← Chapters

အခန်း (၁၁-၂၀)

Vol. 1 Ch. 11-20

အခန်း (၁၁-၂၀)

Vol. 1 Ch. 11-20

အပိုင်း (၁၁)

“တိတ်ဆိတ်မှုကို တွေ့ရှိခြင်း။”

“အား… နာတယ်။” လွန်ခဲ့တဲ့ စက္ကန့် အနည်းငယ်လောက်ကပဲ မုန့်ကျန်းရှန်းက ပျော်ရွှင်မှု အပြည့်နဲ့ ဂုဏ်ယူ ဝံ့ကြွားနေခဲ့တာ အခုတော့ ချက်ချင်းကို အရိုက်ခံရတော့တာပဲ။

ရွာသားတွေကတော့ အံံ့သြကုန်ကြတယ်။

ဘာတွေ ဖြစ်ကုန်တာလဲပေါ့။

အရာအားလုံးက ချောချော မွေ့မွေ့ပဲ မလား အရာအားလုံးဖြစ်တည်ပုံဖော်မှုကလည်းဖြေရှင်းပြီးသွားပြီ။ ဘာလို့ ရုတ်တရက် ကြိမ်ဒဏ်ပေးခံလိုက်ရတာလဲ။ ဒါက နတ်ဆိုးကျောင်းတော် ဝင်ခွင့် က စည်းကမ်းချက်တစ်ခုပဲလား။ အရာအားလုံးဖြစ်တည်ပုံဖော်မှုကို ဖြေရှင်းနိုင်တဲ့ သူတွေက ကြိမ်ဒဏ် ၁၀ ချက်အရင်ခံရတာလား။ ဒီစည်းကမ်းချက်ကို ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ…

စိတ်ရှုပ်ထွေးမှုဟာ ရွာသားတွေရဲ့ မျက်နှာပေါ်မှာ ထွင်းထုထားသလို ပေါ်လွင်နေတယ်။ ဒါပေမယ့် ဘယ်သူကမှ မတ်တပ်ထရပ်ပြီး စောဒက မတက်ရဲကြဘူး။ အဆုံးမှာတော့ ဒါက မင်းသမီးလေးရဲ့ အမိန့်တော်ပဲလေ။

ဖန်းကျန်းရှီကတော့ ဒီလို ရုတ်တရက် အခြေအနေ ပြောင်းလဲတာကို မြင်လိုက်တော့ မျက်နှာကြီး မဲ့ရွဲ့သွားတယ်။

လိုလီတာရဲ့ သူတော်ကောင်းမျက်နှာဖုံးက ကြာကြာတောင်မခံနိုင်ဘူး။ သူ့ရဲ့ စိတ်ထဲက ကြမ်းတမ်းမှုကို ကြာကြာလေးတောင် ဟန်ဆောင်မဖုံးကွယ်နိုင်ရှာဘူး။ ကြိမ်ဒဏ်… ဘယ်လိုတောင် ရက်စက်ရတာလဲ…။

ခနနေပါအုန်း…

သူပြောလိုက်တာ အရာအားလုံးဖြစ်တည်ပုံဖော်မှုကိုဖြေရှင်းလိုက်တယ်လို့လား…။

ဒါဆို ငါ… ငါက… ဖြေရှင်းလိုက်တာများလား။

စိတ်လှုပ်ရှားမှုက ဖန်ကျန်းရှီ မျက်နှာပေါ်မှာ အထင်းသားပေါ်လာတယ်။ ဖြစ်နိုင်တယ် တကယ်ကို လုံးဝကို ဖြစ်နိုင်တယ်…။ ငါရဲ့ ထက်မြက်လှတဲ့ အရည်အချင်းနဲ့ဆို ဒီ ပုံဖော်မှုတွေကို နားလည်ရုံတင်မကဘူး ။ အမြင်အလင်းပါ ပွင့်သွားသေးတယ်။

သူသာတကယ်ပဲ ဖြေရှင်းနိုင်တဲ့ သူဆိုရင် စူပါ စွမ်းအင်တွေ ရနိုင်ပြီပေါ့ ။ ကျောက်စိမ်းတုံးကြီးကိုလည်း အမှုန့်ကနေ အတုံးကြီး ဖြစ်အောင် လုပ်နိုင်တော့မှာပေါ့။ တွေးလေ တွေးလေ ပျော်လေပဲ။

အရင်ဘဝတုန်းက ကောလိပ်မှာထူးချွန်ကျောင်းသားဖြစ်ခဲ့တဲ့ သူက အခုဘဝမှာ ကျော်ကြားတဲ့ စစ်သည် သူရဲကောင်း တစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာ တွေးတောင် မတွေးဖူးဘူး။

ဟား ဟား ဟား…

ဖန်ကျန်းရှီကတော့ စိတ်ထဲမှာ အော်ရယ်နေမိတယ်။ အဲ့ဒီ့နောက်မှာတော့ သူ့ခြေထောက်မှာ ချီတွေဖြည်းဖြည်းချင်း စီးနေတာကို ခံစားရလိုက်တယ်။

ခန ကြာတော့ သူ့ ခြေထောက်က ထုံလာပါလေရော…။

ဒီ့နောက် ချွေးတွေစီးကျ လာတော့တယ်။ ရင်ပြင်က ကျောက်ပြားတွေကို ညီအောင် ခင်းထားတဲ့ ကျောက်သားရင်ပြင်ကျယ်ကြီးပဲဖြစ်တယ်။

ဒူးထောက်နေကြတဲ့ ရွာသားတွေကတော့ ခုထိ တုတ်တုတ်မှ မလှုပ်ကြသေး။

ဘာဖြစ်တာလဲ။ ကျောက်စိမ်းတုံးကိုတောင် အမှုန့်ဖြစ်အောင် ခွဲနိုင်တဲ့ အင်အားရှိနေရမှာမလား အခုက ဘယ်လိုဖြစ်တာလဲ။ ကျောက်ပြားက ဘာမှ မဖြစ်ဘဲ သူ့ခြေထောက် သေးသေးလေးလေးတွေကတော့ အတော်နာလာပါလား။ အရာအားလုံးဖြစ်တည် ပုံဖော်မှုကို ဖြေရှင်းလိုက်တာ သူမဟုတ်လို့ အစွမ်းမပြတာလား။

“ပုံဖော်မှုကို ဖြေရှင်းလိုက်တာ ဘယ်သူလဲ။” လိုလီတာက တရှုံ့ရှုံ့ ငိုနေတဲ့ မုန့်ကျန်းရှန်းကို မျက်စောင်းတချက် လှမ်းထိုးလိုက်ပြီးတော့ မှမေးလိုက်တယ်။

ရွာသားတွေကတော့ ပဟေဠိဖြစ်နေတဲ့ အမူအယာတွေနဲ့သာ တယောက်ကို တယောက်ကြည့်နေကြတော့တယ်။

ဘာတွေဖြစ်နေတာလဲဆိုတာ တစ်ယောက်မှ မသိဘူးလေ။

မုန့်ကျန်းရှန်းရဲ့ အော်ငိုနေသံကလွဲရင် ကွင်းပြင်တစ်ခုလုံးဟာ တခြားအသံတစ်ခုကို မှ မကြားရဘဲ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေတော့တယ်။

ဒူးထောက်လို့ခြေထောက်နာနေတဲ့ ဖန်ကျန်းရှီကတော့ ပို စိတ်ရှုပ်နေတယ်။ အရာအားလုံးဖြစ်တည်ပုံဖော်မှုဆိုတာကြီးကလည်း ဖြေရှင်းပြီးတာတောင် ဘာအကျိုးရလဒ်မှ မရဘူး။ လိုလီတာ လိမ်နေတာများလား ။ ဒီတောင်ဘက်တောင်ရွာကို လိုလီတာ လာတာ်ကလည်း သူ့ကို ဖမ်းဖို့မလား။

အတွေးကို အဆုံးစွန်ထိ တွေးပြီးနောက်မှာတော့ ဖန်ကျန်းရှီရဲ့ မျက်နှာပေးက မျက်နှာသေဖြစ်သွားတော့တယ်။

အရာအားလုံးပုံဖော်မှုက အလိမ်အညာ မဟုတ်ဘူးဆိုရင်တောင်မှ မြစ်ထဲကန်ချထားတဲ့ အတွက် အခု မတ်တပ်ထရပ်ရင် အသတ်ခံရမှာပဲ။

ဒါကြောင့် ြငိမ်ငြိမ်လေးစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။

လိုလီတာက စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပါတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်ကမှ မဖြေကြတဲ့ အတွက် လိုလီတာက မေးခွန်းပြောင်းမေးလိုက်တော့တယ်။

“ဒီရွာမှာ စာဖတ်တတ်တဲ့ သူရှိလား။ ” တခြား ရွေးစရာမရှိတာကြောင့် မေးခွန်းပြောင်းမေးလိုက်တော့တယ်။

သူ အကုန်ဖတ်တတ်တယ်လေ။ ဒါပေမယ့် ထ မတ်တပ်ရပ်လိုက်ပြီး ကိုယ့်သေတွင်း ကိုယ်တူးတာထက် ဒူးထောက်နေတာက ပို ပညာရှိရာကျတယ်လေ။ ဖန်ကျန်းရှီကတော့ နှုတ်ခမ်းတွေ တွန့်ကွေးသွားတဲ့ အထိ ပြုံးနေတော့တယ် သူ့ မျက်နှာပေါ်မှာတော့ ငါ သခင်လေး ဒီမှာ ရောက်နေပြီလေ ငါ့ကို ရှာတွေ့နိုင်ရင် လာကိုက်စမ်းပါ ဆိုတဲ့ အမူအယာက အထင်းသားပေါ်နေတယ်။

တခြားရွာသားတွေကလည်း ဟိုကြည့် သည်ကြည့် လုပ်လိုက်ပြီးတော့မှ တခွန်းမှ မဖြေကြတော့ဘဲ ငြိမ်သက်သွားကြပြန်တော့တယ်။

ငါးမိနစ်… ဆယ်မိနစ်…နာရီဝက်……

အချိန်တွေ တရွေ့ရွေ့နဲ့ ကုန်ဆုံးသွားတော့တယ်။ လိုလီတာနဲ့ စစ်သူကြီးလီတို့က မေးခွန်းပေါင်းစုံပြောင်းမေးကြပေမယ့်လည်း ရွာသားတွေကတော့ တုတ်တုတ်မှ မလှုပ် အသံတစ်သံမှ မထွက်ကြ……။

တခြားတစ်ဖက်မှာတော့ အရိုက်ခံထားရတဲ့ မုန့်ကျန်းရှန်းကို စင်ပေါ်ကနေ ပြန်သယ်သွားကြတယ်။ သူ့ရဲ့ တင်ပါးမှာတော့ သွေးတွေ ချင်းချင်းနီနေတော့တယ်။

ဒီအဖြစ်ကို မြင်ပြီး သွေးပျက်နေကြတဲ့ ရွာသားတွေကတော့ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် မလုပ်ဝံ့ကြဘူး။

ရွာသူကြီးမုန့်ကတော့ ခေါင်းတောင် မထောင်ဝံ့ဘူး ။ သူကမြေးဘာအမှားလုပ်မိတာလဲဆိုတာ သူအသိဆုံးပဲလေ။ ပုံဖော်မှုကို ဖြေရှင်းနိုင်တဲ့သူ မဟုတ်ဘဲနဲ့ ကြွားဝါးပြောဆိုလိုက်တာက နတ်ဆိုးကျောင်းတော်ကို လိမ်ညာအပြစ်ဖြစ်တယ်ဆိုတာ သူကောင်းကောင်းသိတယ်လေ။

ကြိမ်ဒဏ် ၁၀ချက်ဆိုတာ တတ်နိုင်သလောက် သက်ညှာလျှော့ပေါ့ပေးထားတဲ့ ပြစ်ဒဏ်ပဲ။

”သခင်မလေး နေရောင်ကြောင့် ဖြစ်နိုင်မလား” စစ်သည်တစ်ဦးက ခပ်တိုးတိုးလေးပြောလိုက်တယ်။

တစ်ယောက်မှ ဖြေရှင်းနိုင်တယ်ဆိုပြီး မတ်တပ်ထမရပ်တော့တာကြောင့် စစ်သူကြီးလီက ဒီကိစ္စဟာ အမှားအယွင်းတစ်ခုဖြစ်မယ်လို့ သူထင်မိလိုက်တယ်။ နောက်ပြီးနေရောင်ခြည် ရွှေရောင်အလင်းတန်းတွေ ရဲ့ အလင်းပြန်ခြင်းကလည်း ဖြစ်နိုင်တဲ့ အကြောင်းအရင်းတစ်ခုလို့ သူထင်မိနေတယ်။

နောက်ပြီး ဒီရွာလေးမှာ အချိန်အများကြီး အကုန်ခံလို့ မဖြစ်ဘူးလေ နောက်မြို့ကို နေမဝင်ခင် အမှီရောက်အောင် သွားရအုန်းမှာ…။

အကယ်ရွေ့ ရာပေါင်းများစွာသော စစ်သားတွေသာ ဒီရွာမှာတစ်ညလုံးနေမယ်ဆိုရင် သူတို့ရဲ့ ခရီးကို လေးဖင့်စေမှာအမှန်ပဲ…။

“ သခင်မလေး…ဒါက နေရောင်ကြောင့်ဖြစ်နိုင်တယ်။ ” စစ်သူကြီးလီက ဆုံးဖြတ်ချက်ချလိုက်တယ်။

“ ဒါသာ အမှန်ဖြစ်ခဲ့ရင် တခြား အထွေအထူး လုပ်စရာ မရှိတော့ဘူး” လိုလီတာက ခေါင်းငြိမ့်လိုက်တယ်။ ”စစ်သည်တို့” စစ်သူကြီးလီက အရာအားလုံးဖြစ်တည်ပုံဖော်မှုကို ဖုံးအုပ်စေလိုက်ပြီး ပြန်သယ်သွားခိုင်းလိုက်တယ် ။

စစ်သူကြီးလီရဲ့ လှုပ်ရှားမှုကို တွေ့ပြီးနောက် လိုလီတာက ဒူးထောက်နေတဲ့ ရွာသားတွေဘက်လှည့်ပြီး ပြောလိုက်တယ်။

“ထကြတော့” “သခင်မလေးကို ကျေးဇူးတင်ပါတယ်။” ရွာသူကြီးမုန့် က ကပျာကယာနဲ့ ထရပ်ရင်း အရိုအသေပေးလိုက်တယ် ။ သူ့ ကိုယ်ကနေ စီးကျနေတဲ့ ချွေးတွေကို သုတ်ချင်ပေမယ့်လည်း မလှုပ်ဝံ့ဘူး။

“မုန့်ပိုင် ရှင် ပို့ထားတဲ့ ကြက်ကင်တွေ တစ်ခုမှ စားမရဘူး။ ရှင်က အရူးလိုလုပ်နေတာလား။”

လိုလီတာရဲ့ မာဆတ်ဆတ်မေးသံက ထွက်ပေါ်လာတယ်။

“ စားမရဘူး။ သခင်မလေးကို လှည့်စားတယ်။ ဒါ ဒါက…” ဘူးသီးလုံးလောက်ချွေးတွေဟာ ရွာသူကြီးမုန့်ရဲ့ နဖူးကနေစီးကျလာတယ်။ နတ်ဆိုးကျောင်းတော်က မင်းသမီးလေး ရောက်နေတာ သူသိသိချင်း ရွာက ရှိသမျှ အကောင်းတကာ့ အကောင်းဆုံ ကြက်တွေကို ကင်ပြီးပို့ထားတာ။ အခုတော့ သူက တကိုက်တောင် မကိုက်ပဲ စားလို့ မရဘူးတဲ့လား ဒီ မင်းသမီးက ဘာလုပ်ချင်နေတာလဲ။

ရွာက မီးတောက်အမွှေးဖွာကြက် အကောင် နှစ်ဆယ်လုံးက ဒီ ကလေးမ စိတ်ကို မကျေနပ်စေဘူးလား…။

“ ငါဘာလုပ်ရမလဲ။ ဒီနေ့ က တောင်ဘက်တောင်ရွာမှာ မုန့်မိသားစု အဆုံးသတ်ပြီလား။” ရွာသူကြီးမုန့်ရဲ့ တုန်ယင်နေတဲ့ အမူအယာကို တွေ့လိုက်တော့ လိုလီတာက ပြုံးလိုက်တယ်။ အဲ့ဒီ့နောက်မှာတော့ ရွာလူအုပ်ကြီးကို နောက်တစ်ကြိမ်ကြည့်လိုက်တယ်။

ဖန်ကျန်းရှီချက်ချင်း ခေါင်းပြန်ငုံ့ရင်း သူ့ကိုယ်သူသတိပေးလိုက်တယ်။ ။

ဒီလိုလီတာက ကျောက်တုံးကြီးကို လက်တဖက်တည်းနဲ့ခွဲပြီးမနိုင်တယ်။ ဟို အရေးကြီးတာက ကြိမ်ဒဏ်ချဖို့ပါ အမိန့်ပေးနိုင်သေးတယ်။ ဘယ်သူမှလည်း စောဒကမတက်ရဲဘူး။

“ အကယ်ရွေ့ မီးတောက်အမွှေးဖွာကြက်ကို ကောင်းကောင်းကင်နိုင်တဲ့သူရှိရင် ဒီရွှေပြားတွေ ပေးမယ်။” လိုလီတာဟာ ပြုံးရင်းနဲ့ လက်တဖက်ကို မြှောက်ကာ ပြောလိုက်တယ်။ ရွှေသားတွေရဲ့ အလင်းရောင်ဟာ ညနေဆည်းဆာရဲ့ နေရောင်ခြည်အောက်မှာ တောက်ပနေတော့တယ်။ ရွာသားတွေရဲ့ စိတ်ထဲမှာတော့ မျှော်လင့်ချက် အရိပ်အယောင်တွေ တောက်ပလာတော့တယ်။

အပိုင်း (၁၁)ပြီး၏။

အပိုင်း (၁၂)

“အသက်ရှင်လျှက်”

ရွာသားတွေရဲ့ မျက်လုံးတွေက မျှော်လင့်ချက်အပြည့်နဲ့ မျက်နှာတွေကလည်း နီရဲလာကြတယ်။ ရွှေထက် အဖိုးတန်တာ ထပ်မရှိတော့ဘူးလေ။ ကြက်ကင်နဲ့ ရွှေလဲနိုင်မယ်တဲ့လား ဒါက ကောင်းကင်ပေးတဲ့ လက်ဆောင်ပဲ။ ရွာသားတွေ အတွက်ကတော့ ငွေစနည်းနည်းလေးကတောင် မိသားစု တစ်စုရဲ့ တစ်လစာလောက်တန်နေတာ။

အခုကတော့ ရွှေလေ…။

နှစ်တွေအများကြီး အေးအေးလူလူ ထိုင်စားနေလို့တောင်ရတယ်။ ရွာသားတစ်ဦးချင်းစီရဲ့ မျက်လုံးထဲမှာတော့ လောဘအရောင်တွေနဲ့ ဘလင်းဘလင်းတောက်နေတယ်။

ဖန်ကျန်းရှီကတော့ မမျှော်လင့်ထားမိဘူး။

“ရွှေ” ဖန်ကျန်းရှီ ရုတ်တရက် ထအော်လိုက်မိတော့တယ်။ တခြားရွာသားတွေရဲ့ စိတ်လှုပ်ရှားအော်ဟစ်နေသံတွေ ကြောင့်သာ မဟုတ်ရင် သူ့ အသံက ဟိန်းထွက်လာမှာ အမှန်ပဲ။

ဖန်ကျန်းရှီကတော့ စိတ်လှုပ်ရှားမှုကြောင့် ခုန်ဆွ ခုန်ဆွဖြစ်နေတော့တယ်။ လိုလီတာ စားချင်တာ ဘယ်လိုကြက်မျိုးလဲ။

ဒါက အရမ်း လွယ်လွန်းနေတာ မလား သူ ကင်တဲ့ ကြက်ကင်ကို စားချင်တာမလား။

ဖန်ကျန်းရှီ ရွှေတွေရတော့မယ်လို့တွေးမိတဲ့ အတွက် ပြုံးဖီးနေတော့တယ်။

ဒါပေမယ့် ခနတာ စဉ်းစားပြီးတဲ့ နောက်မှာတော့ တစ်ခုခု မေ့နေတာကို သူသတိထားမိသွားတယ်။

ကြက်ကင်ရတာက ခက်တာမဟုတ်ဘူး ။ ဒါပေမယ့် အကောင်းဆုံးကြက်ကင်ကို ရဖို့က သူတို့မိသားစုရဲ့ လျှို့ဝှက် ပါဝင်ပစ္စည်းတွေ ပါမှ လိုလီတာ စိတ်တိုင်းကျ ကြက်ကင်ကို ရမှာ…။ ဒါပေမယ့် ကြက်ကင်နဲ့ရွှေကို အဖမ်းမခံရပဲ လဲနိုင်ဖို့ရာ ဘယ်လိုနည်း သုံးရမလဲ။

“ ဟေးး…၊ ဒီမှာ နင်စားချင်တဲ့ ကြက်ကင် ငါ့ကို ရွှေပြန်ပေးတော့။” မဖြစ်ဘူး ဒီလိုသာ သွားလုပ်ရင်တော့ ကိုယ့်သေတွင်းကိုယ်တူးသလိုပဲ ဖြစ်မှာ…။

တခြားသူကို ကူညီခိုင်းရင်ကော ။

ပထမဆုံး ကြက်ကင်ကို သူ့အစား ယူသွားခိုင်းတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ရွှေပြန်တောင်းဖို့က တော့ ပြသနာဖြစ်သွားပြီ။ နောက်ပြီးကြက်ကင်ပေးတဲ့သူ ဘယ်လောက်များများ ဒီတောင်ဘက်တောင်ရွာ တစ်ခုလုံးပေါင်းမှ အိမ်ခြေ တစ်ရာပဲရှိတာ ကြက်ဘယ်သူကင်တာလဲ ရှာဖို့က လွယ်လွယ်လေး…။

ဟူးးးး…။ ငါ အသက်ရှင်နိုင်ပါအုန်းမလား…။

ဘာလုပ်ရမလဲ ။ ငါဘာလုပ်ရမလဲ ။

အတော်ကြာစဉ်းစားပေမယ့် အကောင်းဆုံးအဖြေက ထွက်မလာဘူး။ ခနနေပါအုန်း လိုလီတာ ရွာအပြင်ပြန်ထွက်မယ့ လမ်းမှာ ကြက်ကင် သွားထားရင်ကော ။

အဲ့လိုလည်း မဖြစ်ပြန်ဘူး။

လိုလီတာက ရွှေမပေးရင် ဘယ်လိုလုပ်မလဲ။

ဒီအကြံကတော့ အကောင်းဆုံးနဲ့ မလုံခြုံဆုံးပဲ။ ရွှေတွေကို ငါ့လက်ထဲရောက်အောင် သေချာလုပ်ရမယ်။ နောက်ပြီး လက်ထဲမှာ ရွှေရောက်တာနဲ့ ပြေးဖို့ အသင့်ပြင်ထားရမယ်။

