ မခန့်မှန်းနိုင်ဘူး။
အပိုင်း (၄) ပြီး၏။
အပိုင်း(၅)
"နှင်းပွင့်လေးလို လွင့်မျောလိုက် "
လေတချက်ဝှေ့လိုက်တာကြောင့် စစ်သည် ၈ဦး သယ်ဆောင်လာတဲ့ အရာကို ဖုံးအုပ်ထားတဲ့ အဝတ်စဟာ လွင့်စင်သွားခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ မျက်လုံးထဲမှာတော့ ကြယ်တွေလတွေ မြင်ရသလို ပျိုးပျိုးပြက်ပြက်အလင်းရောင်ကြောင့် မူးမိုက်ကာ ခေတ္တမျှ အမှောင်ကျသွားတယ်။ တကယ်တမ်းမှာတော့ ဝင်းလက်တောက်ပလွန်းလှတဲ့ ရွှေရောင်အလင်းတန်းတွေကြောင့် မျက်စိ ကျိန်းစပ်သွားတာပဲဖြစ်တယ်။
နေရောင်ရဲ့ ရိုက်ခတ်မှုကြောင့် ဖြာကျလာတဲ့ ရွှေရောင်ပြန်လင်းတန်းတွေဟာ ထည်ဝါလွန်းလှတယ်။
"အားလုံး တိတ်ကြစမ်း"
အုတ်အော်အော်သောင်းနင်း ဖြစ်နေတဲ့ ဒီအချိန်မှာ ဆေးတံကြီးကိုခဲထားတဲ့ ရွာသူကြီဟာ မုတ်ဆိတ်ကြီးကို ပွတ်သပ်ရင်းပေါ်လာတယ်။
"တောင်ဘက်တောင်ရွာသူကြီး ကျွန်တော်မျိုး မုန့်ပိုင် (Meng Bai) နတ်ဆိုးကျောင်းတော်မှ ဂုဏ်သရေရှိ ဧည့်သည်တော်များကို ကြိုဆိုပါတယ်။"
"ငါတို့မှာ အချိန်သိပ်မရှိဘူူး။ လူစုံရင် အခုပဲ စတင်လိုက်ရအောင်!" ထူးခြားအံ့ချီးဖွယ် ပစ္စည်းရဲ့ဘေးကနေ ထွက်လာတဲ့ မဟူရာသံချပ်ကာကို ဆင်မြန်းထားတဲ့ လူကြီးဟာ ရွာသူကြီးကို စိတ်မရှည်စွာနဲ့ ပြောလိုက်တယ်။
" ဟုတ် ဟုတ်ကဲ့ ဒီအဖိုးကြီး အမြန်ဆုံး လုပ်ပေးပါမယ်။ စစ်သေနာပတိ လီ စင်ပေါ်ကို ကြွပါခင်ဗျာ" ရွာသူကြီး မုန့်ပိုင်က ပြုံးစစလေးနဲ့ ပြောလိုက်တယ်။
"ကောင်းပြီ" စစ်သူကြီးလီဟာ ခေါင်းြငိမ့်လိုက်ရင်း စစ်သည်၈ ဦးဘက်ကို လှည့်ကာအော်လိုက်တယ်။
"ဒီနားယူလာခဲ့ "
"အမိန့်အတိုင်းပါ" စစ်သည်တွေဟာ တညီတညွတ်တည်း ပြန်ဖြေကြရင်း ထိုပစ္စည်းကို စင်ပေါ်တင်လိုက်ကြတယ်။
မျက်တောင်တခတ်အတွင်း ဒီလောက် တစ်မီတာကျော်မြင့်တဲ့ အလေးချိန်အများကြီးကို ခနလေးနဲ့ သယ်လာနိုင်တဲ့
ဒီကမ္ဘာက စစ်သည်တွေကို ဖန်ကျန်းရှီ အံ့သြတကြီးနဲ့ငေးမောနေမိတယ်။
"တကယ့်ကို နတ်ဆိုးကျောင်းတော်ပီသပါပေတယ်။ "
"ဒါပေါ့ သူတို့ရဲ့ အနီရောင်တြိဂံ မျက်နှာဖုံးကို မြင်တယ်မလား? ငါမှန်းတာ မမှားရင် ဒါက ချည်နှောင်တပ်ဖွဲ့နီပဲ ဖြစ်ရမယ်။ "
"ချည်နှောင်တပ်ဖွဲ့နီ? သတင်းတွေအတိုင်းဆို သူတို့က " တာအိုလမ်းကြောင်း"ကို နားလည်ထားတဲ့သူတွေပဲ။ "တာအိုမုခ်ဝ"ဆိုတာ အရာအားလုံးရဲ့ဖြစ်တည်မှုတာကို ထိန်းချုပ်ထားတဲ့ လူတွေပဲ"
ရွာသားတွေရဲ့ ပြောစကားကိုကြားပြီးနောက် လူတိုင်းဟာ စစ်သည် ၈ ဦးကို မနာလိုမရှုစိမ့်တဲ့အကြည့်တွေနဲ့ ကြည့်နေကြတော့တယ်။
ဒီအချိန်မှာတော့ ရွာလူကြီး မုန့် ဟာ သက်ပြင်းတချက်ချလိုက်ရင်း စင်မြင့်ပေါ်ကို တက်သွားပြီး ဆူညံနေတဲ့ ရွာသားတွေကို စူးစိုက်ကြည့်ရင်း သူ့ဆေးတံကြီးကို ဝေ့ယမ်းလိုက်တယ်။
"တိတ်ကြစမ်း။ နတ်ဆိုးကျောင်းတော်က ဂုဏ်သရေရှိဧည့်သည်တော်တွေ ရောက်ရှိနေတာဟာ ငါတို့တောင်ဘက်တောင်ရွာအတွက် ထူးခြားကောင်းမွန်တဲ့ ကံကြမ္မာက စောင့်ကြိုနေပြီပဲဖြစ်တယ်။ နတ်ဆိုးကျောင်းတော်မှာ ဆယ့်နှစ်ရာသီပတ်လုံး ပွင့်ဖူးနေတဲ့ ပန်းမာန်တွေက မြေပြင်ကို ကောဇောအသွင် ဖုံးလွှမ်းထားတယ်။ နတ်ဆိုးကျောင်းတော်ဟာ ငါ့တို့ရွာရဲ့ မျှော်လင့်ချက်ရောင်ခြည်ပဲ။ နတ်ဆိုးကျောင်းတော်ဟာ"
ရှည်လျားထွေပြားလှတဲ့ ဂုဏ် ကျေးဇူးတော် ချီးမွမ်းမှုကို ကြားပြီးတဲ့နောက် ဒီရွာ ဘာလို့ဆင်းရဲနေရလည်းဆိုတာ ဖန်ကျန်းရှီ သဘောပေါက်သွားတယ်။
ပိုပြီး အဓိပ္မာယ်ရှိရှိလေး ပြောသင့်တယ်။ ဒီထက့် သိမ်သိမ်မွေ့မွေ့ မပြောနိုင်တော့ဘူးလား။ ဘာလို့ ဥပမာ ဥပစာ စကားတွေ မသုံးတာလဲ ။ အနည်းဆုံတော့ ပုံပြင်က ယုတ္တိရှိသင့်ပါတယ်။
စင်မြင့်ရဲ့ ဘယ်ဘက်ခုံမှာထိုင်နေတဲ့ စစ်သူကြီးလီဟာ ဂနာမငြိမ်စွာနဲ့ပဲ ခုံလက်ရန်းကို တတောက်တောက်နဲ့ ခေါကေ်နတယ်။ သူ့စိတ်ထဲမှာတော့ ဒီ အရစ်ရှည်လွန်းတဲ့ ရွာသူကြီးကို ဆွဲထောင်းပြီး ပါးစပ်ပေါက်ပိတ်အောင်လုပ်ချင်နေတဲ့ ပုံပဲ။
သို့ပေသော်ငြား ဂုဏ်သရေရှိ စစ်သည်တော်တစ်ဦးအနေနဲ့ စိတ်ကိုထိန်းလိုက်ပြီး ဒီလိုမလုပ်မိအောင် ကြိုးစားနေရတယ်။
မြေပြင်ပေါ်မှာ မားမားမတ်မတ် ရပ်နေကြတဲ့ လှံကိုင်ဆောင်စစ်သည်တော်တွေကလည်း သူတို့ရဲ့မျက်နှာပေါ်မှာ စိတ်မရှည်တော့တဲ့ အမူအယာတွေကို အနည်းနဲ့အများ ထုတ်ဖော်လာကြတယ်။
ရွာလူကြီးမုန့်ဟာ လူ့အရိပ်အကဲ မသိတတ်တဲ့ သူဖြစ်ပေမယ့်လည်း ရာစုနှစ်များစွာ ရှင်သန်လာတဲ့ အတွေ့အကြုံ အရ ဒီလူအုပ်စုကြီးရဲ့ မသာမယာ အမူအယာကို နောက်ဆုံးတော့ သတိထားမိသွားတယ်။
စင်မြင့်ပေါ်မှာ ဆယ်မိနစ်လောက် လေကြောရှည်ပြီးတဲ့နောက်မှာတော့ ဆေးတံကြီးကို အားပါးတရဖွာလိုက်ပြီး မီးခိုးကွင်း အကြီးကြီးကို မှုတ်ထုတ်လိုက်ပါတော့တယ်။
" ကောင်းပြီ။ ပထမအဆင့် စစ်ဆေးမှုကို စရအောင်။ ရွေးချယ်ထားတဲ့သူတွေ နှစ်ယောက်စီ နေရာယူပေးကြပါ။ ဘယ်ဘက်မှာ ကလေးတွေရပ်ကြပြီး ညာဘက်မှာတော့ လူငယ်တွေ ရပ်ကြပါ။ တစ်ယောက်ပြီးမှ တစ်ယောက် ညီညီညာညာစီကြပါ။ ချင့်ချိန်ဆုံးဖြတ်မှု အတွက် ပြင်ဆင်ပေးကြပါ။ "
ရွာလူကြီး စကားဆုံးတာနဲ့ လူတစ်စုဟာ လူအုပ်ကြီးထဲကနေထိုးထွက်လာကြပြီး ပရမ်းပတာ နေရာယူကြတော့တယ်။
ပါဝင်ယှဉ်ပြိုင်သူ အယောက် လေးဆယ်ရှိပြီး ကလေးငယ် စစ်ဆေးမှုနဲ့ လူငယ်စမ်းဆေးမှု အတွက်ခွဲခြားပြီးတဲ့ နောက်မှာတော့ တစ်ဖက်မှာ အယောက် ၂၀ စီဖြစ်သွားကြတော့တယ်။
တော်တော်လေး ရူးကြောင်ကြောင် နိုင်တဲ့ မြင်ကွင်း ပေမယ့် အတော်လေး ဗရုတ်သုတ်ခ ဖြစ်ပြီးတဲ့ နောက်မှာတော့ စီစီရီရီ နေရာတကျလေး ရပ်နိုင်သွားကြတယ်။
စင်ပေါ်က စစ်သူကြီးလီနဲ့ စစ်သားတွေကတော့ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ကြတယ်။
ရွာလူကြီး မုန့်ပြောတဲ့ ချင့်ချိန် ဆုံးဖြတ်မှုဆိုတဲ့ စကားလုံးကို ဖန်ကျန်းရှီ စဉ်းစားနေမိတယ်။ ဒီကမ္ဘာမှာ ဘယ်လိုမျိုးဆုံးဖြတ်ကြလဲ ဆိုတာ သိချင်နေမိတယ်။
ပိုပြီးမြင်ရဖို့ ရှေ့ကို တိုးသွားမိတော့ သူရင်းနှီးနေတဲ့ ခန္ဒာကိုယ် ပုံရိပ်တစ်ခုကိုတွေ့လိုက်ရတယ်။ ဒီအချိန်မှာပဲ လီဟူအာကို တိရစ္ဆာန်သားရေစတွေ ဝတ်ထားတဲ့ ကြေးနီရောင်အသားအရည် တောင့်တင်းလှတဲ့ လက်မောင်းပေါ်မှာ သွေးကြောတွေ ထောင်ထနေတဲ့ လူကြီးတစ်ယောက်ရဲ့ ဘေးလိုင်းမှာ မတ်တပ်ရပ်တန်းစီ နေတာကို တွေ့လိုက်ရတယ်။
လူတန်းကြီးရဲ့ ရှေ့မှာတော့ စစ်သည်တချို့ဟာ ပြင်ဆင်နေကြတယ်။
တောင့်တင်းသန်မာတဲ့ လူကြီးကတော့ လီအိမ်ရဲ့ အိမ်ဦးစီး တောင်ဘက်တောင်ရွာ အမဲလိုက်အဖွဲ့ ခေါင်းတောင် လီကျွမ်းစီပဲ ဖြစ်တယ်။
ကြောက်စရာကောင်းတဲ့ မျက်နှာထားကို ဟန်ဆောင်ထားတဲံအချိန် လီဟူအာရဲ့မျက်လုံးတွေဟာ လူအုပ်ကြီးရဲ့ရှေ့ဆုံးတန်းမှာရပ်နေတဲ့ ဖန်ကျန်းရှီကို လှမ်းမြင်လိုက်တယ်။ ကြက်ပေါင်တွေကို ဖန်ကျန်းရှီရဲ့ လက်ထဲမှာ ကိုင်ထားတုန်းဆိုတာကို မြင်လိုက်ရတာနဲ့ သူ့ဒေါသတွေ ဆူပွက်လာတော့တယ်။ တန်းစီတဲ့နေရာမှာ ရပ်နေပင်မယ့်လည်း စိတ်မထိန်းနိုင်တာကြောင့် ဖန်ကျန်းရှီကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး ပါးစပ်ကနေ ကျိန်ဆဲစကားတွေ ရေရွတ်နေတော့တယ်။
လှုပ်ရွနေတဲ့ နှုတ်ခမ်းတွေကို ဖတ်လိုက်တဲ့ အချိန်မှာ သူပြောနေတာကတော့ "ငါ ဒီစစ်ဆေးမှုပြီးတာနဲ့ မင်းသေပြီပဲ။"
