← Chapters

အခန်း (၄၁-၅၀)

Vol. 1 Ch. 41-50

အခန်း (၄၁-၅၀)

Vol. 1 Ch. 41-50

အပိုင်း (၄၁)

“ရုတ်ချည်း ပျောက်ကွယ်သွားသော ကမ္ဘာကြီး။”

“ရှု”

ဒီအချိန်မှာပဲ လေဟုန်ခွင်းတဲ့ မြားတစ်စင်းဟာ ဖန်ကျန်းရှီရှေ့မှောက်ကို ကျရောက်လာပါတော့တယ်။ မီးမြေခွေးပြာရဲ့ မျက်လုံးတွေကို ချိန်ရွယ်ထားတာဖြစ်တယ်။ သို့ပေမယ့် မီးမြေခွေးပြာရဲ့ မျက်လုံးကနေ ထွက်တဲ့ အခိုးအငွေ့တွေကြောင့် လက်မအနည်းငယ်အလိုကို ကျသွားခဲ့တာဖြစ်တယ်။

ခေတ္တရပ်တန့်သွားချိန်မှာပဲ အခြားသော သတ္တုမြားတစ်စင်းဟာ ထပ်မံရောက်ရှိလာပြန်တယ်။

ဖန်ကျန်းရှီကတော့ ဒီမြားတွေကို ဘယ်သူပစ်နေတာလဲဆိုတာမသိပေမယ့် သူတို့ရဲ့ အရှိန်နဲ့တိကျမှုကတော့ မယုံလောက်အောင်ပြင်းထန်လွန်းတယ်။ ဒီနေရာမှာ မီးမြေခွေးပြာသာ မဟုတ်ရင် ဒီမြားတွေက ဘယ် ညာ မျက်လုံးအစုံကို ထွင်းဖောက်ပြီးတည်နေမှာ အမှန်ပဲ။

ဒါပေမယ့်….

မီးမြေခွေးပြာကတော့ ဒီမြားတွေကို ရပ်တန့်နိုင်တယ်။

ဖန်ကျန်းရှီကတော့ အခုလုံးဝကိုနားလည်သွားပြီ။

လူနှစ်ဆယ်ကျော်ရှိတဲ့ အမဲလိုက်အဖွဲ့ကြီးကတောင် ဒီသားရဲကောင်ကြီးကို ဘာလို့မခုခံနိုင်ပဲ ပြေးရုံသာ တတ်နိုင်ကြလဲဆိုတာကိုပေါ့။ လျင်မြန်ရုံတင်မကဘူး တခြားသော စွမ်းရည်တွေလည်းရှိနေတာကြောင့် ဘယ်လောက်တော်တဲ့လေးသည်တော်ဖြစ်ပါစေ ထိမှန်အောင်ပြစ်နိုင်ဖို့က မလွယ်လှဘူး။

ဒီသားရဲကောင်ကြီးကို တည့်တည့်ထိမှန်ဖို့ဆိုရင် မှန်ကန်တဲ့နည်းဗျုဟာနဲ့ အင်အားလိုအပ်တယ်။

သူ့ရဲ့ အရင်ဘဝက တိရစ္ဆာန်တွေလိုမျိုး ခုန်အုပ် တိုက်ခိုက်တဲ့ နည်းတွေနဲ့ လုံးဝကို ကွာခြားပြီတော့ ထူးခြားတဲ့ ဉာဏ်ရည်တွေရှိနေတဲ့ ဒီသားရဲကောင်ကြီး။

“မင်း က တကယ့်ကိုပဲ။” ဖန်ကျန်းရှီကတော့ မီးမြေခွေးပြာကို ကြည့်ရင်းရေရွတ်လိုက်တယ်။

မီးမြေခွေးပြာ သူ့အပေါ်ကို အာရုံလွတ်သွားတာနဲ့တပြိုင်နက် ချက်ချင်းလှိမ့်လိုက်ပြီး ပြေးတော့တယ်။ သူအသက်ရှူချိန်တောင် မရလိုက်ဘူး။ ကျောက်တုံးနောက်ကို ရောက်ရောက်ချင်းမှာပဲ မီးမြေခွေးပြာက ကျောက်တုံးကို ချေမွပြစ်လိုက်ပြီ။

ပုံမှန်အခြေအနေမျိုးမှာ ဆိုရင်တော့ ဖန်ကျန်းရှီက ပြေးမိမှာ အသေအချာပါပဲ။

မီးမြေခွေးပြာကတော့ သူ့မျက်စိရှေ့က လူသားလေး နောက်တစ်ကြိမ် ထပ်ပြီးလှိမ့်မယ်ဆိုရင် ချက်ချင်း ဖမ်းစားပြစ်ဖို့တွေးပြီးဖြစ်တယ်။

သို့ပေမယ့်….. ထူးဆန်းစွာနဲ့ပဲ ဖန်ကျန်းရှီမှာတော့ နောက်ထပ် လှိမ့်ချင်စိတ် မရှိတော့ပါဘူး။ သူက မလှိမ့်ရုံတင်မကဘူး ပြေးလည်း မပြေးတော့ပါဘူး။

မီးမြေခွေးပြာရဲ့ မျက်လုံးတွေကိုသာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေပါတော့တယ်။

ဒါပေမယ့် သူ့မျက်လုံးတွေထဲမှာတော့ ကြောက်လန့်နေဟန် စိုးစဉ်းမျှမရှိပေ။ ယုံကြည်ချက်ပြည့်ဝနေတဲ့ အရိပ်တွေသာ ပြေးလွှားနေပါတော့တယ်။

“ ဒုန်း”

မီးမြေခွေးပြာရှေ့ကို တစ်လှမ်းတိုးလာချိန်မှာပဲ မြေကြီးတွင်းထဲကို ပြုတ်ကျသွားတော့တယ်။

“အခွင့်အရေးပဲ” ဖန်ကျန်းရှီဟာ အော်ရင်းနဲ့ ခုန်ထလိုက်ပြီးတော့ သူ့ရှေ့ကထောင်ချောက်တွင်းထဲကို ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်တော့တယ်။

“နင့်ကို သေအောင် ဖိသတ်မယ်။”

သူ့ရဲ့ အခုအပြုအမှုဟာ သက်ရောက်မှုရှိမရှိ မတွေးတောမိတော့ပဲနဲ့ တတ်နိုင်သလောက် လုပ်ဖို့ကိုသာ သူ့စိတ်ထဲမှာ ရှိနေတော့တယ်။ သူအခုချိန်မှာ မပြေးနိုင်တော့ဘူး။ တခြားလုပ်စရာတစ်ခုကတော့ ပြန်တိုက်ခိုက်ဖို့ပဲ။

……………..

“ဟိုကောင်ကြီး ပြုတ်ကျပြန်ပြီ။” မြောက်ရွာအမဲလိုက်အဖွဲ့သားတွေမျက်လုံးပြူးသွားတော့တယ်။

“ပစ်ကျ” ကျန်းယန်ဖိန်က သူ့ရဲ့လေးနဲ့မြားကို နောက်တစ်ကြိမ် ပြင်လိုက်တော့တယ်။ အရင်သူပြစ်လိုက်တဲ့ မြားတွေကတိုက်ရိုက်ဖြစ်တယ်။ အခုချိန်မှာတော့ သွယ်ဝိုက်သော မြားပစ်နည်းနဲ့ပြစ်ဖို့ ပြင်လိုက်တော့တယ်။

တခြားအတွေ့အကြုံရင့်တဲ့ လေးသမားတွေကလည်း ကျန်းယန်ဖိန်ကို မယှဉ်နိုင်ပေမယ့် သူတို့လည်း မညံ့ကြပါဘူး။ ကောင်းကင်ကို ချိန်ရွယ်ရင်းနဲ့ လေးတွေကို အသင့်ပြင်လိုက်ကြတော့တယ်။ သူတို့ရဲ့ အသွင်ကတော့ အရမ်းကို ယုံကြည်ချက် ပြည့်ဝနေကြဟန်ပါပဲ။

အမဲလိုက်သမား အယောက် ၂၀ကျော်ရဲ့ မြားတွေဟာ မီးမြေခွေးပြာပြုတ်ကျသွားတဲ့ မြေတွင်းထဲကို အဆက်မပြတ် ကျရောက်လာတော့တယ်။

မြားမိုးရွာတာကို မြင်ပြီးနောက်မှာတော့ မြောက်ရွာကလူတွေ သူ့ကို ကူညီနေတယ်ဆိုတာ ဖန်ကျန်းရှီ သေချာသွားတော့တယ်။

တွေဝေခြင်း အလျဉ်းမရှိတော့ပဲနဲက ကျောက်တုံးကြီးတွေကို မနိုင်သလောက်မပြီး တွင်းထဲကို ပြစ်ချနေတော့တယ်။ ကျောက်တုံးအမြှောက်လိုမျိုး အဆက်မပြတ် အရှိန်ပြင်းပြင်းနဲ့ လှုပ်ရှားနေတာဟာ မြေပြင်ကိုတောင် သိမ့်သိမ့်တုန်စေပါတယ်။ တုန်ခါမြည် ဟီးနေတော့တယ်။

“အာဝူး” ထောင်ချောက်ထဲကနေ နာကျည်းစွာအူလိုက်တဲ့ ဝံပုလွေ အူသံကြီးဟာ ထွက်ပေါ်လာတော့တယ်။ ဒီလို ထောင်ချောက်ကြီးထဲမှာ ပိတ်မိနေတာတောင် သူ့ရဲ့ အရှိန်နှုန်းကို အတော်လေး အသုံးချနိုင်နေသေးတယ်။

ကောင်းကင်ကျဆင်းလာတဲ့ မြားမိုးတွေ အဆက်မပြတ် ထိခိုက်နေတာတောင် အင်အားမလျော့သွားတဲ့ အပြင် ကျောက်တုံးတွေကလည်း ထိခိုက်မှုများအောင် လုပ်နိုင်ဟန်မရှိဘူး။

မြားတွေနဲ့ ကျောက်တုံးတွေဟာတော့ မိုးသီးမိုးပေါက်တွေအလား ကျဆင်းနေပါတယ်။ ဖန်ကျန်းရှီကလည်း မရပ်တန့်သလို ကျန်းယန်ဖိန်တို့ မြောက်ပိုင်း အမဲလိုက်အဖွဲ့ကလည်း မရပ်တန့်ပါဘူး။

…………………..

“ဒီကောင် သေသင့်ပြီ။” ဖန်ကျန်းရှီ ထောင်ချောက်ထဲကို ခေါင်းငုံ့ကြည့်ရင်း ပြောလိုက်တယ်။

အခုချိန်မှာ သူ လက်လှမ်းမှီတဲ့ကျောက်တုံးတွေ အကုန်ကုန်ပြီလေ။ ထောင်ချောက်ထဲမှာတော့ ကျောက်တုံးတွေနဲ့ မြားတွေကိုပဲတွေ့ရတော့တယ်။

တစ်ချို့မြားတွေက ကျောက်တုံးတွေနားမှာပျံ့နေတယ်။ တချို့မြားတွေကတော့ အမွှေးပြာပြာတွေနားမှာ ကပ်နေတယ်။ မျက်လုံးပြာပြာတွေကတော့ ဖြည်းဖြည်းချင်းပွင့်လာတော့တယ်။

“အာဝူး” ထောင်ချောက်ထဲကနေ အူသံကြီးထပ်ထွက်လာပြန်တယ်။

ဒီနှစ်ပိုင်းအတွင်းမှာ အမြဲအနိုင်ရသူ ဖြစ်ခဲ့တဲ့ ကန်လင်းတောင် သားရဲဘုရင် မီးမြေခွေးပြာကြီးဟာတော့ အခုချိန်မှာ လူသားကလေးတစ်ယောက်ကြောင့် ဒဏ်ရာရသွားတာဟာ တကယ့်ကို ဂုဏ်ပျက်စေတာပါပဲ။

“ဒုန်း” မီးမြေခွေးပြာကြီးဟာတော့ ထောင်ချောက်ထဲကနေ ခုန်ထွက်ဖို့ပြင်လိုက်တော့တယ်။

တချိန်တည်းမှာပဲ ဖန်ကျန်းရှီလည်း လှုပ်ရှားတော့တယ်။ ဘာကြောင့်လဲဆိုတော့ မီးမြေခွေးပြာကြီး လှုပ်ရှားလိုက်တဲ့ အချိန်မှာ နဖူးကနေ အမြီးထိ ရှိတဲ့ အမွှေးနီတွေဟာ သွေးနီရောင် အလင်းတန်းတွေကို ထုတ်လွှတ်လာတာကြောင့်ဖြစ်တယ်။

အသွင်ပြောင်း။ ဒါမှမဟုတ် ဒဏ်ရာကုသခြင်းလား။

ဒီလောက က သားရဲတွေက ဒီလောက်ကို အစွမ်းထက်ပြီးကြောက်ဖို့ကောင်းတာလား။ ဖန်ကျန်းရှီကတော့ အကြာကြီး မစဉ်းစားတော့ပါဘူး။

သူတွေးလို့ရသလောက် အကြံဉာဏ်တွေ အကုန်ထုတ်သုံးခဲ့ပေမယ့် အခုချိန်မှာတော့ မြောက်ရွာအမဲလိုက် အဖွဲ့ရဲ့ အကူအညီနဲ့တောင် နိုင်တော့မှာ မဟုတ်ဘူးလေ။

အခုတော့……..။

ပြေးတာကလွဲပြီး တခြားလုပ်စရာရှိသေးလို့လား.။ “အာဝူးးး” မီးမြေခွေးပြာရဲ့ နက်နက်ရှိုင်းရှိုင်း အူသံကြီးဟာ ပေါ်ထွက်လာပြန်တယ်။ လေပေါ်ကို ဖြာထွက်လာတဲ့ မြေကြီးမှုန်စတွေနဲ့အတူ ကြီးမားလွန်းတဲ့ မီးလျှံပုံစံ ကိုယ်ကြီးဟာ လွင့်ပျံနေတယ်။

ဒီအချိန်မှာ မြားနဲ့ ပြစ်ရင်ကော။

အဖြေကတော့ ရှင်းပါတယ်။

နောက်တစ်ကြိမ် တွင်းထဲကျစေပြီး မြေဖို့ရင်တောင် အချိန်ကုန်ရုံ ပဲ ရှိမှာ။

ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို သူချလိုက်တော့တယ်။

မီးတွေထွက်လာနေတဲ့ လက်သည်းတွေကိုကြည့်လိုက်ရင်း အံကြိတ်ပြီး ရွေ့လျားလိုက်တော့တယ်။

“ မီး။ ငရဲထိ လောင်ကျွမ်းစေသား” ။

ပညာသား မပါတဲ့ လက်သီးတစ်ချက်။

ဖြောင့်လက်သီး။

လေတိုးသံလေးတောင် မကြားလိုက်ရတဲ့ လက်သီးတစ်ချက်ဟာ မီးမြေခွေးပြာရဲ့ လက်သည်းတွေနဲ့ ထိတွေ့သွားတော့တယ်။

ဒါပေမယ့် ….. ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ထူးခြားလွန်းတဲ့ ခံစားမှုကြီးပေါ်လာပြန်တယ်။

ဆိတ်ငြိမ်မှု ။ သိပ်ကို ငြိမ်သက်လွန်းတယ်။

ဘယ်အရာကိုမှ မမြင် မကြားရ။ ကမ္ဘာမြေကြီးပျောက်ဆုံးပြန်တယ်။

သစ်ပင်ပန်းမန် မြေ ရေ လေ မီး…. အကုန်ပျောက်ကွယ်ကုန်တယ်။

မီးလက်သည်းနဲ့ လက်သီးတွေ့ဆုံမှုကြားမှာ အသံကျယ်ကြီးတစ်သံထွက်ပေါ်လာပြီးတော့ ဖန်ကျန်းရှီလည်း အဝေးကို လွင့်သွားတော့တယ်။ ဘောလုံးတစ်လုံးလို ပျံတက်သွားတော့တယ်။

