← Chapters

ချမ်းသာတဲ့ဒုတိယမျိုးဆက်ကျောင်းသား! လုံးဝစိတ်ကူးယဉ်ဆန်! ၂

Vol. 39 Ch. 576

ချမ်းသာတဲ့ဒုတိယမျိုးဆက်ကျောင်းသား! လုံးဝစိတ်ကူးယဉ်ဆန်! ၂

Vol. 39 Ch. 576

''ချင်းလင်စံအိမ်ရဲ့ပစ္စည်းတွေကအမှန်ပါ... မဟုတ်ရင် ဒီလောက်နာမည်ကြီးမှာမဟုတ်ဘူး''

ချန်လီကအပြုံးနှင့်ရှင်းပြလိုက်သည်။

''တကယ်? နှမြောစရာပဲ''

အမျိုးသမီးက တအံ့တဩမေးသည်_

''အင်တာနက်မှာဖတ်ရတာ... ဒီပစ္စည်းတွေကဝယ်ချင်တိုင်းဝယ်လို့မရဘူးတဲ့... မနက်ဖြန်အစောတန်းစီရင်တောင် ရပါ့မလားမသိဘူး''

''မပူပါနဲ့ မစ္စဟွမ်... ခင်ဗျားနဲ့မစ္စတာဟွမ်က အထူးဧည့်သည်တွေပဲ... တန်းစီခိုင်းလို့ဘယ်ဖြစ်ပါ့မလဲ?''

ချန်လီကချက်ချင်းပြောလိုက်သည်_

''ကျုပ်မျက်နှာပျက်ရရင်တောင် စံအိမ်ကိုရောင်းပေးခိုင်းပါ့မယ်''

''ကျေးဇူးပါပဲ လက်ထောက်ချန်''

အမျိုးသမီးက ချက်ချင်းကျေးဇူးတင်စကားပြောသည်။

''ဆရာမ''

မစ္စတာဟွမ်က အမျိုးသမီးအား_

''ဖိအားမပေးပါနဲ့... သူတို့မှာ သူတို့စည်းကမ်းတွေရှိတယ်... အခက်အခဲဖြစ်အောင်မလုပ်ပါနဲ့''

''စိတ်မပူပါနဲ့ မစ္စတာဟွမ်... ကျုပ်နဲ့ချင်းလင်စံအိမ်ပိုင်ရှင်က မိတ်ဆွေတွေပါ''

ချန်လီကပြုံးပြုံးနှင့်ပြောလိုက်သည်။ ဒီရင်းနှီးမြှုပ်နှံမှုအတွက် သူဌေးချင်သူ့ကိုမျက်နှာသာပေးဖို့တောင်းဆိုမည်ဟု စိတ်ဆုံးဖြတ်ထားသည်။

သို့ရာတွင် မစ္စတာဟွမ်တို့စုံတွဲက သူ့ကိုသို့လောသို့လောဖြစ်စေသည်။

သူများတွေကမိန်းမလို့ခေါ်ကြပေမဲ့ မစ္စတာဟွမ်က သူ့မိန်းမကို'ဆရာမ'တဲ့။

မိန်းမနဲ့ဆရာမက တစ်လုံးပဲကွာပေမဲ့ အဓိပ္ပါယ်ကအကွာကြီးမလား?

မစ္စတာဟွမ်က စံအိမ်အပေါက်ဝရပ်ပြီး 'ချင်းလင်စံအိမ်'ဟူသောကမ္ဗည်းကိုမော့ကြည့်လိုက်သည်။

''တကယ်သစ်မွှေးပဲ... အတော်သက်တမ်းရင့်နေပြီ''

မစ္စတာဟွမ်က တအံ့တဩပြောသည်။

ချန်လီက အံ့ဩသွားပြီးမေးလိုက်သည်_

''မစ္စတာဟွမ်... ဒီအဝါရောင်သစ်မွှေးရဲ့သက်တမ်းကိုပြောနိုင်လား? အဲဒီတုန်းက ဒီကမ္ဗည်းအရမ်းနာမည်ကြီးလို့ ခရီးသည်တွေအများကြီးလာကြည့်ကြတာ... ဒါပေမဲ့ သက်တမ်းကိုသိတဲ့သူသိပ်မရှိဘူး''

မစ္စတာဟွမ်ကခေါင်းခါပြီး_

''အသေးစိတ်တော့မပြောတတ်ဘူး... ဒါပေမဲ့ နည်းနည်းသိတယ်...ကျွန်တော့်အဘိုးကြီးရဲ့လေ့လာချက်မှာ အဝါရောင်သစ်မွှေးကမ္ဗည်းပါလို့ အရင်ကလေ့လာထားတာ''

''မစ္စတာဟွမ်... ခင်ဗျားက တကယ်ဗဟုသုတကြွယ်တာပဲ''