ဖန်ကျန်းရှီကတော့ စိတ်အေးသက်သာစွာနဲ့ပဲ လီဟူအာကို စိုက်ကြည့်နေတယ်။ အဲ့ဒီ့နောက် ကြက်ပေါင်ကို ဖြည်းဖြည်းချင်း အရသာခံပြီး စားပြလိုက်တယ်။ အသားလေးတွေကို ပါးစပ်နဲ့ကိုက် ဖြည်းဖြည်းချင်းဝါးရင်း အရမ်းအရသာရှိတာပဲ ဆိုတဲ့ ပုံစံနဲ့ လျှာသပ်ပြလိုက်တယ်။
လီဟူအာ လုံးဝကို ပေါက်ကွဲသွားတော့တယ်။
သူ့ရဲ့ မျက်နှာကလည်း ဒေါသကြောင့် ရဲရဲနီလာပြီး လက်သီးလက်မောင်းတန်းကာ စီၤထားတဲ့ အတန်းကနေ ပြေးထွက်ဖို့ပြင်လိုက်တယ် ။ အဲ့ဒီအချိန်မှာ ပဲ သန်မာတဲ့ လက်တဖက်ဟာသူ့ကို ရိုက်လိုက်တယ်။
“ကောင်းကောင်းနေစမ်း။ နောက်တခါ အရူးလို ထပ်လုပ်ရင် ငါ မင်းခြေထောက် ကို ချိုးပြစ်မယ်။”
လီကျွမ်းစီဟာ ဒီနေ့ မျက်နှာ ဘယ်နားထားရမယ်မှန်း မသိအောင် အရှက်ရခဲ့တယ်။ ရွာသားအားလုံးရဲ့ ရှေ့မှာ သူ့သားက သူခိုးလုပ်တမ်းကစားခဲ့တယ်။ လီဟူအာသာ အသက် ၆နှစ်ပဲရှိသေးတဲ့ ကလေးသာ မဟုတ်ရင် အခုလို နည်းနည်းပါးပါးဆူတာမဟုတ်ဘဲ ရွာက ် အချုပ်ခန်းမှာ ရက်၃၀ လောက်သွားနေရမှာ အမှန်ပဲ။
ပထမဆုံး ဆုံးဖြတ်စစ်ဆေးမှုကတော့ ဖန်ကျန်းရှီ ရဲ့ စပ်စုလိုစိတ်ကို ပိုပြင်းပြစေတယ်။
စစ်သားတွေပြင်ဆင်နေကြတဲ့ သွေးပန်းချီပုံစံဟာ အရင် ကမ္ဘာက ကိုယ်ခန္ဒာစစ်ဆေးမှုနဲ့ ဆင်တူတယ်။ ဒါကို ဘာအတွက်သုံးတာ ဖြစ်နိုင်မလဲ။
ဒါဟာ ဘာဖြစ်နိုင်မလဲဆိုတာကို စဉ်းစားနေတဲ့အချိန်မှာပဲ ရွာသားတွေရဲ့ တီးတိုးပြောသံတွေကို စကြားရတော့တယ်။
“ အကယ်ရွေ့ ငါတို့တောင်ဘက်တောင်ရွာကသာ “ရွှမ် ကောင်းကင် တာအို” သာပြသနိုင်မယ် ဆိုရင် အတော်လေး ဂုဏ်ယူစရာဖြစ်မှာပဲ။”
“ ရွှမ် မိုးကောင်းကင် တာအို မဖြစ်နိုင်တာတွေ မပြောစမ်း ပါနဲ့ မြောက်ဘက်ရွာကြီးထဲမှာတောင် ကောင်းကင်တာအို ဒုတိယဆင့်တောင် မရှိသေးဘူး။ နတ်ဆိုးကျောင်းတော်ရဲ့ ဒီ စစ်ဆေးမှုက “မကောင်းဆိုးဝါး ပြေးပွဲ”ပဲ ဖြစ်လိမ့်မယ်။
ဒီတစ်ခါမှာတော့ ဖန်ကျန်းရှီ ဒီကမ္ဘာရဲ့ အံ့သြဖွယ်ရာတွေကြောင့် တုန်လှုပ်မိသွားတယ်။ “မကောင်းဆိုးဝါး ပြေးပွ”ဲဆိုတာ တကယ်ရှိတာလား။ ရွှမ်ကောင်းကင်တာအိုကကော ဘာတွေလဲ။ သူ့မှာကော အဲ့တာတွေရှိလား။ သူ့လက်ဖဝါး ငုံ့ကြည့်ရင်းနဲ့တွေးလိုက်မိတယ်။ ဒီလိုကံလည်း ပါမယ့်ပုံ မပေါ်ပါဘူးလေလို့။ ှ
အဲ့ဒီနောက်မှာတော့ သူထပ်မတွေးတော့ဘူး…
စစ်သားတွေသွေးနဲ့ သူတို့လက်မောင်းမှာ အရေပြားကွာမတတ် ခပ်ကြမ်းကြမ်း ဆေးခြယ်ပေးတာက ၆နှစ်အရွယ် ကလေးတွေကို အနည်းနဲ့ အများ တော့ ခြောက်ခြားစေတယ်။ တစ်ယောက်ပြီးတစ်ယောက် အသံပြဲနဲ့ ကုန်းအော်ကြတော့တယ်။
ကွင်းပြင်ထဲမှာတော့ ဆူညံသံတွေ ပြည့်နှက်သွားတယ်။
လီဟူအာရဲ့ အလှည့်မှာတော့ အရင်ကလေးတွေနဲ့ အတူတူ ပဲလို့ ပြောလို့မရပါဘူး။
လီဟူအာဟာ လက်မောင်းကို ရဲဝင့်တဲ့ ပုံစံနဲ့ ပင့်ထားပြီး သွေးပန်းချီဆွဲပေးမယ့် စစ်သည်ကို ကြောက်ရွှံ့ခြင်းကင်းတဲ့ ပုံစံနဲ့ ကြည့်နေပါတယ်။
စုတ်ချက်ကြောင့် သူ့လက်မောင်းကနေ သွေးတွေထွက်လာတဲ့ အချိန်မှာတော့ ဖန်ကျန်းရှီဘက်ကို လှည့်ရင်း နှိမ့်ချတဲ့အကြည့်တွေနဲ့ ကြည့်နေပါတယ်။
အဓိပ္မာယ်ကတော့ သိသာပါတယ်။ ကောင်စုတ်လေးမင်း မြင်လား။ ဒီ ကြီးမြတ်တဲ့ သခင်လေးက ကြောက်သွေးမပါဘဲ မွေးလာတယ်ဆိုတာ။ မျက်ရည်တစက်မှမကျဘူး။
ဖန်ကျန်းရှီ နှုတ်ခမ်းတွေက ကော့တက်သွားပြီး လှမ်းပြောလိုက်တယ်။
သူ့ရဲ့ ကျီးကန်းမျက်လုံးတွေဟာ လှောင်ရယ်မှု အပြည့်နဲ့မို့ လီဟူအာ အတော်လေး စိတ်ရှုပ်သွားတယ်။
“ဘာလို့ အကိုကြီး ဟူအာက မငိုတာလဲ ။ တခြား အကိုကြီးတွေ အကုန်လံုံးက ငိုကြပြီး အကို ဟူအာတစ်ယောက်ပဲ မငိုတာလဲ။ နတ်ဆိုးကျောင်းတော်က စစ်သည်တွေကို ငတုံးတွေလို ထင်နေလို့လား။
လူအုပ်ရဲ့ ရှေ့ဆုံးမှာရောက်နေတဲ့ ဖန်ကျန်းရှီရဲ့ စကားသံက အတော်လေး တိုးပေမယ့် တန်းစီနေတဲ့ လီကျွမ်းစီကတော့ ကောင်းကောင်းကြားလိုက်တယ်။
သူ့သွေးတွေ စီးကျနေပင်မယ့် သူ့မျက်လုံးတွေက ကလေးတွေ တန်းစီရပ်နေတဲ့ ဘက်ကို မျက်လုံးရောက်သွားတယ်။ ကလေးတွေ အကုန်လုံးက ငိုနေပင်မယ့် လီဟူအာ ကတော့ အံကို တင်းတင်းကြိတ်ထားပြီး ပါးစပ်ကိုစေ့ထားတယ်။
လီဖေဖေ စိတ်ပူသွားတယ်။
၆နှစ်သားလေးတစ်ယောက်ရဲ့ ဒီ အမူအယာဟာ ရင်းနှီးတဲ့ သူတွေအတွက်တော့ ရဲရင့်တဲ့ အမူအယာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း နတ်ဆိုးကျောင်းတော်ကလူတွေအတွက်တော့ အထင်လွဲစရာ ဖြစ်သွားနိုင်တယ်။
အကယ်ရွေ့ ဒီလူတွေသာ အထင်လွဲသွားခဲ့ရင်။
ဒီလို စိုးရိမ်စရာအဖြစ်ဟာ ဖြစ်နိုင်ချေနည်းပေမယ့် မဖြစ်နိုင်ဘးူလို့လည်း ပြောမရဘူးလေ။ အကယ်ရွေ့ သူတို့သာ အထင်လွဲသွားရင် ရလဒ်က ဆိုးရွားသွားလိမ့်မယ်။
ဒါကို မီးခိုးကြွက်လျှောက်တွေးမိသွားတာကြောင့် လီဖေဖေ ဟာ လီဟူအာကို ငိုဖို့ လက်ဟန်ခြေဟန် အမူအယာ ပြလိုက်တယ်…
လီဟူအာကတော့ အံကိုတင်းတင်းကြိတ်ရင်း သူ့ရဲ့ ရဲရင့်မှုကို ဂုဏ်ယူ ဝံ့ကြွားစွာပြနေတာကြောင့် သူ့ အဖေ အချက်ပြနေတာကို မမြင်ရှာဘူး။
လီဖေဖေကတော့ ဇောချွေးတွေ ပျံလာတယ်။ သွေးပန်းချီဆွဲနေတဲ့ စစ်သားတွေရဲ့ အကြည့်တွေကလည်း တစ်ခုခု ထူးဆန်းနေတယ်လို့ ထင်မိတယ်။
ဒါကြောင့် လီဟူအာဆီကို သွားပြီး ပါးပြင်မို့မို့ကို လက်ဝါးနဲ့ ရိုက်လိုက်တယ်။
”ဖြန်း” ခနဲထွက်ပေါ်လာတဲ့ အသံကို ကြားလိုက်ရတယ်။
လီဟူအာ ကြက်သေသေသွားတယ် သိပ်ကို ထိတ်လန့်သွားတဲ့ အမူအယာဟာလည်း သူ့မျက်နှာပေါ်မှာ ပေါ်လာတယ်။ လီဖေဖေကို နားမလည်နိုင်တဲ့ ပုံစံလေးနဲ့ မော့ကြည့်နေရှာတယ်။ သူ ဘာအမှားလုပ်မိလို့လဲဆိုတာ သူတကယ်ကို မသိဘူး။
လီဟူအာရဲ့ မထုံတက်တေး ပုံစံဟာ လီဖေဖေ ရဲ့ နှလုံးသားကို သံမဏိလိုအေးခဲ သွားစေတယ်။
တခြားလူတွေသာ ဒီ မျက်နှာထားကို မြင်သွားရင် လုံးဝကို ငထိုင်း ငအ အဖြစ် သတ်မှတ်သွားတော့မှာပဲ။
တွေဝေခြင်း တုံ့ဆိုင်းခြင်း အနည်းငယ်တောင် မရှိဘဲနဲ့ သူလိုချင်တဲ့ သက်ရောက်မှုကို ရဖို့ အတွက် ညာဘက်လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး ခပ်ပြင်းးပြင်း ထပ်ရိုက်လိုက်တယ်။
လက်ဝါးသံကျယ်ကြီးဟာ ဖြန်း ခနဲ ထွက်လာတယ်။
“ငိုလေ ငိုစမ်း ။မင်းက ငထိုင်းလား။”ဒီရိုက်ချက်ကတော့ သူလိုချင်တာကို ဖြစ်စေခဲ့တယ်။
လီဟူအာက ငိုဖို့ ကြိုးစားပင်မယ့် နာကျင်မှုက ပိုနေတာကြောင့် သနားစဖွယ်ရှိုက်ငိုသံက မိုးကုပ်စက်ဝိုင်းအောက်မှာ ထွက်ပေါ်လာတော့တယ်။
ဖန်ကျန်းရှီကတော့ သက်ပြင်းလေးတချက် ခပ်လေးလေး မှုတ်ထုတ်ရင်း ကောင်းကင်ကြီးကို ဝမ်းပန်းတနည်း ပုံစံနဲ့ စိုက်ကြည့် လိုက်တယ်။
“ ဘဝဆိုတာ နှင်းပွင့်လေး မျောလွင့်တဲ့ အလားပဲ…”
အပိုင်း (၅) ပြီး၏။
အပိုင်း(၆)
“ကစားပွဲ ကနေထွက်ပြီ”
အော်ဟစ်ငိုယိုသံတွေ ပွက်လောရိုက်နေတဲ့ သွေးပန်းချီရေးဆွဲခြင်း ပြီးဆုံးသွားပြီးနောက် စစ်သည်တွေက အသေးစိတ် ပြန်စစ်ဆေးကြတယ်။ ပြီးနောက် ရလဒ်ကို ထုတ်ပြန်ကြတယ်။
မူမမှန်တဲ့သူမရှိဘူး။
ပါဝင်ယှဉ်ပြိုင်သူ အယောက် ၄၀လုံးမှာ မကောင်းဆိုးဝါး ပူးကပ်နေတဲ့သူ တစ်ယောက်မှ မပါဘူးဆိုတာ အတည်ပြုခဲ့ကြတယ်။ ဒါနဲ့ ရွှမ် ကောင်းကင်တာအိုကကော။ ကံမပါ ကြရှာပါဘူး။ အကုန်လုံး အငြင်းပယ်ခံ လိုက်ရပါတယ်။
ဖန်ကျန်းရှီကတော့ မြောက်ရွာတစ်ခုလုံးမှာတောင် ဒုတိယအဆင့် ကောင်းကင်တာအို တစ်ယောက်ပဲ ရှိတယ်လို့ပြောသံကြားလိုက်တယ်။
ခနနေပါအုန်း။ ဒုတိယ ? ဖန်ကျန်းရှီ ရုတ်တရက် အတွေးပေါက်သွားတယ်။ ဘယ်သူက ပထမ လဲ? သူတွေးတွေးမိခြင်း မေးဖို့ပြင်လိုက်တဲ့ အချိန်မှာပဲ ရွာသားတွေအကုန်လုံးက ပြိုင်ပွဲရဲ့ ဒုတိယ အဆင့် စမ်းသပ်မှုကို အာရုံစိုက်နေကြတာကို တွေ့လိုက်ရတယ်။