တခြားတစ်ဖက်က မီးမြေခွေးပြာကတော့ အပြာရောင် မွေးပွဘောလုံးတစ်လုံးလို ဆန့်ကျင်ဘက်ကို လွင့်ထွက်သွားတော့တယ်။ လူရော ဝံပုလွေပါ မြေပြင်ပေါ်ကို တစ်ချိန်တည်း နီးပါးလောက်ပြန်ကျလာတော့တယ်။

ဒီအဖြစ်အပျက်ဟာ စိတ်ကူးယဉ် ဆန်လွန်းလှတယ်။ ခပ်ဝေးဝေးမှာ ရပ်နေကြတဲ့ ကျန်းယန်ဖိန်နဲ့ အဖွဲ့သားတွေကတော့ ဒီမြင်ကွင်းကို ကြည့်ရင်း ကြက်သေသေနေကြတော့တယ်။

ဘာတွေ ဖြစ်ကုန်ပြန်တာလဲ။

မီးမြေခွေးပြာနဲ့ ကောင်ငယ်လေး ထိပ်တိုက်တွေ့ပြီး လွင့်ထွက်သွားကြတယ်။

ဧကန္တ အင်အားချင်း မျှနေကြတာလား။

အပိုင်း (၄၁)ပြီး၏။

အပိုင်း (၄၂)

“အလင်းပွင့်ခြင်း”

၇နှစ်သားလေးက ကန်လင်းတောင် ဘုရင်ကို ယှဉ်နိုင်တယ်။

ဒီအဖြစ်အပျက်မျိုး အိမ်မက်တောင် မမက်ဖူးဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်မျက်စိရှေ့မှာတွေ့လို့သာ ယုံရတာ။

ဒီအချိန်မှာတော့ ကျန်းယန်ဖိန်နဲ့ မြောက်ရွာအမဲလိုက်သမားတွေရဲ့ မျက်လုံးတွေဟာ ကျွတ်ကျမတတ် ပြူးနေကြတော့တယ်။

“လက်သီးတစ်ချက်တည်းနဲ့ မီးမြေခွေးပြာ လွင့်ထွက်သွားတယ်။”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”

မြောက်ရွာအမဲလိုက်အဖွဲ့ကတော့ သူတို့ အိမ်မက်ရှည်ကြီးတစ်ခုကို မက်နေတယ်လို့ပဲ ထင်နေကြတယ်။ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိတော့တဲ့ အထိ သတိလက်လွတ် ငေးမောနေမိကြတယ်။

“ပစ်ကျ မြန်မြန်ပစ်” ကျန်းယန်ဖိန်က ပျော်ရွှင်မှု အပြည့်နဲ့ အော်ဟစ်လိုက်တယ်။ မီးမြေခွေးပြာကို ယှဉ်နိုင်တဲ့ ကလေး ဘယ်လိုပဲ ဖြစ်ဖြစ် အခုချိန်ကတော့ တကယ့်ကို အခွင့်အရေးကောင်းပဲ။

“ခေါင်းဆောင်။ ကျွန်တော်တို့မှာ မြားမရှိတော့ဘူး။” မြောက်ရွာ အမဲလိုက်အဖွဲ့ကသူတွေရဲ့ မြားကျည်တောက်ထဲမှာတော့ မြားတစ်စင်းမှကို မရှိတော့ပါဘူး။

“ဟာ ကွာ” ကျန်းယန်ဖိန် စိတ်ပျက်လက်ပျက်နဲ့ရေရွတ်လိုက်တော့တယ်။ သတ္တုမြားတွေ အကုန်လုံး မရှိတော့တာကတော့ ဒီလို နှစ်ခါ မရှိနိုင်တဲ့ အခွင့်အရေးအတွက် ဖြုန်းတီးရာ ကျလွန်းလှတယ်။

“ခေါင်းဆောင် ကျွန်တော်တို့ တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်။ ” အမဲလိုက် ဓားရှည်ကို ကိုင်ထားတဲ့ မုဆိုးတစ်ယောက်က ပြောလိုက်တယ်။

“ကျွန်တော်လည်းပဲ တိုက်ခိုက်မယ်” နောက်အမဲလိုက် သမားတစ်ယောက်ကလည်း ပြောပြန်တယ်။

“ကောင်းပြီ။ မင်းတို့အားလုံး မြောက်ရွာသားတွေ ပီသပါပေတယ်။ အားဖြည့်ကြ အားလုံး စုစည်းကြ” ကျန်းယန်ဖိန်က သူ့အဖွဲ့သားတွေရဲ့ ဆုံးဖြတ်ချက်ကို ကောင်းကောင်းနားလည်တယ်။ ကန်လင်းတောင်ခြေရဲ့ မိစ္ဆာကြီးကို နှိမ်နင်းနိုင်ဖို့ အသက်တချို့လောက် စတေးရတာ မမှုပါဘူး။

……..

“အာဝူးးးး” နောက်ပြန်လိမ့်သွားတဲ့ မီးမြေခွေးပြာကတော့ ပြန်ထလာချိန်မှာတော့ သူ့ကိုယ်ပေါ်က အမွေးပြာတွေဟာ ထောင်ထွက်နေကြတယ်။ နဖူးကနေ အမြီးထိ ရှည်လျားလှတဲ့ အမှတ်အသားဟာလည်း ပျို့အန်ချင်စရာ သွေးညှီနံ့တွေ ထွက်နေတော့တယ်။ တကယ့်ကို ပြောင်းလဲမှုကြီး တစ်ခုပဲ။

တခြားတစ်ဖက်က ဖန်ကျန်းရှီကတော့သူသတိဝင်ဝင်လာခြင်း တွေးလိုက်မိတာက “ငါ မသေသေးဘူးလား။” မီးမြေခွေးပြာကြီးကို ငါထိုးချလိုက်တာ မလား အခုတော့ ဘယ်လို ဖြစ်တာလဲ။

နောက်ပြီး ခုနက မြင်ကွင်းရှေ့က အရာအားလုံးပျောက်ကွယ်သွားတာကရော.။ ငါလည်း ဘာမှ မလုပ်မိပါပဲနဲ့။

ဒါက စကြဝဠာအစကို ပြန်ရောက်ပြန်တာလား။ အရာအားလုံးဖြစ်တည်မှုတာအို ။ ပျောက်ကွယ်သွားတဲ့ ကမ္ဘာကြီးနဲ့ မူလ အရင်းအမြစ်။

ဖန်ကျန်းရှီ မျက်လုံးထဲ မီးတွေ ပွင့်သွားသလိုပဲ။ ဒီအခိုက်အတန့်လေးမှာပဲ ကြီးမားတဲ့ အတားအဆီး တံခါးတစ်ခု ပွင့်သွားဟန်ပါ ။ အရာအားလုံးဖြစ်တည် ပုံဖော်မှုဟာ မိမိကိုယ်ကို နားလည်ခြင်း။ အရာအားလုံးကို ထိန်းချုပ်နိုင်ခြင်း။

ပထမဆုံးနားလည်မှု မိမိကိုယ်ကို နားလည်ခြင်းနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေထိုင်ခြင်း။ နောက်ဆုံးတော့ နားလည်သွားပြီ။ သူထိန်းချုပ်နိုင်တာက အရိုးလည်း မဟုတ် ။ အသွေးအသားလည်း မဟုတ်။ သူ့တစ်ကိုယ်လုံးကို ထိန်းချုပ်နိုင်တာပဲဖြစ်တယ်။ အသား အရိုး နဲ့ သွေးတွေက သေးငယ်လှတဲ့ အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတယ်။ သူ့အရင်ဘဝတုန်းကတော့ “အမှုန်လေးတွေ”လို့ခေါ်ဝေါ်ခဲ့ကြတယ်။ မမှီခိုပဲ တည်ရှိနိုင်ကြတဲ့ အရာတွေပေါ့။ တောင်တန်း မြစ်ချောင်း သစ်ပင်ပန်းမန် မြက်တွေ အရာအားလုံးဟာ အမှုန်လေးတွေကနေ ဖြစ်တည်တယ်။ သူ့ကိုယ်ကို ထိန်းချုပ်နိုင်တာနဲ့ အရာအားလုံးဖြစ်တည်မှု တာအိုကိုပါ ထိန်းချုပ်နိုင်မယ်။

ဂိတ်တံခါးဟာ အခုချိန်မှာတော့ လုံးဝကို ပွင့်သွားပြီပဲ ဖြစ်တယ်။

ဒါက နောက်ဆို….

ဖန်ကျန်းရှီ ခြေဖနောင့်ကို အားပြုပြီး ခုန်လွှားလိုက်တော့တယ်။ လျှပ်စီးလက်သလိုမျိုး အကွာအဝေးတစ်ခုကို ရောက်သွားတော့တယ်။ မုခ်ဝက တကယ့်ကို ပွင့်သွားပြီပဲ၊ နားလည်သွားပြီးတဲ့နောက် မီးမြေခွေးပြာရဲ့ အင်အားကို လည်း သူ တွက်ချက်နိုင်သွားတော့တယ်။ မီးမြေခွေးပြာလည်း အရာအားလုံးဖြစ်တည်ပုံဖော်မှုတာအိုကို ထိန်းချုပ်နိုင်တယ်။ ဒါကြောင့် မြားတွေကိုလည်း ရပ်တန့်နိုင်တာဖြစ်တယ်။ ပိုပြီး အရေးကြီးတာက မီးဘောလုံးတွေ။။

ဒီ အဆင့်ကတော့ သူ မယှဉ်နိုင်သေးဘူး။ မြေခွေးပြာတွေးတာကတော့ သူ့အင်အားကို တွေ့သွားချိန်မှာ ဖန်ကျန်းရှီ ပြေးမယ်ပေါ့။ အခုချိန်မှာတော့ ဖန်ကျန်းရှီ က လုံး၀ မပြေးခဲ့ဘူး။ ဒါကြောင့် သူပြေးတော့တယ်။ ကျန်းယန်ဖိန်နဲ့ မြောက်ရွာအမဲလိုက်သမားတွေ အနားကို ချဉ်းကပ်လာချိန်မှာတော့ လမ်းတစ်ဝက်မှာတင် မ

သူတို့မြင်လိုက်ရတာက

မီးမြေခွေးပြာထွက်ပြေးတာကိုပဲ။ ဒီကောင်လေးက မြေခွေးပြာကိုထွက်ပြေးအောင် လုပ်နိုင်တယ်ဆိုတော့ ငါတို့ ပူးပေါင်းရင် အဆင်ပြေနိုင်တယ်။

ကျန်းယန်ဖိန်ကဖန်ကျန်းရှီရဲ့ ပုံစံကို မြင်လိုက်တော့ သူပါ ဆုတ်ခွာဖို့ ပြင်လိုက်တယ်။ ဒါပေမယ့် အခုချိန်မှာတော့ မီးမြေခွေးပြာရဲ့ ဒဏ်ရာကို မြင်ပြီးနောက်မှာတော့ သူရှေ့ဆက်လိုက်တော့တယ်။ သူတို့ရဲ့ ခေါင်းဆောင် မဆုတ်ခွာတာကို မြင်ရတော့ သူတို့ပါ ရှေ့ဆက်တော့တယ်။ မြောက်ရွာအမဲလိုက်အဖွဲ့ရဲ့ အင်အားနဲ့ ဆိုရင် သာမာန်သားကောင်ဆို ကြောက်လန့်တကြား ထွက်ပြေးမှာ အမှန်ပဲ။ အခုကတော့ ကန်လင်းတောင်ခြေရဲ့ သားရဲဘုရင်လေ။ အရှိန်နှုန်း လျှင်မြန်မှုက အတိုင်းအဆမဲ့တယ်။ အကာအကွယ်လို အမွှေးတွေလည်း ရှိတယ်။ ဒဏ်ရာ ရနေတာတောင် လူနှစ်ဆယ်လောက် တော့ အသာလေး သတ်နိုင်တယ်။ လက်သည်းတစ်ချက်ကုတ်လိုက်တာနဲ့ အသားစိုင်တစ်ခုလုံး ဆုတ်ပြဲသွားတော့တယ်။

ဒီတစ်ခါတော့ အမှားကြီးမှားခဲ့ပြီ။ ခြေကန်ချက်တစ်ချက်နဲ့ လွင့်စင်သွားပြီး လက်သီးတစ်ချက်ကြောင့် မှောက်သွားရတဲ့ သားရဲဘုရင်ကို အထင်သေးမိသွားခဲ့တာ ဒီ မိစ္ဆာရဲ့ လက်သည်းနဲ့ အစွယ်တွေအောက်မှာ လူ ငါးယောက်မက အသက်ပါသွားခဲ့ပြီ။ ကိုက်ဖြဲ ဆွဲစုတ် အမဲဖျက် ထားတာ သွေးသံတရဲရဲနဲ့ မြောက်ရွာအမဲလိုက်သမားတွေရဲ့ အော်သံဟာ ငရဲပွက်သံတွေအလားပါပဲ။ ဒီအချိန်မှာတော့ မီးမြေခွေးပြာဟာ သူ့ရဲ့ ဦးတည်ချက်ကို ကျန်းယန်ဖိန်စီကို လှည့်လိုက်ပါတော့တယ်။ ကျန်းယန်ဖိန် ပစ်လွှတ်လိုက်တဲ့ ကျောက်တုံးကြီးကို အမှုန့်အဖြစ်ပြောင်းလဲပြစ်ပြီးနောက်မှာတော့ ခုန်လွှားလာတော့တယ်။ လျင်မြန်လွန်းလှတဲ့ အရှိန်ကြောင့် ရှောင်တိမ်းဖို့ရာ မဖြစ်နိုင်ဘူး။

“ခေါင်းဆောင်”

“ခေါင်းဆောင်”

ချွန်ထက်တောက်ပနေတဲ့ သွားစွယ်တွေဟာတော့ ချောက်ခြားဖွယ်ကောင်းစွာ အေးစက်နေပါတယ်။ ဒီလို အပြောင်းအလဲမျိုးကို မမျှော်လင့်ထားမိတဲ့ ကျန်းယန်ဖိန်ကတော့ မျက်လုံးအပြူးသားနဲ့သာ ကြည့်နေပါတော့တယ်။ သူ အကောင်းဆုံးလုပ်နိုင်တာကတော့ ရပ်ပြီး သေဖို့စောင့်နေရုံပဲ။ ဒီအချိန်မှာတော့ လေထုဟာ ထူးခြားစွာ သိပ်သည်းနေဟန်ပါပဲ။ သူ့ရဲ့ နှလုံးခုန်သံကိုတောင် ပြန်ကြားနေရတယ်။

တောက်ပနီစွေးတဲ့ သွေးတွေဟာတော့ ဖောင်တိန်ကနေ မှင်တွေထွက်လာသလိုမျိုးစီးကျလာတော့တယ်။ လေထဲမှာ ကြာပန်းကြီးတစ်ပွင့်နှယ် ပုံပေါ်လာတော့တယ်။

အပိုင်း (၄၂)ပြီး၏။

အပိုင်း (၄၃)

“ဘုရင်တစ်ပါးကို လေးစားသင့်”

အမဲလိုက်အဖွဲ့သားတွေဟာ ရုတ်တရက်ထွက်ပေါ်လာတဲ့ ကောင်လေးကို မျက်တောင်မခတ်စတမ်း ကြည့်နေကြတော့တယ်။

ဒီကလေးက ရုတ်တရက်ပေါ်လာပြီး ကျန်းယန်ဖိန် လည်ပင်းနားရောက်နေတဲ့ မီးမြေခွေးပြာရဲ့ အာခေါင်ကို တစ်ချက်တည်းနဲ့ ထိုးဖောက်နိုင်တယ်။

အရမ်းကို လျင်မြန်လွန်းတယ်။

ညကောင်းကင်က ကြယ်တစ်စင်း ကြွေကျလာသလိုမျိုးပဲ။ ဒီကလေး ဘယ်လို ပေါ်လာလဲဆိုတာကိုတော့ ဘယ်သူကမှ သတိမထားမိလိုက်ကြဘူး။

မီးမြေခွေးပြာဆီကနေ သွေးတွေ အဆက်မပြတ် ပန်းထွက်နေပြီးတော့ သွေးတွေစင်သွားတဲ့နေရာမှာတော့ ငွေမှင်ရောင်အလင်းတွေ ဖျော့ဖျော့လေးလင်းနေတော့တယ်။

…..

