← Chapters

နာရီဝက်အတွင်း?

Vol. 39 Ch. 573

နာရီဝက်အတွင်း?

Vol. 39 Ch. 573

၅၀၀ ဂရမ် ယွမ် ၃၀၀ တောင် စျေးအရမ်းကြီးတယ်ထင်နေရင် ၅၀၀ ဂရမ် ယွမ် ၁၅၀၀ တန် အရည်အသွေးမြင့်ချင်းလင်အလှအပသခွားသီးထက် အရည်အသွေးနိမ့်သေးမှန်းသိပါက အစ်မလျိုပါးစပ်အဟောင်းသားဖြစ်သွားလိမ့်မည်။

ဒါက ၅ ဆပိုစျေးကြီးသည်။

အရည်အသွေး ၂ မျိုးစေ့မှဖြစ်လာသော အရည်အသွေး၂ အလှအပသခွားသီးများဖြစ်၍ သူကပိုရှားသည်။

''ခေါင်းဆောင်... ဒီလောက်စျေးကြီးတဲ့သခွားသီးကို ခရီးသည်တွေဝယ်မယ်ထင်လား?''

အစ်မလျိုက ဇဝေဇဝါနှင့်မေးသည်။

ကြီးကြပ်သူခေါင်းဆောင်က ယုံကြည်ချက်အပြည့်နှင့်_

''အစ်မလျို... ကျွန်မတို့ ယွမ် ၃၀၀ တန် ၅၀၀ တန် အလှအပဥကိုမဝယ်တဲ့သူတွေ့ဖူးလား? သူဌေးက ဒီလောက်တန်ဖိုးနဲ့ရောင်းရဲမှတော့ ဝယ်တဲ့သူရှိမှာပေါ့''

''လူချမ်းသာတွေက တကယ်ရက်ရောတာပဲ''

ထိုစကားကြားပြီး အစ်မလျိုလည်းအဓိပ္ပါယ်ရှိသည်ဟုထင်လိုက်သည်။ သူမကတိုးတိုးရေရွတ်ပြီး အလေးအနက် သနေတော့သည်။

အရောင်းစင်တာတစ်ခုလုံးက အလွန်ကျယ်သည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ လတ်လတ်ဆတ်ဆတ်အစားအစာလို နေ့စဉ်ရောင်းကုန်များမှာ တစ်နေ့တည်းရောင်းထွက်သည်။ နောက်တစ်နေ့တွင် ကုန်သွင်းသူများက အစောကြီးပစ္စည်းလာပို့သည်။ ပစ္စည်းရအောင်စုရသည့်တာဝန်က အလွန်ကြီးသည်။

အရောင်းစင်တာဝန်ထမ်းများပစ္စည်းစီနေစဉ် အမျိုးသမီးခရီးသည်များရောက်လာကြသည်။

တချို့ခရီးသည်များက သတို့သမီးခန်းမှ၊ တချို့က မွေးမြူရေးခြံရွက်ဖျင်တဲမှဖြစ်ပြီး တချို့ကအပြင်မှအစောကြီးရောက်လာသူများဖြစ်သည်။

ရည်ရွယ်ချက်က ရှင်းသည်။ အရောင်းစင်တာလာပြီး အလှအပဥဝယ်ရန်ပင်။

ချင်းလင်စံအိမ်လာတဲ့အမျိုးသမီးခရီးသည်တွေထဲမှာ ချင်းလင်စံအိမ်ရဲ့အလှအပဥအကြောင်းမသိတဲ့သူရှိလို့လား?

အခုချင်းလင်စံအိမ်ရောက်လာမှတော့ ဒီအလှအပဥရဲ့အာနိသင်ကိုမစမ်းလိုက်ရရင် စိတ်ပျက်မိလိမ့်မည်။

တစ်နေ့ဥကြီးတစ်လုံးရောင်းပေးဖို့ ပြေစာများလိုသည်။ သို့သော် အလှအပဥအသေးကလည်း နေ့တိုင်းအများကြီးမရ။ ခရီးသည်တစ်ယောက်တစ်လုံးပဲရောင်းပေးရင်တောင် အမျိုးသမီးတွေကပိုများနေသည်။

ထို့ကြောင့် ချင်းလင်စံအိမ်လာသောအမျိုးသမီးခရီးသည်များမှာ ဘယ်သူအစောရောက်မလဲ၊ ဘယ်အရောင်းကောင်တာမှာတင်မလဲကြည့်ဖို့ မောင်းတင်ထားတတ်ကြသည်။

အသက် ၃၀ အရွယ်အမျိုးသမီးသုံးယောက်မှာ

မနက်အစောကြီးကားပါကင်ရောက်လာပြီး အရောင်းစင်တာထဲအပြေးလာကြသည်။

''မြန်မြန်လေး ကိုယ့်လူတို့... အလှအပဥကုန်တော့မယ်''

ချန်အိုက်ရင်းက သူမသူငယ်ချင်းနှစ်ယောက်ကိုပြောလိုက်သည်။

"ဒီမှာ!"

