အခန်း (၃၁-၄၀)
Vol. 1 Ch. 31-40
အပိုင်း(၃၁)
“အကျဉ်းအကျပ်ထဲက ရွေ့လျားမှု”
“ဖောက်.. ဖောက် … ဖောက်” ကျန်းယန်ဖိန်ရဲ့ ခြေထောက်နားကို ရောက်လာတဲ့ အလုံးလေးတွေကနေ အသံထွက်လာတာဖြစ်တယ်။
“ဘယ်ကနေ မီးခိုးတွေ ထွက်လာတာလဲ.။”
“ဆိုးရွားလိုက်တာ ဒီကလေး ငါတို့ကို မီးရှို့နေပြီ”
“ မြန်မြန် ပြေးကြ”
“အိုက်ယား”
ငယ်သံပါအောင် အော်လိုက်တဲ့ အမဲလိုက်သမားတစ်ဦးအသံဟာ လေထုထဲမှာ ပျံ့လွင့်သွားပါတော့တယ်။
“မင်း တောင်ကို မီးရှို့ရဲတယ်။ ရက်စက်လိုက်တာ။ ” ကျန်းယန်ဖိန်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးအော်လိုက်တော့တယ်။ လုယက် တာ လုယက်တာက ဘာမှ မဟုတ်ပေမယ့် ဒီလိုမျိုးတောင်ကို မီးရှို့တာကတော့ အနာဂတ်ကို ဖျက်စီးတာနဲ့ အတူတူပဲ။ နောက်ဆို တောင်ပေါ်မှာ ဘယ်လို အမဲလိုက်ရမှာလဲ။ ဒါက တကယ့်ကို ရက်စက်လွန်းပါတယ်။
“ မီး ဘယ်မှာ လောင်နေတာလဲ။”
“မြန်မြန် ရေရှာကျ ။ အာ ဒီမှာ မီးမှ မလောင်တာ ”
“ဒါပေမယ့် မီးခိုးတွေက နေရာတိုင်းပြည့်နေတယ်။ အသက်ရှူကြပ်လိုက်တာ။”
အမဲလိုက်အဖွဲ့က မီးလောင်တဲ့နေရာကို ရှာပေမယ့် မတွေ့တာကြောင့် မီးခိုးငွေ့တွေထဲမှာပဲ ပိတ်မိနေကြတယ်။ တစထက် တစ ထူထက်လာတဲ့ မီးခိုးငွေ့တွေကတော့ ကျောက်တုံးအတားအဆီးတွေကြောင့် အပေါ်ကို တက်မသွားတော့ပဲ အထဲမှာပဲလှောင်ပိတ်နေပါတယ်။
အချိန်တိုလေး အတောအတွင်းမှာပဲ ပတ်ဝန်းကျင် တစ်ခုလုံးဟာ မီးခိုးတွေ ဖုံးသွားတော့တယ်။ မီးလောင်နေတာကို မတွေ့ရပေမယ့် မီးခိုးတွေက ရပ်တန့်သွားခြင်း မရှိပဲ အသက်ရှူ ကြပ်မှုက ပို ပြင်းထန်လာတယ်
ဒီမြင်ကွင်းကို ကြည့်နေတဲ့ ဖန်ကျန်းရှီကတော့အတော်လေးကို စိတ်မကျေမနပ်ဖြစ်နေတော့တယ်။ သူဒီလောက် အချိန်ကုန်ခံပြီး တွင်းတူး ဝင်္ကပါဖော်ထားရတာ အခုတော့ မီးခိုးဗုံးတွေက အတော်လေးကို အသုံးမကျဖြစ်နေတယ်။ အရည်အသွေးနိမ့်နေတယ်။ မီးခိုး ဗုံး ၃ ၄ လုံးပြစ်မှ မီးခိုးများများထွက်တယ်။
ဒါကတော်တော်လေးကို ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။
နောက်တကြိမ်ကြရင်တော့ ပိုကောင်းအောင် လုပ်ရမယ်။ မီးခိုးဗုံးတွေက လူသေလောက်တဲ့ တကယ့်ဗုံးအစစ်တွေလောက်တာ့ စွမ်းအားမကြီးပေမယ့် အတော်လေးတော့ အသုံးဝင်တာပေါ့။ နောက်ပြီး လက်လုပ်ဗုံးက ပါဝင်ပစ္စည်းတွေ လိုအပ်တာတွေ များလွန်းတယ်လေ။
“ငါအတော်လေး ပြင်ဆင်ခဲ့ပေမယ့် နောက်တစ်ခါတော့ ချွေတာ သုံးရမယ်။ ”ဖန်ကျန်းရှီက သူအင်အားတွေကို အလကား ဖြုန်းပစ်လို့မဖြစ်ဘူးလေ။
“အိုက်ယား … ကျူးမီးငှား”
ဖန်ကျန်းရှီကတော့ မီးခိုးဗုံးတွေနဲ့ တိုက်ခိုက်ပြီးနောက်မှာတော့ အပေါ်စီးကနေ မြင်နိုင်အောင် ရပ်ကြည့်နေတော့တယ်။ မြောက်ရွာအမဲလိုက်အဖွဲ့ကတော့ အလွန်အမင်း ချောင်းဆိုးပြီး မီးခိုးမွှန်လွန်းတဲ့အတွက် မျက်ရည်တွေကျနေတော့တယ်။
နောက်ပြီးဒါကတော့။
ဖန်ကျန်းရှီ မျှော်လင့်ထားတဲ့အတိုင်းပဲ။
ရက်စက်လိုက်တဲ့ ကလေး ။ မီးခိုးမှိုင်းတိုက်ပြီးအသေသတ်မလို့လား။ ဘယ်လိုတောင်ကြမ်းကျုတ်နိုင်ရတာလဲ” ကျန်းယန်ဖိန်က ဟစ်အော်လိုက်တော့တယ်။ သူ့ဓားကို မြောက်ရင်း ခြေလှမ်းတစ်လှမ်းစီ လှမ်းပြီးသွားတော့တယ်။ ခြေလှမ်း ၁၀လှမ်းလောက် ရောက်တဲ့ အချိန်မှာတော့ လေကောင်းလေသန့်ကို သူရှူလိုက်ရတော့တယ်။
“အိုက်ယား” ကျန်းယန်ဖိန်ဟာ ရေကန်တစ်ခုတည်းကို ပြုတ်ကျသွားတာကြောင့် အော်လိုက်တော့တယ်။
...
သိပ်မဝေးတဲ့ သစ်တောထဲရောက်နေတဲ့ တင်ချင်းရှန်းတို့ အဖွဲ့က မီးခိုးတွေကို မြင်လိုက်ချိန်မှာတော့ သူတို့ရဲ့ အမူအယာ ပြောင်းလဲသွားတော့တယ်။
“ဘယ်နေရာမှာ မီးလောင်နေတာလဲ။”
“ခေါင်းဆောင် မီးခိုးတွေက ဒီဘက်က လာတယ်။ မြောက်ဘက်နယ်မြေ အပိုင်းထဲက ဖြစ်လိမ့်မယ်။ ” တင်းချင်းရှန်းနဲ့ တောင်ရွာအမဲလိုက် အဖွဲ့တွေက တွေဝေခြင်းမရှိဘဲ မီးငြိမ်းဖို့ပြေးသွားတော့တယ်။ နောက်ဆုံးမှာတော့ ကန်လင်းတောင်ရဲ့ ဘယ် အစိတ်အပိုင်းကမဆို အမဲလိုက်သမားတွေ အတွက် အရေးကြီးတယ်လေ။
“အဖွဲ့သားတို့ မြန်မြန်သွားရအောင်”
...
တင်းချင်းရှန်းရဲ့ ဦးဆောင်မှုနဲ့ တောင်ဘက်တောင်ရွာက အမဲလိုက်သမားတွေက မီးလောင်တဲ့နေရာကို မြန်မြန်ပြေးကြတော့တယ်။
သို့ပေမယ့် တင်းချင်းရှန်းတို့အဖွဲ့ ရောက်သွားချိန်မှာတော့ မီးကို မတွေ့ရတဲ့အတွက် အတော်လေး အံ့အားသင့်သွားတော့တယ်။
ဒါပေမယ့် မီးခိုးငွေ့တွေဟာ ထူထပ်လွန်းတဲ့အတွက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။
“ခေါင်းဆောင် တင်း။ မြောက်ရွာကလူတွေ ပိတ်မိနေတဲ့ပုံပဲ ။ သူတို့ကို ကယ်လိုက်ရမလား။”
“မေးစရာလိုလို့လား။ လုံးဝကို ကူညီသင့်တာပေါ့” အံကြိတ်ရင်း တင်းချင်းရှန်းက ပြောလိုက်တော့တယ်။ ဒီလိုမျိုးမြောက်ရွာအမဲလိုက်လိုက်အဖွဲ့ တစ်ခုလုံး ဒီလိုမျိုးသေသွားမှာကို သူတို့တောင်ရွာ အမဲလိုက်အဖွဲ့က မကူညီလိုက်ရင် လူမဆန်သလို ဖြစ်သွားလိမ့်မယ်။
ခါတိုင်းလို အမဲလိုက်မှုမှာ ပြိုင်ဆိုင်တာတွေက မပြောပပေမယ့် ဒီလို မျက်စိရှေ့မှာတွေ့ရက်သေမှာကို မကြည့်ရက်ဘူး။
“မြန်မြန်ကယ်ကြရအောင်။” တင်းချင်းရှန်းရဲ့ အမိန့်ကို ကြားပြီးတဲ့နောက် တောင်ရွာ အမဲလိုက်အဖွဲ့ကသူတွေက သစ်ကိုင်းတွေကို ချိုးလိုက်ပြီး မီးခိုးတွေကို ငြိမ်းအောင်ငြှိမ်းလိုက်ကြတော့တယ်။
သူတို့ပိုပို ယမ်းလေ မီးခိုးတွေက ပိုပြီးပျံ့လာလေပဲဖြစ်တယ်။ မကြာခင် အချိန်တွင်းမှာတောင်ရွာ အမဲလိုက်အဖွဲ့က သူတွေဟာလည်း ကျောက်တုံးဝင်္ကပါထဲကို ရောက်သွားတော့တယ်။
ဒါ့အပြင် သတိမထားမိတဲ့ သူတွေဟာလည်း တွင်းတွေထဲကို ပြုတ်ကျကုန်တော့တယ်။
“အိုက်ယား ဒီမှာ ဘယ်သူတွင်းတူးထားတာလဲ”
“ဒီမှာထောင်ချောက်တွေ ဘယ်သူထောင်ထားတာလဲ။”
ကံမကောင်းရှာတဲ့ တောင်ရွာ ရွာသားတွေကတော့ မြောက်ရွာ ရွာသားတွေနဲ့အတူ ကျင်းထဲကို နှစ်ယောက် သုံးယောက်ထပ်ကျသွားကြတော့တယ်။
“မင်းတို့ဒီကို ဘယ်လို ကျလာတာလဲ။” သူတို့နဲ့ အတူကျင်းတစ်ခုတည်းကို ကျနေတဲ့ မြောက်ရွာအမဲလိုက်သမားတွေက မေးလိုက်ကြတယ်။
“ငါတို့ကို ၇နှစ်သားလေးတစ်ယောက်က ဓားပြတိုက်သွားတယ်။” ခေါင်းခါယမ်းရင်းနဲ့ မြောက်ရွာ အမဲလိုက်သမားတွေကဖြေလိုက်တော့တယ်။
“ဓားပြတိုက်ခံရတယ်။ မီးလောင်တာမဟုတ်ဘူးလား။”
“ဒီမှာ ဘာမီးမှ မလောင်ဘူး။ ကလေးတစ်ယောက်က မီးခိုးမှိုင်းတိုက်သွားတာ။ ဘာမီးမှ မရှို့သွားဘူး။ ”
...
နာရီဝက်ကြာပြီးနောက်မှာတော့ မီးခိုးငွေ့တွေ ပျောက်ကွယ်သွားပြီး အောက်ခြေ မျက်နှာပြင်မှာရှိတဲ့ လူတွေ အတွက်တော့ အသက်ရှူချောင်လာခဲ့တယ်။ လက်နက်တွေ အကုန်လုံးနဲ့ လေးလံတဲ့ အရာမှန်သမျှကို ပြစ်ချထားရတယ်။
တခြားတစ်ဖက်မှာတော့ တောင်ရွာသားတွေကော မြောက်ရွာသားတွပါ မီးခိုးမွှန်လွန်းလို့ မျက်ရည်တွေကျနေကြတယ်။ တွင်းတွေထဲ ပြုတ်ကျနေကျတဲ့ ရွာသားတွေက ထောင်ချောက်တွေကိုလည်း ရှောင်ရှားဖို့အတွက် မတ်တပ်ရပ်နေကြရတဲ့ အတွက် မီးခိုးတွေကြောင့် မွန်းကျပ်မှုဟာ အတော်လေး ဆိုးဝါးနေတယ်။
တွင်းထဲမှာ ရောက်နေတဲ့ မြောက်ရွာသားတွေကတော့ အချိန်ကြာလာတဲ့ အတွက်မီးခိုးငွေ့တွေ လျော့ပါးတာဟာ သူတို့အတွက် သက်တောင့်သက်သာ ဖြစ်စေတယ်။
တောင်ရွာသားတွေကတော့ အတော်စိတ်တိုနေကြတယ်။ သူတို့ကမီးလောင်တယ်ထင်ပြီးလာကယ်ကြတာ အခုတော့ တွင်းထဲ ပြုတ်ကျနေတဲ့အပြင် မီးခိုးမှိုင်းမိသွားတဲ့ အတွက် တွင်းပေါ်ရောက်ရောက်ခြင်း မြောက်ရွာသားတွေကို ဆူပူတော့တယ်။
အဆုံးသတ်မှာတော့ အတော်လေး ဒေါသထွက်နေကြတဲ့ တောင်ရွာသားတွေက “ဓားပြတိုက်ခံလိုက်”ရတဲ့ အကြောင်းကို ကြားလိုက်ရတော့ အံ့အားသင့်သွားကြတယ်။
ဖန်ကျန်းရှီကတော့ တောင်ရွာအမဲလိုက်အဖွဲ့ ရောက်လာတာနဲ့ ရှောင်ကွင်းပြီးတော့ ကျောက်တုံးတွေနောက်မှာ ပုန်းနေလိုက်တယ်။ အကုန်လုံး ပြုတ်ကျသွားတဲ့ အချိန်မှာတော့ တော်တော်လေး စိတ်သက်သာရာရသွားတယ်။
ဂတ်စ် ကာကွယ်တဲ့ မျက်နှာဖုံးမရှိရင် ဒီလောက် အသက်ရှူကြပ်တာကို ဘယ်လိုမျိုးခုခံနိုင်မှာလဲ။
“ကောင်းလိုက်တဲ့ဓားလေး” ဖန်ကျန်းရှီက မြောက်ရွာ အမဲလိုက်သမားတွေ ကျကျန်ခဲ့တဲ့ ပစ္စည်းမှန်သမျှ အပိုင်သိမ်းနေတော့တယ်။ သူ့ရဲ့ ခြင်းတောင်းကြီးထဲကို သယ်နိုင်သလောက် သယ်ပြီး ပြစ်ထဲ့တော့တယ်။
“ဒီ လွှလေးလဲလိုချင်တယ်။”
“ဒီ လေးနဲ့မြားကလည်း တစ်နေ့မှာ အသုံးဝင်လာနိုင်တယ်”
"မြောက်ဘက်ရွာ အမဲလိုက်အဖွဲ့ကတော့ သူတို့ သားကောင်တွေ ပြစ်ချခဲ့တဲ့ နေရာကို ပြန်သွားတော့တယ်။
ရုတ်တရက် အသံတစ်သံက အပြင်တစ်နေရာကနေ ထွက်လာတဲ့အချိန်မှာတော့ မြောက်ရွာ အမဲလိုက်သမားတွေ မျက်နှာဟာ မဲမှောင်သွားတော့တယ်။
တခြားတဖက်က တောင်ရွာသားတွေကတော့ ဒီအသံကို အတော်လေး ရင်းနှီးနေသလိုပါပဲ။
ဒါက ကျန်းရှီ လေးများ ဖြစ်မလား။
အပိုင်း (၃၁)ပြီး၏။
အပိုင်း (၃၂)
“ကြီးမားတဲ့သားကောင်”
“ကျန်းရှီ သား လား။”တင်းချင်းရှန်းက ပထမဆုံးသတိဝင်လာတဲ့ သူဖြစ်တယ်။ တောင်ရွာအမဲလိုက် အဖွဲ့က လူတွေလည်း မြေကြီး မြေမှုန့်တွေနဲ့ ပေကျံနေပြီး အတော်လေးကို စုတ်ပြတ်နေကြတယ်။
“ဦးဦးချင်းရှန်း ဒီမှာ ဘာလုပ်နေတာလဲ။” ဖန်ကျန်းရှီက မြန်မြန်ပြေးလာပြီး သူ့ခေါင်းသေးသေးလေးနဲ့ တွင်းထဲကို ငုံ့ကြည့်လိုက်တော့တယ်။
“တကယ့်ကို ဖန်ကျန်းရှီပဲ။” မြောက်ရွာသားတွေကတော့ ဖန်ကျန်းရှီကို ကြည့်ရင်း အတော်လေးကို ဒေါသထွက်နေကြတယ်။
ခနနေပါအုန်း..