ဖန်ကျန်းရှီပြေးခဲ့လား။

ဒီလိုအခြေအနေမျိုးမှာတော့ လုံးဝကိုပြေးတာပေါ့ ဒါပေမယ့် မြောက်ရွာအမဲလိုက်အဖွဲ့ အန္တရာယ်ကြားကို ဝင်တိုးနေတာတွေ့လို့ သူပြန်လာခဲ့တယ်။ ဒီ အခွင့်အရေးကို အသုံးချဖို့ တွေးရင်းနဲ့ပေါ့။

ချောင်းမြောင်းတိုက်လိုက်ဖို့ သူစဉ်းစားခဲ့တယ်။ အကယ်၍အောင်မြင်ခဲ့ရင်တော့ လက်စားချေမှုဟာ ပြီးမြောက်မယ်။ မအောင်မြင်ရင်တော့ မြောက်ရွာသားတွေနဲ့ လွှဲခဲ့လိုက်မယ်။

GOG Pdf2 | 97

ဒီလူအုပ်ကြီးနောက်မှာ ကပ်လိုက်ရင်းနဲ့အခွင့်အရေးကို စောင့်ဆိုင်းနေလိုက်တယ်။ ဒီလူတွေ အကုန်လုံးက မီးမြေခွေးပြာကိုပဲ အာရုံစိုက်နေကြတဲ့ အတွက် သူ ပါမပါကို သတိမထားမိကြဘူး။ ဒါကြောင့် သူ့ကို ကွယ်နိုင်တဲ့ လူတစ်ယောက်နောက်မှာ သေချာ ပုန်းဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေါ့ အော်ဟစ် လှုပ်ရှားတာထက် အလစ်အငိုက်ဝင်တိုက်တာက ပို အကျိုးရှိမယ်ဆိုတာ သူသေချာတယ်လေ။ ရန်သူ မမြင်အောင် တိုက်ရိုက် မထိတွေ့နိုင်အောင် ပုန်းကွယ်ဖို့က အရေးအကြီးဆုံးပဲ။

သူ့ရဲ့ ရွေးချယ်မှုကတော့ ကျန်းယန်ဖိန်နောက်ကို ကပ်လိုက်ပြီး မီးမြေခွေးပြာကြီး ဒဏ်ရာရတဲ့အချိန်ကို စောင့်ဖို့ပဲ။ ဒါပေမယ့် သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး။

မြောက်ရွာအမဲလိုက်အဖွဲ့သားတွေ ဒဏ်ရာရ သေကျေကြတာပဲ ရှိတယ်။

နောက်ဆုံးမှာတော့

ကျန်းယန်ဖိန်ဆီကို ခုန်ဝင်ပြီးလည်ပင်းကို ဟပ်လိုက်တဲ့ အချိန်မှာ ဖန်ကျန်းရှီ ဟာကွက်ကိုတွေ့သွားတော့တယ်။

ဒီအချိန်က အကောင်းဆုံးပဲ။ ဘုရားပေးတဲ့ အခွင့်အရေးကို အသုံးချရတော့မယ်။ ဒီအခွင့်အရေးကို ကောင်းကောင်းသုံးပြီးတစ်ချက်တည်းနဲ့ သတ်နိုင်မှရမယ်။ တခြားတစ်ဖက်မှာတော့ လည်ပင်းကအမွှေးတွေက အနူးညံ့ဆုံးနဲ့ အာခေါင်က အပျော့ပျောင်းဆုံးပဲ။

ကျန်းယန်ဖိန်ကို ကယ်ဖို့ကတော့ သူသိပ်မစဉ်းစားမိဘူး။ သူ့ခြေထောက်မှာ အမြဲဆောင်ထားတဲ့ ဓားမြောင်ကို ထုတ်သုံးလိုက်တယ်။ ဒါပေမယ့် အရှိန် လျင်မြန်မှုနဲ့ အင်အားတွေ အကုန်လုံးကို စုစည်းလိုက်ပြီးတစ်ချက်တည်း ထိုးစိုက်ချလိုက်တော့တယ်။

အာခေါင်ကို ဖြတ်ပြီးတော့ လည်ပင်းကို ထုတ်ချင်း ပေါက်သွားတဲ့အတွက် သွေးတွေဟာ ထိုအပေါက်ကနေ စီးဖြာကျလာတော့တယ်။

……..

မီးမြေခွေးပြာရဲ့ တောက်ပတဲ့ မျက်လုံးတွေက ဖန်ကျန်းရှီကို ဖော်ပြခြင်းငှာ မစွမ်းသာတဲ့ အကြည့်တွေနဲ့ လှမ်းကြည့်နေပါတယ်။

သေလုဆဲဆဲအချိန်မှာတောင် ဒီလို လူသားကလေးငယ်တစ်ယောက်ကြောင့် သေဆုံးရတော့မယ်ဆိုတာ လက်မခံနိုင်စရာကောင်းလွန်းလှတယ်။ ဒါပေမယ့် လည်ချောင်းနဲ့ အာခေါင်ကနေ သွေးတွေအများကြီး ဆုံးရှုံးထားတဲ့ အတွက် အင်အားအတော်လေး ယုတ်လျော့သွားတာဖြစ်တယ်။

ကျန်းယန်ဖိန်ကို ကုတ်ဖြဲဖို့ ပြင်ထားတဲ့ လက်သည်းတွေဟာလည်း အားပျော့သွားပြီးတော့ အနည်းငယ်သာ နက်တဲ့ ကုတ်ရာတွေ ပြုနိုင်တော့တယ်။

“ဂူးးး”

မီးမြေခွေးပြာက အူချင်ပေမယ့်လည်း လည်ပင်းက ဒဏ်ရာကြောင့် အသံမထွက်နိုင်တော့ဘူး။ မပီမသ အသံတစ်ချို့သာ ပြုနိုင်တော့တယ်။

ဖန်ကျန်းရှီကတော့ ပစ်မှတ်ကို ထိပြီးတဲ့နောက်မှာ နောက်ကို ပြန်ဆုတ်လာရင်း မီးမြေခွေးပြာရဲ့ လှုပ်ရှားမှုကို ကြည့်နေတော့တယ်။

ဓားမြောင်ဟာ မီးမြေခွေးပြာရဲ့ လည်ပင်းကနေ ပြန်ကန်ထွက်လာချိန်မှာတော့ သွေးတွေဟာလည်း တလဟော စီးဆင်းလာတော့တယ်။ မီးမြေခွေးပြာရဲ့ မုန်တီးနာကျဉ်းနေတဲ့ မျက်လုံးတွေဟာတော့ အကြင်နာမဲ့တဲ့ လူသားတွေ အကုန်လုံးကို သတ်ဖြတ်ပြစ်ချင်ဟန် အထင်းသားပေါ်နေတော့တယ်။

ဘယ်လောက်တောင် သနားစရာကောင်းပါလိမ့်။

ကျန်းယန်ဖိန်ရဲ့နောက်ကို ဖန်ကျန်းရှီပြန်လာပြီးချိန်မှာတော့ မီးမြေခွေးပြာရဲ့လက်သည်းဒဏ်ကြောင့် ဒဏ်ရာရသွားတဲ့ ကျန်းယန်ဖိန်လက်မောင်းကနေလည်း သွေးတွေ ပန်းထွက်လာတော့တယ်။

“ဘုန်းးး။” “ဘုန်း”။

အသံနှစ်သံဟာ တစ်ပြိုင်နက်နီးပါးလောက်ထွက်ပေါ်လာတော့တယ်။ တစ်သံကတော့ ကျန်းယန်ဖိန်မြေပြင်ပေါ်ကို လဲပြိုသံဖြစ်ပြီး နောက်တစ်သံကတော့မီးမြေခွေးပြာကြီး လဲကျသံဖြစ်တယ်။

မီးမြေခွေးပြာကြီးရဲ့ အပြာရောင်ဖျော့ဖျော့မျက်လုံးတွေကတော့ ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။ အနည်းဆုံးတော့ ဒီကလေးကို တစ်ချက်လောက် ရိုက်ချင်နေဟန်ပါပဲ၊ ။ ဖန်ကျန်းရှီက သားရဲကြီးရဲ့ လက်သည်းတွေနဲ့လက်ကို သူ့ပခုံးပေါ်ခပ်ဖွဖွလေးတင်ပေးလိုက်ချိန်မှာတော့ နှစ်ခြိုက်တဲ့ အရိပ်အယောင်တွေ မီးမြေခွေးပြာကြီးရဲ့ မျက်ဝန်းတွေမှာပေါ်လာတော့တယ်။ မကြာခင်မှာပဲ မျက်လုံးပြာပြာတွေဟာ မှိတ်ကျသွားပြီး လက်ဟာလည်း ပြုတ်ကျသွားတော့တယ်။

ဒါက ဘုရင်တစ်ပါးကိုလေးစားခြင်းပဲလေ။

“ခေါင်းဆောင်”

“ခေါင်းဆောင်”

လဲကျသွားတဲ့ကျန်းယန်ဖိန်ကို စိတ်ပူစွာနဲ့ မြောက်ရွာအမဲလိုက်သမားတွေက ဆေးပင်တွေစည်းပေးပြီး သွေးတိတ်အောင် လုပ်ပေးနေကြတယ်။

“ရတယ် ကိစ္စမရှိဘူး။” ကျန်းယန်ဖိန်က ဖုန်အလူးလူးနဲ့ကိုယ်ကို ဖုတ်ဖက်ခါ ထလိုက်ရင်းနဲ့ ဖန်ကျန်းရှီဆိကို လျှောက်လာတော့တယ်။

GOG Pdf2 | 100

“ကျန်းယန်ဖိန် ဒီ သခင်လေးကို ကျေးဇူးတင်ပါရစေ။ ကန်လင်းတောင်ရဲ့ အန္တရာယ်ကို ရှင်းလင်းဖယ်ရှားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”

“ဒါဆိုမီးမြေခွေးပြာက ကျွန်တော့် သားကောင်နော်” ဖန်ကျန်းရှီက သူ့ရှေ့က သားရဲဘုရင်ကြီးကိုကြည့်ရင်းပြောလိုက်တော့တယ်။ ဒီသားရဲကောင်ကြီးရဲ့ သားရေက အတော်လေး ဈေးကြီးတာကို သူသိတယ်လေ။

“ဟာ း ဟား ဒါပေါ့ ”

“ကောင်းပြီ အရေခွံပဲ ကျွန်တော်ယူမယ် ကျန်တာ ခင်ဗျားတို့ အတွက်ပဲ။” ဖန်ကျန်းရှီတွေးတာက ဒီ ကောင်ကြီးကို ရွာပြန်သယ်သွားရင် သူပင်ပန်ုးတာပဲ အဖတ်တင်မယ်လေ။ ဒါကြောင့် အရေခွံပဲ ယူမယ်ပေါ့။

“ကျေးဇူးတင်ပါတယ်။”ကျန်းယန်ဖိန်အမြင်ကတော့ မီးမြေခွေးပြာရဲ့ အသားတွေက ဈေးမရှိပေမယ့် ဒီကောင်ကြီးကို ရွာကို သယ်သွားရင်ရွာသူရွာသားတွေ အတွက် စိတ်လုံခြုံစေနိုင်တယ်ပေါ့။

“ကျွန်တော် ထပ်မေးချင်တာ ရှိသေးတယ်။ ဦးလေးတို့တွေကျောက်တုံးထောင်ချောက် ဝင်္ကပါနည်းကို အကုန်သိတာလား။” သူ့ရဲ့စိတ်ထဲမှာ အတော်လေး ဒွိဟဖြစ်နေတဲ့ အကြောင်းရင်းကို သူမေးလိုက်တာဖြစ်တယ်။

ဒုတိယတစ်ကြိမ်မြောက်ရွာအမဲလိုက်အဖွဲ့ ပေါ်လာတုန်ုးက လူနှစ်ဆယ်လုံး ထောင်ချောက်တွေကို ကောင်းကောင်းရှောင်နိုင်ကြတာ သူတွေ့လိုက်တယ်လေ။

ဒါကဖြစ်နိုင်လို့လား။

အပိုင်း (၄၃)ပြီး၏။

အပိုင်း (၄၄)

“ပဟေဠိကို အဖြေရှာခြင်း”

ကျန်းယန်ဖိန်နဲ့ အဖွဲ့သားတွေကတော့ တိတ်ဆိတ်သွားကြတော့တယ်။ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်းနဲ့သာ ဘယ်လို ဖြေရမလဲ မသိဖြစ်နေကြတော့တယ်။

ဖန်ကျန်းရှီကတော့ သူအတင်းအကျပ်မေးလိုက်ရင် စစ်မှန်တဲ့ အဖြေ မရနိုင်မှန်း သိတာကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေလိုက်တယ်။

မြောက်ရွာအမဲလိုက်အဖွဲ့သားတွေဟာတော့ မီးမြေခွေးပြာကိုသာ အရေခွံခွာနေကြတော့တယ်။ ဖန်ကျန်းရှီစိတ်ထဲမှာတော့ တိကျတဲ့ အဖြေတစ်ခုကိုတွက်ချက်နေမိတယ်။

“ဆရာလေး နာမည် ဘယ်လိုခေါ်လဲ။”

“ဖန်ကျန်းရှီ”

“ဖန်ကျန်းရှီ ရိုးသားမှုနဲ့ ဉာဏ်ပညာအတွက် နာမည်ပဲ။ ကောင်းလိုက်တဲ့နာမည်။ ဆရာလေး ကျန်းရှီက တကယ့်ကိုတော်တဲ့ တိုက်ခိုက်ရေးသမားအပြင် ဉာဏ်ရည်လည်း ထက်မြက်တယ်။” ကျန်းယန်ဖိန်က ချီးကျုးလိုက်ပြီး စကားကို ခဏ ရပ်လိုက်တော့တယ်။

“ဆရာလေး ကျန်းရှီက ကျွန်တော့် အသက်ကို ကယ်ခဲ့ရုံတင်မကဘူး။ မြောက်ရွာ အမဲလိုက်အဖွဲ့တစ်ခုလုံးကိုလည်း ကယ်ခဲ့တဲ့အတွက် ကျွန်တော် မကွယ်မဝှက်ဘဲ အမှန်အတိုင်းပြောပြပါမယ်။ မဟုတ်ရင် ကျွန်တော့်ကိုကျွန်တော် အပြစ်ရှိသလို ခံစားနေရတဲ့စိတ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ”

“အကြောင်းရင်းကတော့ ကျွန်တော်တို့ မြေပုံကို ရထားတာကြောင့်ပါ။” ကျန်းယန်ဖိန်က သူ့အိတ်ထဲကနေ ဝါကျင်ကျင် စာရွက်လေးတစ်ခုကို ထုတ်ရင်းနဲ့ ပြောလိုက်တော့တယ်။ အဲ့ဒီ့နောက် စာရွက်လေးကို ဖန်ကျန်းရှီဆီကို ကမ်းပေးလိုက်တယ်။

တကယ့်ကို သူဆွဲထားတဲ့ ကျောက်တုံး ဝင်္ကပါပဲ။

သူအချိန်ကုန်ခံပြီး အားစိုက်ထုတ်ခဲ့ရတာတွေ တကယ်ပဲ သူများလက်ထဲကို လွယ်လွယ်နဲ့ ကျရောက်သွားတာပါလား။

ဘယ်လောက်တောင်အရှက်မဲ့လိုက်ပါဘိ။

နုံချာ ညံ့ဖျင်းလိုက်တာ ။

တောင်ဘက်တောင်ရွာ အမဲလိုက်အဖွဲ့ကို ပေးထားတဲ့ ကျောက်တုံးနည်းလမ်းကို ဘယ်သူကများ ဒီလို သစ္စာဖောက်ပြီးပေးလိုက်တာလဲ။ ဝမ်အန်ဟွများလား။ သူ ပထမဆုံးပေးလိုက်တဲ့ လူကို စဉ်းစားမိပေမယ့် ဒီတာအိုခန်းမက ဆရာက ဘာလို့ဒီလို လုပ်မှာလဲ မဖြစ်နိုင်ဘူး။ နောက်ပြီး ဒီကိစ္စနောက်မှာ လျှိုု့ဝှက်ကြံစည်တာမျိုးလည်း ရှိနိုင်သေးတယ်။

