ယွမ်သန်း ၁၀၀ နှင့်စတင်ခြင်း! ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့်အာဆီယံကစားပွဲ!
Vol. 39 Ch. 578
ကံကြမ္မာက တကယ်အံ့ဩဖို့ကောင်းသည်ဟု ချင်လင်ထင်မိသည်။
အစပိုင်း ဂိမ်းထဲမှပစ္စည်းထုတ်လာတိုင်း အရင်ကဟွမ်ရှင်းကျွေးဖူးသောပစ္စည်းများနှင့်အမြဲနှိုင်းယှဉ်ကြည့်ခဲ့သည်။
ဒီချမ်းသာတဲ့ဒုတိယမျိုးဆက်ကျောင်းသား ကျောင်းထုတ်ခံရပြီး ဘယ်ရောက်သွားလဲ သူလည်းသိချင်နေခဲ့သည်။
ပွင့်ပွင့်လင်းလင်းပြောရရင် ၅ နှစ်နီးပါးကြာသည်အထိ လူတွေသူ့အကြောင်းပြောအောင်လုပ်နိုင်ခြင်းမှာ လူကောင်းတစ်ယောက်ဟုသက်သေပြနေသည်။
တကယ်တော့ မှန်လည်းမှန်သည်။ သူက ဒုတိယမျိုးဆက်သူဌေးသားဆိုသော်လည်း ဒုတိယမျိုးဆက်သူဌေးသားဟူ၍ထောင်လွှားခြင်းမျိုးလုံးဝမရှိ။
အစက ဒုတိယမျိုးဆက်သူဌေးသားမှန်းတောင်မသိကြ။
ဘောင်းဘီတိုဝတ်၊ လူသွားလမ်းမှာအော်ဆဲ၊ ခြေချင်းချိတ်၊ လှဲချ၊ နှာခေါင်းတရှုံ့ရှုံ့နှင့်အနံ့ခံတတ်သော ဒုတိယမျိုးဆက်သူဌေးသားမျိုးတွေ့ဖူးပါသလား?
ကျောင်းအပြင်ဘားတစ်ခုမှာ အတန်းဖော်ကျောင်းသူတစ်ယောက်ကိုသဝန်တိုပြီး အားလုံးအတွက်ငွေမရှင်းပေးခဲ့ရင် သူ့ကိုဒုတိယမျိုးဆက်သူဌေးသားမှန်း ဘယ်သူမှတောင်သိမှာမဟုတ်။
သူသဝန်တိုသောအတန်းဖော်ကျောင်းသူက တခြားခန့်ခန့်ချောချောအတန်းသားနှင့်ပါသွားသည်။ အဲဒီအချိန်က ရုပ်ဝတ္ထုပစ္စည်းတွေထက် အချစ်ကပိုအရေးကြီးသည်ဟု သူယုံကြည်နေဆဲပင်။
ထိုအတန်းဖော်ကျောင်းသူထွက်မသွားခင် သူ့ကိုတောင်းပန်ခဲ့သေးသည်။ ဒုတိယမျိုးဆက်သူဌေးသားလည်း အထီးကျန်ခဲ့သောကြောင့် ဒကာခံခဲ့သည်။
အဲဒီတုန်းက သူ့ကိုဒုတိယမျိုးဆက်သူဌေးသားမှန်းသိပြီး အံ့ဩကုန်ကြသည်။ ပြီးတော့ သာမန်ဒုတိယမျိုးဆက်သူဌေးသားလည်းမဟုတ်။
တစ်နေ့သူဘယ်သူလဲသိပြီး ခန့်ချောကျောင်းသားနဲ့ထွက်သွားတဲ့အတန်းဖော်ကျောင်းသူနောင်တရမလား သူမသိ။ ပြီးတော့ ဒုတိယမျိုးဆက်သူဌေးသားကိုလိုက်ရှာဖို့သဘောမတူကြောင်း သူခဏခဏပြောခဲ့သလားပဲ?
တရုတ်ပြည်မှာ ဒီလိုသူဌေးကြီးတစ်ဦးရှိဖူးသည်။ အရင်က အမျိုးသမီးတစ်ယောက်ကိုလိုက်မရခဲ့။ နောက်ပိုင်း ထိုအမျိုးသမီးက အိမ်ရှင်မတစ်ယောက်ဖြစ်လာသည်။ သူမက သူဌေးကြီးတစ်ဦး သူမကိုလိုက်ခဲ့ဖူးကြောင်း၊ သူမကွာရှင်းထားပြီဖြစ်ကြောင်း၊ Weibo တွင် မကြာခဏရေလာမြောင်းပေးလေ့ရှိသည်။
သူဌေးကြီးက ဒီအဒေါ်ကြီးကိုမသိပါတဲ့။
ဟွမ်ရှင်းမှာလူကောင်းတစ်ယောက်ဖြစ်သော်လည်း ကျောင်းထုတ်ခံရသောကြောင့် သူလည်း အဆောင်ကလူအားလုံးနှင့်အဆက်အသွယ်ဖြတ်ပြီး အိမ်ငှားကာ ကျောက်မိုချင်းနှင့်အတူနေခဲ့သည်။
ချင်လင်ကိုမြင်လျှင် ဟွမ်ရှင်းမျက်နှာမှာ စိတ်လှုပ်ရှားမှုအပြည့်နှင့်။ သူကရှေ့တိုး၍ ချင်လင်ကိုအားရပါးရဖက်ကာ_
''ချင်လင်... မင်းငါ့ကိုတကယ်အံ့ဩအောင်လုပ်လိုက်တာပဲ... တကယ် ချင်းလင်စံအိမ်သူဌေးပေါ့... ချင်လင် ကျောက်မိုချင်း ချင်းလင်... ငါသိပြီ''
သူ့စကားသံတွင် လေးစားမှုကပိုနေသည်။
မော်ဒန်ခေတ်ထဲမှာ ချင်းလင်ကုမ္ပဏီလိုလုပ်ငန်းမျိုးကို သုညကစနိုင်သည်။ သူ့အဖေ၊ သူဌေးကြီးမာ၊ သူဌေးကြီးဝမ်တို့တောင် သူ့ကိုလေးစားလောက်တယ်မလား?