စစ်သည်တွေဟာ သုံးချောင်းထောက် အိုး ကြီးကိုသယ်ဆောင်လာ ကြပြီး စင်မြင့်ရှေ့မှာ ထားလိုက်ကြတယ်။
စစ်သည်တွေရဲ့ ကြီးကျပ်မှုအောက်မှာ ယှဉ်ပြိုင်သူတွေဟာ အိုးကြီးတွေကို မကြရတယ်။
ပြိုင်ပွဲဝင်တွေက တစ်ယောက်ထက် တစ်ယောက် သန်မာကြောင်း အင်အားတွေ ထုတ်ပြကြပြီး စံချိန်တွေကို ချိုးပြကြတယ်။ ဖန်ကျန်းရှီ သူ့အတွေးတွေကို စုစည်းလိုက်ပြီး စိတ်ထဲမှာ ပုံဖော်နေမိတယ်။
သူ့နားထဲမှာ ငိုသံတိုးတိုးလေး ကြားလိုက်ရတယ်။
ဟို ကြည့် ဒီကြည့် လုပ်လိုက်တော့ လီဟူအာ ငိုနေတာကို မြင်လိုက်ရတယ်။ ဖန်ကျန်းရှီကတော့ ပဟေဠိဖြစ်နေမိတယ်။ သူ လီဟူအာကို အရူးမလုပ်ခဲ့ ရသေးပါဘူး။ အခု ဘာတွေဖြစ်လို့လဲ။
သူ အာရုံစိုက်ပြီး ကြည့်လိုက်တော့ ၂၅ ကီလို လေးတဲ့ သုံးချောင်းထောက် အိုးကြီးရဲ့ရှေ့မှာ မျှော်လင့်ချက်တွေ ပဲ့ကြွေကုန်တဲ့ ကလေးတစ်ယောက်လို ငိုကြွေးနေတာကို တွေ့လိုက်ရတယ်။
ခုနက သူ့အဖေ ရိုက်လိုက်တာကြောင့်များလား။ ဒါမှမဟုတ် သူ ဒီပြိုင်ပွဲက နှုတ်ထွက်ချင်နေတာလား။
ဖန်ကျန်းရှီ ခပ်ရေးရေးကလေးမှတ်မိလာတယ်။ တစ်ချိန်တုန်းက လီဟူအာဟာ ကျောက်စိမ်းတုံးကြီးကို မခဲ့တာကို သူမြင်ဖူးတယ်။ တကယ်တော့ ၂၅ ကီလိုဆိုတာ သူ့အတွက်တော့ မှုစရာ မဟုတ်ဘူး။ အခုတော့ သူက တကယ်ပဲ ပြိုင်ပွဲကနေ နှုတ်ထွက်ဖို့ ပြင်နေတာလား။
လီဖေဖေရဲ့ ရိုက်ချက် တချက်ဟာ ဖန်ကျန်းရှီ တွေးနေသမျှကို အဖြေပေးလိုက်တယ်။
“အခုထွက်သွားစမ်း အသုံးမကျတဲ့ ကောင်။”
ခပ်ပြင်းပြင်းရိုက်ချက် တချက်နောက်မှာ လီဟူအာရဲ့ တင်ပါးတွေကို ဆောင့်ကန်တဲ့ ကန်ချက်တစ်ခုပါ တွဲလျက်ပါလာ ခဲ့တယ်။ လီဟူအာရဲ့ ကိုယ်ဟာ ဘောလုံးတစ်လုံးလို လိမ့် သွားပြီး လူအုပ်ထဲရောက်သွားခဲ့တယ်။
အဲ့ဒီ့နောက်မှာတော့ လီကျွမ်းစီ ဟာ ခိုင်မာတဲ့ ဆုံးဖြတ်ချက် အပြည့်နဲ့ ဒီနေ့ သူ အရှက်ရ မျက်နှာပျက်ခဲ့ရတာကို ဒီနေ့ပြန် အဖတ်ဆယ်ဖို့ အတွက် ကျယ်လောင်တဲ့ မာန်သွင်းသံကြီး နဲ့ အတူ ၂၅ ကီလို လေးတဲ့ သုံးချောင်းထောက် အိုးကြီးကို မပြဖို့ ပြင်လိုက်တယ်။
“ ယားးး … မ လိုက်စမ်း”
သူရဲ့ သန်မာတဲ့ လက်မောင်းတွေကနေသွေးကြောတွေ ထောင်ထလာတယ်။ သိပ်တောင် အားမစိုက်လိုက်ရပဲနဲ့ ၂၅ ကီလို အိုးကြီးဟာ ကြွတက်လာတော့တယ်။
“ဒါမှပေါ့”
“ခေါင်းဆောင် လီက ရွာဂုဏ်ကို ဆောင်နိုင်တဲ့သူပဲ။”
“၂၅ ကီလို လား ။ ဒါက ဘာမဟုတ်တဲ့ အလေးချိန်လေးပဲ။”
ရွာသားတွေက ချီးမွမ်းနေကြတော့တယ်။
စင်ပေါ်က ရွာသူကြီးမုန့် ကတော့ အပြုံးပန်းတွေ ဝေဆာနေပါတယ်။
“ဒီလူ့နာမည် ဘယ်လိုခေါ်လဲ။” စစ်သူကြီးလီဟာ ဒီ မြင်ကွင်းကြောင့် စကားသံ ထွက်လာတယ်။
“စစ်သူကြီးကို ပြန်ဖြေပါတယ်။ ဒီလူုက ကျွန်တော်တို့ တောင်ဘက်တောင်ရွာရဲ့ အမဲလိုက်ခေါင်းဆောင် လီကျွမ်းစီပါ။” ချက်ချင်းကို ရွာသူကြီးမုန့်က ပြန်ဖြေလိုက်တယ်။
“ မဆိုးဘူး ။ သူ့မှာ အပြင်အားတွေရှိနေတယ်။ ၂၅ ကီလို ကို မနိုင်ပေမယ့် တာအို အဖွင့်ကို တောင် နားမလည်သေးဘူး။ အလားအလာကောင်းတွေတော့ ရှိတယ်။ ဒီ တချီကို အောင်မြင်ခဲ့ရင်ပေါ့” ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြောလိုက်တယ်။ ဒီအလေးချိန်ကို မ နိုင်တည်းက ကိုယ်ခန္ဒာ ကြံ့ခိုင်တယ်ဆိုတာ သိသာနေပြီ။
“အောင်မြင်ခဲ့ရင်။” ဒီစကားကို ကြားတော့ ရွာသူကြီးမုန့် မျက်နှာမှာ စိတ်ပူဟန်ပေါ်သွားတယ်။
ဒီရွာက တစ်ယောက်ယောက်သာ အောင်မြင်သွားရင် ဒီ တစ်မိုးအောက်မှာ အပျော်ဆုံး ကိစ္စဖြစ်မှာပဲ။ ဒါ့ထက်ပို ပြောရရင်တော့ နတ်ဆိုးကျောင်းတော်က လူတွေက ထူးဆန်းအံံ့သြဖွယ်ကောင်းလွန်းတယ်။ သူတို့ရွာကို အရှိန်အဝါ တက်စေမှာ အမှန်ပဲ။ ရွာလည်း တိုးတက်လာလိမ့်မယ်။
“ ဒီတချီကိုတော့ ဖြတ်ကျော်နိုင်လိမ့်မယ်။ နောက်တချီမှာတော့ သူ့ရဲ့ အပြုအမူကို တိုးမြှင့် ရမယ်။ ” ရွာသူကြီး မုန့် အတွေးချော်နေတာကို စစ်သူကြီးလီက စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်။
“ ဟုတ်တာပေါ့ မှန်တာပေါ့ စစ်သူကြီးလီ ပြောသလိုပဲ နောက်တချီက အမူအယာကို ကြည့်တာပေါ့။ ဟားဟား ” ရွာလူကြီးမုန့်ဟာ ခေါင်းတငြိမ့်ြငိမ့် လုပ်ရင်း ပြုံးရွှင်နေပါတော့တယ်။
ဒါက နတ်ဆိုးကျောင်းတော်ပဲ။ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာကောင်းနေပြီ။
စင်အနီးမှာရောက်နေတဲ့ ရွာသားတွေကလည်း ဒီအကြောင်းကို ကြားလိုက်ရတော့ စိတ်အားတက်ကြွလာကြပြီး သူတို့ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်နေသလိုမျိုး စိတ်အားတက်ကြွလာကြတယ်။
ဒီအချိန်မှာပဲ လူအုပ်ကြီးရဲ့ အားပေးသံတွေ ဆူညံလာပြန်တယ်။
“အကို လီက အံံ့ဖွယ်ပဲ။”
“လီမိသားစုသာ နတ်ဆိုးကျောင်းတော်ကနေ ရွေးချယ်ခံရမယ်ဆိုရင် အနာဂတ်ကတော့ တောက်ပနေတော့မှာပဲ။”
“သေချာတာပေါ့ ။ ဒါက နတ်ဆိုးကျောင်းတော်ပဲ။”
အမျိုးသမီးတွေကလည်း အဒေါ်လီနားမှာ စုဝေးလာကြပြီး ဂုဏ်ပြုစကားတွေ ဆိုနေကြတယ်။ တချို့ဆိုရင် သူတို့ သမီးတွေကို လီဟူအာနဲ့ စေ့စပ်ပေးဖို့တောင် ကမ်းလှမ်း နေကြတယ်။
ဒီ အဖြစ်အပျက်မှာ အဒေါ်လီကို မျက်နှာအတော်ပွင့်စေပြီးတော့ သူမ သားရဲ့ အနာဂတ်ဟာ တိမ်တွေပေါ်ထိ မြင့်မားနေသလို ခံစားရစေတယ်။
“ ဟူအာ အခုထိ ကလေးပဲ ရှိသေးတာ စောလွန်းပါသေးတယ်…။” သူမရဲ့ ပါးစပ်ကနားရွက်တက်ချိတ်တော့မတတ် ပြုံးရင်းနဲ့ ဖြေနေတယ်။
အဲ့ဒီ့နောက်မှာတော့ လူအချို့ဟာလည်း ဒီစစ်ဆေးမှုကို ဖြတ်ကျော်သွားနိုင်ခဲ့ကြတယ်။ ဒါပေမယ့် ၂၅ ကီလို အိုးကြီးကိုမတယ်ဆိုရုံပဲမနိုင်တယ်။
အဆုံးသတ်မှာတော့ ဒီစစ်ဆေးမှုကို အဆုံးအဖြတ်ပေးမယ့်သူ ဒိုင် ၃ယောက်ရှိတယ်။
ကလေးငယ်တွေ အတွက် စစ်ဆေးမှုကလည်း ပြင်းထန်လွန်းတယ်။ တော်တေ်ာလေးများတဲ့ အသက် ၇ နှစ် ၈နှစ် ကလေးတွေဟာ စစ်ဆေးမှုအတွက်ပေးထားတဲ့ အိုးအငယ်စားကို မ နိုင်ကြတယ်။
ဒါကတော့ စစ်သူကြီးလီကို အတော်လေး အံ့အား သင့်စေတယ်။
“မင်းတို့ရွာမှာ ရှိတဲ့ ကလေးတွေ မဆိုးဘူး”
“စစ်သူကြီးလီ ချီးမွမ်းတာ မခံယူဝံံ့ပါဘူး။ကျွန်တော်တို့ ရွာသားတွေက အမဲလိုက်သမားတွေမို့ ဒီလို အင်အားသုံးတဲ့ နေရာမှာတော့ အခက်အခဲ အနည်းငယ်ရှိတာပါ။” ရွာသူကြီးမုန့်ဟာ သူ့ရဲ့ ၈နှစ်အရွယ် မြေးလေး ဒီ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်တဲ့ အတွက် အာသွက် လျှာသွက်ဖြစ်နေတယ်။ သူ့စိတ်နှလုံးကလည်း ဝမ်းသာပီတိ ဂွမ်းဆီထိနေတယ်။
လူမျာများ ကျော်ဖြတ်နိုင်လေ ကွင်းပြင်ထဲက လူတွေဟာ အောင်မြင်သူ မိသားစုတွေကို ဂုဏ်ပြုစကားပြောနေကြတယ်။
ဖန်ကျန်းရှီကတော့ ကြက်ပေါင်ကို ကိုက်ရင်းနဲ့ လူအုပ်ထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားနေတယ်။ သူ့အမေ ချီရှင်းလိန်ကိုတော့ မတွေ့မိဘူး။ ကြည့်ရတာ အိမ်တွင်းပုန်းနေပြန်ပြီ ထင်တယ်။
ဒါကိုတော့ သူလည်း ဘာမှလုပ်ပေးလို့ မရဘူးလေ။
သူ့ရဲ့ အစီအစဉ်ထဲမှာ ဒါမပါဘူးလေ။ ဒဏာရီလာ ကျင့်ကြံမှုတွေက အသုံးပြုဖို့ မလွယ်ကူဘူးလေ။ “တာအိုနိယာမ” အရ တရားထိုင်တာက အရာအားလုံးဖြစ်တည်မှု တာအိုကို သူ့ခန္ဒာကိုယ်ကနေ လက်ခံလာအောင် မလုပ်နိုင်သေးဘူး။ ဒါက သူ တခြားသာမာန် ကလေးတွေနဲ့ မကွာခြားသေးဘူး ပဲလို့ ပြောနေသလိုပဲ။
ဒီ ဒုတိယ စစ်ဆေးမှုက အချိန်သိပ်ကြာကြာ မယူလိုက်ပေမယ့်လည်း လူ အယောက် ၄၀ ကနေ ကလေး ၅ယောက် လူကြီး ၈ယောက်ပဲ ကျန်တော့တဲ့ အထိ ဖြစ်စေခဲ့တယ်။