စိတ်ဝင်စားစရာပဲ။

အာရုံစူးစိုက်ပြီး စဉ်းစားပြီးတဲ့နောက် မြောက်ရွာအမဲလိုက်သမားတွေ ခြုံပုတ်နောက်မှာ ပုန်းရင်း သူ့ကို တိုက်ခိုက်ဖို့ဦးတည်နေခဲ့တာကို သူသတိရသွားတယ်။ မီးမြေခွေးပြာပေါ်ထွက်လာချိန်မှာတော့ ရွာသားတွေက ထောင်ချောက်တွေကို ရှောင်ပြီးတော့တောင် တိုက်ခိုက်ခဲ့ကြသေးတယ်။ သူ ရုတ်တရက် လူတစ်ယောက်ကို တွေးမိသွားတော့တယ်။

“လီကျွမ်းစီလား။” သေချာသွားတာနဲ့ဖန်ကျန်းရှီက ထုတ်ပြောလိုက်တော့တယ်။ သေချာတယ် ဒီလူကလွဲပြီး တခြားဘယ်သူမှ ရွာအကျိုးနဲ့ ကိုယ့်ကောင်းကျိုးကို ရောထွေးပြစ်မှာမဟုတ်ဘူး။”

“ဆရာလေး ကျန်းရှီ ဒီလောက်မြန်မြန် ခန့်မှန်းနိုင်မယ်လို့ ကျွန်တော် ကျွန်တော် မတွေးမိဘူး။ တကယ်ပဲ လီကျွမ်းစီ လာပေးခဲ့တာ။”

တစ်ချက်တည်းနဲ့ ခန့်မှန်းနိုင်တာ မတော်ဘူးလား။ ကျန်းယန်ဖိန်ကတော့ ဖန်ကျန်းရှီကို အတော်လေး အထင်ကြီးလေးစားသွားတော့တယ်။ ဒီလို သန်မာလွန်းတဲ့ ခွန်အားတွေနဲ့ ထက်မြက်လွန်းတဲ့ ဉာဏ်ရည်တွေက သူတို့မြောက်ရွာ အတွက်တော့ အိမ်မက်ဆိုးတစ်ခု ဖြစ်လာမှာ အမှန်ပဲ။

အရင်တုန်းက ကျန်းယန်ဖိန် လီကျွမ်းစီနဲ့တွေ့တဲ့ အချိန်တုန်းက သူထင်ခဲ့တာ ကျောက်တုံး ဝင်္ကပါ ထောင်ချောက်ပုံကို ပေးပြီး ရန်ပြငြိမ်းချင်တယ်လို့ တွေးမိခဲ့တာ အခုတော့ ဒါ့ထက် ပို နက်ရှိုင်းတဲ့ အြခေအနေ တစ်ခု ရှိနေတယ်ဆိုတာ သူ သဘောပေါက်သွားတယ်။

သူတွေးမိတာက မြောက်ရွာကို ပြန်ရောက်တဲ့ အချိန်ကျရင် မြောက်ရွာသူကြီးကို တောင်ရွာသူကြီးနဲ့ တွေ့ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ပြောစေရမယ်လို့။

ရည်ရွယ်ချက်တစ်ခုပဲရှိတယ်။

ငြိမ်းချမ်းဖို့။

“ကျွန်တော် အကူအည်ီ တစ်ခုတောင်းဆိုပါရစေ။ ” ဖန်ကျန်းရှီက ကျန်းယန်ဖိန်ပြောစကားတွေကို နားထောင်ပြီးတဲ့နောက်မှာ ပြောလိုက်တယ်။

“ဆရာလေး ပြောပါ။”

“ကျွန်တော်နဲ့ အတူ တောင်ရွာကို လိုက်ခဲ့ပြီး လီကျွမ်းစီက မြေပုံကို ပေးခဲ့တယ်ဆိုတာ သက်သေခံပေးပါ။” အခုချိန်မှာ လီကျွမ်းစီရဲ့ နေရာနဲ့ဆိုရင် တောင်ဘက်တောင်ရွာသူကြီးက သူပြောတာကို ယုံကြည်မှာ မဟုတ်ဘူးလေ။

ကျန်းယန်ဖိန်ကတော့ ြငိမ်းချမ်းရေးယူဖို့ ကိစ္စကို တွေးလိုက်ပြီး လိုက်ခဲ့ဖို့ သဘောတူလိုက်တော့တယ်။

မြောက်ရွာအမဲလိုက်အဖွဲ့က တကယ့်ကို အရည်အချင်း ပြည့်ဝတယ်။ ဒီလို အချိန် အနည်းငယ်လေးမှာပဲ မီးမြေခွေးပြာကို အရေဆုတ်တာ ပြီးသွားခဲ့ပြီဖြစ်တယ်။

ဖန်ကျန်းရှီကတော့ အရေခွံကြီးကို သူ့ခြင်းတောင်းကြီးထဲထဲ့ပြီး တောင်ဘက်တောင်ရွာဆီကို ဦးတည်သွားတော့တယ်။

လျင်လျင်မြန်မြန်နဲ့ပဲ တောင်ဘက်တောင်ရွာကို ရောက်ရှိသွားတော့တယ်။

ဒီနေ့ ဖန်ကျန်းရှီက တောင်ပေါ်ကို တိတ်တိတ်လေး တက်လာခဲ့တာဖြစ်တယ်။ အဲ့ဒီ့နောက် ရွာပြန်ရောက်ချိန်မှာတော့ ရွာသူကြီး မုန့်ရဲ့ အိမ်ကို တန်းတန်းမတ်မတ်သွားတော့တယ်။

ရွာသူကြီးမုန့်ကတော့ ကုလားထိုင်ပေါ်ထိုင်ရင်း ဆေးတံကြီးကို ခဲကာ ဇိမ်ယူနေတာ ဖြစ်တယ်။ ဖန်ကျန်းရှီ နဲ့ ကျန်းယန်ဖိန် ဝင်လာချိန်မှာတော့ ချက်ချင်းထရပ်လိုက်တော့တယ်။

“မြောက်ရွာက ယန်ဖိန်ပါလား။ ငါတို့ရွာကို မျက်စိလည်ပြီးရောက်လာတာလား။ မိန်းမရေ ဧည့်သည် လာတယ် ရေနွေးပြင်လိုက်။” ရွာသူကြီးမုန့်က မြောက်ရွာက လူတွေကို အတော်များများသိတယ်လေ။ နောက်ပြီး သူ့ရှေ့က ဒီ လူကြီးက နောင်တစ်ချိန်မှာ မြောက်ရွာသူကြီးဖြစ်လာနိုင်တဲ့ သူမို့ ဧည့်ဝတ်ပျုငှာနေတာဖြစ်တယ်။

ဒါပေမယ့် ဖန်ကျန်းရှီ အပေါ်ကို ဆက်ဆံပုံကတော့ အတော်လေးကို ကွာခြားပါတယ်။ မကြာခင် အချိန်မှာပဲ ရေနွေးကြမ်း ဟာ ရောက်လာတော့်တယ်။ဖန်ကျန်းရှီရဲ့ စားပွဲရှေ့မှာ ဘာမှ မချပေးထားတာကို မြင်တော့ ကျန်းယန်ဖိန်က သူ့ရှေ့က ရေနွေးကြမ်းခွက်ကို မသောက်ရဲဘူး ဖြစ်နေတယ်။ သူတကယ်ပဲ နားမလည်နိုင်ဘူး။ ဒီလောက် အလားအလာရှိပြီးတော်တဲ့ လူတော်တစ်ယောက်ကို ရွာက လေးစားသင့်တာကို အခုတော့ သာမာန်လူတစ်ယောက်လိုမျိုး ရေနွေးကြမ်းနဲ့တောင် ဧည့်မခံပဲ ထားထားပါလား။

“ဆရာလေး ကျန်းရှီ ကျေးဇူးပြုပြီး သုံးဆောင်ပါ။ ” ကျန်းယန်ဖိန်က လက်နှစ်ဖက်ကို ယှက်လိုက်ပြီ ရေနွေးခွက်ကို ပေးလိုက်တယ်။

ရွာသူကြီး မုန့်ကတော့ အံ့သြသွားပေမယ့် ဖန်ကျန်းရှီနဲ့ ကျန်ယန်ဖိန် အတူလာတာကို သတိရသွားတယ်။

“ဒီကလေးက ယန်ဖိန်ကို ခေါ်လာတာလား။ ကိစ္စမရှိဘူး သူ့ကို လျစ်လျုရှုလိုက် ။ ရေနွေးက ဧည့်သည်တွေ အတွက်ပဲ” ကျန်းယန်ဖိန် စိတ်ထဲမှာတော့ ဒေါသ အနည်းငယ်ထွက်သွားတယ်။ သူလေးစားတာက အသက်အရွယ်နဲ့ နေရာကြောင့် မဟုတ်ဘူး။ ပညာဉာဏ်နဲ့ ခွန်အားကိုပဲ။ ဆရာလေး ကျန်းရှီက ရေနွေးနဲ့ ဧည့်ခံဖို့ မတန်ရင် သူကကော ဒီရေနွေးကို သောက်ဖို့ တန်မလား။

“ကောင်းပြီလေ။ ဆရာလေး ကျန်းရှီ မသောက်ရဘူးဆိုတော့ ကျုပ်လည်း မသောက်တော့ဘူး။” ပြောရင်း ဆိုရင်းနဲ့ ရေနွေးတွေကို သွန်ချလိုက်တယ်။

ရွာသူကြီးမုန့်ကတော့ သူက အကောင်းဆုံး ဧည့်ခံနေတာတောင် ဒီလိုမျိုးပြုမူရသလား နယ်မြေ သားကောင်ရှာဖွေရေးကို မကျေနပ်လို့ ပြဿနာရှာချင်တာလား။

“ယန်ဖိန် မင်းလာရင်းကိစ္စကို ဆိုပါအုန်း”

“ကောင်းပြီ။ ဒီကို ကျုပ်ရောက်လာရတဲ့ အကြောင်းအရင်းကတော့ ဆရာလေး ကျန်းရှီကို ကူညီပြီး လီကျွမ်းစီက မြေပုံခိုးပေးတာကို သက်သေခံဖို့ လာရတာပဲ။” ကျန်းယန်ဖိန်က မြေပုံစာရွက်ကို ကမ်းပေးလိုက်ရင်း ဒါက လွဲပြီး ထပ်မပြောတော့ပါဘူး။

အပိုင်း (၄၄)ပြီး၏။

(ကျန်းရှီ 正直 ဟာ တရုတ် အဓိပ္မာယ်မှာတော့ ရိုးသားမှုနဲ့ ဖြောင့်မတ် မှန်ကန်မှုပဲ ဖြစ်ပါတယ်။)

အပိုင်း(၄၅)

“ပုဂိုလ်ရေး စမ်းသပ်ချက်”

ဒီအချိန်မှာတော့ ရွာသူကြီးက တော်တော်လေးကို စိတ်ညစ်သွားတယ်။ သူ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား လီကျွမ်းစီက ကျောက်တုံးဝင်္ကပါစာရွက်ကို မြောက်ရွာကို ဘာကြောင့်ပေးလဲဆိုတာ တွေးမရဘူး။ နောက်ပြီး တောင်ရွာရဲ့ အကြီးမားဆုံး ကောင်းကျိုးကို ဖျက်ဆီးချင်တာလား။ တင်းချင်းရှန်းရဲ့ အတွေ့အကြုံ နဲဆို အမဲလိုက်အဖွဲ့နယ်မြေကလည်း ကျယ်ပြန့်လာတော့မှာ လေ။ ဘာရည်ရွယ်ချက်နဲ့ ပေးရတာလဲ။

ကျန်းယန်ဖိန်ကများ လီကျွမ်းစီကို ချောက်တွန်းချင်တာလား။ နောက်ပြီး ဖန်ကျန်းရှီနဲ့ပေါင်းပြီး ဉာဏ်ဆင်နေတာများ ဖြစ်နိုင်မလား။ မီးခိုးကြွက်လျှောက်တွေးရင်း အတွေးမဆုံးနိုင်တော့ဘူး။

“ယန်ဖိန် ရှင်းပြပါအုန်း” ရွာသူကြီးမုန့်က ဝင်္ကပါမြေပုံကို ကြည့်ရင်းပြောလိုက်တော့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီမြေပုံက အစစ်ဖြစ်နေတာကြောင့်ပဲ။ ကျန်းယန်ဖိန်ကတော့ ရွာသူကြီးမေးလာတာနဲ့ တစ်ပြိုင်နက် အဖြစ်မှန်တွေကို မချွင်းမချန်ပြောပြတော့တယ်။ ဖန်ကျန်းရှီ ကို အငိုက်ဖမ်းပြီး တိုက်ခိုက်တဲ့ အကြောင်းကိုလည်း ပြောပြခဲ့တယ်။

“ဒါဆို မင်းက တကယ့်ကိုပဲ ဖန်ကျန်းရှီကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာပေါ့” ရွာသူကြီးမုန့်က မယုံမရဲနဲ့ ပြောလိုက်တော့တယ်။ “ ဟုတ်တယ်” ဘေးမှာထိုင်နေတဲ့ ဖန်ကျန်းရှီကို အပြစ်မကင်းတဲံ စိတ်နဲ့ ကြည့်ရင်းပြောလိုက်တော့တယ်။ ရွာသူကြီးမုန့်ကတော့ ထပ်မပြောတော့ပါဘူး။ ဆေးတံကြီးကိုသာ လက်တွေ ဖြူဖျော့ပြီး သွေးရောင်ပျောက်တဲ့ အထိ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင် ထားတော့တယ်။

လီကျွမ်းစီ………

မင်းဘာကြောင့် ဒီလို လုပ်ရတာလဲ။

“ မိန်းမရေ လီကျွမ်းစီနဲ့ အဒေါ်လီကို သွားခေါ်လာခဲ့ ။ နောက်ပြီး ဖန်မိသားစုကိုပါခေါ်လာခဲ့ ဘယ်သူမှမသိစေနဲ့ ဒီအကြောင်းကို”

ဖန်ကျန်းရှီကတော့ ရွာသူကြီးက သူ့မိဘတွေကို ခေါ်ခိုင်းလိုက်တာကြောင့် ဆိုးဝါးတဲ့ အကြောင်းရင်းတွေ ဖြစ်မလာနိုင်တော့ဘူးလို့ တွေးမိလိုက်တယ်။ ဒါကြောင့် ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာနဲ့သာ ထိုင်နေတော့တယ်။ ကျန်းယန်ဖိန်ကတော့ လီကျွမ်းစီ အလာကိုသာ သက်တောင့်သက်သာနဲ့ စောင့်နေတော့တယ်။

…………….

