← Chapters

အခန်း (၂၁-၃၀)

Vol. 1 Ch. 21-30

အခန်း (၂၁-၃၀)

Vol. 1 Ch. 21-30

အပိုင်း (၂၁)

“မိမိအပေါ်မူတည်တယ်”

“ကျွန်တော် တာအိုနိယာမကို ဖတ်ချင်တယ်။ နိယာမ အားလုံး အကုန်လုံး။ ဒီတာအိုခန်းမထဲမှာ ရှိသမျှ အကုန်လုံးကိုပဲ။” ဖန်ကျန်းရှီ စိတ်အားတက်သန်စွာ ပြောလိုက်တယ်။

လွန်ခဲ့တဲ့ လတုန်းက သူဖတ်နေတဲ့စာအုပ်ထဲမှာ စီစဉ်မှု pattern တစ်ခုထွက်ပေါ်လာတာကို သူမြင်မိတယ်။ သူထပ်ခါထပ်ခါဖတ်လေ ထူးခြားမှုက ပို ထင်ရှားလာလေပဲ၊ ဒါကြောင့် သူ တခြားသော “စစ်မြေပြင်” တစ်ခုကို ရှာဖို့ သူဆုံးဖြတ်လိုက်တယ်။

သူ့အဖေကို ရွာအပြင်ထွက်ပြီး စာအုပ်ရှာခိုင်းတာက အချိန်ကုန်တဲ့ အပြင် ငွေကြေးအကုန်အကျလည်း အတော်များတယ်။ အကုန်လုံးထဲမှာ သူ့အဖေယူလာတဲ့ စာအုပ်တွေက မလုံလောက်ဘူး။

“ ကောင်းပြီလေ။ ဒါပေမယ့် အရင်ဆုံးမင်း င့ါမေးခွန်းးကို ဖြေရမယ်” တခြား ဘာစကားမှ ထပ်မပြောတော့ဘဲနဲ့ ဝမ်ဟူအာက ခေါင်းငြိမ့်လိုက်တော့တယ်။

ဖန်ကျန်းရှီကတော့ ဖြည်းဖြည်းချင်း ထလိုက်တယ်။ သူ့မျက်နှာကတည်ငြိမ်နေပင်မယ့် သူ့နှလုံသားကတော့ အတော်လေးကို မြန်မြန်ခုန်နေတာ ပြုတ်ထွက်မတတ်ပါဘဲ။ သူကြိုးစားခဲ့ရသမျှက ဒီအတွက်ပဲဖြစ်တယ်။ တစ်လကျော် စောင့်ဆိုင်းခဲ့ရပြီးနောက်မှာတော့ ငါးက အစာလာဟပ်ပြီလေ။

ကျောင်းသားတိုင်းမှာ ထူးခြားတဲ့ အတွင်းပိုင်း အရည်အချင်းရှိတယ်လို့ပြောတဲ့အတိုင်းပဲ သူနေ့တိုင်း တာအိုခန်းမအပြင်မှာ စောင့်ဆိုင်းရင်း ကံကောင်းမယ့်နေ့ကို စောင့်မျှော်ရကျိုးနပ်ခဲ့ပြီလေ။ ဒီလိုလာနေတာကလည်း သူနားထောင်သမျှ သင်ခန်းစာတွေက သူစာဖတ်တဲ့ အချိန်မှာ အတော်လေးကို အထောက်အကူပြုတယ်လေ။ ဒုတိယအနေနဲ့ ပြောရရင်တော့ ဆရာ တချို့ရဲ့ အာရုံစိုက်မှုကို ရရင် သူ့အတွက် အကျိုးရှိမှာ မလွဲမသွေပဲလေ။

သူတွေးထားတဲ့အတိုင်းဆိုရင် ဒီလို ဆရာနဲ့ တွေ့ဆုံတာက သူ့ကို တာအိုခန်းမထဲ ဝင်ခွင့်ရနိုင်ဖို့ အခွင့်အရေးတောင် ရနိုင်လောက်သေးတယ်။

အခွင့်အရေးရခဲ့ရင်တောင် ဂန္တဝင်နည်း ၃သွယ် ကို တခြားကျောင်းသားတွေနဲ့ အတူ သင်ယူခွင့်ရပါ့မလား။

ဖန်ကျန်းရှီက တိုက်ရိုက်နည်းသုံးဖို့ ဆုံးဖြတ်လိုက်တော့တယ်။

တိုက်ရိုက်အခွင့်အရေးတောင်းဆိုခြင်း။

“ ဆရာမေးပါရစေ” ဖန်ကျန်းရှီရဲ့ အသံက တော်တော်လေးကို ယဉ်ယဉ်ကျေးကျေးလေသံဖြစ်တယ်။

ဝမ်အန်ဟွာက မေးလိုက်တယ်။ “ လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဟာ စီးဆင်းနေတဲ့ ရေနဲ့တူတယ်။ ဒါကို မင်း ဘယ်လို ရှင်းပြမလဲ။”

ဒါကို ကြားပြီးတဲ့နောက်မှာတော့ ဖန်ကျန်းရှီက အံ့သြသွားတော့တယ်။ ဒီလို မူလတန်းအဆင့် မေးခွန်းမျိုးမေးဖို့ မမျှော်လင့်မိဘူး။ ဒီမေးခွန်းမျိုး ဒီစကားလုံးတွေက သူဖတ်ထားတဲ့စာအုပ်တွေထဲက စာပိုဒ်တစ်ခုကို မေးဖို့မျှော်လင့်တာ။

အခုတော့ တောက်တယ်ကျင်း ထဲက စာကြောင်းကို မေးလာတယ်။

အတွင်းမှာ နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိတယ်ဆိုတာ သူတွေးမိလိုက်တယ်။

တာအို ခန်းမ အပြင်မှာ နေ့တိုင်းလာအိပ်တဲ့ အကျိုးကျေးဇူးကတော့ သင်ခန်းစာ တော်တော်များများကို ကောင်းကောင်းကြားလိုက်တာပဲ။ အခုချိန်ထိတော့ ထောင်ချီတဲ့ ဂန္တဝင်နည်းလမ်းတွေကို တောင် မရောက်သေးဘူး။

အခုတော့ ဒါကို တကယ်မေးတယ်။ ဖန်ကျန်းရှီကတော့ စိတ်ထဲမှာ မနှစ်မြို့မှုတွေ ဖြစ်လာတယ်။

လက်လျှော့လိုက်ရင် ငါ ဖန်ကျန်းရှီရဲ့ သိက္ခာကျသွားမှာပေါ့ ။ သူ့စိတ်ထဲ တွေဝေနေပင်မယ့်လည်း ဖန်ကျန်းရှီ စိတ်ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ ဖတ်ထားခဲ့သမျှစာတွေကို အပြန်ပြန်အလှန်လှန်စဉ်းစားနေခဲ့တယ်။

“ ဟားဟား မဖြေနိုင်တော့ဘူးလား။” ဝမ်အန်ဟွာ ပြုံးလိုက်ပြီး ထွက်ခွာသွားဖို့ပြင်လိုက်တယ်။

“ခနနေအုန်း” ဖန်ကျန်းရှီက အော်လိုက်တယ်။

“စဉ်းစားပြီးပြီလား” ဝမ်အန်ဟွာက ပြန်လှည့်ကြည့်ရင်းမေးလိုက်တယ်။

ဖန်ကျန်းရှီကတော့ အခက်တွေ့နေတော့တယ်။ ဒီခန်းမက စာအုပ်တွေကို ဖတ်ဖို့အတွက် ခွင့်ပြုချက်လည်း ရချင်သေးတယ်။

“ အကျင့်သီလ ကြီးမြတ်သူ တစ်ယောက်ဟာ စီးဆင်းနေတဲ့ ရေနဲ့ အလားတူတယ်။ ရေဟာ အရာအားလုံးအတွက် အကျိုးရှိတယ်။ ရေဟာ တာအိုနဲ့ အနီးစပ်ဆုံးတူတယ်။” သွားတွေကို ကြိတ်လိုက်ပြီး ဖန်ကျန်းရှီက ဖြေလိုက်တယ်။

ဝမ်အန်ဟွာက သူ့ကို မေးလိုက်တဲ့ မေးခွန်းက “ အကျင့်သီလ ကြီးမြတ်တဲ့ လူတစ်ယောက်ဟာ စီးဆင်းနေတဲ့ ရေနဲ့ တူတယ်။” ဒီစာပိုဒ်က တောက်တယ်ကျင်းရဲ့ အခန်း ၈ စာပိုဒ် ၂ပိုဒ်က မေးခွန်းပဲ။ သူ ပထမစာပိုဒ်ကို မှတ်မိပေမယ့် ဒုတိယစာပိုဒ်ကိုတော့ မသေချာဘူး။

ဖန်ကျန်းရှီပြောလိုက်တဲ့ စကားလုံးတွေကြောင့် ဝမ်အန်ဟွရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတော့တယ်။ ဒီကလေးက ဒီစာပိုဒ်ကို ဘယ်လို သိတာလဲ ။

နောက်ပြီး အဓိပ္မာယ်ကိုတောင် ရှင်းပြနိုင်သေးတယ်။

“ ကောင်းတယ်။ အရမ်းကောင်းတဲ့ ရှင်းပြချက်ပဲ။ တောင်ဘက်တောင်ရွာမှာ ဒီလို ထူးချွန်တဲ့ သူငယ်မျိုးရှိနေတယ်လို့ မထင်မိဘူး။ ဒီနေ့ကနေစပြီး တာအိုခန်းမမှာ စာအုပ်ကြိုက်သလောက် ဖတ်လို့ရတယ်။ မေးစရာရှိရင် ငါ့ကို လာမေးလို့ရတယ်။” ဝမ်အန်ဟွာရဲ့ စိတ်ခံစားချက်တွေက ရောထွေးနေတယ်။ ဒါပေမယ့် သူလိုချင်တဲ့ အဖြေရလိုက်တဲ့ အတွက် စိတ်ကျေနပ်သွားခဲ့တယ်။

“ ဆရာ့ကို မေးခွန်းတစ်ခုမေးပါရစေ” ဖန်ကျန်းရှီက ဝမ်အန်ဟွာကို ထပ်ပြီး တားလိုက်ပြန်တယ်။

“ မေးပါ။”

“တာအို မုခ်ကို ဘယ်လို အောင်မြင်နိုင်မလဲ။”။

“ တာအိုမုခ်ကို အောင်မြင်တယ်။ ဟား ဟား ငါ့ကို ကြည့်ပါအုန်း အောင်မြင်ထားတဲ့ ပုံပေါ်လို့လား။” ဝမ်အန်ဟွာက သက်ပြင်းချရင်းပြောလိုက်တယ်။ ၆နှစ်သားလေး တစ်ယောက်က ဒီလို မေးလာမယ်လို့ သူ မထင်မိထားခဲ့ဘူး။

“ဒီတာအိုခန်းမမှာ ဆရာစာသင်နေရတည်းက တာအို မုခ်ကို မအောင်မြင်သေးဘူးဆိုတာ သဘာဝကျပါတယ်။ ” ဖန်ကျန်းရှီကတော့ များများစားစား မတွေးတော့ပဲ ပြန်ဖြေလိုက်တယ်။

“ မင်းက တကယ့်ကို ထက်မြက်ပါပေတယ်။ ဆရာအခုထိ တာအိုမုခ်ကို မအောင်မြင်သေးဘူး။ အကယ်ရွေ့ တာအိုမုခ်ကို သာ အောင်မြင်ချင်တဲ့ဆန္ဒရှိရင် အတော်လေးတော့်ခက်ခဲလိမ့်မယ်။မင်းမေးတဲ့မေးခွန်းအတွက်တော့ အဖြေတစ်ခုပဲရှိတယ်။ အရာအားလုံးဖြစ်တည်မှုတာအိုက မိမိကိုယ်တိုင်အပေါ်ပဲ မူတည်တယ်။ ဒါက ငါ့ ဆရာ ငါ့ကို သင်ကြားပေးခဲ့တာပဲ။” ဒီစကားကို အဆုံးသတ်ပြီးတဲ့နောက်မှာတော့ ဝမ်အန်ဟွာက တာအို ခန်းမထဲကို ပြန်ဝင်သွားပါတော့တယ်။

“အရာအားလုံးဖြစ်တည်မှု တာအိုဟာ မိမိ ကိုယ်တိုင်အပေါ် မူတည်တယ်။ ” ဝမ်အန်ဟွာရဲ့ စကားလုံးတွေက သူ့ကို အတွေးလွန်စေတယ်။

ညသန်းခေါင်ယံ အမှောင်ထုကို အကာအကွယ် ယူရင်း နှင်းမဟူရာ မြင်းပျံတစ်ကောင်ဟာ တာအို ခန်းမကနေ ကောင်းကင်ဆီကို ပျံသန်းသွားတာကို မြင်လိုက်ရတော့တယ်။

တစ်ရက်ကြာပြီးတဲ့နောက်မှာတော့ ပျံသန်းလာတဲ့ပုံရိပ်ဟာ မယုံနိုင်လောက်အောင် ကြီးမားလှတဲ့ ခြံဝန်းကြီးထဲမှာ ဆင်းသက်လိုက်ပါတော့တယ်။ ရွှေပြားခတ်ထားသလို မျိုး အနီရောင် သစ်သားပြားပေါ်မှာ ထွင်းထုထားတာကတော့ “ နတ်ဆိုးကျောင်းတော်” ဆိုတဲ့ စာလုံးတွေပဲဖြစ်ပါတယ်။

အဲ့ဒီ့နောက်မှာတော့ တံဆိပ်နှိပ်ခတ်ထားတဲ့စာတစ်စောင်ကို စစ်သည်တစ်ဦးက သယ်ဆောင်လာပါတယ်။ မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လိုလီတာကတော့ မျက်လုံးတွေ အရောင် တဖျပ်ဖျပ် လတ်နေပြီး သူမရဲ့ ပန်းသွေးရောင် နှုတ်ခမ်းလေးတွေ တွန့်ကွေးသွားတဲ့ အထိကို ပြုံးနေပါတယ်။

“ ဖန်ကျန်းရှီ… ဟ ဟ တစ်လကျော် စောင့်လိုက်ရတာ အလဟသတ် မဖြစ်ဘူးပဲ နောက်ဆုံးတော့ ငါးမျှားချိတ်ကို လာဟပ်ပြီလေ။”

…

အရာအားလုံးဖြစ်တည်မှုတာအိုက မိမိကိုယ်တိုင်အပေါ်မူတည်တယ်။

ဖန်ုကျန်းရှီက အိပ်ယာပေါ် လှဲလျောင်းလိုက်ရင် လေးလေးနက်နက် စဉ်းစားနေတယ်။ အပေါ်ယံကို စဉ်းစားရတာက လွယ်ကူတယ်။ ခက်ခဲတာကတော့ တာအိုမုခ်ကို အောင်မြင်နိုင်ဖို့ပဲ။

နတ်ဆိုးကျောင်းတော်က စစ်သူကြီးလီက အရာအားလုံးဖြစ်တည်မှု တာအို ကို အောင်မြင်မှုအကြောင်းရှင်းပြတုန်းက တာအို နိယာမကို အရင်နားလည်ရမယ်လို့ပြောတယ်။ အခု ဆရာက မိမိကိုယ်တိုင်အပေါ်မူတည်တယ်လို့ပြောတယ်။

ဘယ်သူ့ကို ယုံရမလဲ။ နှစ်ယောက်စလုံးကကော မှန်နေတာလား။

သူတွေးနေတာကသာ အခြေမခိုင်သေးပင်မယ့် နှလုံးမြေက သစ်ပင်လေးကတော့ အတော်လေးကို တိုးတက်နေပြီ။ သစ်ရွက် ၅ရွက် ထွက်ပြူနေပြီဖြစ်သလို ရေစက်လေးတွေလည်း ၅ စက်ရှိနေပြီဖြစ်တယ်။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ခန္ဒာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းဟာလည်း အတော်လေးကို တိုးတက်လာခဲ့တယ်။ ခန္ဒာကိုယ်ထဲက အသွေးအသားနဲ့ အရိုးတွေ ကိုသာမက ထူးခြားတဲ့ အရာတစ်ခုကိုပါ သူခံစားမိနေတယ်။

အသားဆိုတာထက် ပိုပြီးနက်နဲတဲ့ နာမည်တစ်ခု ရှိသင့်တဲ့ အရာတစ်ခု…

အသားဆဲလ်တွေကို ထိန်းချုပ်နိုင်တာ။ အတိတ်က ဖန်ကျန်းရှီအတွက်တော့ ခက်ခဲကောင်း ခက်ခဲလိမ့်မယ်။ အခုချိန်မှာတော့ မဖြစ်နိုင်ဘူးဆိုတာ ပြောမရဘူး။

လုံး၀ အပြည့်အ၀ မထိန်းချုပ်နိုင်သေးပင်မယ့် အစိတ်အပိုင်း တစ်ချို့ကိုတော့ သူထိန်းချုပ်နိုင်တယ် ။ လက်ချောင်းလေးက အသားတွေ သိပ်သည်းသည်ထက် သိပ်သည်းအောင် လုပ်နိုင်နေပြီ။ ဒါ့အပြင် သူ့လက်မောင်းက အသားတွေကိုလည်း နေရာရွေ့ပြောင်းနိုင်နေပြီ။

ဒီလို ပြောင်းလဲထိန်းချုပ်နိုင်တာတွေက အကျိုးမများသေးပင်မယ့် အတော်လေးတော့ သက်တောင့်သက်သာနဲ့ နေလို့ကောင်းစေတယ်။

ခနနေပါအုန်း

ထိန်းချုပ်တာ…

ကိုယ့်ခန္ဒာကိုယ်ကို ထိန်းချုပ်တာ။ အရာအားလုံးဖြစ်တည်မှုဟာ မိမိကိုယ်တိုင်အပေါ် မူတည်နေတယ်။

