← Chapters

ချမ်းသာတဲ့ဒုတိယမျိုးဆက်ကျောင်းသား! လုံးဝစိတ်ကူးယဉ်ဆန်! ၃

Vol. 39 Ch. 577

ချမ်းသာတဲ့ဒုတိယမျိုးဆက်ကျောင်းသား! လုံးဝစိတ်ကူးယဉ်ဆန်! ၃

Vol. 39 Ch. 577

''လက်ထောက်ချန်''

ကောင်းယောင်ယောင်က ချန်လီကိုယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။

ချန်လီမှာ သူမအဖို့အရေးကြီးပုဂ္ဂိုလ်ဖြစ်နေဆဲဆိုသော်လည်း မကြာခဏဆုံပြီးနောက် ပိုရင်းနှီးလာသည်။ ချန်လီ ခရီးသွားဌာနအကြီးအကဲဘဝတုန်းက ပထမဆုံးတွေ့သလိုမဟုတ်တော့။ အဲဒီတုန်းက သူနှင့်တွေ့ပြီး သူဌေးကိုအစီရင်ခံဖို့ နည်းနည်းလန့်နေခဲ့သည်။

''မန်နေဂျာကောင်း... ဥက္ကဌချင်ရှိလား?''

ချန်လီကပြုံးပြီး ကောင်းယောင်ယောင်ကိုမေးလိုက်သည်။

''သူဌေး ရုံးခန်းထဲမှာရှိပါတယ်''

ကောင်းယောင်ယောင်ကရှင်းပြသည်_

''ကျွန်မအခုပဲ အစီရင်ခံပြီးထွက်လာတာ''

''ကောင်းပြီ!''

ချန်လီကခေါင်းညိမ့်ပြီး သူ့ဘေးမှမစ္စတာဟွမ်အား_

''မစ္စတာဟွမ်... သွားစို့!''

မစ္စတာဟွမ်မျက်နှာမှာ မယုံနိုင်ပုံပေါက်နေသည်။

ဥက္ကဌချင်?

ရှောင်ချင်?

မဖြစ်နိုင်ဘူးမလား?

ချင်လင်က ချင်းလင်စံအိမ်ပိုင်ရှင်လား?

ကျောင်းတုန်းက ချင်လင်ဘဝက အတော်လေးခက်ခဲသည်ဟုကြားဖူးသည်။ သူ့မိသားစုထဲကြီးကြီးမားမားဖြစ်ခဲ့ပုံရပြီး အကြွေးအများကြီးတင်ခဲ့သည်တဲ့။ ဘွဲ့ရပြီးနောက်ပိုင်း ဆင်းဆင်းရဲရဲဖြစ်နေလိမ့်မည်။

သူမြင်းထိန်းသမားဖြစ်လာတယ်ဆိုရင် လက်ခံနိုင်သော်လည်း ချင်းလင်စံအိမ်ပိုင်ရှင်ဆိုရင်တော့ နည်းနည်းစိတ်ကူးယဉ်ဆန်နေမည်။

ခဏအကြာ_

သူကချန်လီနောက်လိုက်ပြီး ဥက္ကဌရုံးခန်းဟုဆိုင်းဘုတ်ချိတ်ထားသောအခန်းဆီရောက်လာသည်။

ချန်လီတံခါးခေါက်လိုက်သောအခါ သူကငေးကြည့်ရင်း ပါးစပ်အဟောင်းသားနှင့်။

တကယ်လား?

ချင်လင်က တကယ်ချင်းလင်စံအိမ်ပိုင်ရှင်လား?

ဘွဲ့ရပြီးနှစ်နှစ်အတွင်း ဘာတွေဖြစ်ခဲ့တာလဲ?

ဒီလိုအရာမျိုး သူတကယ်လုပ်နိုင်လား?

ချင်းလင်စံအိမ်၊ ချင်းလင်အစားအသောက်ကုမ္ပဏီနဲ့ ချင်းလင်ဓာတ်ခွဲခန်းက ဘယ်လောက်အလားအလာကောင်းလဲ၊ ဒီကုမ္ပဏီတွေကိုစလုပ်ဖို့ ဘယ်လောက်ခက်လဲ သူကောင်းကောင်းသိသည်။

ဒါသာမန်လူတစ်ယောက်လုပ်နိုင်တာမျိုးမဟုတ်။

ချင်လင်က ဒုတိယမျိုးဆက်သူဌေးသားဆိုရင်တောင် ဘွဲ့ယူပြီးနောက်ပိုင်း အစကောင်းကောင်းနှင့် မိသားစုအထောက်အပံ့ရှိရမည်။

ဒီလိုကောင်းကောင်းလုပ်နိုင်ဖို့ သူ့အတွက်မဖြစ်နိုင်ဘူးမလား?