သိပ်မကြာခင်မှာပဲ ဖန်ဟို့ဒဲက သူ့မိန်းမ ချီရှင်းလိန်နဲ့ အတူ ရောက်လာတော့တယ်။ ထိုင်ခုံပေါ်မှာ အိပ်ပျော်လုနီးပါးဖြစ်နေတဲ့ သူ့သားလေးနဲ့ ဘေးနားမှာထိုင်နေတဲ့ ကျန်းယန်ဖိန်ကို ကြည့်ရင်း ချီရှင်းလိန် မျက်လုံးပြူးသွားပြီးအော်တော့တယ်။

“ရွာသူကြီးရယ် ကျန်းရှီက ငယ်လွန်းပါသေးတယ်။ ပြဿနာဖြစ်ရင် ကျွန်မတို့ တာဝန်ယူပါမယ်။”

ဆေးတံဖွာနေတဲ့ ရွာသူကြီးကတော။ “ဖန်ကတော် ထိုင်ပါအုန်း ။ ”

“အကို ယန်ဖိန် ကျွန်တော့် သားလေးက အကိုအပေါ် အမှားကျူးလွန်မိရင်တောင်းပန်ပါတယ်” ဖန်ဟို့ဒဲက အရင်ဆုံးတောင်းပန်လိုက်တယ် ။

“ဆရာလေး ကျန်းရှီက ညီလေး ဖန်ရဲ့ သားလား။” ကျန်းယန်ဖိန်က ဖန်ဟို့ဒဲကို တောင်ရွာရဲ့ အတော်ဆုံးအမဲလိုက်သမား အဖြစ် သိခဲ့တာ မီးမြေခွေးပြာကြောင့် လက်တစ်ဖက် မဆုံးရှုံးခင်ကပေါ့။

“ဟို့ဒဲ မင်းက တကယ့်ကို သားကောင်းရတနာ မွေးထားတာပဲ။” ကျန်းယန်ဖိန်က ပြောလိုက်တော့တယ်။ သူက အပြင်လူဆိုတော့ အများကြီး ချီးကျုးရင် တောင်ရွာ က လူတွေ တစ်မျိုုးထင်ကုန်လိမ့်မယ်။ ဒါကြောင့် ပြောသင့်တာတွေကိုပဲ အဓိက ပြောပြလိုက်တော့ ပထမဆုံး တုံ့ပြန်တာက ချီရှင်းလိန်ပဲဖြစ်တယ်။

“ငါ့သားကို လီကျွမ်းစီက တစ်ဖက်လှည့်နဲ့ လုပ်ကြံတယ်၊” သူ့သားဆွဲထားတဲ့ ကျောက်တုံးဝင်္ကပါကို သုံးပြီးတော့ ချောက်တွန်းတယ်။ ဒေါသကြောင့် မျက်ရည်တွေ ကျလာတော့တယ်။

“ ဖန်ကတော် စိတ်ထိန်းပါ။ လီကျွမ်းစီက ငါတို့ရွာရဲ့ မျှော်လင့်ချက်ပဲ ဒီလို လက်လွတ်စပယ် မပြောသင့်ဘူး။” ရွာသူကြီးမုန့်တွေးမိတာက လီကျွမ်းစီက သူတို့ရွာမှာ စစ်သူကြီးလီ ဂရုပြုတာကို ခံရတဲ့သူ တောင်ရွာရဲ့ အနာဂတ် ဒီကိစ္စသာ အပြင်ကို ပျံ့သွားရင် အခြေအနေတွေ ပြောင်းလဲကုန်လိမ့်မယ်။

၁၅ မိနစ်ခန့်ကြာပြီးနောက်မှာတော့ လီကျွမ်းစီနဲ့ အဒေါ်လီ ရှေ့ဆင့်နောက်ဆင့် ရောက် လာတော့တယ်။ အဒေါ်လီရဲ့ ပုံစံကတော့ သိပ်ပြီး မူမမှန်လှပါဘူး။ လီကျွမ်းစီကတော့ တာအို ခန်းမမှာ စာသင်နေရင်းကနေ ထွက်လာရတာကြောင့် သူ့စာသင်ချိန်တွေ ဆုံးရှုံးကုန်တာကို မကျေမနပ်ဖြစ်နေပါတယ် ။ ဒါပေမယ့် ရွာသူကြီးမုန့် လက်ထဲက စာရွက်နဲ့ ကျန်းယန်ဖိန်ကို မြင်လိုက်ရတာကြောင့် အဒေါ်လီ မျက်နှာဟာတော့ ပြောင်းလဲသွားတော့တယ်။

“ရွာသူကြီးမုန့် ကျွန်မတို့ က ရွာနှစ်ရွာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်တာပါ။ ”

“ပါးစပ်ပိတ်စမ်း” လီကျွမ်းစီက သူ့ရဲ့ အစီအစဉ်တွေပျက်သွားမှာစိုးးရီမ်တဲ့ အတွက် လှမ်းအော်လိုက်တယ်။ ဒီအချိန်မှာ သူ စီစဉ်ထားတဲ့ အတိုင်း ဖြစ်လာဖို့ အချိန်ကျပြီလေ။

ရွာသူကြီးမုန့်ကတော့ ဒီနေရာမှာ တခြားသူသာဆိုရင် ရွာကွင်းပြင်မှာ အပြစ်ပေးပြီး ရွာကနေ နှင်ထုတ်ပြစ်မှာ အခုကတော့ လီကျွမ်းစီ ဖြစ်နေတာကြောင့် သူ အတော်လေး စဉ်းစားနေရတယ်။ ရွာရဲ့ မျှော်လင့်ချက်ကို ဒီလိုလုပ်လို့တော့ မဖြစ်ဘူးလေ။

တခြားတစ်ဖက်က စောင့်ဆိုင်းနေရတဲ့ ချီရှင်းလိန်ကတော့ လုံးဝကို စိတ်မရှည်တော့ပါဘူး။

သူ့ရဲ့ သားငယ်လေးကို ဒီလိုမျိုး တစ်ဖက်လှည့်နဲ့ လုပ်ကြံတာဟာ အတော်လေးကို ရွံရှာဖွယ်ကောင်းတယ်။

“လီကျွမ်းစီ ရှင်က မြောက်ရွာအမဲလိုက်အဖွဲ့ကို ကိုယ်ကျိုးကို ကြည့်ပြီး ဝင်္ကပါမြေပုံပေးတယ်။ ကျန်းရှီကို လုပ်ကြံစေတယ်။ ဒီကိစ္စကို တောင်ရွာ တစ်ခုလုံးရှေ့မှာ ဖော်ထုတ်ပြစ်ပြီးရှင့်ကို အပြစ်ခံစားရအောင် လုပ်မယ်။” ချီရှင်းလိန်ရဲ့ လေသံဟာ ဓားသွားတစ်မျှ အေးစက်နေတော့တယ်။

အပိုင်း (၄၅)ပြီး၏။

အပိုင်း (၄၆)

“ဖခင် ပီသစွာ”

လီကျွမ်းစီရဲ့ မျက်နှာ အမူအယာဟာ ပြောင်းလဲသွားပြန်တယ်။

ချီရှင်းလိန်ပြောလိုက်သလိုမျိုး သူ့ကို ရွာကနေ နှင်ထုတ်နိုင်တယ်လေ။

“ ရွာသူကြီး ခင်ဗျား ကျွန်တော် မြောက်ရွာက ပေးတဲ့ ငွေစတွေကို ကြောင့် မြေပုံကို ရောင်းချမိခဲ့ပါတယ်။ နောက်ပြီး ကျွန်တော် လုပ်ကြံတာမျိုးကိုတော့ မခိုင်းရပါဘူး ။ ရွာငြိမ်းချမ်းရေးအတွက်ပဲ စဉ်းစားပြီးလုပ်တာပါ။” လီကျွမ်းစီက ပညာသားပါပါနဲ့ လိမ်လည်တော့တယ်။ “ဟွန့် ဒါဆို ငါ့သား ကျန်းရှီကပဲ နင့်ကို ချောက်တွန်းတာပေါ့။”

ချီရှင်းလိန်က ထအော်လိုက်တော့တယ်။ ဒီလို အရေထူတဲ့ လူမျိုးတစ်သက်နဲ့ တစ်ကိုယ် မကြုံဖူးဘူးဖြစ်တယ်။

ရွာသူကြီးမုန့်ကတော့ ဘာမှ ဝင်မပြောဘဲ ဆိတ်ဆိတ်သာ နေနေတော့တယ်။

တစ်ဖက်တည်းကို ဦးစားပေးပြီး စဉ်းစားတာက အကောင်းဆုံးဖြစ်မယ်လို့ သူတွေးမိတာကြောင့်ပဲ ဖြစ်တယ် ။

ရွာသူကြီးမုန့်က ဘာမှ ဝင်မပြောဘူး

။ ဒါဆို မျှော်လင့်ချက်ရှိသေးတယ်။ မျှော်လင့်ချက်ရှိသေးတယ်။

လီကျွမ်းစီက ဆက်ပြောတော့တယ်။

“ရွာသူကြီးမုန့် ခင်ဗျား ကျွန်တော်လေ မြောက်ရွာကို မယုံကြည်ခဲ့သင့်ပါဘူး။ နတ်ဆိုးကျောင်းတော်က ကျွန်တော်တို့ မိသားစုကို အခွင့်အရေးပေးပြီး တာအိုခန်းမမှာ ပညာ သင်ခိုင်းပေမယ့် ပညာသင် စရိတ်တွေက ကြီးမြင့်လွန်းတယ်။ ကျွန်တော်တို့ မိသားစု က စာအုပ်ဖိုး အတွက် မတတ်သာလို့ ဒီလို လုပ်ခဲ့ရတာပါ။ ကျွန်တော် ကြိုးကြိုးစားစား သင်ယူပြီး တာအိုနိယာမ စာမေးပွဲကို အောင်မြင်သွားရင် ရွာဂုဏ်တက်မှာကို ဒီလူတွေက မနာလို မရှုစိမ့် ဖြစ်နေကြတာပါ။”

လီကျွမ်းစီက သံကို ပူနေတဲ့ အချိန် ပုံသွင်း သလိုမျိုး သူ့အကွက်ထဲ ဝင်အောင် ကျုံးသွင်းနေပါတော့တယ်။ တာအိုနိယာမ စာမေးပွဲနဲ့ ရွာဂုဏ်တွေဟာ ရွာသူကြီးမုန့်ရဲ့ အားနည်းချက်တွေပဲလေ။ ရွာသူကြီးကတော့ သူ့ကို လုံး၀ ရွာအပြင်ထုတ်မှာ မဟုတ်ဘူး။

“မင်းတို့ အကုန် ပါးစပ်ပိတ်ကြ။ မိန်းမ တံခါးကို သေချာပိတ်လိုက်” ရွာသူကြီးမုန့်က ဆက်နားမထောင်တော့ပဲ။ လီကျွမ်းစီကို ကြည့်ရင်း ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင်လိုက်တော့တယ်။

…

သိပ်ပြီး မကြီးလှတဲ့ ကျောက်တုံးအိမ်ထဲမှာ ထိုင်နေသူတွေရဲ့ မျက်နှာ အမူအယာကတော့ အတော်လေး ကွာခြားလှပါတယ်။

အခန်းထဲက လေထုကတော့ စိတ်ညစ်ညူးဖွယ်ရာအတိဖြစ်နေတယ်။

ရွာသူကြီးမုန့်တော့ ဖန်မိသားစုကို ပါးစပ်ပိတ်ခိုင်း ထားဖို့ဆုံးဖြတ်လိုက်တော့တယ်။ ဒါပေမယ့် ပြန်တွေးကြည့်ရင် ချီရှင်းလိန်လို ဆတ်ဆတ်ထိမခံပုံမျိုးနဲ့ဆို ဖြစ်မှာမဟုတ် ။

နောက်ပြီး မီးပွားဆိုတာလည်း မီးတောက်ကြီးကို ဖြစ်စေနိုင်တယ်။

သူတို့ မပြောရင်တောင် မြောက်ရွာက လူတွေက ပြောမရဘူး။

ဒါ ဒါက မဖြစ်နိုင်ဘူး ။

လီကျွမ်းစီဆိုတာ နတ်ဆိုးကျောင်းတော်ကတောင် ဂုဏ်ပြုထားတဲ့ သူပဲ။

ဒါ့အပြင် တာအိုခန်းမက စာသင်သား နောက်ပြီး နတ်ဆိုးကျောင်းတော်က မမလေးကလည်း လီဟူအာကို မေးခွန်းမေးဖူးတယ်။ ဒီလိုဆိုတော့ နတ်ဆိုးကျောင်းတော်က လီမိသားစုကို မျက်နှာသာပေးတယ်လို့ပြောရမှာပဲ။

ဖန်မိသားစုကတော့ နတ်ဆိုးကျောင်းတော်ကလည်း မသိဘူး။ တောင်ဘက်တောင်ရွာကိုလည်း ဂုဏ်တက်အောင် မလုပ်ပေးနိုင်ဘူး။

ရွာသူကြီးမုန့်ပိုင် တွေးရင်းတွေးရင်းနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တော့တယ်။

ဖန်မိသားစုကို ရွာပြင်ထုတ်မယ်။

ဒီအတွေးကို တွေးမိလိုက်တော့ ရွာသူကြီးမုန့် ရဲ့ စိတ်ထဲမှာ အားနာစိတ်တွေ အပြစ်မကင်းစိတ်တွေ ပြည့်နှက်သွားတော့တယ်။

ဖန်ဟို့ဒဲက ရွာအတွက် အများကြီးပေးဆပ်ခဲ့တယ်။ ဖန်ကျန်းရှီကလည်း အမဲလိုက်အဖွဲ့အတွက် အကောင်းဆုံး နည်းဗျူဟာတွေ ဆွဲပေးခဲ့တယ်။ ဒီလိုမျိုး ဆုံးဖြတ်တာကတော့ မတရားရာ ကျလိမ့်မယ်။

ရွာသူကြီးမုန့်မှာတော့ သက်ပြင်းချလိုက်ရင်း အသက်ဆယ်နှစ်လောက် ပိုကြီးသွားပြီးတော့ တောင်ဆယ်လုံးလောက် ထမ်းထားသလို ခံစားလိုက်ရတယ်။

စောင့်ဆိုင်းနေရတာ စိတ်မရှည်တော့တဲ့ ရှင်းလိန်ကတော့

“ လီကျွမ်းစီ လုပ်ကြံတာ အသိသာကြီးကို ဘာတွေ တွေဝေနေအုန်းမှာလည်း နောက်ပြီး ဒီလူပြောတာတွေ အကုန်လုံးကို လက်မခံနိုင်ဘူး။ ” “လက်မခံနိုင်ဘူး ” “လက်မခံနိုင်ဘူး” သူမရဲ့ အသံဟာ ပဲ့တင့်ထပ်နေတော့တယ်။

အဒေါ်လီကတော့ လက်ကိုင်ပဝါနဲ့ ပါးစပ်ကို အုပ်ကာပြုံးလိုက်ပြီးတော့မှ လီကျွမ်းစီကို မျက်နှာမူပြီး လှမ်းပြောလိုက်တယ်။

“ရှင့်ကို ဒါကြောင့် ပြောတာပေ့ါ တာအိုစာမေးပွဲ မဖြေပါနဲ့ ဆိုတာ အခုတော့ မနာလိုတဲ့သူ ချောက်ချတာ ခံရပြီမလား။”

“အကုန်လုံး ကျွန်မ အမှားတွေပါ အစတည်းက ကျွမ်းစီကို တာအိုခန်းမမှာ သင်ယူဖို့ မပို့်သင့်တာ အခုတော့ စာအုပ်ဖိုးတွေ မှင်ဖိုးတွေကို ရှာဖို့ အမှားကျုးလွန်မိတာ ဖြစ်သွားပြီ။”

အဒေါ်လီက နည်းလမ်းပြောင်းပြီး ရွာသူကြီးမုန့် စိတ်ယိုင်အောင်လုပ်ဖို့ ကြိုးစားနေတယ်။

တစ်ဖက်မှာက ရွာအနာဂတ် တစ်ဖက်မှာက ရွာကိုအကျိုးပြုတဲ့ ဖန်မိသားစု။

“ဖန်မိသားစုကို ရွာတစ်ရွာလုံးကိုယ်စား ငါတောင်းပန်ပ်ါတယ်။ ရွာရဲ့ မျှော်လင့်ချက်ကိုတော့ အဆုံးရှုံးမခံနိုင်တဲ့ အတွက်ပါ။”

ရွာသူကြီးမုန့်က ဒူးထောက်လိုက်တော့တယ်။

လီကျွမ်းစီကတော့ သူ့ အကြံအောင်မြင်သွားတဲ့အတွက် အတော်လေး ပျော်ရွှင်ေနေတော့တယ်။

အဒေါ်လီက သူ သရုပ်ဆောင်နေတာကို ရပ်လိုက်ပြီး ကြက်သေသေ ကြတဲ့ ဖန်ဟို့ဒဲနဲ့ ချီရှင်းလိန်ကို ကြည့်နေတယ်။

ဖန်မိသားစုက်တော့ ရွာသူကြီးမုန့်ရဲ့ထူးခြားတဲ့ အပြုအမူကြောင့် လန့်သွားကြပေမယ့် ဖန်ကျန်းရှီကတော့ သတိမလွတ်ပါဘူး။

“ဖေဖေ နဲ့ မေမေ ပြန်ရအောင်”

“ကျန်းရှီ ပြန်ရအောင် ”

