ချမ်းသာတဲ့ဒုတိယမျိုးဆက်ကျောင်းသား! လုံးဝစိတ်ကူးယဉ်ဆန်!
Vol. 39 Ch. 575
ချန်အိုက်ရင်းတို့နှစ်ယောက်မှာလန့်ပြီး ပါးစပ်ကိုလက်နှင့်အုပ်လိုက်ကြသည်။
ဝေဝေသတ္တိကောင်းလိုက်တာ!
ဒီဟိုတယ်မှာ လူယုတ်မာတွေ?
အခုတလော နိုင်ငံတော်ကဒီလောက်တင်းကြပ်ထားတာ၊ ဒီဟိုတယ်က ဒီလိုဝန်ဆောင်မှုမျိုးပေးရဲတယ်လား?
အသက် ၃၀ အရွယ်များဖြစ်၍ မျက်နှာကြည့်ပြီး ချစ်ရည်လူးထားမှန်းသိသည်။
နောက်ပြီး ဝေဝေက အပျော်ကြူးထားပုံနှင့်တူနေသည်။
မဟုတ်ရင် ဘာလို့နာရီဝက်ကြာမလဲ?
ချန်အိုက်ရင်း၏မေးခွန်းထုတ်နေသောအကြည့်ကြောင့် သူမမျက်နှာပူပြီး ချန်အိုက်ရင်းကိုအခန်းထဲမြန်မြန်တွန်းလိုက်ကာ_
''ဘာတွေလျှောက်ပြောနေတာလဲ? ငါကအဲလိုကလေကချေနဲ့တူလို့လား?''
ချန်အိုက်ရင်းက ဝေဝေကိုဆွဲပြီးလိုက်စမ်းရင်း_
''ငါကလျှောက်ပြောတာ လုပ်နေသေးတယ်? မှန်းစမ်း ငါစစ်ကြည့်မယ်... နင့်ယောက်ျားသိသွားမှာမကြောက်ဘူးလား?''
''အင်း... သူကငါတို့ကိုစစ်စေချင်နေတာ''
တခြားသူငယ်ချင်းကလည်းမယုံ။
မသိဘူးများထင်လို့လား?
ဝေဝေက အလောတကြီးပြောလိုက်သည်_
''လျှောက်မလုပ်နဲ့... ဘာဖြစ်တာလဲပြောပြမယ်... သခွားသီးပုံစံကထူးဆန်းတယ်လို့ နင်ပြောတယ်မလား? အဲဒါပဲ''
“……”
“……”
ချန်အိုက်ရင်းနှင့်ချန်ရိချန်ကြောင်သွားသည်။ ဝေဝေပြောတာ ချက်ချင်းသဘောပေါက်လိုက်သည်။
''ဝေဝေ... နင်ဖီရှိုးသုံးတာ မဟုတ်ပါဘူးနော်? အဆင်ပြေရဲ့လား?''
''အင်း!''
ဝေဝေကခေါင်းညိမ့်အတည်ပြုပြီး_
''မဟုတ်ရင် ဘာလို့ဒီလောက်ကြာမလဲ? အဲဒီအချိန်က ဘယ်လိုဖြစ်သွားလဲမသိဘူး... အဲဒါနဲ့စမ်းကြည့်လိုက်တာ''
ဝေဝေစကားကြားပြီး ချန်အိုက်ရင်းတို့နှစ်ယောက်မှာ အမှတ်တမဲ့တံတွေးမြိုချမိသည်။
တကယ်ကြီးလား?
ဒါပေမဲ့ ဝေဝေ့ပုံကြည့်ရတာ လိမ်နေတာနဲ့မတူ။
ဒါသာအမှန်ဆိုရင် ဒီဟာက...
သူတို့အရွယ်တွင် အိမ်မှာလင်မယားချင်း ပိုပိုအဆင့်တက်လာသည်။ တစ်ခါတလေလည်း အချစ်ကြမ်းသည်။
ပိုက်ဆံမရှားသူများဖြစ်သော်လည်း ကိုယ်ကျင့်တရားဖောက်ဖျက်တာမျိုးမလုပ်။
ဒီဟာက...
