← Chapters

သခွားသီး ၅၀၀ ဂရမ် ယွမ် ၃၀၀? ၂

Vol. 39 Ch. 571

သခွားသီး ၅၀၀ ဂရမ် ယွမ် ၃၀၀? ၂

Vol. 39 Ch. 571

ချင်လင်မှာစကားရှာမရဖြစ်သွားပြီး_

''ဒီဒါရိုက်တာက အဓိပ္ပါယ်မရှိတာ ဟုတ်တယ်မလား? ကျွန်တော့်မှာ ဘာသရုပ်ဆောင်အရည်အချင်းမှမရှိဘဲနဲ့ ဘယ်လိုလုပ်ပွဲထုတ်နိုင်မှာလဲ?''

လင်းလန်ဇီကရှင်းပြသည်_

''ကျွန်မ ဒါရိုက်တာကို အဲလိုပြောတာ... ဒါပေမဲ့ သူကပြောတယ်... အခုရုပ်ရှင်ရိုက်နေတဲ့အင်တာနက်ဆယ်လီတွေမှတပုံကြီး... ဘာပဲဖြစ်ဖြစ် ၁ ၂ ၃ ၄ ဖတ်တတ်ရင်ရပြီတဲ့... နောက်ပိုင်းထုတ်လုပ်ရေးမှာ အသံသရုပ်ဆောင်တွေရှိတယ်... သရုပ်ဆောင်ပိုင်းကတော့ ပရိသတ်တွေအကုန်ရူးနေကြတာဆိုတော့ လှည့်စားရလွယ်တယ်တဲ့''

ထိုစကားကြားပြီး ချင်လင်မှာပါးစပ်အဟောင်းသားနှင့်။

ဒါကြောင့် ကောင်လေးချောချောတွေကြားထဲမှာ တင်းဟွမ်ကဇာတ်ဆောင်ဖြစ်လာတာကိုး။ ဒါရိုက်တာက တုံးလို့မဟုတ်ဘဲ ပရိသတ်တွေကိုတုံးတယ်လို့ ဒါရိုက်တာကထင်နေတာပဲ။

သူဌေးမျက်နှာထားကိုကြည့်ရင်း လင်းလန်ဇီကအပြုံးနှင့်မေးလိုက်သည်_

''သူဌေး... ဒါရိုက်တာချိန်းထားတာ သွားမှာလား?''

''သွားစမ်းပါလို့ ပြောလိုက်''

ချင်လင်ကစိတ်ရှုပ်ရှုပ်နှင့်ပြောလိုက်သည်။

လင်းလန်ဇီက အတည်ပေါက်နှင့်ပြန်ဖြေ၏_

''ကောင်းပြီလေ... သူဖုန်းထပ်ဆက်ရင် သွားစမ်းပါလို့ပြောလိုက်မယ်''

ချင်လင်က ဒီအကြောင်းဆက်မပြောချင်သောကြောင့်_

''ဒုတိယကိစ္စကဘာလဲ?''

လင်းလန်ဇီကရှင်းပြလိုက်သည်_

''ရှင်နဲ့သူဌေးကတော်ရဲ့မင်္ဂလာဆောင်ဓာတ်ပုံက နောက်တစ်နေ့ပေါက်သွားတာမလား? ပန်းပင်လယ်ဖြစ်ဖြစ် စားကျက်မြေဖြစ်ဖြစ် နောက်ခံကအရမ်းလှတာ... အထူးသဖြင့် စားကျက်မြေပေါ့... လုံးဝပြီးပြည့်စုံတယ်... ပြီးတော့ ဓာတ်ပုံထဲမှာ အရမ်းအနုပညာဆန်တယ်''

''ဒီရက်ထဲ ချင်းလင်စံအိမ်မှာ မင်္ဂလာဆောင်ဓာတ်ပုံလာရိုက်လို့ရမရ တစ်ယောက်ပြီးတစ်ယောက်မေးနေကြတာ... တရားဝင်အကောင့်မှာတောင် စာပို့ထားတဲ့ပရိသတ်တွေအများကြီးပဲ... ကျွန်မအမြင်တော့ ပရိသတ်တွေမင်္ဂလာဆောင်ဓာတ်ပုံလာရိုက်ရင် ကျွန်မတို့တရားဝင်အကောင့်မှာလည်း မင်္ဂလာဆောင်အဝတ်အစားနဲ့သီးသန့်ခေါင်းစဉ်ထားလို့ရတယ်... ဒါလုံးဝကြော်ငြာလို့ကောင်းတဲ့အချက်ပဲ''

ချင်လင်ကမျက်မှောင်ကြုတ်လိုက်ပြီး_

''ဒါပေမဲ့... ဒီအစီအစဉ်ကြောင့် မင်္ဂလာဆောင်ဓာတ်ပုံရိုက်တဲ့သူတွေအများကြီးရှိနေမှာပေါ့... ဒါတခြားခရီးသည်တွေလည်ပတ်ရင် လုံးဝအနှောင့်အယှက်ဖြစ်နိုင်တယ်''