ချီရှင်းလိန်က ဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ကိုသာ စိတ်လောနေတော့တယ်။ သူ့သားလေးက ၇နှစ်သားပဲ ရှိသေးတယ်လေ လူမသမာတွေနဲ့ ကြုံဖို့ အချိန်မတန်သေးဘူး။

“ ရွာသူကြီး” ဖန်ဟို့ဒဲက အော်လိုက်တယ်။ သူ ဒီရွာအတွက် အများကြီးပေးဆပ်ခဲ့ပေမယ့် ပြန်ရတာကတော့…….။

စွပ်စွဲခံရမှုတဲ့လား။

“ဖန်ကျန်းရှီဟာ မြောက်ရွာက လီကျွမ်းစီနဲ့ ပူးပေါင်းပြီး ရွာရဲ့ မျှော်လင့်ချက် ဖြစ်တဲ့ လီကျွမ်းစီကို ချောက်တွန်းခဲ့တယ်။ ဖန်မိသားစု ရွာကနေ ထွက်သွား။”

“ဖန်မိသားစု ရွာကနေ ထွက်သွား။”

“ဖန်မိသားစု ရွာကနေ ထွက်သွား။”

ရွာသူကြီးမုန့်ရဲ့ အသံတွေဟာ ဖန်ဟို့ဒဲရဲ့ နားထဲမှာ ပဲ့တင့် ထပ်နေတော့တယ်။

သူ့ရဲ့ လမ်းလျှောက်တုတ်ကို ကိုင်ထားတဲ့ လက်တွေဟာ တဆတ်ဆတ် တုန်ယင်နေတာ့တယ်။

“ဟား ဟား လီကျွမ်းစီ ဒီနေ့ မင်းကို တောင်ဘက်တောင်ရွာကနေ ကာကွယ်ပေးတားတယ်။

ဒါပေမယ့် ငါ ဖန်ဟို့ဒဲကတော့မင်းကို ဆက်ဆက် လက်စားချေမယ်။” ဖန်ဟို့ဒဲရဲ့ အသံဟာ ကျယ်လောင်လာတော့တယ်။

သူ့ရဲ့ အကြည့်တွေဟာလည်း လီကျွမ်းစီကို မုန်းတီး နာကျဥ်းမှုတွေ အထင်းသား ပေါ်လွင်နေခဲ့တယ်။

သူက ဒီလောက်တောင် လှည့်စားရလွယ်တဲ့သူလား ။ ဘယ်လိုတောင်ကြီးမားလှတဲ့ အရှက်ရမှုမျိုးလည်း ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်သားလေးရဲ့ ဂုဏ်သိက္ခာိကိုတောင် မကာကွယ်နိုင်တာ ဘယ်လိုအဖေမျိုးလဲ။

သူ့သားလေးမမှားတာ သူသိတယ်။ မှားခဲ့၇င်တောင် ဖအေတစ်ယောက်အနေနဲ့ သားကို ကာကွယ်ရမယ့် တာဝန်ရှိတယ်။

ဘာကြောင့်လဲဆိုရင်…

သူက ဖန်ကျန်းရှီရဲ့ အဖေမို့ပဲ။

“မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ။”

လက်မောင်းတစ်ဖက်မရှိတဲ့အပြင် ခြေထောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့ လူက ရွာရဲ့ အသန်မာဆုံး လီကျွမ်းစီကို ယှဉ်မယ်တဲ့လား။

လီကျွမ်းစီရဲ့ လက်သီးချက် ဖန်ဟို့ဒဲဆီကို ကျရောက်တော့မယ့် အချိန်မှာ ပုံရိပ်တစ်ခုက ဖန်ဟို့ဒဲရှေ့မှာ ကာဆီးလိုက်ပြီး ကျရောက်လာတဲ့ လက်သီးချက်ကို ရင်ဆိုင်လိုက်တယ်။

လက်သီးကြီးနဲ့ လက်သီးသေးသေးလေးတစ်လုံး ထိပ်တိုက်တွေ့သွားချိန်မှာတော့……။

အပိုင်း (၄၆)ပြီး၏။

အပိုင်း(၄၇)

“ အမိုက်မဲဆုံး ဆုံးဖြတ်ချက်”

“ဒုန်း”

ပေါ်လာတဲ့ပုံရိပ်ဟာ လျင်မြန်လွန်းတာကြောင့် လီကျွမ်းစီတောင် ဘယ်သူဆိုတာ လက်သီးချင်း မတွေ့ခင်အထိ မသိလိုက်ဘူး။

လက်သီးချင်းတွေ့သွားတဲ့ အချိန်မှာတော့ သူ့နှုတ်ခမ်းပေါ်မှာ အေးစက်စက် အပြုံးတစ်ခုဖြစ်ပေါ်လာတော့တယ်။

ဒါပေမယ့် သိပ်မကြာခင် အချိန်မှာပဲ သူ့အပြုံးက ပျောက်ကွယ်သွားပြီးတော့ မယုံကြည်နိုင်မှုတွေပေါ်လာတော့တယ်။

အားနည်းတယ်လို့ ထင်ရတဲ့ လက်သီးသေးသေးလေးကနေ မထင်မှတ်ထားတဲ့ အင်အားတွေ ထွက်ပေါ်လာပြီးတော့ သူ့တစ်ကိုယ်လုံး အရိုးတွေ ကျေမွသွားသလို ခံစားလိုက်ရပြီး လွင့်စင်ထွက်လာတာကို သိလိုက်ရတာကြောင့်ဖြစ်တယ်။

ဒီကလေးက ဘာကြောင့် ဒီလောက်တောာင် အင်အားကြီးမားတာလဲ။

ရွာသူကြီးမုန့်ရဲ့ အိမ်က ကျောက်နံရံကို တိုက်မိသွားပြီး ကျောက်သားနံရံ ကွဲအက်သံထွက်ပေါ်လာတော့တယ်။

လီကျွမ်းစီက ကြိုးပြတ်သွားတဲ့ စွန်အသွင်ပါပဲ။

စာရွက်ဖြူလိုမျိုး ဖြူဖျော့နေပြီးတော့ ပါးစပ်အပြည့်သွေးတွေ အန်ထုတ်လိုက်ပါတော့တယ်။

လူတစ်ယောက်က ဒီလောက် အင်အားကြီးနိုင်တာလား။

“ဒါက ဘယ်လိုဖြစ်…” လီကျွမ်းစီ ပျံတက်သွားတာကိုသာ မြင်လိုက်ရတဲ့ ရွာသူကြီးနဲ့ အခြားသူတွေကတော့ ပါးစပ်အဟောင်းသားဖြစ်နေကြတော့တယ်။

လက်သီးတစ်ချက်တည်းနဲ့ လွှင့်စင်ထွက်သွားတယ်။

“ ဒါဘယ်လိုဖြစ်နိုင်မှာလဲ” အဒေါ်လီက ဖန်ဟို့ဒဲ သက်သက်မဲ့ ပြသနာရှာနေတယ်လို့ တွေးလိုက်ချိန်မှာပဲ အခုလို ဖြစ်ပျက်သွားခဲ့တာ်။ ဖန်ဟို့ဒဲက စိန်ခေါ်တာလေ။ ဖန်ကျန်းရှီက ဘာလို့ထွက်လာတာလဲ။

ဖန်ဟို့ဒဲဟာတော့ လမ်းလျှောက်တုတ်ကောက်လေးကို ကိုင်ထားရင်း ရပ်နေမိတယ်။

လီကျွမ်းစီရဲ့ ဖြစ်ပုံကို မြင်လိုက်တော့ သူ့သားလေး ကျန်းရှီ ရဲ့ စကားသံတွေ နားထဲမှာ ကြားယောင်လာတော့တယ်။

“ ကျွန်တော် အ မဲ လိုက် အ ဖွဲ့ ကို ဝင် မယ်။”

“ရွှေတွေကို ဖေ့ဖေ့ အတွက်ပဲ သုံးလိုက်ပါ။”

“အိမ်ထောင့်တာဝန်ကို သားထမ်းပါမယ်”

ငါ့သားလေးတစ်ကယ့်ကို အရွယ်ရောက်လာပြီပဲ။

ချီရှင်းလိန်ကတော့ “ကျန်းရှီ ငါ့သား ကျန်းရှီ က လီကျွမ်းစီကို လက်သီးတစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်လိုက်တယ်။ မေမေ့သားက အတော်ဆုံးပဲ။”

လေထုဟာ တစ်ဖန်ပြန်လည် ငြိမ်သက်သွားပြန်တယ်၊။ ၂၅ ကီလို အိုးကို မနိုင်တဲ့ လီကျွမ်းစီဟာ အခုတော့ ဘာမဟုတ်တဲ့ လူပါလား။

“အခြားသူကို အရှက်ခွဲချင်သူတွေဟာ အရှက်ခွဲခံရတတ်တယ်။”

အဒေါ်လီ သတိဝင်လာချိန်မှာတော့ မတ်တပ်တောင် မရပ်နိုင်တော့ပဲ ထိုင်ခုံပေါ် လဲကျသွားတော့တယ်။

အခန်းထဲက လူတွေလည်း သတိပြန်ဝင်လာချိန်မှာတေ့ ကျန်းယန်ဖိန်က ပြောလိုက်တော့တယ်။

“အရှက်ခွဲချင်သူတွေက အရှက်ကွဲတတ်တယ်။ ကျွန်တော်က လူရိုင်းတစ်ယောက်ပေမယ့် ဒီစကားမှာ ပညာဉာဏ်တွေ ပါနေတာ ကျွန်တော်သိတယ်။

ဆရာလေး ကျန်းရှီပြောတာ အဓိပ္မာယ်ရှိတယ်။ ထိုင်နေတဲ့ ကျန်းယန်ဖိန်ဟာ ထရပ်လိုက်ပြီးတော့ နံရံမှာ ကပ်လျက် လဲကျနေတဲ့ လီကျွမ်းစီကို ကြည့်လိုက်တယ်။

အဲ့ဒီ့နောက် ရွာသူကြီးမုန့်ကို သေချာစိုက်ကြည့်ရင်း ပြောလိုက်တော့တယ်။

“တောင်ဘက်တောင်ရွာက တကယ့်ကို အမြင်ကျယ်စေတာပဲ”

“ဒီလူက တောင်ရွာရဲ့ အကြီးဆုံး မျှော်လင့်ချက်ဟုတ်လား။ ဘဝမှာ ကြားဖူးသမျှ အရီရဆုံး ဟာသပဲ။”

“ ဟား ဟား ဟားး ဟားးး”

“ငါ ကျန်းယန်ဖိန် ဒီနယ်ပယ်မှာ ကြောက်တဲ့သူ မရှိဘူး။ တောင်ဘက်တောင်ရွာကို ဒီနေ့ လာရတဲ့ အကြောင်းရင်းက ဆရာလေး ကျန်းရှီကို သက်သေခံပေးဖို့နဲ့ မြောက်ရွာနဲ့ ငြိမ်းချမ်းရေးယူဖို့ လာကမ်းလှမ်းတာပဲ။”

“မြောက်ရွာ အနေနဲ့ တောင်ရွာကို ငွေသားလစဉ်ပေးပြီး ငြိမ်းချမ်းရေးယူဖို့လုပ်ထားခဲ့တာ ဆရာလေး ဖန်ကျန်းရှီက တောင်ရွာမှာ ရှိနေလို့ပဲ။ အခုတော့ ငါတို့လည်း လာစရာမလိုတော့ဘူး ။ ဆရာလေး ဖန်ကျန်းရှီက တောင်ရွာသား မဟုတ်တော့တဲ့ အတွက်ပဲ။ နောက်ဆုံး ထပ်ပြောချင်တာကတော့။ ”

“ဒီနေ့ ရွာသူကြီးမုန့် အမိုက်မဲ အနုံချာဆုံး ဆုံးဖြတ်ချက်ကို ပြုလိုက်ပြီ”

" အမိုက်မဲ အနုံချာဆုံး ဆုံးဖြတ်ချက်ကို ပြုလိုက်ပြီ”

" အမိုက်မဲ အနုံချာဆုံး ဆုံးဖြတ်ချက်ကို ပြုလိုက်ပြီ” ကျန်းယန်ဖိန်ရဲ့ အသံဟာ ကျောက်တုံးအိမ်လေးထဲမှာ ပဲ့တင် ထပ်နေတော့တယ်။

“ရွာသူကြီးမုန့် ခင်ဗျားတို့ရွာရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က ဒါကို သတ်နိုင်မလား။”

“သွေးတွေတောင် မခြောက်သေးတဲ့ သားရေစကြီးတစ်လိပ်ကို ဖန်ကျန်းရှီရဲ့ ခြင်းတောင်းကြီးထဲကနေ ထုတ်ပြလိုက်တယ်။

အပ်တွေလို ချွန်ထက်နေတဲ့ အမွှေးပြာတွေ နောက်ပြီး နဖူးကနေ အမြီးထိ အနီစင်းကြီး။ သားရေကတောင် ချောက်ခြားဖွယ် အရှိန်အဝါတွေ ပေးစွမ်းနိုင်တယ်။

“ မီး မြေခွေးပြာ ..”

လဲကျနေတဲ့ လီကျွမ်းစီ ထိတ်လန့်မှုတွေ အတိုင်းအဆမဲ့အောင် ပေါ်ထွက်လာတော့တယ်။

“ဟို့ဒဲ သားလေး ကရှင့်အတွက် လက်စားချေလိုက်ပြီ။” ချီရှင်းလိန်က ပျော်ရွှင်စွာနဲ့ ပြောလိုက်တောတ့ယ်။

ဖန်ဟို့ဒဲရဲ့ မျက်လုံးတောက်တောက်တွေမှာတော့ ဒေါသ ပျော်ရွှင်မှု ဆန့်ကျင်ဖက်ခံစားချက် အမျိုးမျိုးနဲ့ ပြည့်နှက်နေပြီးတော့ အဆုံးသတ်မှာတော့ ပူနွေးတဲ့ မျက်ရည်တွေ စီးဆင်းလာတော့တယ်။

ရွာသူကြီးမုန့်ရဲ့ မျက်နှာကတော့ မည်းမှောင်နေတော့တယ်။ လီကျွမ်းစီကို လွှင့်စင်စေတာထက်ပိုပြီး ထိတ်လန့်ဖွယ် ကောင်းတဲ့ အရာ မီးမြေခွေးပြာကို သတ်နို်င်သူ။

အပိုင်း (၄၇)ပြီး၏။

အပိုင်း (၄၈ + ၄၉)

“တောင်ရွာ၏ နှုတ်ဆက် ရှုခင်း နှင့် နတ်ဆိုးကျောင်း၏ အမိန့်တော်”

သွေးသံရဲရဲနဲ့ မီးမြေခွေးပြာရဲ့ သားရေကြောင့် ရွာသူကြီးမုန့်ဟာ အသည်းထဲကကို တုန်လှုပ်နေတော့တယ်။ လောကမှာ နှစ်ခုမရှိတဲ့ မီးမြေခွေးပြာရဲ့ သားရေက ဖန်ကျန်းရှီရဲ့ ခြင်းတောင်းကြီးထဲကို ရောက်နေတယ်။

“ဒါက ဘယ်လို ဖြစ်နိုင်ရတာလဲ။”

“ဒီနေ့ ရွာသူကြီးမုန့် အမိုက်မဲ အနုံချာဆုံး ဆုံးဖြတ်ချက်ကို ပြုလိုက်ပြီ”

" အမိုက်မဲ အနုံချာဆုံး ဆုံးဖြတ်ချက်ကို ပြုလိုက်ပြီ”

" အမိုက်မဲ အနုံချာဆုံး ဆုံးဖြတ်ချက်ကို ပြုလိုက်ပြီ”…

……

ရွာသူကြီးမုန့်အိမ်က ထွက်လာတဲ့ လမ်းမှာတော့ ကျန်းယန်ဖိန်က ဖန်ကျန်းရှီနောက်ကနေ ၇ပ်ရင်း ပြောနေတယ်။

“ ဆရာလေး ကျန်းရှီ တောင်ရွာကနေ ထွက်လာရတာ ကိစ္စကောင်းပဲ”

“ကျွန်တော် ဆိုလိုချင်တာက တောင်ရွာက ဆရာလေးအတွက် နေရာကောင်း မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ မြောက်ရွာမှာ လာနေပါလား။”

“မြောက်ရွာက အရမ်းကို သာယာတယ်။ မြစ်ချောင်းလှလှတွေ တောင်ပူစာလေးတွေနဲ့ အရမ်းသာယာတယ်။ ဆရာလေး ကျန်းရှီ မပြေးပါနဲ့ ….”