ဖန်ကျန်းရှီကတော့ ပြသနာရဲ့ အဖြေကို ရှာတွေ့သွားပြီပဲဖြစ်တယ်။ အရာအားလုံးဖြစ်တည်မှုကို မထိန်းချုပ်နိုင်ခင် မိမိကိုယ်ကို ဦးစွာ ထိန်းချုပ်စေခိုင်းနိုင်ရမယ်။

ငါသဘောပေါက်ပြီ။ နောက်ဆုံးတော့ နားလည်သွားပြီ။

ဖန်တီးမှု အားလုံးဟာ နှလုံးသားကနေ လာတယ်။ ဖန်တီးမှုအားလုံးဟာ မိမိကိုယ်တိုင်ပေါ် မူတည်တယ်။

ပျိုးပင်လေးနဲ့ ရေစက်လေးတွေက သူ့ခန္ဒာကိုယ်ကို ထိန်းချုပ်မှုရဲ့ ပြယုဂ်ဖြစ်မယ် ။ တိုးတက်အောင်လုပ်နိုင်ရင် သူ့ကိုယ်ကိုလည်း ထိန်းချုပ်နို်င်မယ်။

ဒါက

အခြေအနေ အကုန်လုံး တိုးတက်လာတဲ့သဘောပဲ။

ပျော်ရွှင်တက်ကြွစွာနဲ့ဖန်ကျန်းရှီဟာ သူ့ကိုယ်သူ မဟာပညာကျော်ကြီးတစ်ယောက်လို စိတ်သဘောရောက်နေတော့တယ်။ အိပ်ယာပေါ်က ထလိုက်ပြီး ခြံဝန်းထဲကို ပြတင်းပေါက်ကနေ ခုန်ချရင်း ဆင်းလိုက်တယ်

ကျောက်တုံးကြီးကို မျက်နှာချင်းဆိုင်လိုက်ပြန်တော့ သူ နည်းနည်း စိတ်ရှုပ်သွားပြန်တယ်။

ပထမတစ်ခါတုန်းက လက်နာသွားတာ တော်တော်နဲ့ မသက်သာဘူးလေ။

“အနာခံမှ အသာစံရမယ်။”

အံကြိတ်ရင်း အသက်ပြင်းပြင်းရှူကာ ကျောက်တုံးကြီးကို ညာဘက်လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။

ဖြည်းဖြည်းချင်း သူ့လက်ဖဝါးက အသားတွေ စုစည်းပြီး မာကျောလာတာကို သူ ခံစားလိုက်ရတယ်။

ဖြည်းဖြည်းချင်း ဖြည်းဖြည်း ချင်း

“ ဒါ ဒါ ဒီ လို ခံစားမှုမျိုးက အခုရပ်လိုက်လို့ မဖြစ်ဘူး။”

ဖန်ကျန်းရှီက အသံတိ်တ် ကြွေးကြော်လိုက်ပြီး ကျောက်တုံးကြီးကို ဖိကပ်ထားတဲ့ လက်ဖဝါးကို အားနဲ့တွန်းလိုက်တယ်။

အဲ့ဒီ့နောက် သူ့အခန်းကို ပြန်ဖို့လှည့်လိုက်တော့တယ်။

“ခရက်”

ကွဲအက်သံလေးတစ်ခုဟာ ထွက်ပေါ်လာတော့တယ်။ ခြံဝန်းထဲက ကျောက်တုံးလေးပေါ်မှာတော့ ကလေးတစ်ယောက်ရဲ့ လက်ဝါးပြား အရှည်လောက်ရှိတဲ့ အက်ကြောင်းရာလေးတစ်ခု ပေါ်လာခဲ့တယ်။

အပိုင်း (၂၁)ပြီး၏။

----------------------------

အပိုင်း (၂၂)

“မွေးနေ့”

ရက်အနည်းငယ်ကြာပြီးနောက် သာမာန်နေ့လယ်ခင်းတစ်ခုမှာ

“ သူ၏ အကျင့်သီလသည် ဆံချည်မျှင် ကဲ့သို့ ပေါ့ပါးသည်။ ကောင်းကင်ဘုံတိုင် မွှေးပျံ့သည့် သတင်းသီလ ကောင်းမြတ်လှသော အကျင့် သီတင်းပင်ဖြစ်သည်။”

ဖန်ကျန်းရှီက တာအို နိယာမကို ဖြည်းဖြည်းချင်းဖတ်နေတော့တယ် ။ တာအိုခန်းမကနေ သူငှားလာတဲ့ စာအုပ်ကို နားလည်အောင်ဖတ်နေတယ်။

“ဂွီ” သူ့ဗိုက်ကနေ နေ့လယ်စာ စားချိန် ရောက်ပြီဖြစ်ကြောင်း အချက်ပြတော့တယ်။

“ကျန်းရှီ မြန်မြန်လာစားတော့ ဒီနေ့က သားမွေးနေ့ပဲ။” ချီရှင်းလိန်ရဲ့ အသံဟာ ဧည့်ခန်းထဲကနေ ထွက်ပေါ်လာတော့တယ်။

“မွေးနေ့။” ဒီနေ့က သူ့မွေးနေ့မှန်း သတိတောင်မရပါဘူး။ ဒါပေမယ့် သူ့အမေကပြောတော့လည်း မွေးနေ့လိုက်ရတာပေါ့။

ဒီနေ့ပြီးရင် သူ ခုနစ်နှစ်ပြည့်သွားပြီ အချိန်တွေက တကယ့်ကို အကုန်မြန်လွန်းလှတယ်။ ဒီအတောတွင်းမှာ ထူးခြားတာကတော့ သူ့ရဲ့စားသောက်နိုင်စွမ်းက အတော်လေးကို မြင့်မားလာတာပဲ။

မွေးနေ့ဆို ရင် အစားအသောက် ကောင်းကောင်းလေးတော့ ရှိသင့်တာပေါ့။

အသားပြားလေးနည်းနည်းနဲ့ အရွက်တွေပဲပါတယ်။ နောက် ကြက်ဥသေးသေးလေး ၂လုံးပဲ စားပွဲပေါ်ရှိတယ်။

ဖန်ကျန်းရှီရဲ့ အစားစားချင်စတ်က အရမ်းကို ပြင်းပျလာတော့တယ်။ ဒါကတော့ သူ့အတွက် အကောင်းဆုံးမေတ္တာကို ပြတဲ့ ထမင်းဝိုင်းပဲလေ ။

သူတစ်ခုတော့်တွေးမိလိုက်တယ်။ ရွှေနည်းနည်းလောက်သုံးပြီးထမင်းဝိုင်းကို ကောင်းကောင်းလေးတော့ လုပ်ပေးသင့်တယ်လို့ ။

သူ့ပါးစပ်ကနေ ထုတ်မပြော မိအောင် စိတ်ကို မနည်းထိန်းထားရတယ်။ ရွှေတွေကို အနာဂတ်လက်ထပ်ပွဲ အတွက်ပဲစုမထားပဲ ကောင်းကောင်းစားဖို့အတွက်တော့ သုံးသင့်တယ်မလား။

ဒါ့အပြင် သူ့အမေအကြောင်းလည်းသူကောင်းကောင်းသိတယ်လေ။ သူတော့ ဆင်းဆင်းရဲရဲ နေချင် နေရပါစေ နောက်မျိုးဆက်အတွက်တော့ အကောင်းဆုံးဖြစ်အောင် ပိုက်ဆံတွေကို စုဆောင်းထားမယ်ဆိုတာ သေချာတယ်လေ။

“ကျန်းရှီ ဒီအသားပြားလေး စား သား။ မေမေ သားအတွက် သီးသန့်လုပ်ထားတာ” ချီရှင်းလိန်ကပြောရင်း ပန်းကန်ထဲကို ထည့်ပေးလိုက်တယ်။

“မေမေ အရင်စား” ဖန်ကျန်းရှီက ငြင်းလိုက်ပြီး သူ့အမေ ပန်းကန်ထဲကို ပြန်ထဲ့ပေးလိုက်တယ်။

“သားစား သားပဲစား ဒီနေ့သားမွေးနေ့မို့ အထူး လုပ်ပေးထားတာ” ဖန်ဟို့ဒဲက ဝင်ပြောလိုက်တယ်။ သူ့အမေ မစားဘူးဆိုတာ သူသိတဲ့ အတွက် ဆက်မငြင်းတော့ပဲ အဝသာ စားလိုက်တော့တယ်။ သူ့စိတ်ထဲ အတွေးဝင်လာမိတာကတော့ သူအခု ၇နှစ်တောင် ရှိသွားပြီဆိုတာပဲ။

စားသောက်ပြီးတဲ့ နောက် အိမ်အပြင်ထွက်လိုက် ခြံဝန်းထဲဝင်လိုက်လုပ်ရင်း လမ်းသလားနေတော့တယ်။

“ကျန်းရှီက ခန္ဒာကိုယ်လဲ ထွားလာသလို အတော်လည်း စားနိုင်လာပြီ။ ”

“ဟုတ်တယ် ငါနားလည်ပါတယ်။ အခုတော့ အရင်တုန်းက အမဲလိုက်အဖွဲ့မှာ အသန်မာဆုံးသူတွေက တာအိုခန်းမမှာ ပညာသင်နေကြတယ်။ လီမိသားစုလိုပေါ့ အခု ကျန်တဲ့ အဖွဲ့ ဝင်တွေက မသန်စွမ်းတဲ့သူတွေများတယ်။ ”

“အားလုံးရဲ့ မျှော်လင့်ချက် တောင်ဘကတောင်ရွာရဲ့ မျှော်လင့်ချက်က လီမိသားစုဆီမှာရှိတယ်။”

သူတို့တွေပြောဆိုနေကြတဲ့ အချိန်မှာပဲ အပြင်ဘက်ကနေ ခြေသံတွေကြားလိုက်ရတော့တယ်။ သူ့အခန်းက ပြတင်းပေါက်ကို ဖွင့်ရင်းကြည့်လိုက်တော့ ရွာသူကြီးနဲ့ ရွာသားတွေအုပ်လိုက်ကို ဖန်ကျန်းရှီမြင်လိုက်ရတော့တယ်။

“ ဟို့ဒဲ”

“ဘာကိစ္စရှိလို့ပါလဲ ရွာသူကြီး။” ဖန်ဟို့ဒဲက ကမန်းကတန်းထသွားရင်းမေးလိုက်တယ်။

“မင်းနဲ့ဆွေးနွေးစရာရှိလို့” ရွာသူကြီးမုန့်ပိုင် ဟာ ဆေးတံကြီးကို ဖွာရင်းပြောလိုက်တယ်။

“ပြောပါ ရွာသူကြီး”

“လွန်ခဲ့တဲ့ တစ်လခွဲ ၂လလောက်က တာအိုခန်းမကို သင်ယူဖို့လူတွေ ရောက်သွားတာ မင်းသိတယ်ဟုတ်” ရွာသူကြီးက အစပျိုးလိုက်တယ်။

“ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော် အမဲလိုက်အဖွဲ့မှာ ပြန်ကူညီပါမယ်။” ရွာသူကြီး လေကြောမရှည်ခင် ဖန်ဟို့ဒဲက အရင်ပြောလိုက်တော့တယ်။

“ ကောင်းပြီ။ မင်းကူညီချင်တယ်ဆိုတော့လည်း အရင်မင်းလက်မောင်းကို မဆုံးရှုံးခင်အချိန်ကဆို မင်းက အမဲလိုက်အဖွဲ့မှာ အသန်မာဆုံးပဲလေ။ ကန်လင်းတောင်ကို လည်း မင်းလိုကျွမ်းကျင်တဲ့သူရှားတယ်။ မနက်ဖြန်တောင်ပေါ်ကို လှည့်လည်စစ်ဆေးရမယ်။ ရွာလုံခြုံရေးက မင်းတို့အပေါ်မူတည်နေတယ်။”

“မစိုးရိမ်ပါနဲ့ ရွာသူကြီး” ဖန်ဟို့ဒဲက ခေါင်းငြိမ့်လိုက်တော့တယ်။

……

အမဲလိုက်အဖွဲ့။ ရွာကိုလုံခြုံအောင်လုပ်ရမယ်။

တောင်ဘက်တောင်ရွာအတွက် အမဲလိုက်အဖွဲ့ဆိုတာ အရေးအကြီးဆုံးဆိုတာ ဖန်ကျန်းရှီနားလည်တယ်။ ရွာရဲ့ အသက်မွေးဝမ်းကျောင်းမှုကလည်း သူတို့အပေါ်မူတည်နေတာလေ။ ဒါပေမယ့် တောင်ပေါ်ကို အမဲလိုက်ထွက်ရတာကလည်း အသက်ဆုံးရှုံးနိုင်တဲ့ အထိ အန္တရာယ်များလွန်းတယ်။ တောနက်နက်ထဲကို ဝင်ရဲတဲ့သူလည်း ရှားပါးတယ်။ ဧည့်ခန်းထဲမှာတော့ ငိုသံတစ်ခုက ထပ်မံထွက်ပေါ်လာပြန်တယ်။

“ တောထဲကို ဝင်ရမယ်။ ဒါက ဟာသမဟုတ်ဘူးလေ။ အရမ်း အန္တရာယ်များလွန်းတယ်။ ရှင့်ကို တော့ သူတို့ အလွတ်ပေးသင့်ပါတယ်။”

“ဒါ ဒါက ကိုယ်ရွေးလိုက်တဲ့ လမ်းပဲလေ။ ရွာမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်တော့တာ တခြားသူတွေသာ သွားဖို့ငြင်းလို်က်ရင် ရွာတစ်ခုလုံး ငတ်ပြတ်ကုန်ကြလိမ့်မယ်။ တောင်ပေါ်မှာပဲ စားစရာအသားရှာလို့ရမှာ နောက်ပြီး သားရေရလာရင်လည်း မြို့ဈေးမှာတက်ရောင်းရမှာ။” ဖန်ဟို့ဒဲက ပြောလိုက်တော့တယ်။

“ရွာမှာတခြားသူတွေ အများကြီးရှိနေသားနဲ့ ဘာလို့ရှင့်ကိုပဲ ခေါ်ရတာလဲ။ ရှင့်ရဲ့ လက်တစ်ဖက်ကို ရွာအတွက် ပေးဆပ်ခဲ့ပြီးပြီလေ။ အခုတော့ ရှင်က လေးနဲ့ မြှားကို တောင်ကိုင်နိုင်တော့တာ မဟုတ်ဘူးလေ။”

“ ရှူး။ ရွှေတွေက ကျန်းရှီအတွက် စုဆောင်းထားရမယ်။ ကိုယ် လေးမကိုင်နိုင်ရင်တောင် တခြားလက်နက်တွေ သုံးလို့ရပါတယ်။”

“ရှင် ရှင်ကလေ ။ရွာအတွက်ပဲ အမြဲစဉ်းစားတယ်။ တော်ပြီ ရှင့်အတွက် ကျွန်မပြင်ဆင်ထားတော့မယ်။” သူမရဲ့ စကားတစ်ဝက်တစ်ပြက်မှာတင် ရပ်သွားတော့တယ်။ ဖန်ဟို့ဒဲက သူ့အမဲလိုက် ကိရိယာတွေကို ယူဖို့ သိုလှောင်ခန်းထဲကို သွားတော့တယ်။

ဖန်ကျန်းရှီကတော့ စိုးရိမ်နေမိတယ်။ ဒီအမဲလိုက်အဖွဲ့ တစ်ခုတည်းအပေါ်မှာပဲ ရွာရဲ့ အနာဂတ်က မူတည်နေတယ်ဆိုတာကို …။

တာအိုခန်းမကို ဝင်ခွင့်ရသူတွေကလည်း အရေးကြီးတယ်ဆိုပေမယ့် သူတို့အောင်မြင်ဖြစ်ထွန်းဖို့က အချိန်ကြာအုန်းမှာလေ။ ဒီလို ဆင်းရဲတဲ့ တောင်ဘက်တောင်ရွာ အတွက်တော့ ဒါက ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ။

အမဲလိုက်အဖွဲ့။ တောင်ပေါ်တက်ရမယ်။ ဖန်ကျန်းရှီအတွေးနွံနစ်နေရာကနေ သတိပြန်ဝင်လာတော့ သူ့ရှေ့က ကျောက်တုံးကြီးပေါ်မှာ အက်ကွဲရာတစ်ခုပေါ်နေတာကို သတိပြုမိသွားတော့တယ်။

အပိုင်း(၂၂)ပြီး၏။

----------------------------

အပိုင်း(၂၃)

“အန္တရာယ်ကြားတိုးဝင်ခြင်း”

မျက်တောင်တစ်ခတ်အချိန်တွင်းမှာပဲ တစ်လတာဟာကုန်ဆုံးခဲ့ပါပြီ။

ဖန်ကျန်းရှီဟာ တော့ မနက်စောစော တာအိုခန်းမကိုသွားကာ စာဖတ်ပြီး ညအချိန်မှာတော့ ပြန်လည်လေ့ကျင့်လေ့ရှိပါတယ်။ တာအိုခန်းမအပြင်မှာ နေ့လယ်အိပ်တာကို ရပ်တန့်လိုက်ပြီပဲဖြစ်ပါတယ်။

သာယာလှတဲ့ မနက်ခင်းတစ်ခုကိုတော့ အော်သံကျယ်ကြီးတစ်သံက အကျည်းတန်စေပါတယ်။

င့ါကြက်တစ်ကောင်ပျောက်ပြန်ပြီ။ ဘယ်ကြက်သူခိုး ကလေကဝကောင်လာခိုးတာလဲ။

အိမ်နီးချင်းအဒေါ်လီရဲ့ ခြံဝန်းကနေ ထွက်ပေါ်လာသံပဲဖြစ်ပါတယ်။

ဒါကကြက်လေးတစ်ကောင်ပဲ မဟုတ်ဘူးလား အဲ့လောက်အော်နေတာ အပိုပဲလေ။ လိပ်ခေါင်းထွက်အောင်အော်လည်း ကြက်ပြန်ရမှာမို့လား။

