နာရီဝက်အတွင်း? ၂
Vol. 39 Ch. 574
ချင်းလင်စံအိမ်မှာ တန်ဖိုးကြီးထုတ်ကုန်ထွက်တိုင်း တစ်ဟုန်ထိုးပေါက်ပြီး ဘယ်တော့မှစိတ်မပျက်ရ။
ဒီသခွားသီးကို ဒီလိုပဲယုံကြည်ထားသည်။
သူငယ်ချင်းနှစ်ယောက်လည်း အရည်အသွေးမြင့်အလှအပသခွားသီး၏မှတ်ချက်ကိုဖတ်ပြီးနောက် လှုပ်ရှားတော့သည်။
(ပစ္စည်း: အရည်အသွေးမြင့်ချင်းလင်အလှအပသခွားသီး!)
(အထူးအာနိသင်: ပါမောက္ခလီခိုင်ပျိုးထောင်ထားသော အထူးခြားဆုံးသခွားသီးတစ်မျိုးဖြစ်သည်။ သာမန်အလှအပသခွားသီးထက် ဗိုက်တာမင်၊ပရိုတင်းဓာတ်နှင့်တခြားအလှအပပစ္စည်းအမျိုးမျိုး အများကြီးပိုပါသည်။ အသားဖြူစေခြင်းနှင့်အရေပြားအစိုဓာတ်ပေးသောအာနိသင်လည်း အလွန်ထိရောက်သည်။ မကြာခဏသုံးပေးလျှင် နုပျိုဝင်းပခြင်းဆိုသည်မှာ အိပ်မက်မဟုတ်တော့။)
(ချင်းလင်ဓာတ်ခွဲခန်းနှင့်မင်မြို့တော်ဓာတ်ခွဲခန်းမှစမ်းသပ်ထားသော အသားဖြူစေသည့်ပါဝင်ပစ္စည်းအချက်အလက်များကို တစ်ဖက်တွင်ဖော်ပြထားသည်။)
တန်ဖိုး: ၅၀၀ ဂရမ်ကို ယွမ် ၁၅၀၀!
မှတ်ချက်ဖတ်ပြီးမှတော့ မဝယ်ဘဲ၊မစမ်းကြည့်ဘဲနေနိုင်မလား?
ဒီအလှအပသခွားသီးရဲ့အာနိသင်ကအရမ်းထိရောက်ရင် သူတို့သုံးဖို့ထပ်လုရဦးမလားစိုးရိမ်မိသည်။
ချန်အိုက်ရင်းနှင့်သူငယ်ချင်းနှစ်ယောက်မှာ သခွားသီးများကိုအသီးသီးထုပ်ယူလိုက်ကြသည်။ တစ်ယောက်ကိုသုံးလေးကတ်တီစီယူထားသဖြင့် ယွမ်လေးငါးထောင်ကျသွားသည်။
သို့ရာတွင် ပိုက်ဆံကိုဂရုမစိုက်။ အလှအပသခွားသီးများဝယ်ပြီး ရုံချန်းမြို့ထဲမှကျုံးမင်ဟိုတယ်ကိုချက်ချင်းပြန်သွားကြသည်။ ထို့နောက် အခန်းထဲသွား၍ ဓားထုတ်ပြီး အလှအပသခွားသီးများကိုအားပါးတရလှီးတော့သည်။
ထိုအချိန်တွင် အရောင်းစင်တာထဲ၌ လူများခြေချင်းလိမ်နေကြပြီ။
အရောင်းစင်တာတွင် ထုတ်ကုန်အသစ်'အလှအပသခွားသီး'ကိုတင်ထားပြီဖြစ်ကြောင်း ချင်းလင်စံအိမ်တရားဝင်အကောင့်မှ မနက်အစောကြီးဗီဒီယိုတင်ထားသောကြောင့်ပင်။
ချင်းလင်စံအိမ်ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေ၊ခရီးသည်တွေ စိတ်အဝင်စားဆုံးကဘာဖြစ်မလဲ?