ဖန်ကျန်းရှီ စိတ်ထဲမှာတော့ ပေါက်ပေါက်ကွဲကွဲ အော်ဟစ်နေမိတယ်။ လိုလီတာက သူ့ထောင်ချောက်ထဲ မဝင်ဝင်အောင်မြှားနေတာ သိပေမယ့်လည်း ဒါက ရွှေတွေလေ ရွှေတွေ …။

လောဘရောင်ကြောင့် ဖန်ကျန်းရှီ ရဲ့ မျက်လုံးတွေ တောက်ပလာတော့တယ်။ “လိုလီတာ့ ထောင်ချောက် ဟုတ်မဟုတ် ဘာဂရုစိုက်စရာလိုလဲ အရေးကြီးတာက ရွှေတွေ ငါ့လက်ထဲရောက်ဖို့ပဲ။” ဖန်ကျန်းရှီ စိတ်ထဲ အတွေးပေါင်း သောင်းခြောက်ထောင် တွေးနေတဲ့ အချိန်မှာပဲ ရွာသားတွေကတော့ “ ကျွန်တော် ကင်တတ်တယ်။ ကျွန်မ ကင်တတ်တယ် ။” အသံပေါင်းစုံတွေ ပြည့်နှက်လာတော့တယ်။

ရွှေရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။ ရွာသားတွေ အကုန်လုံးက သူတို့ အိမ်တွေဆီပြေးသွားကြပြီး ကြက်ကင်ကြတော့တယ်။ ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်ပြီး နတ်ဆိုးကျောင်းတော်ကို ဝင်ဖို့ အဆင့်မမှီတဲ့ လီကျွမ်းစီတောင် ရွှေရမယ့် အခွင့်အရေးအတွက် အိမ်ပြန်ပြေးပြီး ကြက်ကင်ရှာပြီ ဖြစ်တယ်။

ဖန်ကျန်းရှီ ကတော့ ရွေးစရာမရှိတာကြောင့် အိမ်ကိုပဲ ပြန်ခဲ့တော့တယ်။ ကွင်းပြင်မှာ သူတစ်ယောက်တည်းထီးထီးကြီး ကျန်ခဲ့ပြီး အဖမ်းမခံနိုင်ဘူးလေ…။

------------

ရွာကွင်းပြင်ကြီး တစ်ခုလုံးကတော့ တိတ်ဆိတ်ခြောက်ကပ်သွားတော့တယ်။။

ဒါပေမယ့် ရွာသားတွေကတော့ ကွင်းပြင်ဆီကို မြန်နိုင်သလောက်မြန်အောင်ပြေးပြီး ကြက်ကင်ကို သွားဆက်သကြဖို့ ကြိုးစားနေကြတယ်။ အိမ်တိုင်းရဲ့ မီးဖိုတွေဆီကနေ ကြက်ကင်ရနံ့တွေကသင်းပျံ့နေတော့တယ်။

ဒါဇင်ပေါင်းများစွာသော လူတွေကတော့ ကြက်ကင်လေးတွေ ကိုယ်စီနဲ့ ရွာကွင်းပြင်မှာ လာစောင့် နေကြတော့တယ်။

တခြားတစ်ဖက်မှာတော့ ရွာသူကြီးမုန့်က ရွာသားတစ်စုကို ဦးဆောင်ရင်း ရေအိတ်တွေနဲ့ စောင့်နေတယ်။ ရွာမီးလောင်ရင် အချိန်မှီ ငြှိမ်းလို့်ရအောင်ပေါ့…။

“မေမေ မသွားပါနဲ့” ဖန်ကျန်းရှီက မျက်နှာငယ်လေးနဲ့ သူ့အမေ ချီရှင်းလိန်ကို တားနေတယ်။ ဒါပေမယ့် သူ့အမေကတော့သူချေးလာတဲ့ ကြက်ကို မရရအောင် ကင်ပြီး သွားပို့မယ် လို့ လုံးဝကို ဆုံးဖြတ်ထားတဲ့ ပုံပဲ။

” ကျန်းရှီ သားလေးက ငယ်သေးတော့ နားလည်မှာ မဟုတ်ဘူး ။ ဒါကရွှေ တန်ဖိုးကြီးတဲ့ ရွှေ ။ ကံတရားသာ အမေတို့ဘက်မှာ ရှိနေရင် နှစ်အတော်ကြာကြာ သုံးမကုန်တဲ့ ပိုက်ဆံတွေရမှာ” ချီရှင်းလိန်က ဖန်ကျန်းရှီကို နောက်ထပ် အာရုံမစိုက်တော့ ပဲ မီးဖိုမှာ မီးမွှေးဖို့သာ ပြင်နေတယ် ။ဖန်ကျန်းရှီကတော့သူ့အမေကို ဘယ်လိုတားရမလဲတောင် မသိတော့ဘူး။

ဖန်ကျန်းရှီ အဖေကို လှမ်းအော်လိုက်တယ် “မြန်မြန် မြန်မြန်လာ”

“ငါလာနေပါတယ်ဟ ” ကြယ်မှုန်တွေလို တောက်ပတဲ့ မျက်လုံးပိုင်ရှင် မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ လူကြီးကတော့ အိမ်ရဲ့ တနေရာကနေ ထင်းချောင်းတွေကို သယ်ပြီး ပြေးထွက်လာပါတယ်။ သူ့ရဲ့ တည်ကြည်ရိုးသားတဲ့ မျက်နှာပေါ်မှာတော့ စိတ်လှုပ်ရှား တက်ကြွနေတဲ့ အမူအယာတွေ ပေါ်လွင်နေပါတယ်။ သို့ပေသော်ငြား သူ့ရဲ့ ညာဘက်လက်မောင်းကတော့ မရှိရှာဘူး…။

သူ့အဖေပေါ်လာတာကို သူ့မှာ အံ့သြချိန်တောင် မရလိုက်ရှာဘူး။

“ လက်ထပ်ထားတာ နှစ်တွေကြာပြီဆိုတော့လည်း တစ်ယောက်ကို တစ်ယောက် နားလည်မှု အပြည့်အဝတော့ ရှိကြတယ်…” ဖန်ကျန်းရှီရဲ့ မျက်ဝန်းနက်တွေဟာ ကောင်းကင်ကြီးကို မမှိတ်မသုန် စိုက်ကြည့်နေပါတော့တယတ်။ ဆင်းရဲတဲ့ မိသားစုက ကလေးတွေက အိမ်ထောင့်တာဝန်ကို စောစောစီးစီး ထမ်းရမယ်ဆိုတာ ငါနားလည်ပါတယ်။ အခု ငါက အသက ၆နှစ်ပဲ ရှိသေးတာ ။ အရမ်းငယ်လွန်းသေးတယ်လေ ငါ့ကို အိမ်မှာ တစ်ယောက်တည်း ဒီလို ထားခဲ့ကြတော့မှာလား ။

အရွယ်ရောက်ပြီးတဲ့ သူတွေလို စကားလုံးကြီးကြီးမားမားတွေ ပြောလို့ မရတော့လည်း အိမ်မှာပဲ မိဘတွေ ပြန်လာတာကို ထိုင်စောင့်ရင်း လိမ္မာတဲ့ သားသားလေး လုပ်ရတာပေါ့ ။

ရွှေ…

တလက်လက်တောက် နေတဲ့ ချစ်စရာ အဖိုးတန်ရွှေလေးတွေ ဒီကလေးက အဲ့ဒီရွှေတွေကို မလိုချင်ဘူးလို့ ဘယ်သူပြောလဲ လူကြီးတွေ ထက်တောင် ပို လိုချင်သေးတယ်…။

လုံလုံခြုံခြုံ အန္တရာယ်မရှိဘဲနဲ့ ရွှေတွေကို ဘယ်လို ရနိုင်မလဲ။ ကောင်းကင်ကိုကြည့်ရင်းနဲ့ ဖန်ကျန်းရှီဟာ ဆင်ကြံကြံနေတော့တယ်…။ အကယ်ရွေ့ လူတွေ အကုန်လုံးရှေ့မှာသာ ကြက်ကို ကင်ပြလိုက်ရင် သူလည်း ငါ့ကို ချက်ချင်း တန်းဖမ်းမရလောက်ဘူး။

မိသွားခဲ့ရင်ကော လျှော့လျှော့ပေါ့ပေါ့ အပြစ်ဒဏ်ခံရရင်တော့ စင်ပေါ်က ကန်ချခံရုံလောက်ပဲ။ အပြစ်ဒဏ်သာကြီးရင်တော့ ငါ့ဘဝလေး ဆုံးရှုံးရမှာ။

ဘာလုပ်ရမလဲ။

အလုံခြုံဆုံးနည်းလမ်းကိုတော့ ရပြီ။ ကင်ဖို့ကြက်ကကော ငါ့မှာ မရှိဘူး ။ ကျီးကန်းတောင်းမှောက် လျှောက်ကြည့်ရင်းနဲ့ ဘေးအိမ်ကို အကြည့်ရောက်သွားတော့တယ် ။။ မီးတောက် အမွှေးဖွာကြက် ဒီ ကိစ္စကတော့ ပြေလည်ပြီပဲ…။

ဘေးအိမ်ကလူတွေအကြောင်းစဉ်းစားမိသွားတော့ လီကျွမ်းစီက ၂၅ကီလို အိုးကြီးကို မနိုင်တာကို သူ သတိရသွားတယ်။ တချိန်တည်းမှာ ပဲ လိုလီတာက စာဖတ်တတ်တဲ့သူအကြောင်း မေးဖူးတာကိုပါ တွေးလိုက်မိပြီး သူ့နှုတ်ခမ်းတွေ တွန့်ချိုးသွားတော့တယ်။

ကြက်ကင်လေးတွေကိုယ်စီ ကိုင်ထားကြတဲ့ လူအုပ်စုကြီးကတော့ လိုလီတာရဲ့ နမူနာ စားသောက် အကဲဖြတ်မှု အတွက် သူတို့ရဲ့ အကောင်းဆုံး လက်ရာကို တည်ခင်း ဧည့်ခံဖို့ အဆင်သင့် ဖြစ်နေကြတော့တယ်။

အပိုင်း (၁၂) ပြီး၏။။

အပိုင်း (၁၃)

“ လိမ်လည် လှည့်ဖျားမှု ”

“အိုက်ယား နင်တို့ရဲ့ ကြက်ကင်တွေ တစ်ခုမှ စားလို့ရမယ့် ပုံလည်း မပေါ်ဘူး။ အကုန် မဲတူးနေတာပဲ။ မီးကျွမ်းကုန်တာ မသိကြဘူးလား။ ကြက်ကို မီးနဲ့ တိုက်ရိုက်မထိအောင် ဝါးနဲ့ ခြားပြီးကင်ရမယ် ဆိုတာ မသိဘူးလား ။ ဒါလေးတောင် မသိဘဲနဲ့ ရွှေယူချင်သေးတယ်တဲ့လား။ ” အဒေါ်လီက ရွာသားတွေ တစ်ယောက်ချင်းစီရဲ့ ကြက်ကင်တွေကို အပြစ်ပြောရင်းနဲ့ ကဲ့ရဲ့နေတော့တယ် ။ သူမ ကင်ထားတဲ့ ကြက်ကတော့ ရွှေရောင်ဝင်းပြီး စားချင်စဖွယ်ဖြစ်နေတော့လည်း ပြောအားရှိနေတာပေါ့…။

“ ဒီတစ်ခါတော့ အဒေါ်လီ ရွှေတွေရမယ်လို့ ငါထင်တယ်…။” ရွာသူကြီး မုန့်ပိုင်ကတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ အဒေါ်လီရဲ့ ကြက်ကင်ကို ချီးမွမ်းခန်း ဖွင့်နေတော့တယ်…။

လီဟူအာကတော့ သူ့ အမေဘေးကနေ လိုက်ပြီး နာနေတဲ့ တင်ပါးကြောင့် လိမ်ဖယ်လိမ်ဖယ်လျှောက်ရင်း ရွာသားတွေကို နှိမ့်ချတဲ့အကြည့်နဲ့လိုက်ကြည့်နေပါတယ်။

လီဖေဖေကတော့ ငါတို့ကြက်ကင်ကိုပဲ မင်းသမီးလေးကြိုက်မှာဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ပြုံးပြုံးကြီး ရပ်နေတယ်…။ တစ်ရွာလုံးက ကြက်ကင်တွေထဲမှာ သူတို့လီအိမ်က ကြက်ကင်လိုမျိုး စားချင်စဖွယ် ရွှေရောင်ဝင်းနေတဲ့ ကြက်ကင်မရှိဘူးလေ။

တခြားတဖက်မှာတော့ ကြက်ကို သူများဆီက ချေးပြီးကင်ရတာကြောင့် ချီရှင်းလိန်မှာတော့ မီးအေးအေးနဲ့ အချိန်ယူပြီး မီးအေးအေးနဲ့ ကင်တာမျိုးမလုပ်နိုင်ခဲ့ရှာဘူး…။ မီးပြင်းပြင်းနဲ့ မြန်မြန်ကင်ရတာကြောင့် သူမရဲ့ ကြက်ကင်မှာ မီးကျွမ်းရာလေး တချို့တော့ ရှိနေတယ်…။

“ အစ်မရှင်းလိန်… အစ်မကင်ထားတဲ့ ကြက်က လုံးဝကို စားချင်စရာ မကောင်းဘူး။ အစ်မကြက်ကင်က ရွှေလုံးဝရမှာ မဟုတ်ဘူး။ ” အဒေါ်လီက ချီရှင်းလိန်အနားကို ကပ်ပြီး ပြောဆိုနေတယ်။

“ငါကင်ထားတဲ့ ကြက်ကောင်းမကောင်း နင် ဆုံးဖြတ်စရာ မလိုဘူး…။” ချီရှင်းလိန် ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ်…။

“ ဟား ဟား … အစ်မရှင်းလိန် ရှင့်ကြက်က တခြားသူတွေထက်တော့ ကင်တာကောင်းချင် ကောင်းမှာပေါ့…။ အခုချိန်မှာ ရွှေရဖို့ထက် ဒီကြက်ဖိုးကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာတွေးနေသင့်တာ။” အဒေါ်လီက ခပ်ချေချေပုံစံနဲ့ပြောလိုက်တယ်။

“ဖြည်းဖြည်းလာ…တစ်ယောက်ပြီးမှ တစ်ယောက်လာကြ။ တန်းစီကြပါ။” လိုလီတာ့ အနားက စစ်သားတွေဟာ အမိန့်ပေးရင်းနဲ့ စင်မြင့်ပေါ် တက်ဖို့ကို ကြီးကျပ်နေကြတယ်။

လိုလီတာတော့ ကြက်ကင်တွေကို သေးသေးလေး တစ်ဖဲ့စီလောက်ပဲ စားပါတယ်။ ဒီ တူးခါးနေတဲ့ ကြက်ကင်တွေက သူမရဲ့ အစာစားချင်စိတ်ကို တောင် ပျောက်စေတယ်။

ဒီရွာက လူတွေ အရသာခံစားမှု အာရုံများ ပျောက်နေကြတာလား။

“ မင်းသမီးလေးရှင့် … ကျွန်မ ကင်ထားတဲ့ကြက်ကင်ကို အရသာတွေ့မှာ သေချာပါတယ်။”

အဒေါ်လီ အလှည့်ကတော့ ရောက်လာပါပြီ။ သူမဟာ သူမကင်ထားတဲ့ ကြက်ကို အပိုင်းသေးသေးလေးလှီးဖဲ့လိုက်ပြီး ပန်းကန်ပြားပေါ် တင်လိုက်တယ်။

ကြက်ကင်ရဲ့ ဝမ်းဗိုက်ကို ခွဲလိုက်တဲ့ အခါမှာတော့ မွှေးပျံ့တဲ့ ဝါးရွက်တွေရဲ့ ရနံ့ဟာ သင်းပျံ့ လာတော့ တယ်။

”မင်းသမီးလေးရှင့် ဒီ ဝါးရွက်တွေက ကြက်ကင်ရဲ့ ထူးခြားတဲ့ လျှို့ဝှက်ပါဝင် ပစ္စည်းပါ။ ” အဒေါ်လီက ပျော်ရွှင်စွာနဲ့ မိတ်ဆက်လိုက်တယ်။

”ဝါးးး တကယ်ပဲ ဝါးရွက်တွေကို ကြက်ဗိုက်ထဲမှာ ထဲ့ထားတယ်။ ”

“ အနံ့အရသာနဲ့ ပြည့်စုံအောင် လုပ်ထားတာပဲ။”

“ ငါတို့ကို ကျ နည်းလမ်းမပြောပြဘူး။”

ရွာသားတွေရဲ့ ပွစိ ပွစိ အသံတွေ ထွက်လာတော့တယ်။

“နောက်တစ်ယောက်” လိုလီတာက တချက်ကြည့်လိုက်ရင်း သူမရဲ့ လက်ကို ညင်ညင်သာသာလေး ဝေ့ယမ်းလိုက်တယ်။

“ ဟင်…………။” အဒေါ်လီ လုံးဝကို ကြောင်သွားတယ် ။

စင်အောက်က ရွာသားတွေကလည်း ဒီ အခြေအနေကို နားမလည်နိုင်ကြတဲ့ ပုံပါဘဲ။ ဝါးရွက် ထည့်ကင်ထားတဲ့ ကြက်ကင် ကိုတောင် ဒီ နတ်ဆိုးကျောင်းတော်က သမီးက တကိုက်တောင် မကိုက်ပဲ နောက်တစ်ယောက်ကို ခေါ်တယ်…။

“မမလေး တကိုက်လောက် နည်းနည်းလေးဖြစ်ဖြစ် စားကြည့်ပါလား” အဒေါ်လီက မကျေမနပ် လေသံမာမာ ပြောလိုက်မိတယ်။

“ သခင်မလေးက နောက်တစ်ယောက်ကို လာခိုင်းနေပြီ အစ်မကြီး ခင်ဗျား စင်ပေါ်ကနေ မြန်မြန်ဆင်းတာ ကောင်းလိမ့်မယ် ။ ကြက်ကင်ထဲ ဘာ အသုံးမကျတဲ့ ပစ္စည်းတွေ ထည့်ထားတာလဲ။” စစ်သည်တစ်ဦးက အဒေါ်လီကို မောင်းချလိုက်တယ်။

“ အသုံးမကျတဲ့ ပါဝင်ပစ္စည်း ဟုတ်လား ။ နင် ဘာပြောတယ်။ ” အဒေါ်လီ အတော်လေးကို ဒေါသထွက်ထွက်နဲ့ စင်အောက်ကို ပြန်ဆင်းသွားတော့တယ်။ စိတ်ပျက်မှု တွေက သူမရဲ့ မျက်နှာပေါ်မှာ အထင်းသား။ ဘာတွေများမှားနေလို့လဲ။ သူ လုံးဝကို နားမလည်ဘူး။

တစ်ယောက်ပြီး တစ်ယောက် ဆက်သကြရင်းနဲ့ နောက်ဆုံးမှာတော့ ချီရှင်းလိန် အလှည့်ကို ရောက်လာတော့တယ်။

ချီရှင်းလိန်က ကြက်ကင်ကို ဝံ့ဝံ့ကြွားကြွားသယ်လာပြီးတော့ လိုလီတာရှေ့မှာ ညင်သာစွာ ချပေးလိုက်တယ်။

ချီရှင်းလိန်နောက်မှာ စောင့်နေတဲ့သူ ဘယ်သူမှ မကျန်တော့တာကို တွေ့လိုက်တော့ လိုလီတာ တောင့်တင်းသွားတယ်။ သို့ပေမယ့် ဘယ်လို အမူအယာမှ မပြဘဲ တူကို ကိုင်ပြီး ကြက်ကင်လေးကို ဖဲ့ပြီး မြည်းလိုက်တယ်…။

ဖြည်းဖြည်းချင်းဝါးလိုက်ပြီးနောက် မျိုချလိုက်တယ်။

” မဆိုးဘူးပဲ။ လိုချင်တဲ့ အရသာ မဟုတ်ပေမယ့် ဒီလူတွေ ထဲမှာတော့ အကောင်းဆုံးအရသာပဲ ။ သူ့ကို ငွေတုံး ၂၀ ပေးလိုက်၊” လိုလီတာက လက်ကိုဝှေ့ယမ်းရင်း အမိန့်ပေးလိုက်တယ်။

လိုလီတာရဲ့ အမိန့်ကို ကြားပြီးတဲ့နောက် စစစ်သားတွေက ချီရှင်းလိန်လက်ထဲကို ငွေတုံး ၂၀ထဲ့ပေးလိုက်ကြတယ်…။

ချီရှင်းလိန်ကတော့ ပျော်လွန်းလို့ ပြုံးရွှင်သွားတော့တယ်။ ငွေတုံး ၂၀က မီးတောက် အမွှေးဖွာကြက် အကောင် တစ်ရာဝယ်လို့ရတယ်လေ။ ဒါက အရမ်းကို များလွန်းတဲ့ ဆုချီးမြှင့်မှုပဲ။

တစ်ချိန်တည်းမှာပဲ သူမက ဖန်ဟို့ဒဲ ကို လှမ်းအော်လိုက်တယ် ”ယောကျာ်းရေ ရှင် ကျွန်မကို ချီးမွမ်းသင့်ပြီ။ ”

” ငါ့မိန်းမက အတော်ဆုံး ဉာဏ်အကောင်းဆုံးနဲ့ အထက်မြက်ဆုံးပဲ။” ဖန်ဟို့ဒဲက ပါးစပ် နားရွက်တက်ချိတ်မတတ်ပြုံးရင်း ပြန်အော်ပြီး ချီးမွမ်းလိုက်တယ်။

“ရှင့် မိန်းမ ဘယ်လောက်တော်လဲ ကြည့်ပါအုန်း၊” ချီရှင်းလိန်က ငွေသားတွေကိုမြှောက်ပြရင်းနဲ့မေးလိုက်တယ်။

“ဖန်သခင်မက အတော်ဆုံးပဲ။”

“ ဖန်မိသားစုကတော့ အချီကြီးမိသွားပြီပဲ။”

“ငွေသား ၂၀က မိသားစု တစ်စု အတွက် တနှစ် ၂နှစ်လောက် ကောင်းကောင်းသုံးလို့ရတယ်…”

ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲ တို့ကို ရွာသားတွေက မနာလိုတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတော့တယ်။ ဒီတောင်ဘက်တောင်ရွာလေးမှာ ငွေ၂၀ ရတယ်ဆိုတာ ကံအတော်ကောင်းလွန်းတယ်လို့ ဆိုရမယ်။

အဒေါ်လီရဲ့ မျက်နှာကတော့ မှုန်ကုပ်နေတယ်။ သူမရဲ့ ဝါးရွက် အစာသွပ်ကြက်ကင်က ချီရှင်းလိန်ရဲ့ ကြက်ကင် အတူးနဲ့ မယှဉ်နိုင်စရာ ဘာရှိလဲ။ တကယ်တမ်းဆိုး ဆုက သူရသင့်တာ။