ချန်လီကခေါင်းညိမ့်ပြီး မစ္စတာဟွမ်ကိုစံအိမ်ထဲခေါ်လာသည်။

သူကပြွတ်သိပ်နေသောခရီးသည်များကိုကြည့်ရင်း မိတ်ဆက်ပေးလိုက်သည်_

''မစ္စတာဟွမ်... လတ်တလော ချင်းလင်စံအိမ်မှာပန်းပင်လယ်အကျယ်လုပ်ငန်းဖွင့်ထားပါတယ်... တစ်နေ့ခရီးသည် ၂၀၀၀၀ ကျော်လာတယ်''

''ဒီအချက်ကနေ ရုံချန်းရဲ့ပတ်ဝန်းကျင်ကရင်းနှီးမြှုပ်နှံဖို့ကောင်းတယ်ဆိုတာ သိနိုင်ပါတယ်... မဟုတ်ရင် ချင်းလင်စံအိမ်လိုခရီးသွားလုပ်ငန်းမျိုးက တစ်နေ့ခရီးသည် ၂၀၀၀၀ ကျော်ရဖို့မဖြစ်နိုင်ပါဘူး''

''ဒါ့အပြင် ချင်းလင်စံအိမ်ပိုင်ရှင်က ချင်းလင်အစားအသောက်ကုမ္ပဏီရဲ့ပိုင်ရှင်ဆိုတာ ခင်ဗျားလည်းအသိပဲ... ချင်းလင်ဆော့နဲ့ချင်းလင်အားဖြည့်လက်ဖက်ရည်က တစ်နိုင်ငံလုံးမှာနာမည်ကြီးနေတာ... သူတို့စက်ရုံကလည်း ရုံချန်းစက်မှုဇုန်ထဲမှာပဲ... နောက်တစ်ခုက ချင်းလင်ဓာတ်ခွဲခန်းပါ... မင်မြို့တော်သူဌေးကြီးနှစ်ယောက်လည်း ယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားပါတယ်...''

''ရုံချန်းရဲ့ပတ်ဝန်းကျင်သာ ရင်းနှီးမြှုပ်နှံလို့မကောင်းရင် သူတို့လုပ်ငန်းခွဲတွေကိုရုံချန်းထဲထားမှာမဟုတ်ပါဘူး... ပြီးရင် မစ္စတာဟွမ်ကို ချင်းလင်စံအိမ်ပိုင်ရှင်နဲ့တွေ့ပေးပါမယ်... ဒီအကြောင်း ပိုပြောလို့ရမှာပါ''

ချင်းလင်တောင်တန်းစံအိမ်၊ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့် ချင်းလင်ဓာတ်ခွဲခန်းတို့မှာ ရင်းနှီးမြှုပ်နှံသူများကို ဗန်းပြနိုင်သော အကောင်းဆုံးလုပ်ငန်းကတ်များဖြစ်လာသည်။

အရင်က သန်းချီ သို့မဟုတ် သန်းဆယ်ချီရင်းနှီးမြှုပ်နှံသူများနှင့်ဆုံလျှင် ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီအကွက်ရွှေ့လိုက်ပါက အလွယ်တကူဖြေရှင်းနိုင်သည်။

ယခုစက်မှုဇုန်ထဲတွင် စက်ရုံအသစ်များတိုးလာပြီဖြစ်သည်။ အရွယ်အစားသိပ်မကြီးသော်လည်း အရေအတွက်က အတော်လေးများသည်။

ဒီအကွက်က မစ္စတာဟွမ်အပေါ်မှာလည်း အလုပ်ဖြစ်ပါစေဟုမျှော်လင့်မိသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုအကြီးစားရင်းနှီးမြှုပ်နှံသူမျိုးက အသေးစားရင်းနှီးမြှုပ်နှံသူတွေနှင့်မတူ။

ထို့ကြောင့် မျက်နှာအောက်ချပြီး မစ္စတာဟွမ်ကိုသူဌေးချင်နှင့်တွေ့ပေးဖို့စီစဉ်ထားသည်။

ဒီလိုရင်းနှီးမြှုပ်နှံသူများကို သူဌေးချင်လိုလူမျိုးက ရုံချန်းပတ်ဝန်းကျင်မှာရင်းနှီးမြှုပ်နှံဖို့ ပိုယုံကြည်ချက်ရှိစေလိမ့်မည်။

မစ္စတာဟွမ်က ချန်လီစကားနားထောင်ရင်း ရုတ်တရက်ပြုံးကာ_

''လက်ထောက်ချန်... ခင်ဗျားရဲ့ရုံချန်းမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ပတ်ဝန်းကျင်မျိုးရှိတာယုံပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာရဲရဲတင်းတင်းတောင်းဆိုစရာတစ်ခုရှိပါတယ်... ဒီချင်းလင်စံအိမ်ပိုင်ရှင်နဲ့မတွေ့ခင် ချင်းလင်စံအိမ်ရဲ့မြင်းထိန်းသမားလေးရှောင်ချင်နဲ့တွေ့ပေးလို့ရမလား?''