တောင်ရွာသားတွေကတော့ မြောက်ရွာသားတွေပြောခဲ့တဲ့ ဓားပြတိုက်ခံရတယ်ဆိုတာကို တွေးနေမိကြတယ်။ ၇နှစ်သားလေးရဲ့ လုယက်တာခံရတယ်ဆိုတာ ဒီကလေးက ဖန်ကျန်းရှီများဖြစ်နိုင်မလား။
မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး။ မြောက်ရွာအမဲလိုက်သမား အယောက် ၂၀လုံးကို ဘယ်လို ထောင်ချောက်ဆင်ဖမ်းလိုက်တာလဲ။
“မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး။” တင်းချင်းရှန်းက ခေါင်းကို ခါယမ်းရင်းနေမိတယ်။
" တောထဲကို ၇ကြိမ် ၈ကြိမ်လောက်ဝင်တာ သားကောင်တစ်ကောင်မှ မဖမ်းမိဘဲ ပြန်ပြန်လာနေခဲ့တာ ပဲ သူတို့မြင်တာဖြစ်တယ်။ မြောက်ရွာအဖွဲ့ကို ဓားပြတိုက်တယ်.။ နေမင်းအနောက်က ထွက်လာရင်တောင် ဖြစ်နိုင်မလား။
တွင်းထဲက မြောက်ရွာ အမဲလိုက် အဖွဲ့သားတွေကတော့ ဖန်ကျန်းရှီ ကို မြင်တာနဲ့ “ကောင်စုတ်လေး ငါတို့ကို မြန်မြန်လွှတ်ပေး။ မြောက်ရွာ အမဲလိုက် အဖွဲ့ကို မင်း ဓားပြတိုက်ရဲတယ် သတ္တိကောင်းလှချည်လား။ ” အော်ဟစ်ကြတော့တယ်။
တင်းချင်းရှန်းရဲ့ မျက်နှာကတော့ ဖြူဖျော့သွားတော့တယ်။ ဖန်ကျန်းရှီကတော့ တွင်းထဲက တောင်ဘက်တောင်ရွာ သားတွေကို မြင်လိုက်တော့ သူ့ကိုယ်သူ မြေမြုပ်ခံလိုက်ရပြီ လို့တောင် တွေးမိသွားတယ်။
အခုချိန်မှာတော့ ဖန်ကျန်းရှီ ဟာ ခပ်ပျင်းပျင်း အသုံးမကျတဲ့ ကလေးလေးကနေ မြောက်ရွာအမဲလိုက်အဖွဲ့ကို ဓားပြတိုက်တဲ့ ဓားပြကြီး တစ်ယောက်အဖြစ်မြင်သွားကြပြီ။
တင်းချင်းရှန်းက မယုံနိုင်ပေမယ့် အမှန်တရားကို ဖြစ်နေတော့လည်း။
မြောက်ရွာအမဲလိုက် အဖွဲ့က စကားတွေကို ကြားပြီးနောက်မှာတော့ ဒီနေ့ “လုယက်ခံ”ရတဲ့ သင်ခန်းစာကို ကောင်းကောင်းရသွားပြီဖြစ်တယ်။
ခနနေပါအုန်း ။ တောင်ရွာအဖွဲ့လည်း ပြုတ်ကျလာတယ်။
တင်းချင်းရှန်းရဲ့ အမူအယာတွေကတော့ သူ့စိတ်ခံစားချက်ကို ဖော်ပြဖို့ မစွမ်းသာတော့ပါဘူး။ သူ့ရဲ့ အမဲလိုက် အဖွဲ့လည်း ပြုတ်ကျလာတာကြောင့် သူတို့ပါ ဓားပြတိုက်ခံရတယ်ထင်ပြီး စိတ်ရှုပ်ထွေးနေခဲ့တာ။
"
“ကျန်းရှီ သား တကယ်ပဲ မြောက်ရွာအမဲလိုက်အဖွဲ့ကို လုယက်တာလား။”
“မိုးနတ်မင်းရေ တကယ်ပဲ လား ”
“ဒီ ၇နှစ်သားလေးကလေ”
ဒါတွေကတော့ ဖန်ကျန်းရှီ ဝင်္ကပါထဲကို ပြန်ရောက်လာတဲ့အခါ မှာ ဖြစ်ပျက်တာတွေဖြစ်ပါတယ်။
ဒါပေမယ့် ထောင်ချောက်ထဲမှာ မီးခိုးမှိုင်းတိုက်ခံရတာဟာ အတော်လေးကို ခံရခက်လွန်းတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဓားပြလေးကို တွေ့လိုက်ရချိန်မှာတော့ တောင်ရွာ အမဲလိုက် အဖွဲ့သားတွေ အန္တရာယ်ကင်းသွားပြီလို့ ဆိုရမယ်။
“ဒီကလေးက တောင်ဘက်တောင်ရွာကလား။” ကျန်းယန်ဖိန်က ထောင်ချောက်ထဲကနေ လှမ်းအော်လိုက်တယ်။ သူ့လက်ထဲက အမဲလိုက်ဓားရှည်ဟာတော့ မြေခသွားတော့တယ်။
အကယ်၍ ဖန်ကျန်းရှီကက သူတစ်ယောက်သာဆိုရင် ဒီ အခွင့်အရေးကို အသုံးချပြီး ရှိသမျှ အကုန် တစ်ယောက်တည်း သိမ်းကျုံးယူသွားမှာ ဖြစ်တယ်။ အခုချိန်မှာတော့ တောင်ရွာ အမဲလိုက် အဖွဲ့တစ်ခုလုံး ရှိနေတယ်ဆိုတော့ အစီအစဉ်ကို ကြီးကျယ်အောင် လုပ်ရတော့မှာပေါ့။
မြောက်ရွာက လူတွေကတော့ စိတ်ဆင်းရဲလွန်းနေကြတယ်။ သူတို့ရှာထားသမျှ သားကောင်တွေ အကုန် ဓားပြတိုက်ခံရတော့မှာ အမှန်ပဲ။
အားလုံး ပြီးဆုံးသွားပြီ။
“မင်းတို့အားလုံး လက်နက်တွေ ချကြ နောက်ပြီး အကုန် ဒူးထောက်ထားကြ” ဖန်ကျန်းရှီက အော်ဟစ်အမိန့်ပေးလိုက်တော့တယ်။
မြောက်ရွာအမဲလိုက် အဖွဲ့သားတွေက အော်လိုက်တော့တယ်။ “ရူးနေလို့် မင်းပြောတာ နားထောင်ရမှာလား။”
“အမိန့် မနာခံကြဘူးပေါ့ ။ ဒါဆို တွင်းထဲကို မြေဖို့ပြစ်ရမလား။ အပေါ့သွားရမလား”
"..."
ဆွံ့အသွားတဲ့ မြောက်ရွာသားတွေကတော့ မတတ်သာတဲ့ အဆုံး လက်နက်ချလိုက်ကြရတော့တယ်။
တင်းချင်းရှန်းဟာ ဘာလုပ်ရမှန်း မသိတော့ပင်မယ့် ဒီ အခွင့်အရေးကို အသုံးချလိုက်ရင် သူတို့ အတွက် အကျိုးအမြတ်အများကြီး ဖြစ်လာနိုင်တာ သူကောင်းကောင်းသိတယ်လေ။
ဒါပေမယ့် ဒီ အခွင့် အရေးက ကြာကြာခံမှာ မဟုတ်ဘူး။
“ ဟား ဟား ငါတို့တော့ ဒီနေ့ သားကောင်များများ ရတဲ့နေ့ပဲ။” မြောက်ရွာ အမဲလိုက် သမားတွေ ဖမ်းလာတ့ သားကောင်တွေကို အကုန်သိမ်းယူရင်း ပြောလိုက်တော့တယ်။
“ဦးဦး ချင်းရှန်း ။ ဒါတွေ အပြင် ဝက် အကြီးကြီ့း တစ်ကောင်လည်း ရှိသေးတယ်။” ဖန်ကျန်းရှီ ဒီဝက် နာမည်ကို မသိတာကြောင့် မြောက်ရွာသားတွေ ဖမ်းလာတဲ့ ဝက်ကြီးလို့ပဲ ပြောလိုက်တယ်။
ဒီ ဝက်က အကြီးကြီးမို့ အသားတွေ အများကြီး ရမှာ အသေအချာပဲ။
“မင်းတို့ မင်းတို့ အရှက်မဲ့လိုက်တာ။” ကျန်းယန်ဖိန်က သူတို့ရွာသားတွေ ခက်ခက်ခဲခဲ ယူထားရတဲ့ ဝက်စွယ်ကို တောင်ရွာသားတွေ အချောင်ယူသွားတဲ့ အတွက် မခံမရပ်နိုင် ဖြစ်သွားတော့တယ်။
ပိုပြီး အရေးကြီးတာကတော့ ဒီ ဝက်စွယ်ကို ရဖို့ ရွာသား ဆယ်ယောက်ကျော် ထိခိုက်ဒဏ်ရာရခဲ့ရတာ….။
အခုတော့….။
တောင်ရွာက အချောင်ယူသွားပြီ။
“ဝက်ကြီး သတ္တုဝက်လို့တော့ မပြောနဲ့။ ” တောင်ရွာ အမဲလိုက်သမားတွေ ကတော့ တကယ့်ကို စိုင်ကော်လို့ ချုံပေါ်ရောက်တာပါပဲ။ အခုချိန်မှာတော့ သူတို့ မီးခိုးမှိုင်းတိုက်ခံရတွေ တွင်းထဲပြုတ်ကျတာတွေက မမှု စရာတွေ ဖြစ်သွားပါပြီ။
“ မင်းတို့ မြောက်ရွာသားင်္တွေကို ကြည့်ထားကြ ။ ကျန်းရှီ ဝက်ဆီ သွားဖို့ လမ်းပြပေး။” တင်းချင်းရှန်းက အရမ်းကို တက်ကြွနေတော့တယ်။
“ဟုတ်ကဲ့ ”
...
အလွန် လျင်မြန်စွာနဲ့ပဲ ဖန်ကျန်းရှီတို့ အဖွဲ့ဟာ သတ္တုမီးဝက်ဆီကို ရောက်လာကြတော့တယ်။
“မိုးနတ်မင်းရေ။ တကယ့်ကို သတ္တုမီးဝက်စစ်စစ်ပဲ။” တလက်လက် တောက်ပနေတဲ့ ဝက်စွယ်ကို ကြည့်ရင်း တောင်ရွာ အမဲလိုက်သမားတွေ ပျော်ရွှင်နေကြတော့တယ်။
“ငါတို့ပိုင်ဆိုင်မယ့် သားကောင်တွေထဲမှာ ဒီနှစ်အတွက်တော့ အကြီးဆုံးအကောင်ပဲ။”
"ဟား ဟား မင်းတို့ ဘာလုပ်နေကြတာလဲ မြန်မြန်သယ်ကြတော့လေ။” တင်းချင်းရှန်းက အော်ဟစ်ပြီး ပြောလိုက်တော့တယ်။
ဝက်ကို အမဲဖြတ်တော့မယ် အချိန်မှာ မုဆိုးတွေက ပြောလိုက်တယ်။ “ကျန်းရှီ သား ကြည့်ချင်ရင် ဘေးကနေ ကြည့်လို့ ရတယ်” သူတို့မျက်လုံးထဲမှာတော့ ဖန်ကျန်းရှီက အတော်လေးကို အဖိုးတန်တဲ့ သူတစ်ယောက် ဖြစ်နေပြီလေ။
“ဟ ဟ ” ဖန်ကျန်းရှီက ရယ်မောရင်း ငြင်းလိုက်တော့တယ်။ ဒါက လူကြီးတွေ လုပ်ရမယ့် အလုပ်လေ ။ သူုက ၇နှစ်သားပဲရှိသေးတာကို။
...
ရွာအဝင်မှာ အမဲလိုက် အဖွဲ့ ပြန်လာတာကို စောင့်ဆိုင်းနေတဲ့ ရွာသူကြီးမုန့်ကတော့ သားကောင်တွေ အရနည်းလာတာနဲ့ ပတ်သတ်ပြီး ရတက်မအေး ဖြစ်နေခဲတယ်.။
ရွာက အိမ်ခြေတိုင်း အတွက် သားကောင် မလုံလောက်တော့တာကြောင့် အခုချိန်မှာမြောက်ရွာကို လာဘ်ထိုးသင့်ရင်လည်း လုပ်ရမှာပဲလို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချလိုက်ရတော့တယ်။
“ဒီနေ့ သားကောင်တွေ အများကြီးရလာတယ်။”
“တစ်နှစ်လုံးမှာ အကြီးဆုံးသားကောင်လည်းရလာတယ်.။”
“သတ္တုဝက်ကြီးလည်း ရလာတယ်။”
“တစ်နှစ်အတွင်း အကြီးဆုံးသားကောင်”
“ရွာက သန်မာတဲ့ လူတွေသွားခေါ်လိုက် အမဲတွေ ခွဲဝေရမယ်၊”
သတ္တုဝက်စွယ်လည်း ရလာတယ်။ ဒီနေ့က တကယ့်ကို ကံကောင်းတဲ့ နေ့ပဲ။
အပိုင်း(၃၂)ပြီး၏။
အပိုင်း (၃၃)
“ရွာသို့ အပြန်။”
အချိန်ခဏ ကြာပြီးနောက်မှာတော့ ရွာကွင်းပြင်ကို ရောက်လာကြတဲ့ ပျိုပျိုအိုအို မရွေးဟာ သတ္တုဝက်စွယ်ကို မြင်လိုက်ရတော့ အတော်လေး ပျော်ရွှင်နေကြတယ်.။ အပြေးအလွှားနဲ့ အမဲလိုက်အဖွဲ့ကို ကြိုဆိုကြတော့တယ်။
ရွာသူကြီးမုန့်ကတော့ လူအုပ်ကြီးရှေ့မှာရပ်ရင်း ဆေးတံကြီးကိ ုခဲကာ ခေါင်းတငြိမ့်ငြိမ့်နဲ့ လုပ်နေတော့တယ်။
ခုနကပဲရွာသူကြီးမုန့်က မြောက်ရွာကို အကူညီတောင်းဖို့ စဉ်းစားနေတာ အခုချိန်မှာတော့ သူ့ရွာက လူတွေ ဒီလောက်များပြားလှတဲ့ သားကောင်တွေကို ရလာတာ တကယ့်ကိုမယုံကြည်နိုင်စရာပဲ။
လူအုပ်ကြီးကြားထဲက ချီရှင်းလိန်ကတော့ သူ့သားလေး ဒဏ်ရာမရပဲ ပြန်လာဖို့ကို သာ မျှော်လင့်နေတာဖြစ်တယ်
စောင့်ဆိုင်းနေတဲ့ အချိန် အတော်ကြာသွားပြီးနောက်မှာတော့ တောထဲကနေ ပြန်လာတဲ့ အမဲလိုက် အဖွဲ့ ရဲ့ ပုံရိပ်ကို မြင်လိုက်ရတော့တယ်.။
“နောက်ဆုံးတော့ သူတို့ ပြန်လာကြပြီ။”
ရွာသားတွေရဲ့ စိတ်လှုပ်ရှားမှုက မြင့်တက်လာတော့တယ်။ ဒီနှစ်အတွက် အကောင်းဆုံး သားကောင် ရလာတဲ့ အတွက် ပွဲ ကျင်းပတော့မယ်လေ။
“ချင်းရှန်း ဒီသားကောင်တွေ ဘယ်လောက်များလဲ။ ” ရွာသူကြီးမုန့်က တင်းချင်းရှန်းကို မေးလိုက်တယ်.
“ ရွာသူကြီးမုန့် ဒီနောက်က ရလာတဲ့ သားကောင်တွေ အကုန်လုံးက ကျွန်တော်တို့ သားကောင်တွေပဲ။” တင်းချင်းရှန်း က သူ့နောက်မှာ ပါလာတဲ့ အမဲလိုက်သမားတွေကို ညွှန်ပြရင်းနဲ့ ပြောလိုက်တော့တယ်.။ မီးသတ္တု ဝက်ရိုင်းကြီးကို သယ်လာတဲ့ သူတွေကတော့ ပြုံးပျော်နေကြပါတယ်။
ရှေ့ဆုံးမှာ လျှောက်လာတဲ့ ဖန်ကျန်းရှီကလွဲပြီး တခြား အမဲလိုက်သမားတွေ ကိုယ်ပေါ်မှာ အနည်းဆုံး သားကောင် နှစ်ကောင် ကနေ အများဆုံး လေးကောင်အထိ ပါလာကြတာကို မြင်လိုက်ပြီးနောက်မှာတော့ ရွာသူကြီးမုန့်ရဲ့ မျက်နှာဟာ ပီတိဖြာပြီး ပျားသကာလို ချိုမြသွားပါတော့တယ်။
“တကယ့်ကို သတ္တုမီးဝက်ကြီးပဲ။”
“ဒါဇင်ကျော်တဲ့ သားကောင်တွေလဲ ရလာတယ်။”
ပျော်ရွှင်နေကြတဲ့ ရွာသားတွေကတော့ အမဲလိုက် သမားတွေကိုယ်ပေါ်က သားကောင်တွေကို ကူသယ်ပေးပြီး အမဲဖြတ်ကြတော့တယ်။
ချီရှင်းလိန်ကတော့ လူအုပ်ကြီးထဲက နေ ပြေးထွက်လာပြီး ဖန်ကျန်းရှီကို ပြေးဖက်လိုက်ပါတော့တယ်။
“သား ဒဏ်ရာရသွားတော့တယ်။ သတ္တုမီးဝက်ကို ဖမ်းတဲ့ အချိန်မှာ သား ကူညီရသေးလား” ချီရှင်းလိန်က သူ့သားလေးကို စိုးရိမ်တကြီးနဲ့ အဆက်မပြတ် မေးနေပါတော့တယ်.။
“သား မပါဘူး” ဖန်ကျန်းရှီ ချက်ချင်းကို ငြင်းလိုက်တယ်။ တကယ်တမ်းတော့ သတ္တုမီးဝက်ကို မြောက်ရွာ အဖွဲ့ကဖမ်းတာ သူတို့က သယ်လာရုံပဲလေ။
“ကောင်းတယ်။ ကောင်းတယ်။” သား ဒီလို အန္တရာယ်ကင်းအောင်နေတာ အကောင်းဆုံးပဲ။
“ဒါပေါ့ ဒီကောင်စုတ်လေးက ပုန်းနေတာက လွဲပြီး တခြား ဘာလုပ်နိုင်မှာလဲ။ ပုန်းပြီး အိပ်နေတာကလွဲပြီး ဘာသောက်လုပ်မှ မလုပ်တာ သေချာတယ်။ ဒီလောက် ရက်အများကြီး သွားတာတောင် ဘာ ဒဏ်ရာမှ မရပဲ သားကောင်တစ်ကောင်မှလည်း ဖမ်းမမိလာတာကို ပဲ ကြည့်လေ။”အဒေါ်လီ ကအေးစက်စွာ ပြောလိုက်တယ်။
ဖန်ကျန်းရှီ ကိုယ်ပေါ်မှာ သားကောင်လေး တစ်ကောင်တောင် ဖမ်းမမိလာတာကို မြင်ပြီးတဲ့နောက် တခြားရွာသားတွေကလည်း ထောက်ခံသလို ပြုံးရယ်နေကြတယ်။ အမွှေးစိမ်းယုန် တစ်ကောင်တောင် ဖမ်းမမိလာဘူးလို့ ထင်နေကြတာကြောင့် ဖြစ်တယ်။
“ဒီလိုဖြစ်တာ ကျန်းရှီက အရမ်းကို ငယ်လွန်းတာကြောင့် ဖြစ်တယ်။”
“မှန်တယ်။ ကျန်းရှီလို ၇နှစ်သားလေးကို မင်းက ဘာတွေ ဖမ်းလာစေချင်နေတာလဲ။”
“သူက ငယ်ငယ်လေးနဲ့ အမဲလိုက်အဖွဲကထဲ ဝင်ပြီး အတွေ့အကြုံယူနေတာ သားကောင် မဖမ်းနိုင်ဘူး ဆိုတာ ခဏပဲဖြစ်မှာ ။ ကျန်းရှီက ကြိုးစားတဲ့ ကလေးပဲ။”
ရွာသားတွေက အပြုံးကိုယ်စီနဲ့ သူတို့ အမြင်ကို ပြောလိုက်ကြတော့တယ်။ ဒီလို အကြီးဆုံးသားကောင်ကို ရလာချိန်မှာ ကျန်းရှီလေး ကိုယ်မှာ သားကောင် တစ်ကောင်မှ ပါမလာပေမယ့် သူက ကလေးလေးလေ။