ယှဉ်ပြိုင်သူ ၈ယောက် နေရာယူစီတန်းပြီးတဲ့နောက် စစ်သူကြီးလီဟာ ခုံပေါ်ကနေ မတ်တပ်ရပ်လိုက်တယ်။
ရွာသူကြီးမုန့်ကတော့ သူ့ရဲ့ ဆေးတံကြီးကို ဝေ့ယမ်းရင်းနဲ့ တိတ်ဖို့ အချက်ပြလိုက်တယ်။
“အဟမ်း ဒီ တောင်ဘက်တောင်ရွာက တကယ့်ကို အံ့သြစေတယ်။ ဒီလို နေရာမျိုးမှာ အရည်အချင်းရှိတဲ့ လူတော်တွေ ရှိနေမယ်လို့ တခါမှ မတွေးမိခဲ့ဘူး။ ကောင်းပြီ ။ နောက်စစ်ဆေးမှုမှာ ကျန်ရှိနေဖို့က အရေးကြီးဆုံးပဲ။ ဖြတ်ကျော်နိုင်သည်ဖြစ်စေ မကျော်နိုင်သည်ဖြစ်စေ ဒီစစ်သူကြီးက အကောင်းဆုံးရလဒ်ရမယ်လို့ မျှော်လင့်ပါတယ်။”
သူ့ရဲ့ မိန့်ခွန်းအပြီးမှာ လူအုပ်ကြီးဟာ တိတ်ဆိတ်သွားတော့တယ်။ အကုန်လုံးဟာ အသက်ပြင်းပြင်းရှူရင်း နောက်ဆုံး စစ်ဆေးမှုကို စောင့်ဆိုင်းနေကြတယ်။
“ဒီ စစ်ဆေးမှု မစခင်မှာ ထပ်ပြောချင်တယ်။ ငါတို့ရဲ့ ကြီးမြတ်တဲ့ “ရှ” မင်းဆက်ကြီးဟာ အရာအားလုံးရဲ့ ဖြစ်တည်မှုတာအိုကို အဓိကထားတယ် ဆိုတာ လူတိုင်းသိမယ် ထင်ပါတယ်။ ဒီနေ့တော့ အရာအားလုံးဖြစ်တည်မှုတာအိုကို သရုပ်ပြမှာဖြစ်ပါတယ်”
အပိုင်း(၆)ပြီး၏။
အပိုင်း (၇)
“ အရာအားလုံးဖြစ်တည်မှုတာအို”
စစ်သူကြီးလီပြောနေတဲ့ အချိန်မှာပဲ စစ်သည် ၂ဦးဟာ ကြီးမားလှတဲ့ ကျောက်စိမ်းတုံးကြီးကို သယ်ဆောင်လာကြတယ်။
ရွာသားအားလုံးဟာ အသံလေး တစ်စက်တောင် မထွက်ဝံ့ကြဘဲ တိတ်တိတ်ကလေး ကြည့်နေကြတယ်။
အရာအားလုံး ဖြစ်တည်မှုတာအို……
တွေးတောဖို့ အတွက်တော့ ခက်ခဲလွန်းတယ်။ သာမာန်မဟုတ် ထူးခြားမြင့်မြတ်သူတွေသာ ပိုင်ဆိုင်နိုင်တဲ့ စွမ်းအင်ဖြစ်တာကြောင့်ပဲ။ အရာအားလုံးဖြစ်တည်မှုတာအိုကို ထိန်းချုပ်နိုင်သူ မှန်သမျှရဲ့ အမည်နာမတွေကို တော်ဝင်စာကြည့်တိုက် မှာ မှတ်တမ်းတင်ခံရတယ်။ မြင့်မြတ်သူတွေအဖြစ် တော်ဝင်မင်းဆက်တွေက ကြီးမားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ကြတယ်။
ဖန်ကျန်းရှီကတော့ စစ်သူကြီးလီကို မျက်တောင်မခတ်စတမ်း ကြည့်နေတယ်။ အရာအားလုံး ဖြစ်တည်မှု တာအို က ဘယ်လိုမျိုးလည်း ဆိုတာ သူ သိချင်တယ်လေ။
“သက်သာ”
ထွက်သက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ရင်း စစ်သူကြီးလီဟာ စတင်ရွေ့လျားတော့တယ်။ မျက်လုံးကို ဖွင့်လိုက်ပြီး ညာဘက်ခြေကို အင်အားပြင်းထန်စွာနဲ့ ရှေ့ကို လှမ်းလိုက်တယ်။ ကျောက်စိမ်းတုံးကြီးဆီကို ဦးတည်လိုက်ရင်း လက်ဖဝါးကို ဖြန့်ကာ ရိုက်ချလိုက်တယ်။
“ဗုန်း…”
ကျယ်လောင်တဲ့ မြည်ဟီးသံကြီးနဲ့ အတူ ကျောက်စိမ်းတုံးကြီးဟာ သေးငယ်တဲ့ အစအနလေးတွေ အဖြစ်ကို ကွဲထွက်သွားတယ်။
ဒါကို မြင်လိုက်ရတဲ့ ရွာသားတွေကတော့ အလွန် အမင်း အံ့သြသွားကြတယ်။ သူတို့စိတ်ထဲမှာတော့ ၂၅ကီလိုလောက် မနိုင်တဲ့သူတွေဟာ ပမွှားလေးတွေဖြစ်သွားကြတယ်။ ဒီလိုကျောက်စိမ်းတုံးကြီးကို လက်နဲ့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခွဲနိုင်ဖို့ ဆိုတာ တွေးတောင် မတွေးနိုင်ခဲ့ဘူး။
သို့ပေသော်ငြား ဖန်ကျန်းရှီက တော့ စိတ်ပျက်သွားမိတယ်။
“ဒါ လား အရာအားလုံးဖြစ်တည်မှု တာအိုဆိုတာ။ ဒါ လက်ဝါးသိုင်းပဲ မဟုတ်ဘူးလား။ ” ဖန်ကျန်းရှီ ကတော့ ကျောက်စိမ်းအပိုင်းအစတွေကို ကြည့်ရင်း ရီ ချင်သွားမိတယ်။
ရွာအဝင်လမ်းမှာ လိုလီတာ လုပ်ခဲ့တဲ့ ရွေ့လျားမှုတွေနဲ့ တစ်ပုံစံတည်းပဲ။
နတ်ဆိုးကျောင်းတော် စစ်သူကြီးက ဘာတွေများ ထူးခြားနေလို့လဲ။ like ပြန်ဖြုတ်တယ်။
ဖန်ကျန်းရှီ ပိုးစိုးပက်စက် ကဲ့ရဲ့နေတဲ့ အချိန်မှာပဲ ကျောက်စိမ်းစလေးတွေက အမှုန့်အဖြစ်ကို ပြောင်းလဲသွားတယ်။
ဒီတခါတော့ ဖန်ကျန်းရှီ မျက်လုံးပြူးသွားတယ်။
ဒါတွေဆက်ရွေ့နေတယ်။ ဒါက လက်ဝါးရိုက်ချက်ရဲ့ အချိုးကျမှုလား ။ ရိုက်ချက်တစ်ချက်က ဒီလောက်ပြင်းထန် နိုင်လို့လား။
သို့ပေမယ့်…
“အ့။ ဒါတွေ ထပ်ရွေ့နေတာလား။”
ဘာတွေဖြစ်နေလဲဆိုတာ တွေးတောင်မတွေးနိုင်တဲ့ အချိန်မှာပဲ ကျောက်စိမ်းမှုန့်တွေကနေ ကျောက်စိမ်းချောင်းတွေဖြစ်သွားတယ်။ မျက်လှည့်ပြနေသလိုပဲလို့ ဖန်ကျန်းရှိတွေးလိုက်မိတယ်။ သူတို့ ကမ္ဘာက လူစွမ်းကောင်းတွေတောင် ဒီလိုမျီုးလုပ်နိုင်တာ မရှိဘူးလေ။
လက်ဝါးနဲ့ရိုက်လို့ အမှုန့်ဖြစ်သွားတာကတော့ ဟုတ်ပါပြီ။ အခုလို ပုံပြောင်းတာကတော့ ဆန်းကြယ်လွန်းတယ်။
ဒီလိုဖြစ်အောင် ဘယ်လိုများလုပ်လိုက်တာလဲ။ တွေးမဆုံးနိုင်ဖြစ်နေမိတယ်။
ဒါက အရိုးကျိုးပညာရပ်များလား။ ဒါလည်းမဖြစ်နိုင်…။
“စုစည်းစေ။”
ဖန်ကျန်းရှီ မေးခွန်းနွံထဲ နစ်နေတဲ့ အချိန်မှာ ရုတ်တရက်ကြားလိုက်ရတဲ့ အသံကြောင့် တုန်တောင် တုန်သွားတယ်။ စစ်သူကြီးလီကတော့ ခြေထောက်ကို နောက်ပြန်ဆုတ်လိုက်ပြီး လက်ဖဝါးကို လှန်လိုက်ကာ တစ်ပတ်လှည့်လိုက်တယ်။
ဖန်ကျန်းရှီ ပဟေဠိ ဖြစ်နေတယ်။ ဒီစစ်သူကြီး ဘာလုပ်ပြန်တာလဲ။
စုစည်းစေ …
ဒါကရော မန္တန်လား…
စိတ်ထဲပို ရှုပ်လာတော့တယ်။ မကြာခင်ပဲ ဖန်ကျန်းရှီ ပါးစပ် အဟောင်းသားဖြစ်သွားတယ်။
ဘာကြောင့်လဲဆိုတော့…
ကျောက်စိမ်းချောင်းတွေကနေပြန်စုစည်းပြီး ကျောက်စိမ်းတုံးလေးတွေဖြစ်သွားကြတယ်။ အဲ့ဒီနောက် အကုန်ပြန်လည်ပေါင်းစုံကြပြီး မူလကျောက်စိမ်းတုံးကြီး အဖြစ်ကိုရောက်ရှိသွားတော့တယ်။
“ဒါဘာကြီးလဲ။”
သူ့နှလုံးသေးသေးလေးဟာလည်း တဒိတ်ဒိတ်နဲ့ အခုန်မြန်လာတော့တယ်။ ဒီလောကဟာ သူငယ်ငယ်က ကြည့်ဖူးတဲ့ ဇာတ်ကားတွေထက် ပို ဆန်းကြယ်တဲ့ ပညာရပ်တွေရှိနေတာကို အတည်ပြု လက်ခံလိုက်ရတော့တယ်။
ဒီလိုပျက်စီးသွားတဲ့ ကျောက်တုံးကို တောင် မူလပြန် စေနို်င်တဲ့ ပညာမျိုးက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ပညာတွေပဲဖြစ်မယ်။
အရာအားလုံးရဲ့ ဖြစ်တည်မှုတာအို ?
သူ မယုံကြည်နိုင်လွန်းလို့ မျက်လုံးကို ပွတ်သပ်ကြည့်လိုက်ပေမယ့် ကျောက်စိမ်းတုံးကြီးဟာ စင်ရှေ့မှာ အခန့်သားရှိနေပြီး နေရောင်အောက်မှာ ထည်ဝါစွာ တောက်ပနေတယ်။
“ဒါက အရာအားလုံးရဲ့ ဖြစ်တည်မှု တာအိုပဲ”
အံ့သြလွန်းလို့ အသံတောင် မထွက်နိုင်ရှာတဲ့ လူအုပ်ကြီးကို စစ်သူကြီးလီက ခံ့ညားအောင်မြင်လှတဲ့ အသံကြီးနဲ့ ရှင်းပြလိုက်တယ်။
သို့ပေသော်ငြား ရင်ပြင်ကြီး တစ်ခုလုံးကတော့ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်စမြဲ။ သူတို့ရဲ့ မျက်လုံးတွေမှာတော့ မျှော်လင့်ချက်ရောင်ခြည်တွေနဲ့ ဘလင်း ဘလင်း တောက်နေပါတော့တယ်။
-------------------
ဒါကတော့ မုန်တိုင်းမတိုင်မီ ငြိမ်သက်ခြင်းပဲ။ ငြိမ်သက်ခြင်းပြီးတဲ့တောက် လျင်မြန်တဲ့ လှိုင်းလို အလျင် ရွေ့လျားခြင်းပဲ ဖြစ်တယ်။
သစ်သားတုံးကို မီးညှိပြီးတဲ့နောက်မှာတော့ ရင်ပြင်ကြီးဟာ လင်းထိန်သွားတော့တယ်။ လူတိုင်းဟာလည်း စိတ်လှုပ်ရှားမှုကြောင့် ရင်တွေ ပေါက်ကွဲထွက်တော့မတတ်ပဲ။
" အရာအားလုံးရဲ့ ဖြစ်တည်မှု တာအို"
"ဒါက သိပ်ကို အင်အားကြီးတာပဲ။ ငါ ထိန်းချုပ်နိုင်ချင်လိုက်တာ။"
"မေမေ သား လည်း ဖြစ်တည်မှု တာအိုကို တတ်ချင်တယ်။ သား ကောင်းကောင်းကြိုးစားပါမယ်။"
ရွာသားတွေ အကုန် စိတ်ဓာတ် တက်ကြွ လာကြတော့တယ်။ အထူးသဖြင့် တတိယ အချီကို အောင်မြင်သွားတဲ့ လီကျွမ်းစီတို့လို လူတွေပေါ့။
ဖန်ကျန်းရှီတောင်မှ တတ်ချင်တဲ့ ဆန္ဒတွေ အတော်လေး ပြင်းထန်သွားခဲ့တာ။
အရာအားလုံးဖြစ်တည်မှုတာအို? ဘယ်လိုလူက ဒါကို ထိန်းချုပ်နိုင်မှာလဲ? ဒါက သူသင်ကြား ခဲ့ဖူးတဲ့ "တာအိုနိယာမ"ရဲ့ အရင်းအမြစ်တစ်ခုမလား?