ဒီမှာ လိမ်လည်လှည့်ဖြားတာရှိကို ရှိမယ်။

ဒါပေမယ့် အဒေါ်လီက လူရည်လည်တဲ့သူပဲလေ။ နတ်ဆိုးကျောင်းတော်ကိုတော့ နင်တို့လိမ်တယ် ဘက်လိုက်တယ် လို့ သွားပြော မရမှန်းသူသိတယ်လေ။ သူ့ရဲ့ မကောင်းတဲ့ကံကိုပဲ အပြစ်တင်ရတော့မှာပေါ့။

ငွေသား ၂၀ ဆုချပြီးတဲ့ အချိန်မှာတော့ လိုလီတာ (ချီကူယန်)ရဲ့ မဟူရာရောင် မျက်လုံးတောက်တောက်လေးတွေမှာ စိတ်ပျက်တဲ့ အရိပ်အယောင်တွေ တစွန်းတစ်စ ပေါ်လာတော့တယ်…။

ဒါက အမှားတစ်ခုဖြစ်မလား။

ကြက်သူခိုးကောင်က ဒီတောင်ဘက်တောင်ရွာကို ပြေးသွားတာသေချာပါတယ်။ ရွာလူဦးရေကိုပါစစ်ကြည့်ရင်ကောင်းမလား…

ဘယ်လောက်တောင် ကံမတိုက်ဆိုင်ရတာလဲ။ သူက ကြက်ကင်ကို ထပ်စားချင်တာတင်မကဘူး သူ့ကို ရေကန်ထဲ ကန်ချသွားတဲ့ကောင်စုတ်ကို ပါ မှတ်လောက်သားလောက်အောင် ပညာပြချင်တာ…။

အာ…။ ခွေးကောင်လေး။ ဒီ သခင်မလေးက နင့်ကို မရရအောင် ဖမ်းမယ်လို့ ကျိန်တယ်။

“ သခင်မလေး ကောင်းကင်က တော်တော်လေးမှောင်လာပြီ။” စစ်သည် တစ်ဦးက လေသံ ခပ်ဖျော့ဖျော့လေးနဲ့ နေဝင်ခါနီးလာပြီ ဖြစ်ကြောင်း အသိပေးလိုက်တယ်…။

”ကောင်းပြီ။။ ” လိုလီတာက ခုံပေါ်ကနေ မတ်တပ်ထလိုက်တယ်။ ဒီတစ်ခါမှာတော့ သူ လက်လျှော့လိုက်ရပြီ။

“ခနလေးးး”

ဒီအချိန်မှာပဲ ကလေးသံလေး တစ်သံက အဝေးတစ်နေရာကနေ အော်လိုက်တာကို ကြားလိုက်ရတယ်။ အသံနဲ့ အတူ ပုံရိပ်တစ်ခုဟာ အထုပ်ကြီး တစ်ထုပ်ကို ဆွဲကိုင်ရင်း ပြေးလာတာကို တွေ့လိုက်ရတော့တယ်…။

ပုံရိပ်ရဲ့ အရွယ်အစားအရ ၆နှစ် ၇နှစ် ထက် မပိုတဲ့ ကလေးတစ်ယောက်ဆိုတာကို သိနိုင်တယ်။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာတော့ ဦးထုပ်ကြီး တစ်လုံးကို ဆောင်းထားတဲ့ အပြင် မျက်လုံးကလွဲပြီး မျက်နှာ တစ်ပြင်လုံးကို အဝတ်စနဲ့ ဖုံးထားတယ်။ ဓားပြ အငယ်စားလေး အသွင်နဲ့ ဘယ်သူမှ မမှတ်မိအောင် ရုပ်ဖျက်ထားတဲ့ပုံပဲ။

“ မင်းဘာလုပ်တာလဲ။ ရပ်နေစမ်း။” လိုလီတာရဲ့ စစ်သည် တစ်ဦးကနေ လှမ်းအော်လိုက်တယ် ။

“ ဘာမှ မဖြစ်ဘူး။ သူ့ကို လာခိုင်းလိုက်…။” လိုလီတာက ပြုံးပြီးပြောလိုက်တယ်။ ခပ်ဝေးးဝေးးတည်းက ဒီကောင်ရဲ့ တောက်ပပြူးကျယ်တဲ့ မျက်လုံးနက်နက်တွေကြောင့် ဘယ်သူလဲဆိုတာ သူသိတယ်။

ဒီ အထုပ်ကြီးနဲ့ ကောင်စုတ်က သူ့ကို မြစ်ထဲ ကန်ချတဲ့ ကောင်စုတ်ပဲ ဆိုတာ မမှတ်မိစရာအကြောင်းမရှိဘူးလေ။ ”ခွေးကောင် နင် နောက်ဆုံးတော့ ပေါ်လာပြီ” လိုလီတာက အေးစက်စွာပြုံးရင်း နဲ့ စိတ်ထဲမှာ ရေရွတ်နေတယ်။ အခုတော့ စားရမယ့် အသားတုံးက သူ့လက်ထဲက တူပေါ်မှာပဲ။”

အပိုင်း( ၁၃)ပြီး၏။

အပိုင်း (၁၄)

“ မိမိကိုယ်ကို ယုံကြည်ချက်”

ဖန်ကျန်းရှီက တွေဝေခြင်း အလျှင်း မရှိဘဲ စင်ပေါ်ကို လွှားခနဲ ခုန်တက်လိုက်တော့တယ်။

ညအမှောင်ထုကလည်း စိုးမိုးနေပြီမို့ ရုတ်တရက်ပေါ်လာတဲ့ ဒီ ဖက်ထုပ်လေးဟာ ဘယ်မိသားစုက ကလေးလဲဆိုတာ ရွာသားတွေ မခန့်မှန်းနိုင်ကြပါဘူး။

“ရွှေ လိုချင်တာကြောင့် ဒီ ကလေးပေါ်လာတာလား။”

“ ကြက်ကင်ကကော ဘယ်မလဲ ။ သူ့မှာ ကြက်ကင် သယ်လာတာလဲ မတွေ့ဘူး။”

ရွာသားတွေရဲ့ မျက်နှာပေါ်မှာတော့ ဒွိဟ ဖြစ်နေတဲ့ အမူအယာတွေ အထင်းသားပေါ်နေတော့တယ်။

စင်ပေါ်ကို ဖန်ကျန်းရှီတက်လာတာမြင်တော့ လိုလီတာက အကျယ်ကြီး အော်ရယ်လိုက်တယ်။ ဒီကောင်စုတ်က လုံး၀ ကို အကြောက်အလန့် မရှိတာပဲ။။ နောက်ပြီး ဒီကောင်က သာမန်လူပဲ။

ဒါကို တွေးမိသွားတော့ သူမဒေါသတွေ ဟုန်းခနဲ တောက်လောက်လာတယ်။ သာမာန်လူတစ်ယောက်ကို ရှုံးတယ်ဆိုတာ ဘယ်လောက်တောင် ကြီးမားတဲ့ အရှက်ရမှုလဲ။

” ဒီကို ကြက်ကင် လာဆက်သတာလား။ ” ဒီ ပုံကို မမှတ်မိချင်ယောင်ဆောင်ရင်း လိုလီတာက အသံတည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ်။

“ဟုတ်ပါတယ်။” ဖန်ကျန်းရှီကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်တယ်…။

“ဒါဆို နင့် ကြက်ကင်က ဘယ်မှာလဲ။” လိုလီတာက ဖန်ကျန်းရှီကို ကြည့်ရင်းနဲ့ မေးလိုက်တယ်။

“ဒီမှာ” ဖန်ကျန်းရှီက သူ့ကျောမှာ လွယ်လာတဲ့ ပေါက်စီလို အထုပ်ကြီးကို ချလိုက်ပြီး မီးတောက် အမွှေးဖွာကြက်ကို ထုတ်လိုက်တော့တယ် ။

“ ကြက်အရှင်ကြီး”

စင်အောက်က ရွာသားတွေ ပြောစရာစကားတွေပျောက်ဆုံးပြီး ဆွံ့အသွားတော့တယ်။

အမွှေးတွေ အပြည့်နဲ့ ကြက်က အခုထိ ရှင်နေသေးတဲ့ ပုံပါပဲ…။

“ အခုမှ သတ်ပြီးခါစမို့ပါ။ ကြက်ကို ကင်ဖို့ အချိန်မရလို့…” ဖန်ကျန်းရှီက ရှင်းပြလိုက်တယ်။

ရွာသားတွေကတော့ ဝါးလုံးကွဲ အော်ရယ်ကြတော့တယ် ။ နတ်ဆိုးကျောင်းတော်က မင်းသမီးလေးက အခုပဲ အချိန်မရှိတော့ဘူး ပြန်ကြတော့မယ်လို့ ပြောလိုက်တာ မလား။ ကြက်ကင်ကို ထိုင်စောင့်ဖို့ အချိန် ဘယ်ရှိပါမလဲ။

“ဟ ဟ… ကောင်းပြီလေ သွားကင်။” လိုလီတာက အပြုံးပန်း လှလှလေးတစ်ပွင့်နဲ့ အမိန့်ပေးလိုက်တယ်။

ရီနေကြတဲ့ ရွာသားတွေရဲ့ မျက်နှာတွေကတော့ ချက်ချင်းကို အေးစက်သွားကြပြီး ကြက်နာကြီးတွေလို မှိုင်ကျသွားတော့တယ်။ နတ်ဆိုးကျောင်းတော်က မင်းသမီးလေးက တကယ်ပဲ ကင်ခိုင်းလိုက်တယ်။

“ရွှေ တွေကို မမြင်ရ မချင်း မကင်နိုင်ဘူး။” ဖန်ကျန်းရှီက ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလိုက်တယ် ။

ရွာသားတွေကတော့ ဒူးတွေတောင်တုန်လာတော့တယ်။ ဘယ်လိုလူမျိုးက ဒီလောက်တောင် အတင့်ရဲရတာလဲ။ ရွှေမမြင်ရရင် ကြက်မကင်နိုင်ဘူးတဲ့လား။ ဒီကောင့်ကို စင်ပေါ်ကသာ ကန်ချကြပါတော့…။

“ ဒီ ကလေးက ဘယ်သူလဲ”

“ ဘယ်သူမှ မသိကြဘူးလား”

နာရီပေါင်းများစွာကြာအောင် ရပ်စောင့်ခဲ့ရပြီးမှ နတ်ဆိုးကျောင်းတော့က မင်းသမီးက သူတို့ ကြက်ကင်တွေကို မြည်းတယ် ဆိုရုံပဲ မြည်းကြည့်တယ်။ အခုတော့ ဘယ်ကလာမှန်းမသိတဲ့ ဖက်ထုပ်လေးက ရွှေမရရင် မကင်ဘူးတဲ့လား။

“နင့် ရဲ့ ကြက်ကင်ကိုတောင် မစားရသေးပဲနဲ့ ဘာလို့ရွှေပေးရမှာလဲ…။” လိုလီတာက ညင်သာနူးညံ့တဲ့ အသံလေးနဲ့ မေးလိုက်တယ်။ သူမရဲ့ အမူအယာကလည်း အခုထိ သိမ်မွေ့ နေတုန်းပဲ။

“ငါကတော့ ရွှေမမြင်ရရင် မကင်နိုင်ဘူး။” ဖန်ကျန်းရှီက လိုလီတာမျက်လုံးတွေကို တည့်တည့် စူးစိုက်ကြည့်ရင်းနဲ့ ဖြေလိုက်တယ်။

သိသာနေတာပဲ သူကင်တဲ့ ကြက်ကင်ကို အရမ်းစားချင်နေတာကို… ဘာကိစ္စ ဈေုးမကိုင်ရမှာလဲ။

စားချင်တယ်လား။ ကောင်းပြီလေ…။ ငါ့ကို ရွှေအရင်ပေး။ ငါက ဒီလိုပဲ ကိုယ့်ကိုကိုယ် အပြည့်အ၀ ယုံကြည်တယ်။

“ဟ ဟ ” လိုလီတာက ရီလိုက်ရင်း ရွှေစတွေ ပါတဲ့ အထုပ်ကို ဖန်ကျန်းရှီစီ ပေးလိုက်တယ် ။ “ ကောင်းပြီလေ ငါနင့်ကို ရွှေပေးပြီးပြီ။”

ရွှေထုပ်ကို ပွေ့ပိုက်ရင်းနဲ့ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက အရောင်တလက်လက် တောက်နေတော့တယ်။ ရွှေ … အဖိုးတန် ငါ့ရွှေလေးတွေ နောက်ဆုံးတော့ င့ါ လက်ထဲရောက်လာပြီ။ ဒီရွှေတွေနဲ့ ဘဝကို ပြောင်းလဲပစ်ရမယ်။

ရှေးဟောင်း သိုင်းကားတွေ ထဲမှာ မြင်ဖူးသလိုမျိုး ရွှေစ တစ်စကို ပါးစပ်ထဲ ထဲ့ပြီး သွားနဲ့ ကိုက်ကြည့်လိုက်တယ်။

မာလွန်းလို့် သူ့သွားတောင် ကျိုးတော့မလိုပဲ။

ကောင်းပြီလေ… ငါ့သွားတွေ မမာသေးလို့ ဖြစ်မယ်။

တွေဝေခြင်း အလျှင်းမရှိဘဲနဲ့ ရွှေတုံးတွေကို အိတ်ထဲ ထိုးထဲ့ လိုက်တော့တယ်။

စင်အောက်က ရွာသားတွေကတော့ စိတ်တွေ အတော်ပျက်နေကြတယ်။ အမွှေးတောင် မနှုတ်ရသေးတဲ့ ကြက်ကို ရွှေတွေ အများကြီး ပေးလိုက်တယ်။ သူတို့ လည်း ကြက်အရှင်ကို မသတ်ဘဲ အမွှေးနှုတ်ပြီး မကင်ဘဲ ယူသွားပေးလိုက်ရမှာ………။

ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့တဲ့ ရွာသားတွေကတော့ မျောက်မှိုင်မှိုင်နေရုံသာပဲ တတ်နိုင်ကြရှာတော့တယ်။

လူတိုင်းတော့ မဟုတ်ပါဘူး ။ အဒေါ်လီကတော့ သူ့ရဲ့ ဝါးရွက်အစာသွပ်ကြက်ကင် အကြောင်းကို တွေးပြီး သူမရဲ့ မျက်နှာအမူအယာကတော့ ဝါးပင်လို စိမ်းနေတော့ပါတော့တယ်။

“ ဘာလဲဟ ။ အဲ့တာ ဘယ်အိမ်က ကလေးလဲ။ အမွှေးမနှုတ်ရသေးတဲ့ ကြက်တောင် ရွှေရအောင် လုပ်နိုင်တယ်။ ” အဒေါ်လီကတော့ စင်ပေါ် ပြေးတက်ပြီး အဲ့ဒီ့ကြက်က ဘာတွေများ ထူးခြားနေလို့လဲဆိုတာ ကိုယ်တိုင်သေချာ ကြည့်ပလိုက်ချင်တယ်။ ဒါပေမယ့် လည်း နတ်ဆိုးကျောင်းတော်က မင်းသမီးဘေးမှာ နေရာမလပ်စောင့်ကြည့်နေတဲ့ စစ်သည်တွေကြောင့် သူမရဲ့ အကြံကို လက်လျှော့ လိုက်ရတော့တယ်။

တခြားတစ်ဖက်မှာတော့ ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲ တို့က ပျော်မဆုံး မော်မဆုံး တပြုံးပြုံး ဖြစ်နေကြတုန်းပါ။ စင်ပေါ်ကို အာရုံတောင် စိုက်ချိန်မရဘူး။

ဖန်ဟို့ဒဲကလည်း သူ့မိန်းမကို ချီးမွမ်းရလွန်းလို့ အာတွေတောင် ခြောက်လာပြီ။

ရွှေတွေကို ရပြီးတဲ့နောက်မှာတော့ ဖန်ကျန်းရှီက ပိုပြီးတည်ငြိမ်လာပါတော့တယ်။

“ ကြက်ကင်တဲ့ ပစ္စည်းတွေ ယူလာပေး။”

သူ့ပါးစပ်ကနေ ထွက်လာတဲ့ ဒီစကားကို ကြားပြီးတဲ့ နောက်မှာတော့ ရွာသားတွေ သတိလစ်ပြီးတောင် မူးမေ့သွားမတတ် ပဲ။ အတင့်ရဲလွန်းတဲ့ ဒီကလေးက အမွှေးမနှုတ်ရသေးတဲ့ ကြက်ကို ယူလာတဲ့ အပြင် ကြက်ကင်ဖို့ ပစ္စည်းတောင် ယူမလာဘူး။

ရွာသူကြီး မုန့် က ချက်ချင်းပဲ ကင်ဖို့ ပစ္စည်းတွေ သူကိုယ်တိုင်ယူလာပေးတယ်။

ပြီးတဲ့နောက်မှာတော့

ဖန်ကျန်းရှီက ကြက်ကို အမွှေးနှုတ် ဗိုက်ခွဲ အတွင်းကလီစာတွေထုပ်လိုက်ပြီး သေသေချာချာ ဆေးကျော သန့်စင်တော့တယ်…။

မျက်စိဒေါက်ထောက် ကြည့်နေကြတဲ့ စင်အောက်က ရွာသားတွေကတော့ တွေးမိတယ်။

” သူ့ နည်းလမ်းတွေကတော့ သေချာတိကျတာပဲ။”

“ဒါပေမယ့် အထူးပါဝင် ပစ္စည်းလည်း မရှိပါဘူး။”

မေးခွန်းတွေပြည့်နှက်နေပင်မယ့်လည်း ရွာသားတွေက် ဆိတ်ဆိတ်ပဲ နေပြီး ဆက်စောင့်ကြည့်နေကြတော့တယ်။

လိုလီတာ ကလည်း ဘာအထူးနည်းလမ်းများ ရှိမလဲလို့် စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတော့တယ်။ အခုတော့ ကြက်ကင်ကနေ ဆီတွေ တစစ်စစ် စီးကျလာပြီလေ။

ဖန်ကျန်းရှီ သက်ပြင်းချလိုက်တယ်။

အရေးကြီးတဲ့ ကိစ္စကို သူမေ့သွားတာပဲ… ကင်ထားတဲ့ စင်နားမှာ နီးနီးကပ်ကပ်သွားရပ်နေတာက ဖက်ထုပ်လို တစ်ကိုယ်လုံးကို ထုပ်ပြီး ဝတ်ထားတဲ့ သူ့ပါ အကင်ခံနေရသလိုကို ပူလောင်စေတယ်။

ချွေးတွေက တစ်ကိုယ်လုံး ရွဲနစ်နေအောင် ထွက်နေတယ်။ ဒါပေမယ့် လည်း ရွေးစရာမှ မရှိတာလေ။

ဒီဝတ်စုံးကို ချွတ်လို့မရဘူး။ မဟုတ်ရင် သူ ရုပ်ကို ဖမ်းဝရမ်း ထုတ်ခံရမှာပဲ။

တင်းတင်းကျပ်ကျပ် ချည်နှောင်ထာတဲ့ အဝါရောင် အိတ်ကို ထုတ်လိုက်တယ်။ အရောင်မျိုးစုံနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ သူ့ရဲ့ အထူးလျှို့ဝှက်ပါဝင် ပစ္စည်းတွေကို ဖြည်းဖြည်းချင်း ထုတ်ပြီး ကြက်ကင်ပေါ် ဖြူးချလိုက်တယ်။

“ မင်းဘာတွေ ထဲ့လိုက်တာလဲ” အစောင့်တစ်ဦးက ချက်ချင်းပဲ အော်ဟစ် မေးမြန်းလိုက်တယ်။

ဖန်ကျန်းရှီ အခုချိန်မှာ အရည်ပျော်ကျတော့မတတ် ခံစားနေရတာ ဒီမေးခွန်းကို အကျယ်တဝင့် ဖြေဖို့ သူ့မှာ အားမရှိတော့ဘူး။

“ မင်းစားမှာမှ မဟုတ်တာ” အေးစက်စက်လေသံနဲ့ ပြန်အော်လိုက်တယ်။ ရွှေတွေက သူ့ လက်ထဲရောက်နေပြီးသားပဲ ဘာများ ကြောက်စရာ ရှိသေးလဲ။

”မင်း……” ကလေးတစ်ယောက်ရဲ့ မထီမဲ့မြင်ပြုတာခံလိုက်ရတာကြောင့် စစ်သည်ဟာ ဒေါသထွက်လွန်းလို့ ဘာဆက်ပြောရမလဲတောင် မသိတော့ပါဘူး။

“ ပါးစပ်ပိတ်ပြီး ကိုယ့်နေရာကိုယ်နေ” ဖန်ကျန်းရှီ ဟင်းခတ်အမွှေးအကြိုင်တွေထုတ်ပြီး ကြက်ကင်ကို ဖြူးလိုက်တာကို အာရုံတစိုက်ကြည့်နေတဲ့ လိုလီတာက သူ့အာရုံပျက်သွားတဲ့ အတွက် စစ်သည်ကို လှမ်းအော်လိုက်တယ်။ ဒီကြက်ကင် ပါးစပ်ထဲ ရောက်လာဖို့ကို သွားရေတမြားမြားနဲ့ စောင့်မျှော်နေရတာ တကယ့်ကို ခက်ခဲလွန်းလှတယ်။

ရွာအဝင်မှာတည်းက ဒီ အနံ့ဟာ သူ့ကို ဆွဲဆောင်ထားနိုင်တာ…။

လိုလီတာ စိတ်လှုပ်ရှားနေတာကို မြင်တော့ ဖန်ကျန်းရှီက အတွေးတစ်ခု ဝင်လာတယ်။

“ ဒီ ကြက်ကင်မှာ တကယ်တော့ နာမည်ရှိတယ်။”

“ ဟုတ်လား ။ သူ့ ကို ဘယ်လိုခေါ်လဲ။” လိုလီတာက ကြက်ကင်ကနေ မျက်လုံးမခွာပဲ မေးလိုက်တယ်။

“ သူ့ရဲ့ နာမည်ကို ပြောလိုက်ရင် သူ့ နာမည်ထဲမှာ မင်းကိုယ်မင်း ရှာတွေ့လိမ့်မယ်။” လက်ကို တချက်ဝှေ့ယမ်းလိုက်တဲ့ အတွက် အဝါရောင် စက္ကူထုပ်ဟာ လိုလီတာဆီကို လွင့်သွားတယ်။

စက္ကူထုပ်ကို လိုလီတာ ဖွင့်ကြည့်လိုက်တော့ အထုပ်ငယ်လေးတွေမရှိဘူး။

သူမရဲ့ မျက်လုံးဟာ အံ့သြမှုကြောင့် ပြူးကျယ်သွားတော့ တယ်။ စာရွက်ပေါ်မှာ ကြက်ကင်ရဲ့ နာမည်မရှိဘဲနဲ့ စာတစ်ကြောင်းသာ ရှိနေတယ်။

“ ယောကျာ်းဖြစ်ပြီး ဘာလို့ ကတိစကားကို အလေးမထားရမှာလဲ…။”