ရွာသားတွေရဲ့ ထင်ရာ ပြောနေကြတဲ့ စကားသံတွေကို ကြားပြီးနောက်မှာတော့ တင်းချင်းရှန်း လုံးဝကို ကြက်သေသေသွားတော့တယ်။
“အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း။ ဒီနေ့လိုမျိုးသားကောင်များများ ရလာတာ ဒီကလေး ဖန်ကျန်းရှီကြောင့်ပဲ။ ကျန်းရှီကြောင့်သာ မဟုတ်ရင် ဒီလို မျိုး သားကောင် အကုန်လုံးကို ဘယ်လို ဖမ်းမိနိုင်မှာလဲ။” တင်းချင်းရှန်းရဲ့ လေသံက အရမ်းကို တင်းမာလွန်းလှတယ်။ အမဲလိုက် အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အတွက် အမိန့်အာဏာကတော့ ပြင်းထန်ပါတယ်။
“ဘာပြောတယ်။။ ကျန်းရှီ က အကုန်ဖမ်းတာလို့ တော့ မပြောပါနဲ့”
တင်းချင်းရှန်းရဲ့ စကားတွေကို မယုံကြည်နိုင်ကြဘူး ဖြစ်နေတယ်။ ဒီလို ကလေးသေးသေးလေး ဖန်ကျန်းရှ်ီ က အမဲလိုက်ဓားတောင် မကိုင်တဲ့ ကလေးက ဘယ်လိုများ ဖမ်းခဲ့တာလည်း သူတို့ နားမလည် နိုင်ကြဘူး ဖြစ်နေတယ်။
နောက်ပြီး တင်းချင်းရှန်းက အကုန် ကျန်းရှီကြောင့်လို့ ပြောတယ်။
ရွာသားတွေတင် မကဘူး ရွာသူကြီးမုန့်ကပါ မျက်လုံးပြူးကြီးနဲ့ တင်းချင်းရှန်းကို ကြည့်နေတော့တယ်။၏
“ကျန်းရှီသာ မြောက်ရွာ အမဲလိုက်အဖွဲ့ တစ်ခုလုံးကို ဓားပြ မတိုက်ခဲ့ရင် ဒီသားကောင်တွေ ရလာမှာ မဟုတ်ဘူး။ ဒါတွေ အကုန်လုံးက ကျန်းရှီရဲ့ အားထုတ်မှုတွေပဲ။” ဆွံ့အနေကြတဲ့ ရွာသားတွေရဲ့ မျက်နှာကို ကြည့်ရင်း ပြောလိုက်တယ်။ အဒေါ်လီကို တော့ သေသေချာချာ မျက်နှာမူပြီး အော်ဟစ်ပြောဆိုလိုက်တယ်။
“ဓား ဓားပြတိုက်တယ်။”
“နင် ဘာတွေပြောနေတာလဲ။ ဖန်ကျန်းရှီက မြောက်ရွာ အမဲလိုက်အဖွဲ့ကို ဘယ်လို ဓားပြတိုက်တာလဲ။”
“မဖြစ်နိုင်တာတွေ”
တောထဲဝင်တာ ၈ကြိမ် ၉ကြိမ်လောက် အမွှေးစိမ်း ယုန် တစ်ကောင်တောင် ဖမ်းမလာတဲ့ ဒီကလေး ဖန်ကျန်းရှီက မြောက်ရွာ အမဲလိုက် အဖွဲ့ကို ဘယ်လို ဓားပြတိုက်လိုက်တာလဲ။ လူ နှစ်ဆယ်ကျော် ရှိတဲ့ လူအုပ်ကြီးကို မြားမပါ ဓားမပါ ကလေးက
“ဖန်ကျန်းရှီက ဓားပြတိုက်တယ်တဲ့လား၊” အဒေါ်လီရဲ့ မျက်နှာ အမူအယာကတော့ မည်းမှောင်သွားတော့တယ်။ သူ ဘယ်လိုပဲစဉ်းစားပါစေ ဒါက မဖြစ်နိုင်တာပဲလေ။
သူ့ဘေးမှာ ရပ်နေတဲ့ ချီရှင်းလိန်ကတော့ ကြားကြားချင်း မယုံကြည်နိုင်ပေမယ့် သူ့သားလေးကို စိုးရိမ်တဲ့ စိတ်က ပို ဆိုးလာတယ်။
“ကျန်းရှီ သား ဘာလို့ ဒီလောက် အတဲ့ ကိစ္စမျိုး လုပ်ရတာလဲ။ သား ဒဏ်ရာရသွားနိုင်တယ်။ သား ထိခိုက်သွားနိုင်တယ်။”
“သား အဆင်ပြေပါတယ်။ ဘာမှ မထိခိုက်ပါဘူး မေမေရဲ့။”
ချီရှင်းလိန်ကတော့ ဖန်ကျန်းရှီရဲ့ အကျီတွေကို ဆွချွတ်ရင်း ဒဏ်ရာရ မရ ကြည့်နေပါတော့တယ်။
ရွာသူကြီးမုန့်ကတော့ မယုံနိုင်ပေမယ့် တင်းချင်းရှန်းရဲ့ စကားကို အမဲလိုက် အဖွဲ့ က ဘယ်သူကမှ ငြင်းပယ်ပြီး ပြောဆိုတာ မရှိတာကြောင့် ဒါဟာ အမှန်ပဲဆိုတာ် လက်ခံလိုက်ရတော့တယ်။
“တကယ်ပဲ ကျန်းရှီ အကုန်လုပ်ခဲ့တာလား။” တင်းချင်းရှန်းရဲ့ ဘေးကို လျှောက်လာရင်း ရွာသူကြီးမုန့်က ခပ်တိုးတိုး မေးလိုက်တယ်။
“ ဒါပေါ့ အံံ့သြစရာကောင်းလောက်အောင် ထောင်ချောက် အကြီးကြီး တစ်ခုကို လုပ်ပြီး မြောက်ရွာ အမဲလိုက် အဖွဲ့ တစ်ခုလုံးကို ဖမ်းလိုက်တာ။”
ဒီလို ကိစ္စမျိုးကို ပြောပြရတာ ဂုဏ်ယူဖွယ် တစ်ခုလို့ မမြင်ပေမယ့် အမဲလိုက် အဖွဲ့က လူအကုန်လုံးကြုံ ခဲ့ရတာကို တော့ သူ လီဆယ်ပြီး ပြောလို့ မဖြစ်နိုင်ဘူးလေ။
အပိုင်း(၃၃)ပြီး၏။
အပိုင်း (၃၄)
“ဉာဏ်ကြီးရှင်”
“ထောင်ချောက်ကြီး ကို ကိုယ်တိုင်တူးထားတယ် ။ ဟုတ်လား။ သူ ဘယ်လို လုပ်လိုက်တာလဲ။” ရွာသူကြီးမုန့်ကတော့ အံ့သြဖွယ်ကိစ္စကြီးတစ်ခုကို ကြားလိုက်ရတာကြောင့် မျက်နှာကြီး နီရဲလာတဲ့ အထိ သွေးတက်လာတဲ့ ပုံပါပဲ။
“တကယ်ပဲ ဖန်ကျန်းရှီ တစ်ယောက်တည်းလုပ်တာ ဟုတ်ကော ဟုတ်လို့လား။”
တင်းချင်းရှန်းနဲ့ ရွာသူကြီး မုန့်တို့ အပြန်အလှန် ပြောစကားတွေကို ကြားပြီးနောက်မှာတော့ ရွာသားတွေ စိတ်ထဲမှာ ပြောမိသမျှ ကိစ္စတွေ မှားပြီလို့ တွေးပြီး ထိတ်လန့်လာကြတော့တယ်။
“ဖန်ကျန်းရှီလို ကလေးက ဒီလောက်သန်မာတာ ဖြစ်နိုင်မလား ။ ဟား ဟား ဟား ”
“ရွာကွင်းပြင်မှာတုန်းက ကျောက်တုံးကို ခွဲခဲ့တုန်းက သူ့အင်အားကို မတွေ့ဘူးလား. ။ အခုက ငါတို့ရွာအတွက် လက်စားချေပေးလိုက်တဲ့ အကောင်းဆုံးလုပ်ရပ်ပဲ။”
“သတ္တုမီးဝက်ကြီး တကယ့်ကို အံ့ဖွယ် သားကောင်ပဲ.။”
ဖန်ကျန်းရှီကို ဟာသ လုပ်နေကြတဲ့ ရွာသားတွေကတော့ မကြာခင်ပဲ ငြိမ်သက်သွားပါတော့တယ်။ သူတို့ရဲ့ မျက်နှာတွေကတော့ မလှောင်ပြောင်ခင်ကထက် ပိုပြီးတော့ နီရဲနေကြတယ်။ တင်းချင်းရှန်းရဲ့ အဖြေကို ကြားပြီးနောက်မှာတော့ ရွာသူကြီးက အမှန်တရားဆိုတာကို လက်ခံလိုက်ပါပြီ။
“ကျန်းရှီက တကယ်တော်တာပဲ။ ရွာသားတို့ သားကောင်တွေကို ရွာကွင်းပြင်ဆီ သယ်သွားကြတော့။” ရွာသူကြီးမုန့်က ဆေးတံကြီးကို ကိုက်ရင်း အမိန့်ပေးလိုက်တော့တယ်။
……
ရွာသားတွေထဲမှာ အတော်လေးကို သန်မာတဲ့ သူတွေလည်း ရှိနေသေးတာကြောင့် သိပ်မကြာခင် အချိန်မှာပဲ သားကောင်တွေ အကုန်လုံးဟာ ရွာကွင်းပြင်မှာ သပ်ရပ်စွာ နေရာချပြီးသားဖြစ်သွားတော့တယ်။
တောင်ဘက်တောင်ရွာရဲ့ ပွဲတော် ရနံ့တွေဟာတော့ နှစ်သစ်ကူး စားပွဲတော် ရနံ့တွေနဲ့ ဆင်တူစွာ ပျံ့လွင့်နေပါတော့တယ်။ ရွာသားတွေ အားလုံးထဲမှာ မပျော်ရွှင်နိုင်သူ တစ်ယောက်ကတော့ ရှိနေပါတယ်။ သူကတော့ မျက်စိရှေ့မှာ မြင်နေသမျှကို ဖန်ကျန်းရှီရဲ့ အားထုတ်မှုကြောင့် ဆိုတာ မယုံကြည်နိုင်တဲ့ အဒေါ်လီပဲ ဖြစ်ပါတယ်။
ရွာကွင်းပြင်မှာ သားကောင်တွေကို သေချာ နေရာတကျ လုပ်ပြီးချိန်မှာတော့ ရွာသူကြီးမုန့် က ဖန်ကျန်းရှီကို လှမ်းခေါ်လိုက်ပါတော့တယ်။ “ ကျန်းရှီ ဒီကို မြန်မြန်လာ။”
ရွာ ကွင်းပြင် စင်ပေါ်ကို ရောက်ပြီးချိန်မှာတော့ “မြောက်ရွာကို သား ဘယ်လို ဓားပြတိုက်ခဲ့တာလဲဆိုတာ နည်းလမ်းကို ပြောပြလိုက်ပါအုန်း။” ရွာသူကြီး မုန့်က ခုချိန်ထိ အယုံအကြည် မရှိသေးဟန်နဲ့ ပြောလိုက်တယ်။
ဘယ်လိုပဲ ဖြစ်နေပါစေ။ ကျန်းရှီက ခုထိ ၇နှစ်သားလေ။.
ရွာသူကြီး မုန့်ရဲ့ စကားတွေကို ကြားပြီးနောက်မှာတော့ ရွာသားတွေ အကုန်လုံး ငြိမ်ကျသွားတော့တယ်။ ဖန်ကျန်းရှီ ရဲ့ အတွေ့အကြုံကို သူတို့လည်း သိချင်တယ်လေ။
ချီရှင်းလိန်ကတော့ သူ့သားရတနာလေးရဲ့ ကိုယ်ပေါ်မှာ ဘာ ရတနာမှ မရှိဘူးဆိုတာကို သေသေချာချာ စစ်ဆေးပြီး နောက်မှာတော့ လူအုပ်ကြားထဲရပ်ကာ ခပ်ပြုံးပြုံးနဲ့သာ ကြည့်နေပါတော့တယ်။
"ရွာကွင်းပြင်မှာ လူတွေ စုရုံးနေတာကို မြင်တော့ ဖန်ဟို့ဒဲက လည်း ဘာတွေဖြစ်နေတာလဲ သိရအောင် လာကြည့်တော့တယ်။ လမ်းလျှောက်တုတ်လေးကို လက်မှာ ကိုင်စွဲပြီးတော့ပေါ့။
“သားလိမ္မာလေး။ အခုတော့ သားရဲ့ရှေ့ရေးက အများကြီးထွန်းပေါက်သွားပြီ။ သားအဖေထက်တောင် အများကြီးသာသွားပြီ။”
ရွာသားတွေရဲ့ သူ့အပေါ် အထင်အမြင်သေးနေတာကို ပယ်ရှားနိုင်ဖို့ အချိန်ကောင်းပါပဲ။
ခံစားချက်တွေ ရောပြွမ်းနေပင်မယ့်လည်း ဒီအချိန်မှာတော့ တည်တည်ြငိမ်ငြိမ်နဲ့ ယုတ္တိရှိရှိ ဖြေရှင်းရတော့မယ်လေ။ သူ ပြင်ဆင်ထားတဲ့ ကျောက်တုံး ဝင်္ကပါနည်းလမ်း ပုံကြမ်းကို ထုတ်ပြလိုက်တော့တယ်။ ဒီကျောက်တုံးနည်းကို ဘယ်လိုရေးဆွဲလည်း ဆိုတာ ရှင်းပြဖို့ကို သူအတော်လေး စဉ်းစားခဲ့ရတယ်။ အကယ်၍ သူသာ ရှစ်မျိုးနည်းလမ်းကို သင်ထားတယ်လို့ပြောရင် ရွာသားတွေ ပိုအံ့သြပြီး ရှင်းပြလို့ ရမှာ မဟုတ်တော့ဘူး။
နောက်ဆုံးတော့ …
လိုလီတာရဲ့ စာရွက်ထဲက နည်းလမ်းတွေကို နမူနာယူလိုက်တယ်လို့ ရှင်းပြတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်မယ်လို့ သူတွေးမိလိုက်တော့တယ်။
“ဒါဆို သားပြောတာက နတ်ဆိုးကျောင်းတော်မမလေးရဲ့ လီဟူအာကို ပေးတဲ့ မေးခွန်းဆွဲသားမှုကို ကြည့်ပြီး ဒီလို ဝင်္ကပါကို ဆွဲနိုင်တယ်။ ” ဖန်ကျန်းရှီ ရှင်းပြပြီးနောက်မှာတော့ ရွာသူကြီးမုန့်ကနေ တအံ့တသြနဲ့မေးလိုက်တောတယ်။
“ဉာဏ်ကြီးရှင်။ တကယ့်ကို ရွှေဉာဏ်ရှင်ပဲ။”
ဆင်လောက်ကြီးတဲ့ မှတ်ဉာဏ်ရှိတယ်လို့ ခေါ်ရမလား။ ဒီလို တစ်ခါလေး မြင်လိုက်တာကို ကောင်းကောင်းမှတ်မိနိုင်တာမျိုးက ရှားပါးလွန်းပါတယ်။
“ဟုတ်” ဖန်ကျန်းရှီက ယုံကြည်ချက် အပြည့်နဲ့ ပြန်ဖြေလိုက်တယ်။
“လူတော်လေး တကယ့်ကို လူတော်လေး။” ရွာသူကြီးမုန့်က လေးစားလွန်းတဲ့ အမူအယာနဲ့ ပြောလိုက်တော့တယ်။ တခြားစကားလုံးတွေပြောဖို့ကို သူ့မှာ စကားရှာမရတော့ပါဘူး။
တခြားရွာသားတွေကတော့ ဒီအကြောင်းကို ကြားပြီးတဲ့နောက် ချီးမွမ်းမဆုံးဖြစ်နေကြတော့တယ်။
“ကျန်းရှီကတော့ တကယ့်ကို အံ့ဖွယ် ကလေးလေးပဲ။ မေးခွန်းကို တခါကြည့်ရုံနဲ့ ဝင်္ကပါဆွဲနိုင်တယ်။ အရမ်းကို ထက်မြက်လွန်းတာပဲ။”
“အစ်မဖန် ကတော့ သားလိမ္မာလေးကို မွေးထားတာပဲ။”
“ဟို့ဒဲ မင်းကတော့ ဘဝကို အေးအေး ဆေးဆေး နေလို့ရပြီပဲ။ အိမ်မက်မက်နေတယ်လို့ထင်ရင် ကိုယ့်ပါးကိုယ် ပြန်ရိုက်ကြည့်အုန်း။”
ရွာသားတွေကတော့ တစ်ယောက် တစ်ပေါက် ချီးမွမ်းနေကြပြီး အမျိုးသမီးတွေကတော့ ချီရှင်းလိန် အနားမှာ ဝိုင်းရင်း သူတို့ သမီးတွေကို ဖန်ကျန်းရှီနဲ့ ပေးစားဖို့ ကမ်းလှန်းနေကြတယ်။
အရင်တုန်းက လီဟူအာနဲ့ စေ့စပ်ဖို့ ကမ်းလှမ်းခဲ့ကြတဲ့ အမျိုးသမီးတွေတောင် မျက်စိတစ်မှိတ်အတွင်းမှာ ချီရှင်းလိန်ကို လာ ကမ်းလှမ်းနေကြပြန်ပြီပဲ ဖြစ်တယ်။
အဒေါ်လီရဲ့ မျက်နှာထားကတော့ မှုန်ကုပ်နေတော့တယ်။
သူ့အမေဘေးနားမှာ ရပ်နေတဲ့ ဖန်ကျန်းရှီကတော့ ဒီအမျိုးသမီးတွေ လာကမ်းလှမ်းနေကြတဲ့ “သမီးပျို”တွေဆိုတာ တချို့ဆို အခုမှ မွေးကင်းစ နှစ်လ သုံးလ အရွယ်လေးတွေ ရှီသေးတာကို သူကောင်းကောင်း သိတယ်လေ။
ဒီကလေးမတွေ အရွယ်ရောက်လာရင် ဘယ်လိုပုံ ဖြစ်မလဲဆိုတာ သူဘယ်လိုလုပ်သိနိုင်မှာလဲ။
ဖန်ကျန်းရှီက ရုပ်ရည်ရူပကာကို သိပ်ပြီး ဂရုစိုက်တတ်တဲ့သူ မဟုတ်ပေမယ့် အဒေါ်လီလိုမျိုး မိန်းမ ၀၀ကြီးကို ယူရမယ်ဆိုရင်တော့ ရက်စက်ရာကျလွန်းပါတယ်။
ဘယ်သူကမှ သူ့အမြင်ကို မမေးကြတာ ဖန်ကျန်းရှီကို အတော်လေး ဝမ်းနည်းစေတယ်။
သူတို့သမီးပျိုတွေ ဘယ်လောက် ကောင်းမွန်ကြောင်းကို ချီးမွန်းနေကြတာကို ကြားပြီးနောက်မှာတော့ အမျိုးသားထုကြီးဟာ အတော်လေးကို ထိတ်လန့်သွားတော့တယ်။
ဖန်ကျန်းရှီက သူ့ နည်းလမ်းတွေ လိုလီတာဆီက ရတယ်လို့ ဖြေရှင်းခဲ့တယ်။ ဒါပေမယ့် အသေးစိတ်မေးမြန်းတာတွေကို ဖြေရှင်းဖို့ကတော့ သူပြန်စဉ်းစားရအုန်းမယ်။
လူအုပ်ကြားထဲက ဝမ်အန်ဟွာကတော့ ဖန်ကျန်းရှီ ဆွဲထားတဲ့ထောင်ချောက်ပုံကို သေချာ ကြည့်ချင်တာကြောင့် လူအုပ်ထဲကနေထွက်ပြီး ရွာသူကြီးမုန့်ဆီကို သွားတော့တယ်။
ဝင်္ကပါကို ကြည့်ပြီးနောက်မှာတော့ သူ့ရဲ့ အံ့သြမှုဟာ ကြီးသထက်ကြီးလာတော့တယ်။ ဒီ ပုံစံကို သူ အကုန်အစင် နားမလည်ပေမယ့် ဒီထဲက နည်းလမ်းတွေကို တော့ သူ ရင်းနှီးနေတယ်။
ဒါ ဒါက ရှစ်မျိုးနည်းလမ်းပဲ။
တာအိုနိယာမကို နားလည်ထားတဲ့ သူ။ တာအိုမုခ်ကို အောင်မြင်ထားတဲ့သူတွေတောင် ဒီနည်းလမ်းကို နားလည်ဖို့ဆိုတာ ခက်ခဲတယ်။ ဒီလို ၇နှစ်သားလေးက ဘယ်လိုတောင် စာဖတ်စွမ်းရည် ပြည့်ဝရတာလား။
“ဆရာ ဘာတွေတွေးနေတာလဲ။” ရွာသူကြီးမုန့်ပိုင်က တလးတစားနဲ့မေးလိုက်တယ်။ တောင်ဘက်တောင်ရွာကို စာသင်ပေးနေတဲ့ ဆရာဆိုတော့လည်း လေးစားရမယ်လေ။