"ဖြည်းဖြည်း"

သူငယ်ချင်းနှစ်ယောက်က နောက်မှမတတ်သာဟန်နှင့်လှမ်းအော်လိုက်သည်။

''လက်နှေးနေရင် ဥကုန်သွားမှာပေါ့''

ချန်အိုက်ရင်းက လောလိုက်သည်။

သူမနှင့်သူငယ်ချင်းနှစ်ယောက်က ချင်းလင်စံအိမ်မှာရက်ပိုင်းနေခဲ့သည်။

ချင်းလင်စံအိမ်သတို့သမီးခန်းတွင်ဆက်နေမရ၊ မွေးမြူရေးခြံတွင်ရွက်ဖျင်တဲငှားမရသည့်အဆုံး ရုံချန်းတွင်စျေးအကြီးဆုံး VIP ခန်းကို လဝက်ခန့်ငှားလိုက်သည်။

ဒီတစ်ခါအလှအပဥသုံးဖို့ အတော်လေးကြိုးစားခဲ့ရသည်။ ကုမ္ပဏီကိစ္စများကို ကွန်ပျူတာနှင့်မိုဘိုင်းအင်တာနက်မှတဆင့်ကိုင်တွယ်နိုင်၍သာတော်တော့သည်။

ဒီလောက်ထိရောက်တဲ့အာနိသင်နဲ့အလှအပဥကိုမဝယ်ရင် နားကိုမလည်နိုင်။

သူမသူငယ်ချင်းနှစ်ယောက်မှာ မတတ်သာဘဲအရှိန်တင်လိုက်သည်။

ဒီချင်းလင်စံအိမ်က ဘာလို့ဒီလောက်ကတ်သတ်နေတာလဲ? နေ့တိုင်း အလှအပဥကိုနည်းနည်းလေးပဲရောင်းပေးတယ်။

သူတို့မတတ်နိုင်လို့ ထပ်မဖြည့်ပေးတာကျနေတာပဲ? သူတို့လိုချင်သလောက်ပေးနိုင်တယ်။

အမျိုးသမီးတွေက အသက် ၃၀ မှာမြေခွေး၊ အသက် ၄၀ မှာကျားဆိုသော်လည်း သူတို့အရွယ်နှင့် ယုန်ပေါက်လေးတွေကိုလုံးဝမနိုင်ပါချေ။ ဒါကြောင့်လည်း ရက်ပိုင်းလောက်နောက်ကျပြီး ဥတစ်လုံးမှမရခဲ့။

ဒီနေ့က အစောဆုံးထသောနေ့ပင်။

နောက်ဆုံး ချန်အိုက်ရင်းနှင့်သူငယ်ချင်းနှစ်ယောက် အရောင်းစင်တာရောက်လာသည်။

အရင်ဆုံး အလှအပဥကောင်တာဆီအပြေးသွားသည်။ သို့ရာတွင် သူတို့ရောက်သောအခါ အသက် ၂၀ အရွယ်ကောင်မလေးတစ်စုက နောက်ဆုံးကျန်သောအလှအပဥလေးများကို ဝမ်းသာအားရထုပ်ယူသွားသည်ကိုသာ ကြည့်နေရတော့သည်။

နည်းနည်းလေးနောက်ကျသွား၍ ချန်အိုက်ရင်းစိတ်ပျက်သွားသည်။

''နောက်ကျသွားပြီ''

သူငယ်ချင်းတစ်ယောက်က စိတ်ပျက်လက်ပျက်နှင့်ပြောသည်။

''မနက်ဖြန်ဆက်လာမယ်!''