ရွာပြင် မြစ်နံဘေးမှာတော့ ဖန်ကျန်းရှီဟာ အရသာရှိလှတဲ့ ကြက်ကင်ကို ဖန်တီးနေပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ရောင်စုံဖြူးထားတဲ့ ကြက်ကင်ရနံ့ ဟာ မိုးကောင်းကင်တိုင်သင်းပျံ့နေသယောင်ပါပဲ။

ဖန်ကျန်းရှီဟာတော့ ကြက်ကင် ပူပူနွေးနွေးကို အရိုးပဲ ကျန်အောင်ကိုက်ဝါးစားသောက်ရင်း သူကြက်ကင်ထားတဲ့ လက်စလက်နတွေကို ဖျောက်ဖျက်လိုက်ပါတော့တယ်။

တကယ်တော့ သူဟာရွေးချယ်စရာမရှိတဲ့ အတွက် ယခုလို ပြုရတာဖြစ်ပါတယ်။ သူ့ဖခင်ဟာ တစ်လလုံးလုံးသားကောင်များစွာ ရရှိအောင်ကြိုးပမ်းခဲ့ပေမယ့် အချိုးကျ ခွဲဝေမှုအရ သနားစဖွယ်ကောင်းလောက်အောင် မပြောပလောက်တဲ့ ပမာဏ ဝေစု အနည်းငယ်သာရရှိပါတယ်။

သူ့ရဲ့ အစာအာဟာရလိုအပ်ချက်အတွက် ဒီလိုမျိုး အမှုကို ပြုရခြင်းသာဖြစ်ပါတယ်။ မျက်နှာချင်းဆိုင် အိမ်က “လီ” မိသားစုဟာတော့ ကြက်ကောင်ရေတွေ အများအပြားရှိတဲ့အပြင် ဝေစုလည်း များစွာရတဲ့ သူ တစ်လတစ်ခါလောက် ချေးယူ သုံးစွဲတဲ့ မီးတောက်အမွှေးဖွာကြက်တစ်ကောင် ပမာဏဟာ မှုစရာ အခြေအနေမဟုတ်ပါဘူး။

အစာအာဟာရလုံလောက်ပြည့်ဝသွားပြီးနောက် ဖန်ကျန်းရှီဟာ ကိုယ်ကာယ စွမ်းအားကို အသုံးချဖို့ပြင်ဆင်လိုက်ပါတော့တယ်။

မြစ်ကမ်းဘေးက သူ့တစ်ရပ်စာထက်ကျော်တဲ့ ကျောက်တုံးကြီးကို မျက်နှာမူလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းတာ လက်ဖဝါးနဲ့ ရိုက်လိုက်ပါတယ်။ ထို့နောက်မှာတော့ လက်ဖဝါးမှာ အင်အားတွေကို ထပ်မံစုစည်းလိုက်ပြီး ဒုတိယလက်ဝါးချက်ကို ကျောက်တုံးမျက်နှာပြင်ပေါ်ဦးတည်လိုက်ပါတော့တယ်။ တတိယမြောက် လက်ဝါးချက်ကို ကျောက်တုံးပေါ်ကျရောက်ချိန်မှာတော့ အစိတ်စိတ်အမွှာမွှာကွဲကြေသွားတဲ့ ကျောက်မှုန်ကျောက်သားတွေ အဖြစ်ကို ရောက်ရှိသွားပါတော့တယ်။

“ဟူးးး အရင်တစ်ပတ်တုန်းက ၅ချက်ရိုက်ရတယ်။ အခုတော့ ၃ချက်ပဲ။”

ဒီအင်အားတွေနဲ့ဆို မိုးအောက်မြေပြင်မှာ စစ်သူကြီးလီနဲ့ လိုလီတာတို့ကို ယှဉ်နိုင်လာလိမ့်မှာ အမှန်ပဲ။ အရင်ဘဝတုန်းက ထူးချွန်လှတဲ့ကျောင်းသားတစ်ဦးဖြစ်ခဲ့တဲ့သူဟာတော့ အခုချိန်မှာသာ တိုက်ခိုက်ပွဲ ယှဉ်ပြိုင်ရင် ခါးပတ်နက်အဆင့်လောက်တော့ ရှိနေမှာ အမှန်ပါပဲ။

ဖန်ကျန်းရှီဟာ သူကြည့်ဖူးတဲ့ သိုင်းကားတွေထဲက အနှစ်ခြိုက်ဆုံးအိုင်ဒေါလ်တွေရဲ့ သိုင်းကွက်ကို သရုပ်ပြရင်း ရေအလျင်မှာ ထင်ဟပ်နေတဲ့ သူ့ရုပ်သွင်ကို ပြန်ကြည့်ရင်း ပီတိဖြာနေပါတယ်။

“ ကျန်းရှီ… ဖန်ကျန်းရှီ”

အသက်၈နှစ်အရွယ် လူငယ်လေးတစ်ဦးရဲ့ ခေါ်သံဟာ ပဲ့တင့်ထပ်လာတော့တယ်။

“သတင်းဆိုး သတင်းဆိုး ကျန်းရှီ ကျန်းရှီ ရွာမှာ အမဲလိုက်အဖွဲ့ ဒုက္ခတွေ့နေပြီ ရွာသူကြီးမုန့်က မင်းကို ရှာခိုင်းလိုက်တယ်။”

ထိုကလေးဟာ အမောတကောနဲ့ ပြောရင်း ဖန်ကျန်းရှီဆီပြေးလာနေပါတယ်။

ဖန်ကျန်းရှီစိတ်ထဲမှာတော့ စိုးရိမ်မှုတွေ မြင့်တက်လာတော့တယ်။ ရွာသူကြီး သူ့ကို ရှာခိုင်းလိုက်တာဟာ ကောင်းတဲ့ကိစ္စမဖြစ်နိုင်မှန်း သူလုံးဝကို သဘောပေါက်ပါတယ်။

ဒါကြောင့် တွေဝေမနေတော့ပဲ လေလို အလျင်နဲ့ရွာဆီကို တဟုန်ထိုးပြေးပါတော့တယ်။

လာခေါ်တဲ့ ကလေးမှာတော့ ကြက်သေသေပြီး တော့ မှင်သက်မိနေပါတယ်။ လူတစ်ယောက်ရဲ့ လျင်မြန်မှုဟာ မြှားတစ်စင်းအလား လေဟုန်ကို ခွင်းပြီး ပြေးသွားတာမျိုး သူ မမြင်မတွေ့ဖူးတာကြောင့်ပဲဖြစ်ပါတယ်။ သူတွေးမိလိုက်တာကတော့ လူတစ်ယောက်ဟာ သည်မျှ လျင်မြန်နိုင်ပါလားလို့ပေါ့။ သူသတိပြန်ဝင်လာတဲ့ အချိန် ဖန်ကျန်းရှီနောက်ကို ပြေးလိုက်တဲ့ အခါမှာတော့ နောက်ကျောပုံရိပ်ကို တောင် သူ့မြင်ကွင်းမှာ ထင်ရှားအောင်မတွေ့နိုင်တဲ့ အကွာအဝေးကို ဖန်ကျန်းရှီက ရောက်သွားပြီဖြစ်တယ်။

……

ဖန်ကျန်းရှီဟာ ရွာအဝင်ကို ရောက်ရှိချိန်မှာတော့ ငိုကြွေးသံတွေကို ကြားလိုက်ရတော့တယ်။

ငိုသံတွေဆီကို သူ ဦးတည်လိုက်ချိန်မှာတော့ လူစုရုံးနေတဲ့ ရွာကွင်းပြင်ဆီကို ရောက်ရှိသွားတော့တယ်။

“…… ဟို့ဒဲ ဟို့ဒဲ ရှင်ဘာလို့ ထိခိုက်ရပြန်တာလဲ“ သူ့အမေ ချီရှင်းလိန်ရဲ့ ငိုကြွေးသံကို ကြားရချိန်မှတော့ ဖန်ကျန်းရှီ စိတ်တွေ ထိန်းချုပ်မရနိုင်အောင် စိုးရိမ်မှုနဲ့ ပြည့်နှက်သွားတော့တယ်။

သူ့ကိုယ်သူ အရွယ်မရောက်သေးတဲ့ ကလေး အဖြစ်ကို လျစ်လျုရှုလိုက်ရင်း ရွာသားအုပ်စုကြီး ပေါ်က ခုန်လွှားဖြတ်သန်းလိုက်ကာ သူ့ဖခင်ဆီကို ပြေးသွားတော့တယ်။

ရွာကွင်းပြင်မြေကွက်လပ် ပေါ်က သားရေစတစ်စပေါ်မှာ လှဲလျောင်းနေရတဲ့ ဖန်ဟို့ဒဲကိုယ်မှာတော့ သွေးအလိမ်းလိမ်းကပ်နေတာဟာ မရှုဝံ့စရာပါပဲ။

သူ့ရဲ့ ဝမ်းဗိုက်ကနေ ပေါင်တစ်လျှောက် အနီးကပ် ဓားထက်ထက်နဲ့ ဖြတ်ခုတ်ခံထားရသလိုမျိုးဖြစ်ဟန်ရှိတဲ့ ဒဏ်ရာတွေကနေ သွေးတွေစီးကျနေတာပါ။ ဒဏ်ရာအစင်းကြောင်းတွေဟာ တော့ ၅ခုတိတိ ရှိနေပါတယ်။

ကွင်းပြင်မှာတော့ အခြားရွာသား ၇ယောက် ၈ယောက်ဟာလည်းပဲ အလားတူ ဒဏ်ရာ ဒဏ်ချက်တွေ အပြင် တိရစ္ဆာန် လက်သည်းရာတွေ ဗလပွ နဲ့လည်း ပြည့်နှက်နေပါတယ်။

“ကျန်းရှီ မင်းအဖေက ဒဏ်ရာ အနည်းငယ်ပဲ ရတာပါ မစိုးရိမ်ပါနဲ့” ကလေးငယ် စိတ်ထိခိုက်သွားမှာကို စိုးရိမ်ကြတဲ့ အတွက် ရွာသူရွာသားတွေက ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြပါတယ်။

“မီးမြေခွေးပြာ တောင်အောက်ကို ဆင်းလာလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ”

“နောက်ဆုံးတစ်ခေါက် မီမြေခွေးပြာနဲ့ကြုံရတုန်းက မြောက်ဘက်ရွာက လူနှစ်ဦးပဲ ဒဏ်ရာရခဲ့တာ အခုတော့ ငါတို့ရွာက ရွာသား ၈ယောက်တောင် ထိခိုက် ဒဏ်ရာရကြတယ်။”

ဖန်ကျန်းရှီ အရင်တုန်းက သူ့မိခင်ပြောဖူးတဲ့ မီးမြေခွေးပြာအကြောင်း သတိရသွားတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် မီးမြေခွေးပြာ ရွာထဲကို ဝင်လာချိန်တုန်းက သူ့ဖခင်ဟာ ရှေ့ဆုံးကနေ ရဲရဲဝံ့ဝံ့ ခုခံပေးခဲ့တာကြောင့် လက်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးတော့ တစ်ရွာလုံးညီညွှတ်မှု အင်အားကြောင့် မီးမြေခွေးပြာကို မောင်းထုတ်နိုင်ခဲ့တယ်။

တစ်ကောင်တည်းပဲလား။

“ဒီမီးမြေခွေးပြာ ပြန်ပေါ်မလာတာ နှစ်နဲ့ချီနေပြီ။ ဒီကောင် သေပြီလို့ထင်ထားတာ ။”

တကယ့်ကို တစ်ကောင်တည်း အတူတူပဲ။

“ မင်းတို့ ဒဏ်ရာတွေကို စိတ်မပူကြနဲ့ ဆေးဝါးကောင်းကောင်းသုံးပြီး သွေးတိတ်အောင် အရင်လုပ်ကြ” ရွာသူကြီး မုန့်ဟာ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရင်း ချွေးဒီးဒီးကျတဲ့ထိ ဒဏ်ရာရသူတွေကို လိုက်လံ ဆေးကုသပေးနေပါတယ်။

“အမဲလိုက်အဖွဲ့ ဒဏ်ရာရသွားတော့ ငါတို့စားသောက်ဖို့ ဘယ်လိုလုပ်ရမလဲ။” ရင်းနှီးတဲ့ အသံတစ်ခုဟာ လူအုပ်ရှေ့တန်းကနေ ထွက်ပေါ်လာတော့တယ်။

“အမဲလိုက်အဖွဲ့သာ အမဲမလိုက်တော့ရင် တစ်ရွာလုံး ငတ်ပြတ်ပြီး သေကုန်ကြမှာ။” အဒေါ်လီက လူအုပ်ရှေ့ကို ထွက်လာရင်းပြောလိုကတယ်။

“ဟူးးး… ဒါအမှန်ပဲ။”

“ အမဲလိုက်အဖွဲ့သာ မလှုပ်ရှားနိုင်တော့ရင် ငါတို့ ဘယ်လို စားသောက်ရမလဲ။”

သုံးဆယ်ကျော် အမျိုးသမီးတချို့ဟာ ငြီးငြူ ပြောဆိုကုန်ကြတော့တယ်။

အပိုင်း (၂၃)ပြီး၏။

----------------------------

အပိုင်း (၂၄)

“အံ့ဖွယ်”

ဖန်ကျန်းရှီဟာ ခုန်ကျော်ပြေးလွှားလာရင်း အမှတ်မထင် အဒေါ်လီရဲ့ ခြေထောက်ကို တက်နင်းမိသွားတော့တယ်။

“ဘယ်ခွေးသားက ငါ့ကို တက်နင်း…“

သူပြောလို့မဆုံးခင်မှာတင် ဖန်ကျန်းရှီဟာ အရှိန်လွန်ပြီ သူမတင်ပါးကို ကန်မိသွားတဲ့ အတွက် အဒေါ်လီဟာ လေးဘက်ထောက်လျက်ကျသွားပြီး မြေကွက်လပ်ပေါ်က သဲတွေကို အော်ဟစ်ပြီး စားနေမိသလို ဖြစ်သွားပါတော့တယ်။

သူ မော့ကြည့်တဲ့ အချိန်မှာတော့ မည်သူတစ်ဦးတစ်ယောက်ကိုမှ မမြင်တွေ့ရပါဘူး။ ဖန်ကျန်းရှီကတော့ ဒဏ်ရာရနေတဲ့ သူ့အဖေ ဖန်ဟို့ဒဲဆီကို ရောက်ရှိသွားပါပြီ။

အဒေါ်လီကတော့ သူ့ကို ဝင်တိုက်သွားတာ ဖန်ကျန်းရှီလို့ထင်လိုက်တယ်။

“ကျန်းရှီ သား သားရောက်နေတာလား။ သား အမေကို မငိုအောင် ချော့ပါအုန်း…။ အဖေ ဘာမှ မဖြစ်ပါဘူး ။” ဖန်ဟို့ဒဲဟာ အားတင်းပြီးပြောရှာတယ်။

ဖန်ကျန်းရှီသေချာကြည့်လိုက်တော့ ဒဏ်ရာနက်နက်တွေဟာ တစ်နှစ်လောက်အနားယူမှ ပျောက်ကင်းမယ့်ပုံပဲ။ ခြေထောက်တစ်ဝိုက်ဟာ လက်သည်းရာတွေကြောင့် စုတ်ပြတ်ပြီး အရေပြားတွေလန်နေတယ်။ ဒီလို ဆေးဝါးကောင်းကောင်းမရှိတဲ့ နေရာအတွက်တော့ အတော်လေးကို ဆိုးဝါးလွန်းတယ်။ ပြန်မကောင်းမှာတောင် စိုးရိမ်ရတယ်။

“ဟမ့် ကျန်းရှီ နင့်ကြည့်ရတာ အတော်လေး အားရှိနေတဲ့ ပုံပဲ တောင်ပေါ်ကို အမဲလိုက်ဖို့ နင်သွားသင့်တယ်။

“ အဒေါ်လီ ရှင် ဘယ်လိုတောင်ပြောရက်နိုင်တာလဲ။ ကျန်းရှီက ကလေးငယ် တစ်ယောက်ပါ။ ဒီလို ကိစ္စက လူကြီးတွေ လုပ်ရမယ့် အလုပ်ပါ။ တကယ်ပဲ စာနာစိတ်မရှိပြောရက်လိုက်တာ။ ကလေးလေးကို အမဲလိုက် ထွက်ခိုင်းတဲ့ စကား ရှင့်ဘာရှင်ပဲ ပြန်စဉ်းစား။”

“ခင်ဗျားတို့အိမ်က လီဟူအာက ကျန်းရှီထက်တောင် အသက်ပိုကြီးအုန်း မယ်။ ခင်ဗျားသားကို အမဲလိုက် ထွက်ခိုင်းပါလား။”

“ဖန်ဟို့ဒဲ ဒီလောက် ဒဏ်ရာရနေတာ နင်မမြင်ဘူးလား။ နင့်ပါးစပ်က ဒီလိုပြောထွက်ဝံ့တာ အံ့ပါ့ဟယ်။”

အဒေါ်လီရဲ့ ပြောစကားကို ကြားပြီးနောက် ဒေါသထွက်သွားတဲ့ရွာသားတွေဟာ ဆက်ပြီး မျက်ကွယ်ပြု မနေနိုင်ကြတာကြောင့် တစ်ယောက်တစ်ပေါက် ပြောဆိုတော့တယ်။

အဒေါ်လီရဲ့ မျက်နှာကတော့ နီရဲနေပြီး သူစကားမှားသွားပြီဆိုတာ သတိထားမိလိုက်တယ် ။ ဒါပေမယ့် ပြန်ပြောချင်စိတ်ကို မအောင့်အီးနို်င်တာကြောင့်