ဘာကြောင့် ငါ ဖတ်ပြီးတာတောင် အသုံးမဝင်သေးတာလဲ? ဘာကလပြဿနာဖြစ်နေတာလဲ?
"အခုတော့ လူတိုင်းက အရာအားလုံးဖြစ်တည်မှု တာအိုကို မြင်တွေ့ဖူးသွားပါပြီ။ တစ်နေ့မှာ လူတိုင်း ဒီလို စွမ်းအား ပြည့်ဝလာမယ်လို့ ယုံကြည်ပါတယ်။ အကုန်လုံးသိအောင် ပြောရမှာ တစ်ခုရှိပါတယ်။ အရာအားလုံးဖြစ်တည်မှု တာအိုကို နားလည်သဘောပေါက်ဖို့က ခက်ခဲပါတယ်။ အောင်မြင်ဖို့ အခွင့်အရေးကလည်း ၁ ထောင်မှာ ၁ကေိုယ်ခန္ဓာကနေ မမြင်နိုင်တဲ့ အမျိုးအမည်မသိ စွမ်းအားတွေ ထုတ်လွှတ်နေသလို ခံစားလိုက်ရတယ်။
"နားလည်ပါတယ်။" ရွာသားအားလုံးဟာ တညီတညွတ်ထဲ အင်အား အပြည့်နဲ့ ဟစ်ကြွေးကာ သံပြိုင် ဖြေဆိုလိုက်ကြတယ်။
"ဖန်ကျန်းကတော့ မအော်လိုက်ရဘူး။ စာအုပ်ဖတ်ပြီးတာတောင် ခုထိ အစွမ်းမရသေးတဲ့ အကြောင်း စဉ်းစားနေပြန်တယ်လေ။
နားလည်ခြင်း… နားလည်သဘောပေါက်ခြင်းးးး
နောက်ဆုံးတော့ သူ အလင်းပွင့်သွားတယ်။ တာအို နိယာမ ဟာ အရာအားလုံး ဖြစ်တည်မှုတာအိုရဲ့ အကိုင်းခက် တစ်ခုပဲ ။ အကယ်၍ သစ်စေ့ကို ကျောက်တုံးပေါ်မှာ စိုက်ရင် သစ်ပင်ဖြစ်မလာနိုင်ဘူး။ ရှင်သန်ပြီး အသီးအပွင့်ရဖို့ ဆိုရင် မြေကြီးထဲမှာစိုက်ရမယ်။ ဒါမှသာ လိုအပ်တဲ့ အာဟာရ ရနိုင်မယ်။
'တာအို နိယာမဟာ အမြစ်ဆိုရင် အာဟာရ အရင်းမြစ်က မရှိမဖြစ်ပဲ။ အရာအားလုံးဖြစ်တည်မှုတာအိုဟာ အသီးအပွင့်ပဲ။"
သူ့ရဲ့ အခု အခြေအနေကတော့ မြေသြဇာကောင်းတဲ့ မြေကို ပိုင်ဆိုင်ထားတယ်။ ဒါက အခြေခံကောင်းနဲ့ အတူတူပါပဲ။ သူက အခု အကုန်လုံးရဲ့ ထိပ်မှာပဲ။
ဒါပေါ့ အခုတော့ လိုလီတာကိုတောင် မယှဉ်နိုင်သေးပင်မယ့်ပေါ့။ သေချာတာတော့ သူမှန်းတာ မမှားရင် လိုလီတာက တာအို မုခ် ကို အောင်မြင်ပြီးလောက်ပြီ။
အသက် ၅နှစ်နဲ့ တာအိုမုခ် ကို အောင်မြင်သွားပြီ? ဒီကလေးမက ဘယ်သူဖြစ်နိုင်မလဲ?"
နောက်ပြီး
အဆင့်တက်နိုင်ဖို့ အသီးအပွင့် ပွင့်ဖူးဖို့ဆိုရင် ကံတရားကို စောင့်ဆိုင်းဖို့ပဲ လိုတော့တယ်။
မေးခွန်းကတော့, သူ့မှာ ကံပါရဲ့လား?
"ကောင်းပြီ။ နတ်ဆိုးကျောင်းတော်ရဲ့ နောက်ဆုံးစစ်ဆေးမှု စတင်မယ်။ ဒီ တချီရဲ့ ခေါင်းစဉ်ကတော့ ကံတရားပါ။" စစ်သူကြီးလီဟာ ကျေနပ်အားရစွာ ခေါင်းတငြိမ်ငြိမ့်လုပ်ရင်းနဲ့ ရွာသားတွေကို ကြေညာလိုက်တယ်။
အပိုင်း(၇)ပြီး၏။
အပိုင်း(၈)
“တာအိုနိယာမ ပုံဖော်မှု”
“ကံကြမ္မာ” စစ်သူကြီးလီပြောလိုက်တဲ့ စကားကြောင့် ရွာသားတွေအားလုံး အံ့သြသွားကြတယ်။ ကံကို ဘယ်လိုစမ်းသပ်မှာလဲ။
ဖန်ကျန်းရှီလည်း စိတ်ရှုပ်နေပြန်တယ်။
အရှေ့မှာပြောခဲ့သလိုပဲ ကံကြမ္မာက ဒဏာရီ သူရဲကောင်းတွေကို ဒီလိုဖြစ်ပေါ်စေတယ်။ ငါကတော့ အခုမှ ၆ နှစ်သားပဲရှိသေးတာ အရွယ်တောင်ရောက်သေးတာ မဟုတ်ဘူး ။ ဒီလို ထွန်းပေါက်မယ့် ကံပေါ် ပါ့မလား။
“ဖွင့်လိုက်ကြ” စစ်သည် ၈ ဦးဟာ ထူးဆန်းတဲ့ အရာတစ်ခုကို သယ်ဆောင်လာကြတယ်။
“အမိန့်အတိုင်းပါ။” စစ်သည် ၈ဦးက တညီတညွတ်တည်း ပြန်ဖြေကြတယ်။
အဲ့ဒီနောက်မှာတော့ စစ်သည်တွေဟာ ထူးဆန်းတဲ့ အရာဝတ္ထုကို အုပ်ထားတဲ့ ပိတ်စကို စက်ဝိုင်း အသွင်ဝိုင်းပတ်ကာ ရွှေချည်မျှင် ပိတ်ပါးထည်ကို မပြီးဖယ်ရှားလိုက်တယ်။
“ အဲ့တာ ဘာကြီးလဲ။”
“ ဒါက အရာအားလုံး ဖြစ်တည်မှုတာအို ရဲ့ ပုံဖော်မှု ဖြစ်နိုင်မလား။ မိုးနတ်မင်းရေ ဒီစစ်ဆေးမှုက တကယ့်ကို ဖြစ်တည်မှု တာအိုရဲ့ ပုံဖော်ခြင်းပဲ။”
အဖိုးတန်လှတဲ့ ကျောက်စိမ်းနက်နဲ့ ထွင်းထုထားတဲ့ ကျောက်စိမ်းပြားကြီးဟာ ရွာသားတွေရဲ့ စိတ်အာရုံကို စိုးမိုးသွားခဲ့တယ်။
အထူးသဖြင့် ဒုတိယအဆင့်ကို ဖြတ်ကျော်ထားတဲ့သူတွေ ဟာ ပန်းကန်းပြားလို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ ကျောက်စိမ်းပြားကြီးကို မျက်လုံးကျွတ်ကျမတတ်ကြည့်နေတယ်။
ကျောက်စိမ်ပြားကြီးရဲ့ မျက်နှာပြင်ပေါ်မှာ ရွှေရောင်အလင်းတန်းတွေဟာ ကွန့်မြူးနေတယ်။ ရွှေအလင်းတန်းတွေဟာ ထူးခြားရှုပ်ထွေးတဲ့ သဏ္လာန်တစ်ခု အသွင် အစီအစဉ်ကျကျ ကွန့်မြူးနေတာဖြစ်တယ်။
အောက်ခြေမှာရှိတဲ့ အလင်းတန်းတွေကတော့ ပိုရှုပ်ထွေးနေကြပြီး စတုဂံပုံ မျိုးစုံနဲ့ စက်ဝိုင်းပုံစံ စုံတို့ ဖြစ်ကြတယ်။ နောက်ဆုံးမှာတော့ ကြယ်တာရာနက္ခတ်တွေနဲ့ နေ လ ဗဟုဂံ ပုံစံစုံ……
အောက်ခြေဆုံးမှာတော့ တောင်တန်းနဲ့ မြစ်ချောင်း ရှုခင်းစုံဟာ ဝိုးတဝါးပေါ်လာတော့တယ်။
စစ်သူကြီးလီ ဟာ အလွန်အမင်း အံ့သြနေကြတဲ့ ရွာသားတွေရဲ့ မျက်နှာ အမူအယာကိုမြင်တော့ ပြုံးမိသွားတယ်။
“ကောင်းပြီ။ ဒါကတော့ အရာအားလုံးဖြစ်တည်မှုတာအို ရဲ့ ပုံဖော်မှုပဲ။ ဒါက အနိမ့်ဆုံး အရည်အသွေးဖြစ်ပေမယ့်လည်း ခိုင်မာ ကောင်းမွန်တဲ့ အခြေခံ မရှိရင် ဖြေရှင်းဖို့ လွယ်ကူမှာမဟုတ်ဘူး။ အရာအားလုံးဖန်တီးပုံဖော်မှုက ကံကြမ္မာဖြစ်သလို မုခ်၀ တစ်ခုလည်းဖြစ်တယ်။
“ နတ်ဆိုးကျောင်းတော်ရဲ့ နောက်ဆုံးစမ်းသပ်မှုကို ဖြတ်ကျော်ဖို့ နည်းလမ်း ၂မျိုးရှိတယ်။ ပထမနည်းက အရာအားလုံးဖန်တီးပုံဖော်မှုကို ဖြေရှင်းဖို့ပဲ ။ ဒုတိယနည်းကတော့ “တာအိုနိယာမ စာမေးပွဲ” မှာ
ထိပ်တန်းအဆင့် ရဖို့ပဲ။ နှစ်ခုစလုံးကတော့ နတ်ဆိုးကျောင်းတော်ရဲ့ အထူးအာရုံစိုက်မှုကို ရနိုင်လိမ့်မယ်။”
သူပြောပြီးပြီးချင်းပဲ ရွာသားတွေကတော့ မျောက်မှိုင်မှိုင်သွားကြတယ်။
သူတို့အတွက် နည်းလမ်း ၂ခုလုံးက ခက်ခဲလွန်းတယ်။ ပထမနည်းကတော့ ခက်ခဲတယ်ဆိုတဲ့ အဆင့်ထက်ကို ကျော်လွန်နေတယ်။ ဒီ ပုံဖော်ချက်ကို ဖြေရှင်းဖို့က တာအိုမုခ် ကိုအောင်မြင်ပြီးသူတွေ အတွက်တောင် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေယ်။ “တာအိုနိယာမ” ကို အနည်းအကျဉ်းသာ ဖတ်ဖူးတဲ့ သူတို့လိုလူတွေအတွက် ဆိုရင် ဖြေရှင်းချက်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။
ဒုတိယနည်းလမ်းကတော့ အတော်လေး ကျော်ကြားတယ်။ မြို့တော်ရဲ့ တာအိုနိယာမ စာမေးပွဲဖြစ်ပေမယ့်လည်း ထိပ်တန်းအဆင့် လိုအပ်ချက်ဖြစ်နေတယ်။ နောက်တမျိုးပြောရမယ်ဆိုရင် ဒုတိယအဆင့်ကနေ အောင်မြင်မယ်ဆိုရင် မင်း အသိအမှတ်ပြုခံရမှာ မဟုတ်ဘူး။
ဘယ်နည်းကမဆို ရွာသားတွေအတွက် ခက်ခဲလွန်းနေတယ်။
နတ်ဆိုးကျောင်းတော်ကို ဝင်ရောက်ဖို့က ချက်ချင်း လက်ငင်း ရွှေဘုံပေါ်တက်ထိုင်လိုက်ရတာနဲ့တူတယ်။
ဝင်ခွင့်စစ်ဆေးမှုတွေက မခက်ခဲစရာ အကြောင်းရှိမလား။ ဘယ်သူကမှ အထွန့်မတက်မရဲကြပေမယ့် ရွာသားအချင်းချင်းကြားမှာတော့ တီးတိုးပြောဆိုမှုတွေနဲ့ ဆူညံသွားကြတော့တယ်။
”နည်းပေးလမ်းပြလုပ်ပေးပင်မယ့်လည်း ဘယ်လိုဖြတ်ကျော်မလဲဆိုတာကတော့ မိမိကိုယ်တိုင်ပေါ်ပဲမူတာ်ပါတယ်။ နည်းလမ်း၂ခုလုံးက စိန်ခေါ်မှုဖြစ်နိုင်လိမ့်မယ်။ ဒါပေမယ့် ပထမ စစ်ဆေးမှု ၂ခုကနေ တောင်ဘက်တောင်ရွာရဲ့ တိုးတက်လာနိုင်တဲ့ အလားအလာတွေကို မြင်တွေ့လိုက်ရတယ်။ ဒါကြောင့် နတ်ဆိုးကျောင်းတော်ကို တာအိုခန်းမ ပြင်ဆင်ပေးဖို့ အကြံြုပုပါတယ်။ ပထမအဆင့်တွေကို ဖြတ်ကျော်ခဲ့ပြီးတဲ့ သူတွေကတော့ တာအိုခန်းမမှာ ဖြေရှင်းနည်းတွေကို သင်ယူကြရမှာဖြစ်တယ်။”