လုပ်ငန်းအသစ်ဆိုတာထက် ချင်းလင်စံအိမ်ရဲ့ထုတ်ကုန်အသစ်ပဲဖြစ်မည်။
ထို့ကြောင့် အချိန်တိုအတွင်း ချင်းလင်စံအိမ်တွင်ရှိနေသောအမျိုးသမီးခရီးသည်များအပါအဝင် ပရိသတ်အတော်များများမှာ အလှအပသခွားသီးကိုစိတ်ဝင်စားသွားကြသည်။
အလှအပသခွားသီးရဲ့အာနိသင်ကိုမြင်ပြီးမှတော့ ဘာစောင့်နေမလဲ?
တစ်ယောက်ပြီးတစ်ယောက် အရောင်းစင်တာထဲအပြေးရောက်လာကြသည်။
အသားအရေဖြူတယ်၊ လှတယ်၊ စိုပြေစေတယ်၊ ဒါတွေကို ဘယ်အမျိုးသမီးမှတောင့်မခံနိုင်။
တခြားနေရာက အင်တာနက်ပေါ်မှာဒါမျိုးကြော်ငြာရင်စိတ်ဝင်စားမည်မဟုတ်။ ချမ်းသာပြီး ငတုံးလည်းမဟုတ်။ သို့သော် ချင်းလင်စံအိမ်ရဲ့ထုတ်ကုန်၊ ပါမောက္ခလီခိုင်ရဲ့သုတေသနဆိုရင် သေချာပေါက်အာနိသင်ရှိလိမ့်မည်။
လက်ရှိပန်းပင်လယ်အကျယ်၊မြို့စားနှင်းဆီရဲ့နာမည်ကမကျသေး။ ချင်းလင်စံအိမ်မှာ နေ့တိုင်း ခရီးသည် ၂၀၀၀၀ ကျော်နှင့် ပြည့်လျှံနေဆဲပင်။
ထို့ကြောင့် ချင်းလင်စံအိမ်မှတင်ထားသောအလှအပသခွားသီးမှာ မကြာခင်ပစ္စည်းပြတ်လပ်သွားသည်။ ထို့နောက် စံအိမ်၊ သတို့သမီးခန်းနှင့်ရွက်ဖျင်တဲနေရာအနှံ့တွင် သခွားသီးလှီးနေသောအမျိုးသမီးခရီးသည်များကိုတွေ့ရလေသည်။
လူအစည်ဆုံးနေရာမှာ ဘူဖေးစားသောက်ခန်းပင်။
မီးဖို၊ စားပွဲ၊ အသားကင်စက်နှင့် သခွားသီးလှီးရန်ဓားငှားနိုင်သည်။
ထိုအခြေအနေကိုကောင်းယောင်ယောင်မြင်လျှင် စားဖိုဆောင်သွား၍ အလှီးအဖြတ်ကျွမ်းကျင်သောအလုပ်သင်တစ်ယောက်ကို ဆရာလင်းဆီမှတောင်းလိုက်သည်။ ထို့နောက် အရောင်းစင်တာထဲတွင် အခမဲ့သခွားသီးလှီးပေးသော ဝန်ဆောင်မှုပေးသည်။
ထို့ကြောင့် ချင်းလင်အလှအပသခွားသီးမှာ အာနိသင်မစမ်းကြည့်ရသေးခင် နာမည်ကြီးသွားလေသည်။
တဆင့်စကား၊ တဆင့်နားကြောင့်ဖြစ်မည်။
တခြားနေရာမှာဆိုရင် တန်ဖိုးက ရိုးရိုးသခွားသီးထက်နိမ့်နေရင်တောင် ဒီလောက်အပြေးအလွှားဝယ်ချင်မှဝယ်မည်။
လက်တွေ့ပစ္စည်းပြတ်သွားပြီဖြစ်၍ အင်တာနက်ပေါ်တွင် ဆွေးနွေးခန်းများထလာပြန်သည်။
'စီးပွားရေးဟာသ'အမည်ရှိ Weibo အသုံးပြုသူတစ်ယောက်တင်လိုက်သောဗီဒီယိုမှာပေါက်သွားသည်:
''စီးပွားရေးလုပ်ရင် စျေးကွက်ကိုချုပ်ကိုင်နိုင်ရမယ်ဆိုတာ အားလုံးအသိပဲ... ချင်းလင်စံအိမ်က ပါမောက္ခလီခိုင်ပျိုးထောင်ထားတဲ့သခွားမျိုးအသစ်ကို အခုပဲကြေညာထားပါတယ်... ဟုတ်ပါတယ်... အလှကုန်ပစ္စည်းပါပဲ... တစ်ခုခုထူးဆန်းနေတာ အားလုံးသတိထားမိလား?''