“ မြောက်ရွာမှာ အသက် ၉နှစ်ဆို အမဲလိုက်ရပြီ ဒါအထူးအဆန်းလား။”

“ ပါးစပ်ပိတ်စမ်း။” ရွာသူကြီးမုန့်ရဲ့ အော်သံဟာ ထွက်ပေါ်လာတော့တယ်။

“ဒဏ်ရာရသူတွေကို ကုသဖို့ ပိုအရေးကြီးတယ်။ သွေးတိတ်သွားတဲ့ သူတွေကို ဂရုစိုက်ပြီး အိမ်ပြန်သယ်သွားကြ။ ငါ မြို့တက်ပြီး လိုအပ်တဲ့ဆေးဝယ်မယ်။ မင်းတို့ စေတနာရှိသလောက် ထည့်ဝင်လှူဒါန်းကြ”

“ရွာသူကြီး ကျွန်တော့်မှာ ကြေးပြားတွေရှိတယ် ။ ယူသွားလိုက်ပါ။”

“ကျွန်မမှာတော့ ငွေစ နည်းနည်းရှိတယ်။ ခနလေးစောင့် အိမ်ပြန်ပြီး သွားယူလိုက်မယ် သူကြီး”

“ဘယ်လိုလဲ ။ အခုတော့ အစ်မလိ အသံတိတ်သွားပါလား။”

“ ငါတို့အိမ်မှာ တာအိုခန်းမမှာ တက်နေရတဲ့သူ ၂ယောက်တောင်ရှိတာ တခြားအရာ အတွက် အကုန်မခံနိုင်ဘူး”

“ထားလိုက်တော့ ဒါက စေတနာရှိသလောက် လှူဒါန်းရတာပဲ။”

“ရွာသူကြီးပြောတာကြားကျလား ငါတို့လီအိမ်က ဒီရွာရဲ့ အနာဂတ်ပဲ။”

ရွာသားတွေဟာ စိတ်ထဲမှာ အတော်လေး ဘဝင်မကျပေမယ့် ထုတ်ဖော်မပြောဝံ့ကြဘူး။ ဒီရွာမှာ လီကျွမ်းစီက အသန်မာဆုံးမလား။

မြို့တော်မှာ ကျင်းပတဲ့ တာအို စာမေးပွဲမှာတော့ အင်အားပြိုင်ပွဲမပါပေမယ့် ထိပ်သီး ကျောင်းသားတွေရဲ့ အင်အားကတော့ သာမာန်လူထက်များစွာကြီးမားတယ်။

ဖန်ကျန်းရှီ အဒေါ်လီကို စိုက်ကြည့်လိုက်တယ်။ အပျော်တွေနဲ့ ပြည့်နေတဲ့ မော်ချီနေတဲ့ မျက်နှာ ။ အဲ့ဒီ့နောက် သူ့မိခင် ချီရှင်းလိန် ခေါင်းငုံ့ပြီး တရှုံ့ရှုံ့ငိုကြွေးနေရှာတဲ့ အမေ။ နောက် ဒေါသထွက်နေပင်မယ့် စကားမပြောဝံံ့ကြတဲ့ရွာသွားတွေ ။ သူ့နှလုံးသားထဲမှာ နှောင်ကြိုးအထပ်ထပ်ရစ်ပတ်ခံရသလို တင်းကြပ်လာတော့တယ်။

သရဲပူးတယ်လို့ သတ်မှတ်ခံရမှာကို ကြောက်ရွံ့နေရင်း…

ဘာမှ မလုပ်နိုင်တဲ့ ကလေးတစ်ယောက်အဖြစ်…

ခေါင်းငုံ့ရင်း အရွယ်ရောက်ရမှာလား။

ဟမ့်…

အားနည်းတဲ့ လူတကာအထင်အမြင်သေးခံရတဲ့ ဖန်မိသားစုရဲ့ ပုံရိပ် အားနည်းသူတွေအဖြစ် သတ်မှတ်ခံရတာတွေ။ အခုချိန်မှာ ငါ့အဖေ ဖန်ဟို့ဒဲက မလှုပ်ရှားနိုင်တော့ဘူး။ ဒါဆိုရင် ဘယ်သူက ငါတို့မိသားစုကို ဦးစီးမှာလဲ။

ငါ့ရဲ့ နူးညံ့တဲ့ အမေ ချီရှင်းလိန် စိတ်အားငယ်ပြီး လဲပြိုသွားတာကိုစောင့်နေမှာလား။

ဖန်ကျန်းရှီသူ့ကိုယ်သူ စတင်မုန်းတိးလာတော့တယ်။ သတ္တိမရှိတဲ့ သူ့ကိုယ်သူ မုန်းတယ်။ အတွေးလွန်ပြီး ကြောက်တတ်လွန်းတဲ့ သူ့ကိုယ်သူမုန်းတယ်။ အဆုံးမှာတော့ တန်ဖိုးအရှိဆုံးကို ဆုံးရှုံးရတော့တယ်။

သူ အသက်၇နှစ်ပဲရှိသေးတယ်။

အဲ့တာ ဘာဖြစ်လဲ။

သူ့မျက်ဝန်းတွေထဲမှာ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်တဲ့ အရိပ်အယောင်တွေပေါ်လာတယ်။

ဒီမိသားစုအတွက် သူတတ်စွမ်းနိုင်သလောက် ကြိုးစားပေးရမယ်။

ငါ့မိသားစုကို ငါထောက်ပံ့မယ်။ ရုတ်ချည်း ထရပ်လိုက်ရင်း ဖန်ကျန်းရှီဟာ ရွာကွင်းပြင်က ကျောက်တုံးကြီးဆီကို ဦးတည်လိုက်တော့တယ်။

ဝန်းရံထားကြတဲ့ ရွာသားတွေကတော့ သူဘာလုပ်ဖို့ကြိုးစားနေသလဲဆိုတာ မတွေးတတ်ပါဘူး။

“ကျန်းရှီ မိုက်မိုက်မဲမဲတွေမလုပ်နဲ့”

“သူဘာလုပ်ဖို့တွေးနေတာလဲ။”

“ကလေး တစ်ခုခုမလုပ်ခင် အမြန်တားကြ”

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဖန်ကျန်းရှီနားကို ရွာသားတစ်ဦးမှာ မရောက်ခင်

“ ဗုန်းးး…”

အသံကျယ်ကြီးတစ်ခုဟာ ဟိန်းထွက်လာတော့တယ်။ ကျောက်တုံးကြီးဟာတော့ လှုပ်ခါယိမ်းယိုင်ရင်း အက်ကြောင်းရာတွေပေါ်လာတော့တယ်။

“ခရက်” ကွဲအက်သံနဲ့ အတူ အစိတ်စိတ်ကွဲသွားတော့တယ်။

ရွာသားအားလုံး ရွာသူကြီးမုန့် အဒေါ်လီနဲ့ ချီရှင်းလိန်တို့ပါ အံ့သြမှုကြောင့် ငြိမ်သက်နေကြတော့တယ်။ ဖန်ကျန်းရှီလေးဆီကို အားလုံးရဲ့ အကြည့်တွေဟာ ဦးတည်နေတော့တယ်။

“ဖတ်”

ရွာသူကြီးမုန့်ရဲ့ ဆေးတံကြီးဟာ မြေခသွားရှာတယ်။ သို့ပေသိ သူကတော့ လုံးလုံးသတိမပြုမိဘူး။ သူ့မျက်စိရှေ့က အံံဖွယ်လူသားကို သာ ပြူးကျယ်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတော့တယ်။

ဒါက ဘာဖြစ်တာလဲ။

သူအသက်ကြီးလို့ပဲ အမြင်တွေမှားတာလား။

၇နှစ်သား ကလေးတစ်ယောက် လက်သီးတစ်ချက်နဲ့ ကျောက်ဆောင်ကို ကွဲစေတယ်။

ဒါဟာ တွေးတောင် မတွေးဖူးတဲ့ အဖြစ်အပျက်တစ်ခု…

ဒီအခိုက်အတန့်မှာတော့ ကွင်းပြင်က ရွာသားအားလုံးဟာ အိမ်မက်မက်နေသလို သူတို့ရဲ့ မျက်စိရှေ့မှောက်မှာ မြင်နေရတာကို မယုံနိုင်ဖြစ်နေကြတယ်။ သို့ပေမယ့် ဒါဟာ တကယ့် အဖြစ်မှန်ပါ။

ဖန်ကျန်းရှီဟာ ရွာသားတစ်ယောက်ချင်းစီရဲ့ မျက်နှာကို စေ့စေ့ကြည့်တယ်။ အဒေါ်လီ ပါးစပ်အဟောင်းသားဖြစ်နေတာကို သူမြင်တယ် ရွာသူကြီးမုန့်ရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးတွေကို သူမြင်တယ်။

နောက်ဆုံး အံ့သြထိတ်လန့်နေတဲ့ သူ့မိခင် ချီရှင်းလိန်…

မျက်ရည်တွေ သွေ့ခြောက်သွားပြီဖြစ်တဲ့ မိခင်မျက်နှာ။ သက်ပြင်းရှည်ကြီးတစ်ခုကို သူချလိုက်မိတယ်။ သူ့ရဲ့ ငယ်ရွယ်နုနယ်တဲ့ မျက်နှာပေါ်မှာတော့ လေးနက်ထင်ရှားတဲ့ ဆုံးဖြတ်ချက်တွေ ပေါ်လွင်နေတော့တယ်။

အပိုင်း (၂၄)ပြီး၏။

အပိုင်း(၂၅)

“အမဲလိုက် အဖွဲ့”

“ ကျွန် တော် အ မဲ လိုက် အ ဖွဲ့ ကို ဝင် မယ်။”

ဖန်ကျန်းရှီရဲ့ အသံဟာ အရမ်းမကျယ်ပေမယ့် ရွာသားတိုင်းရဲ့ စိတ်နှလုံးကို ထိခတ်သွားစေတယ်။ ရွာသားတွေကတော့ တစ်ယောက်မျက်နှာယောက်ကြည့်ရင်း ပြောစရာစကားမဲ့ကုန်ကြတော့တယ်။

“ အ မဲ လိုက် အဖွဲ့ ”

“ဘုရားရေ သူက ၇နှစ်ပဲရှိသေးတာကို ”

ဖန်ကျန်းရှီရဲ့ စကားလုံးတွေကို ကြားပင်မယ့်လည်း သူတို့ရဲ့ နားကိုတောင် မယုံကြတဲ့ရွာသားတွေဟာ အိမ်မက်ထဲလမ်းလျှောက်နေရသူများပမာပါ။

ရွာသူကြီးမုန့်ဟာ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ သတိကင်းမဲ့စွာ လဲလျောင်းနေပြီၤဖြစ်တဲ့ ဖန်ဟို့ဒဲရဲ့ ခန္ဒာကိုယ်ကို ကြည့်ရင်း တိုးညှင်းစွာ ရေရွတ်မိလိုက်တယ်။ “ ဟို့ဒဲက သားကောင်း တစ်ဦးမွေးထုတ်ထားတာပဲ။”

ရွာသားတွေရဲ့ အမြင်နဲ့ သူ့သားငယ်လေးရဲ့ ဆုံးဖြတ်ချက်ကို ကြားပြီးတဲ့နောက်မှာတော့ ချီရှင်းလိန်ရဲ့ မျက်လုံးမှာ မျက်ရည်တွေ တစ်ဖန်စိုစွတ် လာပြန်တော့တယ်။

…

အလွန်ကို လျင်မြန်စွာနဲ့ပဲ ဖန်ကျန်းရှီရဲ့သတင်းဟာ ပျံ့နှံ့သွားတော့တယ်။ ရွာက အိမ်တိုင်းမှာ အိမ်ပြင်ကို ခြေတစ်လှမ်းတောင် မထွက်တဲ့ သက်ကြီးရွယ်အိုတွေတောင် ဖန်ကျန်းရှီ ရဲ့ သတင်းစုံကို သိကြပြီး မယုံနိုင်အောင် ဖြစ်နေကြတယ်။

ဖန်ကျန်းရှီ ကျောက်တုံးကြီးကို လက်သီးတစ်ချက်တည်းနဲ့ ခွဲပြစ်လိုက်တာကို လူဒါဇင်ပေါင်းများစွာတွေ့သွားတာ ဖြစ်တဲ့အတွက် ကောလဟာလအဖြစ် သတ်မှတ်မရဘူး။

“ဒါက မဖြစ်နိုင်တာပဲ။ ကျန်းရှီက ဘယ်လိုဖြစ်ခဲ့တာလဲ။ တာအိုမုခ်ကို အောင်မြင်ပြီးပြီလို့တော့ မပြောနဲ့…။”

“ဒါက ဘယ်လိုဖြစ်နိုင်တာလဲဆိုတော့ သူ့အဖေရဲ့ ဒဏ်ရာကိုမြင်ပြီးတော့ သူ့ဒေါသတွေ ပေါက်ကွဲထွက်ပြီး အင်အားတွေ ပွင့်ထွက်လာတာဖြစ်နိုင်တယ်။”

“ဘယ်လိုပဲဖြစ်ဖြစ် ၇နှစ်သားရဲ့ လက်သီးတစ်ချက်ကြောင့် ကျောက်တုံးကြီးကွဲအက်သွားတာကတော့ ထူးဆန်းလွန်းတယ်။”

“ဟုတ်တယ်။ သားရိုင်းကောင်လို ခွန်အားနဲ့ ဒီကလေးက ရွာရဲ့ အနာဂတ်ဖြစ်လာလိမ့်မယ်။”

ရွာတစ်ခုလုံးကတော့ ဖန်မိသားစုကို ချီးမွမ်းသံတွေ ပျံ့လွင့်နေပါတယ်။

သို့ပေမယ့် အပင်မြင့်လေ လေတိုက်လေဆိုတဲ့ စကားကိုတော့ မေ့ထားလို့မရပါဘူး။ အဒေါ်လီဟာတော့ သူ့အိမ်မှာပြောလို့ဆိုလို့မပြီးနိုင်အောင်ဖြစ်နေပါတယ်။ ဒီကောင်စုတ်လေးက တာအို ခန်းမကိုတောင် ဝင်ခွင့်မရတာ တာအိုနိယာမစာမေးပွဲကို အောင်ဖို့ဆိုတာဖြစ်နိုင်မလား။ ဟမ့် တစ်ဘဝလုံးအမဲလိုက်ရင်းနဲ့ပဲကုန်ဆုံးရမှာကို။”

လီကျွမ်းစီကတော့ အတော်လေးကို စိုးရိမ်နေတယ်။ လီဟူအာကို စိုက်ကြည့်ပြီး သက်ပြင်း အတွေတွေ ချရင်းနဲ့ပေါ့။

လှည်းလေးတစ်စီးနဲ့ ရွာသူကြီးမုန့်ကတော့ မြို့ကို ဦးတည်နေပါတယ်။ ဆေးတံလေးကို ဖွာရင်းနဲ့ စိတ်ကူးရေယာဉ်ကြောထဲမျောနေသူဟာတွေးရင်းနဲ့ ပြောနေမိပါတယ်။

“ ဖန်မိသားစု… ငါဘယ်လိုလုပ်ရပါမလဲ။ ဒါ ငါမျက်ကွယ်ပြုခဲ့တဲ့အပြစ်တွေပဲ။ ဒီကလေးရဲ့ အနာဂတ်ကို ငါဖျက်စီးမိသွားတယ်။ တာအိုခန်းမမှာကို ဝင်ခွင့်ရမယ့် သူ နာမည်စာရင်းကို ပြင်ဖို့က နောက်ကျလွန်းသွားပြီ။”

ဖန်မိသားစုမှာတော့ ချီရှင်းလိန်က သူ့ခင်ပွန်းကို အဝတ်အစားလှဲလှယ်ပေးရင်း ထိုင်နေပါတယ်။

“ကျန်းရှီ တကယ်ပဲ အမဲလိုက်အဖွဲ့ကို သွားမှာလား”

သူ့သားလေးကို လူကြီးတစ်ယောက်လို သတ်မှတ်ဖို့ကလည်း အခုမှ ၇နှစ်သားပဲရှိသေးတယ်။ ကလေးအဖြစ်သတ်မှတ်ဖို့ကလည်း ရင့်ကျက်လွန်းတာကြောင့် မသင့်လျော်သလိုဖြစ်နေတယ်။

“သွားမှာ မေမေ။”သူ့အမေ သူ့အတွက်စိတ်ပူနေတာကို နားလည်ပေမယ့်လည်း သူ့အိမ်အတွက် ကတော့ လိုအပ်နေတယ်လေ။

“မေမေ မစိုးရိမ်ပါနဲ့ သား ကိုယ့်ကို ကိုယ် ဂရုစိုက်နိုင်ပါတယ် နောက်ပြီးသား အမဲလိုက် အဖွဲ့ထဲဝင်ရင် သားဝေစုရမှာပဲလေ။ ဖေဖေလည်း နေမကောင်းတော့ အသားစားဖို့လိုအပ်တယ်လေ။” ဖန်ကျန်းရှီက သူ့အမေကို ဖြောင်းဖျရှာတယ်။

တကယ်တမ်းတော့် စဉ်းစားကြည့်ရင် သူလုပ်နေတာတွေက ကြောက်စရာကောင်းနေတယ်။ အရင်ဘဝတုန်းက ခွေးကိုတောင် ရန်မစဖူးတဲ့သူဟာ ဒီကမ္ဘာမှာတော့ ကန်လင်းတောင်လို နေရာမျိုးကို သွားပြီး အမဲလိုက်မယ်ဆိုတာ အတော်လေးတော့ အံ့ဖွယ်ကောင်းနေတယ်။

သူ့ဖခင်ရဲ့ ဒဏ်ရာကြောင့်နဲ့ အဒေါ်လီ ပြောဆိုမှုတွေကြောင့်သာ သူရုတ်တရက် အင်အားကြီးမားလာတာကို ရွာသားတွေ သတိမမူနိုင်အောင် လှည့်စားနိုင်ခဲ့တာဖြစ်တယ်။