အပိုင်း (၁၄) ပြီး၏

အပိုင်း (၁၅)

“ အရာအားလုံးပေးဆပ်ခြင်း”

လိုလီတာက စာလုံးတွေကို ဖြည်းဖြည်းချင်းဖတ်လိုက်ရင်း ခပ်ယဲ့ယဲ့လေး ပြုံးလိုက်တယ်။ သူမရဲ့ အပြုံးက တဖြည်းဖြည်းနဲ့ နှစ်ခြိုက်လာတဲ့ ပုံပါပဲ။

ဟား ဟား …

ဒီ ကောင်စုတ်လေးက စာသင်ဖူးတယ်တဲ့လား…ဒါ့အပြင် “ ကွန်ဖြူးရှပ်၏ ခွဲခြမ်းစိတ်ဖြာခြင်း နှင့် တာအိုနိယာမ” ထဲက ယုံကြည်ချက် အဆိုအမိန့်ကိုတောင် သိတယ်တဲ့လား။

ငါက ဒီအဆိုအမိန့်ကို ဖတ်ပြီး သူ့ကို လွှတ်ပေးလိမ့်မယ်လို့ တွေးနေတာလား။ ဟား ဟား တော်တော်လေး လွယ်လွယ်တွေးနေတယ်ပေါ့။

ခနနေပါအုန်းး…… ဒီကောင် ဒီကောင်က စာဖတ်တတ်တယ်။ အရာအားလုံးဖြစ်တည်ပုံဖော်မှုရဲ့ ထူးဆန်းမှုက ဒီကောင့်ကြောင့်လား။

ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒီကောင်စုတ်က ဆင်းရဲတယ်ဆိုပေမယ့် သူဖတ်ထားတဲ့ စာတွေနဲ့ဆို အရာအားလုံးဖြစ်တည်ပုံဖော်မှုကို ဖြေရှင်းနိုင်တယ်ဆိုတာ မဖြစ်နိုင်စရာမှ မရှိတာ။

စစ်သူကြီးလီ အမှားလုပ်မိတာဖြစ်မယ်…။

ဒီ အရာအားလုံးပုံဖော်မှုကို ဖြေရှင်းနိုင်ဖို့ ဆိုတာ ဘယ်လိုကျယ်ပြန့်တဲ့ အသိပညာမျိုးရှိဖို့လိုတယ်ဆို တာ သူအသိဆုံးပဲလေ။

၁၅ မိနစ်…။ အရာအားလုံးဖြစ်တည်ပုံဖော်မှု…။

ဒီတောင်ဘက်တောင်ရွာက ကြက်သူခိုးက ဖြေရှင်းနိုင်တယ်။ ဒါက မဖြစ်နိုင်တာပဲ။

အကယ်ရွေ့ဖြစ်ခဲ့ရင်ကော… ။

စစ်သူကြီးလီက နေရဲ့ အလင်းပြန်မှုကြောင့် ဖြစ်နိုင်တယ်လို့ ယူဆလိုက်ကြတယ်။ စစ်သည်တွေနဲ့ ရွာသားတွေကလည်း နေရောင်ခြည်ရဲ့ ပြန်လင်းတန်းကြောင့်ဖြစ်တယ်လို့ ပြောကြတယ်။ ဖြစ်နိုင်ချေကတော့ တော်တော်လေး နည်းတယ်။

မဟုတ်မှ လွဲရော……

တကယ်ပဲ သူလား။

“ အစောင့်တွေ ကောင်စုတ်ကို ဖမ်း ဖမ်း…။ ဟင် … ဘယ်ရောက်သွားပြီလဲ။”

လိုလီတာ ခေါင်းကို မော့လိုက်တဲ့ အချိန်မှာတော့ မွှေးပျံ့လှတဲ့ ကြက်ကင်ရနံ့က လူကို ဆွဲဆောင်နေပင်မယ့်လည်း ဆန္ဒကို သိက္ခာနဲ့ထိန်းရင်း လျစ်လျူရှုလိုက်ပြီး ။ ပျောက်သွားတဲ့ ကောင်စုတ်ကို ရှာဖို့သာ အာရုံစိုက်လိုက်ရတော့တယ်။

“ ထွက်ပြေးပြန်ပြီလား။”

လိုလီတာရဲ့ စိတ်အာရုံကတော့ ဖန်ကျန်းရှီဆီ လုံးလုံးလျားလျားကို ရောက်ရှိသွားပါပြီ။

သူမရဲ့ ဒေါသတွေကို လုံးဝကိုမထိန်းချုပ်နိုင်တော့ပါဘူး။

“ အရှက်မဲ့လိုက်တာ… အရှက်မရှိလိုက်တာ…။” လိုလီတာရဲ့ နှုတ်ခမ်းဖူးဖူးတွေကနေ တဖွဖွရေရွတ်နေမိတော့တယ်။

လိုလီတာနဲ့ ခပ်ဝေးဝေးမှာ ရပ်နေကြတဲ့ အစောင့်တွေဟာလည်း သူမရဲ့ အော်သံကြောင့် ချက်ချင်းလှုပ်ရှားကြပေမယ့်လည်း ဖက်ထုပ်လေးကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့တော့ပါဘူး။

ကြက်ကင်တဲ့ကြာချိန်ကြောင့် အခုချိန်မှာတော့ ရွာကွင်းပြင်မှာတော့ လုံးဝကို မှောင်မဲနေပြီပဲဖြစ်ပါတယ်။

“လိုက်ကြစမ်း” စစ်သည်တချို့ဟာ တွေဝေခြင်းမရှိဘဲ ပြေးလိုက်ကြတော့တယ်။

စင်အောက်က ရွာသားတွေကတော့ လုံးဝကို စိတ်ရှုပ်ပြီး အံ့သြနေကြပြန်တယ်။ ရွှေတွေတောင် ရပြီးတဲ့သူက ဘာလို့ ပြေးတာလဲ။ ဘယ်သူကမှ ဘာတွေဖြစ်နေလဲဆိုတာ နားမလည်ပါဘူး။

“ အရှက်မရှိတဲ့ ကောင်စုတ်” လိုလီတာရဲ့ မျက်နှာ ဖြူနုနု ဟာတော့ နီရဲ လာပါတော့တယ်။

ဒီလိုမျိုး တခြားရွာသားတွေ ကြက်ကင် နမူနာတွေကို လာ ဆက်သပြီး နောက်ဆုံးမှ လာဖို့ အစီ အစဉ်ချထားတာ အောင်မြင်ခဲ့တယ်။

နောက်ပြီး ဒီလိုပုံစံ ဝတ်စားပြီ ရုပ်ဖျက်ရင်း…

စင်ပေါ်မှာ ကြက်ကင်ခွင့် ရမယ်ဆိုတာ ဖန်ကျန်းရှီ ခန့်မှန်းမိပြီးသား။ ကြက်ကို ဖြည်းဖြည်းချင်း အချိန်ဆွဲပြီး ကင်ရင်း မှောင်လာတဲ့ထိသူစောင့်နေခဲ့တာ။

ညအမှောင်ထု ကြီးစိုးသွားချိန်မှာတော့ အစောင့်တွေ လိုက်ဖမ်းရင်တောင် ရှာမတွေ့နိုင်အောင် ပုန်းဖို့ နေရာစီစဉ်ထားပြီးသားဖြစ်တယ်။ ဒါတွေ အကုန်မတိုင်ခင် ကြက်ကင်ထုပ်တဲ့ စာရွက်ပေါ်မှာ ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်ကို ရေးခဲ့ပြီး ပညာပြဖို့ အရင်ဆုံး စီစဉ်ခဲ့တာ…။

ပြီးပြည့်စုံတယ်။ အမှားကင်းတယ်။

လိုလီတာတောင်မှ ဒီကောင်စုတ်ရဲ့ အစီအစဉ်က ပြီးပြည့်စုံပြီး ဟာကွက်မရှိဘူးဆိုတာ ဝန်ခံရမယ်။ အသေးစိတ် တစ်ခုချင်းစီကို အစီအစဉ်တကျ သေချာ လုပ်သွားတဲ့ အပြင် မြေမျက်နှာသွင်ပြင်နဲ့ အချိန်ကို ပါ ကောင်းကောင်း အသုံးချသွားတာပဲ။

ဒီလို ဉာဏ်ရည်မျိုးနဲ့ ဆိုရင် အရာအားလုံးဖြစ်တည် ပုံဖော်မှုကို ဖြေရှင်းသွားတာ ဒီကောင်စုတ်ဖြစ်နိုင်ချေ များတယ်။

ဟွန့်…… ဉာဏ်ကောင်းတာကလွဲပြီး ဒီကောင်က သိက္ခာတစက်ကလေးတောင် မရှိတဲ့ ကြက်သူခိုးပဲ ။ ရွှေယူပြီးတာနဲ့ ပြေးတဲ့ ဒီလိုကောင်တွေရှိနေသေးတာလား။

“ ရက်စက်လွန်းပါတယ်။ ရက်စက်လွန်းပါတယ်။” ပြောစရာစကားလုံးတွေ ရှာမရတော့တဲ့ အတွက် လိုလီတာက စိတ်ထဲပေါ်လာတဲ့ စကားကိုပဲ ရေရွတ်နေတော့တယ်။

ပထမတစ်ခါတုန်းက ရေကန်ထဲကန်ချခံရတယ်။ အခုတစ်ခါမှာတော့ အခြေအနေတစ်ခုလုံးကိုထိန်းချုပ်သွားတာ အရူးလုပ်ခံလိုက်တာပဲ အဖတ်တင်သွားတယ်။

အားးးး……။ လိုလီတာ အော်ဟစ်ပစ်ချင်တဲ့စိတ်ကို မနဲ ထိန်းချုပ်ထားရတယ်။

ဒီခွေးကောင်စုတ်က ရွှေ အပြင် ကြက်ကင်ကိုပါ ပြန်ယူပြေးမသွားတာ တော်သေးတယ်လို့ ဆိုရမှာပေါ့။

ဒီအတွေးကိုတွေးမိပြီးတော့ ကြက်ကင်ကို လှမ်းကြည့်လိုက်တော့ ကောင်းကင်ဘုံထိ မွှေးပျံ့တဲ့ ရနံ့တွေက လူ့စိတ်ကို ပိုပြီးဆွဲဆောင်လာတော့တယ်။

ဒါကြောင့် သူမရဲ့ ကိုယ်ခန္ဒာကိုယ်ကွေးညွတ်လိုက်ရင်း မွှေးရနံ့ သင်းပျံ့လှတဲ့ ကြက်ပေါင်ရနံ့ကို ရှုရှိုက်လိုက်တယ်။ အနံ့လေးက တကယ့်ကို သွားရည်တများတများကျစေတယ်။

သူမရဲ့ ချယ်ရီရောင် နှုတ်ခမ်းဖူးလေးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ကြက်တောင်ပံကို ကိုက်လိုက်တော့တယ်။ တချိန်တည်းမှာပဲ လိုလီတာရဲ့ မျက်လုံးတွေ ဘလင်းဘလင်းတောက်သွားတော့တယ်…။ အသားတွေကနူးညံ့လိုက်တာ အပြင်ပိုင်းက မွှေးရနံ့က ကိုက်လိုက်တာနဲ့ လျှာဖျားကနေ ဦးနှောက်ထဲထိ မွှေးပျံ့သွားသလိုပဲ။ မြင်လွှာကို မှိတ်ရင်း အရသာကို ခံစားနေတော့တယ်။

ဝမ်းသာပီတိက သာမာန်ထက်ပိုပြီးတော့ သူမရဲ့ မျက်နှာမှာ ပျံ့နှံ့လာတော့တယ်။

“ အရသာရှိလိုက်တာ” လိုလီတာက ကြက်သားကို မျိုချလိုက်ပြီး ပျော်ရွှင်မှုအပြည့်နဲ့ ပြောလိုက်တော့တယ်။ သူမရဲ့ မျက်လုံးတွေကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ သူ့ကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်နေတဲ့ ရွာသားတွေရဲ့ အကြည့်နဲ့ ရင်ဆိုင်လိုက်ရတော့တယ်။

ရွာသားတွေကတော့ ကြက်ကင်ရနံ့ကြောင့် ဖမ်းစားခံလိုက်ရပါပြီ။ ရွာက ထွက်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အကုန်ပေါင်းစုလိုက်တဲ့ အခါမှာတော့ ကောင်းကင်ဘုံထိမွှေးပျံ့တဲ့ ရနံ့တွေ ထွက်လာတော့တာပဲ။

“ ဂလု” စင်ပေါ်က ကြက်ကင်ကို ကြည့်လိုက်ပြီး သူတို့လက်ထဲက ကြက်ကင်ကို ပြန်ကြည့် လိုက်တဲ့ အခါမှာတော့ သူတို့နားလည်သွားပါတော့တယ်။

ဘာကြောင့် ဒီကြက်ကင်က ရွှေနဲ့ လဲရလောက်အောင် တန်လဲဆိုတာ သူတို့သဘောပေါက်သွားတော့တယ်။

ဖန်ကျန်းရှီက သူ့ခြေထောက်တိုတိုလေးတွေနဲ့ ပြေးနိုင်သလောက်မြန်မြန်ပြေးတော့တယ်။ ဖမ်းမိသွားခဲ့ရင်ဆိုတဲ့ အတွေးဟာ သူ့စိတ်နဲ့ ခန္ဒာကို ကြီးစိုးထားတယ်။

သူက ငတုံးမှ မဟုတ်တာ လိုလီတာရဲ့ ကြမ်းကြမ်းတမ်းတမ်းစိတ်နဲ့ဆိုရင် သူ့ကိုသာ ဖမ်းမိသွားရင် ဘာတွေဖြစ်လာမလဲဆိုတာ ဘုရားပဲသိမယ်။

သူ့ရဲ့ မြေမျက်နှာသွင်ပြင် နေရာဒေသ အခြေအနေကို နားလည်တဲ့ ကောင်းကွက်က ပြေးရလွယ်အောင် ကူညီပေးတယ်။

ရွာကွင်းပြင်ကနေ တိုက်ရိုက်မပြေးပဲ ကွင်းအောက် လျှိုမြောင် လမ်းကြားလေးကနေ ပြေးတော့တယ်။ ရွှေနဲ့ သူ့ဘဝလေး လုံခြုံဖို့ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရမယ်။

တိကျသေချာတဲ့ ဆုံးဖြတ်ချက်ကို ချပြီးတဲ့နောက် ခြုံပုတ်တွေကြား တွားသွားရင်း သစ်ပင်ကြီး တစ်ပင်ဆီကို ဦးတည်ပြီး ဖက်တက်လိုက်တော့တယ်။ သူ့ရဲ့ နေရာကနေကြည့်ရင် ရွာကွင်းပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ အကုန်မြင်နိုင်တယ်လေ။

သူ့ရဲ့ ကိုယ်မှာ စွပ်ထားတဲ့ အဝတ်စတွေကို ခွာရင်း ဖက်ထုပ်လေးကနေ ဖန်ကျန်းရှီဖြစ်အောင် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲလိုက်တော့တယ်။

ရွာကွင်းပြင်မှာတော့ လိုလီတာက ကြက်ကင်ကို တစိမ့်စိမ့်အရသာခံစားနေပါတော့တယ်။ သူမရဲ့ ဘေးမှာတော့ စစ်သည်တွေက စိတ်ရှုပ်နေတဲ့ အကြည့်တွေနဲ့ လိုလီတာကို ကြည့်နေကြတယ်။

ဒါကို သတိထားမိတဲ့ စစ်သူကြီးလီက မျက်နှာရိပ် မျက်နှာကဲ ပြလိုက်တယ်။

“အ့…” လိုလီတာက မည်းမှောင်နေတဲ့ ကောင်းကင်ကို ကြည့်ရင်း တွေးလိုက်မိတယ်။ ဒီခွေးကောင်လေး လွတ်သွားပြန်ပြီ။

နောက်ပြီး အရာအားလုံးဖြစ်တည်ပုံဖော်မှုရဲ့ အလင်းတန်းတွေ…

တစ်ခဏတာစဉ်းစားပြီးနောက် သူလက်လျှော့လိုက်တော့တယ်။

ပထမဆုံး ရိုက်လင်းတန်းတွေက အမှန်ဟုတ်မဟုတ် မသေချာဘူး။ ဒုတိယက အခုချိန် အတော်လေးကို မှောင်နေပြီ။ ဟိုကောင် ပြေးမယ်ဆိုရင် မိနိုင်သေးပင်မယ့် ဟိုကောင် ပုန်းနေမယ် ဆိုရင်တော့ ဒီလို အချိန်တို အတောတွင်းမှာ ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

“ ဒီကြက်တွေ အကုန်လုံး ကို ဈေးမှာရောင်းတဲ့ ဈေးနှုန်း၂ဆးပေးဝယ်ပြီး စစ်သည်တွေစားဖို့ပေးလိုက်ကြ။ “ လိုလီတာက အမိန့်ပေးလိုက်တယ်။

“ကျေးဇူးတော်ကြီးလှပါတယ် မင်းသမီးလေး” ရွာသားတွေက ဟစ်အော်လိုက်ကြတော့တယ်။

သူတို့ ရွှေမရကြပေမယ့် မီးတောက်အမွှေးဖွာကြက်ကို ရောင်းဈေးနှစ်ဆနဲ့ ရတာက တကယ့်ကို စိတ်ချမ်းသာစရာကောင်းလွန်းလှပါတယ်။

“ ရွာကနေ ထွက်ကြစို့” စစ်သူကြီးလီက အမိန့်ပေးလိုက်တယ်။

“ အမိန့်အတိုင်းပါ” စစ်သည်တွေက တစ်စက္ကန့်တောင် မတွေဝေကြပဲ ချက်ချင်း ထွက်ခွာဖို့ ပြင်ကြတော့တယ်။

“ စစ်သူကြီးလီ” လိုလီတာက စစ်သူကြီးလီကို လှမ်းခေါ်လိုက်တယ်။

“ အမိန့်ရှိပါ သခင်မလေး” စစ်သူကြီးလီက ဒူးထောက်ရင်းပြန်ဖြေလိုက်တယ်။

“ တောင်ဘက်တောင်ရွာမှာ တိုးတက်မယ့် အလားအလာတွေရှိနေတယ်။ ဒီမှာ တာအိုခန်းမ တစ်ခု ချက်ချင်း တည်ဆောက် ရမယ်” လိုလီတာက တစ်စုံတစ်ရာကို တွေးတော နေရင်းနဲ့ ဖြေလိုက်တော့တယ်။

“ အမိန့် အတိုင်းပါ သခင်မလေး”

“ တောင်ဘက်တောင်ရွာရဲ့ ဝင်ခွင့် စစ်ဆေးမှုမှာ ဒုတိယ အဆင့် ကို စုစုပေါင်း ၈ဦး ဖြတ်ကျော်နိုင်ခဲ့တယ်။ တာအို ခန်းမကို ပထမအသုတ်အနေနဲ့ စုစုပေါင်း ၉ဦး ဝင်ခွင့်ရှိတယ်။ ၉ ယောက်မြောက် ဝင်ခွင့် အတွက် အသက် ၆နှစ်ကနေ ၈နှစ် အရွယ်ထဲက ရွေးချယ်ရမယ်။ ”

“ အမိန့်တော်အတိုင်းပါ။”

စစ်သူကြီးလီက အသက်အရွယ်သတ်မှတ်ချက်နောက်မှာ အကြောင်းရင်းတစ်စုံ တစ်ခုရှိမယ်ဆိုတာ ခန့်မှန်းမိပေမယ့်လည်း သူ မမေးဝံ့ဘူး။

မှောင်မည်းနေတဲ့ ကောင်းကင်ကို ကြည့်လိုက်ရင်း စာရွက်ဝါကို ကြည့်ကာ လိုလီတာပြုံးလိုက်တော့တယ်။

“ ကောင်စုတ်လေး။ နင့် အတွက် အထူးလက်ဆောင် ပြင်ဆင်ထားတယ်။ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်။”

အပိုင်း (၁၅) ပြီး၏။

အပိုင်း (၁၆)

"ပျော်ရွှင်စရာ အခိုက်အတန့်"

ချီရှင်းလိန်က လောဘကြီးတဲ့ သူတစ်ယောက်မဟုတ်ပါဘူး။ လွယ်လွယ်နဲ့ ကျေနပ်ရောင့်ရဲလွယ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ရွှေတွေရသွားတဲ့ ဖက်ထုပ်လေး အတွက်တောင် ဝမ်းသာပေးနေသေးတယ်။

ရလာတဲ့ ငွေတုံး ၂၀ ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပျော်ရွှင်မြူးတူးစွာ သူတို့ရဲ့ အိမ်ဂေဟာ တဲစုတ်လေးဆီကို သီချင်းလေး တအေးအေးနဲ့ ပြန်သွားပါတော့တယ်။

လီမိသားစုရဲ့ အိမ်ရှေ့ကနေ ဖြတ်သန်းရတဲ့ အချိန်မှာတော့ မျက်စောင်းတချက်ထိုးလိုက်ပြီး "ဟွန့်" ခနဲ အသံပြုလိုက်တယ်။ ဖန်ဟို့ဒဲကလည်း အတော်လေးကို ပျော်ရွှင်ဝမ်းမြောက်နေပါတယ်။

ဖန်ဟို့ဒဲရဲ့ စိတ်ထဲမှာတော့ ဒီလိုလှပပြီး အရည်အချင်းပြည့်ဝတဲ့ ရှင်းလိန်ကို လက်ထပ်ထားရတာဟာ ကံကောင်းမှု အကြီးကြီးကို ရထား သလိုပဲ…။ ဒီနေ့မှာ သူ့ချစ်ဇနီးရဲ့ အချက်အပြုတ် အရည်ချင်းကြောင့် ငွေတုံး ၂၀ တောင်ရခဲ့တယ်။

သူ့မိန်းမကို အများကြီး ချီးမွမ်းသင့်တယ်။

ကောင်းပြီ……

အရမ်းကို ပျော်ရွှင်ပြီး စိတ်ချမ်းသာနေတာကြောင့် မြင်သမျှ တွေ့သမျှ အရာအားလုံးက သာယာနေတယ်လေ။

ဒါကတော့ ဖန်ဟို့ဒဲရင်ထဲမှာ ခံစားနေရတာကတော့ ဒီအတိုင်းပါပဲ။

ရွှေတွေကိုတော့ မမျှော်လင့်တော့ပါဘူး။ အရောင် တလက်လက်တောက်နေတဲ့ အဖိုးတန်ရွှေတွေ………။

အိမ်ကိုပြန်လာတဲ့လမ်းမှာ ရုတ်တရက် လိမ့်နေတဲ့ ရွှေထုပ်တစ်ထုပ်ကို ခလုတ်တိုက်မိသွားတယ်။ ရွှေတွေရဲ့ အသံဟာ ပြီးပြည့်စုံလွန်းတယ်။

"ရွှေ ……… ရွှေ……" ဖန်ဟို့ဒဲရဲ့ မျက်လုံးတွေက ပြူးကျယ်လာလိုက်တာ ပန်းကန်လုံးအတိုင်းပါပဲ။

ရွှေထုပ်ရဲ့ တချွင်ချွင်မြည်သံတွေကို ပျော်ရွှင်မှု အပြည့်နဲ့နားထောင်နေမိတယ်။

"ဒါက ဘယ်သူ့ရွှေတွေ ဖြစ်မလဲ။ ဒီအထုပ် ပုံစံက အရမ်းကို ရင်းနှီးနေတယ်။ ဒါ ဒါက နတ်ဆိုးကျောင်းတော်က မင်းသမီး ဖက်ထုပ်လေးကို ပေးလိုက်တဲ့ ရွှေထုပ်မလား? " ဖန်ဟို့ဒဲ လက်ထဲက ရွှေထုပ်ကို မြင်တော့ ချီရှင်းလိန်လဲ အတော်လေး အံ့သြသွားတယ်။

ဖန်ကျန်းရှီက အိမ်နံရံကိုကပ်ပြီး နားထောင်ကြည့်ရင်း သူ့ရဲ့ စိတ်နှလုံးက စိတ်မရှည်စွာနဲ့ တဒိတ်ဒိတ်ခုန်နေတော့တယ်။ ဒီရွှေတွေကို သူ့အဖေနဲ့ အမေကို ပေးဖို့ နည်းတော်တော်များများ သူစဉ်းစားလိုက်ရတယ်။

နောက်ဆုံးမှာတော့ ဒီနည်းလမ်းကို သုံးဖို့ဆုံးဖြတ်လိုက်တာပဲ။ ပိုပြီးအရေးကြီးတာကတော့ ဒီရွှေတွေက သူ့ဆီက လာတယ်ဆိုတာ မရိပ်မိအောင်လုပ်ပြီး ပေးဖို့ပဲလေ။

ရွှေထုပ်ကောက်ရတဲ့ သူ့မိဘတွေ ဘာလုပ်ကြမလဲဆိုတာ သိချင်တဲ့အတွက် သူဒီနားမှာ စောင့်နေတာ………။ နောက်ပြီး ရွှေထုပ်ကို သူ့မိဘတွေ ပဲ ကောက်ရတာ သေချာအောင် စောင့်ကြည့်ချင်တာကြောင့်လဲ ပါတာပေါ့။

ဒီရွှေတွေကို သူကိုယ်တိုင် အိမ်ကို ပြန်ယူသွားတာက ပြဿနာဖြစ်နိုင်တယ်။

"ငါတို့ ဒီရွှေတွေကို ရွာသူကြီးမုန့်ဆီ အပ်ပြီး ပိုင်ရှင်ကို ပြန်ပေးရင်ကော?" ဖန်ဟို့ဒဲ က လက်ထဲက ရွှေထုပ်ကို ရမ်းရင်း ချီရှင်းလိန်ကို ပြောလိုက်တယ်။

"ဒုန်းး !"