ဖန်ကျန်းရှီက သူတို့ရဲ့ တဲအိမ်လေးဆီကို ပြေးသွားရင်း ပစ္စည်းတွေ ထုပ်ပိုးနေတော့တယ်။

သူ့အမေ ချီရှင်းလိန်ကတော့ သူ့သားလေးခေါင်းကို ပွတ်သပ်ရင်းမေးလိုက်တယ်။ “ သား တကယ်ပဲ မီးမြေခွေးပြာကို သတ်ခဲ့တာလား။”

“ဟုတ်တယ် မေမေ”

“ငါတို့သားလေးတကယ့်ကို အရွယ်ရောက်လာပြီပဲ။” ကျဆင်းလာတဲ့ မျက်ရည်တွေကို လက်ကိုင်ပဝါလေးနဲ့ တို့ထိပြီး သုတ်ရင်းပြောလိုက်တော့တယ်။

ဖန်ဟို့ဒဲကတော့ သူ့ရွာအတွက် အများကြီး ပေးဆပ်ခဲ့ပင်မယ့် နောက်ဆုံးမှာတော့ ကန်ထုတ်ခံလိုက်ရတဲ့ အတွက် စိတ်ထဲမှာ နာကျင်နေတော့တယ်။

“ဖေဖေနဲ့မေမေ သွားရအောင်“

“သွားမယ်သား” အဝတ်လေးကို ဆွဲလိုက်ပြီး အိမ်အပြင်ထွက်လာတော့တယ်။

ချီရှင်းလိန်က တောင်ရွာမှာ ကြီးတဲ့ သူ မဟုတ်ပေမယ့် သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့ ခင်ပွန်းနောက်ကို လိုက်ခဲ့တာဖြစ်တယ်။

“တကယ်တော့ အမေလည်း အိမ်မပြန်ဖြစ်တာ အတော်ကြာပြီ။”

“ဖေဖေနဲ့မေမေ တာအို နိယာမကို သင်ချင်လား”

“သားလေး တာအိုနိယာမက အဖေတို့လို သာမန်လူတွေ သင်လို့ မရနိုင်ဘူး” ဖန်ဟို့ဒဲက ခေါင်းခါယမ်းရင်းပြောလိုက်တယ်။

“ရှင်ဘာတွေပြောနေတာလဲ။ ကျွန်မတို့သားက တာအိုနိယာမကို ဖတ်တတ်တယ်။ ဟုတ်တယ်မလား သား”

“မေမေပြောသလိုပဲ ။ သားက တာအိုနိယာမကို ဖတ်တတ်ရုံတင်မကဘူး စကားလုံးတိုင်းကိုလည်း နားလည်တယ်။ နောက်ပြီး တာအိုနိယာမက အခန်းတိုင်းကိုလည်း အလွတ်ရတယ်။ ဖေဖေနဲ့ မေမေ သင်ချင်တယ်ဆိုရင် သားသင်ပေးလို့ရတယ်။”

ဖန်ဟို့ဒဲကော ချီရှင်းလိန်ဟာ လန့်သွားကြတော့တယ်။

သူ့သားပြောတာ ကို အကုန်မယုံနိုင်ဘူးဖြစ်နေတယ်။

ကျောက်တုံး ဝင်္ကပါစာရွက်ကို ပြလိုက်ရင်း “ ဒါက ခြောက်မျိုး နည်းဗျုဟာနဲ့ ကိုယ်ပျောက်ခြင်း အနုပညာ အခန်းထဲက နည်းလမ်းကို ပေါင်းစပ်ဖန်တီးထားတာ။”

“ငါ့သားလေးက တကယ်ပဲ ကိုယ်တိုင် သင်ကြားနိုင်နေပြီပဲ“

...

“အစ်မ ချီရှင်းလိန်ရဲ့ ဇာတိက မြောက်ရွာဖြစ်မှန်း မသိခဲ့ဘူး၊” ကျန်းယန်ဖိန်က ကူညီ ထုပ်ပိုးရင်းနဲ့ ပြောလိုက်တယ်။

“ကျွန်တော်မြောက်ရွာကို ရောက်ရင် တောင်းဆိုစရာတစ်ခုရှိတယ်။”

“ဘာများလဲ ဆရာလေး ကျန်းရှီ“

“တာအိုနိယာမ အကုန်လုံးကို လေ့လာချင်တယ်၊”

တာအိုနိယာမ အကုန်လုံး ဒါက အတော်လေးကို အကုန်အကျများမှာ ရွာတစ်ရွာလုံးရဲ့ အထောက်အပံ့ရမှ ဖြစ်နိုင်မှာ ။

“ဖြစ်နိုင်ပေမယ့် ဆရာလေးရဲ့ ငွေကြေးကုန်ကျတာကတော့ အတော်များမှာ ကျွန်တော်တို့ အခုလို သားကောင် အရနည်းတာမျိုးနဲ့ ဆိုရင်တော့ ခက်ခဲနိုင်တယ်”

“ဒီ့အတွက်တော့ မစိုးရိမ်ပါနဲ့ ကျောက်တုံး ဝင်္ကပါကို အသုံးပြုနည်း ပြောင်းလဲရင် သားကောင်ရတာ များလာမှာပါ။”

“ဒီဝင်္ကပါက တကယ်ပဲပြောင်းလဲလို့ရတယ်ပေါ့” ရေးဆွဲပေးသူ ကိုယ်တိုင်ကပြောနေတော့လည်း ကျန်းယန်ဖိန် လက်ခံလိုက်ရတော့တယ်။

“ဆရာလေးက တာအိုနိယာမကို လေ့လာြ့ပီး တာအိုစာမေးပွဲ ဝင်ဖြေဖို့ စဉ်းစားနေတာ ဆိုရင်တော့ ကျွန်တော် အားမပေး ချင်ဘူး။ တာအို စာမေးပွဲက ခက်ခဲလွန်းတယ်။”

“ကျွန်တော့်မှာကိုယ်ပိုင်လေ့ကျင့် သင်ကြားမှုရှိပါတယ်။”

”….” ဖန်ကျန်းရှီရဲ့ အေးဆေးတည်ငြိမ်လှတဲ့ အမူအယာကို ကြည့်လိုက်ပြီး ကျန်းယန်ဖိန် သက်ပြင်းချလို်က်မိတယ်။ ကိုယ်တိုင် လေ့ကျ်င့်ပြီး တာအိုနိယာမ် စာမေးပွဲဖြေမယ်။

ဟာသအကြီးအကျယ်လုပ်နေတာဖြစ်နိုင်မလား။

သူ့နောက်က ဖန်ကျန်းရှီပုံစံကတော့ လုံးဝကို အတည်ပေါက်ကြီးပဲ။

နောက်မှာကျန်ခဲ့တဲ့တောင်ဘက်တောင်ရွာကို ကြည့်ရင်း ဖန်ကျန်းရှီစိတ်ထဲကနေပြောလိုက်တော့တယ်။

“တောင်ဘက်တောင်ရွာ နောက်တစ်ကြိမ် ငါပြန်လာတဲ့ အချိန် ဘယ်လို ရှုခင်းမျိုး ပြောင်းလဲနေမလဲ။”

…

GOG Pdf2 | 122

ဖန်ကျန်းရှီနဲ့ တခြားသူတွေ ထွက်သွားပြီးသိပ်မကြာခင်မှာပဲ စစ်သည်တော်တွေဟာ တောင်ဘက်တောင်ရွာကို ရောက်ရှိလာကြတော့တယ်။

ငွေမှင်ရောင် သံချပ်ကာ တပ်သားတွေဟာ အရှိန်အဝါ ပြင်းထန်လွန်းလှတယ်။ ရွာသူကြီးမုန့်ကတော့ သူ့ခြံဝန်းထဲမှာဆေးတံ ဖွာနေတဲ့ အချိန်မှာပေါ့။

“ဖန်ကျန်းရှီ ဖန်ကျန်းရှီ တော်လိုက်တဲ့ ကလေး။ သူသာ တာအိုခန်းမကို ဝင်ဖြစ်ခဲ့ရင် ဒီလိုတွေဖြစ်မှာ မဟုတ်ဘူး။ အခုတော့ ဆုံးရှုံးရပြီ။ အနာဂတ်မှာတော့ ဟူးးး….” ရွာသူကြီးမုန့်ဟာတော့ ဘာကို မျှော်လင့်ရမယ်မှန်းတောင် မသိတော့ပါဘူး။

တာအိုနိယာမ စာမေးပွဲက လူတစ်ယောက်ရဲ့ကံကို ပြောင်းလဲပေးနိုင်တယ်လေ။

“ရွာသူကြီး မြန်မြန် မြန်မြန် လာပါ။”

“နတ်ဆိုးကျောင်းတော်က မင်းသမီးလေးနဲ့ စစ်သည်တော် တပ်ဖွဲ့ ရောက်လာတယ်။”

အော်သံကျယ်ကြီးဟာ အိမ်အပြင်ကနေ ထွက်လာတော့တယ်။ နတ်ဆိုးကျောင်းတော်က ဒီကို လာပြန်တယ်။

ဘုရားသိကြားမလို့ ကောင်းတဲ့ ကိစ္စပဲဖြစ်ပါစေ။

စိတ်ထဲကနေ ဆုတောင်းလိုက်ပြီး အရင်တုန်းက လီဟူအာကို စမ်းသပ်ဖူးတာ သတိရလိုက်တဲ့ အတွက် လီမိသားစုကို ပါ ခေါ်ခိုင်းလိုက်တယ်။

“ သွာ း လီမိသားစုကို သွားခေါ်ပြီး မင်းသမီးလေးကို ကြိုဆိုရအောင်။ ”

“ကောင်းပြီ။”

အပိုင်း (၄၈)ပြီး၏။

နတ်ဆိုးကျောင်းတော် သခင်မလေးကြွရောက်လာတဲ့ သတင်းဟာ တောင်ရွာထဲကို ပျံ့နှံ့သွားတော့တယ်။

ဒီလို အချိန် နှစ်လ အတွင်း နှစ်ခါတောင် လာရောက်လည်ပတ်တာဟာ တောင်ဘက်တောင်ရွာကို နတ်ဆိုးကျောင်းတော် အနေနဲ့ သတိပြုမိနေပြီ ဖြစ်တယ် ဆိုတဲ့ သတင်းကောင်းကြီးနဲ့ အတူတူပါပဲ။

ရွာသူကြီးမုန့်ဟာ လီဟူအာရဲ့ လက်ကိုဆွဲပြီး တခြားလက်တစ်ဖက်က ဆေးတံကြီးကို ကိုင်ရင်း မင်းသမီးလေးဆီ အခစား ဝင်ဖို့ သွားတော့တယ်။

ရွာကွင်းပြင်ကိုရောက်ချိန်မှာတော့ နှင်းမဟူရာ မြင်းတပ်ကြီးဟာ စစ်သူကြီးလီရဲ့ ဦးဆောင်မှုနဲ့ အတူ ရွာကွင်းပြင်ကို ဆင်းသက်လာတော့တယ်။ ကျောက်စိမ်းပုလဲ ဝေါယာဉ်ဟာလည်း မြေပြင်ပေါ်ကို ဆင်းသက်လာတယ်။

ဝေါယာဉ်ရဲ့ ကန့်လန့်ကာကို ဖွင့်လိုက်ချိန်မှာတော့ အမျိုးသမီး ယွဲ့အာ ဟာ လက်ထဲမှာ အဖြူရောင် အမိန့်တော့် စာရွက်နဲ့ ကျက်သရေရှိရှိ တင့်တယ်စွာ ဆင်းလာတော့တယ်။

အဲ့ဒီ့နောက်မှာတော့ အဖိုးတန် ကျောက်စိမ်းရောင် ပိုးထည် ဝတ်ရုံနဲ့ ရွှေချည်ထိုး ဖိနပ်ကို စီးထားတဲ့ ချီကူယန် ဟာ ပေါ်လာတော့တယ်။

“တောင်ဘက်တောင်ရွာသူကြီးမုန့် မင်းသမီးလေးကို ကြိုဆိုပါတယ်။”

ချီကူယန် ထွက်လာတာနဲ့ တစ်ပြိုင်နက် ရွာသူကြီးမုန့်ဟာ ပျော်ရွှင်မှုအပြည့်နဲ့ လီဟူအာကို ဆွဲပြီး ဒူးထောက်လိုက်တော့တယ်။

“ထကြ” ရွာသားတွေကို ဝေ့၀ဲကြည့်လိုက်ပေမယ့် ဖန်ကျန်းရှီကို မတွေ့တဲ့ အတွက် သူမ ပြုံးလိုက်တယ်။

“ယွဲ့အာ အမိန့်ပြန်တော့”

“ဟုတ်ကဲ့ပါ။ သခင်မလေး” အမျိုးသမီးဟာ သူ့လက်ထဲက အမိန့်တော့်ကို ဖြန့်ကာ ဖတ်လိုက်တော့တယ်။

စာလိပ်ဖြူကို ကြည့်ရင်း လီမိသားစုကတော့ အရမ်းကို ပီတိတွေဖြာနေပါတယ်။

လီကျွမ်းစီ အတွက် အမိန့်လား။ လီဟူအာ အတွက် အမိန့်လားဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြတယ်။

“ ဂုဏ်သတင်းကြီးမြင့်လှတဲ့နတ်ဆိုးကျောင်းတော်ဟာ မြောက်ဘက်ဒေသ မြို့တော်ကြီး ငါးမြို့ နယ်ပယ်ပေါင်း ၂၇ ခုမှာ ကျော်ကြားတယ်။ ယနေ့မှာတော့ တောင်ဘက်တောင်ရွာကို အထူး ကံကောင်းခြင်းတစ်ခု ယူဆောင်လာခဲ့တာဖြစ်တယ်။ တောင်ဘက်တောင်ရွာသား ဖန်ကျန်းရှီကို နတ်ဆိုးကျောင်းတော်မှာ အမှုထမ်းဖို့ ဖိတ်ခေါ်ပါတယ်၊”

အမျိုးသမီးဟာ သူ့လက်ထဲက အမိန့်စာကို ပြန်သိမ်းလိုက်ပြီး လက်ခံမယ့်သူကို စောင့်နေပါတယ်။

သို့်ပေမယ့်…

ရွာသူကြီးမုန့်ကတော့ သတိလက်လွတ်ဖြစ်နေတော့တယ်. ။ ဖန်ကျန်းရှီကို နတ်ဆိုးကျောင်းတော်ဆီ အရမ်း သွားစေချင်ခဲ့ ပေမယ့် ။ အခွင့် အရေးရောက်လာချိန်မှာတော့ သူက ဖန်မိသားစုကို နှင်ထုတ်ခဲ့မိပြီးပြီလေ။

“ဖန် ဖန်ကျန်းရှီ” လီကျွမ်းစီကတော့ သူရသင့်တဲ့အရာက ဖန်ကျန်းရှီဆီကို ဘာကြောင့်ရောက်သွားရလည်း နားမလည်နိုင်ဖြစ်နေတဲ့။ အဲ့ဒီ့နောက် သတိလွတ်စွာ ငိုင်နေတဲ့ ရွာသူကြီးကို တိုက်လိုက်ပြီး သတိဝင်အောင်လုပ်လိုက်ပါတယ်။

ရွာသားတွေကတော့ ဖန်မိသားစုအတွက် ဝမ်းသာနေကြတယ်။

“ဖန်မိသားစုကို မြန်မြန်သွားပြောရအောင်”

“ဘယ်လောက် ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စလည်း သူတို့ အရမ်းပျော်သွားမှာ သေချာတယ်။”

ထိတ်လန့်နေတဲ့ရွာသူကြီး မုန့်ကို တော့ လီကျွမ်းစီက မျက်နှာရိပ် မျက်နှာကဲ ပြပြီး ဖြေရှင်းခိုင်းနေတယ်။