“ဆရာ ဘာတွေနားမလည်နိုင်တာလဲ။” ရွာသူကြီးမုန့်ကတော့ ဝမ်အန်ဟွရဲ့ အမူအယာကို အကဲခတ်ရင်းမေးလိုက်တော့တယ်။
“ဒီ စာရွက်ကို ကျွန်တော်လေ့လာဖို့ ပေးလိုက်နိုင်မလား။ အသေးစိတ် လေ့လာကြည့်ဖို့ဆိုရင် အချိန်ယူရမှာ” ဝမ်အန်ဟွကတော့ ဒီ့ထက် ထပ်မပြောတော့ပါဘူး။ လိုလီတာရဲ့ မေးခွန်းနဲ့ယှဉ်ပြီးလေ့လာကြည့်ချင်တယ်လေ။
“ ကျန်းရှီ သားဘယ်လိုထင်လဲ။” ရွာသူကြီးမုန့်က ဖန်ကျန်းရှီဘက်ကို လှည့်ပြီးမေးလိုက်ပါတယ်။
ဒီအချိန်မှာတော့ ရွာသူကြီးမုန့်ရဲ့ စိတ်ထဲမှာ ဖန်ကျန်းရှီကို အမဲလိုက်အဖွဲ့ဝင် တစ်ဦးအဖြစ် လက်ခံလိုက်ပြီဖြစ်တယ်။ နောက်ပြီး အရွယ်ရောက်ပြီးသူ တစ်ယောက်လိုမျိုး သူ့ရဲ့ ဆုံးဖြတ်ချက်ကို လည်း လေးစားရမယ်လေ။
“ကောင်းပြီလေ။ သား တောင်းဆိုစရာ တစ်ခုရှိတယ်။” ဖန်ကျန်းရှီက ခေါင်းငြိမ့်ရင်းပြောလိုက်တော့တယ်။
အပိုင်း (34 )ပြီး၏။
အပိုင်း (၃၅)
“အရှက်မရှိတဲ့ လောဘ”
“ဘာတောင်းဆိုချင်တာလဲ။” ဝမ်အန်ဟွက ဖန်ကျန်းရှီတောင်းဆိုလာတဲ့ အတွက် အံ့သြမိတာကြောင့် မေးလိုက်တော့တယ်။
ရွာသူကြီးမုန့်ကတော့ ဒီ ဝင်္ကပါကို ဆွဲတဲ့သူက ဖန်ကျန်းရှီ ဖြစ်စေအုန်းတော့ တာအိုခန်းမက ဆရာကို ဒီလိုပြောတာက မလေးစားရာကြတယ်လို့သူတွေးမိတယ်။
“ဆရာ့ကိုတောင်းဆိုချင်တာကတော့ ဒီပုံကို ပုံတူကူးပြီး ရွာက အမဲလိုက်သမားတွေကို ဝေပေးစေချင်ပါတယ်။” ဖန်ကျန်းရှီက သူ့စိတ်ထဲက စကားကို ပြောတော့တယ်။
“ဘာအတွက်လဲ” ဝမ်အန်ဟွာက သိချင်ဇောနဲ့ မေးလိုက်တော့တယ်။
သူထင်ထားတာက ဖန်ကျန်းရှီက ဒါကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းခိုင်းမယ်လို့ သူထင်ထားမိတာ အခုလို အများကြီး ဝေခိုင်းမယ်လို့ မတွေးမိဘူး။
“သားတွေးတာက ဒီထောင်ချောက်တွေကို နေရာ ကန်လင်းတောင် နေရာ အနှံ့ မှာ လုပ်လိုက်ရင် အနာဂတ်မှာ သားကောင်တွေ ပို များများ ရနိုင်မယ်လေ။ နောက်ပြီး ထောင်ချောက်တွေကို သိထားရင် ရှောင်ရှားဖို့လွယ်တာပေါ့။”
ဖန်ကျန်းရှီက သူ့အစီအစဉ်ကို ပြောပြရင်းနဲ့ ဝမ်အန်ဟွကို စာရွက်ပေးလိုက်တော့တယ်။ သူ့ကို သူ သိက္ခာရှိရှိ ပုံစံမျိုး မြင်အောင်လုပ်ရမယ်လေ။
စာဖတ်ဖို့ အချိန်များများရစေမယ်။ သူ့အကြံကို သူတွေးပြီး လက်မထောင်လိုက်တော့တယ်.။
ဒီပုံကို ရွာက လူတွေအတွက် ဖြန့်ဝေပေးဖို့သူ အရင်ထဲကတွေးထားခဲ့တာဖြစ်တယ်။
တောင်ဘက်တောင်ရွာ အမဲလိုက်အဖွဲ့က ဒီနေ့အတွက် အတော်ဒုက္ခခံလိုက်ရတယ်လေ။ သူက ထောင်ချောက်တွေ အကုန်ပြင်တာဆိုပေမယ့် ဒီလို ထိခိုက်ဒဏ်ရာ နည်းနည်းနဲ့ သားကောင်တွေ အကုန်လုံးကို ရလာဖို့ဆိုတာ တောင်ရွာ အမဲလိုက် အဖွဲ့သာ မကူရင် ဖြစ်လာနိုင်မှာ မဟုတ်ဘူးလေ။
သူကလည်း သားကောင် တစ်ကောင်တောင် ဖမ်းမလာနိုင်တဲ့သူပဲ ဖြစ်နေမှာလေ။
အမဲလိုက်တာ……
ဒါက ရှင်သန်မှု အဓိပ္မာယ်တစ်ခုပဲ။ သူ့ရဲ့ စာဖတ်တာနဲ့ လေ့ကျင့်မှုတွေကို တိုးမြှင့်ရမယ်။
“ဒီ ဒီ နည်းလမ်းတွေက တကယ်ပဲ အသုံးဝင်နိုင်မှာလား။” ရွာသူကြီးမုန့်ရဲ့ စိတ်လှုပ်ရှားမှု အလွန်ကို ကြီးမားလာတာကြောင့် ဝမ်အန်ဟွရဲ့ စကားကို တောင် မစောင့်နိုင်တော့ဘဲ မေးလိုက်တော့တယ်။ ဒီ နည်းလမ်းတွေသာ တကယ် အသုံးဝင်တာဆိုရင် သူတို့ တောင်ရွာ ကြုံနေရတဲ့ စားနပ်ရိက္ခာ ကိစ္စကိုလည်း ဖြေရှင်းနိုင်တော့မယ်လေ။
အမဲလိုက်အဖွဲ့သာ သားကောင်များများရှာနိုင်ရင် တခြား အရာတွေလည်း တိုးတက်လာမှာ အမှန်ပဲလေ။
“ကျွန်တော့် အထင်တော့ တော်တော်လေး အသုံးဝင်မှာ” ဝမ်အန်ဟွာက ခေါင်းငြိမ့်ပြီး ဖြေလိုက်တော့တယ်။
ရွာသားတွေကတော့ အံ့သြမှုနဲ့အတူ ပျော်ရွှင်နေကြတယ်။
“ရွာသူကြီးမုန့် ကျွန်တော်တို့ ကြိုးစားကြည့်ရအောင်။ အမဲလိုက်အဖွဲ့ အတွက် နည်းလမ်းပြောင်းသုံးရတာလဲ နစ်နာမှုတော့ မရှိနိုင်ပါဘူး။” ဒီထောင်ချောက်တွေရဲ့ အရသာကို ခံစားဖူးတဲ့ တင်းချင်းရှန်းက ပြောလိုက်တော့တယ်။
“ဒါ ဒါက ” ရွာသူကြီးမုန့်ကတော့ ရွာကွင်းပြင်မှာ မီးဖို တံစို့ထိုးပြီး အခြောက်ခံနေတဲ့ သားကောင်တွေကို ကြည့်လိုက်ပြီးမှ ဖန်ကျန်းရှီရဲ့ မျက်နှာကို ကြည့်လိုက်တော့တယ်။ သူ့အတွက်တော့ ထုတ်ပြောဖို့က ခက်နေတယ်လေ။
ဖန်ကျန်းရှီကတော့ တိတ်တဆိတ်နဲ့ပဲ သူ့ကို လှမ်းကြည့်နေတယ်။ သက်ပြင်းချရင်းနဲ့သူတွေးမိနေတာကတော့ သူသာ ဒီသားကောင်တွေ အကုန်လုံးကို ယူပြေးခဲ့ရင် အခုဆိုပြေးပေါက်မှားနေမှာ။ ဒါမှမဟုတ် သူ့အကြောင်းမပြောကြပေမယ့် နောက်ကွယ်မှာတော့ သူ့မိဘတွေကို ရှုတ်ချနေကြမှာ အမှန်ပဲ။
လူက လောဘကြီးလို့ရတယ်။ သို့ပေမယ့်…
လူတစ်ယောက်က အရှက်သိက္ခာမဲ့တဲ့အထိ အရှက်မဲ့လို့ မဖြစ်ဘူးလေ။
“ဒီနေ့ ရလာတဲ့ သားကောင်တွေက အရမ်းများတယ်။ ဒီလို လုပ်ဖို့ အချိန်တွေ အများကြီး ယူခဲ့ရတဲ့အတွက် ဝေစုကို မျှတအောင်တော့ ခွဲဝေပေးပါ။ ဒါပေမယ့် သတ္တုဝက်စွယ်ကိုတော့…” ဖန်ကျန်းရှီကဆက်မပြောတော့ပဲ ရပ်ထားတော့တယ်။
“သားပြောချင်တာကို နားလည်ပြီ။”ရွာသူကြီးမုန့်က ပြုံးပြုံးကြီးနဲ့ပြောလိုက်တော့တယ်။ ဖန်ကျန်းရှီစိတ်ရှုပ်နေတာတော့ ရှင်းသွားခဲ့ပြီ။
”သတ္တုဝက်စွယ်ကလွဲပြီး တခြား အရာတွေက ခွဲဝေပေးမယ်။ သတ္တုဝက်စွယ်ကိုတော့ ဖန်ကျန်းရှီကပဲ ပိုင်ဆိုင်ရမယ်။” ရွာသူကြီးမုန့်ရဲ့ ဆုံးဖြတ်ချက်ကို ကြားပြီးတဲ့နောက်မှာတော့ အဒေါ်လီရဲ့ မျက်နှာက ယင်ကောင်တစ်ကောင် မျိုချလိုက်သလိုမျိုး ရဲရဲနီသွားတော့တယ်။
ဒီနေရာမှာ သူ ဆက်မနေနိုင်တော့ဘူး။
သတ္တုဝက်စွယ်ဆိုတာ အဖိုးတန် ရတနာတစ်ခုပဲ။ တခြား တိရစ္ဆာန် အကုန်လုံးထက် ပိုတန်ဖိုးရှိတယ်။ အစွယ်ချွန်ချွန်တွေက အရမ်းကို ထက်တယ်လေ။ သတ္တုရိုင်းတွေထက်လည်း ပိုသန်မာပြီးတော့ ငွေထက်လည်း ပို တန်ဖိုးရှိတယ်။
အခုကတော့ ဝက်စွယ်မပြောနဲ့ ဝက်မွှေးလေး တစ်မွှေးတောင် မရဘူး။
အဒေါ်လီက ဒါကို ဘယ်လို လက်ခံနိုင်မှာလဲ။
“ရွာသူကြီးမုန့်က ဘယ်လိုတောင် ဘက်လိုက်နိုင်ရတာလဲ။ ခါတိုင်း ကျင့်သုံးနေကြနည်းလမ်းအတိုင်းဖြစ်သင့်တာကို အခုလို သားကောင်လေးများများ ရလာတာနဲ့တင် စည်းကမ်းချက်ကို ပြောင်းလဲပြစ်နိုင်ရတာလဲ။ လွန်ခဲ့တဲ့ နှစ်တွေထဲက ကန်လင်းတောင်မှာ လီမိသားစုက မျှမျှတတခွဲဝေပေးခဲ့တာ။ အခုတော့ သူက တာအိုခန်းမမှာ နေ့တိုင်း ရွာအနာဂတ်အတွက် ကြိုးကြိုးစားစား သင်ယူနေတာ။ အခုလို ခွဲဝေတာမျိုးကို လုံး၀ လက်မခံနိုင်ဘူး။ ဒါက သက်သက်မဲ့ အရူးလုပ်တာပဲ။”
အပို်င်း (၃၅)ပြီး၏။
အပိုင်း (၃၆)
“ဦးစွန်းဖုတ်”
ရွာသူကြီး မုန့်က အဒေါ်လီရဲ့ မကျေမနပ် ပြောသံကို ကြားလိုက်တော့ တောင့်တင်းသွားတော့တယ်။
အရင်လို နေ့မျိုးမှာဆို ရွာသူကြီးမုန့်က အဒေါ်လီ ပြောစကားကို ချက်ချင်းနားထောင်လိုက်မှာ ဖြစ်တယ်။ ဒီနေ့မှာတော့ ခါတိုင်းနေ့တွေနဲ့ မတူဘူးလေ။ ဒီကွင်းပြင်က ရှိသမျှ သားကောင်တွေ အကုန်လုံးက ဖန်ကျန်းရှီ ပိုင်ဆိုင်ရမယ့် အရာတွေပဲ ဖြစ်တယ်လေ။
ဒီလောက် သားကောင် အများကြီးကို ခွဲဝေပြီးပြီလေ။ နောက်ထပ် ဖန်ကျန်းရှီစိတ်ကို ပြောင်းလဲအောင်လုပ်ဖို့က ခက်ခဲတယ်။ နောက်ပြီး ရလဒ်ကလည်း ဒီလို မရိုးရှင်းနိုင်ဘူးလေ။
အဒေါ်လီရဲ့ စောဒကတက်သံကို ကြားပြီးတဲ့နောက်မှာတော့ ရွာသားတွေ ခမျာ စိတ်မချမ်းမမြေ့ဖြစ်သွားရှာကြတယ်။ ဒီသားကောင်တွေ အကုန်လုံးက ဖန်ကျန်းရှီရှာလာတာတွေလေ သတ္တုမီးဝက်ကိုလည်း ဖန်မိသားစုအတွက်ပဲ ပေးသင့်တာ ဘာ လက်မခံနိုင်စရာရှိလို့လဲ။
နောက်ပြီး ဒီနေ့ရလာတဲ့ သားကောင်တွေကို ကျန်းရှီက ရွာသားအကုန်လုံးကို အညီအမျှ ခွဲဝေပေးဖို့ ပြောပြီးသားလေ။ ဒီရက်ပိုင်းတွေမှာ တောင်ရွာ အမဲလိုက်အဖွဲ့က မစို့မပို့ သားကောင်လေးတွေပဲ ရရ နေတာ အခုတော့ မိသားစုတိုင်း ၀၀လင်လင် စားနိုင်အောင် သူ လုပ်ပေးထားတာပဲ။
“အဒေါ်လီ ဒီနေ့ ရှာလို့ရသမျှ သားကောင်တွေ အကုန်လုံးက ကျန်းရှီ ပိုင်တာ။”
GOG Pdf2 | 54
“ကျန်းရှီက စဉ်းစဉ်းစားစား ကြင်ကြင်နာနာနဲ့ အိမ်တိုင်းအတွက် ဝေစုကို ခွဲပေးပြီးပြီပဲ။”
အဒေါ်လီနားမှာရပ်နေတဲ့ ရွာသားတွေက သူ့ကို သတိပေးလိုက်ကြတယ်။
“အဒေါ်လီက ဒီလို ခွဲဝေပေးတာကို သဘောမကျဘူးဆိုတော့လည်း သား က တခြားနည်းနဲ့ ခွဲပေးမယ်လေ။” ဖန်ကျန်းရှီက လူအုပ်ရှေ့ကို ထွက်လာပြီးတော့ပြောလိုက်တယ်။
ရွာသူကြီးမုန့် ကတော့ သူ့ကိုတားဖို့ မတွေးတော့လူး။ ဖန်ကျန်း၇ှီက အခုဆို တောင်ရွာမှာ ပြောရေးဆိုခွင့်ရ လူတစ်ယောက် ဖြစ်သွားပြီလေ။
တခြားရွာသားတွေကတော့ ဖန်ကျန်းရှီ ဘာပြောမလဲဆိုတာကို စောင့်ကြည့်နေကြတယ်။
“ အာ နောက်ဆုံးတော့ ကျန်းရှီက သင့်တော်တဲ့ အဖြေကို ပြောသေးတယ်။ အဒေါ်ကတော့ တခြား ကိစ္စတွေ ဂရုမစိုက်ပါဘူး။ ဘယ်လို ခွဲပေးမလဲဆိုတာကို ပဲ ပြောလိုက်။” အဒေါ်လီက အင်မတန်ကို ဝမ်းမြောက်စွာနဲ့ ပြောလိုက်တော့တယ်။ ရွာသားတွေ သူမကို အပြစ်တင်တဲ့ စကားသံတွေကို ကြားတဲ့ အချိန်တုန်းကတော့ အဒေါ်လီက စိတ်လျှော့ဖို့တွေးမိလိုက်သေးတယ်။ နောက်ဆုံးမှာတော့ ကောင်စုတ်လေး ကျန်းရှီက တကယ့်ကို အရွယ်ရောက်သူ တစ်ယောက်လိုမျိုး ဆရာဝင်လုပ်နေပြီ။
“တခြား သားကောင်တွေကို ရွာသားတွေကို ခွဲဝေပြီးပြီဆိုတော့ အဒေါ်လီနဲ့ သားတို့မိသားစုက သတ္တုမီးဝက်ကို ပဲ ခွဲကြရအောင်။ အဒေါ်လီ လက်ခံနိုင်မလား။”
“ခွဲဝေမယ်။ ” အဒေါ်လီက သူမတစ်ခါမှ မတွေးမိတာကို ပြောလိုက်တဲ့ အတွက် ဒီကောင်စုတ်လေး ကျန်းရှီက ဉာဏ်ကောင်းသားပဲလို့ တွေးလိုက်မိတယ်။ “အဓိပ္မာယ်တော့ ရှိသားပဲ ကောင်းပြီလေ ခွဲဝေကြတာပေါ့။”
GOG Pdf2 | 55
ဖန်ကျန်းရှီရဲ့ စကားကို ကြားပြီးနောက်မှာတော့ ရွာသားတွေကထင်သွားတော့တယ်။ ဒီကလေးကို ဉာဏ်ကောင်းလှတယ်လို့ထင်နေတာ အခုတော့ သူက ချက်ချင်းကို ခပ်တုံးတုံးကလေး ဖြစ်သွားပါလား။
ချီရှင်းလိန်ကတော့ စိုးရိမ်သွားတဲ့ အတွက် လူအုပ်ရှေ့ကို ထွက်ပြီး ကာကွယ်ဖိုက လုပ်လိုက်တယ်။
ကံမကောင်းစွာနဲ့ပဲ သူမကို ဖန်ဟို့ဒဲ က ဆွဲထားတော့တယ်။
“စိတ်မပူပါနဲ့ ။ ကျန်းရှီ ဖြေရှင်းနိုင်ပါတယ်။” ဖန်ဟို့ဒဲက သူသာ ဉာဏ်မပြေးပင်မယ့် သူ့သားကတော့ လူအလေး မဟုတ်ဘူးဆိုတာ ကောင်းကောင်းသိတယ်လေ။
သတ္တုမီးဝက်ကို ခွဲဝေမယ်လို့ ပြောလိုက်ပေမယ့် ဒီကိစ္စကို ကောင်းကောင်းလုပ်မယ်ဆိုတာ သူယုံကြည်တယ်။
“ဒါဆို အဒေါ်လီ သဘောတူတယ်ပေါ့။” ဖန်ကျန်းရှီက သေချာအောင်မေးလိုက်တယ်။
“ကောင်းပြီလေ။ ဘာ သဘောမတူစရာရှိလဲ။ ဘဘောတူတယ်။” အဒေါ်လီက သူ့ခေါင်းကို ကြက်အစာရှာသလိုမျိုး အဆက်မပြတ်ကို ငြိမ့်နေတော့တယ်။
“ကောင်းပြီလေ။ ဒါဆိုရင် ရွာသူကြီးနဲ့ ခေါင်းဆောင်တင်းကို အသိသက်သေလုပ်ဖို့ ဖိတ်ပါတယ်။ အဒေါ်လီကို ကျွန်တော့်ရဲ့ သတ္တုမီးဝက် ဝေမျှမှာ ဖြစ်တဲ့ အတွက် အခြားသော သားကောင်ဝေစုကို မပေးတော့ပါဘူး။” ဖန်ကျန်းရှီကပြောလိုက်တော့ ရွာသူကြီးမုန့်က ခေါင်းငြိမ့်ရင်းထောက်ခံနေတော့တယ်။ ဖန်ကျန်းရှီကိုယ်တိုင်က သူ့စိတ်နဲ့သူဝေမျှဆိုတော့ သူလည်း ထပ်ပြောစရာ မလိုတော့ဘူးလေ။
ရွာသားတွေကတော့ ဖန်ကျန်းရှီကို အရူးတစ်ယောက်ကို မြင်တဲ့ ပုံစံမျိုးနဲ့ ကြည့်နေကြတော့တယ်။
GOG Pdf2 | 56
အဒေါ်လီက ဘာမှဆက်မပြောတော့ပဲ လက်ခံလိုက်တော့တယ်။
အဲ့ဒီ့နောက်မှာတော့..