''ငါအခန်းထဲမှာတစ်ခုမေ့ကျန်ခဲ့လို့... ပြန်သွားယူလိုက်ဦးမယ်''
ကျန်သူငယ်ချင်းကပြောပြီး အခန်းတံခါးဖွင့်ကာ သူမအခန်းပြန်သွားသည်။
ချန်အိုက်ရင်းက ဝေဝေကို 'နင်ရော အခန်းပြန်ပြီး တစ်ခုခုယူဦးမလား?' ဆိုသောအကြည့်နှင့်ကြည့်လိုက်သည်။
ချန်အိုက်ရင်း၏အဓိပ္ပါယ်ကို ဝေဝေကသဘောပေါက်ပုံမရ။ သူမကထိုင်ချပြီး စိတ်လှုပ်ရှားသံနှင့်_
''အိုက်ရင်း... ငါပြောပြမယ်... ခံစားချက်ကထူးဆန်းတယ်''
ချန်အိုက်ရင်းက အံကြိတ်လိုက်သည်။
ဒီမိန်းမဟာလေ၊ အရိပ်အကဲနားမလည်ဘူး။
……
အင်တာနက်ပေါ်တွင်_
အလှအပသခွားသီးရောင်းအားကြောင့် အလှအပသခွားသီးသုံးပြီးသူတချို့ကလည်း အင်တာနက်ပေါ်တွင်ဗီဒီယိုများတင်ကြသဖြင့် အလှအပဥလို အလှအပသခွားသီးလည်းပေါက်သွားသည်။
အားလုံးစိတ်ဝင်စားသောဗီဒီယိုမှာ လှလှပပခရီးသွားဘလော့ဂါတစ်ဦးတင်ထားသောဗီဒီယိုပင်။
ထိုလှလှပပခရီးသွားဘလော့ဂါမှာ အတော်လေးနာမည်ကြီးသည်။ ဒီတစ်ခေါက် သီးသန့်ခေါင်းစဉ်တစ်ခုလုပ်ရန် ချင်းလင်စံအိမ်လာပြီး သခွားသီးများသိမ်းကြုံးယူခဲ့သည်။ အသုံးပြုပြီးနောက် အာနိသင်ကိုမျှဝေပေးသည်။
သူမဗီဒီယိုထဲတွင် အရည်အသွေးမြင့်အလှအပသခွားသီးကိုမသုံးခင်နှင့်သုံးပြီး သိသိသာသာပြောင်းလဲသွားပုံကိုပြထားသည်။ ဒါကြောင့်လည်း အလှအပသခွားသီး၏မှော်လိုအလှအပအာနိသင်ကိုသိသွားကြသည်။
သို့ရာတွင် ဘလော့ဂါအလှလေး၏နောက်ဆုံးစကားကြောင့် အံ့ဩကုန်ကြသည်။
''ဒန် တန့် တန်... အားလုံးမြင်တဲ့အတိုင်းပဲ... အလှအပသခွားသီးသုံးပြီးတော့ ကျွန်မမျက်နှာသိသိသာသာဖြူသွားပါပြီ... အလှအပအာနိသင်ကအရမ်းထိရောက်တယ်... အဓိကက ကောင်လေးရရမရရ ကိစ္စမရှိဘူးလို့ခံစားမိတယ်... အိုက် ယား... ပြောချင်တာက ကောင်လေးက ကျွန်မကိုလှအောင်မလုပ်ပေးနိုင်ဘူး!!''