ဝမ်ယိယိက သူ့သားကို ယွမ်သန်း ၅၀၀ နဲ့အစလုပ်ပေးတာစဉ်းစားကြည့်ရင် သခင်လေးဝမ်က အစကောင်းကောင်းရှိခဲ့တာမလား? ဒါပေမဲ့ သခင်လေးဝမ်က ပြည်သူ့ယောက်ျားဆိုတဲ့နာမည်ကလွဲရင် တခြားဘာရခဲ့လဲ?

နောက်ဆုံး ဆုံးရှုံးခဲ့ရသေးသည်။ ဘဏ်ငွေပြန်မဆပ်နိုင်၍ လုံးချာလည်လိုက်ပြီး အသုံးပမာဏကန့်သတ်ခံလိုက်ရသည်။

ဒီချင်းလင်စံအိမ်ကို ချင်လင်ဖန်တီးတာဆိုရင် ဩချလောက်စရာပဲ။ သူအပါအဝင် အစကောင်းရှိသောဒုတိယမျိုးဆက်သူဌေးသားအားလုံး ရှက်ဖို့ကောင်းလိမ့်မည်။

သာမန်မိသားစုကလူတစ်ယောက်က ဒီလောက်အချိန်တိုအတွင်းမှာ ဒီလိုလုပ်ငန်းကြီးတစ်ခုကို တကယ်တည်ထောင်နိုင်လား? အပြင်ကလူတွေ ဒီအကြောင်းသိရင် ရူးကုန်လိမ့်မည်။ ဒီခေတ်ထဲမှာ ဩဇာရှိတဲ့သူဌေးကြီးနှစ်ဦးတောင် သုညကနေ ဒီလိုအောင်မြင်မှုမျိုး မရနိုင်လောက်ဘူးမလား?

ရုံးခန်းထဲ၌_

ကောင်းယောင်ယောင်၏အစီရင်ခံချက်နားထောင်ပြီးနောက် ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်ကို နတ်ဘုရားမတောင်သွားပြီး ဒီနေ့ထွက်လာသောသစ်ပင်များခုတ်ခိုင်းသည်။

နောက်ပြီး သူဒီနေ့ အတော်လေးကံကောင်းနေပုံရသည်။ နောက်ဆုံးသစ်ပင်ခုတ်လိုက်သောအခါ သစ်မွှေးနံ့သာဖြစ်နေသည်။

ဒီတော့ နောက်ထပ်သစ်မွှေးနံ့သာနှစ်ဘူးထပ်ရပြီပေါ့။

ဒါတွေအများကြီး သူ့ဘယ်လိုလုပ်ရရနေတာလဲ?

သူကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကို သစ်ဖြတ်စက်ဆီယူသွားပြီး သစ်မွှေးနံ့သာတိုင်လုပ်စေလိုက်သည်။

သူကဂိမ်းထဲဝင်ပြီး သစ်မွှေးနံ့သာယူမည်အပြုတွင် တံခါးခေါက်သံကြားလိုက်ရသည်။

သူကတံခါးဖွင့်လိုက်ရာ အပြင်မှာချန်လီကိုတွေ့ရသည်။

''လက်ထောက်ချန်... ဒီနေ့ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?''

ချင်လင်ကအပြုံးနှင့်မေးပြီး ချန်လီကိုအထဲခေါ်လိုက်သည်။

''လူကြီးမင်းတစ်ယောက်ခေါ်လာပြီး မင်းဆီလာတွေ့တာ''

ချန်လီကပြောပြောဆိုဆို ရုံးခန်းထဲဝင်လိုက်သည်။

ချင်လင်လည်း လက်ထောက်ချန်နောက်မှလူငယ်နှင့် ကလေးလက်ဆွဲထားသောအမျိုးသမီးကိုမြင်သွားသည်။ သူကခဏကြောင်နေပြီးမှ မယုံနိုင်ပုံနှင့်မေးလိုက်သည်_

''ဟွမ်ရှင်း? ဆရာမချူ?''

တစ်ဖက်လူက အဆောင်မှာသူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သော ဒုတိယမျိုးဆက်သူဌေးသားအခန်းဖော်ပင်။

''ချင်လင်?''

ဟွမ်ရှင်းက ချင်လင်ကိုမြင်ပြီး မယုံနိုင်ပုံပေါက်သွားသည်။

ချင်းလင်စံအိမ်ပိုင်ရှင်က တကယ်ချင်လင်လား?

သော*က်ရမ်းစိတ်ကူးယဉ်ဆန်ချက်!

All Chapters