''သခွားသီးကအသုံးမတည့်ဘူးလို့ပြောနေတာမဟုတ်ပါဘူး... ပါမောက္ခလီခိုင်ရဲ့သုတေသနက ယုံကြည်ထိုက်ပါတယ်... ဒါပေမဲ့ ချင်းလင်စံအိမ်ရဲ့နာမည်အကြီးဆုံးထုတ်ကုန်တွေကို အားလုံးသတိပြုမိလား? အမျိုးသမီးတွေကိုလှပစေတဲ့ အလှအပဥနဲ့သခွားသီးလိုထုတ်ကုန်တွေ... အမျိုးသားတွေရဲ့ယန်ဓာတ်နဲ့ကျောက်ကပ်ကိုအားဖြည့်ပေးတဲ့ ချင်းလင်ဆေးဖက်ဝင်ဝိုင်နဲ့ရုံးပတီသီးတွေ''
''ကျွန်တော်ပြောချင်တာ အဲဒါပဲ... ချင်းလင်စံအိမ်က ကျား၊မ စျေးကွက်ကိုအခိုင်အမာချုပ်ကိုင်ထားတယ်... ဒါကလည်း ချင်းလင်စံအိမ်အောင်မြင်ရတဲ့အကြောင်းရင်းတစ်ခုဖြစ်မယ်''
ထိုဗီဒီယိုကို လူအတော်များများ လုံးဝစိတ်ဝင်စားသွားသည်။
အားလုံးကတွေးကြည့်ကြသည်။ ချင်းလင်စံအိမ်မှာ ဒီလိုအာနိသင်ရှိတဲ့ ကန်စွမ်းဥ၊ ပန်းဂေါ်ဖီစိမ်းနဲ့ ရေချိုငါးလို အထူးထုတ်ကုန်တွေအများကြီးရှိနေသည်။
…
အချိန်က အမှတ်တမဲ့ကုန်ဆုံးသွားသည်။
ချန်အိုက်ရင်း ဟိုတယ်ခန်းထဲပြန်ရောက်လာသည်။ ပထမဆုံးလုပ်တာက သခွားသီးလှီးပြီးမျက်နှာကပ်ခြင်းပင်။
သူမက မကြာခဏမျက်နှာကပ်ခွာကပ်လေ့ရှိပြီး ကပ်တိုင်းလန်းဆန်းသွားသည်။ နောက်ပြီး မျက်နှာကပ်ခွာအရည်အသွေးပိုကောင်းလေလေ၊ လန်းဆန်းမှုနှင့်သက်သောင့်သက်သာရှိသောခံစားချက်ကပိုကောင်းလေလေဖြစ်သည်။
အရင်က သခွားသီးလည်းကပ်ဖူးသည်။ ဘာပဲဖြစ်ဖြစ် အင်တာနက်ပေါ်တွင် သခွားသီးမှာအကျိုးကျေးဇူးများစွာရှိကြောင်းထောက်ခံထားကြသည်။ သို့ရာတွင် ကပ်ပြီးနောက် နည်းနည်းပိုကောင်းလာသော်လည်း အရည်အသွေးမြင့်မျက်နှာကပ်ခွာထိပ်တန်း ၁၀ ခုထက်ညံ့နေသည်။
အခုချင်းလင်စံအိမ်မှအရည်အသွေးမြင့်အလှအပသခွားသီးကိုကပ်ပြီးနောက် အရင်သုံးဖူးသောမျက်နှာကပ်ခွာထိပ်တန်း ၁၀ ခုထက်သိသိသာသာပိုလန်းဆန်းကြောင်းသိလိုက်ရသည်။