ဗီဒီယိုက သဲလွန်စတစ်ခုခုပေးနေသည်။
ယုန်ဖြူလေးလိုဖြူစင်နေတာမဟုတ်ရင် ဘယ်သူမဆိုသဘောပေါက်နိုင်သည်။
ထို့ကြောင့် ထိုဘလော့ဂါအလှလေး၏ဗီဒီယိုမှာ မကြာမီအဘန်းခံလိုက်ရတော့သည်။
ဖြစ်ချင်တော့ ဗီဒီယိုကိုလူတွေအများကြီးမြင်သွားသည်။ အထူးသဖြင့် စံအိမ်မှခရီးသည်များပင်။
ထို့ကြောင့် ချင်းလင်စံအိမ်အရောင်းစင်တာတွင် အလှအပသခွားသီးတောင်းဆိုနေသော လူအရေအတွက်ရုတ်တရက်များလာပြီး အားလုံးမှာအသက် ၃၀ ကျော်များဖြစ်လေသည်။
ဘာကြောင့်မှန်းမသိ။ မျက်နှာထားများကပိုပြီးထူးဆန်းနေသည်။
အလှအပသခွားသီးရေပန်းစားနေစဉ် ချင်းလင်စံအိမ်ကားပါကင်သို့ကားနှစ်စီးလာရပ်သည်။
ကားတစ်စီး၏လိုင်စင်နံပါတ်အရ ရုံချန်းစီရင်စုမှဖြစ်သည်။
နောက်တစ်စီးက တခြားစီရင်စုမှဖြစ်သည်။
စီရင်စုထဲမှကားတံခါးပွင့်လာပြီး ကားပေါ်မှချန်လီနှင့်ကျုံးလဲ့ဆင်းလာသည်။ တောင်တန်းစံအိမ်၏ပြွတ်သိပ်နေသောခရီးသည်များကိုကြည့်ရင်း သူနည်းနည်းစိတ်လှုပ်ရှားမိသည်။ ဟိုအရင် ယိုယွင်းနေတဲ့တောင်တန်းစံအိမ်ကို ယွမ်တစ်သန်းနဲ့လေလံဆွဲတုန်းက ဒီလိုခရီးသည်တွေစုရုံးနေတဲ့မြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ဘယ်ထင်မလဲ?
နောက်ကားမှ လူငယ်တစ်ဦးနှင့် ကလေးမလေးကိုလက်ဆွဲထားသောအမျိုးသမီးတစ်ဦးလည်း ဆင်းလာသည်။
ချန်လီက လူငယ်ဆီလျှောက်သွားပြီး တရိုတသေနှင့်_
''မစ္စတာဟွမ်... ဒါချင်းလင်တောင်တန်းစံအိမ်ပါ... လိုက်ပြပေးရမလား?''
သူဒီလောက်ရိုသေတာ မထူးဆန်း။ ရုံချန်းဖွံ့ဖြိုးရေးအတွက်ဒီလောက်အကြာကြီးလုပ်လာပြီး ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်နေခဲ့သည်။ အားလုံးက သန်းချီ ဒါမှမဟုတ် သန်းဆယ်ချီရင်းနှီးမြှုပ်နှံကြသော်လည်း ကြီးကြီးမားမားရင်းနှီးမြှုပ်နှံသူကရှားသည်။
သူ့ရှေ့ကလူငယ်မှာ သူဌေးချင်အရွယ်လောက်သာရှိသေးသော်လည်း ရံပုံငွေယွမ်သန်း ၁၀၀ ထက်မလျော့ဟု စီရင်စုကအတည်ပြုထားသည်။
ဒါငွေစီးဆင်းမယ့်အမျိုး။
နောက်ပြီး တစ်ဖက်လူက ရင်းနှီးမြှုပ်နှံဖို့၊ စက်ရုံဆောက်ဖို့နေရာရှာနေသည်။
ထို့ကြောင့် ရုံချန်းတွင် တစ်ဖက်လူ၏ရင်းနှီးမြှုပ်နှံမှုကိုထိန်းထားရမည်ဟု စွန်းရှန်ကတရားသေအမိန့်ပေးထားသည်။
သူရုံချန်းရောက်လာသောအခါ နည်းနည်းကြည့်ရှုစစ်ဆေးပြီး ချင်းလင်စံအိမ်ကိုလာဖို့အကြုံပြုလိုက်သည်။ ရင်းနှီးမြှုပ်နှံမှုရအောင် သူကိုယ်တိုင်အဖော်လိုက်ပေးရမည်။
''ဒုက္ခပေးရတာ အားနာလိုက်တာ... လက်ထောက်ချန်''
မစ္စတာဟွမ်က အပြုံးနှင့်ပြောသည်။
သူ့ဘေးမှအမျိုးသမီးက စူးစမ်းပြီးမေးသည်_
''လက်ထောက်ချန်... အင်တာနက်မှာတွေ့တာ ချင်းလင်စံအိမ်မှာပစ္စည်းကောင်းတွေအများကြီးရှိတယ်တဲ့... အကြီးအကဲစားပွဲ ချင်းလင်ဆေးဖက်ဝင်ဝိုင် အလှအပဥ ပြီးတော့ ဒီနေ့မှထွက်တဲ့ အလှအပသခွားသီးလိုဟာတွေပေါ့... ဒီပစ္စည်းတွေက တကယ်ပဲအင်တာနက်ပေါ်မှာပြောထားသလိုအစွမ်းရှိလား?''