“ တစ်နေ့မှာတော့ တာအိုခန်းမရဲ့ သင်ကြားမှုအောက်ကနေ မြို့တော် တာအိုနိယာမ စာမေးပွဲမှာ ထိပ်တန်းအဆင့်နဲ့ အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
စစ်သူကြီးလီက အရာအားလုံးဖြစ်တည်မှုတာအို ပုံဖော်ခြင်းကို တော့ မပြောပြသွားဘူး ။ သူတွေးမိတာက ဒါကို ဖြေရှင်းဖို့ဆိုတာ ရွာသားတွေအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်တယ်လို့ပဲ။ တောင်ဘက်တောင်ရွာမပြောနဲ့ သူတို့ နတ်ဆိုးကျောင်းတော်ကသူတွေတော်မှ နတ်သခင်နဲ့ “အထူးဧည့်သည်တော်”တွေကလွဲပြီး သခင်မလေး တစ်ယောက်ပဲ “အရာအားလုံးဖြစ်တည်မှုတာအို ပုံဖော်ခြင်း”ကို ဖြေရှင်းနိုင်တာ။
ဒါဆို တာအိုမုခ်ကိုအောင်ထားတဲ့ စစ်သူကြီးလီအတွက်ကော? သူတောင် ကြည့်ပြီး သက်ပြင်းချရုံပဲ တတ်နိုင်တယ်။
ဒါကို တွေးရင်းကနေ သူ့သခင်မလေး အကြောင်းကို ချက်ချင်းသတိရသွားတယ်။ အသက် ၅နှစ်တည်းနဲ့ အရာအားလုံးဖန်တီးပုံဖော်မှုကို ဖြေရှင်းခဲ့တယ်။ ဒါကို အုပ်ချုပ်နေတဲ့ သက်ဦးဆံပိုင်ဘုရင်မင်းမြတ်က ကြားသိသွားတဲ့အခါမှာတော့ မြောက်ဘက် ရွာကြီးရဲ့ နတ်ဆိုးကျောင်းတော်ကို ထူးချွန်ထက်မြက်မှုအတွက် ဂုဏ်ပြုတဲ့အနေနဲ့ “ကောင်းကင် ဂုဏ်ရည်ဘွဲ့” ကို အပ်နှင်းခဲ့တယ်။
ဒါက သာမာန်စာလေးတစ်ကြောင်းလို့ပဲ ထင်ရပေမယ့် ဘုရင်မင်းမြတ်ရဲ့ တိုက်ရိုက်သူကောင်းပြုမှုလေ။ မှတ်တမ်းမှတ်ရာတွေ အရဆိုရင် ဒီလို ဘွဲ့ထူးချီးမြှင့် ခံရတာ “ရှ” မင်းဆက် တည်ထောင်ချိန်ကစပြီး အယောက် ၃၀ ပဲ ရှိခဲ့ဖူးတာ။ တခြားသူတွေကတော့ ရိုးရိုးတော်ဝင် အမိန့်ပဲ လက်ခံရတာ။
“ ကောင်းပြီလေ အရာအားလုံးဖြစ်တည်မှုပုံဖော်ခြင်းကို ပြန်သိမ်းလိုက်ရအောင်။ ဒီအရာက လူတိုင်းဖြေရှင်းနိုင်တာ မဟုတ်ဘူး။ ထူးခြားထက်မြက်တဲ့ ဉာဏ်ရည်နဲ့ ပါရမီရှင်တွေသာ ဖြေ ရှင်း နိုင် နိုင်…”
စစ်သူကြီးလီ အဓိက အချက်ကို မပြောမီမှာ ရပ်တန့်သွားတော့တယ်။
အရာအားလုံးဖြစ်တည်ပုံဖော်မှုကြီးတစ်ခုလုံးက နေ့ဘက်မှာ ထွန်းလင်းတဲ့ သူရိန်နေမင်းကြီးအလား တောက်ပလာပြီးတော့ ရွှေရောင် အလင်းတန်းတွေက အလွန်အမင်းကို ဖြာထွက်လာတဲ့ အတွက်ကြောင့် ပဲဖြစ်တယ်။
ခေါင်းလေးငုံ့ပြီး စစ်သူကြီးလီ ပြောသမျှကို လေးလေးနက်နက် နားထောင်နေတဲ့ ရွာသူကြီးမုန့်ဟာ စစ်သူကြီးရဲ့ စကား အမျှင်ပြတ်သွားတာကြောင့် ခေါင်းကိုမော့ကြည့်လိုက်တယ်။
“စစ်သူကြီးလီ?” ရွာလူကြီးမုန့်က လေသံတိုးတိုးလေးနဲ့ ခေါ်လိုက်တယ်။
အဲ့ဒီ့နောက် သူဘာပြောရမလဲ မသိခင်မှာတင် ရုတ်တရက်တောက်ပလာတဲ့ ရွှေရောင်အလင်းတန်းတွေကြောင့် မျက်လုံးတွေ ကျိန်းစပ်သွားပြီးတော့ သူ့ကိုယ်သူ အိမ်မက်မက်နေသလိုထင်မိသွားတယ်။
ကြောင်အမ်းအမ်းဖြစ်ပြီး ထင်ရှားတောက်ပလွန်းတဲ့ အလင်းတန်းတွေရဲ့ ဖမ်းစားခြင်းကို ခံနေရတဲ့ ရွာသားတွေဟာ အရူးတွေလိုပါပဲ။ သို့ပေသော်ငြား စစ်သူကြီးလီကတော့ အခု အဖြစ်အပျက်အကြောင်းကို ကောင်းကောင်းကြီးသိနေတဲ့ သူ့ရဲ့ အသိပညာတွေအရ အံံ့သြတာထက်ပိုတဲ့ ထုံထိုင်းတွေဝေသွားခြင်းမျိုး မဖြစ်ခဲ့ပါဘူး။
စစ်သူကြီးလီသာမက စင်မြင့်အောက်က စစ်သားတွေဟာ လည်း အံ့သြမှင်သက်မိလွန်းလို့ စကားသံတွေ ထွက်လာကြတယ်။
“ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”
“ဖန်တီးမှု တာအိုကို ဖြေရှင်းပြီးသွားပြီ”
“ဘယ်သူကများ ဖြေရှင်းလိုက်တာလဲ။”
“ကျောက်စိမ်းပြားကြီးကို ဖွင့်တာ မိနစ်နည်းနည်းပဲကြာသေးတာလေ။”
ဒီလို အချိန်တိုလေးမှာဖြေရှင်းနိုင်တယ် ဆိုတာ……
ဒီတောင်ဘက်တောင်ရွာက လူတွေက တာအိုမုခ် ကိုတောင် တတ်ကျွမ်းသေးတာ မဟုတ်ဘူးလေ။ ဒီ အဖြစ်က ဘာနဲ့တူသလဲဆိုရင် လမ်းလျှောက်တာနဲ့ အနိုင်ယူတာတောင် မသင်ရသေးတဲ့သူက အပြေးမှာ စံချိန်တင်တဲ့ ကျားသစ်တစ်ကောင်နဲ့ အပြေးပြိုင်တာ နိုင်လိုက်သလိုပဲ။
စစ်သူကြီးလီကတော့ စိတ်လှုပ်ရှားလွန်းလို့ နည်းနည်းတောင် အမူအယာ ပျက်နေတယ်။
သူဘယ်လိုစိတ်အေးအေးထားရမလဲ။ ဘယ်လိုထပ်ပြောရမလဲ။
ပိုအရေးကြီးတာက မိနစ်နည်းနည်းလေးပဲ ကြာလိုက်တာပဲ။
သူတို့ရဲ့ သခင်မလေးတောင် ဒါကိုဖြေရှင်းဖို့ ရက်သတ္တပတ် အချို့ထိ အချိန်ယူခဲ့ရတာ…
အခု ဖြစ်ရပ်က သူတို့ရဲ့ “ရှ” မင်းဆက်မှာ သမိုင်းတွင်မယ့် ဖြစ်ရပ်ကြီးပဲ။
ဘယ်သူလဲ။ ဘယ်သူက ဖြေရှင်းလိုက်တာလဲ။ ဒီလောက်မြန်မြန်ဆန်ဆန် လုပ်နိုင်ရတာလဲ။ ဒါက တွေးထားတာထက် ပိုကျယ်ပြန့်နိုင်တာလား။
အပိုင်း (၈) ပြီး၏။
အပိုင်း(၉)
“ဖုန်မှုန့်တွေလို”
ဖန်ကျန်းရှီကတော့ သူ့ ခန္ဒာကိုယ်တစ်ခုလုံးနေရောင်ခြည်ရဲ့ နွေးထွေးမှုထဲမှာ နစ်မြုပ်နေသလိုခံစားလိုက်ရတယ်။ သူ့ကိုယ်ထဲက သွေးကြောတွေကို ဖြတ်ပြီး သွေးတွေစီးဆင်းနေတာကိုတောင် သူ့အသိစိတ်ထဲမှာ ထင်ထင်ရှားရှားခံစားနေရတယ်။ ဘယ်လို ဖြစ်သွားမှန်းမသိပေမယ့် ထူးဆန်းတဲ့ စွမ်းအင်တစ်ခုက သူ့ နှလုံးသားထဲမှာ အမြစ်တွယ်လာသလိုပဲ…
သူ အရာအားလုံးဖြစ်တည်ပုံဖော်မှုကိုကြည့်လိုက်ရုံပြီး သူ့စိတ်ကူးထဲမှာ
ချဆွဲမိလိုက်တယ်။
ဒီ ကံကြမ္မစမ်းသပ်မှုဆိုတာကြီးကို တွေးမိလိုက်တာကြောင့် ဖန်ကျန်းရှီဟာ ဒီအခွင့်အရေးကို စမ်းသပ်ကြည့်ချင်ခဲ့တယ်။
အဲ့ဒီနောက် သင်္ကေတတွေကို သူ သေချာ လေ့လာကြည့်တဲ့ အခါမှာတော့ ဒီဂဏန်းတွေဟာ သူ့ရဲ့ အရင်ကမ္ဘာမှာသုံးတဲ့ စာလုံးတွေနဲ့ ရေးသားထားတာဖြစ်ပြီး အနည်းငယ် ပို ရှေးကျနေတဲ့ အချက်ပဲဖြစ်တယ်။ သူ့လို သမိုင်းသုတေသီ တစ်ယောက်အတွက်တော့ ဒါဟာ ဘာမှ ခက်ခဲတဲ့ အရာ မဟုတ်ဘူး။
သူသေချာ စဉ်းစားကြည့်ပြီးတဲ့ အချိန်မှာတော့ အောက်ခြေက အသွင်သဏ္လာန် တွေဟာ စည်းကမ်းချက်တွေနဲ့ စနစ်တကျ စီထားတဲ့ အကွက်တွေဖြစ်တာကို သူနားလည်သွားတယ်။ ဒီအခင်းအကျင်းပုံစံမျိုးဟာ ကြည့်လိုက်တာနဲ့ စိတ်ကို ရှုပ်ထွေးစေတယ်။ဒါက မူလပုံစံ မဟုတ်လို့သာ အနည်းငယ် လွယ်ကူတာဖြစ်ပေမယ့် မူလရင်းမြစ် ပုံဖော်မှုကို သာကြည့်မိမယ်ဆိုရင်တော့ လုံးဝကို ရူးသွားမှာပဲ။
ဒါက အစိတ်စိတ်အမွှာအမွှာပြန့်ကျဲနေအောင် ခွဲချထားပြီး ကြုံသလို ဖြန့်ကျက်ထားတာနဲ့တူတယ်။
ဖန်ကျန်းရှီက ဒီလို ပဟေဠိဆက်တဲ့ နေရာမှာ မတော်ပင်မယ့်လည်း သူ ဒီရုပ်ပုံတွေကို အဆက်အစပ်မိအောင် ကြိုးစား ဆက်ကြည့်နေတယ်။ ဒီရုပ်ပုံတွေက ရှင်းလေ ရှုပ်လေပဲ။ ဒါကြောင့် အကုန်လုံးကို သူဖြတ်ချပြီး အသစ်ပြန်ဆက်လိုက်တယ်။
အဲ့လို ဖြုတ်ချလိုက်တဲ့ အချိန်မှာပဲ ဒီပုံတွေဟာ ၈မျိုး နည်းဗျုဟာနဲ့ စီစဉ်ထားတာကို သူ ရုတ်တရက် နားလည်သွားတယ်။
ကျောက်စိမ်းတုံးကြီး တစ်ခုလုံးက မက်ထရစ် သချာၤမန္တန်တစ်ခုပုံစံဖြစ်တယ်။ ကံကောင်းစွာနဲ့ပဲ ဒီ မန္တာန်က မရှုပ်ထွေးဘူး ။ ဘယ် အဇူရာ နဂါး ၊ ညာ ကျားဖြူ ၊ အရှေ့ ဖီးနစ်ငှက်၊ အနောက် လိပ်မြွေ တို့လို ခက်ခဲတဲ့ နည်းမျိုး မဟုတ်ခဲ့ဘူး။
သူ့ရဲ့ မှတ်ဉာဏ်တွေကို ပြန်လည်တူးဆွကြည့်လိုက်တဲ့ အခါမှာတော့ “လျှို့ဝှက်စကားလုံးများ၏ ရုပ်ဝတ္ထုသဘော” ကို ရှေးဟောင်း ကျင့်ကြံမှု မန္တန်တွေထဲမှာ တွေ့ခဲ့ ဖူးတာနဲ့ ယှဉ်တွဲ စဉ်းစားကြည့်လိုက်တယ်။ သူ ဘယ်လိုစီရမလဲ ဆိုတာ အခုတော့ သဘောပေါက်သွားပြီ…။