ဖန်ကျန်းရှီက လည်ချောင်းရှင်းလိုက်ပြီး နောက်တစ်ကြိမ် စကားပြောလိုက်တော့တယ်။
“ဒါဆိုရင် ဦးဦးတင်းကို အန်တီလီအတွက် သတ္တုဝက်ရဲ့ ဦးစွန်းဖုတ်မွှေးကို ဖြတ်ပြီး ပေးဖို့ ဖိတ်ခေါ်ပါတယ်။ ”
“ဖူးး” ရေသောက်နေတဲ့ တင်းချင်းရှန်းကတော့ ရေတွေကို မှုတ်ထုတ်လိုက်မိပြီးတော့ ရီနေတော့တယ်။
တခြား ရွာသားတွေကလည်း သတိဝင်လာကြချိန်မှာတော့ အဒေါ်လီကို ပြုံးစိစိနဲ့ ကြည့်နေကြပြီး ရယ်တဲ့သူကလည်း ရယ်နေကြတယ်။
“ဦးစွန်းဖုတ်မွှေး”
“ ဒါ ဒါက ဟား ဟား ဟား ဦးစွန်းဖုတ်မွှေးကို သူပေးတယ်တဲ့”
“ ဒီ ကလေး ကျန်းရှီကတော့ တကယ့်ကို အလားအလာ ရှိတာပဲ။ ကြည့်ရတာ ငါ့အထင်မှားသွားပြီနဲ့တူတယ်။”
ရွာသားတွေက စပြီးရယ်ကြတော့တယ်။ ဘယ်သူကမှ ဖန်ကျန်းရှီအကြံကို မငြင်းပယ်ကြဘူး။ သူတို့သာ ဒီကလေး နေရာမှာ ဆိုရင်လည်း ဒီလို ပဲလုပ်မိကြမှာပဲ။
GOG Pdf2 | 57
တစ်ခုရှိတာကတော့ ဒီ အကြံဉာဏ်ကို သူတို့လုံး၀ မစဉ်းစားမိတာပဲ။
အဒေါ်လီရဲ့ မျက်နှာကတော့ မည်းမှောင်နေပြီး အသားတွေ တဆတ်ဆတ်တုန်တဲ့ အထိ ဒေါသထွက်နေတယ်။ ဒီကောင်စုတ်လေး လှည့်စားသွားတဲ့ စကားတွေကို သူအခုတော့ သဘောပေါက်သွားပြီ။
“ဖန်ကျန်းရှီ” အဒေါ်လီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ငယ်သံပါတဲ့ အထိ အော်လိုက်တော့တယ်။ သူက အခု ၇နှစ်သားလေးရဲ့ လှည့်စားတာကို ခံလိုက်ရပြီး လုံးဝကို ရှုံးနိမ့်သွားပြီ။ သူမရဲ့ ဒေါသတွေကြောင့် သွေးအန်တော့မတတ်ပါပဲ။
အခုတော့ သူမကို မုန်းတယ်။ သူမကိုယ် သူမမုန်းတယ်။ ဒီ ဝက်မွှေးတွေက ဘယ်လိုများ မျှဝေတယ်လို့ ပြောနိုင်ရတာလဲ။ ရှင်းရှင်းလင်းလင်း ဝက်စွယ်တစ်ချောင်းလို့ပြောခဲ့သင့်တာ။
အခုတော့ အရမ်းကို နောက်ကျသွားပြီ။
သူမ ပါးစပ်ကနေ ထုတ်ပြောမတတ် ဖြစ်မိသွားပေမယ့် ဒီလို ပြောလိုက်ရင် လုံးဝကို သိက္ခာကျသွားတော့မှာ ဖြစ်တယ်။ ၇နှစ်သားလေးရဲ့ လှည့်စားတာကို ခံရပြီး အရှက်ကွဲသွားတယ် ဆိုတာ ရာဇဝင် ရိုင်းသွားတော့မယ်။
သူဘယ်လောက်ပဲ အရေပြားထူပြီး မျက်နှာပြောင်ပါစေ ဒီလိုမျိုးတော့ မလုပ်နိုင်ဘူး။
“ဟွန့်” အဒေါ်လီက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး အေးစက်စွာနဲ့ လှည့်ပြန်သွားတော့တယ်။ ဘယ်လောက်တောင်မြန်လဲဆိုရင် သူမရဲ့ အရိပ်ကိုတောင် မတွေ့ရတော့ဘူး။
“ကြည့်ရတာ အဒေါ်လီက သတ္တုမီးဝက်မွှေးတွေ မလိုချင်တော့ဘူးထင်တယ်။ ဝက်မှင်စုတ်တံလေး လုပ်ဖို့ တောင် မလိုချင်တော့ဘူးနဲ့တူတယ်။” ဖန်ကျန်းရှီက ဝက်မွှေးတွေကို ဆုပ်ကိုင်ရင်း ပြောလိုက်တော့တယ်။
...
GOG Pdf2 | 58
ညနက်သန်းခေါင်ယံချိန်မှာ နှင်းလို ဖြူလွလွ အရောင်အဆင်းနဲ့ ဓားလို ချွန်ထက်တဲ့ အစွယ်တွေနဲ့ သတ္တဝါဟာ တောင်ဘက်တောင်ရွာ တာအိုခန်းမကနေ ပျံတက် ပျောက်ကွယ်သွားတော့တယ်။ အလျင်ကတော့ အံ့မခန်းမြန်လွန်းတယ်။
သာယာတဲ့တစ်မနက် မြောက်ဘက်နတ်ဆိုးအိမ်တော်မှာတော့ တောက်ပစွာ အလှဆင်ထားတဲ့ အခန်းမှာ လိုလီတာက သူ့ကို ပေးပို့လာတဲ့ စာရွက်ကို ကြည့်နေပါတော့တယ်။
“ဒီအချက်အလက်တွေက ရှုပ်ထွေးလွန်းတယ်။ ရှစ်မျိုးနည်းလမ်းကို ပိုပြီး ဆန်းသစ်ထားတာပဲ။ ဒီကောင်စုတ်လေးက ဒါကို ဆွဲနိုင်တယ်ဆိုတော့ အရာအားလုံးဖြစ်တည်ပုံဖော်မှုကို ဖြေရှှုင်းတာ သူပဲ သေချာသွားပြီ။”
လိုလီတာ မျက်ဝန်းတွေဟာတော့ အရောင်တဖျပ်ဖျပ် လက်နေပါတော့တယ်။
“လာ”
“အမိန့်ရှိပါ သခင်မလေး။” စစ်သည်ဟာ ဒူးထောက်ရင်း ပြောလိုက်တော့တယ်။
“အပြင်သွားစရာရှိတယ် ။ ပြင်ဆင်ထား။”
“ကောင်းပါပြီ သခင်မလေး။ ဒါပေမယ့် အခုက သခင်ကြီး မြို့တော်ကို သွားနေတာကြောင့် သခင်ကြီးပြန်လာချိန်ထိ ဆယ်ရက်လောက်တော့ ဆိုင်းငံ့သင့်ပါတယ်။”
“ဆယ်ရက်။ ကောင်းပြီ။” လိုလီတာ က ခေါင်းငြိမ့်လိုက်တော့တယ်။ မိုးသောက်နေရောင်ခြည်ရဲ့ အလင်းဖြာမှုကိုကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းလေးတွေ တွန့်ကွေးတဲ့ထိ ပြုံးနေတော့တယ်။
“ဖန်ကျန်းရှီ ။ ကောင်စုတ်လေး နင်ဘယ်လောက်ထပ်ပြေးနိုင်မှာလဲ။
...
အပိုင်း(၃၅)ပြီး၏။
အပိုင်း (၃၇)
“ဓားငှားပြီး သတ်ဖြတ်ခြင်း။”
ဆယ်ရက်တာဟာ တစ်ခဏအတွင်းမှာပဲ ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။
ဒီရက်ပိုင်း အတောတွင်းမှာ ဖန်ကျန်းရှီဟာတော့ တောင်ရွာအမဲလိုက် အဖွဲ့နဲ့ အတူ ထောင်ချောက်တွေကို ပြင်ဆင်ရင်း သက်တောင့်သက်သာကုန်ဆုံးနေတော့တယ်။ တောင်ဘက်တောင်ရွာရဲ့ မျှော်လင့်ချက်ဟာလည်း သူ့အပေါ်မှာ အတော်လေးကို မြင့်မားလှတယ်။
အပေါ်စီးကနေ ကြည့်နေတဲ့ ဖန်ကျန်းရှီကတော့ ဘယ်တွင်းက ပိုနက်ရမယ်။ ဘယ်ကျောက်တုံးက ဘယ်လောက်မြင့်ရမယ်ဆိုတာကို ညွှန်ကြားပေးနေတယ်။ တခြားအချိန်တွေမှာတော့ သားကောင်လေး လိုက်ဖမ်းလိုက် စာအုပ်လေးဖတ်လိုက်နဲ့ အချိန်ကုန်နေတော့တယ်။
“တောင်များကို ကျွန်ုပ် ဖန်ဆင်းသည်။ သစ်ပင်များကို စိုက်ပျိုးပေးသည်။….. ဖြတ်သန်းရန် ဆန္ဒရှိလျှင် …… မိမိဘဝကို ပြောင်းလဲသင့်၏။”
သုတေသီပညာရှင်တွေပြောသလိုမျိုး ဖန်ကျန်း၇ှီက သူ့ဘဝကို နေထိုင်နေတာပဲလေ။ “ယုန်တွေ တွင်းတူးပြီး မနေနိုင်အောင် သစ်ပင်ကို စောင့်ကြပ်သင့်တယ်။”
ဒါပေမယ့် သူကတော့ သစ်ပင်ကို မစောင့်ပဲ မြေကြီးကို စောင့်နေရတာပေါ့လေ။
ရလဒ်ကတော့် အံ့မခန်းပါပဲ။ ဒီထောင်ချောက်တွေကြောင့် သူတို့ သားကောင်တော်တော်များများကို အားစိုက်ထုတ်ပြီး ဖမ်းစရာမလိုတော့ဘူးလေ။ တောင်ဘက်တောင်ရွာရဲ့ တိုးတက်အောင်မြင်က မြောက်ရွာကို ဘဝင်မကျဖြစ်စေတယ်.။ အထူးသဖြင့် ဖန်ကျန်းရှီ လုယက်တာကို ခံလိုက်ရပြီးနောက်မှာပေါ့။
အငိုက်ဖမ်းတိုက်ခိုက် အငိုက်ဖမ်းတိုက်ခိုက် အလစ်ဝင်တိုက်ရ…..
သုံးကြိမ်သုံးခါ တိုင်တိုင် ။
မြောက်ရွာ အမဲလိုက်အဖွဲ့ကတော့ သူတို့ရဲ့ အလစ်တိုက် နည်းဗျုဟာတွေကို နှစ်ယောက်တဖွဲ့ သုံးယောက်တဖွဲ့ အမျိုးမျိုး ကြိုးစား ပေမယ့် ….
ကျန်းယန်ဖိန် သူ့ဦးဏှောက်တွေ မီးလောင်ပြာကျမတတ်ကြိုးစားခဲ့ပေမယ့် အခုချိန်မှာတော့ …… သူ့ကိုယ်သူ အသုံးမကျတဲ့ ငတုံးတစ်ယောက်လိုမျိုးထင်မိနေပါတော့တယ်။
တောင်ဘက်တောင်ရွာရဲ့ ကျောက်တုံးနည်းဗျုဟာတွေကြောင့် မြေခွေးနက်တွေလိုမျိုး မှောင်ရိပ်ခိုပြီး နေရာအမျိုးမျိုး က တိုက်ခိုက်တာကို ခံရတာတောင်မှ ကောင်းကောင်းခုခံနိုင်တယ်။
သားကောင်တွေကို ဖမ်းနိုင်ရုံတင်မကဘူး သူတို့ရဲ့ လက်နက်တွေ လွှတွေနဲ့ သံသတ္တုပစ္စည်း အမျိုးမျိုးကိုပါ ရလိုက်တယ်။
လက်နက်တွေ မရှိတော့တဲ့ အတွက် မြောက်ရွာသားတွေအတွက် သားကောင်ရှာရတာ ပိုခက်လာတယ်။
သူတို့ရဲ့ ရှင်သန်မှုကလည်း ပိုပိုခက်ခဲလာတယ်။
တောင်ဘက်တောင်ရွာမှာ နေ့တိုင်း နှစ်သစ်ကူးသလို ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်ပျော်ပါးပြီး ဂုဏ်ပြုနေကြပေမယ့် မပျော်နိုင်တဲ့ သူတော့ရှိနေပါတယ်။
...
ညအချိန်ဟာတော့ ရေလို လေလို ငြိမ်သက်နေပါတယ်။
ဖန်ကျန်းရှီကတော့ သူ့ကိုယ်ထဲမှာ တိုးတက်ပြောင်းလဲလာတာတွေကို နေ့တိုင်း ကြုံတွေ့နေရတယ်။ သူ့ကိုယ်တစ်ခုလုံးက အသားလွှာတွေကို ကျစ်လစ် သေးငယ်သည်ထက် ကျစ်လစ်အောင် သေးငယ်အောင် ပိုပိုပြီး ထိန်းချုပ်နိုင်လာတယ်။
ဒါမှမဟုတ်
သူအရင်တည်းက တွေးနေခဲ့သလိုမျိုး အသားစိုင်တွေကို ထိန်းချုပ်နိုင်တာမဟုတ်ဘဲနဲ့ သွေးလည်ပတ်မှုကို ထိန်းချုပ်နိုင်တာလား။ သွေးလည်ပတ်မှုဖြစ်နိုင်မလား။
သူဒီနည်းလမ်းကို သူနားမလည်နိုင်ပေမယ့် ဒီ အသိပညာတွေကို သူကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ဖို့အတွက် အချိန်လိုအပ်သေးတယ်။ သူသာ ကောင်းမွန်တဲ့ အဆင့်တစ်ခု ရောက်လာရင်တော့ ဒီဖြစ်စဉ်တွေကို ကောင်းကောင်း နားလည်လာမှာပါ။
...