ဖန်ကျန်းရှီ က သူ့ရဲ့ ရိုးစင်းနုံအလွန်းတဲ့ ဖခင်ကို ကျောက်ခဲတစ်ခဲနဲ့ ပေါက်ဖို့ ပြင်လိုက်ပေမယ့် သူ့ အမေ ချီရှင်းလိန်ရဲ့ လက်ဝါးက ဖန်ဟို့ဒဲရဲ့ ခေါင်းကို အရင်ရောက်သွားပြီး အသံကျယ်ကြီး တသံ ဟိန်းထွက်လာတော့တယ်။

"ရှင် က ငတုံးလား။ ဒါက ရွှေ … ရွှေ ။ ဒါကို အနာဂတ်မှာ ကျန်းရှီ လက်ထပ်ဖို့ အတွက် စုထားရမယ်လေ။" ချီရှင်းလိန်က လောဘကြီးတဲ့ မိန်းမတစ်ယောက် မဟုတ်ပေမယ့် လည်း ဒီရွှေတွေ အကုန်လုံးကို လက်လွှတ်ရတဲ့ အထိတော့ တုံးအတဲ့သူ တစ်ယောက်မဟုတ်ဘူးလေ။

ဒါ့အပြင် သူ့ယောကျာ်း က ရွာသူကြီးကို သွားအပ်ရအောင်လို့တောင် အကြံပေးလိုက်သေးတယ်။

သူမရဲ့သွေးတွေပွက်ပွက်ဆူလာတော့တယ်။ ရွာသူကြီးနဲ့ လီအိမ်ပေါင်းပြီး အကြိုစစ်ဆေးမှု နာမည်စာရင်းမှာ သူ့ကို လှည့်စားသွားတဲ့ ကိစ္စ အခုထိ အခဲကျေနိုင်စရာမရှိဘူး။

"မိန်းမပြောတာမှန်တယ်။ ဒီရွှေတွေကို ငါတို့ ကျန်းရှီ လက်ထပ်ဖို့အတွက် သိမ်းထားလိုက်ရအောင်။ " ဖန်ဟို့ဒဲက သူ့မိန်းမကို ပြုံးပြုံးကြီးကြည့်ရင်း ရွှေထုပ်ကို ချီရှင်းလိန်လက်ထဲကို ထည့်ပေးလိုက်တော့တယ်။

"ဒီလိုပဲဖြစ်ရမှာပေါ့။ " ချီရှင်းလိန်က ဖန်ဟို့ဒဲပေးတဲ့ ရွှေထုပ်ကို ယူရင်းပြောလိုက်တယ်။ " စင်ပေါ်က ဖက်ထုပ်လေးက ငါတို့ရဲ့ ကျန်းရှီ ဖြစ်နိုင်မလား"

နံရံနားကပ်နေတဲ့ ဖန်ကျန်းရှီကတော့ ရုတ်တရက် ချွေးစေးတွေတောင်ထွက်လာတော့တယ်။ မာတာမိခင်ကိုလှည့်စားဖို့က ခက်လိုက်တာနော်။

------------

ချီရှင်းလိန်နဲ့ ဖန်ဟို့ဒဲ တို့ အိမ်ပြန်ရောက်တဲ့ အချ်န်မှာတော့ သူတို့ရဲ့ သားရတနာလေး ဖန်ကျန်းရှီက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေပြီလေ။ သူတို့ရဲ့ သားရတနာလေးကို ကြည့်လိုက်ပြီးမှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြုံးလိုက်ကြတော့တယ်။

သူတို့ အပြင်ပြန်ထွက်သွားကြတာနဲ့ ဖန်ကျန်းရှီက သူ့အိပ်ယာဘေးက ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ကြယ်တွေစုံလှတဲ့ ကောင်းကင်ကိုကြည့်နေတော့တယ်။ သူ့စိတ်ထဲမှာတော့ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးနေမိတော့တယ်။

တကယ်ပဲ အရာအားလုံးဖြစ်တည်ပုံဖော်မှုကိုဖြေရှင်းတာ တကယ်ပဲ သူလား။

လူရဲ့ အသိဉာဏ်က အဆုံးမရှိဘူး။ ယင် ယန်။ အသက်အောင့်ထားလိုက်ရင်း သူ့ကိုယ်တွင်း "ချီ" တွေ လည်ပတ်နေမှုကို အသက်ပြင်းပြင်းရှူလိုက်ရင်း လည်ပတ်စေလိုက်တယ်။

ညတစ်ညတည်းမှာပဲ ဖန်ကျန်းရှီဟာ "စကြဝဠာ" "ချီ" နဲ့ "စိတ်စွမ်းအား" တွေ စပ်ဆက်နေပုံကို သူလေးလေးနက်နက် တွေးကြည့်ပြီး သူနားလည်သွာူတာ ရှိတယ်။

စိတ်စွမ်းအား ဟာ လေ ထဲကနေ လာတယ်။

တခြားနည်းကို ထပ်စဉ်းစားလို့မရတော့တာကြောင့် သူလက်လျှော့လိုက်တော့တယ်။

"ငါ့ကြက် ဘယ်မှာလဲ? ကြက်တစ်ကောင် ဘာလို့ ထပ်ပျောက်နေတာလဲ?" ဖန်ကျန်းရှီ အိပ်တော့မယ့်အချိန်မှာပဲ ဘေးအိမ်က အော်သံကျယ်ကြီးဟာ တိတ်ဆိတ်နေတဲ့ လေထုကို ဖြိုခွင်းပြန်တယ်။

ဖန်ကျန်းရှီကတော့ နှုတ်ခမ်းတွေတွန့်ကွေးနေအောင်ပြုံးလိုက်ပြီး စောင်ကို ခေါင်းထိခြုံကာ ကွေးကွေးကလေး အိပ်တော့တယ်။

-----------

ဆယ်ရက်ကြာပြီးနောက် စစ်သည်၁၀ဦးကျော်ပါတဲ့ မြင်းလှည်းလုံး၂စီးနဲ့ အဖွဲ့ဟာ တောင်ဘက်တောင်ရွာကို ရောက်ရှိလာတော့တယ်။

သေးငယ်တဲ့ လှည်းအရွယ်အစားကြောင့် ရွာသူကြီးမုန့်ဟာရွာသားတွေကိုခေါ်လိုက်ပြီး နေရာချဖို့အတွက်ကူညီပေးစေတယ်။

တာအိုခန်းမကို တောင်ဘက်တောင်ရွာမှာ ဖွင့်လှစ်ပွဲကျင်းပဖို့ နတ်ဆိုးကျောင်းတော်ရဲ့ အမိန့်အရ လာရောက်ကြတာဖြစ်တယ်။

တောင်ဘက်တောင်ရွာမှာဖွင့်လှစ်လိုက်တဲ့ ခန်းမမှာတော့ သစ်သားနဲ့ထွင်းထားတဲ့ ဆိုင်းဘုတ်ပေါ်မှာ “ နတ်ဆိုးကျောင်းတော်” လို့ အထင်အရှားရေးထိုးထားတော့တယ်။

ဒီကျောင်းတော် ဆိုင်းဘုတ်တင်ပြီးတဲ့ အချိန်မှာတော့ ရွာသူကြီးမုန့်ဟာ လက်တစ်ဖက်မှာ ဝိုင်ခွက် အခြားလက်တစ်ဖက်မှာ ဆေးတံကြီးကိုင်ရင်း ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ မျက်နှာနဲ့ ဟောပြောနေတော့တယ်။

“ ချစ်လှစွာသော ရွာသူရွာသားအပေါင်းတို့ ။ ကြီးမြတ်လှတဲ့ နတ်ဆိုးကျောင်းတော်ဟာဆိုရင်ဖြင့် ငါတို့ရဲ့ တောင်ဘက်တောင်ရွာမှာ တာအိုခန်းမကို ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။ တာအိုနိယာမကို နားလည်တဲ့ ကြီးမြတ်လှတဲ့ သူရဲကောင်းတွေပေါ်ပေါက်လာဖို့ ယနေ့မှစပြီး အခွင့်အလမ်းတွေ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်…။”

ရွာလူကြီးမုန့်ရဲ့ မိန့်ခွန်းပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ဘေးက လူနှစ်ယောက် က ဆက်ပြီးဟောပြောကြတော့တယ်။

ဖန်ကျန်းရှီကတော့ ဒါက အချိန်တွေကို သက်သက်မဲ့ ဖြုန်းနေတာလို့ပဲ မြင်တယ်။ ကံကောင်းစွာနဲ့ပဲ စကားစ မြန်မြန်ပြတ်သွားတာ တော်ပါသေးတယ်။

နောက်ဆုံးတော့ စားသောက်ပွဲကြီးစပါပြီ။

မြောက်များလှစွာသော စားပွဲတွေကို ပတ်ဝိုင်းပြီးထိုင်နေကြတဲ့ ပျော်ရွှင်နေဟန်တူတဲ့ ရွာသားတွေက ဝိုင်ကို နှစ်ခြိုက်စွာသောက်နေကြတော့တယ်။ တခြားတစ်ဖက်နှာတော့ ရွာသားတွေကို သူထိုင်နေတဲ့ ခုံကနေ လှမ်းကြည့်ရင်း အတွေးလွန်နေတော့တယ်။

“ ဦးဦး သားကို လူတစ်ယောက်က မေးခွန်းမေးတယ်။ ခြေထောက်တွေရှိတယ် ဒါပေမယ့် လမ်းလျှောက်လို့ မရဘူး။ အဲ့တာဘာလဲ သိလား။”

ဒါကို ကြားပြီးတဲ့နောက် ရွာသားတွေက စတင်ပြီး တွေဝေလာတော့တယ်။

ခြေထောက်ရှိပေမယ့် လမ်းလျှောက်မရဘူး။

“မြစ်ထဲက ငါးလား”

“ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါးမှာ ခြေထောက်အစား အမြီး ရှိတယ်လေ။”

အဖြေတွေ တစ်ခုပြီးတစ်ခုအော်ဖြေသံတွေထွက်လာတော့တယ်။ ရွာသားတွေရဲ့ အာရုံက မေးခွန်းကို ပိုပိုပြီး အာရုံစိုက်ကြတယ်။ တချို့ ရွာသားတွေကတော့ အဖြေက ဘာဖြစ်နိုင်မလဲဆိုတာ အတွေးနက်နေကြတဲ့ပုံပါပဲ။

တခြားတစ်ဖက်မှာတော့ ဖန်ကျန်းရှီ…

စားပွဲပေါ်က စားစရာ မှန်သမျှကို ပါးစပ်ထဲ ထိုးသိပ်သိမ်းကျုံးထဲ့နေတယ်လေ။

စားသောက်ပွဲက ပြီးသွားပေမယ့် ရွာသားတွေကတော့ မေးခွန်း အမေးအဖြေနဲ့ အရူးလုပ်ခံနေရတုန်းပါပဲ။ ရွာသားတွေ ထွက်သွားတဲ့ အချိန်မှာတော့ အမျိုးသမီးတွေက ရှင်းလင်းးးရေးစကြတော့တယ်။

“ ဖန်ကျန်းရှီ။ တူတူပုန်းတမ်း ကစားကြရအောင်”

“ မကစားချင်ဘူး”

နှပ်ချေး တွဲလောင်းနဲ့ ကောင်ငယ်လေးရဲ့ ဖိတ်ကြားချက်ကို ဖန်ကျန်းရှီက ချက်ချင်း ငြင်းလိုက်တယ်။

“ ဖန်ကျန်းရှီ ရေသွားကူးရအောင်”

“ မင်းအစ်မကြီးကော သွားလား”

“ ငါ့ အစ်မကြီးက စားပွဲတွေ ရှင်းနေတယ်”

“ ဒါဆို ငါမသွားတော့ဘူး”

“…”

ရွာစားသောက်ပွဲမှာ စားပွဲတစ်ခုလုံးနီးပါး ဗိုက်ထဲ ထဲ့လာခဲ့ပြီး အိမ်ကို ပြန်လာခဲ့တော့တယ်။”

သူအိမ်ကို ရောက်ရောက်ချင်းပဲ သူ့ အမေ ချီရှင်းလိန်ရဲ့ အော်သံကို ကြားလိုက်ရတော့တယ်။ ဖန်ကျန်းရှီ အိပ်ယာထဲတောင် မလှဲရသေးခင် အချိန်မှာပေ့ါ။”

“ ကျန်းရှီ အဖေ။ ကျန်းရှီ အဖေရေ။ အံ့သြစရာပဲ။ အံ့သြစရာပဲ။

အပိုင်း (၁၆) ပြီး၏။

အပိုင်း (၁၇)

“စိတ်နှလုံး တင်းကျပ်မှု”

“ အံ့သြဖွယ်။ ငါ့မှာ ညီမလေး ရတော့မှာများလား။” ဖန်ကျန်းရှီက နံရံကို နားနဲ့ ဖိကပ်ရင်း နားထောင်နေမိတယ်။

အဲ့ဒီ့နောက်မှာတော့ အံ့သြဖွယ်ဆိုတာ တာအိုခန်းမ ဖွင့်တော့မယ်ဆိုတဲ့ အကြောင်းဖြစ်နေတယ်။ နောက်ပြီး ၉ယောက်မြောက် အဖွဲ့ဝင် ကို လက်ခံမယ်ဆိုတဲ့ သတင်းဖြစ်နေတယ်။ နောက်ပြီး အသက်ကတော့ ၆နှစ်ကနေ ၈နှစ်ကြားရှိရမယ်။

“ အဒေါ်လီက အကြိုစာမေးပွဲမှာလိုပဲ ရွာသူကြီးကို လာဘ်ထိုးအုန်းမှာပဲ။”

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါတို့ ရွာသူကြီးက သမာသမတ်ရှိတဲ့သူပါ။” ကျန်းရှီ အဖေက ငြင်းလိုက်တယ်။

“ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် အခွင့်အရေးကတော့ ကျန်းရှီ အတွက်ပဲ ဖြစ်ရမယ်။ ဒီည ရွာသူကြီး မုန့်ပိုင်ဆီသွားပြီး ရှင်းလင်းအောင်ပြောရမယ်။”

“ ဒါ… ကောင်းပြီလေ”

ဘာအမှားမှ မလုပ်ထားပဲနဲ့ ဖန်ကျန်းရှီခမျာတော့ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ပြန်ပြီ။ ငွေလရောင်အောက်မှာ ကြယ်တွေကို ရေတွက်ရင်းနဲ့ ညကို ကုန်ဆုံးခဲ့ပြန်တယ်။

-------------

သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ အချိန်မှာတော့ ငိုသံတိုးတိုးလေး တစ်ခုကြောင့် နိုးလာတော့တယ်။

တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး ကြည့်လိုက်တော့ ငိုနေတဲ့ သူ့ အမေနဲ့ နှစ်သိမ့်စကားပြောနေတဲ့ သူ့အဖေတို့ကို တွေ့လိုက်ရတော့တယ်။

“ဘာကြောင့်လဲ။ ဘာကြောင့် ဒါကို လီမိသားစုဆီ ပေးလိုက်ရတာလဲ။”

“ ရွာသူကြီး ဒီလိုလုပ်တာ နောက်မှာ အကြောင်းရင်းရှိမှာပါ။ ” ဖန်ဟို့ဒဲက ငြင်ငြင်သာသာလေးရှင်းပြတယ်။

“ အကြောင်းရင်းဟုတ်လား။ လီကျွမ်းစီက ၂၅ ကီလို အိုးကို မ နိုင်တာနဲ့ပဲ တာအိုနိယာမ စာမေးပွဲကို အောင်ပြီထင်နေတာလား။ ဒါကြောင့် ရွာသူကြီးက လီမိသားစု ဆီက မျက်နှာသာပေးတာ ခံရအောင် ကြိုးစားနေတာ။”

“ ဒါပေမယ့် လီကျွမ်းစီက ငါတို့ ရွာရဲ့ အကြီးမားဆုံးမျှော်လင့်ချက်ကြီးပဲ။”

“ ငါ ဂရုမစိုက်ဘူး။ လီကျွမ်းစီက လီကျွမ်းစီ။ လီဟူအာ က လီဟူအာ။ ငါတို့ ကျန်းရှီက လီဟူအာထက် ဘယ်လိုဖြစ်ဖြစ်သာတယ်။ ဒါ့အပြင် လီဟူအာက အကြို စာမေးပွဲကို တောင် မအောင်ဘဲနဲ့။”

“ အာ့”

စိတ်ပျက်လက်ပျက်နဲ့ ချီရှင်းလိန်ဟာ ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုကြွေးတော့တယ်။

နာရီ အနည်းငယ်ကြာတဲ့ အထိ ချီရှင်းလိန်က ငိုကြွေးနေခဲ့တယ်။ ဖန်ကျန်းရှီကတော့ ပဟေဠိအပိုင်းအစတွေကို ဆက်စပ်ရင်းအဖြေထုတ်နေတော့တယ်။

အခွင့်အရေးကို ရွာသူကြီးက လီဟူအာကို ပေးလိုက်တယ်။

ကောင်းပြီလေ။

တာအိုခန်းမထဲ ဝင်ဖို့ ဘယ်နားမှာမှ အခွင့်အရေးမရှိတော့ဘူး။ ဖန်ကျန်းရှီက ကောင်းကင်ကြီးကို ကြည့်ရင်းလေးလေးနက်နက် စဉ်စားနေတော့တယ်။ တာအို ခန်းမကို သူဝင်ခွင့် မရတော့ဘူးဆိုရင် တခြားနည်းလမ်းကို သူစဉ်းစားရတော့မယ်။

အမှန်တကယ်ကတော့ ဖန်ကျန်းရှီက တာအို ခန်းမကို ဝင်ခွင့်ရမရဆိုတာ သူ့အတွက် အရေးမကြီးပါဘူး။

သူလိုအပ်တာကတော့ သူစာဖတ်တတ်တယ်ဆိုတာ ရွာသားတွေ ယုံကြည်လက်ခံလာအောင်လုပ်ဖို့ပဲ။ ဒါမှ သူစာဖတ်တတ်တယ်လို့ပြောရင် မလှောင်ရယ်ကြတော့မှာ။

ရွာတစ်ရွာလုံးကို သူ စာဖတ်တတ်ကြောင်းပြမယ်။ အကြံဉာဏ်တစ်ခုဟာ ရုတ်တရက် ခေါင်းထဲကနေ ပေါ်လာတော့တယ်။ ။

”မေမေ သား တာအိုခန်းမကို မဝင်ရရင်တောင် သား စာသင်နိုင်ပါတယ်။”

“ တာအို ခန်းမကို မဝင်ဘဲနဲ့ ကိုယ့်ဘာကိုယ် စာသင်မယ်။ ” ဧည့်ခန်းမှာ ထိုင်ပြီး တရှုံ့ရှုံ့ ငိုနေတဲ့ ချီရှင်းလိန်က ဖန်ကျန်းရှီပြောသံကို ကြားလိုက်ရတော့ မျက်ရည်စတွေကို သူမရဲ့ အင်္ကျ ီ လက်နဲ့ သုတ်လိုက်တယ်။

“ ဘယ်ချိန်တည်းက ကျန်းရှီနိုးနေတာလဲ…” တံခါးဝမှာ ရပ်နေတဲ့ ဖန်ဟို့ဒဲက သူ့သားရတနာဆီလျှောက်လာတော့တယ်။

“ အာ့။ ကျန်းရှီ သားလေးဆာနေပြီလား။ မေမေ သားအတွက် အရသာရှိတာလေးတွေ ချက်ပေးမယ်။ ” ချီရှင်းလိန်က ဖန်ကျန်းရှီကို ပြုံးပြလိုက်ပြီး သူမရဲ့ လက်မောင်းတွေနဲ့ ဖက်ထားလိုက်တော့တယ်။

နွေးထွေးနူးညံ့မှုကို ခံစားပြီးတဲ့နောက် ဖန်ကျန်းရှီတွေးမိလိုက်တယ် “ မိဘတွေက သူတို့ရဲ့ ဝမ်းနည်းမှုကို သားသမီးတွေကို ထုတ်ဖော်မပြတတ်ကြဘူး”

“ သားလိမ္မာလေး ကျန်းရှီ…” ချီရှင်းလိန်က တီးတိုး ပြောရင်းနဲ့ သူ့ကိုသူ မထိန်းနိုင်ဘဲ တသိမ့်သိမ့် ရှိုက်ငိုပြန်တော့တယ်။