စိတ်မရှည်တော့တဲ့ အမျိုးသမီးယွဲ့အာက “ အမိန့်တော်ကို လက်ခံမယ့်သူ လာရောက်ပါလို့” ပြောလိုက်တော့တယ်။

ထိုအချိန်မှာတော့ ရွာသူကြီးမုန့်ဟာ ရှေ့ထွက်လာပြီးတော့ အထစ်ထစ်အငေါ့ငေါ့နဲ့ ဖြေရှင်းချက်ပေးတော့တယ်။ “ကျွန်တော့်မှာ အပြစ်ရှိပါတယ်”

ချီကူယန်ကတော့ တွေးနေတယ် နတ်ဆိုးကျောင်းတော်ကနေ တလေးတစား လာဖိတ်ခေါ်တာတောင် ဘာတွေ အပြစ်ရှိတယ် ပြောနေတာလဲ။

“ဖန်မိသားစုက ဒီနေ့ပဲ တောင်ဘက်တောင်ရွာကနေ ထွက်သွားပါပြီ။ ဖန်မိသားစုရဲ့ အိမ်ထောင်ဦးစီး ဖန်ဟို့ဒဲက မီးမြေခွေးပြာရဲ့ လက်သည်းချက်ကြောင့် ဒဏ်ရာ အပြင်းအထန်ရသွားခဲ့တဲ့ အတွက် ကုသဖို့ မြို့ကို ထွက်သွားပါပြီ။”

မူမမှန်တဲ့ ရွာသူကြီးရဲ့ ပုံစံကြောင့် ခပ်မာမာ အမိန့်ပေးသံတစ်ခု ထွက်လာတော့တယ်။

“အတင့်ရဲလိုက်တဲ့ မုန့်ပိုင် မင်းက နတ်ဆိုးကျောင်းတော်ကို လိမ်ညာရဲတယ်ပေါ့။”

အပိုင်း (၄၉)ပြီး၏။

အပိုင်း (၅၀)

"ရှစ်နှစ်တာ"

လူထောင်ပေါင်းများစွာ ပါတဲ့ စစ်တပ်ကြီးကို ဦးဆောင်နေတဲ့ စစ်သူကြီးလီရဲ့ အရှိန်အဝါဟာ ရွာသူကြီးမုန့်ကို ပြားပြားဝပ်စေပါတယ်။

အော်ဟစ်သံတစ်ခုရဲ့ နောက်မှာတော့ နှင်း မဟူရာမြင်းပျံကြီးပေါ်ကနေ ဆင်းသက်လာတဲ့ စစ်သူကြီးလီဟာ ရွာသူကြီးမုန့်ရဲ့ လည်ပင်းကို ဓားနဲ့ ရွယ်ထားတော့တယ်။

"အ"

ရုတ်တရက်ပြောင်းလဲမှုကြောင့် ရွာသားတွေဟာ ထိတ်လန့်တကြားအော်ဟစ်ကြပေမယ့် ဘယ်သူကမှ စောဒက မတက်ဝံ့ပါဘူး။

"အသက်ချမ်းသာပေးပါ။ ချမ်းသာပေးပါ။"

"ပြောစမ်း ။ ဘာလို့ ဖန်ကျန်းရှီ ရွာကနေ ထွက်သွားတာလဲ။" စစ်သူကြီးလီက သူ့ဓားကို လှုပ်ရှားလိုက်ရင်းမေးလိုက်တော့တယ်။

ရွာသူကြီးမုန့်က သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ရင်း အမှန်အတိုင်း ဝန်ခံဖို့ စိတ်ဆုံးဖြတ်လိုက်တော့တယ်။ နတ်ဆိုးကျောင်းတော်ကို လိမ်ညာတာဟာ အပြစ်ကြီးမားလှတယ်လေ။

လီကျွမ်းစီနဲ့ အဒေါ်လီကတော့ သူတို့လည်း အပြစ်ဒဏ်ရှောင်လွှဲလို့မရတာကို တွေးလိုက်မိတာကြောင့် တုန်ယင်နေတော့တယ်။

"မုန့်ပိုင် အမှန်အတိုင်း ပြောဖို့ အခွင့်အရေးပေးလိုက်မယ်။ ငါ့ခမည်းတော်ရဲ့ မွေးနေ့ရောက်တော့မှာကြောင့် ဒီနေ့ ငါ လူမသတ်ချင်ဘူး။" လိုလီတာ (ချီကူယန်) က ပြောလိုက်တယ်။

မင်းသမီးလေးရဲ့ စကားသံကို ကြားပြီးတဲ့နောက်မှာတော့ သူ့မှာ နောက်ထပ် အခွင့်အရေး ထပ်မရှိနိုင်တော့ဘူးဆိုတာ နားလည်သွားတော့တယ်။

ရွာသူကြီးမုန့်ဟာတော့ ဒီအခွင့်အရေးကြောင့် အတော်လေး ပျော်ရွှင်သွားပြီးတော့ မချွင်းမချန် ပြောပြတော့တယ်။

"ဖန်မိသားစုကို တောင်ဘက်တောင်ရွာကနေ ကျွန်တော် ကိုယ်တိုင် နှင်ထုတ်လိုက်တာပါ။"

"ဘာဖြစ်တယ်။ ဖန်မိသားစုက တောင်ဘက်တောင်ရွာကို ဒီလောက်တောင် အကျိုးပြုခဲ့တာကို "

"ဘာတွေ ဖြစ်ကုန်တာလဲ"

"ဘာလို့ရွာသူကြီးက ဖန်မိသားစုကို နှင်ထုတ်တာလဲ"

ရွာသားတွေကတော့ ရွာအတွက် လက်တစ်ဖက် အဆုံးရှုံးခံခဲ့တဲ့ ဖန်ဟို့ဒဲကိုတွေးပြီး စိတ်မကောင်းဖြစ်နေကြတယ်၊။ နောက်ပြီး ဖန်ကျန်းရှီဆွဲပေးတဲံ့ ကျောက်တုံး ဝင်္ကပါအတွက်ရောပေါ့။

လီကျွမ်းစီနဲ့ အဒေါ်လီကတော့ သူတို့ အကြောင်းလည်း ပြောတော့မှာကို သိပြီး တုန်ယင်နေကြတယ်။

ရွာသူကြီးမုန့်ကတော့ ဆက်မငြင်းတော့ပဲ မြောက်ရွာက လူတွေလည်း ဒီဝင်္ကပါကို သိသွားပြီ ဆိုတဲ့ အကြောင်းရယ်နဲ့ ဒီဝင်္ကပါကို ဖန်ကျန်းရှီ ဆွဲတာကိုရော မီးမြေခွေးပြာကို သတ်တဲ့ အထိပါ ပြောပြလိုက်တော့တယ်။

"ကျန်းရှီက မီးမြေခွေးပြာကို သတ်တယ်။"

"မိုးနတ်မင်းရေ ဒီကလေးက လေ။ ဘယ်လောက်တောင် အံ့ဖွယ်ကောင်းလိုက်ပါလဲ။"

"မီးမြေခွေးပြာ"

ရွာသားတွေဟာ အကြိမ်ကြိမ်ရေရွတ်ရင်းနဲ့ ချီးမွမ်းနေကြတော့တယ်။ ဖန်ကျန်းရှီလို ၇နှစ်သားလေးက တကယ်ပဲ ထူးချွန်လွန်းလှတယ်။

"ဒီကောင်စုတ်လေးက မီးမြေခွေးပြာကိုသတ်တယ်။" လိုလီတာလည်း တအံံ့တသြနဲ့ ပြောလိုက်တော့တယ်။ မီးမြေခွေးပြာက အရမ်း မသန်မာ ပေမယ့် လျင်မြန်မှုကတော့ အတိုင်းအဆမဲ့တယ်။ သူသာ ကြုံရမယ်ဆိုရင်း သတ်နိုင်လောက်မှာ မဟုတ်ဘူး။

ထိတ်လန့်တဲ့ အမူအယာကလည်း စစ်သူကြီးလီရဲ့ မျက်နှာပေါ်မှာ ပေါ်လာတယ်။ သခင်မလေးနောက်ကို လိုက်လာတဲ့ အချိန်တုန်းက ဒီ ၇နှစ်သားက ဘာတွေ အရည်အချင်းရှိလို့ ဖိတ်ခေါ်မှုာလဲလို့ သိချင်နေခဲ့တ်ာ အခုလို ရွာသူကြီးမုန့်ရှင်းပြလိုက်တော့ သူ့သခင်မလေးရဲ့ လူတော်တွေကို မြင်နိုင်စွမ်းကို တကယ်ပဲ အံ့သြမိတယ်။

"တောင်ဘက်တောင်ရွာဟာ တစ်ကိုယ်တည်း အကျိုးကိုပဲကြည့်ခဲ့တယ်။ တာအိုခန်းမကို ဖျက်သိမ်းပြီး အပြစ်ပေးသင့်ပါတယ်။" အမျိုးသမီးယွဲ့အာက ပြောလိုက်တယ်။

"သက်ညှာ ပေးပါ မင်းသမီးလေး သက်ညှာပေးပါ။ ကျွန်တော်တို့ တောင်ဘက်တောင်ရွာက အပြစ်ကင်းပါတယ်။ အပြစ်ရှိတဲ့ ကျွန်တော်မျိုးမုန့်ပိုင်ပဲ အပြစ်ဒဏ်အားလုံးကို ခံယူပါမယ်။"

ရွာသားတွေဟာလည်း ဒူးထောက်ပြီးတောင်းပန်ကြတော့တယ်။

"သက်ညှာပေးပါ မမလေး"

"သက်ညှာပေးပါ မမလေး"

"ကျွန်တော်တို့ရွာရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ တာအိုခန်းမကိုတော့ မဖျက်သိမ်းပါနဲ့ ။ အချိန် ဆယ်နှစ် မဟုတ်ဘူး ရှစ်နှစ်ပဲ အချိန်ပေးပါ။ ကျွန်တော်တို့ ရွာကနေ တာအို နိယာမ စာမေးပွဲမှာ ထိပ်တန်းရောက်တဲ့ ကျောင်းသား ပေါ်ထွက်လာစေရပါမယ်။"

ဒူးထောက်နေကြတဲ့ ရွာသားတွေကို ကြည့်ရင်း ချီကူယန်က ပြောလိုက်တော့တယ်။

"ရွာသူကြီးမုန့်ဟာ အသက်ကြီးပြီ ဖြစ်တဲ့ အပြင် မိမိ အမှားကို အမှန်တိုင်း ဝန်ခံတဲ့ အတွက် ကြိမ်ဒဏ် အချက် သုံးဆယ် ပေးစေ။ ရွာသူကြီးရာထူးက ဖယ်ပြီး တင်းချင်းရှန်းကို အစားထိုးစေ။ လီကျွမ်းစီကိုတော့ ကြိမ်ဒဏ် တစ်ရာ ပေးစေပြီး အခြားသူတွေကိုတော့ ကြိမ်ဒဏ် နှစ်ဆယ် ပေးစေ။" လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် လိုလီတာဟာ ထပ်မပြောတော့ပါဘူး။

"ကျေးဇူးကြီးမားလှပါတယ်။"

"ရှစ်နှစ်တာအတွင်း တောင်ဘက်တောင်ရွာကနေ ပထမတန်းစား ကျောင်းသား မရှိလာရင် ဒီနေ့ ကတိအတိုင်း တာအိုခန်းမကို ဖျက်သိမ်းမယ့် အပြင် လိမ်လည်မှုနဲ့ပါ အပြစ် ထပ်သင့်မယ်။"

...

ကြိမ်နဲ့ ရိုက်သံတွေဟာ စိတ်မချမ်းမြေ့ဖွယ်ရာ ပေါ်ထွက်နေပင်မယ့် ဘယ်သူကမှ မအော်ဟစ်ရဲပါဘူး။ ရွာသူကြီးမုန့်ရဲ့ အဆိုအရ နတ်ဆိုးကျောင်းတော်က အသက်ချမ်းသာပေးတာဟာ ကောင်းကင်ဘုံက ကျလာတဲ့ ကံကောင်းမှုကြီးလို့ သူတို့ နားလည်ထားကြလို့ပဲ ဖြစ်ပါတယ်။

"ဒီနေ့ကစပြီး တင်းချင်းရှန်းဟာ ရွာသူကြီးအဖြစ် တာဝန်ယူ အုပ်ချုပ်ရမယ်။" စစ်သူကြီးလီဟာ အမိန့်ထုတ်လိုက်တယ်။

"ဖန်ကျန်းရှီ ဘယ်ကို ထွက်သွားလဲ မင်းသိလား။"

"ကျွန်တော်မျိုး မသိလိုက်ပါဘူးဗျ"

"မင်းသမီးလေး စစ်သည်တွေ လွှတ်ပြီး ရှာခွင့်ပြုပါ။"

"မလိုအပ်ဘူး။ ဒီနေ့ လွှဲဖယ်ရတာကလည်း ကံကြမ္မာရဲ့ စီ၇င်ချက် အတိုင်းပါပဲ။ အရာအားလုံးဟာ သံသရာစက်ဝန်းထဲမှာ လည်ပတ်နေတာ ကံမကုန်ရင် ဘဝတစ်ကွေ့မှာ ဆုံတွေ့ကြမှာပါ။"

အမျိုးသမီးယွဲ့အာရဲ့ လက်ထဲက စာလိပ်ကို စိုက်ကြည့်နေရင်းပြောလိုက်တော့တယ်။

သူက ကောင်စုတ်လေးကို နတ်ဆိုကျောင်းတော်ကို ဖိတ်ခေါ်တာ အပျင်းပြေ နှိပ်စက်စရာလေး ဘာလေးရချင်လို့လေ။ နတ်ဆိုးကျောင်းတော်ကို ဝင်ချင်တဲ့သူ ဒီလောက်တောင်များလှတာ ဒီကောင်စုတ်လေးလို တာအိုမုခ်တောင် မအောင်မြင်သေးတဲ့ သူက ဘာလုပ်လို့ရမှာလဲ။

တကယ်ပဲ အရည်အချင်းရှိတဲ့သူဖြစ်ရင်တော့ နှစ်နည်းနည်း ထပ်စောင့်လည်း မနစ်နာပါဘူး။

...

"နတ်ဆိုးကျောင်းတော်ကို ပြန်မယ်"

"နတ်ဆိုးကျောင်းတော်ကို ပြန်မယ်"

"သခင်မလေး တာအိုခန်းမကို ဘာလို့မဖျက်သိမ်းတာလဲ ယွဲ့အာ နားမလည်နိုင်ဘူး"

"တာအိုခန်းမကို ဖွင့်လှစ်ရတာက တာအိုကို ပြန့်ပွားစေဖို့ပဲ။ တောင်ဘက်တောင်ရွာရဲ့ ရွာသူကြီးကသာ တုံးအတာ တခြားရွာသားတွေကတော့ စိတ်ကောင်းနှလုံးကောင်းရှိကြပါတယ်။ အကယ်၍ တာအိုခန်းမကိုသာ ဖျက်သိမ်းလိုက်ရင် ရွာသားတွေ စိတ်ထိခိုက်လိမ့်မယ်။"

"သခင်မလေးက တကယ့်ကို မြောက်ပိုင်းဒေသတစ်ခုလုံးအတွက် စဉ်းစားပေးတာပဲ။"

"မြောက်ပိုင်းဒေသ" လိုလီတာ (ချီကူယန်) က ခေါင်းကို ခါယမ်းရင်း နောက်ထပ်ထပ်မပြောတော့ပါဘူး။ သူမရဲ့ နှုတ်ခမ်းတွေကတော့ ကောင်းကင်ကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေနဲ့အတူ ပြုံးနေခဲ့တယ်။

"ကောင်စုတ်လေး ငါနင့်ကို ဒီနေ့ ရှာမတွေ့ပင်မယ့် အရာအားလုံးဖြစ်တည် ပုံဖော်မှုကို လည်းဖြေရှင်းနိုင်တယ်။ မီးမြေခွေးပြာကိုလည်းသတ်နိုင်တယ်ဆိုတော့ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့။

All Chapters