ဖန်ကျန်းရှီက သူ့အခန်းထဲမှာ စာဖတ်နေတဲ့အချိန် အိမ်နီးချင်းလီအိမ်မှာတော့ အဒေါ်လီကတော့ စိတ်ပျက်လက်ပျက် နဲ့ထိုင်နေပါတယ်။ သူ့ဘေးမှာတော့ လီကျွမ်းစီက မည်းမှောင်နေတဲ့ မျက်နှာထားနဲ့ ရှိနေပါတယ်။
“ ရှင်တစ်ခုခု စဉ်းစားပါအုန်းလား။ တာအိုခန်းမမှာ နေ့တိုင်း သင်ယူနေတာ ရှင်တို့ရွာသူကြီးကတော့ သူ့မျှော်လင့်ချက်တွေကို ဖန်ကျန်း၇ှီဆီကို ပြောင်းနေပြီဆိုတာ သိရဲ့လား။”
“ဒီကောင်စုတ်လေး ဆွဲထားတဲ့ အဖြစ်မရှိတဲ့ပုံတွေက ထောင်ချောက်တွေပဲလေ။ နည်းနည်းလေး ပို ရှုပ်ထွေးတာပဲရှိတာ။” အဒေါ်လီက ပွစိပွစိနဲ့ ပြောနေတော့တယ်။
“ဘာဖြစ်ဖြစ် ကိစ္စမရှိပါဘူး ဒါက ကောင်းတဲ့ ကိစ္စပဲလေ” လီကျွမ်းစီက ကုတင်ပေါ်မှာ ခြေထောက်ချိတ်ထိုင်ရင်း ပြောလိုက်တော့တယ်။
“ကောင်းတဲ့ အရာ ။ နတ်ဆိုးကျောင်းတော်က ပေးလိုက်တဲ့ လူသစ်တစ်ယောက် အခွင့်အရေးက ဖန်ကျန်းရှီ ဆီကနေ လုယူထားရတာ။ ဒီနေရာက အခုဆို ပြန်မပြောင်းနိုင်ဘူးလို့ ထင်နေတာလား။ ရွာသူကြီးက အခုတော့ မပြောင်းလဲသေးပင်မယ့် နောက် တစ်လ နောက်တစ်နှစ်ဆိုပြောင်းလဲသွားရင် ဘယ်လို လုပ်မလဲ။ ငါတို့ ဟူအာလေးကို လျစ်လျူရှုပြုရင် ဘယ်လိုလုပ်မလဲ။” အဒေါ်လီက စိတ်ရှုပ်ရှုပ်နဲ့ ပူညံပူညံလုပ်နေပါတယ်။
လီကျွမ်းစီကတော့ အတော်လေး အတွေးနက်သွားတယ်။ တာအိုခန်းမမှာ အချိန်အတော်ကြာ သင်ကြားခဲ့ပြီးနောက်မှာတော့ တာအိုနိယာမ စာမေးပွဲကို အောင်မြင်မှာသာ တော်ဝင်မျိုးနွယ်တွေ ရဲ့ အလေးထားတာကို ခံရမယ်ဆိုတာ သူသဘောပေါက်သွားခဲ့ပြီလေ။
ဒီတောင်ဘက်တောင်ရွာသေးသေးလေးက ဘယ်လောက်မြင့်မြင့် မြေတောင်မြှောက်ပေးနိုင်မှာ မို့လဲ။
ဒီနယ်မှာ ကျော်ကြားဖို့ မြို့တော်မှာ အောင်မြင်ဖို့ လီကျွမ်းစီ စဉ်းစားရင်း အစီအစဉ်ချနေကြတယ်။
“တာအို ခန်းမအတွက် အခွင့်အရေးကို အဆုံးရှုံးမခံနိုင်ဘူး။ လီဟူအာရဲ့ တိုးတက်မှုကလည်း ဒီ အချိန်အတောတွင်းမှာ အတော်လေးကို မြင့်လာပြီ။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် တာအို နိယာမ စာမေးပွဲကိုနောင်တစ်ချိန်မှာတော့ ဖြတ်ကျော်နိုင်တာ သေချာတယ်.။” နောက်တစ်ခန်းမှာ အိပ်နေတဲ့ လီဟူအာကို ကြည့်ရင်း လီကျွမ်းစီက တွေးနေမိတယ်။
“နင်ဘာတွေတွေးနေတာလဲ။ ဒီတောင်ဘက်တောင်ရွာမှာ ဖန်ကျန်းရှီရဲ့ နေရာက တဖြည်းဖြည်း မြင့်လာပြီ။ ဒီအချိန်မှာ မဆွဲချရင် နောက်ဆို အခွင့်အရေးရမှာ မဟုတ်တော့ဘူး။” အဒေါ်လီက စိတ်မရှည်စွာနဲ့ ပြောလိုက်တော့တယ်။
“ငါတွေးရသလောက်ဆိုရင်တော့ ဒီကလေးဖန်ကျန်းရှီက အတော်လေးကို ထက်မြက်ပြီးတော့ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်တယ်။ ငါတို့သာ သူ့ကို တိုက်ရိုက် ကြံစည်မယ်ဆိုရင် သိသာသွားလိမ့်မယ်။ ငါ့မှာ တခြားအကြံတစ်ခုရှိတယ်.။” လီကျွမ်းစီက ပြောလိုက်တော့တယ်။
“ဘာအကြံလည်း။” အဒေါ်လီက မေးလိုက်တော့တယ်။
“သူ့ကို ဓားငှားပြီး သတ်ရမယ်။”
“ဘာ” အဒေါ်လီက အော်လိုက်တော့တယ်။
“မအော်စမ်းနဲ့ ။ မင်း နှလုံးသားကို နူးညံ့ဖို့ မလိုဘူး။” လီကျွမ်းစီက တာအိုခန်းမမှာ သင်ယူခဲ့တာတွေ အတော်များနေပြီ လေ။ သူ့ရဲ့ တွေးခေါ်နိုင်စွမ်းကလည်း အတော်လေးကို တိုးတက်လာပြီလေ.။
“ငါကသူ့ကို တကယ်သတ်မှာ မဟုတ်ပါဘူး။ မြောက်ရွာ အမဲလိုက်အဖွဲ့က လူတွေဆီကို ဖန်ကျန်းရှီရောက်အောင် အပ်လိုက်မယ်။ သူဆွဲထားတဲ့ ထောင်ချောက်ပုံတွေကို တိတ်တိတ်လေး မြောက်ရွာ အဖွဲ့ဆီကို ပေးလိုက်မယ်။ ငါမျှော်လင့်တာက သူ့ကို သတ်ဖို့ ။ ဒါပေမယ့် မြောက်ရွာအမဲလိုက်အဖွဲ့က ဒီလို အဆင့်အတန်းမျိုးဖြစ်အောင်တော့ လုပ်မှာ မဟုတ်ဘူး။ နောက်ဆုံးမှာတော့ ရွာတစ်ရွာရွာက သူ့ကို ခြေ လက်တွေ ဖြတ်ပြစ်လိုက်မှာ အသေအချာပဲ။”
“ဒါဆို ရှင်ဆိုလိုတာက။” အဒေါ်လီ စိတ်ဝင်စားစ ပြုလာတော့တယ်။
“ ငါမျှော်လင့်တာက ဖန်ကျန်းရှီကို သူ့အဖေ ဖန်ဟို့ဒဲလိုမျိုး ဒုက္ခိတ ဖြစ်သွားစေဖို့ပဲ။ ဒါမှ ရွာသူကြီး သူ့အပေါ်မှာ မျှော်လင့်ချက် ထပ်မထားနိုင်တော့မှာ။ တာအို နိယာမ စာမေးပွဲက တာအို ခန်းမမှာ နာမည်ပါမှ ဖြေခွင့်ရမှာ ။ ငါ့အစီအစဉ်အတိုင်းသာ ဖြစ်သွားရင် အမဲလိုက်တာက လွဲပြီး တခြား လုပ်နိုင်မှာ မဟုတ်တော့ဘူး။”
...
ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ သူ့ရဲ့ နေ့စဉ်လုပ်ငန်းစဉ်တွေကို လုပ်နေကြအတိုင်း ခြင်းတောင်းကြီးကို လွယ်ပြီး တစ်ယောက်တည်း တောင်ပေါ်တက်တော့တယ်။
ကျောက်တုံးဝင်္ကပါရဲ့ အကူအညီရဲ့ ဒီတောင်ခြေက အရမ်းကို လုံခြုံနေပြီလေ။ ဒါ့အပြင်သူ့ ကိုယ်ခန္ဒာကလည်း တစ်စထက်တစ်စ ပိုပြီး သန်မာလာပြီလေ။ သူ့မှာ များများစားစား စိုးရိမ်စရာမရှိဘူး။
တောင်ပေါ်ကိုရောက်တဲ့အချိန်မှာတော့ သူသွားနေကျနေရာကို ပဲ တန်းတနးမတ်မတ်သွားတော့တယ်။ ထောင်ချေက်ထဲက ဆာလောင်နေတဲ့ သားကောင်တွေကို အစာကျွေးလိုက်တယ်။
အဲ့ဒီ့နောက်မှာတော့ နေရောင်ကာတဲ့ ကျောက်တုံးကြီး တစ်တုံးကို ရှာပြီး စာအုပ်ဖတ်တော့တယ်။
“တိုင်ခွန်း - သူခိုး ၆ယောက်”
ထိုက်တန်တဲ့ လျှို့ဝှက်သင်ကြားခြင်း နည်းလမ်း ၆ သွယ်ကို သူခိုး ၆ယောက် အန္တရာယ် ၇သွယ်အဖြစ် ပိုင်းခြားထားတယ်။
ဖန်ကျန်းရှီကတော့ စာအုပ်ကို ပိတ်လိုက်ပြီးတော့ မျက်နှာချင်းဆိုင်လိုက်တော့တယ်။ လက်နက်အပြည့်အစုံနဲ့ လူ အယောက် နှစ်ဆယ်ကျော် သူ့ဘေးမှာ ဝိုင်းထားတော့လည်း သူဘာလုပ်ရမယ်မှန်းတွေးမရဖြစ်နေတော့တယ်။ ဒီလူတွေကတော့ မြောက်ရွာအမဲလိုက်အဖွဲ့က လူတွေပါပဲ။
“ခေါင်းဆောင် ရဲ့ ထက်မြက်မှုက တကယ့်ကို တိကျလွန်းတယ်။ ဒီကောင်စုတ်လေးနောက်မှာ တောင်ရွာလူတွေ တစ်ယောက်မှ ပါမလာဘူး။”
အပိုင်း (၃၇)ပြီး၏။
အပိုင်း (၃၈)
“မီး”
“ကောင်းပြီလေ။ လူတိုင်း က မရှိမဖြစ် ပြင်ဆင်မှုတော့ လုပ်ရမယ်။ ငါတို့ သတိထားပြီးလုပ်ရမယ်။ ဒီကောင်စုတ်လေး ထွက်မပြေးနိုင်အောင် သေချာလုပ်ရမယ်။ ငါ သုံး အထိ ရေပြီးတာနဲ့ ဒီကောင်လေးရဲ့ လက်တွေကို ချိုးပြစ်လိုက် ဒါပေမယ့် အသက်ကို တော့ မထိခိုက်စေနဲ့။”
သူ့နောက်ကျောမှာ လွယ်ထားတဲ့ သစ်သားလေးကို ကြည့်လိုက်ပြီး အံကြိတ်လိုက်မိတယ်။ ရက်အနည်းငယ်တုန်းက သူ့ရဲ့ သတ္တုလေးကို တောင်ဘက်တောင်ရွာက လူတွေ ယူသွားခဲ့တယ်။ ဒါတွေအကုန် ဖန်ကျန်းရှီကြောင့်ပဲ။ သူ့ရဲ့ ဒေါသတွေကို ထပ်ပြီး မထိန်းနိုင်တော့ဘူး။
“နားလည်ပါပြီ။ ခေါင်းဆောင် မစိုးရိမ်ပါနဲ့ ။ ကျွန်တော်တို့ သေချာ သင့်လျော်အောင် ဆောင်ရွက်ပါမယ်။” လက်စားချေလိုနေကြတဲ့ မြောက်ရွာအမဲလိုက်အဖွဲ့သားတွေက ဒီအခြေအနေ အခွင့်အရေးကောင်းကို မဖျက်စီးမိအောင် ကြိုးစားလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြပြီဖြစ်တယ်။
“တစ်”
“နှစ်”
"..."
"အာဝူးးးးးးး!"
ကျန်းယန်ဖိန် နံပါတ် သုံး ကို မရေတွက်ခင် အချိန်မှာပဲ။ သားရဲကောင် အူသံကြီးဟာ ကန်လင်းတောင်တစ်ဝှမ်းကို ဖုံးလွှမ်းသွားတော့တယ်။
မြောက်ရွာအမဲလိုက်အဖွဲ့ဟာတော့ ဒီအခြေအနေကို ရင်ဆိုင်ဖို့ မတတ်စွမ်းနိုင်ကြဘူး။ ဒီ အူသံကြီးဟာ သူတို့အနားကို တဖြည်းဖြည်း ချဉ်းကပ်လာတော့တယ်။
“ဒါ……ဒါက…….” အမဲလိုက်အဖွဲ့ဝင်တွေဟာ ထိတ်လန့်ချောက်ခြားသွားတော့တယ်။
...
ဖန်ကျန်းရှီကတော့ အတော်လေးကို ပဟေဠိဖြစ်နေတော့တယ်။ ကန်လင်းတောင်မှာ သူနေတာ အတော်ကြာသွားပြီမို့ သားရဲအမျိုးမျိုးကို သူတွေ့ဖူးတယ်လေ။ အခုအသံကတော့ အတော်လေးကို ထူးဆန်းနေတယ်။ သာမာန် သားရဲ အသံနဲ့ မတူဘူး။
“အာဝူး”
သူတွေးနေချိန်မှာပဲ။ အမျိုးအမည်မသိ အရိပ်တစ်ခုက မီတာရာပေါင်းများစွာ အကွာကနေ ပြေးထွက်လာတာကို တွေ့လိုက်ရတော့တယ်။
...
“wtf ကြီးလိုက်တဲ့သားရဲကောင်ကြီး။ ” ဖန်ကျန်းရှီကတော့ ရှော့ခ် ရသွားတော့တယ်။ သူ့ရှေ့က သားရဲကောင်ကြီးက တကယ့်ကို ကြီးမားလွန်းတယ်။ သတ္တုမီးဝက်ထက်တောင် နှစ်ဆကြီးတယ်။
ပင်လယ်ပြာရောင် အမွှေးပြာပြာတွေက အပ်တွေလိုမျိုးချွန်ထက်နေကြတော့တယ်။ ခြေသည်း လက်သည်းတွေကတော့ သတ္တုမီးဝက်ရဲ့ အစွယ်တွေတက် ပိုချွန်မြနေတယ်။ တောထဲက လေထုဟာတော့ အန္တရာယ် အငွေ့အသက်တွေ နဲ့ ပြည့်နှက်ကာ ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာစေပါတော့တယ်။
ပိုပြီးထူးခြားတာကတော့ ဒီသားရဲကောင်ကြီးရဲ့ နဖူးထက်မှာ မီးတောက်ပုံစံ အမွှေးနီတွေ ရှိနေတယ်။ အဲ့ဒီ့အမွှေးနီတွေက အစင်းကြောင်းလိုက် နဖူးကနေ အမြီးထိ ရှိနေတော့တယ်။
“မီး မီးမြေခွေးပြာ။”
“ခေါင်းဆောင်။ မီးမြေခွေးပြာ ရောက်လာပြီ။”
မြောက်ရွာအမဲလိုက်သမားတွေကတော့ ကြောက်လန့်တကြားအော်ဟစ်ရင်း သူတို့ရဲ့ လက်နက်တွေကို မြေပြင်ပေါ် ပြစ်ချမိမတတ်ပါပဲ။
ကျန်းယန်ဖိန်ကတော့ အသားတွေပါ တဆတ်ဆတ် တုန်နေတော့တယ်။
မီးမြေခွေးပြာ။ ကန်လင်းတောင်ခြေရဲ့ သားရဲ ဘုရင်ဆိုး။
ဒီကောင်ကြီးက သားရဲကောင်လို့ ခေါ်ဝေါ်တာထက် မိစ္ဆာတစ်ကောင်လို့သတ်မှတ်တာ ပိုပြီးမှန်လိမ့်မယ်။
“ခေါင်းဆောင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ။” ခြေထောက်တွေတောင် တုန်နေတဲ့ အမဲလိုက်မုဆိုး တစ်ယောက်ကမေးလိုက်တယ်။ ဒီမီးမြေခွေးပြာ မိစ္ဆာကောင်နဲ့ ရင်ဆိုင်ရပြီဆိုရင် နည်းလမ်းတစ်ခုပဲရှိတယ်။ ပြေးနိုင်သလောက် ပြေးဖို့ပဲ။
မီးမြေခွေးပြာက သန်မာလွန်းတယ်။ သူတို့ မြောက်ရွာ အမဲလိုက်အဖွဲ့ကို နောက်ထပ် လူတွေ ထပ်ပေါင်းထည့်ရင်တောင် နိုင်နိုင်မှာ မဟုတ်ဘူး။ လူနှစ်ဆယ်အင်အားနဲ့ဆိုရင် ဘယ်လိုမှတောင် နိုင်နိုင်မှာ မဟုတ်ဘူး။
မြားနဲ့ပစ်ရင်….
ငါစိုးရိမ်တာက မင်း လေးကြိုးကို မဆွဲခင်မှာပဲ မီးမြေခွေးပြာက မင်းအရှေ့ကို ရောက်လာပြီး မင်းကို ဆွဲဖြဲပစ်မှာကိုပဲ။
မင်းရဲ့မြားက မီးမြေခွေးပြာကို ပစ်လိုက်နိုင်ရင်တောင် သူ့ကို ဒဏ်ရာရစေမှာ မဟုတ်ဘူး။ မီးမြေခွေးပြာရဲ့ အမွှေးက ထူထဲလွန်းပြီး မင်း ဓားနဲ့ခုတ်ရင်တောင် ဓားကျိုးမယ်။ မြားနဲ့ပစ်ရင် မြားကျိုးမယ်။
“ပြေး” ကျန်းယန်ဖိန်က မတွေဝေပဲ အမိန့်ပေးလိုက်တော့တယ်။
“ဟိုကလေးကိုကော ဘယ်လို လုပ်မလဲ။”
“သူ့ကို ထားခဲ့လိုက်တော့ မြန်မြန်ပြေး။”
...
ဖန်ကျန်းရှီက ပြေးဖို့ ပြင်ဆင်လိုက်တော့တယ်။ သူရဲ့ ခြင်းတောင်းကြီးနဲ့ တခြားအရာတွေကို အကုန်ပစ်ချလိုက်ပြီးတော့ပေါ့။ သူ့ရှေ့က အကောင်ကြီးက အရမ်းကို ကြောက်ဖို့ကောင်းလွန်းတယ်။ ဒါကြီ်းက ဘာလဲဆိုတာ သူအတိအကျ မသိတာတောင်မှ သူ့အရင်ဘဝတုန်းက တွေ့ခဲ့ဖူးတဲ့ ခြင်္သေ့ကြီးတွေထက်တောင် ပိုကြီးမားတဲ့ ဒီသားရဲကောင်ကြီးက အတော်လေးကို ချောက်ခြားစရာပဲ။
ဒီတောင်ပေါ်ကို သူဒီနေ့ တက်လာရတာ တိရစ္ဆာန်တွေကို အစာကျွေးဖို့ပဲ ဒါကြောင့် သူ့မှာ ဘာလက်နက်မှလဲ ပါမလာဘူး။
တကောင်ချင်း လက်ဗလာနဲ့ ချဖို့လား။
ဖန်ကျန်းရှီက အရူးမှ မဟုတ်တာ။
ဒါပေမယ့် သူပြေးဖို့ လှည့်လိုက်တဲ့ စက္ကန့်ပိုင်းလေးမှာပဲ …..
မီးမြေခွေးပြာကြီးက လည်း လှုပ်ရှားတော့တယ်။ သွေးဆာရက်စက်လွန်းတဲ့ အငွေ့အသက်တွေက မျက်လုံးပြာတွေထဲကနေ အလျှံတညီးညီး ထွက်ပေါ်နေတယ်။ သူ့ရဲ့ ကိုယ်ဟာ ဖန်ကျန်းရှီဆီကို ဦးတည်ပြီး လျှပ်စီးကြောင်းတစ်ခုလို ရွေ့လျားလာတော့တယ်။
“အငိုက်ဖမ်းခြင်း”
သစ်ကိုင်းခြောက်တွေကြေမွသွားတဲ့ အသံဟာ ပေါ်ထွက်လာပြီးတော့ သွေးဆာနေတဲ့ မီးမြေခွေးပြာကြီး မြင်ကွင်းပေါ်ကနေ ရုတ်တရက် ပျောက်သွားတော့တယ်။
“ဟင် ” ဖန်ကျန်းရှီက ပြေးနေတာကို ရပ်လိုက်တော့တယ်။ သူ့ပတ်ပတ်လည်မှာ ထောင်ချောက်တွေ အပြည့်ပဲလေ။
ဘယ်လို သားရဲကောင်မျိုးဖြစ်ပါစေ ခြေလှမ်းမှားတာနဲ့ ထောင်ချောက်ထဲကို ကျမှာပဲလေ။
...