………

နောက် ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ဖန်ကျန်းရှီ သူ့ အဖေပျောက်နေတာကို သတိထားမိသွားတယ်။ သူ့အမေကို မေးကြည့်တော့လည်း ခရီးထွက်နေတယ်ဆိုတာက လွဲပြီး တခြားအဖြေကို မသိရဘူး။

တချိန်တည်းမှာပဲ တောင်ဘက်တောင်ရွာက အိမ်တော်ကြီးမှာ ဘာတွေဖြစ်ပျက်နေပါသလဲ…။

ပန်းနုရောင် ဝတ်စုံကို ဝတ်ထားတဲ့ လိုလီတာကတော့ သူမရဲ့ ကြယ်လို လလို တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ လက်ထဲက စာရွက်ကို စိုက်ကြည့်နေပါတော့တယ်။

“လီဟူအာ အသက် ၆နှစ်။ ဒီ ခွေးကောင်စုတ်လေးရဲ့ နာမည်က တကယ့်ကို ကြောက်စရာပဲ။”

သူမရဲ့ လက်ကို ဝေ့ယမ်းလိုက်တော့ လက်ထဲက စာရွက်ဟာ မီးဖိုထဲကို လွှင့်စင်ကျသွားတော့တယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ စားပွဲခုံပေါ်မှာ စာ စတင်ရေးတော့တယ်။

“ဒီကို လာခဲ့” သူမရေးသားပြီးတဲ့ အချိန်မှာတော့ သက်ပြင်းဖွဖွချရင်းပြောလိုက်တော့တယ်။

“ သခင်မလေး အမိန့်ရှိပါ။” စစ်သည်တစ်ဦးက ဒူးထောက်ရင်း ပြောလိုက်တယ်။

“ဒီမေးခွန်းကို တောက်ဘက်တောင်ရွာက တာအိုခန်းမဆီကို ပို့လိုက် လီဟူအာလို့ခေါ်တဲ့ ၆နှစ်သားဆီ စမ်းသပ်ချက်လုပ်ခိုင်းလိုက်” လိုလီတာက သူမရေးထားတဲ့ စာကို ပေးလိုက်ပြီးပြောလိုက်တော့တယ်။

စစ်သည်ဟာတော့ စာကို ယူလိုက်ပြီး ထွက်သွားတော့တယ်။ သူ့လက်ထဲက စာကို ကြည့်ရင်း စစ်သည်ဟာ အံ့သြနေမိတယ်။

“ ၆နှစ်သား။” စစ်သည်ဟာ သူကြားခဲ့ရတာကို သေချာမှတ်သားလိုက်တယ်။

“ အကယ်ရွေ့ လီဟူအာသာ ဒီမေးခွန်းကို ဖြေနိုင်ရင် ရွာဘေးက လျှိုထဲပစ်ချလိုက်ပြီး ခက်ခက်ခဲခဲ ပြန်တက်ရအောင် လုပ်လိုက် ဒါပေမယ့် အသက်အန္တရာယ်တော့ မဖြစ်စေနဲ့။ မဖြေနိုင်ရင်တော့ ကြိမ်ဒဏ် ၁၀ချက် ပေးလိုက် ”

“ အမိန့်အတိုင်းပါ သခင်မလေး” စစ်သည်ဟာ စာကိုယူပြီး ထွက်ခွာသွားတော့တယ်။

အခန်းထဲက ထွက်သွားရင်း စာမှာ ရေးထားတဲ့ လီဟူအာဆိုတဲ့ နာမည်ကို ကြည့်ရင်း ဒီ ၆နှစ်သားအတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသွားတယ်။

ပို အရေးကြီးတာကတော့ လီဟူအာ မေးခွန်းကို ဖြေသည်ဖြစ်စေ မဖြေသည် ဖြစ်စေ အပြစ်ဒဏ်ကတော့ လွတ်ကင်းမှာ မဟုတ်ဘူး။

စစ်သည် ထွက်ခွာသွားပြီးနောက်မှာတော့ လိုလီတာက စစ်နည်းဗျုဟာ စာအုပ်တစ်အုပ်ကို ကိုင်ရင်း လမ်းထွက်လျှောက်တော့တယ်။

“ အကယ်ရွေ့ ဒီ်ကောင်စုတ်လေးကသာ တကယ်ပဲ အရာအားလုံးဖြစ်တည်ပုံဖော်မှုကို ဖြေရှင်းခဲ့တာဆိုရင် ဒီမေးခွန်းလေးက အခက်အခဲဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့သာ ဖြေနိုင်ခဲ့မယ်ဆိုရင်တော့ သူ့ကို နတ်ဆိုးကျောင်းတော်ဆီကို ဖိတ်ခေါ်ပြီး နေ့တိုင်းစောင့်ကြည့်ရမယ်။ ဟွန့် ဘယ်သူက ပိုတော်လဲဆိုတာကြည့်ရသေးတာပေါ့။”

ဒီနေ့မှာတော့ တောင်ဘက်တောင်ရွာဟာ သိပ်ကို လှုပ်ရှားတက်ကြွနေပါတော့တယ်။ တာအိုခန်းမ ပြင်ဆင်ဖို့အတွက်ကို လှုပ်ရှားနေကြတာပဲဖြစ်တယ်။ ဒါဟာ ညီညွတ်မှုရဲ့ အင်အားပါပဲ။

တံခါးကို လည်း အခိုင်အခံ့ ပြင်ဆင်ပြီးတော့ “တာအိုခန်းမ”ဆိုတဲ့ စာလုံးတွေကို အသေအချာ ရေးထွင်းနေပါတော့တယ်။ အနီရောင် ဆိုင်းဘုတ်ဟာ ဝံ့ဝံ့ကြွားကြွားနဲ့ ထည်ဝါနေပါတော့တယ်။

ခန်းမထဲမှာတော့ ကွင်းပြင်လေး ၄ခု။ သင်ကြားခန်း ၂ခု။ အနားယူခန်း ၁ ခု တို့ပါဝင်ပါတယ်။

ဖန်ကျန်းရှီက ဒီခန်းမထဲကို ဝင်ခွင့်ရသူထဲ မပါပေမယ့် သူ့မှာ တာအိုခန်းမ တည်ဆောက်ချိန်မှာ ဝတ်စုံပြည့်ဝတ်ဆင်ထားသူ ၂ဦးက စုတ်တံ အသေးလေးတွေနဲ့ ရေးဆွဲနေကြတာကို တော့ ရိုးတိုး ရိပ်တိတ်မြင်မိလိုက်တယ်။

တခြားအရာတွေထက် တာအိုခန်းမရဲ့ အပြင်ဘက်မှာ စာလုံးအနက်နဲ့ ကြီးမားစွာ ရေးသားထားတာ ကို တွေ့လိုက်ရတယ်။

ယနေ့ သင်ခန်းစာ “ အခြေခံတာအို နိယာမနှင့် ဂန္တဝင် နည်း ၃ သွယ်”

စဉ်းစားစမ်း စဉ်းစားစမ်း… ဖန်းကျန်းရှီရဲ့ စိတ်ထဲမှာ အရင်ဘဝတုန်းက သင်ခဲ့သမျှ စာတွေ ပြန်ရောက်လာတော့တယ်။ “ လူတွေက မွေးလာတည်းက သဘာဝက ကောင်းကြတယ်။ သူတို့ရဲ့ သဘာဝဟာ ရိုးရှင်းတယ်။ သူတို့ရဲ့ အကျင့်စရိုက်တွေက မတူ ကွဲပြားကြတယ်။”

ဖန်ကျန်းရှီကတော့ တာအိုခန်းမကို မဝင်ရတာက ဆိုးတဲ့ ကိစ္စမဟုတ်ဘူး လို့ ထင်လာမိတယ်။ တကယ်တမ်းတော့ ဂန္တဝင် နည်း ၃သွယ်ဆိုတာ လူသားတွေ အကြောင်းပဲလေ။

တာအိုခန်းမရဲ့ ပထမ အသုတ်က ထင်ထားတာထက် ပိုပြီးတော့ အာရုံစိုက်ခံရတယ်။

တောင်ဘက်တောင်ရွာသားတွေက တာအိုခန်းမနားမှာ ရပ်ရင်း ဂုဏ်ပြုစကားတွေကို တဖွဖွနဲ့ ပြောနေကြတော့တယ်။

ရွာသူကြီး မုန့်ပိုင်ကတော့ သူ့ရဲ့ မြေးလေး မုန့်ကျန်းရှန်း အတွက်ရော လီကျွမ်းစီနဲက လီဟူအာ အတွက်ပါ ဆုမွန်ကောင်းတောင်းပေးနေတယ်။

ဖန်ကျန်းရှီက လီဟူအာကို အာရုံစိုက်နေသလို လီဟူအာကလည်း ဖန်ကျန်းရှီကို စိုက်ကြည့်နေတော့တယ်။

သူတို့ရဲ့ အမူအယာကလည်း လုံးဝကို ကွဲပြားကြတယ်။

ဖန်ကျန်းရှီရဲ့ အမူအယာကတော့ လုံးဝကို အေးစက်နေပြီး ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ ဖြာထွက်နေတော့တယ်။

တခြားတစ်ဖက်က လီဟူအာကတော့ လက်မောင်းကို ကွေးညွတ်ပြရင်း သူဘယ်လောက် သန်မာကြောင်း ဖန်ကျန်းရှီကို ဂုဏ်ယူဝံ့ကြွားစွာ ပြနေတော့တယ်။ အမူအယာကို စကားနဲ့ပြောရရင်တော့ “ ငါ့ကို ကြည့်စမ်းပါ။ ဒီသခင်လေးက တာအိုခန်းမကို ဝင်ခွင့်ရပြီ။”

တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီရဲ့ ပုခုံးကို တစ်စုံတစ်ယောက်က လာထိတွေ့တာကို ခံစားလိုက်ရတော့တယ်။

သူလှည့်ကြည့်လိုက်တော့ ရက်အတော်ကြာကြာပျောက်နေတဲ့ သူ့ အဖေ ဖန်ဟို့ဒဲ ။ တစ်ခုထူးဆန်းနေတာက သူ့အဖေဝတ်ထားတဲ့ အဝတ်အစားမှာ ဖုန်တွေ အတော်လေးကို ကပ်တင်နေပြီးတော့ အဖိုးတန် ရတနာ တစ်ခုခု ရှာတွေ့ လာသလိုမျိုး ပြုံးရွှင်နေတယ်။

“ ကျန်းရှီ အဖေ ဘာယူလာတယ်ဆိုတာ ခန့်မှန်းကြည့်ကြည့်”

အပိုင်း (၁၇) ပြီး၏။

အပိုင်း (၁၈)

“ကံတရား”

သူ့ဘေးကနေဖြတ်သွားရင်း စပ်စုနေကြတဲ့ လူတွေကို လျစ်လျုရှုပြီး သူ့ရဲ့ ဘယ်ဘက်လက်ထဲက အဝါရောင် စက္ကူ နဲ့ထုပ်ထားတဲ့ အရာကို ကျစ်ကျစ်ပါအောင် ထုပ်ထားလိုက်တယ်။

ဖန်ကျန်းရှီ ရုတ်တရက် ဖိအားတစ်ခုကို ခံစားလိုက်ရတယ်။ စာအုပ်အဖုံးပေါ်မှာရေးထားတာက "အခြေခံတာအိုနိယာမနှင့် ဂန္တဝင်နည်းလမ်း (3)သွယ်။ "

"ဟ ဟ ဒီ ဖန်အိမ်က အဖိုးကြီးက ဘာသယ်လာတာလဲ? ငါမြင်တာ မမှားရင် အဲ့တာ စာအုပ်တစ်အုပ်ပဲ။ "

"ရက်တော်တော်ကြာကြာ ပျောက်နေတာ အံ့သြစရာမရှိပါဘူး။ မြို့တက်ပြီး သူ့သား ကျန်းရှီအတွက် စာအုပ်ရှာနေတာဖြစ်မယ်။ ဒါပေမယ့် ကျန်းရှီက စာအုပ်ထဲက စာတစ်လုံးကိုတောင် ဖတ်နိုင်လို့လား?"

"ဆရာမရှိပဲနဲ့ ဒီကလေးက စာဖတ်နိုင်မှာလား။ မဖြစ်နိုင်တာတွေ။ "

ဖန်ဟို့ဒဲရဲ့ အိပ်ထဲက ဆွဲထုတ်လာတဲ့ စာအုပ်ကိုမြင်ပြီးတဲ့နောက်မှာတော့ ရွာသားတွေရဲ့စကားသံတွေက ပျံ့နှံ့လာတော့တယ်။

"ဖန်ဟို့ဒဲ နင်ဘာတွေတွေးနေတာလဲ? ကျန်းရှီကတော့ လိမ္မာတဲ့ ကလေးလေးပါ။ ဒါပေမယ့်လည်း ကံတရားကို ကောင်းကင်ဘုံက သတ်မှတ်ထားပြီးသားလေ။ တချို့သူတွေက အောင်မြင်ဖို့ ကံပါလာပေမယ့် တချို့သူတွေကတော့ တစ်ဘဝလုံး အမဲလိုက်သမားအဖြစ်ရှင်သန်ကြရတယ်။ ဒီကံက ပြောင်းလဲလို့မရဘူး။"ရွာသူကြီးမုန့်က သက်ပြင်းချလိုက်ပြီးတော့ ဖြည်းဖြည်းချင်း ပြောလိုက်တော့တယ်။

ဖန်ဟို့ဒဲရဲ့ နှုတ်ခမ်းတွေကတော့ တွန့်ကွေးသွားပြီး ဘာစကားမှ မပြောတော့ပဲ ဖန်ကျန်းရှီကိုသာ စာအုပ်ပေးလိုက်တော့တယ်။

အကြည့်တွေနဲ့ လူကြီးတွေရဲ့ စကားကို ကြားပြီးတဲ့နောက်မှာတော့ သူ့ရှေ့မှာရှိနေတဲ့ “ အခြေခံ တာအိုနိယာမနဲ့ ဂန္တဝင် နည်း ၃သွယ်” က ဒီလောကမှာ အဖိုးအတန်ဆုံးစာအုပ်တစ်အုပ်ပဲ ဖြစ်လိမ့်မယ် ဆိုတာ သူ ခန့်မှန်းမိသွားတယ်။

ကောင်းပြီလေ။ အဲ့ဒီတော့ သူ တစ်ခုခု လုပ်ဖို့ လိုအပ်နေပြီ။

“ ဖေဖေ့ကို ကျေးဇူးတင်ပါတယ်။” ဖန်ကျန်းရှီက စာအုပ်ကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ယူလိုက်ရင်းနဲ့ ပြောလိုက်တော့တယ်။

“like like like ”

ဒီအချိန်မှာပဲ မြေပြင်ပေါ်ကို ဆင်းသက်လာတဲ့ ခွာသံတွေကို ကြားလိုက်ရတော့တယ်။

“နှင်းမဟူရာ မြင်းပျံတွေ”

“မြန်မြန် မြန်မြန်ကြည့်ကြအုန်း။ နတ်ဆိုးကျောင်းတော်က အနီရောင် တပ်ဖွဲ့ တံဆိပ်”

ရွာသားတွေက နှင်းမဟူရာမြင်းပျံ၅ကောင်နဲ့ ဆင်းသက်လာတဲ့ စစ်သည်တော်တွေဆီကို အာရုံရောက်သွားကြပါတော့တယ်။

ရွာသူကြီးမုန့်ပိုင်ကလည်း ငေးစိုက်ကြည့်နေပါတယ်။

ဒီမှာ တာအိုခန်းမ ဖွင့်လှစ်တာ ရက်အနည်းငယ်ပဲ ရှိသေးပင်မယ့် နတ်ဆိုးကျောင်းတော်က ဒီကို လူတောင်လွှတ်နေပြီ။ ဒီအခြေအနေအရဆို သူတို့ တောင်ဘက်တောင်ရွာအပေါ် မျှော်လင့်ချက်ရှိလိမ့်မယ်လို့ ယူဆရမယ်။

“ ရွာသူကြီးမုန့် နှုတ်ခွန်းဆက်ပါတယ်။” လူအုပ်ရှေ့ကို ထွက်ရပ်ရင်း ရွာသူကြီးမုန့်ဟာ စစ်သည်တွေကို အရိုအသေ ပေးလိုက်တော့တယ်။

“ တာအိုခန်းမကို ဝင်ခွင့်ရတဲ့ ၆နှစ် အရွယ် ကလေး ရှိလား။”

“ လီဟူအာကို ပြောတာလား။”

ရောက်နေကြတဲ့ ရွာသားတွေအကုန်လုံးဟာတော့ မနာလို စိတ်ပျက်မှုကြောင့် ရှုံ့မဲ့ နေကြပါတယ်။

နတ်ဆိုးကျောင်းတော်က ဒီလို အထူးစစ်သည်တွေ ပို့ပြီးတော့တောင် လီဟူအာကို ရှာခိုင်းတယ်။ တခါမှ မကြားဖူးတာတွေ ။ နတ်ဆိုးကျောင်းတော်က သူ့ကို အထူးသင်ကြားပေးချင်တာလား။

ရွာသူကြီး မုန့် ဟာလည်း အနည်းငယ်တော့ ထိတ်လန့်သွားပြီး တချိန်တည်းမှာပဲ စိတ်ပျက်သွားမိတယ်။

ဘာလို့ နတ်ဆိုးကျောင်းတော်က လီဟူအာကို ခေါ်ရတာလဲ။ သူ့မြေး မုန့်ကျန်းရှန်းကို က ဘာလို့ မခေါ်ရတာလဲ။

သူ့ရဲ့ စိတ်ပျက်သွားတာကို ဖုံးကွယ်ရင်း ရွာသူကြီးမုန့်ဟာ သူ့ဘေးမှာရပ်နေတဲ့ ဖန်ဟို့ဒဲနဲ့ ဖန်ကျန်းရှီတို့သား အဖကို ကြည့်လိုက်ရင်းတယ်။ သူ့အကြည့်ကို အဓိပ္မာယ်ဖွင့်ရရင်တော့ “ ကြည့်စမ်း ဒါကို ကံတရားလို့ခေါ်တယ်။”

ကံတရားကို ကောင်းကင်ဘုံက သတ်မှတ်ထားတာမဟုတ်ဘူးလို့ ဘယ်သူ စောဒက တက်ရဲမှာလဲ။

“ စစ်သည်တော်ကြီးများ ခင်ဗျာ ကျွန်တော့် သားအတွက် ဘာများ အမိန့်ပါတာလဲ သိပါရစေ။”

“ သခင်မလေးက လီဟူအာကို သီးသန့် မေးခွန်းတစ်ခု ပေးလိုက်တာပါ။” စစ်သည်ခေါင်းဆောင်ဟာ ပြန်ဖြေရင်းနဲ့ စာရွက်ဖြူတစ်ရွက်ကို ပေးလိုက်တယ်။

“ မိုးနတ်မင်းရေ… နတ်ဆိုးကျောင်းတော်က မင်းသမီးလေးက လီဟူအာအတွက် သီးသန့်မေးခွန်းပေးလိုက်တယ်တဲ့။”

“ ဒီ အခွင့်အရေးမျိုးက အရမ်းရှားပါးတယ်။”

“ လီဟူအာမှာ ဒီလို ကံမျိုးရှိနေတာ ဘယ်သူ သိနိုင်မှာလဲ။ ကံကောင်းပြီဆိုရင် ယှဉ်လို့ကို မရတော့ဘူး။”

ရွာသားတွေက စစ်သည်ပြောစကားကို ကြားပြီးတဲ့နောက် လီဟူအာကို အံ့သြတကြီးကြည့်ရင်း တီးတိုးပြောဆိုနေကြတော့တယ်။ သူတို့စိတ်ထဲမှာတော့ တစ်နေ့မှာ အလွန့် အလွန်ကို ကြီးမြတ်လာတော့မယ့် သူတစ်ယောက်ကို မြင်လိုက်ရတဲ့ အလား…။

“ နတ်ဆိုးကျောင်းတော်က မင်းကို အခွင့်အရေးအများကြီးပေးတာပဲ။ ဒါက ချီးမြှင့်မှု တစ်ခုပဲ ဟူအာ ကောင်းကောင်းဖြေနော်။”

“ ဟုတ် အဖြေ” လီဟူအာက ပျော်ရွှင်စွာ ပြန်ဖြေတော့တယ်။ သူ့ မျက်နှာဟာတော့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတော့တယ်။

စစ်သည် ခေါင်းဆောင်ရဲ့ နှုတ်ခမ်းတွေဟာ တွန့်ကွေးသွားပြီးတော့ အပြုံးတစ်ခုဖြစ်ပေါ်လာတော့တယ်။ အခွင့်အရေး။ ချီးမြှင့်မှု ဒါတစ်ခုမှ မဟုတ်ဘူး။ ဒါဟာ တကယ်တမ်းတော့ ကျိန်စာတစ်ခုပဲ။

တွေဝေစောင့်ဆိုင်းနေမှု မရှိဘဲနဲ့ လီဟူအာက စာရွက်ကို ဖွင့်လိုက်တော့တယ်။

လီဟူအာရဲ့ မျက်နှာက အပြုံးဟာ ပျောက်ကွယ်သွားတော့တယ်။ စာရွက်ထဲက မေးခွန်းကို မြင်ပြီးနောက်မှာတော့ သူ လုံးဝကို မူးနောက်သွားတော့တယ်။

ဒါဘာတွေလဲ။ ဘာတစ်ခုမှကို နားမလည်ဘူး။

“ မိုးနတ်မင်းရေ ဒီနေ့မှ ငါတို့ ဟူအာက တာအိုခန်းမကို စဝင်တာလေ။ သူ့ရဲ့ ကိုယ်ခန္ဒာကြံ့ခိုင်မှုကို စမ်းသပ်သင့်တာလေ။ ” စာရွက်ကို မျက်တောင်မခတ်စတမ်းကြည့်နေတဲ့ သူ့သားကို ကြည့်ရင်း လီကျွမ်းစီပါ မူးနောက်လာတော့တယ်…။

အလေးချိန်စီးတဲ့ အိုးကို မခိုင်းတာတို့ ကျောက်တုံးကို မခိုင်းတာတို့ ဖြစ်သင့်တာ မဟုတ်ဘူးလား။ ဒါက မဖြစ်သင့်တာ မဖြစ်သင့်တာ မဟုတ်ဘူးလား။ မြှားပစ်ခိုင်းတာဆိုရင်တောင် တော်သေးတယ်။ ဒီလို နည်းပညာတွေဆိုရင် ပြသနာရှိမှာ မဟုတ်တော့ဘူး။

ဒါပေမယ့် စာပေကတော့……

ဒီလို စာရွက်ပေါ်မှာ ရေးထားတာတွေကတော့ နားမလည်နိုင်စရာပဲ။

“ သခင်မလေးက ဒီမေးခွန်းကို အထူးသီးသန့် ထုတ်ထားတာ။ ဘယ်သူ ပြောင်းလဲဝံ့မှာလဲ။ အဖြေကို ဖြေဖို့သာ ပြင်ပါ။” လီကျွမ်းစီရဲ့ ပြောစကားတွေကို လျစ်လျုရှုရင်း လီဟူအာကို ဖိအားပေးတော့တယ်။