သူ့မိခင်ကတော့ ဘယ်လိုမှ စိတ်မအေးနိုင်တဲ့ အတွက် သားလေးကို နားချနိုင်ဖို့ကြိုးစားနေပါတယ်။

“သားလေး မေမေ့မှာ ရွှေသားတွေ ရှိတယ်။ သား ဒီလို ဒုက္ခခံဖို့မလိုပါဘူး။”

“ရွှေတွေကို ဖေဖေ့အတွက်ပဲ ထားလိုက်ပါ။ သားသိပါတယ်။”

သူမသားရဲ့ စကားကြောင့် အံ့သြသွားပေမယ့် ရွှေတွေကို ယူခဲ့တဲ့ ဖက်ထုပ်လေး အကြောင်းကို သူမပြန်တွေးမိတော့ တော်တော်လေးကို စိတ်ထဲရှုပ်သွားခဲ့တယ်။

“ကျန်းရှီလေးတောင် အရွယ်ရောက်လာပြီပဲ။”

“မေမေ မစိုးရိမ်တော့ပါနဲ့ မိသားစုတာဝန်ကို သားကို အပ်လိုက်ပါတော့။”

မီးမြေခွေးပြာ မင်းကို ရောင်းရင်တော့ ပိုက်ဆံကောင်းကောင်း၇မှာပဲ။

…

လဝက်ကြာပြီးနောက် မနက်ခင်းတစ်ခုမှာ

ဝါဂွမ်း ထည် အကျီတွေကို ဝတ်ဆင်ထားတဲ့ ချီရှင်းလိန်ဟာ ဖန်ကျန်းရှီအတွက် သားရေ အကျီကို ပြင်ဆင်ပေးနေတယ်။

ကန်လင်းတောင်က ပိုးမွှားတွေ အဆိပ်ပြင်းတဲ့ မြွေတွေနဲ့ပြည့်နေတာဖြစ်တယ်။ ဖန်ကျန်းရှီကတော့ သားရေလက်အိတ် သားရေဖိနပ်တွေကို အပြည့်အစုံဝတ်ထားပြီး ခေါင်းစွပ်လည်းဆောင်းထားပါတယ်။

သူအမဲလိုက်အဖွဲ့ကို ဝင်ချိန်ကစပြီး သားကောင်ငယ်လေးတွေကိုပဲ တွေ့သေးတာ အခုချိန်ထိတော့ ပြေးရလွှားရတာကလွဲပြီး တခြားအခက်အခဲတော့ မကြုံရသေးပါဘူး။

သို့ပေသော်ငြား

အဖာအထးရာတွေနဲ့ ပြည့်နှက်နေတဲ့ သူ့ဝတ်စုံကတော့ တော်တော်လေးကို စုတ်ပြဲနေပါပြီ။

ရွာသူကြီးမြို့ကဝယ်လာတဲ့ဆေးတွေ ကောင်းမှုကြောင့် သူ့ဖခင်ကတော့ ဒဏ်ရာတွေ အတော်လေး သက်သာနေပြီ ဖြစ်တဲ့အပြင် လမ်းတောင် အနည်းငယ်လျှောက်နိုင်နေပြီဖြစ်ပါတယ်။

“သား ဂရုစိုက်သွားအုန်း။ သားရဲကောင်ကြီးတွေနဲ့တွေ့ရင် လုံလုံခြုံခြုံ ပုန်းနေ”

“ဖေဖေ မစိုးရိမ်ပါနဲ့ သားအမြဲ ဂရုစိုက်ပါတယ်။” ဖန်ကျန်းရှီဟာ တောင်းကြီး တစ်ခုကို ကျောမှာ ပိုးရင်း ဓားမြောင် ငယ်လေးကို ဖိနပ်ထဲမှာ ထဲ့ပြီး အိမ်ပြင်ကို ထွက်ပါတော့တယ်။

“ ကျန်းရှီ လေးနဲ့ မြှားမယူဘူးလား” သူ့အမေက မေးလိုက်တယ်။

“သား မပစ်တတ်သေးဘူးမေမေ”

“အမဲလိုက် ဓားကြီးကော မယူဘူးလား”

“ဓားလည်း မသုံးတတ်ဘူးမေမေ”

“ဒါဆို ဘယ်လို အမဲလိုက်မှာလဲ။”

“ဒါရှိတယ်လေ။ ကျောပေါ်က တောင်းကြီးနဲ့ ဖိနပ်ထဲက ဓားကို ဝှေ့ယမ်းပြရင်း ဖန်ကျန်းရှီက ပြောလိုက်တော့တယ်။

အပိုင်း (၂၅)ပြီး၏။

----------------------------

အပိုင်း (၂၆)

"ရမ်းကားလွန်းတယ်"

တကယ်တမ်း တော့ တောင်ဘက်တောင်ရွာ အမဲလိုက်အဖွဲ့က ဖန်ကျန်းရှီကို စောင့်မျှော်နေကြတာဖြစ်တယ်. ။

ခြင်းတောင်းကြီးတစ်ခုကို သယ်ဆောင်လာတဲ့ ဖန်ကျန်းရှီ ကို မြင်လိုက်တော့ အမဲလိုက်အဖွဲ့ကသူတွေ သုန်မှုန်သွားကြတယ်။

"ကျန်းရှီ မင်းရဲ့ လေးနဲ့မြားကော ဘယ်မှာလဲ"

"ကျွန်တော် အိမ်မှာ ထားခဲ့ပြီ"

"ဒါဆို အမဲလိုက်ဓားကကော"

"ကျွန်တော် မယူလာမိဘူး။"

အမဲလိုက်အဖွဲ့က လူတွေ အတော်လေးကို ဆွံ့အကုန်ကြတယ်။ ဒီကလေးက အမဲလိုက်မှာလား အမဲလိုက်ခံမှာလား။

"ကျန်းရှီ သူတို့ကို အရေးမလုပ်နဲ့ ။ တောင်ပေါ်တက်ရမယ့်အချိန်ဆို သား နောက်မှာပဲနေနော်။အတွေ့အကြုံအရင်ယူ အန္တရာယ်ကြား မဝင်တိုးနဲ့" သက်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ ဖန်ကျန်းရှီရဲ့ ပုခုံးပေါ်ကို လက်တင်လိုက်ရင်းပြောလိုက်တော့တယ်။

ဒါကတော့ အမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင် အသစ် တင်းချင်ရှန်း ပဲဖြစ်ပါတယ်။

လီကျွမ်းစီက တာအိုခန်းမကို ဝင်ရောက်သွားတဲ့ အတွက် ဒီလို ခေါင်းဆောင်နေရာကို သူ တာဝန်ယူရတာဖြစ်တယ်။

တောင်ပေါ်ကို မတက်ရောက်တာ နှစ်ဆယ်ချီကြာနေပင်မယ့် သူ့ရဲ့ အတွေ့အကြုံတွေကြောင့် ရွာသူကြီးမုန့်ကရွေးလိုက်တာဖြစ်တယ်။

အမဲလိုက်အဖွဲ့က လူတွေက ဒီကလေး ဖန်ကျန်းရှီ ဘာသယ်လာမလဲဆိုတာ သိချင်နေကြတာ အခုတော့ ခြင်းတောင်းကြီးတစ်လုံးကိုသာ သယ်လာတဲ့အတွက် ရီချင်စိတ်ကို ထိန်းချုပ်ထားကြရတယ်။

"နောက်ဆုံးတော့ သူက ကလေးသာသာပါပဲလေ။" တင်းကျင်းရှန်းက ငြင်သာစွာပြောလိုက်တော့တယ်။

အမဲလိုက်အဖွဲ့ကို လိုက်ပါပို့ဆောင်ပေးတဲ့ ရွာသူကြီးမုန့်ကတော့ ဖန်ကျန်းရှီကို ကြည့်ရင်း စိတ်မောနေမိတယ်။

.....

မနက်ခင်းမြူဆိုင်းချိန်မှာ စတင်ထွက်ခွာလာတဲ့ လူဆယ်ဦးကျော်ပါ အမဲလိုက်အဖွဲ့ဟာ ကန်လင်တောင်ဆီကို အသော့နှင်လာပါတော့တယ်။

ခြင်းတောင်းကြီးနဲ့ ဖန်ကျန်းရှီလေးကတော့ လူအုပ်နောက်ဆုံးမှာရှိနေပါတယ်။

လေထန်လှတဲ့ တောင်ပေါ်ကိုရောက်လာလေလေ ရှေးဟောင်းသစ်ပင်အိုကြီးတွေနဲ့ ပြည့်နှက်လာလေပဲဖြစ်တယ်။ အန္တရာယ်ဟာတော့ ဘယ်ဆီ ဘယ်ဝယ်က ထွက်ပေါ်လာလေမလဲဆိုတာ မသိနိုင်တဲ့ အရပ်ဖြစ်တယ်။

အရင်ဘဝတုန်းက မြို့ကြီးပြကြီးမှာ သာ နေထိုင်ခဲ့တဲ့ ဖန်ကျန်းရှီကတော့ မြင်မြင်လေရာ သစ်ပင်တွေသာ ဖြစ်နေတဲ့အတွက် အတော်လေးကို မူးဝေနောက်ကျိလာပါတယ်။

တခြားအမဲလိုက်အဖွဲ့က သူတွေ သူ့ကို လှည့်ကြည့်တဲ့အချိန်မှာတော့ သူ့မှာ ပြုံးပြဖို့သာ တတ်နိုင်ပါတယ်။

ဘယ်လိုပင်ကြည့်ပါစေ ဖန်ကျန်းရှီဟာ အမဲလိုက်သမားတစ်ယောက်ထက် ရှုခင်းကြည့်ဖို့လိုက်လာတဲ့ ကလေးလေးနဲ့သာ တူနေပါတယ်။

ရွာကထွက်လာပြီး တစ်နာရီခန့်ကြာပြီးနောက်မှာတော့ မိုးသောက်ရောင်ခြည်ကြောင့် ကောင်းကင်ဟာ တောက်ပလာပါတော့တယ်။

ကန်လင်းတောင်ရဲ့ တောထူထပ်လှတဲ့ နေရာကို ရောက်ချိန်မှာတော့ ရပ်တန့်လိုက်ကြပါတော့တယ်။ ဒီနေရာဟာတော့ အမဲလိုက်အဖွဲ့ စခန်းချနေကြ နေရာပဲဖြစ်ပါတယ်။

"ထောင်ချောက်တွေကို အရင်စစ်ကြ ဘာဖမ်းမိထားသလဲဆိုတာ အရင်ဆုံးစစ်ဆေးကြ" တင်းချင်းရှန်းက အမဲလိုက်အဖွဲ့ဝင်တွေကို အမိန့်ပေးလိုက်တယ်။

ဒီအချိန်မှာပဲ မြားတစ်စင်းဟာ လေထုကို ခွင်းကာ အမဲလိုက်အဖွဲ့ရှေ့ကို ရောက်ရှိလာတော့တယ်။

"ဘယ်သူလဲ" တင်းချင်းရှန်းဟာချုံပုတ်တွေကို ဦးတည်ရင်းမေးလိုက်တော့တယ်။

အခြား အမဲလိုက်သမားတွေကတော့ ဓားတွေကို အသင့်ပြင်ရင်း စက်ဝိုင်းပုံစံနေရာယူလိုက်ပြီးတော့ အလယ်မှာတော့ ဖန်ကျန်းရှီရှိနေပါတယ်.။

"ဟ...ဟ... ဒီမှာ သားကောင်ရပြီထင်တာ တောင်ဘက်တောင်ရွာက ကောင်တွေဖြစ်နေတာကိုး" အစိမ်းရောင်သားရေအကျီကို ဝတ်ဆင်ထားတဲ့သတ်လတ်ပိုင်း လူတစ်ယောက်ဟာ သစ်တောတွေထဲကနေထွက်လာရင်းပြောလိုက်တယ်။

"ဒီလူတွေက မြောက်ပိုင်းရွာသားတွေပဲ။"

"ကျန်းယန်ဖိန် ဒါက တောင်ရွာပိုင်နက်ပဲ။ မင်းတို့မြောက်ရွာသားတွေ ဘာလို့ရောက်နေတာလဲ။ "

ထွက်ပေါ်လာတဲ့လူကို ဦးတည်ရင်း မေးနေတဲ့ တင်းချင်းရှန်ရဲ့ လက်တွေကတော့ သူ့ဝမ်းဗိုက်နားမှာ ဓားကို အသင့်ပြင်ထားတယ်။

"တောင်ဘက်တောင်ရွာပိုင်နက် ဟဟ တောင်ဘက်တောင်ရွာက လူတွေမီးမြေခွေးပြာ တိုက်ခိုက်တာခံလိုက်ရတယ် ပြောသံကြားလို့လာကြည့်တာ။"

"အပိုတွေပြောမနေနဲ့ကျန်းယန်ဖိန် မင်းတို့ဒီလာတာ ငါတို့ထောင်ထားတဲ့ သားကောင်တွေ အချောင်လာနှိုက်တာမလား။"

"တိရစ္ဆာန်တွေ ကိုယ်မှာတောင်ဘက်တောင်ရွာလို့ တံဆိပ်ကပ်ထားလို့လား။ လာယူတော့ကော ဘာဖြစ်လဲ။" ပြောပြောပြီးချင်း ကျန်းယန်ဖိန်က ထွက်သွားဖို့ပြင်လိုက်တယ်။

"ငါတို့ထောင်ချောက်ထဲက သားကောင်တွေ ထားခဲ့" အမဲလိုက်အဖွဲ့က လူတစ်ဦးကနေအော်ပြောလိုက်တယ်။

"မင်းတို့သားကောင်တွေ ဟတ်လား ငါ့ဓားကို မေးပြီးမှ ပြောသင့်တယ်။" ကျန်းယန်ဖိန်ဟာ ခါးကဓားကို ထုတ်ရင်းနဲ့ အော်ဟစ်လိုက်တယ်။

ရုတ်တရက် ချုံပုတ်ငယ်တွေထဲကနေ လူ နှစ်ဆယ်ခန့်ဟာ ထွက်ပေါ်လာပြီး သူတို့လက်ထဲမှာလဲ သားကောင်တွေကို အသီးသီးကိုင်ထားကြတယ်။

အောင်နိုင်သူကြီးပမာ ပျော်ရွှင်နေဟန်တူတဲ့ ကျန်းယန်ဖိန်က ထပ်မံအော်ပြောလိုက်တော့တယ်။

"မင်းတို့ယောကျာ်းစစ်ရင် လာလုလေ။ ဟား ဟား ဟား တောင်ဘက်တောင်ရွာက လူတွေ အကုန် အားနည်းပြီးပျော့ညံ့တဲ့ ကောင်တွေပဲ ။ လောကမှာ အင်အားကြီးတဲ့သူက အနိုင်ရစမြဲပဲ။" ပြောဆိုရင်း ကျန်းယန်ဖိန်ဟာ ထွက်သွားတော့တယ်.။

မြောက်ရွာက လူတွေဟာလည်း ရယ်မောရင်းထွက်သွားတော့တယ်.။

"ခေါင်းဆောင်"

"မြောက်ရွာက လူတွေ ရမ်းကားလွန်းတယ်"

"သူတို့ကို အလွတ်မပေးသင့်ဘူး"

တောင်ဘက်တောင်ရွာအမဲလိုက်အဖွဲ့ကတော့ ရူးရူးမိုက်မိုက် ပြုလုပ်ဖို့ဆုံးဖြတ်မိမတတ်ပါပဲ။

"မဖြစ်ဘူး ငါတို့လူအင်အားကွာတယ်။ ဒါ့အပြင် ဒဏ်ရာ အပြည့်အ၀ ပြန်မကောင်းသေးတဲ့သူတွေလည်း ရှိနေတယ်။ ဒီလို တိုက်ခိုက်ရင် အထိနာမှာ ငါတို့ပဲဖြစ်မယ်" တင်းချင်းရှန်းက ချင့်ချိန်စဉ်းစားရင်းပြောလိုက်တော့တယ်။

"ဒါဆို ကျွန်တော်တို့ထောင်ထားတဲ့ သားကောင်တွေကို ကော ဘယ်လိုလုပ်မလဲ"

"ပြီးခဲ့တာက ပြီးခဲ့ပြီ။ ထောက်ချောက်ထဲမှာ နောက်ထပ်မိနေမလားဆိုတာ သွားကြည့်ရအောင်" တင်းချင်းရှန်းက စိတ်ထိန်းရင်း ပြောလိုက်တော့တယ်။

"အဖွဲ့သားတို့စုစည်းကျ"

"ဦးဦးတင်းရှန်း သား ဆေးပင်သွားရှာလိုက်မယ်" ဖန်ကျန်းရှီရဲ့ အသံဟာ ယခုမှပဲထွက်ပေါ်လာတော့တယ်။

"ဆေးပင်ခူးမယ်။ သား အဖေအတွက်လား။ ဒီပတ်ဝန်းကျင်က အန္တရာယ်များလွန်းတယ်။ အရမ်းဝေးဝေးမသွားနဲ့ နောက်ပြီး ဒီနေရာကို မမှောင်ခင် အရောက်ပြန်လာနော်သား။ နားလည်တယ် ဟုတ်။"

"ဟုတ်ကဲ့ပါ ဦးဦးတင်း" ပြောရင်းနဲ့ ဖန်ကျန်းရှီဟာ လျှပ်စီးကြောင်း တစ်ခုလို ပြေးထွက်သွားတော့တယ်။

တင်းချင်းရှန်းကတော့ တွေးလိုက်မိတယ်။ ဒီကလေးပြေးတာ မြန်လှချည်လား။

"ခေါင်းဆောင်ကြီး ဒီနေ့က ကျန်းရှီ ပထမဆုံး တောတက်လာတာလေ။ သူ လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ။"