တကယ်တော့ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဖွင့်စက ဒီအကြောင်းလာမေးကြသေးသည်။ သို့ရာတွင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ ကျဉ်းလွန်းသဖြင့် တောင်းဆိုထားသမျှအားလုံးကိုငြင်းပယ်ခဲ့သည်။

လင်းလန်ဇီကအကြံပြုသည်_

''သူဌေး... နေ့စဉ်မင်္ဂလာဆောင်ဓာတ်ပုံရိုက်တဲ့စုံတွဲအရေအတွက်ကိုကန့်သတ်ရင်ရော... ဒါမှမဟုတ် နှစ်လသုံးလတစ်ကြိမ် သီးသန့်တစ်ရက်ပေးရင်ရော... မဟုတ်လည်း တစ်ခုခုပေါ့... မင်္ဂလာဆောင်ဓာတ်ပုံရိုက်ချင်တဲ့လူတွေအားလုံးစုပြီး ပွဲအစီအစဉ်လုပ်ပေးမလား?''

လင်းလန်ဇီရဲ့ဒုတိယနည်းလမ်းကိုနားထောင်ပြီး ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။

ဒါစိုက်ပျိုးရေးခြံပုံပြင်ထဲက မင်္ဂလာဆောင်အခမ်းအနားနဲ့ နည်းနည်းဆင်မနေဘူးလား?

လင်းလန်ဇီပြောတာ မင်္ဂလာဆောင်အခမ်းအနားဟုဆိုနိုင်သည်။

ဒီလိုဆိုရင် မဖြစ်နိုင်တာမဟုတ်။ မင်္ဂလာဆောင်အခမ်းအနား တစ်နှစ်သုံးလေးကြိမ်ကျင်းပပေးတာက ချင်းလင်စံအိမ်ရဲ့အထူးပွဲအစီအစဉ်ဖြစ်လာနိုင်သည်။

ချင်လင်လည်းတွေးကြည့်ပြီး လင်းလန်ဇီအား_

''အရင်ဆုံး အစ်မရဲ့ဒုတိယအစီအစဉ်အတိုင်း အသေးစိတ်အစီအစဉ်ဆွဲလိုက်ပါ... အဆင်ပြေမပြေ ကျွန်တော်ကြည့်မယ်''

''ကောင်းပါပြီ သူဌေး!''

အကြံပြုချက်အောင်မြင်သောကြောင့် လင်းလန်ဇီပြုံးရွှင်သွားသည်။ သူမလည်း ချင်းလင်စံအိမ်၏ရာထူးမြင့်မန်နေဂျာတစ်ဦးအနေနှင့် တစ်ခုခုလုပ်ပြချင်သည်။

အထူးသဖြင့် ဒါရိုက်တာလင်းက ရောက်ရောက်ချင်း အလှမွေးငါးမွေးမြူရေးလုပ်ဖို့ သူဌေးကိုအကြံပြုသည့်အပြင် ချင်းလင်ငါးပြတိုက်အထိမ်းအမှတ်ဒင်္ဂါးပြားလုပ်ငန်းကိုပါ အကောင်အထည်ဖော်နေသောကြောင့် တခြားမန်နေဂျာများကိုဖိအားဖြစ်စေသည်။

သူမ ငါးပိကောင်ဖြစ်လို့မရ၊ ယောင်ယောင်ထက်ညံ့လို့လည်းမရဘူးမလား?

သို့ရာတွင် ဒီအစီအစဉ်ဆွဲဖို့ကမလွယ်။ အရင်ဆုံး ပွဲအစီအစဉ်တစ်ခါကျင်းပရင် လူဘယ်လောက်များများကိုမင်္ဂလာဆောင်ဓာတ်ပုံရိုက်ခွင့်ပေးမလဲ၊ ဒီမင်္ဂလာဆောင်ဓာတ်ပုံလာရိုက်တဲ့သူတွေကို ဦးစားပေးအဆင့်တွေဘယ်လိုခွဲမလဲ?

ဥပမာ - တောင်တန်းစံအိမ်ရဲ့ပရိသတ်တွေ၊ တောင်တန်းစံအိမ်ကိုအရင်ကလာဖူးသူတွေ၊ အထူးသဖြင့် အကြိမ်ကြိမ်လာဖူးသူတွေကို သေချာပေါက်ဦးစားပေးအဆင့်ထားရမည်။

ပြီးတော့ လူအရေအတွက်သတ်မှတ်ပြီးရင် ဘယ်လိုစီစဉ်မလဲ?