ချန်အိုက်ရင်းက အသံမာမာနှင့်ပြောလိုက်သည်။

သူမအတွေးတွေက ပိုပိုပြီးနားလည်ရခက်လာသည်။

ရုတ်တရက်ကြားလိုက်ရသောအသံတစ်သံဆီ ချန်အိုက်ရင်းအာရုံရောက်သွားသည်_

''ဒီသခွားသီးကစျေးကြီးလှချည်လား? ၅၀၀ ဂရမ်ကို ယွမ် ၃၀၀ တောင်... အလှအပဥနဲ့စျေးအတူတူပဲ''

နောက်ထပ်အံ့ဩသံကြားလိုက်ရသည်_

''မှတ်ချက်မှာရေးထားတာ အလှအပသခွားသီးတဲ့... အရည်အသွေးမြင့်မျက်နှာကပ်ခွာထိပ်တန်း ၁၀ ခုထက် အသားဖြူတာ အစိုဓာတ်ဖြည့်တာ အလှအပမှာပိုကောင်းတယ်ဆိုပဲ... ရှေ့ကအရောင်းကောင်တာမှာ အရည်အသွေးမြင့်အလှအပသခွားသီးလည်းရှိသေးတယ်... ၅၀၀ ဂရမ်ကို ယွမ် ၁၅၀၀ တဲ့''

''သခွားသီး ၅၀၀ ဂရမ်ကို ယွမ် ၁၅၀၀?''

ထိုစျေးကြောင့် ပထမကြားရသောအသံမှာလန့်ပြီး သိသိသာသာအေးစက်သွားသည်။

ဘာပဲဖြစ်ဖြစ် သခွားသီးလေးပဲလေ။ မှတ်ချက်မှာချဲ့ကားရေးထားရင်တောင် တန်ဖိုးကမိုးပေါ်မြောက်နေတာ။

ထိုစကားသံကို ချန်အိုက်ရင်းနှင့်သူငယ်ချင်းနှစ်ယောက်လုံးဝစိတ်ဝင်စားသွားသည်။

သူတို့ကလျှောက်လာကြည့်ရာ အလှအပသခွားသီးကိုတွေ့ရသည်။

မနေ့က ဒီသခွားသီးတွေ ဒီမှာမရှိပါဘူး။ ချင်းလင်စံအိမ်ရဲ့ထုတ်ကုန်အသစ်ပဲဖြစ်မယ်။

''ဘာလို့သခွားသီးပုံစံက နည်းနည်းထူးဆန်းနေတာလဲ?''

သူငယ်ချင်းတစ်ယောက်က ချန်အိုက်ရင်းကိုပြောသည်။

ချန်အိုက်ရင်းနှင့်တခြားသူငယ်ချင်းတစ်ယောက်က အချင်းချင်းထူးဆန်းသောအကြည့်များနှင့်ကြည့်လိုက်ကြသည်။

ဟိုတစ်ယောက်ပြောတာ သူတို့သဘောပေါက်တာပေါ့။

သူတို့အရွယ်နှင့် သိသင့်သိထိုက်တာသိသည်။ ကွက်ကွက်ကွင်းကွင်းပြောစရာမလိုဘဲ သဘောပေါက်သည်။

စောစောကသူငယ်ချင်းက မေးပြန်သည်_

''ဒီသခွားသီးရဲ့အသားဖြူတာ အစိုဓာတ်ဖြည့်တာ အလှအပအာနိသင်ဆိုတာတွေက မှတ်ချက်မှာရေးထားသလိုတကယ်ထိရောက်မယ်ထင်လား? ဒီစျေးနဲ့ဆိုရင် အာနိသင်က အလှအပဥထက်မညံ့လောက်ဘူးမလား?''

''ချင်းလင်စံအိမ်ကို ဒီလောက်တော့ ယုံလို့ ရပါတယ်... ဒီလောက်တန်ဖိုးကြီးကြီးနဲ့ ရောင်းရဲရင် အာနိသင်တော့ ရှိရမယ်... မဟုတ်ရင် အမြတ်ရတာထက် သူတို့ နာမည်ပျက်မှာပေါ့''

ချန်အိုက်ရင်းကအနားကပ်ပြီး သခွားသီးကို အိတ်နှင့် ထုပ်တော့သည်။

သူမထည့်နေတာ ၅၀၀ ဂရမ် ယွမ် ၁၅၀၀ တန် အရည်အသွေးမြင့်အလှအပသခွားသီးများ။

သူမမှာ ကိုယ်ပိုင်လုပ်ငန်းရှိသည်။ ပိုက်ဆံကမရှား။

အလှအပဥမသုံးရတာ ရက်ပိုင်းရှိသွားပြီ။ ဒီတော့ အရင်ဆုံး ချင်းလင်စံအိမ်ရဲ့ အလှအပသခွားသီးအသစ်ကို စမ်းကြည့်ရမည်။

All Chapters