" တောင်ပေါ်မှာ ကြီးပျင်းလာတဲ့ ကလေးကတော့ လမ်းပျောက်စရာ အကြောင်း မရှိပါဘူး။ ဒါ့အပြင် သူအမဲလိုက်အဖွဲ့ကို ဝင်လာတည်းက ခက်ခဲတဲ့အတွေ့အကြုံဆိုတာ ကြုံသင့်တယ်လေ။ ငါတို့ သားကောင် သွားရှာကြတာပေ့ါ မှောင်တဲ့ချိန်မှ သူပြန်မရောက်ရင် လိုက်ရှာတာပေါ့ ။ အခုကတော့ အမဲလိုက်ဖို့က ပိုအရေးကြီးတယ်။"

"အဖွဲ့သားတို့ သွားရအောင်"

အပိုင်း(၂၆)ပြီး၏။

အပိုင်း (၂၇)

“ပထမအကြိမ်”

ကျန်းယန်ဖိန်ခေါင်းဆောင်တဲ့မြောက်ရွာက အမဲလိုက်သမားတွေဟာ ရယ်မောရင်း သူတို့မြောက်ရွာပိုင်နက်ဆီကို ပြန်သွားကြတော့တယ်။

“ငါတို့ခေါင်းဆောင်က အမျှော်မြင်ကြီးလွန်းတယ်။ ငါတို့ဒီတစ်ခါ အကျိုးအမြတ်များများရတာ ဂုဏ်ယူစရာပဲ။တောင်ရွာအမဲလိုက် အဖွဲ့ ရက်အတော်ကြာ တောင်ပေါ်မတက်တာ သူတို့ထောင်ထားသမျှ သားကောင်တွေ ငါတို့ အကုန်ရတာ အမြတ်ပဲ။” ကျန်းယန်ဖိန်ရဲ့ နောက်လိုက်တစ်ဦးဟာ ပျော်ရွှင်စွာပြောလိုက်တော့တယ်။

“ဒါပေါ့ သာမန်အခြေအနေမျိုးမှာဆိုရင်တော့ တောင်ရွာနဲ့ မြောက်ရွာက ကိုယ့်နေရာကိုနေကြတာများတယ်။ ဒီနှစ်မှာတော့ တောင်ရွာက လူတွေ ကံမကောင်းကြဘူး။ မီးမြေခွေးပြာတိုက်ခိုက်တာ ခံလိုက်ရတာကြောင့် အတော်လေးကို လူအင်အားလျော့သွားတယ်။ ဒီအချိန်မှာတော့ သူတို့အင်အားက ငါတို့ကို မယှဉ်သာဘူး။” ဉာဏ်ရည်ကို ကောင်းကောင်း အသုံးချနိုင်တဲ့က တော့ သူ့ကိုယ်သူ ဂုဏ်ယူနေမိတယ်။

“ခေါင်းဆောင်က တကယ့်ကို ထက်မြက်လွန်းလှပါတယ်။”

“ကျွန်တော်တို့ ခေါင်းဆောင်က အတော်ဆုံးပဲ”

အလွန်လျင်မြန်စွာနဲ့ပဲ သတိပြုမိသွားတာကတော့ ခြင်းတောင်းကြီးကို လွယ်ထားတဲ့ သားရေအကျီခပ်ထူထူနဲ့ ၆နှစ် ၇နှစ်သား ကလေးတစ်ယောက်သူတို့နောက်မှာ ကပ်လိုက်လာတယ်ဆိုတာပဲဖြစ်တယ်။

ဖန်ကျန်းရှီက သူတို့နောက်မှာပုန်းကွယ်ပြီး လိုက်လာတာမဟုတ်ဘဲ တန်းတန်းမတ်မတ်သာ နောက်က လိုက်လာတာဖြစ်တယ်။

ဘာကြောင့်လဲ။

အဖြေကတော့ ရိုးရှင်းပါတယ်။ ဒီလိုတောင်ထဲမှာ တစ်ယောက်ထဲလျှောက်သွားဖို့ဆိုတာ သူကြောက်တယ်လေ။

“ဒီလို ကလေးငယ်လေးက ဘာလုပ်နေတာလဲ။”

“သူ့လွယ်ထားတဲ့ ခြင်းတောင်းကြီးကို မမြင်ဘူးလား ရွာထဲက ဆေးပင်ခူးတဲ့ ကလေးတစ်ယောက်ပဲ ဖြစ်မှာပေါ့ ။ ဂရုမစိုက်နဲ့ သွားစရာရှိတာသာသွား”

ကျန်းယန်ဖိန်နဲ့ သူ့အဖွဲ့သားတွေဟာ စကားတစ်ပြောပြောနဲ့ မြောက်ရွာရဲ့ ပိုင်နက်ကို ရောက်လာကြတော့တယ်။ ”

ဖန်ကျန်းရှီကတော့ သူတို့နောက်ကို လိုက်လာနေတုန်းပါပဲ။

“ခေါင်းဆောင် သူလိုက်လာနေတုန်းပဲ”

“မင်းဘာတွေ စိတ်ပူနေတာလဲ ။ ကန်လင်းတောင်က ဒီလောက် ကြီးတာ နောက်ပြီး ရွာတော်တော်များများက လူတွေလဲ ဆေးပင် လာခူးနေကြပဲ။ ဒီကလေးအကြောင်း မင်းက ဘာတွေ ဒီလောက် အဖြစ်သည်းနေတာလဲ။” ကျန်းယန်ဖိန်က အော်ငေါက်လိုက်တယ်။

တခြား အမဲလိုက် သမားတွေကလည်း ဒီတောင်ပေါ်ကို ဆေးပင်ခူးတဲ့ သူတွေများတာကြောင့် သံသယမဝင်ကြဘူး။ နောက်ပြီး ဖန်ကျန်းရှီရဲ့ အသက်ကလည်း အရမ်းကို ငယ်ရွယ်လွန်းသေးတဲ့ အတွက် များများစားစားလည်း မတွေးကြတော့ဘူး။ နောက်ပြီးတောင်ခြေမှာ ဆေးပင်ကလည်း ရှားပါးတယ်လေ။

မြောက်ရွာပိုင်နက်ကို ရောက်တဲ့ အချိန်မှာတော့ ဖန်ကျန်းရှီက ရပ်တန့်လိုက်ပြီး သူ့တောင်းထဲက ပစ္စည်းကိရိယာတွေကို ထုတ်ရင်း တူးဆွတော့တယ်။

သားကောင်ရှာနေကြတဲ့ မြောက်ရွာသားတွေလည်း ဖန်ကျန်းရှီကို စောင့်ကြည့်ကြပေမယ့် အမဲလိုက်ဓားတွေမြားတွေ တစ်ခုမှ မပါတာတောင့် သက်တောင့်သက်သာနဲ့ သူတို့ အလုပ်ကိုပဲ အာရုံ စိုက်ကြတော့တယ်။

ဖန်ကျန်းရှီကတော့ အင်တိုက်အားတိုက်ကို တူးဆွနေတော့တယ်။ သူဟာ တစ်ချက် တစ်ချက်တော့ အိတ်ထဲက ုစာရွက်ကို ထုတ်ကြည့်နေတော့တယ်။

သူ မြောက်ဘက်ရွာအမဲလိုက်အဖွဲ့နောက်ကို လိုက်လာတာဟာ “ငါတို့သားကောင်တွေပြန်ပေး”ဆိုပြီး အော်ဖို့မဟုတ်ဘူး။ ဒီလို လုပ်တာက သူ့ကို အန္တရာယ်ကြားရောက်စေမှာလေ။ လက်နက်အပြည့်အစုံနဲ့ အားကောင်းမောင်းသန် လူ ၂၀ကို သူ့လို ကလေးပုစိက ယှဉ်နိုင်မှာ မဟုတ်မှန်း သူကောင်းကောင်းသိတယ်။

သူတောင်ဘက်တောင်ရွာမှာ အမဲမလိုက်ခင် ရက်တွေတုန်းက အစီအစဉ်တစ်ခုကို လေးလေးနက်နက်တွေးတောခဲ့တယ်။ သူ့ဘက်က အရှုံးမရှိဘဲ အကောင်းဆုံးရလဒ် ရနိုင်မယ့် အစီအစဉ်မျိုးပေါ့။ အခုကတော့ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကြောင့် သူ့ အစီအစဉ်ကို တောင်ဘက်တောင်ရွာကနေ မြောက်ဘက်ရွာကို ပြောင်းလိုက်ရပြီဖြစ်တယ်။

ဖန်ကျန်းရှီဟာတွင်းကို နက်နက်တူးရင်း ကျောက်တုံးအချို့ကို သယ်လာပြီး တွင်းနှုတ်ခမ်းဝမှာ ထားလိုက်တော့တယ်။ အချိန်တွေ လည်ပတ်တာဟာ လျင်မြန်လွန်းလှတယ်။ နေ့လယ်စာစားချိန်ရောက်လာပြီဖြစ်တဲ့အတွက် သူ့အမေ ပြင်ပေးလိုက်တဲ့ နေ့လယ်စာထုပ်ကို စားလိုက်ပြီး ခေတ္တ အနားယူပါတော့တယ်။ အဲ့ဒီ့နောက် တွင်းကို ဆက်တူးရင်း မှောင်လာချိန်မှာတော့ ပြန်ခဲ့ပါတော့တယ်။

စုရပ်ကို ပြန်ရောက်ချိုန်မှာတော့ သားကောင်တစ်ကောင်မှ ပါမလာတဲ့ ဖန်ကျန်းရှီကို အမဲလိုက်အဖွဲ့သားတွေက ရယ်မောကြပေမယ့် ဒီနေ့မှ တောထဲဝင်တဲ့ ကလေးတစ်ယောက်အနေနဲ့ ထိခိုက်ဒဏ်ရာမရတဲ့ အတွက် ချီးမွမ်းကြပါတယ်။

သူ့မိခင် ချီရှင်းလိန်ကတော့ ရွာပြန်ရောက်ရောက်ချင်းဆီးကြိုပွေ့ဖက်ပြီး စကားတစ်ဖွဖွဆိုပါတော့တယ်။

“မေမေ့သားလေး ဘေးမသီရန်မခပဲ ပြန်လာပေလို့ မေမေ့မှာစိတ်ပူလိုက်ရတာ သားရယ်။”

သားကောင်တစ်ကောင်မှ ဖမ်းမမိလာတဲ့ အဖြစ်ကြောင့် အဒေါ်လီမှာတော့ ပြောစရာတစ်ခုရသွားပါတော့တယ်။

“ကျန်းရှီနင် အမွှေးစိမ်း ယုန်တစ်ကောင်တောင်ဖမ်းမလာနိုင်ဘူးလား။ ဘယ်လိုတောင် အဖြစ်မရှိရတာလဲ။”

ရွာကွင်းပြင်မှာရောက်နေတဲ့ ရွာသားတွေ ဟာတော့ ဒီလို စကားကြားတဲ့ အချိန်မှာတော့ အတော်လေး စိတ်မသက်မသာဖြစ်သွားကြတော့တယ်။ ဖန်ကျန်းရှိလေးက ငယ်ငယ်ရွယ်ရွယ်လေးနဲက အမဲလိုက်အဖွဲ့ကို ဒီလို ဝင်တာကို က အတော်လေး ချီးကျူးဖို့ကောင်းနေပြီလေ။

“ကျန်းရှီက ၇နှစ်နဲ့အမဲလိုက်အဖွဲ့ကို ဝင်ထားတာ ဒါတောင် မလုံလောက်သေးဘူးလား။”

“မှန်တယ်။ နင်တို့အိမ်က လီဟူအာတောင် သွားရဲလို့လား။”

“ကျန်းရှီက ဒီလောက် ငယ်ငယ်လေးနဲ့တောင် အမဲလိုက်တာမှာ ပထမဆုံး အတွေ့အကြုံယူနေရပြီ ရှင် က ဘယ်လို တောင် ကိုယ်ချင်းမစာမနာ အရှက်မရှိ ပြောဝံံ့တာလဲ။”

ရွာသားတွေရဲ့ ပြစ်တင်သံတွေ ဆူညံ လာချိန်မှာတော့ အဒေါ်လီ အတော်လေးမခံမရပ်နိုင်ဖြစ်လာပြီး ပြန်အော်တော့တယ်။

“ငါတို့လီ အိမ်က တာအို ခန်းမမှာ ပညာသင်နေတာ ငါတို့က ရွာဂုဏ်ဆောင်တွေပဲ။ နင်တို့ ဖန်ကျန်းရှီက တာအိုစာမေးပွဲဖြေရမှာလား။ ငါတို့ လီအိမ်က ဖြေရမှာလား။”

တာအို ခန်းမနဲ့ ပတ်သတ်လာချိန်မှာတော့ ရွာသားတွေရဲ့ ပြောဆိုသံတွေဟာ သိသိသာသာကို တိုးညင်းသွားတော့တယ်။ လီမိသားစုက ရွာတက်လမ်း အနာဂတ်အတွက် အရေးကြီးတဲ့ နေရာမှာ ပါဝင်နေတယ်ဆိုတာကို သူတို့ လက်ခံရအုန်းမယ်လေ။

“ရွာသူရွာသားတို့ မိမိတို့ရဲ့ လုပ်ငန်းတာဝန်ကို ပဲ အာရုံစိုက်ပြီး ပြီးမြောက်အောင် တာဝန်ယူကြပါ။” ရွာသူကြီးမုန့်ရဲ့ စကားသံကြောင့် လူစုခွဲသွားကြတော့တယ်။

“ရွာသူကြီးမုန့်ပြောသလိုပဲ ကိုယ့် အလုပ်ကို ကျေပွန်အောင်လုပ်ရမှာပေါ့.။ ကောင်စုတ် ဖန်ကျန်းရှီအမဲလိုက်ထွက်တာ သားကောင်တစ်ကောင်မှ မရတာကို အပြစ်မတင်ကြပဲ ငါ့ကို လာပြောနေကြတယ်။ ” အဒေါ်လီဟာတော့ ပြစ်တင်ပြောဆိုလို့ မပြီးနိုင်သေးပါ။

သားကောင်အရနည်းတဲ့ အကြောင်း ရွာသူကြီးမုန့်မေးချိန်မှာတော့ တင်းချင်းရှန်းက မြောက်ရွာရဲ့ ကလိမ်ဉာဏ်ဆင်မှုအကြောင်းကို ပြန်ရှင်းပြတော့တယ်။ ရွာသူကြီးမုန့်ဟာ အတော်လေး ဒေါသဖြစ်သွားပင်မယ့် လူအင်အား အခြေအနေကြောင့် နောက်ရက်ပို ပြီး စောစောသွားဖို့ကိုသာ ပြောလိုက်ရတော့တယ်။

ဝေစုခွဲချိန်မှာတော့ ဖန်မိသားစုက ဖန်ကျန်းရှီရဲ့ ရဲဝံ့မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ သားကောင်တစ်ကောင်မှ မရလာသူကို အသားတချို့ပေးလိုက်တယ်။ အခြားရွာသားတွေကတော့ ဖန်အိမ်မှာ မကျန်းမာသူရှိတာကြောင့် ကန့်ကွက်စကားမဆိုကြပေမယ့် အဒေါ်လီကတော့ သူ့ဝသီအတိုင်း ပြောဆိုပြန်ပါသေးတယ်။

ဖန်ကျန်းရှီဟာတော့တုံ့ပြန်ပြောဆိုခြင်း မပြုတော့ဘဲ အိမ်ကို သာပြန်လာခဲ့တော့တယ်။ သို့ပေမယ့် သူဟာ “လီ”မိသားစု အိမ်ရှေ့မှာတော့ ထောင်ချောက်တစ်ခု ပြုတ်ကျခဲ့ပါတယ်။

မသိမသာလေး…

အတော်လေးကို ပိပိရိရိပါ..