အဲ့ဒီ အချိန်မှာပဲ သူ့ရှေ့က မြင်ကွင်းဟာ ရုတ်တရက်ပြောင်းလဲသွားတော့တယ်။
ကောင်းကင်ကြီးလည်းပျောက်ဆုံးသွားပြီ။ မြေကမ္ဘာကြီးလည်း မရှိတော့ဘူး သူ့မြင်နေရတာကတော့ အဆုံးမရှိတဲ့ သမုဒ္ဒရာကြီးပဲရှိနေတယ်။ ပင်လယ်ရေတွေဟာလည်း အဆုံးမရှိ စီးဆင်းနေတယ်။ မိုးကုပ်စက်ဝိုင်းစွန်းကနေ ငှက်တချို့ ပျံသန်းသွားကြတယ်။ ထူးခြားမွှေးပျံ့တဲ့ ရနံ့တွေဟာလည်း လေချိုအေးနဲ့ အတူ လွင့်ပျံ့နေတယ်။
ရွှေအဆင်းနဲ့ လမင်းကြီးဟာ မိုးကုပ်စက်ဝိုင်းကနေ မြင့်တက်လာတယ်။ နက်မှောင်တဲ့ကောင်းကင်ကြီးဟာ ချက်ချင်းကို ပေါ်ပေါက်လာခဲ့တယ်။ ကြယ်လေးတစ်လုံး ၊ နှစ်လုံး၊ သုံးလုံး ။
မရေမတွက်နိုင်တဲ့ ကြယ်လေးတွေဟာ ကောင်းကင်ကြီးမှာ အစက်အပြောက်လေးတွေအသွင် ပေါ်လာကြတယ်။ သူ့နှလုံးသားထဲမှာ ဖိအားတစ်ခုဟာ ရုတ်တရက်ပြင်းထန်လာတယ်။ ဒီကြယ်လေးတွေက တစ်လုံးခြင်း တစ်စုခြင်း သူ့အနေအထားနဲ့သူ စနစ်တကျ ဖြစ်တည်နေကြတယ်။
ကြီးမားကျယ်ပြန့်တဲ့ ကုန်းမြေ၊ နက်ရှိုင်းတဲ့တောင်ကြားချိုင့်ဝှမ်းတွေ ၊ ရေစီးသန်တဲ့ မြစ်တွေ ၊ သားရဲတိရစ္ဆာန်တွေ ၊ အရွယ်စုံ တိမ်တိုက်တွေ…
အရာအားလုံးဟာလည်း ရုတ်ချည်းပေါ်ပေါက်လာကြတယ်။
“ ဟုန်းးး”
ဖန်ကျန်းရှီ ဒီအရာတွေကို ကြည့်ရင်း စဉ်းစားနေတဲ့ အချိန်မှာပဲ ကမ္ဘာကြီးတစ်ခုလုံးဟာ ဖုန့်မှုန့်တွေလို ပျောက်ကွယ်သွားတော့တယ်။ သူ့နှလုံးသားထဲမှာတော့ ဖုန့်မှုန့်တွေလို တုန်လှုပ် ပျံ့လွင့်ပြီး ကျန်ရစ်နေခဲ့တော့တယ်။
သူ့ လက်ရှိ ကမ္ဘာကို ပြန်ရောက်နေပြီးဆိုတာ အသိစိတ်ကပ်သွားတဲ့ အချိန်မှာတော့
ကောင်းကင်ကြီးလဲ ရှိနေသေးတယ် အပြာရင့်ရောင်။ မြေကမ္ဘာကြီးလည်း ရှိနေသေးတယ်။
ခုနက သူဘာတွေဖြစ်သွားတာလဲ။ လိပ်ပြာလွင့်သွားတာလား။
သူ့ရဲ့ လက်သေးသေးလေးတွေနဲ့ ခေါင်းကုတ်ရင်း စဉ်းစားကြည့်ပေမယ့်လည်း အဖြေကထွက်မလာ။ ရင်ပြင်ကြီးက လူတွေ အကုန်လုံး အညှို့ခံထားရသလိုဖြစ်ပြီး မတ်တပ်မေ့နေကြတာကို တွေ့လိုက်တဲ့ အခါမှာတော့ သူပါ မျက်လုံးပြူးပြီး ပါးစပ်ဟသွားတော့တယ်။
သူမျက်လုံးဖွင့်ဖွင့် ချင်းတုန်းက အရာအားလုံးဖြစ်တည်ပုံဖော်မှု ကျောက်စိမ်းပြားကြီးက ပုံမှန်ရွှေရောင်ဖျော့ဖျော့ အလင်းတန်းတွေတောက်ပနေတယ်။ အဲ့ဒီ့နောက်မှာတော့ ကျောက်စိမ်းပြားကြီးက အရောင်တွေပြန်မှိန်သွားပြီး မူလပြန်သွားတယ်။
စစ်သူကြီးလီဟာ အခုထိ မယုံကြည်နိုင်သလို ဖြစ်နေပင်မယ့်လည်း အမူအယာမပျက်အောင် ထိန်းချုပ်ပြီး မေးလိုက်တယ်။
“ဒီတောင်ဘက်တောင်မှာ စာ အရေးအဖတ် သင်ထားတဲ့သူရှိလား။” ဘယ်လောက်ပင် တည်တံ့သယောင် ထိန်းချုပ်ထားပေမယ့် လည်း စိတ်လှုပ်ရှားမှုကြောင့် အသံတွေတုန်ယင်နေတာကို တော့ ထိန်းချုပ်မရပါဘူး။
“ရှိပါတယ်။” စစ်သူကြီးလီရဲ့ အမေးစကားကြောင့် စီတန်းထားတဲ့ သူတွေထဲက တစ်ယောက်ဟာ လက်မြှောက်ရင်းဖြေလိုက်ပါတယ်။
ရွာသားတိုင်းဟာ ဖြေလိုက်သူကို ကြည့်လိုက်တဲ့အခါမှာတော့ ရွာသူကြီးမုန့်ရဲ့ မြေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။
“ဟွန့် ဘယ်သူက သူဖြစ်မယ်လို့ ထင်မှာလဲ။”
ဒီကလေးကို ထင်ထင်ရှားရှားမြင်လိုက်ပြီးတဲ့နောက်မှာတော့ ရွာသားတွေရဲ့ အကြည့်ဟာ မနာလိုစိတ်တွေပြည့်နေတဲ့ မျက်လုံးစိမ်းတွေ အဖြစ်ကို ပြောင်းလဲသွားကြတယ်။
ဖန်ကျန်းရှီကတော့ ခုထိ မူးကြောင် မူးကြောင်ဖြစ်နေတုန်းလို့ သူ့ကိုယ်သူထင်နေတယ်။ မုန့်ကျန်းရှန်းက ဘယ်တုန်းက စာသင်တာလဲ တစ်ခါမှမကြားဖူးတာတွေ ကြားလိုက်ရလို့ ရှော့ခ် ရသလိုလိုတောင် ဖြစ်နေပါတယ်။ သို့ပေမယ့် ရွာသူကြီးမုန့်ကတော့ ပွင့်ဖူးလာမယ့် အသီးအပွင့်လေးနဲ့ တူတဲ့ သူ့မြေးကို ဆွဲထားမှာမဟုတ်ဘူး။ တတ်နိုင်သလောက် မြေတောင်မြှောက်ပေးမှာပဲ။
အခုချိန် မှာတော့ ရွာသူကြီးမုန့်ရဲ့ မျက်လုံးတွေကနေ ကြည်လင်တဲ့ရေတွေစီးကျလာတယ်။
“ကျွန်တော်စာလုံး ၂လုံး ၃လုံးရေးနိုင်တယ်။ အကြီးအသေးလည်းရေးနိုင်တယ်။”
စစ်သူကြီးလီက ခေါင်းတငြိမ့်ငြိမ့်နဲ့ မုန့်ကျန်းရှန်းကို ကြည့်နေတယ်။ မုန့်ကျန်းရှန်း အကုန်ပြောပြီးတာတောင်မှပေါ့။
”ပြီးတော့ကော။” စစ်သူကြီးလီ သံသယမကင်းတဲ့ လေသံနဲ့ မေးလိုက်တယ်။
“ထပ်မရှိတော့ဘူး။ ကျွန်တော် စာလုံး၅လုံးရေးတတ်တယ် ဒါအကုန်ပဲ။” ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖြေလိုက်တယ်။
စစ်သူကြီးလီရဲ့တောက်ပပျော်ရွှင်နေတဲ့ မျက်နှာဟာ မည်းမှောင်သွားတော့တယ်။ စာ၅လုံးပဲတတ်ရုံနဲ့ အရာအားလုံးဖြစ်တည်ပုံဖော်မှုကို ဒီလောက်လေး တတ်ရုံနဲ့ ဖြေရှင်းနိုင်မယ်တဲ့လား။
သေချာတယ် ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဖန်ကျန်းရှီ ရင်ထဲကလိကလိဖြစ်နေတာကို မနည်း မျိုသိပ်လိုက်ရတယ်။ သူချက်ချင်းထပြီးအော်ပြောပလိုက်ချင်တာ “ဒီက သခင်လေးက စကားလုံးပေါင်းစုံ အကုန်သိတယ်။” အကယ်ရွေ့ ဒီလိုသာဆိုရင် ရွာသားတွေက လန့်ဖြန့်သွားမှာပဲ။
သို့ပေမယ့်
ဒီစာတွေဘယ်လိုတတ်လဲမေးရင် ဘယ်လို ပြန်ဖြေရမလဲ။ ရွာသားတွေလည်း ယုံမှာမဟုတ်ဘူး။ အိမ်က အမေကို သွားပြောရင်တောင် သရဲပူးနေတာဆိုပြီး အော်ခံရမှာ။
ဖန်ကျန်းရှီ အခက်တွေ့နေတယ်။
စစ်သူကြီးလီက သာ နတ်ဆိုးကျောင်းတော်ကသူ ဖြစ်လို့ အသိအမှတ်မပြုရင်တောင် ဆိုးဆိုးဝါးဝါးတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီရွာကလူတွေ အတွက်တော့ ဆင်းဆင်းရဲရဲ မိသားစုက ၆နှစ်သားလေးက စာတွေပေတွေဖတ်တတ်တယ်လို့သာပြောရင် မကောင်းဆိုးဝါးပူးနေတယ်ဆိုပြီး နှိပ်စက်ခံရမှာ အသေအချာပဲ။
စစ်သူကြီးလီကတော့ မတွေေ၀ စဖူးတွေေ၀ နေတော့တယ်။ အကယ်ရွေ့ ဒီစာ၅လုံးပဲ ဖတ်တတ်တဲ့ ကလေးက သာဖြေရှင်းနိုင်တယ်ဆိုတာ မှန်ခဲ့ရင်ကော၊ အကယ်ရွေ့ သူသာ အမှားတစ်ခုအဖြစ် လူမှားခေါ်သွားမိမယ် ဆိုရင်ကော။
သူ ဘာလုပ်ရမလဲ။
“တာအို နိယာမက အခန်း 3000 နဲ့ အပိုဒ်ခွဲ သန်းချီပြီး ပါဝင်တယ်။ အပိုဒ်ခွဲ တစ်ခုစီမှာ အမျိုးအစား တစ်ထောင်ကျော်ပါဝင်တယ်။ ဒီ ပုံဖော်မှုဟာသေးငယ်ပေမယ့် သူ့ အတွင်းပိုင်းမှာတော့ သန်းချီတဲ့ အမျိုးအစားတွေရှိတယ်။ ပုံဖော်မှုထဲမှာ စကြဝဠာ တစ်ခုလုံးကို ဖန်တီးချက် ပါရှိတယ်။ ကောင်းကင်နဲ့ မြေကြီးကြားကဖန်တီးမှု အားလုံးကို ဖော်ပြထားတယ်။”
ဒီ အချိန်မှာပဲ နူးညံံံ့လှတဲ့ အသံလေးကို ကြားလိုက်ရတော့တယ်။
အပိုင်း (၉) ပြီး၏။
အပိုင်း(၁၀)
“ဆိတ်ဆိတ်နေ ထောင်တန်”
ပဲ့တင့်သံဟာ လူအုပ်ကြီးကိုထိတ်လန့်သွားစေခဲ့တယ်။ သို့ပေမယ့် အသံလေးကတော့ သိပ်ကို သာယာချိုသာလွန်းလှတယ်။
သူမပြောနေတဲ့ စကားတွေက ရွာသားတွေ နားလည်နိုင်ဖို့ နက်နဲလွန်းနေတယ်။
စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေတဲ့ စစ်သူကြီးရဲ့ စိတ်ရှုပ်ထွေးမှု အပြည့်နဲ့ မျက်နှာဟာ ဒီအသံကို ကြားလိုက်ရတော့ ရုတ်ချည်း တည်ငြိမ်သွားပြီး ဒူးတစ်ဖက်ကို လေးစားမှု အပြည့်နဲ့ ထောက်လိုက်တော့တယ်။ နှင်းမဟူရာမြင်းနက်ပေါ်က မရေမတွက်နိုင်တဲ့ စစ်သည်တွေဟာလည်း ဒူးထောက်ကြတော့တယ်။
လေထဲက ပျံ့လွင့်လာတဲ့ ရင်းနှီးနေတဲ့ အသံဟာ ဖန်ကျန်းရှီကို အံ့သြသွားစေတယ်။