ဒီခံစားချက်က ချက်ချင်းလက်ငင်းပင်။
နောက်ပြီး သက်သောင့်သက်သာရှိရုံတင်မက သူမမျက်နှာပေါ်မှမွေးညင်းပေါက်အားလုံးပွင့်သွားသလိုခံစားရသည်။ မျက်နှာဆဲလ်အားလုံးမှာ အာဟာရဓာတ်စုပ်ယူပြီး ဝမ်းသာအားရခုန်ပေါက်နေသလိုပင်။
ဒါမျိုးခံစားဖူးတာ ဒါပထမဆုံး။
မကြာခင် မိနစ် ၂၀ ပြည့်သွားသည်။
ချန်အိုက်ရင်းက မျက်နှာပေါ်မှသခွားသီးဖတ်များဖယ်ပြီး သန့်စင်ခန်းထဲသွား၍ဆေးကြောလိုက်သည်။ မှန်ထဲကြည့်လိုက်သောအခါ သူမအံ့ဩသွားသည်။
ဒီလောက်အချိန်တိုအတွင်း သူမမျက်နှာကအတော်လေးဖြူသွားသလိုပင်။
သူမကအမှတ်တမဲ့မှန်နားကပ်ပြီး သေသေချာချာကြည့်လိုက်သည်။
အသက်က ၃၀ ထဲမှာ၊ ဘယ်လောက်ပဲဂရုစိုက်စိုက် အနီးကပ်ကြည့်လိုက်တိုင်း မျက်နှာအသားအရေက နည်းနည်းညစ်နွမ်းနေတတ်သည်။
ဒါပေမဲ့ အခု မျက်နှာအသားအရေက စိုပြေဝင်းပနေသည်။
ဒါချင်းလင်စံအိမ်က အရည်အသွေးမြင့်အလှအပသခွားသီးရဲ့အာနိသင်လား?
ခဏအကြာ သန့်စင်ခန်းထဲမှထွက်လာရာ တံခါးဘဲလ်သံကြားရသည်။ သူမနှင့်သူငယ်ချင်းနှစ်ယောက်ယူထားသောအဆင့်မြင့်အခန်းများမှာ တစ်ယောက်ခန်းများဖြစ်သည်။ အခန်းငှားတုန်းက အခန်းကျယ် သို့မဟုတ် ဧည့်ခန်းပါသောဟိုတယ်ခန်းများငှားမရချေ။
သူငယ်ချင်းနှစ်ယောက် မျက်နှာကပ်ပြီးရောက်လာခြင်းဖြစ်မည်။
တံခါးဖွင့်လိုက်သောအခါ အမှန်ပင်သူငယ်ချင်းတစ်ယောက်ရောက်နေသည်။
သူငယ်ချင်းကဝင်လာပြီး စိတ်လှုပ်ရှားစွာနှင့်_
''အိုက်ရင်း... ဒီသခွားသီးကအရမ်းထိရောက်တာပဲ... ကြည့်ပါဦး... နင့်မျက်နှာလေး ဖြူလာလိုက်တာ... အရည်အသွေးမြင့်မျက်နှာကပ်ခွာတွေထက်အများကြီးပိုကောင်းတယ်''
''အင်း!''