''ဘယ်လို?''

ထိုတောင်းဆိုချက်ကြားပြီး ချန်လီခဏကြောင်သွားသည်။

မြင်းထိန်းသမားလေးရှောင်ချင်က သူဌေးချင်ပဲမလား?

ရှောင်ချင်ကိုတွေ့ချင်တာ သူဌေးချင်ကိုတွေ့ချင်တာမလား?

ပြီးမှ 'အပြင်လူတွေက မြင်းထိန်းသမားလေးရှောင်ချင်ကို ချင်းလင်စံအိမ်ပိုင်ရှင်မှန်းမသိလောက်ဘူး'ဟုတွေးမိသည်။

ချန်လီတိတ်ဆိတ်နေသဖြင့် သူအခက်တွေ့နေပြီဟု မစ္စတာဟွမ်ကထင်လိုက်သည်။ သူကချက်ချင်းပင်_

''လက်ထောက်ချန်... ဒီလိုတောင်းဆိုတာလွန်မှန်းသိပါတယ်... ဒါပေမဲ့ ဒုက္ခပေးချင်လို့မဟုတ်ပါဘူး... တကယ်တော့ ရှောင်ချင်က မတွေ့တာကြာတဲ့သူငယ်ချင်းတစ်ယောက်ပါ... ချင်းလင်စံအိမ်ဗီဒီယိုထဲမှာ သူ့ကိုတွေ့လို့အံ့ဩနေတာ... တက္ကသိုလ်တက်တုန်းကအချိန်တွေကိုလည်းသတိရလို့ သူ့ကိုတွေ့ချင်တာပါ''

''ကျွတ်''

ချန်လီလုံးဝမယုံနိုင်။

ရှောင်ချင်က သူဌေးချင်မှန်းမသိဘူးလား?

''လက်ထောက်ချန်''

မစ္စတာဟွမ်ကရှင်းပြသည်_

''ခင်ဗျားကိုမလိမ်ပါဘူး... အရင်က ချင်လင်နဲ့တစ်ခန်းထဲအိပ်ကြတာ''

''အစပိုင်း သူ့ကိုမြင်းစီးသင်ပေးခဲ့တာ ကျွန်တော်ပဲ... ဒါပေမဲ့ ဒီကြားထဲကိစ္စတစ်ခုဖြစ်ခဲ့လို့ ကျွန်တော်တို့အချင်းချင်းအဆက်အသွယ်ပြတ်သွားတယ်... အခုသူမြင်းစီးတာဒီလောက်ကောင်းလာလိမ့်မယ်လို့မထင်မိဘူး... သူ့ကိုအရမ်းအားကျတယ်''

ဒီစကားနားထောင်ပြီး ချန်လီကသံသယဝင်နေဆဲ။

သို့ရာတွင် မစ္စတာဟွမ်ကို သူဌေးချင်နှင့်တွေ့ပေးဖို့စီစဉ်ထားပြီးပြီ။ သူတို့ဆုံရင် အချင်းချင်းသိကြလိမ့်မည်။ ဒီတော့ မစ္စတာဟွမ်ကို ချင်းလင်စံအိမ်ရုံးခန်းဘက်ခေါ်သွားမည်။

မစ္စတာဟွမ်က ချန်လီနောက်လိုက်လာသည်။ သူ့မျက်လုံးများတွင် တစ်ခုခုပြန်ပြောင်းသတိရနေသလိုလို မျှော်လင့်ချက်များအပြည့်နှင့်။

အမှန်အတိုင်းဆိုရလျှင် တက္ကသိုလ်နေ့ရက်များမှာ ဆိုးဝါးပြီးစိတ်ထိခိုက်စရာကောင်းသော်လည်း တစ်ဆောင်လုံးတွင် သူငယ်ချင်းဖြစ်ရကျိုးနပ်သော၊တစ်ယောက်သောသူမှာ ချင်လင်ပင်။

အနည်းဆုံး အဆောင်မှာသူ့အပေါ်ရိုးသားသည်ဟုခံစားမိသူမှာ ချင်လင်သာဖြစ်သည်။ ချင်လင်ရဲ့စိတ်နေသဘောထားကသာ ပိုသင့်မြတ်သည်ဟုထင်သည်။

ချန်လီကလမ်းပြရင်း မကြာမီ ကောင်းယောင်ယောင်လျှောက်လာသည်ကိုတွေ့သည်။

All Chapters