“ခေါင်းဆောင် ကြည့်ပါအုန်း။ မီးမြေခွေးပြာ ထောင်ချောက်ထဲကို ရောက်သွားပြီ။ ” ပြေးဖို့ ပြင်နေတဲ့ မြောက်ရွာ အမဲလိုက် အဖွဲ့ကတော့ အံ့သြသွားတော့တယ်။
“ထောင်ချောက်ထဲ ပြုတ်ကျတယ်” ကျန်းယန်ဖိန်လည်း သတိပြန်ဝင်လာတော့ယ်။ ကောင်စုတ်လေး ဖန်ကျန်းရှီက ဒီနေရာပတ်ပတ်လည်မှာ ထောင်ချောက်မျိုးစုံ ဆင်ထားတာ မီးမြေခွေးပြာလို သားရဲကြီးမျိုးကတော့ တော်ရုံထောင်ချောက်ဆို ပြုတ်ကျဖို့ လွယ်မှာ မဟုတ်ပေမယ့်။
အခုချိန်မှာတော့။
“ဒီကောင်ကြီး တကယ်ပဲ ထောင်ချောက်ထဲ ပြုတ်ကျသွားပြီ။ ဒီနားမှာ မြန်မြန်လာကြည့်ကျ” အမဲလိုက်သမားတစ်ဦးက အော်လိုက်တော့တယ်။
“ဒီကလေးရဲ့ထောင်ချောက်တွေက တကယ့်ကို အံ့သြစရာပဲ။ မီးမြေခွေးပြာကို တောင် လှည့်စားနိုင်တယ်။” ကျန်းယန်ဖိန်ကတော့ သူ့မျက်လုံးကို မယုံနိုင်တဲ့ အတွက် ပွတ်သပ်ပြီးသေချာ ကြည့်နေပါတော့တယ်။
“ခေါင်းဆောင် ဟို ကလေး ထွက်ပြေးပြီ။”
“ခေါင်းဆောင် မီးမြေခွေးပြာက တကယ့်ကို ထောင်ချောက်ထဲမှာပဲ ဒီကောင်ကြီးက ငွေသားတော်တော်တန်တယ်။ သူ့သားရေဆိုရင် ရွှေနဲ့တောင် ချိန်ဆရတယ်ကြားဖူးတယ်.။”
မြောက်ရွာ အမဲလိုက်အဖွဲ့သားတွေကတော့ တက်ကြွလာကြတော့တယ်။ မီးမြေခွေးပြာကို အသည်းတုန်အောင် ကြောက်ကျပေမယ့်လည်း။ ဒီလို သွေးဆာနေတဲ့ သားရဲကောင်မျိုးက နှစ်ပေါင်းများစွာ အမဲလိုက်လာတဲ့ သက်တမ်း အတွင်း အထူးအဆန်းမှ မဟုတ်တော့တာ။
နောက်ပြီး အခု မီးမြေခွေးပြာက ထောင်ချောက်ထဲရောက်နေတာလေ။ ဒီ့ထက်ကောင်းတဲ့ အခွင့်အရေးရှိနိုင်အုန်းမလား။The
မီးမြေခွေးပြာက တန်ဖိုးကြီးတယ်။ ကန်လင်းတောင်ခြေမှာရှိတဲ့ သားရဲတွေထဲ အန္တရာယ် အများဆုံးဖြစ်သလို တန်ဖို့ အမြင့်ဆုံးလည်းဖြစ်တယ်။
“ဖမ်းဖို့ပြင်ကြ။ ဒီရက်ပိုင်း အတွင်း ငါတို့ရဲ့ ရှုံးနိမ့်မှုကို အဖတ်ဆယ်နိုင်တော့မယ်။” ကျန်းယန်ဖိန်က ဒီအချိန်အတောတွင်းမှာပဲ အံကြိတ်ပြီး အမိန့်ချလိုက်တော့တယ်။
“အဖွဲ့သားတို့ စုစည်းကြ” မြောက်ရွာ အမဲလိုက်သမားတွေက တစ်ယောက်ကို တစ်ယောက်အော်ဟစ်နေကြတော့တယ်။
သူတို့ရဲ့ လေးမြားတွေကို ပြင်ဆင်ပြီး မီးမြေခွေးပြာကို သတ်ဖို့ ပြင်လိုက်ကြတော့တယ်။
...
ဒီအချိန်မှာတော့ ဖန်ကျန်းရှီက မီးမြေခွေးပြာကျနေတဲ့ ထောင်ချောက်ဆီကို ဖြည်းဖြည်းချင်းလျှောက်လာတော့တယ်။ ရုတ်ချည်း လက်နက် အပြည့်အစုံတွေနဲ့ လူတချို့ဟာ ချုံပုတ်တွေနောက်ကနေ ပေါ်လာတော့တယ်။
“ငါ့ ရဲ့သားကောင်ကို လုချင်နေတာလား။ ဒီနေရာက ထောင်ချောက်အပြည့်ပဲ။” ဖန်ကျန်းရှီက ဒီလူတွေက မြောက်ရွာအမဲလိုက်အဖွဲ့က သူတွေဆိုတာ သိလိုက်တယ်။
ဒါပေမယ့် သူ မစိုးရိမ်ပါဘူး။ သူလုပ်ထားတဲ့ ထောင်ချောက်တွေကို သူယုံကြည်တယ်လေ။
အမှန်တရားကတော့ ရက်စက်တယ်။
တစ်ခုခုလွဲနေတာကို သူ သတိထားမိသွားတော့တယ်။ သူ့ထောင်ချောက်တွေ ဒီလောက်များတာ မြောက်ရွာ အမဲလိုက်အဖွဲ့သားတွေက သူ့ထောင်ချောက်ထဲကို တစ်ယောက်မှ မပြုတ်ကျ ကြတာပဲ။ ထောင်ချောက်တွေကို ပညာသားပါပါနဲ့ ရှောင်ကွင်းသွားကြတယ်။
ဒါ ဒါက မဖြစ်နိုင်တာပဲ။
ဖန်ကျန်းရှီ အတော်လေးတော့ အံ့သြသွားတော့တယ်။
ဒီအချိန်လေးမှာပဲ ပိုပြီး မဖြစ်နိုင်တဲ့ အရာတစ်ခု ပေါ်လာတော့တယ်။
“အားဝူး”
အူသံကြီးတစ်ခုနဲ့ အတူ ထောင်ချောက်ထဲက မီးမြေခွေးပြာက ရုတ်တရက် ခုန်တက်လာတော့တယ်။
လူနှစ်ဆယ်ကျော်ရှိတဲ့ မြောက်ရွာ အမဲလိုက်အဖွဲ့ကလည်း ထိတ်လန့်သွားတော့တယ်။
သူတို့ရဲ့ အကြောက်ရဆုံးသော သားရဲကောင်ကြီးကြောင့် သူတို့ရဲ့ မျက်နှာတွေဟာ ဖြူဖျော့သွားတော့တယ်။ ဒီ မျက်လုံးပြာပြာတွေက ထိတ်လန့်ဖွယ် ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေတယ်။
မီးတောက်တွေ…..
“မီးမြေခွေးပြာ ခုန်ထွက်လာပြီ ပြေးကြ”
“ပြေးတော့”
တစ်ခဏတာ ထိတ်လန့်ပြီးတဲ့နောက် မြောက်ရွာ အမဲလိုက်အဖွဲ့က ချက်ချင်းဆို ဖနောင့်နဲ့တင်ပါး တစ်သားထဲကျအောင်ပြေးတော့တယ်။
“မီးမြေခွေးပြာလား။ ဒါက မီးမြေခွေးပြာလည်း ပြောသေးတယ်။ ဘာလို့ မီးမတွေ့ရတာလည်း။” မြောက်ရွာ အမဲလိုက်အဖွဲ့ရဲ့ အော်သံကို ကြားပြီးနောက်မှာတော့ ဖန်ကျန်းရှီက တွေးလိုက်မိတယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီ ရုတ်တရက် အသိဝင်လာချိန်မှာတော့
“Wtf မီးမြေခွေးပြာကြီးဟ”
သူ့ရဲ့ ခြေထောက်တိုတိုလေးတွေကတော့ ဘီးလုံးတွေ လည်နေသလို မွတ်နေအောင်ပြေးပါတော့တယ်။ သို့ပေမယ့် မီးမြေခွေးပြာကတော့ သူ့ထက်ပိုမြန်နေခဲ့တယ်။ ရုတ်ချည်းဆိုသလို ဖန်ကျန်းရှီပြေးတဲ့လမ်း ပိတ်ခံလိုက်ရတော့တယ်။
ပိုပြီးအရေးကြီးတာကတော့
ဒီအချိန်မှာ ဖန်ကျန်းရှီ မီးကို မြင်လိုက်ရတာပဲ။
မီးမြေခွေးပြာရဲ့ သူ့ရှေ့ကို ခုန်လွှားလာချိန်မှာ ချွန်ထက်လှတဲ့ လက်သည်း စွယ်တွေ ကြားထဲကနေ မီးလုံးကြီးတစ်လုံးပေါ်လာတာကို မြင်လိုက်ရတယ်။
တကယ့်ကို မီးစစ်စစ်ပဲ။
အပိုင်း (၃၈)ပြီး၏။
အပိုင်း (၃၉)
“မီးမြေခွေးပြာဟု အမည်တွင်သော။”
ဖန်ကျန်းရှီကတော့ ဒီကမ္ဘာမှာ သူ့အသိပညာတွေကို ပြောင်းပြန်လှန်ပစ်လိုက်ရတော့တယ်။ လေထုထဲမှာ မီးတောက်နိုင်တာလား။ တကယ့်ကို ထူးဆန်းလွန်းတယ်။
လေဟုန်ကို ခွင်းပြီးတော့မီးဘောလုံးထွက်လာတာ။
ပြီးတော့ လေထဲမှာ ပြန်ပျောက်သွားတယ်။ စိတ်ကူးယဉ် ဝတ္ထုတွေထဲက အတိုင်းပဲ။
ဒါက အရာအားလုံးဖြစ်တည်မှုတာအိုလား။
မဖြစ်နိုင်းပါဘူး။ မီးမြေခွေးပြာက စာမှမဖတ်တတ်တာ တာအိုဆရာသခင်ဘယ်လို ဖြစ်နိုင်မှာလဲ။
ဖန်ကျန်းရှီကတော့ သူတွေးထားတာနဲ့ လုံးဝမတူတဲ့ ကမ္ဘာတစ်ခုကို ရောက်နေတယ်ဆိုတာ အခုတော့ လက်ခံလိုက်ရတော့တယ်။ ဒီကမ္ဘာကို နဲ့ ရင်းနှီးပြီလို့ သူ့ကိုယ်သူတွေးလိုက်ခါမှ အခုမှ တံခါးဝင်ပေါက်ကိုပဲ ရောက်သေးတယ်ဆိုတာ လက်ခံလိုက်ရတော့တယ်။
အကုန်လုံးကို နားမလည်နိုင်သေးဘူး။
တစ်ခဏတာ တွေဝေပြီးနောက်မှာတော့ သူတွေးမိသွားတာက “ငါအခု မြန်မြန်ပြေးသင့်တယ်။”
“အာဝူး” အကြံကတော့ ဟုတ်ပြီ လက်တွေ့ကတော့ ခက်ခဲတယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ မလှည့်ရသေးခင် အချိန်မှာပဲ မီးမြေခွေးပြာက သူ့ဆီကို တန်းတန်းမတ်မတ်ပြေးလာတော့တယ်။ ခုန်လွှားလိုက်ချိန်မှာတော့ ချွန်ထက်တဲ့ လက်သည်းစွယ်ကြားမှာ မီးဘောလုံးဖြစ်လာပြန်တယ်။ ညအမှောင်ထုမှာ တောက်ပတဲ့ မီးရှူးမီးပန်း တွေလိုပေါ့။
ကျန်းယန်ဖိန်နဲ့ မြောက်ရွာ အမဲလိုက်အဖွဲ့သားတွေက ဖန်ကျန်းရှီအပေါ် အငြိုးရှိကြပေမယ့်လည်း ဒီလိုမျိုး မီးမြေခွေးပြာတိုက်ခိုက်ခံရတော့မှာကိုတော့ သနားကြတယ်။
“ဒီကလေးက တကယ့်ကို သနားစရာပဲ။” ကျန်းယန်ဖိန်က ပြေးနေရင်းနဲ့ပြောလိုက်တော့တယ်။ သူက မီးမြေခွေးပြာနဲ့ မတွေ့အောင်ကို အသက်လုပြီးပြေးနေရတာ ဒီကလေးကို ကယ်မယ်ဆိုရင်တောင် မီးမြေခွေးပြာရဲ့ အရှိန်မျိုးနဲ့ဆိုရင်ဘယ်လိုမှကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ မြောက်ရွာအမဲလိုက် သမားတွေက ကယ်ချင်ကြပေမယ့်လည်း သူတို့ကိုယ်တိုင်တောင် ကိုယ့်ကိုကိုယ် ကယ်နိုင်မလားဆိုတာ မသေချာဘူး။
ဖန်ကျန်းရှီကတော့ မလှုပ်မယှက် ရပ်နေတော့တယ်။
မီးမြေခွေးပြာနဲ့ မျက်နှာချင်းဆိုင်ရတာ သေခြင်းတရားနဲ့ လက်တစ်ကမ်းအကွာမှာ လိုပဲ ခံစားရတယ်။
မီးမြေခွေးပြာကတော့ သိပ်ကို စိတ်ကျေနပ်နေဟန်ပဲ။ သူ့မျက်လုံးတွေထဲမှာ အရသာရှိပြီး နူးညံ့လှတဲ့ အစာကို စားရတော့မှာဖြစ်တဲ့ အတွက် ပျော်ရွှင်နေတဲ့ အရိပ်အယောင်တွေ အထင်းသားပေါ်နေတော့တယ်။ ဒါ့အပြင် မြောက်ရွာအမဲလိုက်အဖွဲ့ရဲ့ လျစ်လျုရှုတဲ့ အကြောင်းရင်းကတော့ ဒီကလေးရဲ့ ထောင်ချောက်တွေကို ဆင်ထားနိုင်တဲ့ ဉာဏ်ရည်ကြောင့်လည်းပါတယ်။
ကန်လင်းတောင်ခြေရဲ့ သားရဲဘုရင်။
ဖန်ကျန်းရှီရဲ့ ကြောက်ရွံ့မှုကို ခံစားမိသွားတဲ့ပုံစံနဲ့ သူ့အစာလေးရဲ့ အရသာကို ခံကြည့်ဖို့ ပါးစပ်ဟလိုက်တော့တယ်။
“ဘန်း”
မီးမြေခွေးပြာရဲ့ ခြေထောက်တစ်ဖက်က မြေကြီးပေါ်ကို အရင်ရောက်လာတော့တယ်။ အရှိန်ပြင်းပြင်းနဲ့ ခုန်လွှားရာက ဆင်းလာပေမယ့် အရိုးကျိုးသံကို အလျင်းမကြားရ။
သူ့ရှေ့က အရသာရှိလှတဲ့ အစာတုံးလေးကိုပဲ ကျေနပ်ပီတိဖြစ်တဲ့ မျက်လုံးကြီးတွေနဲ့ ကြည့်နေတော့တယ်။
….
ဖန်ကျန်းရှီကတော့ မီးမြေခွေးပြာနဲ့ ဘယ်လောက်တောင်နီးကပ်နေသလဲဆိုရင် အသက်ရှူဖို့နေရာလပ်တောင် မရှိတဲ့အထိပဲ။
ဒီအချိန်မှာတော့ သူ့ကိုယ်သူ လုံးဝကို မထိန်းချုပ်နိုင်တော့ဘူး။ လေ့လာထားခဲ့သမျှ နည်းပညာတွေလည်း ခေါင်းထဲကကို ထွက်မလာတော့ဘူး။
ဒါပေမယ့် မီးမြေခွေးပြာ မြေကြီးပေါ်ကို ကျလာတဲ့ အချိန်မှာ မြေပြင်တုန်ခါမှုကြောင့် သူ နှစ်ပတ်သုံးပတ်လောက် လိမ့်သွားခဲ့တယ်။ အခုချိန်မှာတော့ မီးမြေခွေးပြာရဲ့ ချွန်ထက်ထက် ခြေသည်းတွေက သူ့ကို အသားလွှာတွေ ပေါက်ပြဲကုန်တဲ့ အထိ အမဲဖျက်ဖို့ အဆင်သင့် ဖြစ်နေပြီ။
သူ့ရဲ့ ခြေထောက်တိုတိုလေးတွေနဲ့ လက်သီးတစ်ဆုပ်စာလောက်ပဲဝေးတော့တယ်။
သေခြင်း။
ဒီတစ်ခါတော့ ငါတကယ်ပဲ သေရတော့မှာလား။
ပထမဆုံးအကြိမ်အဖြစ် သေခြင်းတရားကို ကြောက်ရွံ့မှုတွေက သူ့ကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့တယ်။ စကားပုံတွေ ပြောသလိုပဲ။ ကြောက်လန့်နေတဲ့ ခွေးတစ်ကောင်ဟာ အုတ်တံတိုင်းကိုတောင် ခုန်ကျော်နိုင်တယ်။ လူတစ်ယောက်ကို အထီးကျန်ရင် သတ်ဖြတ်မှုတွေ လွယ်ကူနိုင်တယ်။
သူ့ပင်ကိုယ်သိစိတ်ကနေ ဒီသားရဲကောင်ကြီးကို ဝေးဝေးရောက်သွားအောင် ကန်ထုတ်ဖို့ လှုံ့ဆော်နေတယ်။
ခြေတံတိုတိုလေး နှစ်ချောင်းက စက်တပ်ထားသလိုမျိုး အရှိန်နဲ့ လေပွေလှိုင်းတစ်ခုဖြစ်ပေါ်လာတဲ့အထိ ကန်တော့တယ်။
“အားးးး။ သွား သွားစမ်း။ ငါ့ အနားမလာနဲ့”
သူ့ရဲ့ ရှိသမျှ အင်အားတွေကို အစွမ်းကုန်သုံးပြီးတော့ ဖန်ကျန်းရှီ မီးမြေခွေးပြာရဲ့ ခေါင်းနဲ့ ခြေထောက်တွေကို ကန်နေတော့တယ်။
ပျော်ရွှင်နေတဲ့ မီးမြေခွေးပြာကတော့ သူ့ရဲ့ စားစရာလေးကိုသာ ကြည့်ရင်းရွှင်မြူးနေချိန်မှာ ပဲ သူ့ကို ဦးတည်လာတဲ့ စားစရာလေးရဲ့ ကန်ချက်တွေ နှာခေါင်းနဲ့ မျက်လုံးတွေပေါ်ကို ကျရောက်လာတာကို ခံစားလိုက်ရတယ်။
ဒါပေမယ့် စိုးရိမ်စရာမလိုပါဘူး။
ဒီသေးသေးလေးက ဘယ်လောက် သန်မာ မှာ မို့လဲ။ လူသားကလေးတစ်ယောက်ရဲ့ သေငယ်ဇောနဲက လုပ်မိလုပ်ရာ ကန်ချက်တွေပဲမလား။ မှုစရာမရှိ။
အားပျော့တဲ့ ကန်ချက်လေးတွေလောက်နဲ့တော့ ဘာကို ဂရုစိုက်ရမှာလဲ။ မီးမြေခွေးပြာရဲ့ စိတ်ထဲမှာတော့ အေးစက်စွာ လှောင်ရယ်နေတော့တယ်။ သူ့ရဲ့ ပါးစပ်ကျယ်ကြီးကို ဖွင့်ဟလိုက်ရင်း ဖန်ကျန်းရှီရဲ့ ခြေထောက်ကို ဟပ်လိုက်တော့တယ်။
အဲ့ဒီ့နောက်
အလွန်တရာပြင်းထန်လာတဲ့ အင်အားတွေဟာ မီးမြေခွေးပြာဆီကို ကျရောက်လာတော့တယ်။
“ဂါးး… ဂါးးး….ဂါးးးး…..”