ချန်အိုက်ရင်းက ချက်ချင်းခေါင်းညိမ့်ထောက်ခံလိုက်ပြီး_
''ဒီလိုအာနိသင်မျိုးရှိတာ မဖြစ်မနေသွားပြီး ထပ်ဝယ်ရမယ်... အလှအပဥကတော့ ငါတို့မရနိုင်လို့ရှိစေတော့''
အလှကြိုက်သူအမျိုးသမီးများမှာ အံ့ဩဝမ်းသာမှုကိုမဖုံးနိုင်မဖိနိုင်။
သူတို့အတွက် ဒီအလှအပသခွားသီးက လုံးဝမင်္ဂလာတစ်ပါးပင်။
သို့ရာတွင် သူငယ်ချင်းဖြစ်သူက_
''ဟင်း... မရမှာစိုးတယ်... ဒီအာနိသင်ကိုသိသွားရင် အလှအပဥလိုလုကြလိမ့်မယ်''
ချန်အိုက်ရင်းမျက်နှာထားပြောင်းသွားသည်။
ဘာပဲဖြစ်ဖြစ် အလှအပဥကိုလုတာ ရက်အတော်ကြာအောင်မရခဲ့။
အရင်ရက်ကအစောထဖို့သတိမပေးခြင်းကြောင့်မဟုတ်သော်လည်း သတိပေးလေလေ၊ လန့်နိုးလေလေနှင့်၊ ဘာပဲဖြစ်ဖြစ် အိပ်မပျော်နိုင်ဖြစ်လာကြသည်။
တစ်ခါတလေ ဇီဝနာရီအတော်ပျက်သည်။
''ဒါနဲ့ ဝေဝေရော? မပြီးသေးဘူးလား?''
ချန်အိုက်ရင်းကမေးလိုက်သည်။
သူငယ်ချင်းကခေါင်းခါပြီး_
''မသိဘူး... ငါတို့ဟိုတယ်ကိုအတူတူရောက်တာ... ပြီးသင့်နေပြီ... ဘာလို့ကြာနေပါလိမ့်?''
''မသိ... တစ်ခုခုဖြစ်ပြန်ပြီနေမှာပေါ့''
ချန်အိုက်ရင်းခေါင်းခါလိုက်သည်။
ရှပ်ပြာပြာသူငယ်ချင်းရှိတော့လည်း စောင့်နေရုံသာ။
သို့ရာတွင် သူတို့နှစ်ယောက်မှာအစောင့်ကြီးစောင့်ပြီး ဝေဝေပေါ်မလာသောကြောင့် တစ်ခုခုမှားနေပြီဟုထင်မိသည်။
အမြဲတမ်း သူတို့အတွေ့အကြုံကိုချက်ချင်းမျှဝေဖို့လူစုနေကျ။
အခုချင်းလင်အလှအပသခွားသီးသုံးပြီး တစ်ယောက်သာ ချက်ချင်းဆွေးနွေးဖို့ရောက်လာသည်။
နာရီဝက်ကျော်ကြာမှ တံခါးဘဲလ်သံကြားရ၏။
ဝေဝေရောက်ပြီပဲ။
ချန်အိုက်ရင်းကတံခါးဖွင့်လိုက်ရာ အပြင်မှာ သူမသူငယ်ချင်းရပ်နေသည်ကိုတွေ့ရသည်။
သို့ရာတွင် ထိုသူငယ်ချင်းကို သူတို့နှစ်ယောက်ကထူးဆန်းသောမျက်နှာထားများနှင့်ကြည့်လိုက်ကြသည်။
သူမမျက်နှာကနီရဲပြီး အခုမှအချစ်ပွဲနွှဲထားသလိုလို၊ တစ်ခုခုတော့မှားနေပြီ။
''ဝေဝေ... ယောက်ျားသွားရှာတာလား?''
ချန်အိုက်ရင်းက သတိလက်လွတ်ရေရွတ်လိုက်သည်။
ဒီအသက်အရွယ်နဲ့ ဘာလို့ဒီပုံဖြစ်နေလဲ သူမသိသည်။
ဒါကြောင့် နာရီဝက်ကြာတာကိုး!