မှောင်ရီပျိုးချိန်ရောက်ပြီဖြစ်တဲ့အတွက် မြင်ကွင်းတွေဟာတော့ အတော်လေးကို ေ၀ဝါးနေပါပြီ။

“ အိုက်ယား ဘယ်သူက ငါ့ခြံဝမှာ ထောင်ချောက်ထောင်ထားတာလဲ” အဒေါ်လီရဲ့ အော်သံကျယ်ကြီးဟာတော့ ညအမှောင်ထုကို ခွင်းပြီး ရွာထဲကို ပဲ့တင့်ထပ်သွားပါတော့တယ်။

အပိုင်း (၂၇)ပြီး၏။

အပိုင်း (၂၈)

“သားကောင်”

မျက်စိတစ်မှိတ် အချိန်တွင်းမှာပဲ ဆယ်ရက်တာဟာ ကုန်ဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ တောင်ဘက်တောင်ရွာ အမဲလိုက်အဖွဲ့ ဟာ အခြားသောနေ့များ ကဲ့သို့ပင် အမဲလိုက်ထွက်ခဲ့ကြပြန်ပါတယ်။

လွန်ခဲ့တဲ့ နေ့တွေမှာတော့် ဖန်ကျန်းရှီ ဟာ တောထဲ ရောက်ရောက်ချင်း ဆေးပင်ခူးဖို့ထွက်ခွာသွားပြီး မှောင်ရီပျိုးမှ ပြန်လာတာဟာ ရွာက အမဲလိုက် သမားတွေအတွက် အလေ့အကျင့်တစ်ခုလို ဖြစ်နေပါပြီ။

တောထဲကို ၈ကြိမ် ၉ကြိမ်ဝင်တာတောင် အစိမ်းရောင်မွှေးယုန် ရဖို့ မပြောနဲ့ ယုန်မွှေးတစ်မျှင် ကပ်လာတာတောင် မမြင်ရပါဘူး။ ဒါကတော့ တောင်ဘက်တောင်ရွာ အမဲလိုက် အဖွဲ့က ဖန်ကျန်းရှီလေးရဲ့ အကောင်းဆုံးရလဒ်ပဲဖြစ်ပါတယ်။

အဒေါ်လီရဲ့ လှောင်ပြောင်ပြောဆို မှုကတော့ တနေ့ထက် တနေ့ ကျယ်လောင် လာပါတယ်။ ရွာသူကြီးမုန့်ကတော့ သက်ပြင်းချရင်းနဲ့သာ “ ကျန်းရှီက ဟို့ဒဲရဲ့ ခြေရာကို ဘယ်လိုမှ မနင်းနိုင်သေးဘူး” လို့ပဲ ပြောနိုင်ရှာပါတယ်။

ဖန်ကျန်းရှီရဲ့ ငယ်ရွယ်လွန်းလှတဲ့ အသက်အရွယ်ကြောင့် သူတောထဲကို ၈ကြိမ် ၉ကြိမ်ဝင်ပေမယ့် သားကောင် မရလာတာကို ဘယ်သူကမှ ပြစ်တင်ပြောဆိုခြင်း မပြုကြပါဘူး။

သို့်ပေမယ့် အနည်းငယ် အလိုမကျတဲ့ အရိပ်အယောင်တွေ ပြကျပေမယ့် စကားနဲ့တော့ မပုတ်ခတ်ကြပါဘူး။ ဖန်ကျန်းရှီရဲ့ မိခင် ချီရှင်းလိန်ကတော့ သူ့သားရတနာလေး ထိခိုက်ဒဏ်ရာ မရတာကြောင့် ပျော်ရွှင်နေပါတယ်။

“သားလေး ဒီလို ပုန်းနေတာလေ သားအတွက် အကောင်းဆုံးပဲ။”

“မေမေ သား မပုန်းပါဘူး”

“ ဟား ဟား .. သား ယူယူသွားတဲ့ ခြင်းတောင်းကြီးထဲမှာ သားပုန်းပြီး အိပ်နေတာ မဟုတ်ဘူးလား မှန်မှန်ပြော…”

ဖန်ကျန်းရှီကတော့ အတော်လေးကို ရယ်ချင်နေမိတယ်။အဲ့ဒီ့နောက်တော့ သူဟာ သူ့အခန်းကို ပြန်ပြီး စာဖတ်တော့တယ်။ တာအို နိယာမ နဲ့ ဟန်ဖေးကျစ်ကို ဖတ်တော့တယ်။

“ လူသားသခင်၏ အမှားသည် - ပြည်နယ်ရေးရာ အလုံးစုံကို ဝန်ကြီးများ၌အပ်နှင်းခြင်းနှင့်အတူ ဝန်ကြီးများနှင့် အစောင့်များကို အင်အားကြီးမားစေခြင်းဖြစ်၏။ ………………………… လူသားသခင်သည် ဥပဒေအား ရှင်းလင်းပြတ်သားစွာ ကိုင်တွယ်အုပ်ချုပ်နိုင်ရမည့် အပြင် အာဏာစက် သက်ရောက်မှုရှိစေရန်လည်း အထူးလိုအပ်လှပေသည်။”

တောင်ပေါ်မှာ ကုန်ဆုံးချိန်တွေက လွဲပြီး အခြားသော အချိန်တွေမှာတော့ ဖန်ကျန်းရှီဟာ စာဖတ်ခြင်း ရှေးဟောင်း စာများကို လေ့လာခြင်းနှင့်သာ အချိန်ဖြုန်းလေ့ရှိပါတယ်။ အရင်ကမ္ဘာတည်းက စာဖတ်မြန်သူတစ်ယောက် ဖြစ်တဲ့ အတွက် ယခု စာအုပ်များကို ဖတ်ရှုရာမှာလည်း သာမာန်ထက် မြန်ဆန်ပါတယ်.။

တာအို ခန်းမက ဆရာ ဝမ်အန်ဟွာဟာတော့ ဒီ ၇နှစ်သားကလေးရဲ့ စာဖတ်နှုန်းကို အတော်လေး အံံ့သြမိခဲ့တယ်။ သူတောင်မှ ဒီလောက်မြန်မြန်ဆန်ဆန် မဖတ်နိုင်တဲ့ အတွက်ပဲဖြစ်တယ်။

စာဖတ်တာများများလေလေ နှလုံးသားထဲက သစ်ပင်လေးက ရင့်သန်လာလေလေပါ။ အရွက်၅ ရွက်ခန့်သာရှိတဲ့ သစ်ပင်လေးဟာ ယခု အချိန်မှာတော့ အကိုင်းအခက် ၅ခုဖြာနေတဲ့ သစ်ပင်ငယ်လေးအဖြစ်ကို ရောက်ရှိခဲ့ပြီဖြစ်တယ်။ ကိုင်းခွဲပေါ်မှာ ရွက်သစ်နုလေးတွေ ဖြာဝေနေတဲ့ သစ်ပင် ငယ်လေးတစ်ပင်ပေါ့။

ဖန်ကျန်းရှီရဲ့ ကိုယ်ခန္ဒာ ထိန်းချုပ်နိုင်စွမ်းဟာလည်း ဖြည်းဖြည်းချင်းတိုးတက်လာနေပါတယ်။ အသားစိုင်တွေကို ထိန်းချုပ်နိုင်ရုံသာမက အရိုးတွေကိုပါ ခံစားနိုင်နေပြီဖြစ်တယ်။ သို့ပေမယ့် သူ့အရိုးတွေဟာ အတော်အတန် မာကျောနေပြီဖြစ်တဲ့ အတွက် ပြောင်းလဲဖို့ရာ အချိန်ယူရအုန်းမယ့် ပုံပါပဲ။

ညတာဟာ ကုန်ဆုံးခဲ့ပြန်တယ်။

မနက်ခင်း ဝေလီဝေလင်းအချိန်မှာ ဖန်ကျန်းရှီဟာ အမဲလိုက်အဖွဲ့နဲ့ အတူ တောင်ပေါ်ကို တက်ခဲ့ပြန်တယ်။

ခါတိုင်းနေ့များမှာလိုပဲ ဖန်ကျန်းရှီကို ဘယ်သူကမှ ရှိရှိမရှိရှိ အရေးမလုပ်ကြတော့ပါဘူး။

စခန်းချတဲ့ စုရပ်ကို ရောက်ချိန်မှာတော့ ဖန်ကျန်းရှီက တင်းချင်းရှန်းကို ခွင့်တောင်းပြန်တယ်။

“ဦးဦးရှန်း သား ဆေးပင်သွားခူးလိုက်အုန်းမယ်။”

“သွားလေသား စောစောသာပြန်လာခဲ့”

“ဒီနေ့တော့ သားကောင်ရအောင်ရှာလာမယ်”ပြောရင်းနဲ့ ဖန်ကျန်းရှီဟာ ပြေးထွက်သွားတော့တယ်။

ကျန်ခဲ့တဲ့ အမဲလိုက်သမားတွေကတော့ “ သားကောင် ဖမ်းလာမယ်ပြောတယ်။ ကျန်းရှီ ဘာဖမ်းလာမယ်လို့ထင်လဲ။”

“မင်းကလည်း ကျန်းရှီလို ကလေးလေးက အကောင်ကြီးကို ဖမ်းနိုင်ပါ့မလား။ အမွှေးစိမ်း ယုန်တစ်ကောင်ရရင်ကံကောင်း”

“ ဟား ဟား” ရယ်သံတွေဟာ ပျံ့လွင့်လာတော့တယ်။

…….

ဖန်ကျန်းရှီဟာ သူ့ခြေတံတိုတိုလေးတွေကို အသုံးချရင်း လေလို အလျင်နဲ့ပြေးလာတော့တယ်။ တောထဲကို ဝင်လာတာ ၉ကြိမ်ရှိပြီဖြစ်တဲ့အတွက်တောတောင်လမ်းကြောင်းဟာ သူ့အတွက်တော့ အတော်လေးကို ကျွမ်းဝင်နေပြီဖြစ်ပါတယ်။ ပြေးလွှားတဲ့ အချိန်မှာ နည်းစနစ်ဟာ သိပ်ကို ရိုးရှင်းလှပါတယ်။ မြန်မြန်ဆန်ဆန်ပြေးလွှားချင်ရင်တော့ ခြေထောက်ကြွက်သားတွေကို အာရုံစိုက်ပြီး အားစိုက်ထုတ်လိုက်ရုံပါပဲ။ အပေါ်ပိုင်းကြွက်သားတွေကို အားစိုက်ထုတ်နေမယ့် အစားပေါ့ ။

နားထဲမှာ မြှားပစ်သံတွေကို ကြားလိုက်ရတဲ့ အတွက် ဖန်ကျန်းရှီဟာ ပြုံးလိုက်မိပါတယ်။ မြောက်ရွာက လူတွေ ရောက်လာပြီ။

သူရဲ့ အစီအစဉ်ကို ရှေ့ဆက်ဖို့ပဲ လိုတော့တယ်။ အဲ့ဒီ့နောက်သူဟာ အိတ်ထဲက စာရွက်ကို ထုတ်လိုက်ပြီးနောက် ကျောက်တုံးတွေကို စိတ်ကျေနပ်တဲ့အထိနေရာချလိုက်တယ်။ သူ့လုပ်ဆောင်ချက်တွေပြီးတဲ့နောက်မှာတော့ နေ့လယ်စာစားပြီး ဗိုက်ဖြည့်လိုက်တော့တယ်။

နေမွန်းတည့်ချိန်ကိုရောက်တဲ့အချိန်မှာတော့ ထရပ်လိုက်ပြီး အကြောအချင် ဆန့်လိုက်တော့တယ်။ တိမ်ထူထပ်တဲ့ ကောင်းကင်ကိုကြည့်ရင်း သူ့ရဲ့ ခံစားချက်တွေဟာလည်း အေးစက်ရီဝေနေခဲ့တယ်။ အဲ့ဒီ့နောက်မှာတော့ မြောက်ရွာအမဲလိုက်အဖွဲ့ အသံကို နားထောင်ရင်း သူ့နှုတ်ခမ်းတွေဟာ တွန့်ကွေးသွားတော့တယ်။

အဲ့ဒီ့နောက်အသံတွေ ကြားရတဲ့ အရပ်မျက်နှာဆီကို ဦးတည်ပြီး မြောက်ရွာအမဲလိုက် အဖွဲ့ဆီကို သွားတော့တယ်။

…….

ဒီနေ့ မြောက်ဘက်အမဲလိုက်အဖွဲ့ အတွက်တော့ ကံကောင်းတဲ့နေ့ဟာပဲ ။ နေ့ဝက်အတွင်း အဖွဲ့ လူ၂၀လုံး သားကောင်တွေ ပြည့်နှက်နေအောင် ရလိုက်တဲ့ အပြင် ကန်လင်းတောင်ရဲ့ အဖိုးတန် တစ်ခုဖြစ်တဲ့ သတ္တုမီးဝက်ကိုပါ ရလာခဲ့တယ်။ အမဲလိုက် အဖွဲ့က လူ ၁၀ဦးလောက် ဒဏ်ရာ အနည်းငယ်ရသွားပေမယ့် သတ္တုမီးဝက်ကို ရလာခဲ့တယ်။ ဒီဝက်က အသားပြည့်လှတဲ့ အပြင် သူ့ရဲ့ အစွယ်တွေဟာ အဖိုးတန်လှတယ်။ သတ္တုစွယ်တွေကို သံမဏိ လွှသွားနဲ့ပဲ ဖြတ်လို့ရနိုင်တယ်။

ဒီအချိန်မှာတော့ ကျန်းယန်ဖိန်ရဲ့ မျက်နှာဟာ အပျော်တွေနဲ့ ပြည့်နေတယ်။ ဒီဝက်စွယ်ကို ဖြတ်တောက်ပြီးရင် သူတို့ အိမ်ကိုစောစောပြန်လို့ရပြီလေ။

ဒီအချိန်မှာပဲ ပုံရိပ်တစ်ခုဟာ ချုံပုတ်တွေကို ဖြတ်ကျော်ပြီးပြေးထွက်လာတော့တယ်။

အပိုင်း (၂၈)ပြီး၏။

အပိုင်း (၂၉)

“ ကိစ္စလေး တစ်ခုလောက် ဆွေးနွေးရအောင်”

ကျန်းယန်ဖိန်ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေ အရ ဒီလို သားကောင်ကြီး မျိုးရဲ့ သွေးနံ့ရရင် အခြား သားရဲကောင်ကြီးတွေ ရောက်လာတတ်တယ်ဆိုတာ သူကောင်းကောင်းသိတယ်လေ။

အခုချိန်မှာတော့ ကျန်းယန်ဖိန်ဟာ အလွန်တရာထိတ်လန့်သွားပြီး သတိလက်လွတ်ဟစ်အော်မိလိုက်တော့တယ်။

“ မီး မြေ ခွေး ပြာ ”

သူ့ရဲ့ အဖွဲ့သားတွေကို စုစည်းကြဖို့ အမိန့်မပေး ရသေးခင်မှာပဲ အော်သံလေးတစ်ခုဟာ ပုံရိပ်ကနေထွက်လာတော့တယ်။

“မီးမြေခွေးပြာ။”

“ဘာ။ မီးမြေခွေးပြာ ရောက်နေတယ်”

မြောက်ရွာအမဲလိုက်အဖွဲ့ဟာ ဒီအသံကြောင့် အတော်လေးကို ထိတ်လန့်သွားတော့တယ်။

ကန်လင်းတောင်ခြေမှာ သင်းကွဲဝံပုလွေတစ်ကောင် ကျက်စားနေပြီး သူ့ကို မီးမြေခွေးပြာလို့် ခေါ်ကြတာကို တောင်ခြေ မိုင် တစ်ရာပတ်လည်က ရွာသားတွေတောင် သိကြတယ်။

တွေဝေခြင်း မရှိဘဲ မြောက်ရွာအမဲလိုက် အဖွဲ့တစ်ခုလုံးဟာ အသက်လုပြီး ပြေးကြတော့တယ်။ ဘယ်သူကမှ မီးမြေခွေးပြာကို ရန်မစရဲဘူးလေ။ သင်းကွဲဝံပုလွေတစ်ကောင်တည်းပေမယ့် ရွာတစ်ရွာလုံးရင်ဆိုင်မှ နိုင်နိုင်လောက်တဲ့ အထိ အင်အားကြီးမားတယ်လေ။

တာအိုမုခ်ကို အောင်မြင်ထားတဲ့ သူတွေတောင် သူ့ရဲ့ လျင်မြန်လှတဲ့အရှိန်ကြောင့် ယှဉ်ပြိုင်ဖို့ ထိတ်လန့်ကြတယ်။

“ခေါင်းဆောင်… ခေါင်းဆောင် … ကျွန်တော်တို့ ဘယ်ဘက်ကို ပြေးကြမလဲ။”

“ဟို ကလေးနောက်ကို လိုက် မြေခွေးပြာသွားတဲ့နေရာနဲ့ ဆန့်ကျင်ဘက်ကို ရောက်ကြလိမ့်မယ်.”

သတ္တုဝက်ရဲ့ အစွယ်ကို တောင် မယူနိုင်ကြတော့ဘဲ မြန်နိုင်သလောက် မြန်အောင်သာ ပြေးတော့တယ်။

……

သူ့နောက်က နီးကပ်လာတဲ့ ခြေသံတွေကို ကြားလိုက်ရတော့ ဖန်ကျန်းရှီပြုံးလိုက်ပြီး အရှိန်ကို လျော့လိုက်တယ်။ သူ့ပုံစံဟာတော့ သိပ်ကို အားနည်းလွန်းပြီး ကြောက်အား လန့်အားနဲ့ ပြေးနေတဲ့ ကြက်ပေါက်လေး တစ်ကောင်လိုပေါ့။”

နီးကပ်လာလေ.. နီးကပ်လာလေ….

ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ကျည်ဆံလို တဟုန်ထိုးပြေးတော့တယ်။

“ ဟာ ကောင်လေး ပျောက်သွားပြီ”

“ဒီကောင်လေးကို ဂရုမစိုက်နဲ့ မြန်မြန်သာ ပြေးကြ”

“ခန ရပ်လိုက်ကြ။ တစ်ခုခုလွဲနေပြီ။ တကယ် မီးမြေခွေးပြာ လာတယ်ဆိုရင် တောကြီးက ဒီလောက် ငြိမ်သက်နေစရာ အကြောင်းမရှိဘူး။ငါတို့သာ ဆက်တိုက်ပြေးနေတာ တိရစ္ဆာန်တွေက ခနပဲပြေးပြီး ငြိမ်သွားကြပြီ။ ” ကျန်းယန်ဖိန်က ပတ်ဝန်းကျင် အခြအနေကို လေ့လာကြည့်ရင်း ပြောလိုက်တော့တယ်။ ဒီနှစ်တွေမှာ မြောက်ရွာက လူတွေရဲ့ အသက်ရှင်နေထိုင်မှုက ကျန်းယန်ဖိန်အပေါ်ကို အတော်လေး မူတည်နေခဲ့တာ ။

“အိုက်ယား။”

အော်သံကျယ်ကြီးတစ်ခုဟာ ပေါ်ထွက်လာတော့တယ်။ ကျန်းယန်ဖိန်ရဲ့ အဖွဲ့သားတွေထဲက တစ်ဦးဟာ ထောင်ချောက်ထဲကို ပြုတ်ကျသွားတာပဲဖြစ်တယ်။

“ဆိုးလိုက်တာ။ ငါတို့ အခု ထောက်ချောက်တွေ ပတ်လည်ဝိုင်းခံထားရပြီ။” ကျန်းယန်ဖိန်ဟာ ဒီအခြေ အနေကို သဘောပေါက်သွားတယ်။ ကန်လင်းတောင်က သူ့ပိုင်နက်ကို သူ့ရဲ့ ကလေးတစ်ယောက်လိုမျိုး ကျွမ်းကျင်တဲ့ အတွက် ပတ်ဝန်းကျင် အနေအထား ပြောင်းလဲနေတာကို သူ ချက်ချင်း သိလိုက်တယ်လေ.။

“ ဟို ကလေး ဘယ်ရောက်သွားပြီလဲ.။”

“သူထွက်သွားသလို သွားမှ ရမယ်”

“ရှာကြ”

“အိုက်ယား” အမဲလိုက်အဖွဲ့သားတစ်ဦး ထပ်ပြီး ပြုတ်ကျသွားပြန်တယ်။

“ အကုန်လုံးမလှုပ်ရှားကြနဲ့။” ကျန်းယန်ဖိန်ရဲ့ အမူအရာဟာတော့ အတော်လေးကို အကျည်းတန်နေပါပြီ။ ကန်လင်းတောင်ဟာ အန္တရာယ် တောကြီးတစ်ခုမို့ သူတို့ အမှားမလုပ်မိအောင် သေသေချာချာ သတိထားမှရမှာဖြစ်တယ်။

လှုပ်ရှားတာထက် ငြိမ်ငြိမ်နေတာက အန္တရာယ်ကင်းတယ်။

“ခေါင်းဆောင် ဒီမှာ ထောင်ချောက်တွေ အပြည့်ပဲ။”

“ဘယ်ကောင်လာမြှုပ်ထားတာလဲကွ”

“လူကယ်ဖို့က အရေးကြီးတယ်။ အိုက်ယား” ပြုတ်ကျနေသူတွေကို ကယ်ချင်ရှာတဲ့ အမဲလိုက်သမားတစ်ဦးဟာတော့ သူပါ ပြုတ်ကျပြန်တယ်.။

“မင်းဘာလုပ်တာလဲ။ ငြိမ်ငြိမ်နေဖို့ပြောထားတာကို မကြားဘူးလား။” ကျန်းယန်ဖိန်ဟာ အရှိန်အဝါအပြည့်နဲ့အော်လိုက်တော့တယ်။

အနည်းငယ်လေး လှုပ်ရှားလိုက်ရင်တောင် တွင်းတွေထဲ ပြုတ်ကျသွားနိုုင်တယ်။

ဘယ်သူကမှ အများကြီး မလှုပ်ရှားရဲတော့ပဲ။ ခြေတစ်လှမ်းချင်းစီကို ပဲ အန္တရာယ်ကင်းတာ သေချာအောင် လုပ်ကြတော့တယ်။

ဒီလိုမျိုုး ဘယ်သူကမျာ လုပ်ဝံ့တာလဲ။ ဟို ကလေးဖြစ်နိုင်မလား။ ဒါပေမယ့် သူက အသက် ၆နှစ် ၇နှစ်ပဲ ရှိသေးတာ။

သူတို့ ဘယ်လိုပဲလျှောက်လျှောက် နေရာတစ်ခုတည်းကို ပဲ ပြန်ရောက်လာနေတယ်။ တွင်းထဲကျနေတဲ့ အဖွဲ့သားတွေကို ကယ်ရင်း နောက်ထပ် လူအင်အားဆုံးရှုံးသွားမှာကို လည်း စိုးရိမ်ရတယ်။

ကျန်းယန်ဖိန် အမဲလိုက်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပတ်ဝန်းကျင်ကို သေသေချာချာ လေ့လာနေလိုကတယ်။

ထူူးဆန်းနေတာကို သူသဘောပေါက်သွားတယ်။ ဒီပတ်ဝန်းကျင်က အတော်လေးကို မရင်းနှီးပဲ နေရာသစ်တစ်ခုကို ရောက်နေသလိုပဲ။ သူအမြဲမြင်တွေ့နေကြအမှတ်အသားတွေ အကုန်ပျောက်ကွယ်နေပြီး တစ်ခုခုက အစားထိုးနေတယ်.။

“ကျောက်တုံးတွေ”

ဒီအခြေအနေကို သူသဘောပေါက်သွားပြီ. ။ တစ်ယောက်ယောက်က သူတို့ကို ကျောက်တုံးဝင်္ကပါထဲပိတ်ထားတာပဲ။ မျက်စိအမြင်ကို လှည့်စားပြီး ဘယ်နေရာရောက်ရောက် အမြင်တူနေအောင် လုပ်ထားတာ။

“တစ်ခုလောက် ဆွေးနွေးကြရအောင်”

ကျန်းယန်ဖိန် စဉ်းစားနေတဲ့ အချိန်မှာပဲ အသံတစ်သံဟာ သူ့ကို သတိပြန်ဝင်လာစေတယ်။

“ဟိုကလေးပဲ။”

“ခေါင်းဆောင် နောက်ဆုံးတော့ ကလေးကို ရှာတွေ့ပြီ။”

“ငြိမ်ငြိမ်နေ မလှုပ်ရှားကြနဲ့” ကျန်းယန်ဖိန်က ချက်ချင်း အမိန့်ပေးလိုက်တော့တယ်။ အေးစက်စက် အကြည့်တွေနဲ့ ဖန်ကျန်းရှီကို လှမ်းကြည့်လိုက်ပြီး။“ ကလေး ဒီမှာထောင်ချောက်တွေ ရှိတာကို သိလား” လှမ်းမေးလိုက်တော့တယ်.။

“ကောင်းကောင်းသိတာပေါ့ ” ဖန်ကျန်းရှီက ရိုးရိုးသားသားနဲ့ ပြန်ဖြေပါတယ်.။

“ဒါဆို ငါတို့ကို အပြင်ရောက်အောင် ကူညီပေးနိုင်မလား”

“ရတာပေါ့” တွေဝေခြင်း အလျင်းမရှိပဲနဲ့ ပြန်ဖြေလိုက်တော့တယ်။

“ကျေးဇူးအများကြီးတင်ပါတယ်။” ကျန်းယန်ဖိန်ကတော့ တန်ခိုးရှင်တစ်ယောက်ကို မြင်လိုက်ရသည့်အလား ပျော်ရွှင်သွားတော့တယ်။

“အမ်… ပြဿနာတော့ မရှိပါဘူး။ ဒါပေမယ့် ကျေးဇူးတင်တယ်ဆိုရင် တစ်ခုလောက် ဆွေးနွေးကြရအောင်” ဖန်ကျန်းရှီက လက်နောက်ပစ်ရင်း ကျန်းယန်ဖိန်ကို အပြစ်ကင်းစင်တဲ့ ချစ်စဖွယ် ကလေးသံလေးနဲ့ ပြောလိုက်တယ်။

“သားက ဘာဆွေးနွေးချင်တာလဲ” ကျန်းယန်ဖိန်က စိတ်ကို လျှော့ရင်းမေးလိုက်တယ်။

“ပထမဆုံး သားကောင်တွေ ကို လုခွင့်ပြုပါ။” ကျန်းယန်ဖိန်ကိုယ်ပေါ်မှာ ချိတ်ဆွဲထားတဲ့ သားကောင်တွေကို ဘလင်း ဘလင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်ရင်းလျှာသပ်ကာပြောလိုက်တယ်။

အပိုင်း (၂၉)ပြီး၏။

အပိုင်း (၃၀)

“လက်နက်ပုန်းများ”

“သူဘာပြောလိုက်တာလဲ.”

“လုယက်မယ်။”

“ငါနားကြားမမှားပါဘူးနော်။”

မြောက်ဘက်ရွာက အမဲလိုက်အဖွဲ့ဟာ သူတို့နားကိုသူတို့ မယုံနိုင်အောင်ဖြစ်နေကြတယ်။

“ဒီ ကလေးက ငါတို့ကို ဓားပြတိုက်မယ်တဲ့လား။” ကျန်းယန်ဖိန် သတိဝင်လာချိန်မှာတော့ တော်တော်လေးကို ထိတ်လန့်သွားတော့တယ်.။ သူ့အိမ်မက်တောင် မမက်ဖူးတဲ့ အချိန်တစ်ခု ၇နှစ်သားလေးတစ်ယောက်ရဲ့ ဓားပြတိုက်တာကို ခံရမယ်လို့။ ဒီအခြေအနေမှာ သူ့ပုံစံက ဘယ်လိုပဲ ကူကယ်ရာ မဲ့နေပါစေ။ အခုကတော့ လုံးဝကို အဓိပ္မာယ်မရှိတာပဲ။

ဖြစ်ကော ဖြစ်နိုင်လို့လား။

မြောက်ရွာ အမဲလိုက်အဖွဲ့ က အသန်မာဆုံးမဟုတ်ပေမယ့် ဒီကန်လင်းတောင်ခြေမှာတော့ သူတို့က ဘုရင်တွေပဲလေ။ အခုလို ကလေးတစ်ယောက်ပြောလာတော့ သူ့ကို စနောက်နေတယ်လို့ ထင်မိသွားတော့တယ်။

“ ခေါင်းဆောင် ဒီကလေးက လူ့ဘဝမှာ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်။”

“မှန်တယ် ။ သူ့ကို မြားနဲ့ပစ်ကြ။”

“ပစ်ကြ”

ဖန်ကျန်းရှီကတော့ ချက်ချင်းပြေးပုန်းလိုုက်ပြီး သူ့ခြင်းတောင်းကြီးကို အပေါ်မှာထားရင်း မြားဒဏ်ကို ကာကွယ်လိုက်ပါတော့တယ်။

ဒီလောက က တကယ့်ကို ဥပဒေမဲ့လွန်းတာပဲ။ ဒီလိုမျိုး မြှားမိုး ရွာတာကတော့ ရက်စက်လွန်းပါတယ်။

ဒါက နည်းနည်းလေး တော့ လွန်နေတာ မဟုတ်ဘူးလား။

နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး နောက်ကျောက်တုံးကြီးတစ်တုံးနောက်မှာပုန်းလိုက်တော့တယ်။ အနည်ဆုံးတော့ သတိလေးဘာလေး ပေးသင့်တာကို။

သေစမ်း။ ဖန်ကျန်းရှီက လုံခြုံတဲ့ နေရာကို ရောက်တဲ့အချိန်မှာ လက်ခလယ်ထောင်ပြလိုက်တယ်။ အဲ့ဒီ့နောက်မှာတော့ စိတ်ရှည် လက်ရှည်နဲ့ မြားတွေ ကုန်သွားတဲ့အထိ ထိုင်စောင့်နေလိုက်တယ်။ ကံကောင်းစွာနဲ့ပဲ သူ့ အကြံဉာဏ်ကို သူကောင်းကောင်း ယုံကြည်တယ်။ ဒါပေမယ့် ခုနကတော့ သူ့ရဲ့ သားရဲကောင် အင်အားနဲ့ ပြေးလို့သာလွတ်တာ မဟုတ်ရင် အသက်နဲ့ကိုယ် အိုးစားကွဲနေလောက်ပြီ။

အခုချိန်မှာတော့ သူထွက်မပြေးပါဘူး။ မြောက်ရွာ အမဲလိုက်အဖွဲ့ ဘယ်လိုမှ မလွတ်မြောက်နိုင်တာသူကောင်းကောင်းသိတယ်လေ။ ဝင်္ကပါရဲ့ တားမြစ်စည်းကို ချထားတာ နောက်ပြီး သူ့ဝင်္ကပါကို ရက်အတော်ကြာ ပုံဖော်ထားရတာ နည်းလမ်းအတော်များများကိုလည်း သုံးထားတယ်။ ရှစ်ထောင့်နည်းလမ်းနဲ့ အမျိုးအစား (၅)မျိုးကို သုံးပြီး ရှုပ်ထွေးတဲ့ လမ်းကြောင်းတွေ ပုံဖော်ထားတာ။ ဒီကမ္ဘာက တုတ်၊ ဓား လက်နက်တွေနဲ့ပဲ ရင်းနှီးတဲ့ လူတွေက ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ။ နောက်ပြီး ကျောက်တုံးတွေကို အကုန်ခွဲပြစ်ဖို့ဆိုတာကလည်း တော်ရုံလူ မလုပ်နိုင်တဲ့ အရာပဲလေ။

မြားတွေကတော့ သိပ်မကြာခင်မှာပဲ ရပ်တန့်သွားတော့တယ်။

မုန်တိုင်းမစခင် ငြိမ်သက်ခြင်း ။ ဒါပေမယ့် ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြဖို့ အတွက်တော့ ခက်ခဲပါတယ်။ ဖန်ကျန်းရှီက တွေးမိနေတယ်။ သူထွက်သွားတဲ့ အချိန်မှာ တစ်ယောက်ယောက်က မြားနဲ့ထပြစ်ရင် ဘယ်လို လုပ်မလဲ။ ကျန်းယန်ဖိန်စိတ်ထဲမှာတော့ ကျောက်တုံးကြီးနောက်မှာ ရှိနေတဲ့ ကောင်လေးသေသွားရင် ဘယ်လို ထွက်ကြရမလဲဆိုတာကို စိတ်ပူနေမိတယ်။

“ဟေးကောင်လေး သေပြီလား” ကျန်းယန်ဖိန်ရဲ့ အော်သံထွက်လာတာနဲ့ “သေဖို့ စောပါသေးတယ်” ဖန်ကျန်းရှီရဲ့ ပြန်အော်သံက ပဲ့တင့်ထပ်လာတော့တယ်။ “အသက်ရှင်နေသေးတာလား။ ဟား ဟား ကောင်လေး အပေးအယူ လုပ်ကြရအောင် ငါတို့ကို လွတ်အောင် လုပ်ပေးရင် မင်းကို အမွှေးစိမ်းယုန် ၂ ကောင်ပေးမယ်။” ကျန်းယန်ဖိန်က ခပ်မြန်မြန်ပဲပြောလိုက်တယ်။

“ငြင်းဆိုတယ်။” ဖန်ကျန်းရှီကတော့ ခပ်ချေချေပဲပြန်ဖြေလိုက်ပါတယ်။

၇နှစ်သားလေးရဲ့ ငြင်းဆိုမှုကို ခံလိုက်ရတာက ကျန်းယန်ဖိန်ကို အတော်လေး ခံပြင်းစေတယ်။

“ခေါင်းဆောင် ဆွေးနွေးတာကို မလုပ်နဲ့တော့ ဒီနေရာက်နေမလွတ်နိုင်ဘူးလို့ မထင်ဘူး။ ” မုဆိုးတစ်ယောက်က ပြောလိုက်တော့တယ်။

“မှန်တယ်။ ဒါက ထောင်ချောက်နည်းနည်းပဲ မလား။ ငါတို့ ဂရုစိုက်ပြီး ရှောင်ရှားရင် မလွတ်နိုင်စရာ အကြောင်းရှိမလား။ ဒီနေရာကြီးက အရမ်းကြီးတာမှ မဟုတ်တာ ။ ငါတို့လုံးဝကို လွတ်နိုင်ပါတယ်။ ” တခြားအမဲလိုက်သမားတွေ က အကြံပေးလိုက်တယ်။ ဒါကြောင့် ကျန်းယန်ဖိန်က နောက်တကြိမ်လေးလေးနက်နက် စဉ်းစားလိုက်ပြီး ပြောလိုက်တော့တယ်။

“ကောင်းပြီ။ ငါတို့ လုပ်နိုင်တာမှာ။ ထောင်ချောက်ထဲက လူတွေကို အရင်ကယ်ကြ နောက်မှ အကုန် အတူတူ ထွက်ကြရအောင်။”

“အဖွဲ့သားတို့ စုစည်းကြ” ကျန်းယန်ဖိန်က အံကြိတ်ပြီး ပြောလိုက်တော့တယ်။

ဒါကို ကြားတဲ့ ဖန်ကျန်းရှီကတော့ သက်ပြင်းချလိုက်ပြီးတော့ ရှေ့ကို ခုန်ထွက်လာတော့တယ်။ ဒီ ဝင်္ကပါက ရိုးရှင်းလွန်းပေမယ့် ထူးခြားနဲ့ နည်း နှစ်မျိုးကို ရောနှောလိုက်ချိန်မှာတော့ အတော်လေး ခက်ခဲတဲ့ ဝင်္ကပါတစ်ခုအဖြစ်ပြောင်းလဲသွားတယ်။

ဒီအချိန်မှာတော့ဖန်ကျန်းရှီ ပညာပြဖို့ အချိန်ရောက်လာပြီလေ။ လွတ်ချင်တယ်လား။ ဒီလောက်မလွယ်ဘူး။ မြောက်ရွာအမဲလိုက် အဖွဲ့က အပေးအယူ မလုပ်ချင်တော့လည်း ဒီထောင်ချောက် အရသာ မြည်းရတာပေါ့။ ဒီထောင်ချောက်တွေက သိပ်ပြီး မကြီးမားကျပေမယ့် အခုချိန်မှာတော့ အကျိုးရှိအောင် တခြားတစ်ခုခု လုပ်ပေးဖို့လိုအပ်ပြီလေ။

သူတွေးလိုက်ပြီးတာနဲ့ တပြိုင်နက် ကြက်ဥအရွယ်လောက်ရှိတဲ့ အရာလေးတွေကို ထုတ်လိုက်တော့တယ်။ နည်းပညာမြင့် ပစ္စည်းတွေပေါ့။ ကျောက်တုံးနောက်က ကောင်လေးထွက်လာတည်းက မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ကျန်းယန်ဖိန်ကတော့ ချက်ချင်းအော်ဟစ်သတိပေးလိုက်တော့တယ်။

“လက်နက်ပုန်း သတိထားကြ” ဖန်ကျန်းရှီက အရင်အော်လိုက်ပြီး သူ့လက်မောင်းတွေကို ခပ်သွက်သွက်လေး လှုပ်ရှားရင်း အမဲလိုက် အဖွဲ့ဆီကို ပြစ်လိုက်တော့တယ်။ ။ ကျန်းယန်ဖိန်ကတော့ ချက်ချင်းကို လှိမ့်ရှောင်လိုက်ပြီး သူ့အဖွဲ့သားင်္တွေကိုပါသတိပေးလိုက်တော့တယ်။

“လက်နက်ပုန်း ။ ဟား ဟား နည်းပညာမြင့် ထုတ်ကုန်ပါဟ”

အပိုင်း (၃၀)ပြီး၏။

All Chapters