ဒီစားစရာလေးရဲ့ ကန်ချက်တွေက ကြောက်စရာကောင်းတဲ့ အင်အားတွေပါနေလိုက်တာ။ ကန်ချက်တိုင်းက တူအကြီးကြီးနဲ့ ထုခံနေရသလိုပဲ နာကျင်လိုက်တာ။
“အာဝူး”
မီးမြေခွေးပြာရဲ့ ခေါင်းကနေ သွေးတွေစီးကျလာပြီးတော့ နာနာကျင်ကျင် အူသံကြီးကလည်း ထွက်ပေါ်လာတော့တယ်။ သူ့ရဲ့ ကိုယ်ကြီးကတော့ အပေါ်ကို မြောက်တက်သွားပြီး မြေကြီးပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ကျလာကာ အသံကျယ်ကြီးတစ်သံထွက်လာတော့တယ်။
ဒီလိုတွေဖြစ်ပျက်သွားတဲ့ ဖန်ကျန်းရှီရဲ့ အဆက်မပြတ် ကန်ချက်တွေကြောင့် မီးမြေခွေးပြာ လွှင့်စင်သွားတာကတော့ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပဲဖြစ်ပါတယ်။
ကျန်းယန်ဖိန်နဲ့ မြောက်ရွာအမဲလိုက်အဖွဲ့သားတွေကတော့ ဒီအခြေအနေကိုမြင်ချိန်မှာတော့ လုံးဝကို ထိတ်လန့်သွားကြတော့တယ်။
ဖန်ကျန်းရှီရဲ့ ကန်ချက်ကြောင့် ဒီမီးမြေခွေးပြာကြီး ကောင်းကင်ကို လွှင့်စင်သွားပြီးတော့မှ ပြန်ကျလာတာကို သူတို့ ကောင်းကောင်းကို တွေ့လိုက်ရတယ်လေ.။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”
“ဒီအပေါ်ကို မြောက်တက်လာတာက မီးမြေခွေးပြာကြီးဆိုတာ သေချာပါတယ်။”
“ ကန်ချက်တစ်ချက်ကြောင့် မိုးပျံသွားတာပဲ။” ကျန်းယန်ဖိန်နဲ့တခြားအဖွဲ့သားတွေကတော့ ဖန်ကျန်းရှီအစားမခံလိုက်ရတဲ့ ဒီလိုအခြေအနေကို လုံးဝကို နားမလည်နိုင်ကြဘူး။
“ခေါင်းဆောင် ခေါင်းဆောင် ကြည့်ပါအုန်း ။ မီးမြေခွေးပြာကြီး နှာခေါင်းမှာ။”
“သွေးတွေ ထွက်နေတယ်။ မီးမြေခွေးပြာကြီး ဒဏ်ရာရသွားပြီ”
အတွေ့အကြုံရင့်တဲ့ အမဲလိုက်သမားတွေကတော့ မီးမြေခွေးပြာကြီးရဲ့ နှာခေါင်းမှာသာ မဟုတ်ပဲ ။ ပါစပ်နားတစ်ဝိုက်မှာပါ ပွန်းပဲ့ရာတွေရှိနေတာကို တွေ့လိုက်ရတော့တယ်။
……
“အာဝူးးး”
မီးမြေခွေးပြာကြီးက သူ့ခေါင်းကို မော့လိုက်ပြီးတော့ ကြောက်မက်ဖွယ်အူသံကြီးကို ပြုလိုကတော့တယ်။ ဒီအသံကြီးဟာ ချောက်ချားသွေးပျက်ဖွယ် ခံစားမှုကြီးကို ဖြစ်ပေါ်စေတယ်။
ဒီကောင်ကြီးနာမည်ဟာ မီးမြေခွေးပြာလို့ ခေါ်တွင်တယ်။
သင်းကွဲ ဝံပုလွေ။ ကန်လင်းတောင်ခြေမှာ စိုးမိုးနေတဲ့ သားရဲဘုရင်။
ဘယ်နေရာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကြုံတွေ့တဲ့ လူ တိရစ္ဆာန်မဟူ ပြေးဖို့ကိုသာ တွေးတောစေနိုင်သူ။ လွန်ခဲ့တဲ့ နှစ်များစွာထဲက ဒီဝံပုလွေကြီးကို ဒဏ်ရာ ရစေနိုင်သူ မရှိသေးဘူး။
အပိုင်း(၃၉)ပြီး၏။
အပိုင်း (၄၀)
“လျင်မြန်မှု အရှိန်”
ဖန်ကျန်းရှီရဲ့ ရူးသွပ်မတတ် ကန်ချက်တွေ ရပ်တန့်သွားချိန်မှာတော့ သူ့နဖူးထက်များ မိုးရေရွှဲစိုသလိုမျိုး ချွေးတွေ ရွှဲနစ်နေပါတော့တယ်။
တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှတယ်။ လွတ်လမ်းကလည်း ကျဥ်းလွန်းလှတယ်။ ဘယ်သူကမှ ဒီအချိန် သူခံစားနေရတာကို နားလည်ပေးနိုင်ကြမှာမဟုတ်ဘူး။
ကြောက်စရာကောင်းလွန်းတယ်။
သူ့ရဲ့ ခြေတံတိုတိုလေးတွေ မီးမြေခွေးပြာ ခေါင်းကို ဖြတ်ကန်လိုက်ချိန်မှာတော့ သတ္တုပြားကို ကန်ရသလိုမျိုးနာကျင်ရတယ်။
သူ့ကိုယ်သူ သေမင်းတံခါးဝဆီခြေလှမ်းနေရပြီတောင် ထင်နေခဲ့တာ။ သူ့ရဲ့ တစ်ကိုယ်လုံးကတော့ ချွေးတွေ စီးကျနေပြီး စိတ်လွတ်သွားတဲ့အချိန်မှာ သူ့လှုပ်ရှားမှုတွေကို လုံး၀ မထိန်းချုပ်နိုင်တော့ဘူး။ သူ့နှလုံးသားထဲမှာတော့ စကားလုံးသုံးလုံး ဖြစ်ပေါ်လာတယ်။
အရာအားလုံး ဖြစ်နိုင်တယ်။
အဲ့ဒီ့နောက်မှာတော့ ရလဒ်တွေက အတော်လေးကို ကွာခြားသွားတော့တယ်။ မီးမြေခွေးပြာကို ကန်လိုက်ချိန်မှာပဲ။ သူ့စွမ်းအားတွေ အများကြီးတိုးလာတာကို ခံစားလိုက်ရတယ်။
အဲ့ဒါက ပေါက်ကွဲနေသလိုပဲ။
ခနနေပါအုန်း။ အခု သူ့ကြည့်ရတာ။
ထိန်းချုပ်နိုင်ပြီ။
ဟုတ်တယ်။ ထိန်းချုပ်နိုင်ပြီ။ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ထိန်းချုပ်ခြင်းဆိုတဲ့ စကားလုံးတွေးမိလိုက်တာနဲ့ တစ်ပြိုင်နက် နားလည်သဘောပေါက်မှုက လင်းထိန်သွားတော့တယ်။ မီမြေခွေးပြာပြေးတာ အရမ်းမြန်လွန်းပေမယ့် သူ့ရဲ့နောက်ကျောကတော့ တိုက်ခိုက်ဖို့ အားနည်းချက်ပဲ။
ဒါကတော့ သူ့ကိုယ်ကို ထိန်းချုပ်နိုင်သွားပြီဆိုတဲ့ အကြောင်းကသေချာသွားပြီ။
ငါက အခု ကျောက်တုံးကြီးကိုတောင် လက်သီးတစ်ချက်ထဲနဲ့ ခွဲနိုင်တာ အခုတော့ ငါက ဘာကြောက်စရာလိုလို့လဲ။ ဖန်ကျန်းရှီက သူ့ရဲ့ ကိုယ်ကို ထိန်းချုပ်နိုင်သွားပြီ။
မီးမြေခွေးပြာရဲ့ ဒဏ်ရာတွေကို မြင်လိုက်ချိန်မှာတော့ သူ့ရဲ့ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေက မြင့်မားလာတော့တယ်။
“ကောင်းပြီ။ ငါက အရမ်းသန်မာနေပြီ။” ဖန်ကျန်းရှီ ယုံကြည်မှုအပြည့်နဲ့ အော်လိုက်တော့တယ်။
အဝေးကနေ ကြည့်နေတဲ့ ကျန်းယန်ဖိန်တို့မြောက်ရွာအဖွဲ့က ဒီကောင်လေးပြောလိုက်တာကို သူတို့ခပ်သဲ့သဲ့လေး ကြားလိုက်ရတယ်။
“ဒီကလေး ဘာပြောတာလဲ။”
“ဒီကလေးအော်နေတာက သူ့ကိုယ်သူ အသန်မာဆုံးဆိုလား။”
“တကယ့်ကို သန်မာပါပေတယ်။”
ကျန်းယန်ဖိန်ကတော့ ကတော့ ထုတ်ဖော်ချီးကျုးလိုက်တော့တယ်။ ဘာတွေဖြစ်နေတာလဲဆိုတာ သူနားမလည်နိုင်ပေမယ့် အခုချိန်မှာတော့ မီးမြေခွေးပြာကို လွင့်အောင် ကန်နိုင်တဲ့ ဒီကလေးရဲ့ အစွမ်းက တကယ့်ကို ချီးကျုးစရာပဲ။
“ခေါင်းဆောင်ဒီကလေးနဲ့ မီးမြေခွေးပြာ တိုက်ခိုက်နေချိန်မှာ ပြေးသင့်တယ်။”အမဲလိုက်သမားတစ်ဦးက ခပ်တိုးတိုးပြောလိုက်တော့တယ်။
“မသွားဘူး” ကျန်းယန်ဖိန်က ပြောလိုက်တယ်။ “ဒီလို အခွင့်အရေးမျိုးက နောက်ထပ်မရနိုင်တော့ဘူး။”
“အခွင့်အရေး” အမဲလိုက်သမားတစ်ဦးက နားမလည်စွာနဲ့ရေရွတ်လိုက်တယ်။
“ဟုတ်တယ်။ နှစ်တွေအများကြီးကြာမှ ရနိုင်တဲ့ အခွင့်အရေးပဲ။ ဒီနေရာမှာ ထောင်ချောက်တွေအပြည့်ရှိတယ်။ နောက်ပြီး ဟိုကလေးကလည်း မီးမြေခွေးပြာကို အချိန်ဆွဲထားနိုင်တယ်။ ဒီအခွင့်အရေးက တစ်ခါပဲ ရနိုင်တယ်။” ကျန်းယန်ဖိန်က အခြေအနေကို သေချာ စဉ်းစားပြီးတော့ ပြောလိုက်တယ်။
မြောက်ရွာအမဲလိုက် အဖွဲ့ခေါင်းဆောင်အနေနဲ့ သူ့ရဲ့အဖွဲ့သားတွေ အန္တရာယ်ကင်းဖို့ကို ဦးစားပေးသင့်တယ်။ ဒါပေမယ့် မီးမြေခွေးပြာ ရှိနေသေးသရွေ့ အန္တရာယ်ကင်းတာက ယာယီပဲ ဖြစ်နေမှာ။
“ခေါင်းဆောင်နောက်ကို ကျွန်တော်လိုက်မယ်။” အမဲလိုက်အဖွဲ့သားတစ်ယောက်က ချက်ချင်းကို ဖြေလိုက်တယ်။ သူ့ရဲ့ အကြည့်တွေကတော့ အဝေးမှာရှိနေတဲ့ မီးမြေခွေးပြာဆီကို မျက်တောင်မခတ်စတမ်းကြည့်နေတော့တယ်။ သူ့ရဲ့ အကိုကြီးဟာ မီးမြေခွေးပြာရဲ့ လက်သည်းတွေအောက်မှာ အသက်ဆုံးခဲ့ရတာဖြစ်တယ်။ အဲ့ဒီ့အချိန်တုန်းက သူ့အကိုကြီးက အသက် ၁၇နှစ်ပဲရှိသေးခဲ့တာဖြစ်တယ်။
”ကျွန်တော်လည်း ခေါင်းဆောင် နောက်ကို လိုက်မယ်။” တခြားအမဲလိုက်သမားတစ်ဦးကလည်း ပြောလိုက်တယ်။ သူ့ရဲ့ ကိုယ်ပေါ်မှာလဲ မီးမြေခွေးပြာရဲ့ လက်သည်းချက်ကြောင့် အရိုးပေါ်တဲ့ထိ အသားတွေ ဆုတ်ဖြဲခံထားရတဲ့ ဒဏ်ရာအမာရွတ်ကြီးတစ်ခုရှိတယ်။ မိုးအေးတဲ့ နေ့တွေမှာဆို အသည်းခိုက်မတတ် ကိုက်ခဲနာကျင်မှုကို အမြဲခံစားရတယ်။
အရင့်အရင် မီးမြေခွေးပြာနဲ့ ကြုံချိန်မှာတုန်းက ထွက်ပြေးပင်မယ့်လည်း လက်သည်းကြားမှာ အမဲဖျက်ခံခဲ့ရတယ်။ ကလေးဘဝတည်းကနေ မီးမြေခွေးပြာ ပါးစပ်အောက်မှာ အသက်ပျောက်ခဲ့တဲ့ လူများစွာကို သူတွေ့ခဲ့ရတယ်။ အိမ်မက်ဆိုးတွေထဲမှာ အမြဲခြောက်လှန့်နေခဲ့တဲ့ သွေးသံရဲရဲ ပုံရိပ်တွေနဲ့ တုန်လှုပ်ချောက်ခြားမှုတွေ။
“ခေါင်းဆောင် ။ လုပ်လိုက်ရအောင်။” အမဲလိုက်အဖွဲ့သားတွေကတော့ သစ်သားလေးတွေကို ကိုင်စွဲရင်း မီးမြေခွေးပြာဆီကို ဦးတည်လိုက်ကြတော့တယ်။
“ကောင်းပြီ။ ငါ့အမိန့်ကို လိုက်နာကြ။ ” ကျန်းယန်ဖိန်ကတော့ သူ့လူတွေကို ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချထားတဲ့ အသံနဲ့ ပြောလိုက်တော့တယ်။ သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ မျက်ရည်တွေနဲ့ စိုစွတ်နေခဲ့တယ်။
မီးမြေခွေးပြာက သက်တမ်းတစ်လျှောက်လုံး ကောင်းကျိုးမပေးတဲ့ သတ္တဝါပဲ။
……..
တခြားတစ်ဖက်က ဖန်ကျန်းရှီကတော့ အပြင်ပန်းမှာ သိပ်ကို ရဲဝံ့ဟန်ပေါ်နေပင်မယ့်လည်း စိတ်နှလုံးထဲမှာတော့ အတော်လေးကို လန့်နေခဲ့တယ်။
ငါကအရမ်းသန်မာတယ်။ သူ့ကိုယ်သူ စိတ်အားမြင့်အောင်ပြောတာပါပဲ။ မီးမြေခွေးပြာနဲ့ယှဉ်ပြိုင်ဖို့ …..
“ခရက်”
ကျောက်တုံးတွေကွဲအက်သံဟာ ထွက်ပေါ်လာတော့တယ်။ မီးမြေခွေးပြာရဲ့ ခန္ဒာကိုယ် အကြီးကြီးဟာ ကုန်းရုန်းထလာတော့တယ်။ အပေါ်ကနေ အရှိန်ပြင်းပြင်းနဲ့ ကျလာတဲ့အတွက် မီးမြေခွေးပြာကြီးရဲ့ ကိုယ်အောက်က ကျောက်တုံးတွေဟာကြေမွသွားပြီးတော့ အမှုန့်အဖြစ်ကို ပြောင်းသွားတော့တယ်။
မီးမြေခွေးပြာရဲ့ အင်အားကို ဒီအခြေအနေမှာ မြင်နိုင်တယ်..။
“အာဝူး”
မီးမြေခွေးပြာဟာ ဒေါသထွက်စွာ အော်ဟစ်လိုက်ရင်း ဖန်ကျန်းရှီဆီကို ပြေးလာတော့တယ်..။ မြေကြီးနဲ့ကပ်လျက်မှာ အပြာရောင် မီးတန်းတစ်ခု ပေါ်ပေါက်လာသလိုမျိုးပါပဲ။
ဝံပုလွေတွေအများကြီးဖြစ်နေသလိုမျိုးပါပဲ။ တကယ့်ကို မျက်စိလည်စေတယ်. ။ အရင်ဘဝက အတွေးအခေါ်တွေနဲ့ ဒီလောကမှာ လုံးဝကို မကိုက်ညီပါလား။
“ငါ ရှောင်တိမ်းရမယ်။”
ဟုတ်ပြီ မြေမျက်နှာသွင်ပြင် အနေအထား။
သူ့မျက်လုံးတွေထဲမှာ ဖျတ်ခနဲ လင်းသွားတယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ ဘောလုံးတစ်လုံးလို လှိမ့်ချလိုက်ပြီး ကျောက်တုံးကြီးတစ်တုံးနောက်ကို ရောက်အောင်လုပ်လိုက်တယ်။
အေးမြတဲ့လေထုနဲ့ ကြုံတွေ့ပြီးနောက်မှာတော့ မီးမြေခွေးပြာက မရပ်တန့်တော့ပဲ ခုန်လွှားလိုက်တော့တယ်။ ခြေသည်းတွေကြားမှာ မီးဘောလုံးတွေပေါ်လာတော့တယ်.။
မီးစကြာကို နင်းပြီး လမ်းလျှောက်နေတဲ့ ဟန်ပါပဲ။
အဲ့ဒီ့နောက်မှာတော့ သူ့ရဲ့ ဦးတည်ရာကို ဖန်ကျန်းရှီဆီကို ပြောင်းလဲလိုက်တော့တယ်။
နီးကပ်သည်ထက် နီးကပ်လာတော့တယ်။
မီးမြေခွေးပြာရဲ့ ခြေသည်းအောက်က မီးဘောလုံးတွေဟာတော့ မီးပွားပေါင်း များစွာနဲ့ ကခုန်နေသည့်အလားပါပဲ။
………
မီးကျွမ်းတဲ့ အနံ့ဟာတော့ ဖန်ကျန်းရှီနားမှာပေါ်လာတော့တယ်။ အတွေ့အကြုံဟာ သူ့မှာလုံးလုံးကို ကင်းမဲ့ပါတယ်။ အတွေ့အကြုံပြည့်တဲ့ အမဲလိုက်သမားစစ်စစ်ဆိုရင်တော့ ဒီအခြေအနေမျိုးမှာ နောက်ပြန်လှည့်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ မတူဘူးလေ။ သူခေါင်းကို နောက်ပြန်လှည့်လိုက်ချိန်မှာတော့ မီးမြေခွေးပြာက ၁ မီတာ အကွာကို ရောက်နှင့်နေပြီဖြစ်တယ်။ ချွန်မြနေတဲ့ အစွယ်တွေကနေ သွေးတွေ တရဲရဲ စီးကျနေတယ်။
“ငါသေတော့မှာလား။” ဖန်ကျန်းရှီ ဒီအချိန်မှာတော့ လုံးဝကိုတောင့်ခဲပြီး ကြက်သေသေနေတော့တယ်။ ပြေးဖို့ရာအင်အားတွေမဲ့ကုန်တယ်။ မတ်တပ်တောင် မရပ်နိုင်တော့ဘူး။
ခုနကပဲ မီးမြေခွေးပြာနဲ့ သူဟာ အတော်လေး ဝေးကွာနေခဲ့တာ အခုချိန်မှာတော့ မျက်တောင်တစ်ခတ်အတွင်း သူ့နောက်ကို ရောက်နေပြီ။ အရမ်းကို လျှင်မြန်လွန်းနေတယ်။
ဒီလို အင်အားမျိုးက ရင်ဆိုင်ဖို့ခက်ခဲတယ်။ ဒါပေမယ့် သူ ရှောင်လွှဲလို့မရတော့ဘူး။ ရင်ဆိုင်ရတော့မယ်။
အပိုင်း(၄၀)ပြီး၏။