ဒီရှုထောင့်တွေအားလုံးကနေအစီအစဉ်ဆွဲဖို့ အချိန်အတော်ယူရလိမ့်မည်။

ဒီလှုပ်ရှားမှုအစီအစဉ်ကိုပုံဖော်ဖို့တင် ဆယ်ရက်မှလဝက်ခန့်ကြာလိမ့်မည်။

သူမမှာ ဒီလုပ်ငန်းမျိုးနှင့်အဆက်အသွယ်ရှိသောသူငယ်ချင်းတစ်ယောက်ရှိသည်။ အရင်ဆုံး သူ့ကိုမေးကြည့်ရမည်။

နောက်ရက်များတွင် ပန်းပင်လယ်အကျယ်မှာနာမည်ဆက်ကြီးနေဆဲ။ မြို့စားနှင်းဆီက ထင်ထားသည်ထက်ပိုဆွဲဆောင်မှုရှိပြီး ချင်းလင်မွေးမြူရေးခြံထက်တောင်များနေသည်။

လဝက်ကြာပြီးနောက် ပန်းပင်လယ်အကျယ်ကိုရှုစားဖို့လာသောခရီးသည်များမှာ တဖွဲဖွဲရောက်နေမြဲပင်။ လာတဲ့ခရီးသည်တိုင်း မြို့စားနှင်းဆီကိုဓာတ်ပုံရိုက်ကြလိမ့်မည်။

ဓာတ်ပုံရိုက်ပြီး ဟိုရှီနိုကလူများကိုရန်စရန် ဟိုရှီနိုအင်တာနက်ပေါ်တွင် တမင်သက်သက်ဓာတ်ပုံ၊ဗီဒီယိုများတင်သော ခရီးသည်တချို့တောင်ရှိသည်။

အမှန်တော့ ဤသည်က ရှင်းကျန့်တယ်ကို တရုတ်ကမနှစ်မြို့ရသည့်အချက်နှင့်အများကြီးပတ်သက်နေသည်။

နိုင်ငံတကာပြယုဂ်တွင် ဝက်ဝံနှစ်ကောင်ဖြစ်ရပ်မှာ ရှင်းကျန့်တယ်၏ရိုင်းစိုင်းသောရည်ရွယ်ချက်ကိုသိသိသာသာဖော်ပြနေသည်။

……

ချင်းလင်စံအိမ်_

မနက်အစောပိုင်း ချင်လင်ကဂိမ်းထဲမှပစ္စည်းများ စံအိမ်ရွှေ့လာသည်။ သူ့ရုံးခန်းဝရောက်သောအခါ အစ်ကိုချူကိုတွေ့လိုက်ရသည်။

''စီနီယာအစ်ကိုချူ... ဘယ်အချိန်ကစံအိမ်ရောက်နေတာလဲ?''

ချင်လင်က တအံ့တဩမေးလိုက်သည်။

''မနေ့ညကပဲ လာအိပ်ဖြစ်တာနဲ့ မင်းကိုအသိမပေးတာ''

ချူဖုန်းကပြုံးပြုံးနှင့်ရှင်းပြသည်။

ကိစ္စကြီးတစ်ခုဖြေရှင်းဖို့ ဆယ်ရက်ကျော်ညဘက်နောက်ကျသဖြင့် နှစ်ရက်လောက်အနားယူရန်စံအိမ်ရောက်လာခဲ့သည်။

တခြားနေရာများနှင့်စာလျှင် ချင်းလင်စံအိမ်သတို့သမီးခန်းက နံ့သာဖြူဖြည့်ဆည်းပေးထား၍အိပ်ကောင်းသည်။

အရေးအကြီးဆုံးက အရမ်းအရသာရှိတဲ့ချင်လင်ရဲ့အစားအသောက်တွေကိုကုန်းဆင်းဖို့။ ချင်းလင်ဆေးဖက်ဝင်ဝိုင်လေးပါရင် ပြီးပြည့်စုံပြီ။

ချူဖုန်းကဆက်၍_

''ချင်လင်... အခုတလော မင်းရဲ့ပန်းပင်လယ်က အတော်လေးနာမည်ကြီးနေတာ... မနေ့ညက ရှင်းကျန့်တယ်ကလူတိုင်းဆန္ဒပြနေပြီဆိုတဲ့ ဗီဒီယိုတစ်ပုဒ်တင်ထားတာတွေ့တယ်... ကြည့်ရတာ မင်းကရန်စလိုက်ပုံပဲ... အိမ်ဖြူတော်ကိုတံခါးဖွင့်ပြီး မြို့စားနှင်းဆီကြည့်ခွင့်ပေးဖို့တောင်းဆိုနေကြတယ်''

''ဒီလိုကိစ္စမျိုးရှိလား?''

သူတို့ဆန္ဒပြအောင်လှုံ့ဆော်မိသည်ဟု ချင်လင်လုံးဝမထင်မိ။

ရှင်းကျန့်တယ်ကလူတွေ ခံနိုင်ရည်မနည်းလွန်းဘူးလား?

ဒါပေမဲ့ ဒီသတင်းကြားပြီး ဘာလို့ပျော်သလိုခံစားရတာလဲ?

''သတင်းမီဒီယာကတင်တာဆိုတော့ သတင်းမှားမဟုတ်လောက်ဘူးမလား?''

ချူဖုန်းကရှင်းပြသည်။

သူတို့နှစ်ဦးစကားပြောနေစဉ် ရုတ်တရက်ဖုန်းအသံမြည်ပြီးစာဝင်လာသည်။

ချင်လင်ကဇဝေဇဝါနှင့်ဖုန်းဖွင့်၍စာဖတ်ပြီးနောက် အံ့ဩသွားသည်။

All Chapters