လီဟူအာရဲ့ နဖူးကနေ ချွေးတွေစီးကျလာတော့တယ်။ အဖြေ အဖြေ အဖြေ။ ဘာဖြေရမလဲ။ ဒီမှာရေးထားတာ တစ်လုံးမှတောင် နားမလည်တာကို……

“ ဟူအာ မြန်မြန်ဖြေလိုက်”

“ ဟုတ်တယ် ဖြေလိုက်”

ဘေးနားက ရွာသားတွေကတော့ အတော်လေးကို စိတ်ပူနေကြပါတော့တယ်။ ဒါက တကယ့်ကို ရှားပါးလှတဲ့ အခွင့်အရေးပဲ။ သူသာဖြေနိုင်ခဲ့ရင် နတ်ဆိုးကျောင်းတော်ရဲ့ သတိပြုမှုကို ရရုံသာမက ကံကောင်းရင်တောင် နတ်ဆိုးကျောင်းတော်ရဲ့ ချက်ခြင်းခေါ်သွားတာကို တောင် ခံရနိုင်သေးတယ်။

ဒါသာဖြစ်ခဲ့မယ်ဆိုရင် တောင်ဘက်တောင်ရွာမှာ အံ့ဖွယ်တွေဖြစ်လာတော့မှာပဲ။

ဖန်ကျန်းရှီဟာတော့ ခေါင်းဆောင်ရဲ့ လက်ထဲက စာရွက်ကို ကြည့်လိုက်ပြီးတော့ သူပြုံးမိသွားတော့တယ်။

ဒါတွေက စစ်နည်းဗျုဟာတွေပဲ။ ဒီလိုလီတာဟာလေ ဘယ်လိုတောင် စမ်းသပ်နိုင်ရတာလဲ……

စာရွက်တစ်ခုလုံးက စစ်နည်းဗျုဟာတွေကို ရေးဆွဲထားတာပဲ။ စစ်သူကြီးတွေသုံးတဲ့ စစ်တပ်နေရာချထားရေးနည်းလမ်းတွေ သာမန်စစ်သားတွေတောင်မှ နားလည်နိုင်မှာ မဟုတ်တဲ့ နည်းလမ်းတွေပဲ။

“ ကျွန်တော် … ကျွန်တော်… နားမလည်ဘူး။” ၁၅ မိနစ်ကျော် ကုန်ဆုံးသွားပြီးတဲ့နောက်မှာတော့ လီဟူအာဟာ ကတော့ မေ့လဲမတတ်ခံစားနေရပါပြီ။

ဒီ စာရွက်ထဲပါတဲ့ နည်းဗျုဟာတွေမြင်လိုက်တဲ့အခါမှာတော့ သူ့စိတ်ထဲမှာ သံသယတစ်ခုက မြင့်တက်လာတော့တယ်။

၆နှစ်သားလေးက ဒီလို နည်းဗျုဟာတွေကို ဘယ်လိုသိနိုင်မှာလဲ။ ဒါပေမယ့် သခင်မလေးကလည်း အဓိပ္မာယ်မဲ့တာတွေလုပ်မှာမဟုတ်ဘူး။ ဒါကြောင့် လီဟူအာကိုပဲ လက်ဆောင်ပေးဖို့စီစဉ်ရတော့တယ်။

“ မင်းတကယ်ပဲ မဖြေနိုင်ဘူးလား” စစ်သည်ခေါင်းဆောင်ကမေးလိုက်တယ်။

“ဟုတ် … ဟုတ်…” လီဟူအာက ဖြူဖျော့နေတဲ့ မျက်နှာ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်တယ်။

အပိုင်း (၁၈)ပြီး၏။

အပိုင်း(၁၉)

“ပျိုးပင်ပျိုးခြင်း”

“ကြိမ်ဒဏ် ၁၀ချက် ပေးစေ” စစ်သည်အုပ်စုရဲ့ခေါင်းဆောင်ဟာ လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်တော့တယ်။ စစ်သည်တွေဟာတော့ လီဟူအာကို ဆွဲလာကာ မြေပြင်ပေါ် ဖိလိုက်ကြပြီး ကြိမ်ဒဏ်ပေးဖို့ပြင်ဆင်ကြတော့တယ်။

ရွာသူကြီး မုန့်နဲ့ လီကျွမ်းစီတို့ဟာတော့ အံ့သြချိန်တောင် မရလိုက်ပါဘူး။ ဘာတွေဖြစ်ကုန်တာလဲဆိုတာ တွေးချိန်တောင် မရလိုက်ပါဘူး။ ဒါဘာတွေဖြစ်ကုန်တာလဲ။ ကြိမ်ဒဏ် … ၁၀ ချက်။

“စေတာ့”

စစ်သည်တွေဟာ ချက်ချင်းလက်ငင်း ကြိမ်တုတ်တွေကို မြှောက်လိုက်ကြပြီး လီဟူအာရဲ့ တင်ပါးကို နာနာလေး ရိုက်ကြတော့တယ်။

လီဟူအာရဲ့ မျက်နှာကတော့ နာကျင်မှုကြောင့် ရှုံ့မဲ့နေတော့တယ်။

“ ဝါးးး…”

လီဟူအာ စတင် ငို ကြွေးတော့တယ်။

“ရပ်ကြပါအုန်း… ရပ်ကြပါအုန်း…”

လီကျွမ်းစီ သူ့သားအတွက် အသနားခံဖို့သတိရတဲ့အချိန်မှာတော့ ကြိမ်ဒဏ် ၁၀ချက် ပြီးသွားခဲ့ပြီဖြစ်တယ်။

“ နေရာပြန်ယူကြတော့” စစ်သည်ခေါင်းဆောင်ဟာ မြေပြင်ပေါ်မှာ လဲလျောင်းနေရှာတဲ့ လီဟူအာကိုကြည့်လိုက်ပြီး သူ့ခေါင်းကို ခါယမ်းရင်း သက်ပြင်းချလိုက်မိတော့တယ်။ သူ့ရဲ့ စီးတော်ယာဉ်ကို နေရာအနည်းငယ်ရွေ့လိုက်ပြီး စစ်သည်တွေကို နေရာပြန်ယူစေလိုက်တော့တယ်။

မြေပြင်ပေါ်မှာ လှဲလျောင်းနေတဲ့လီဟူအာကို ကြည့်ရင်း တော်တော်လေးကို ထိတ်လန့်နေကြတယ်။ သူတို့ မနာလို အားကျနေကြတဲ့ လီဟူအာရဲ့ ကံတရားဟာ စက္ကန့် အနည်းငယ်အတွင်းမှာပဲ တွားသွားနေရတဲ့ ကံဖြစ်သွားတယ်။

ဒါတွေဖြစ်ပျက်သွားတာက အရမ်းကို မြန်လွန်းတာ မဟုတ်ဘူးလား။

ဖန်ကျန်းရှီက လီဟူအာကို စိုက်ကြည့်ရင်း စာရွက်ပေါ်က မေးခွန်းရဲ့ အဖြေကို စဉ်းစားနေမိတယ်။ တစ်ဆက်တည်းမှာပဲ သူ့အမေ အတော်လေးကို ထိတ်လန့်သွားရတဲ့ နတ်ဆိုးကျောင်းတော်ရဲ့ ၉ ယောက်မြောက် ကျောင်းသား လက်ခံတဲ့ အကြောင်းရင်းကို သူစဉ်းစားနေမိသွားတယ်။ အသက် သတ်မှတ်ချက်က ၆နှစ်ကနေ ၈နှစ်ဖြစ်နေတယ်။

ဒါတွေဟာ ရုတ်တရက်အဖြစ်အပျက်ဖြစ်နိုင်ပါ့မလား။ နောက်ပြီး လိုလီတာကလွဲပြီး တခြားသူက ဒီလိုကိစ္စမျိုး စီစဉ်နိုင်ပါ့မလား။

နတ်ဆိုးကျောင်းတော်ရဲ့ ရုတ်တရက်စေလွှတ်မှု။ သိသိသာသာကို ထောင်ချောက်ကြီးပဲလေ။ အကယ်ရွေ့ သူသာ တာအိုခန်းမကို ဝင်ခွင့်ရတယ်ဆိုရင် ဒီမြေပြင် ပေါ်မှာလှဲနေရတဲ့သူဟာ သူဖြစ်မှာ…။

လိုလီတာရဲ့ လက်စားချေမှုက ဒီလို မြန်မြန်ဆန်ဆန်ရောက်လာမယ်လို့ သူမထင်မိဘူး။

ဖန်ကျန်းရှီကတော့ အဇူရာ ကောင်းကင်ပြာကို ငေးကြည့်ရင်း မှောင်မိုက်တဲ့ခံစားချက်တချို့ ဟာတော့ စိတ်နှလုံးတွင်းမှာ တဖြည်းဖြည်းမြင့်မားလာတော့တယ်။ တစ်ချက်တည်း ကန်မိတာလေ ။ ဒီလိုမျိုး လက်စားချေဖို့တော့ မလိုအပ်ပါဘူး။

တကယ်တမ်းက ဒီထက် အချက်ရေများများ ပိုကန်လိုက်သင့်တာ။

ဖန်ကျန်းရှီ စိတ်ထဲမှာတော့ တစ်ယောက်တည်း ပြောဆိုနေမိတယ်။

………

လူတိုင်းယုံကြည်နေကြတာကတော့ လီဟူအာက မေးခွန်းကို မဖြေနိုင်လို့ အရိုက်ခံရတယ်လို့။

“ လီဟူအာ လက်မလျှော့နဲ့ ။ ကြိုးကြိုးစားစား စာသင်ရင် အနာဂတ်မှာ မင်း ဒီ မေးခွန်းကို ဖြေနိုင်မှာပါ။ “

“ဟုတ်တယ် ဟူအာ ဒါက နတ်ဆိုးကျောင်းတော်ရဲ့ လေ့ကျင့်မှု ပုံစံတစ်မျိုးပဲ ဖြစ်မှာပါ။ ဆိုရိုးစကားအတိုင်းပဲ ခါးသီးမှုတွေပြီးတဲ့နောက် ချိုမြိန်မှုတွေ ရောက်လာမှာပါ။”

“ဟုတ်တယ်။ ငါတို့ မင်းကို ယုံတယ်။”

ရွာသားတွေက တရှုံ့ရှုံ့ငိုနေတဲ့ လီဟူအာကို နှစ်သိမ့်ပေးနေကြတော့တယ်။ ဒါက အတော်လေး စဉ်းစားစရာဆိုပေမယ့် နတ်ဆိုးကျောင်းတော်ကို ဘယ်သူမှ အပြစ်မတင်ရဲကြဘူးလေ ။ ဒီလို ကိစ္စမျိုးကလည်း တွေးတောင်တွေးဖူးကြတာ မဟုတ်ဘူး။

ရွာသားတွေရဲ့ စကားသံကိုကြားပြီးတဲ့ အချိန်မှာတော့ ရွာသူကြီး မုန့်နဲ့ လီကျွမ်းစီတို့ဟာ သတိဝင်လာကြတော့တယ်။ အဆုံးသတ်မှာတော့ အချစ်က နာကျင်တယ်။ လီဟူအာအပေါ်ပေးတဲ့ နာကျင်မှုဟာတော့ နတ်ဆိုးကျောင်းတော်က သူ့ကို အတော်လေး မေတ္တာထားတယ်လို့ ယူဆရမှာပေ့ါ။

လီဟူအာရဲ့ မချိပြုံးနဲ့ အငို မျက်လုံး အပြုံးမျက်နှာကို မြင်လိုက်ပြီးတဲ့ နောက်မှာတော့ ဖန်ကျန်းရှီ တိတ်ဆိတ်သွားတော့တယ်။ “ဘယ်လိုလူတွေကများ ဒီလောက်တုံးအတာလဲ”

……

ညအမှောင်ထု ဟာ ကျရောက်လာတော့တယ်။ ဖန်အိမ်မှာတော့ ဖန်ကျန်းရှီဟာ သူ့အခန်းမှာ ပြတင်းပေါက်ဖွင့်ရင်း ကြယ်တွေကိုငေးကြည့်ကာ စိတ်ကူးယဉ်နေတော့တယ်။

အဲ့ဒီ့နောက်မှာတော့ ဖန်ကျန်းရှီဟာ သူ့အိတ်ထဲက စာအုပ်ကို ထုပ်လိုက်ပြီးတော့ ဖတ်ကြည့်လိုက်တယ် ။ ဒီစာအုပ်က ဒီကမ္ဘာမှာ ပထမဆုံးသူဖတ်ရတဲ့ စာအုပ်ပဲ။

ဂန္တဝင်နည်း ၃သွယ်ဆိုတာ လည်း တကယ်တမ်းတော့ သာမန်စာအုပ်တွေထက် ပိုထူတဲ့ ရိုးရိုးစာအုပ်တစ်အုပ်ပဲလေ။ ဒါပေမယ့် သူ့အမေ ချီရှင်းလိန်နဲ့ သူ့အဖေဖန်ဟို့ဒဲတို့ရဲ့ မျှော်လင့်ချက်ကြီးကတော့ သူ့အပေါ်မှာ ကြီးကြီးမားမားကို ရှိနေတယ်။

ဒီဂန္တဝင်နည်းအကြောင်း သူသေသေချာချာကို စဥ်းစားနေမိတယ်။

“လူတွေဟာ မွေးတည်းက သဘာဝဟာ ဖြူစင်ကြတယ်။ သူတို့ရဲ့ အမူအကျင့်တွေဟာလည်း တူညီကြတယ်။…”

စာလုံးတွေ စာလုံးတွေ သူ့ အရင်ဘဝနဲ့ တူညီတဲ့ စာသားတွေ စာသားတွေ။ တစ်လုံးမှတောင် လွဲတာ မရှိဘူး။ ဒါက တိုက်ဆိုင်မှုဖြစ်နိုင်မလား။ ဒီကမ္ဘာက တာအိုနိယာမကို ဘယ်သူရေးတာလဲ။

ခနနေပါအုန်း… မဖြစ်နိုင်ဘူး…

ဖြစ်သင့်တာက ဒီကမ္ဘာက တာအိုနိယာမကို ဘယ်သူကူးလာတာလဲ။

“ ဂျိန်းးးးး…”

မိုးခြိမ်းသံတွေဟာ ကောင်းကင်ကနေ ရုတ်ချည်းထွက်ပေါ်လာတော့တယ်။ ထို့အတူ လျှပ်စီးကြောင်းတွေနောက် မိုးသီးမိုးပေါက်တွေဟာ ကပ်ပါလာတဲ့ အပြင် ပြင်းထန်တဲ့ လေနီကြမ်းပါတိုက်ခတ်တော့တယ်။ ကောင်းကင်ဘုံရဲ့ ဒေါသအလား ပါပဲ။

ဖန်ကျန်းရှီဟာတော့ ခပ်ပြုံးပြုံးနှင့်သာ ဂန္တဝင် နည်း၃သွယ်ကို ဆက်လက်ဖတ်ရှုနေပါတယ်။

“ သူတို့ရဲ့ အမူအကျင့်တွေက ကွဲပြားခြားနားကြတယ်။ ပြောစကားကို လျစ်လျုရှုပြီး သူတို့ရဲ့ သဘာဝကို ခွဲခြားကြည့်ရင်…”

သူဆက်ဖတ်လေလေ ထူးခြားတဲ့ ခံစားချက်ကြီးတစ်ခုက သူ့ကိုယ်ကနေ ပေါ်လာလေပဲ။ အခွံကြီးတစ်ခုလုံးကွဲထွက်တော့မတတ် ခံစားရတာမျိုး။

သူဖတ်နေတာကို ရပ်လိုက်ရင်…

ခံစားချက်ကြီးက ပျောက်ဆုံးသွားပြန်ရော…

သူဆက်ဖတ်တဲ့အချိန်မှာတော့

ပြန်ပေါ်လာပြန်ရော

ဘာတွေဖြစ်နေတာလဲ။ ဖန်ကျန်းရှီ စိတ်ရှုပ်ထွေးလာတော့တယ်။ ဒါက ဂန္တဝင်နည်းကြောင့် ဖြစ်လာတာတွေများလား။ စာအုပ်ကို ပစ်ချလိုက်ပြီးတော့သူစဉ်းစားတယ်။

သူ့အရင်ဘဝက သင်ခဲ့ဖူးတဲ့ တောက်တယ်ကျင်းစာအုပ်ကို ။

“ တာအို(နည်းလမ်း) ကပြောတယ် တည်ငြိမ်တဲ့ တာအို နည်းတစ်ခုဟာ အမည်နာမကိုယ်တိုင်က တာအိုနည်းဖြစ်သလို တာအိုနည်းလို့လဲ ခေါ်လို့မရ…”

အမည်မဲ့ခြင်းဟာ ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ မူလပဲ။

အရာအားလုံးရဲ့ မိခင်ဟာ အမည်နာမကို သတ်မှတ်ပေးတယ်။

နောက်ဆုံးမှာတော့ အနှစ်သာရအရင်းမြစ်ကို ရှာဖွေတွေ့နိုင်ဖို့အတွက် တည်ငြိမ်မှုလိုအပ်တယ်။

အနှစ်သာရဟာ မတူညီတဲ့ အမည်တစ်မျိုးနဲ့ တည်ရှိတယ်။

တူညီတဲ့ အရင်းအမြစ်ကို ခေါ်တာကတော့ “ လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်ခြင်း”

ဒါ ဒါက ဘဝအားလုံးရဲ့ အရင်းအမြစ်ကို ဖွင့်လှစ်ခြင်း ပဲ ဖြစ်မယ်။

“ဒုန်းးးး…”

ရုတ်တရက် ဖန်ကျန်းရှီရဲ့ နှလုံးသားလေး အစိတ်စိတ်ကွဲကြေသွားသလို ခံစားလိုက်ရတယ်။

တကယ်တမ်းတော့ နှလုံးသားနဲ့ တင်စားတာထက် ပိုတူတာကတော့ ပျိုးပင်ပျိုးထားတဲ့ သစ်စေ့လေး အမြစ်နဲ့ အညှောင့်ထွက်လာသလိုပဲ။ သူ့အသွေးအသားထဲမှာ စီးဆင်းလာတဲ့ တစ်စုံတစ်ရာကို သူရှင်းရှင်းလင်းလင်းခံစားသိမြင်နေရတယ်။

စာအုပ်။ စာအုပ်တွေကို ဖတ်တာ။

ငါနားလည်ပြီ။ နောက်ဆုံးတော့ နားလည်ပြီ။ ချီ နည်းလမ်းအတွက် စိတ်စွမ်းအင် တရားထိုင်ခြင်း လေ့ကျင့်မှုတွေဟာ ဒီကမ္ဘာမှာ လုံးဝကို မသက်ရောက်ဘူး ။

ဒီကမ္ဘာမှာတော့ တာအိုနဲ့ပဲ လည်ပတ်နေတယ်။ စာအုပ်တွေကို နားလည်သဘောပေါက်အောင်ဖတ်ရှုမှသာ တိုးတက်နိုင်မယ်။ ထပ်ပြီးပြောရရင် စာအုပ်အမျိုးအစားများများကို ပိုဖတ်လေလေ စွမ်းအင်မြင့်တက်လေလေပဲ။ ဂန္တဝင်နည်းလမ်းထက် တောက်တယ်ကျင်းလိုမျိုး စွမ်းအင်ထက်မြက်တဲ့ စာအုပ်မျိုးကို ဖတ်ဖို့လိုအပ်တယ်။

တာအို စာအုပ်ကို အစပဲဖတ်ရသေးတယ် အတော်လေးကို ထူးခြားမှုတွေ ခံစားနေရပြီ။

အခုကတော့ ဆက်ဖတ်ဖို့ အချိန်ပဲ။ တာအိုရဲ့ ဒုတိယတစ်ခန်းကို ဖတ်လိုက်တော့တယ်။

“အလှတရားဟာ ကမ္ဘာပေါ်မှာ လှပတယ်လို့ သတ်မှတ်ခံလိုက်ရပြီး မကြာခင်မှာပဲ အကျည်းတန်သွားတယ်။”

ခနနေပါအုန်း။

ဒါပြီးရင် ဘာဆက်လာမှာပဲ။

နဖူးကနေစီးကျနေတဲ့ ချွေးတွေကို လက်ဖဝါးနဲ့ သုတ်လိုက်တယ်။

ဟမ်…

ရှေးစာပေကို အထူးလေ့လာထားတဲ့ သုတေသီတစ်ယောက်ဖြစ်ပေမယ့်လည်း တာအို တအုပ်လုံးကိုတော့ သူမမှတ်မိဘူးလေ။

တာအိုက စာလုံးတွေကို ဖြည့်လိုက်ပြီး ကိုယ့်ဘာကိုယ ်ပြန်တွေးကြည့်ရင်လည်း အကျိုးက သက်ရောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် စာအုပ်တစ်အုပ်လုံးကို လည်း မမှတ်မိနိုင်ဘူး။

စိတ်မရှိပါနဲ့ အဓိပ္မာယ် အယူဝါဒကို စဉ်းစားရအောင်…

ဖန်ကျန်းရှီစိတ်အာရုံကို စုစည်းလိုက်ရင်း အယူဝါဒ အကြောင်းကို တွေးတောတော့တယ်။

လေပေါ်မှာ မျောလွင့်သလို သက်တောင့် သက်သာဖြစ်တဲ့ ခံစားချက်ဟာ ဖန်ကျန်းရှီကို ဘဝရှင်သန်ခြင်း အရသာ ပြည့်ဝစေတယ်။

အဲ့ဒီ့နောက်

မြေပြင်ပေါ် တစ်ဖန်ပြန်ကျလာတဲ့ ခံစားချက်ကအတော်လေးကို ထူးခြားဆန်းပြားလွန်းတယ်။

အိမ်မက်မက်တာမျိုးနဲ့ဆင်ဆင်တူတယ်။ သူ့ရဲ့ မျောလွင့် အိမ်မက်ထဲမှာကတော့ သူ့နှလုံးသား အနက်ရှိုင်းဆုံးနေရာမှာ တွင်းတစ်တွင်းရှိနေတယ်။ တွင်းထဲမှာတော့ သေးငယ်တဲ့ အညှောင့်လေးထွက်နေတဲ့ သစ်စေ့လေးတစ်စေ့ရှိနေတယ်။

အညှောင့်ထွက်ပြီး ရွက်သစ်လေးဖြာနေတဲ့ အပင်ပေါ်မှာ ရေစက်ကလေး တစ်စက်လည်း ရှိနေတယ်။

“ပလွတ်…”

ရေစက်လေးဟာ မြေပြင်ပေါ်ကို စီးကျလာပြီး ရေစက်ရေမှုန်ကလေးတွေဖြစ်သွားတော့တယ်။ ခြောက်သွေ့နေတဲ့ နှလုံးသားနယ်မြေဟာ ရေစက်ကလေးကို စုပ်ယူသွားတယ်။ ဒီဖြစ်စဉ်ဟာ ရပ်တန့်သွားပုံမပေါ်ဘူး။