စစ်သည် တချို့ သယ်ဆောင်လာတဲ့ ခံ့ညားထည်ဝါလွန်းတဲ့ မြစိမ်းရောင် ဝေါယာဉ်ဟာ စင်မြင့်စီကို ရောက်ရှိလာတယ်။ တော်ဝင်ဆန်ပြီး မြင့်မြတ်တဲ့ အရှိန်အဝါတွေ လွှမ်းခြုံနေတဲ့ ပုံရိပ်လေးဟာ မြေပြင်ပေါ်ကို ဖြည်းဖြည်းချင်း ဆင်းသက်လာတော့တယ်။
ပိုးသားဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်မှာ ကျောက်စိမ်းပန်းခက်တွေ ဆင်မြန်းထားတဲ့ ကလေးမလေးဟာ လက်ကို နောက်ပစ်ပြီး စင်မြင့်ပေါ် တက်လာခဲ့တယ်။ သူမရဲ့ ခြေအစုံမှာတော့ ရွှေချည်ထိုးဖိနပ်နီလေးကို ဝတ်ဆင်ထားတယ်။
လှပလွန်းသလို ထည်ဝါလွန်းတဲ့ အရှိန်အဝါတချို့ရဲ့ ဖိအားအောက်မှာ ရွာသားတွေဟာ ခေါင်းမော့ပြီးတောင် ရဲရဲ မကြည့်ဝံ့ကြတော့ပါဘူး။
လိုလီတာ (ချီဂူယန်) ကတော့ စင်အောက်ကရွာသားတွေကို သိမ်မွေ့တဲ့ အမူအယာလေးနဲ့ ကြည့်လိုက်တယ်။ အသက်၅ နှစ်ဆိုတဲ့ ငယ်ရွယ်လွန်းလှတဲ့ အသက်အရွယ်လေးနဲ့တောင် ပြီးပြည့်စုံလွန်းတဲ့ ဂုဏ်ရှိန်အငွေ့အသက်တွေ သူမလေးမှာ ပြည့်လျှမ်းနေတယ်။
“ဘာကိစ္စနဲ့ လိုလီတာက ဒီရောက်လာတာလဲ” ဖန်ကျန်းရှီ စိတ်ထဲ မယုံသင်္ကာစိတ်တွေ ပြည့်နှက်လို့ လာပါတော့တယ်။
“ မမလေးကို ကြိုဆိုပါတယ်။”
“မမလေးကို ကြိုဆိုပါတယ်။”
စစ်သူကြီးလီနဲ့ အခြားသော ငွေသံချပ်ကာဝတ် စစ်သည်တွေဟာ စင်မြင့်ပေါ်က လိုလီတာကို တညီတညွတ်တည်း အရိုအသေ ပေးလိုက်ကြတယ်။
“ တောင်ဘက်တောင်ရွာ ရွာသူကြီးမုံ့ မမလေးကို နှုတ်ခွန်းဆက်သပါတယ်။”
“ မိုးနတ်မင်းရေ ဒါက နတ်ဆိုးကျောင်းတော်က မင်းသမီးလေးပဲ။ သူကိုယ်တိုင် ငါတို့ရွာကို လာတယ်။” ရွာသားတွေဟာ သူတို့ကြုံနေရတာကို အခုထိ မယုံနိုင်သေးဘူး။
“မမလေး။ လိုလီတာက နတ်ဆိုးကျောင်းတော်က မမလေး။” ဖန်ကျန်းရှီရဲ့ ခြေထောက်င်္တေ ပျော့ခွေပြီးတော့ သူကိုင်ထားတဲ့ ကြက်ပေါင်တောင် လွတ်ကျသွားတယ်။
ကောင်းပြီလေ။
ငါ အာရုံစိုက်ရမယ်။ လိုလီတာကို ရွာဝင်ပေါက်မှာတွေ့ပြီးတော့ နတ်ဆိုးကျောင်းတော်က မင်းသမီးမှန်းသိမှ မသိတာ။ ဒါအပြင့် မြစ်ထဲကန်ချမိရုံလေးတင်ပါ။
လက်စားသာချေလိုက်ရင်တော့ မဆုံးနိုင်တဲ့ သံသရာလည်နေတော့ မှာပဲ။ ကောင်းကင်ပြာကြီးကို ကြည့်လိုက်ရင်း သက်ပြင်းချကာ လူအုပ်ကြီးကြားထဲကို တိုးရှိုးကာ ပုံန်းကွယ်လိုက်တော့တယ်။
ဒါက ရီစရာ မဟုတ်ဘူး။ ဒီကမ္ဘာမှာ ရွာသူကြီးတောင် ဒူးထောက်ရတဲ့ အဆင့်မြင့်သူကို ကလိမ်ကကျစ ကျမိတယ်ဆိုတာ ပုရွက်ဆိတ်ကို လွယ်လွယ်နင်းသလိုပဲ အသက်ခံရနိုင်လောက်တယ်။
ဖန်ုကျန်းရှီကတော့ ခုချိန်ပုန်းနေတာက အကောင်းဆုံးနည်းဖြစ်မယ်လို့ သူထင်တယ်။
တခြားသူတွေကတော့ ဒီနတ်ဆိုးကျောင်းတော်လာရောက်တဲ့ ကံကောင်းမှုအတွက် ဂုဏ်ယူမဆုံးဖြစ်နေချိန်မှာ ဖန်ကျန်းရှီကတော့ လူအုပ်ကြားထဲ ကပ်သီးကပ်သတ်ပုန်းရင်းနဲ့ စိတ်ထဲတွေးနေမိတယ်။
လူငယ် စစ်ဆေးမှု ။ ကလေးစစ်ဆေးမှု။
တခါမှတောင် တောင်ဘက်တောင်ရွာကို ခြေမချဘူးတဲ့ နတ်ဆိုးကျောင်းတော်က ဒီလို ရုတ်တရက် လာစာမေးပွဲစစ်ပြီး ရွေးတယ်ဆိုတာ က သူ့ရဲ့ သံသယကို ပို ခိုင်မာစေတယ်။ သူ့ရဲ့ အထင် အမြင်ကို အတည်ပြုဖို့ အတွက် ဖန်ကျန်းရှီက လူအုပ်ကြားထဲကနေ လိုလီတာရဲ့ အမူအယာကို ချောင်းကြည့်လိုက်တယ်။
သူယုံကြည်တဲ့ အတိုင်းပါပဲ။ လိုလီတာရဲ့ မဟူရာရောင် မျက်လုံးတောက်တောက်လေးတွေက စင်ထိပ်မှာရပ်ရင်းနဲ့ ဘယ်ညာ ဝေ့ဝိုက်ကြည့်ရင်းရှာဖွေနေတော့တယ်။
“ငါသိသားပဲ။” ဖန်ကျန်းရှီက အကုန်လုံးကို သဘောပေါက်သွားတဲ့ အတွက် လူအုပ်ရဲ့ နောက်ဘက်ကို မရ ရအောင် တိုးပြီး ပုန်းလိုက်တယ်။
လူအုပ်ကြီး တစ်ခုလုံးကိုနှစ်ခေါက်လောက် သေချာ ကြည့်လိုက်ပြီးနောက် လိုလီတာက မုန့်ကျန်းရှန်းပေါ်မှာ အကြည့်တွေကို ရပ်တန့်လိုက်တော့တယ်။
“ မင်းက မင်းစာဖတ်နိုင်တယ်လို့ အခိုင်အမာ ပြောနေတယ်။ ဒီစကားအရ မင်းဟာ အရာအားလုံးဖြစ်တည် ပုံဖော်မှုကို ဖြေရှင်းနိုင်တဲ့သူပဲ။ ” လိုလီတာရဲ့ ပြောစကားဦးတည်ချက်ကြောင့် ရွာသားတွေရဲ့ အမူအယာဟာ ပြောင်းလဲသွားတော့တယ်။
လိုလီတာ ရဲ့ အမူအယာကို တချက်ခိုးကြည့်လိုက်ပြီးနောက် ဖန်ကျန်းရှီ နှာခေါင်းရှုံ့လိုက်တော့တယ်။ “ အလကား။ လူရှေ့မှာသာ ကြီးမြတ်လှတဲ့ သခင်မလေး လုပ်နေတာ တကယ်တမ်းက အစားပုတ်မပဲ”
လိုလီတာရဲ့ ရှင်းပြထားတဲ့ စကားတွေကြောင့် အရာအားလုံးုဖြစ်တည်မှုတာအို ကို ဖြေရှင်းဖို့ ဘယ်လောက်ခက်ခဲလည်းသူတို့ ရေးရေးလေးနားလည်ထားကြတယ်။
မုန့်ကျန်းရှန်းရဲ့ မျက်နှာပေါ်မှာတော့ သူတကယ်ပဲ ဖြေရှင်းလိုက်တာ ဟုတ်မဟုတ် ဒွိဟဖြစ်နေတယ်။
သူ့ရဲ့ ပါးဖောင်းဖောင်းကို ဖိရင်း ရွာသားတွေပြောသလို ဒါကို သူဖြေရှင်းလိုက်တယ် ဆိုတာ မဖြစ်နိုင်မှန်းသူ သိနေတယ်။ ဒါကို အဖြေထွက်အောင် လုပ်ဖို့ နေနေသာသာ ဘာတွေရေးထားလဲတောင် နားလည်တာ မဟုတ်ဘူး။
ဒီရွာမှာ သူ့မြေးတစ်ယောက်ပဲ စာဖတ်တတ်တယ်လို့ အခိုင်အမာပြောဝံ့ တာ သူသိပ်ကို ဂုဏ်ယူမိတယ်။ အခု မင်းသမီးလေး က သူ့မြေးကို အာရုံစိုက်နေတာမြင်လိုက်တော့ အမျိုးအမည် မဖော်ပြနိုင်တဲ့ စိတ်လှုပ်ရှားမှုတွေ သူ့စိတ်ထဲ ဖြစ်ပေါ်လာတော့တယ်။
ဒါပေမယ့် သူ့မြေးက အခု ဘာလုပ်နေတာလဲ ဖြေရှင်းနိုင်တာကို ချက်ချင်းမပြောဘဲနဲ့ ငေးတိငေးကြောင်လုပ်နေတာလဲ။
ဒါကြောင့် သူ့မြေးလေးကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်တယ်။ အတော်လေး လူကဲခတ်တော်တဲ့ မုန့်ကျန်းရှန်းကတော့ ချက်ချင်း ယုံကြည်ချက် အပြည့်နဲ့ အရှေ့ကိုလျှောက်လာပြီး အော်ပြောလိုက်တယ်။
“ ဟုတ်တယ်။ အရာအားလုံးဖြစ်တည်ပုံဖော်မှုကို ဖြေရှင်းတဲ့သူကကျွန်တော်ပဲ။ ” မိုးပေါ်မြောက်တက် မတတ် ဂုဏ်ဆာနေတဲ့ မျက်နှာပေးနဲ့ ပြောလိုက်တယ်။
အစက ကိုယ်ထင်ရာ ထင်ကြေးပေးနေတဲ့ ရွာသားတွေကလည်း မုန့်ကျန်းရှန်းရဲ့ အပြောကြောင့် သူတို့ရွာမှာ အသက် ၈နှစ်အရွယ် ပါရမီရှင်တစ်ယောက် ပေါ်ထွန်းလာပြီလို့တွေးပြီး ဝမ်းသာသွားကြဟန်ပေါ်တယ်။ “ရှ” မင်းဆက်မှာ ဒီလို ထူးခြားသူပေါ်လာရင် အမြဲ ချီးမြှောက်ခံရတာကြောင့် သူတို့ ရွာ အနာဂတ်အတွက် ကြိုတွေးပြီးပျော်ရွှင်နေကြတယ်။
အတွေးနဲ့ရင် ရွာသားတွေ စိတ်တက်ကြွလာကြတယ်။
“ကြိမ်ဒဏ် ၁၀ ချက်” လိုလီတာဟာ ရွာသားတွေရဲ့ အရမ်းကို စိတ်လှုပ်ရှားနေကြတဲ့ အမူအယာတွေကြောင့် သူမရဲ့ သိမ်မွေ့နူးညံ့လှတဲ့ မျက်နှာနဲ့ ကိစ္စငယ်လေးတစ်ခုကို ပြောလိုက်တယ်။
စာ ၅လုံးပဲ တတ်တဲ့ ကလေးက တာအိုမုခ်ကို အောင်တယ်။ ဘယ်လိုတောင် ရီစရာကောင်းရတာလဲ။ မဖြစ်နိုင်တဲ့ ကိစ္စတွေ ။
“ အမိန့်တော် အတိုင်း ပါ သခင်မလေး” စစ်သည်တွေဟာ ဒူးထောက်နေတဲ့ မုန့်ကျန်းရှန်းကို ဆွဲချပြီး လက်မောင်း တစ်ဖက်စီကနေ ကိုင်ကာ သစ်သားပြားတစ်ခုပေါ်တင်လိုက်တယ်။ မုန့်ကျန်းရှန်းရဲ့ မျက်နှာကတော့ ရှုံ့မဲ့ နေပါတော့တယ်။ ရိုက်မယ့် တုတ်ချောင်း တစ်ချောင်းစီက သူ့ရဲ့ လက်မောင်းလောက်ကို တုတ်တယ်လေ။
“ဝါးးးးးး” တုတ်ကြီးကြီးနဲ့ မုန့်ကျန်းရှန်းရဲ့တင်ပါး မိတ်ဆက်သွားတဲ့ အချိန်မှာတော့ အသံကျယ်ကြီးတစ်ခုက ထွက်လာပါတော့တယ်။
အပိုင်း (၁၀)ပြီး၏။