လျင်မြန်စွာနဲ့ပဲ သစ်ရွက်လေးပေါ်မှာ ရေစက်အသစလေးပြန်ဖြစ်လာပြီး။ တစ်ဖန်ပြန်စီးကျကာ မြေကြီးထဲ စိမ့်ဝင်သွားပြန်တယ်။

ထပ်ခါထပ်ခါ ဒီ သံသရာစက်ဝန်းဟာ လည်ပတ်နေတော့တယ်။

ပြတင်းပေါက်ကနေ ဖြတ်သန်းလာတဲ့ နေရောင်နွေးနွေးဟာ ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်ကို ထိုးကျလာတော့တယ်။ သူ့ရဲ့ မျက်ဝန်းနက်တွေကို ဖြည်းဖြည်းချင်းဖွင့်ရင်း ဖန်ကျန်းရှီ ထထိုင်လိုက်တော့တယ်။

အခု သူ့ကိုယ်သူ လုံးဝလူသစ်တစ်ယောက်လို ခံစားနေရတော့တယ်။

အပိုင်း (၁၉)ပြီး၏။

အပိုင်း (၂၀)

“နံရံကြားက တရုတ်ဆီးပင်”

“ ငါ တာအို မုခ်ကို အောင်မြင်ပြီးပြီလား။ ဒီ်လောက်လွယ်နိုင်မယ်တော့ မထင်ဘူး။ ဟား ဟား ဟား။”

ဖန်ကျန်းရှီဟာ သူ့အတွေးနဲ့သူ ပျော်နေရှာတယ်။ သူ့ရဲ့ မျက်ဝန်းနက်တွေနဲ့ ပြတင်းပေါက် အပြင်ကနေ ခြံဝန်းထဲကို လှမ်းပြီး ကြည့်လိုက်တော့ အတော်လေးကို ကြီးမားတဲ့ ကျောက်တုံးကြီးကို တွေ့လိုက်ရတော့တယ်။

“ဝူးး…” ပြတင်းပေါက်ကနေ ခုန်ထွက်လိုက်ပြီး ခြံဝန်းထဲ ခုန်ချလိုက်တယ်။

မြန်မြန်သွက်သွက်ကလေး ကျောက်တုံးဆီကို ဦးတည်လိုက်တော့တယ်။

“ ကောင်းပြီလေ။ မင်းက ငါ့ရဲ့ စမ်းသပ်ခံလေးပဲ။ ” ဖန်ကျန်းရှီကသူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ရင်းနဲ့ သူ့ရဲ့ စွမ်းအားတွေကို စိတ်ထဲကနေ စုစည်းလိုက်ရင်း သူ့ လက်ဝါးကို ကျောက်တုံးပေါ်ဆီ ရိုက်ချလိုက်တယ်။

“…”

မုန်တိုင်းမစခင် ငြိမ်သက်ခြင်း။

“အားးးးး…”

ဖန်ကျန်းရှီဟာ နာကျင်မှုကြောင့် ငိုမိတော့မတတ်ပါပဲ ။ ကျောက်တုံးကြီးကတော့ မလှုပ်မယှက် မိန့်မိန့်ကြီးရှိနေပါတယ်။ အက်ရာလေး တစ်ခုတောင်မှ မထင်ပါဘူး။

ဘာလို့လဲ။ တစ်ညလုံးလေ့လာထားသမျှ ဘာမှ အဖတ်မတင်ဘူးလား။ ဘာထူးခြားမှုမှလဲ ဖြစ်မလာဘူး။ ဖန်ကျန်းရှီ အတော်လေးကို စိတ်လေသွားမိတယ်။

ခနစောင့်ပါအုန်း…

ဒီဖြစ်စဉ်ကို ပြောရမယ်ဆိုရင်တော့…

ဖန်ကျန်းရှီ စဉ်းစားမိပြီး မျက်လုံးပြူးသွားတော့တယ်။ အတွင်းက နက်ရှိုင်းတဲ့ ဖြစ်စဉ်ကို တွေးမိသွားတယ်။ ကိုယ်တွင်းက ထူးခြားတဲ့ ဖြစ်စဉ်ကတော့ အမှန်တကယ်ပဲ။ သူထင်မှတ်ထားတာနဲ့ မတူတာပဲ ရှိတာ။

သူ တစ်ညလုံး စာကြိုးကြိုးစားစားဖတ်ပြီးတဲ့နောက် သူ့ အရိုးတွေနဲ့ ကိုယ်တွင်းက အသွေးအသားတွေပြောင်းလဲသွားတာကို သူကောင်းကောင်းခံစားရမှာ။ သူဖတ်ဖူးတဲ့ သိုင်းဝတ္ထုတွေထဲက ဇာတ်ကောင်တွေ ပြောင်းလဲသွားသလိုပဲလေ။ အရေပြားနဲ့ အရိုးတွေက သံမဏိလို မာလာပြီး အရှိန်ကလည်း ကျည်ဆံလို မြန်ရမှာ မဟုတ်ဘူးလား။

အခုကတော့ တော်တော်လေးကို ကွဲပြားနေတယ်။

အသွေးအသားတွေ အရိုးတွေက အရင်အတိုင်းပဲ။ သူ့ရဲ့ အင်အားကလည်း ဘာမှ မပြောင်းလဲဘူး။ ဒါပေမယ့် သူ့ကိုယ်တွင်းမှာ ဖြစ်ပျက်နေတာတွေကို နားလည်နိုင်စွမ်းကတော့ အတော်လေးကို ထူးခြားလာတယ်။

သူ့ကိုယ်က သူ့ထိန်းချုပ်မှုအောက်မှာရှိနေတယ် ပရမ်းပတာ ဖြစ်မနေဘူးဆိုတာ ကောင်းကောင်းထင်ရှားနေတယ်။

သူ့ရဲ့ အတါင်းကလီစာတွေကို သီးခြားစီထိန်းချုပ်ထားသလိုပဲ။ ဥပမာပြောရရင်တော့ သူ့ရဲ့ အသွေးအသားတွေကို သူထိန်းချုပ်ထားနိုင်သလိုပဲ။ သွေးတွေစီးဆင်းနေတာကို သူခံစားမိနေတယ်။ ဖြည်းဖြည်းချင်း စီးဆင်းနေတာကိုသူသိနေရတယ်။

ဒါက သာမာန်ဆိုရင် အတော်လေးကို လက်ခံနိုင်ဖို့ ခက်ခဲတယ်။

ဥပမာဆိုရင် လူတစ်ယောက် စိတ်လှုပ်ရှားပြီဆိုရင် နှလုံးခုန်မြန်လာတယ်။ နောက်ပြီးသွေးတွေလည်း အစီးမြန်လာတတ်တယ်။

သို့သော်ငြားလည်း လုံးဝကို မတူညီတဲ့ နည်းဥပဒေသတွေလည်း ရှိတယ်။

ဘာကြောင့်လဲဆိုရင်…

ဒီလို ထိန်းချုပ်မှု ပုံစံမျိုးဟာ လုံးဝကို အစစ်အမှန်ဖြစ်နေလို့ပဲ။

ထိန်းချုပ်မှု။ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကိုယ်ကို ထိန်းချုပ်မှု ။ ဖန်ကျန်းရှီဟာ သံသယတွေနဲ့ ပြည့်နှက်နေပါတော့တယ်။ ဒီကမ္ဘာရဲ့ လေ့ကျင့်မှုတွေက လုံးဝကို သူထင်ထားတာနဲ့ မတူညီတာပဲ။ ဒါဟာ အရာအားလုံးဖြစ်တည်မှုတာအို ဖြစ်နိုင်မလား။

…

…

ရက်အနည်းငယ် ကြာပြီးနောက် မြောက်ကျွန်း မြို့ကြီး မှာ…

စစ်သည်တစ်ဦးဟာ ဒူးထောက်လျက်သားရှိနေတယ်။ သူ့ရဲ့ အထက်မှာတော့ လိုလီတာက ထိုင်နေပါတယ်။ တောက်ပတဲ့ အနီရောင် ဝတ်စုံနဲ့ သူမဟာ ဘေးမှာတော့ ရံရွေတော်ငယ်တွေခြံရံထားပါတယ်။ တင်ပြင်ခွေထိုင်နေတဲ့ သူမကိုတော့ ရံရွေတော်တစ်ဦးက သူမနဖူးက စီးကျလာတဲ့ ချွေးတွေကို သုတ်ပေးနေပါတယ်။

“မဖြေနိုင်ဘူး”

လိုလီတာ ငြိမ်သက်သွားတော့တယ်။ အရာအားလုံးဖြစ်တည်ပုံဖော်မှုက တကယ်ပဲ ရိုက်လင်းတန်းကြောင့်ဖြစ်နိုင်မလား။

“ လီဟူအာက ဘယ်လိုပုံစံလည်း”

“ သခင်မလေး လီဟူအာက မျက်နှာဝိုင်းဝိုင်းနဲ့ အတော်လေးတုတ်ခိုင်ပြီးတော့ နှုတ်ခမ်းထူပါတယ်။

“ဟမ်” လိုလီတာ နားလည်သွားလိုက်ပါပြီ။ ဖြည်းဖြည်းချင်းထရပ်ပြီး အဖြူရောင်ပွင့်ချပ်တွေ ပွင့်ဖူးနေတဲ့ ပန်းပင်ကို ကြည့်နေပါတော့တယ်။

ဟိုခွေးကောင်စုတ် မဟုတ်ဘူး။

ဒါက အဓိပ္မာယ်မရှိတာပဲလေ။ တောင်ဘက်တောင်ရွာက ရွာသူကြီးက ထက်ထက်မြက်မြက် ပုံမပေါ်ပေမယ့်လည်း ဒီလိုတော့ မရွေးချယ်သင့်ဘူးလေ။ ဒီကောင်စုတ်လေးက စာလည်းဖတ်တတ်တယ် အသက်ကလည်း ၆နှစ်ကနေ ၈နှစ်ကြားပဲရှိမှာလေ။ တခြားသူတစ်ယောက်ကို ရွေးတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။

လိုလီတာ ဘယ်လိုမှကို နားမလည်နိုင်ဘူး။

ဘယ်နားလွဲနေသလဲ…။

ရွာသူကြီးက ဒီကောင်စုတ်လေး စာဖတ်တတ်တာကို မသိတာလား။ ဒီအကြောင်းရင်းက ပိုဖြစ်နိုင်တယ်။ ဒါပေမယ့် ရွာတစ်ရွာတည်းမှာနေတဲ့ သူတွေလေ ဒီကိစ္စကတော့ ထင်ထားသလို ရိုးရှင်းနိုင်ပါ့မလား။

ဒါ့အပြင် ရိုက်လင်းတန်းတွေ ထွက်ပေါ်လာပြီးနောက် ကောင်စုတ်လေးက ပိုပြီး သတိကောင်းလာတယ်။

တောင်ဘက်တောင်ရွာကို သွားရောက်ခဲ့တဲ့ နတ်ဆိုးကျောင်းတော်က သူတွေရဲ့ အာရုံစိုက်မှုကို လည်း ပိုရလာတယ်။ ဒီကောင်စုတ်လေးကိုယ်တိုင်က မေးခွန်းတစ်ခုလိုဖြစ်နေတယ်။ သူကိုယ်တိုင်ကလည်းအဖြေတစ်ခုဖြစ်နေတယ်။

ဒီကောင်စုတ်လေးရဲ့ စိတ်စွမ်းအင်ကတော့ မဆိုးဘူး။ ဒီကိစ္စမှာတော့ လူပိုများများကို စေလွှတ်ပြီး ဒီကောင်စုတ်လေး အရူးမလုပ်နိုင်အောင် စီစဉ်ရမယ်။ သူ့ကို သတိပေးခြောက်လှန့်သလို မဖြစ်အောင်လည်း သတိထားရမယ်။ ဒီကောင်စုတ်လေး စိတ်ချလက်ချ သတိမမူဖြစ်တဲ့ အချိန်ထိ စောင့်ရမယ်။

ဒီအတွေးကို တွေးမိပြီးနောက်မှာတော့ လိုလီတာ မျက်လုံးတွေ အရောင်တဖျပ်ဖျပ်လတ်လာတော့တယ်။

မရယူခင် အရင်ပေးဆပ်ရမယ်။ ဒီကောင်စုတ်လေး မရှောင်ပြေးနိုင်အောင် သေသေချာချာ အစီအစဉ်ဆွဲရမယ်။ အခွင့်အရေးရတဲ့ အချိန်ရောက်လာတော့မှ ငါးကငါးမျှားချိတ်ကို လာဟပ်အောင် သေချာစီစဉ်ရမယ်။ ဟီး ဟီး နတ်ဆိုးကျောင်းတော်ကို ဖမ်းခေါ်လာပြီးတော့ သူ့တင်ပါးကို နာနာရိုက်ပစ်မယ်။

ဖန်ကျန်းရှီကတော့ အတော်လေးကို ကြိုးကြိုးစားစား လေ့လာနေတယ်။ နေ့တိုင်း သူနိုးလာတာနဲ့ စာဖတ်တယ်။ ည အိပ်ယာမဝင်ခင် အထိ စာတွေကို ပြန်လေ့လာတယ်။ ပျင်းရိလာရင်တော့ တာအိုနိယာမ ဒါမှမဟုတ် ဂန္တဝင်နည်း ၃သွယ်စာအုပ်ကို ကိုင်ရင်း ရွာထဲကို လမ်းလျှောက်ထွက်တယ်။

ဒါက ရွာသားတွေရဲ့ စိတ်အာရုံကို အတော်လေးဆွဲဆောင်ပြီးတော့ လူပြောများစေတယ်။

” အိုး…။ ကျန်းရှီ စာဖတ်နေပြန်ပြီ။”

“သူက တကယ်ပဲ ကိုယ့်ဘာသာကိုယ် သင်ယူနေတာပဲ။”

“ကျန်းရှီ ဒီကို ခနလာပါအုန်း။ အန်တီ့ဆီခန လာပါအုန်း။ ဒီအချိန်မှာ သား စာ ဘယ်နှစ်လုံးလောက် သင်ပြီးပြီလဲဆိုတာ အန်တီ့ကို ပြောပြပါအုန်း။” သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ဦးဟာ ဖန်ကျန်းရှီကို လှမ်းခေါ်လိုက်ရင်း သူမရဲ့ ခြံဝန်းထဲကို ဆွဲခေါ်ရင်းမေးလိုက်တယ်။

“မပြောပြဘူး။” ဖန်ကျန်းရှီ က ချက်ချင်းဆိုသလိုကို ငြင်းပယ်လိုက်တယ်။

“ ဘာလဲ မင်း စာတစ်လုံးမှတောင် မဖတ်နိုင်တာ မဟုတ်ဘူးလား။ ဟားဟားဟား။” အမျိုးသမီး ကြီးက လှောင်ရယ်တော့တယ်။

“ အဒေါ် ဒီစာအုပ်ထဲက စာလုံးတွေကို ဖတ်နိုင်လား။” ဖန်ကျန်းရှီကမေးလိုက်တယ်။ သူ့မျက်နှာပေါ်က လေးနက်မှုဟာ သိပ်ကို ထင်ရှားပေါ်လွင်နေတယ်။

“ မင်းဘာတွေပြောနေတာလဲ။ အန်တီက ဘယ်လိုဖတ်ရမယ်ဆိုတာမှ မသိတာ။” အမျိုးသမီးကြီးက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ဖြေတယ်။

“ဒါဆိုအန်တီက စာဘယ်လိုဖတ်ရမလဲတောင် မသိဘူးပေါ့ ဟား ဟား ဟား။ ” ဖန်ကျန်းရှီက ကျယ်လောင်စွာ ရယ်မောရင်း လမ်းလျှောက်ပြီး ပြန်ထွက်လာတော့တယ်။ ။ ကျန်ခဲ့တဲ့ ခြံဝန်းထဲကသူတွေကတော့ တစ်ယောက်ကို တစ်ယောက်သာ အပြန်အလှန် ငေးကြည့်မိနေကြတော့တယ်။

ရွာကို တစ်ပတ်ပတ်ပြီးတဲ့နောက်မှာတော့ ဖန်ကျန်းရှီဟာ တာအိုခန်းမ အနီးမှာရှိတဲ့ကျောက်တုံးကြီးပေါ်မှာ လှဲလျောင်းလိုက်ပါတော့တယ်။ နေရောင်မထိုးတဲ့အပြင် သူ့ကိုယ်သူ တာအိုခန်းမထဲက ကျောင်းသားတစ်ယောက်အဖြစ်လဲ စိတ်ကူးယဉ်ဖို့ အကောင်းဆုံးနေရာပေါ့။

“ ကြည့်အုန်း။ ဖန်ကျန်းရှီ ငါတို့စာသင်တာကို ခိုးနားထောင်နေပြန်ပြီ။”

“အပြင်ကနေ သူဘာကြားနိုင်မှာမို့လဲ။ ဆရာတွေရေးပြတာကို မမြင်ရဘဲနဲ့ သင်တာကို သူနားလည်မှာမို့လား။”

“ကောင်းကင်ဘုံပဲ သိနိုင်မယ်”

တာအိုခန်းမနားမှာ ဝေ့လည်ကြောင်ပတ်လုပ်ရင်း သင်ခန်းစာတွေကို နားထောင်နေတဲ့ ဖန်ကျန်းရှီကို မြင်တဲ့ အချိန်မှာတော့ ရွာသားတွေအတွက်ပြောစရာတစ်ခုတိုးပြန်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ ခန်းမဘေးမှာ ဘာဆူညံသံမှ မလုပ်ဘဲ အနှောက်အယှက်မပေးဘဲ ငြိမ်ငြိမ်သက်သက်နဲ့သာ သင်ခန်းစာတွေကို နားထောင်တဲ့အတွက် အချိန်တွေ ဖြတ်သန်း ကုန်ဆုံးသွားတဲ့ နောက်မှာတော့ ရွာသားတွေလည်း အလေ့အကျင့်ရလာကြတယ်။

နေ့ရက်တွေ အလီလီ ကုန်ဆုံးခဲ့ပြီးနောက်မှာတော့ ဖန်ကျန်းရှီကို ကျောင်းတော်သားတစ်ယောက်အဖြစ် ရွာသားတွေက သတ်မှတ်လာကြတယ်။ တာအိုခန်းမထဲက တကယ့် ကျောင်းသားနဲ့တော့ မတူပေမယ့်လည်းပေါ့…။ တာအိုခန်းမဘေးက ကျောက်တုံးကြီးပေါ်မှာ စာအုပ်တစ်အုပ်နဲ့ထိုင်နေတတ်တဲ့သူဟာ တကယ့်ကို ပညာရှင်ကြီးအလားပါပဲ။

သူဖတ်ထားတဲ့ စာအုပ်တွေ ဘယ်လောက်ရှိပြီလဲ အဒီစာအုပ်တွေကို ကော အသုံးချနိုင်ပြီလားဆိုတာကို တော့ မည်သူ တစ်ဦးတစ်ယောက်မှ မသိပါဘူး။

……

သမာရိုးကျ နေ့လယ်ခင်းတစ်ခုမှာ ပြင်းထန်တဲ့နေအပူရှိန်ကို အံတုရင်း ဖန်ကျန်းရှီဟာ တာအိုခန်းမဘေးက ကျောက်တုံးကြီးပေါ်မှာ နေရာယူထားပါတယ်။ ရုတ်တရက် သစ်ပင်လေးရဲ့ အကိုင်းခက်တွေထဲက သစ်ရွက်လေးတစ်ရွက်ဟာ ကြွေကျလာပြီး တာအိုခန်းမ နံရံတွေနောက်ကို ရောက်ရှိသွားတာကို တွေ့လိုက်ရတယ်။

သူအရမ်းကို နှစ်သက်ရတဲ့ကဗျာလေးတစ်ပုဒ်ကို တွေးမိသွားတော့တယ်။

“နွေဦးဥယျာဉ်

ဆီးပင်နီနီ နံရံကိုကျော်ဖြတ်

ဖူးပွင့်လေပြီ။”

“ညီငယ်လေး ဆီးပန်းပွင့်တာ စောင့်နေတာလား။ ” သူ့မျက်လုံးတွေကို မှိတ်လိုက်တော့မယ့် အချိန်မှာပဲ သူ့ခေါင်းပေါ်ထိုးကျလာတဲ့နေရောင်ကို တစ်စုံတစ်ခုက တားဆီးလိုက်တာကို မြင်လိုက်ရတယ်။ သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့ သတ်လတ်ပိုင်း လူတစ်ယောက်ဟာ သူ့ရှေ့မှာ ရပ်နေတာကိုမြင်လိုက်ရတယ်။

ဒါဟာ တာအိုခန်းမကဆရာတစ်ယောက်ဆိုတာ သူ သေသေချာချာကို သိတယ် ။ ဒီလူ့နာမည်က ဝမ်ဟူအာ ယဉ်ကျေးသိမ်မွေ့တဲ့လူတစ်ယောက်ပဲ။ ဒါပေမယ့် သူ့မျက်နှာက ကြီးလွန်းနေတယ်။

“ဒီနေပူကြီးထဲမှာ မင်းနေ့တိုင်း လာနေတာကို ငါမြင်တယ်။ ဒီနေ့တော့ ငါမင်းကို မေးခွန်းတစ်ခုနဲ့ စစ်ဆေးချင်တယ်။ ဒါဆိုရင် ဘယ်လိုလဲ။” ဝမ်အန်ဟွက ဖန်ကျန်းရှီရွတ်လိုက်တဲ့ ကဗျာကြောင့် လာတာဖြစ်တယ်။

“ ကျွန်တော် ဖြေနိုင်ရင် ကတိတစ်ခုပေးရမယ်။” ဖန်ကျန်းရှီက ကျောက်တုံးပေါ်ကနေ ဖြည်းဖြည်းချင်းထရင်း အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လို ပုံစံမျိုးနဲ့ ပြောလိုက်တော့တယ်။“

ဝမ်ဟူအာက ပြန်တွေးနေတယ်။ သူ့ဆီကကျောင်းသားတွေဟာ သူစမ်းသပ်တဲ့ မေးခွန်းမေးတဲ့ အချိန် မှာတော့ ကြက်နာကြီးလည်လိမ်ထားသလို မဖြေနိုင်ကြဘူး။ ဒီကောင်လေးပုံစံကတော့ ထူးခြားမယ်ထင်တယ်။

”သူမေးမယ့် မေးခွန်းကိုတောင် မဖြေရသေးခင် အခွင့်အရေးကို တောင်းဆိုနေပြီ။ ဒီကောင်လေးက အတော်လေးကို ယုံကြည်ချက်ပြင်းထန်တဲ့ပုံပဲ။

“ကောင်းပြီ မင်း လိုချင်တာကို အရင်ပြော” ဝမ်ဟူအာက ဖန်ကျန်းရှီကို မေးခွန်းမမေးခင် အရင်ဆုံးကမ်းလှမ်းလိုက်တယ်။

အပိုင်း (၂၀) ပြီး၏။

All Chapters