''သူဌေးချင်... သူဌေးဟွမ်က ရုံချန်းရောက်လာတော့ မင်းကိုသိတယ် မင်းနဲ့တွေ့ချင်တယ်လို့ပြောတာ''
ချန်လီကပြောလည်းပြော အံ့လည်းအံ့ဩနေသည်။
သူတို့တကယ်သိနေကြတာပဲ။
ကြည့်ရတာ သူဌေးချင်က လူချမ်းသာတွေအများကြီးနှင့်သိပုံရသည်။ သူဌေးချန်နှင့်သူဌေးမာနှစ်ယောက်အပြင် နောက်ထပ် ယွမ်သန်း ၁၀၀ ဝင်နိုင်ချေရှိသော ဒုတိယမျိုးဆက်သူဌေးသားရှိနေသည်။
သို့ရာတွင် ဒီအကြောင်းတွေးကြည့်မှ ချန်လီမျက်နှာဝင်းထိန်လာသည်။ ဒီဆက်ဆံရေးကြားခံကြောင့် ယွမ်သန်း ၁၀၀ ကိုပိုပြီးယုံယုံကြည်ကြည်မြှုပ်နှံလာလိမ့်မည်။
ဟွမ်ရှင်းမှာ တချိန်ကတစ်ခန်းထဲအတူအိပ်ခဲ့ဖူးသောအတန်းဖော်ဟောင်းကိုကြည့်ရင်း စိတ်လှုပ်ရှားခြင်းများစွာနှင့်မေးလိုက်သည်_
''ချင်လင်... မြင်းထိန်းသမားရှောင်ချင်ကိုတွေ့တော့ မင်းဘွဲ့ရပြီးမြင်းထိန်းသမားဖြစ်လာတယ်ထင်ခဲ့တာ... ဒီလိုဒဏ္ဍာရီဆန်နေမယ်လို့ဘယ်ထင်မလဲ? ဒီလောက်အချိန်တိုအတွင်း ဘယ်လိုလုပ်လိုက်တာလဲ?''
ချင်လင်၏မိသားစုအကြောင်းမှာ အပြင်လူများကိုပြောမဖြစ်သောကြောင့် လုပ်ကြံပြောလိုက်ရသည်_
''ဒီလိုပါပဲကွာ... အဓိကက စီရင်စုရဲ့ထောက်ပံ့ငွေရလိုက်လို့ပေါ့... အရင်ဆုံးချဲ့ထွင်ဖို့ရံပုံငွေကို သူတို့ချပေးတာ... နောက်ပိုင်း ပါမောက္ခလီခိုင်နဲ့ ငွေအင်အားရှိတဲ့တခြားမိတ်ဆွေနှစ်ယောက်ကိုရင်းနှီးလာတယ်... အဲဒါနဲ့ ဒီအထိဖြစ်လာတာပဲ''
ဒီလိုပါပဲ?
ဟွမ်ရှင်း သူ့ကိုမယုံ။ ချင်းလင်ကုမ္ပဏီလိုလုပ်ငန်းမျိုးကို ဒီလောက်အချိန်တိုအတွင်းဖန်တီးနိုင်ရင် ဘီလီယံနာမဖြစ်ဘူးလား? သူ့ဒီလိုပါပဲကိုမသိဘဲနေမလား?
''လူကြီးမင်းချင်... မင်းကနှိမ့်ချလွန်းနေပြီ... တို့စီရင်စုကလူတိုင်း မင်းလုပ်ရည်ကိုင်ရည်ကိုသိတယ်''
သူဌေးချင်ရဲ့မဟုတ်တရုတ်တွေ ချန်လီမယုံ။ ချင်းလင်စံအိမ်နဲ့ချင်းလင်အစားအသောက်ကုမ္ပဏီကို သူဌေးချင်တစ်ဆင့်ချင်းဖော်ဆောင်လာတာ စီရင်စုမျက်မြင်ဖြစ်သည်။
အဆင့်တိုင်း အစီအစဉ်မရှိသလို မရပ်မနားလုပ်သွားသည်။ သူအမြန်အောင်မြင်လာမှာ စိတ်ပူစရာမလို။ စွန်းရှန်က စီရင်စုထဲမှတခြားလုပ်ငန်းများမအောင်မြင်မှာစိုးသော်လည်း သူဌေးချင်ကိုမူ စိုးရိမ်ခြင်းအလျဉ်းမရှိဟုဆိုနိုင်သည်။
ဒါပေမဲ့ သူဌေးချင်က အားလုံးစီရင်စုရဲ့ထောက်ပံ့မှုကြောင့်တဲ့။ သူတို့ကိုထောက်ပံ့နေတာမဟုတ်လား?
ဒါဝမ်းသာစရာ။
''လက်ထောက်ချန်... ခင်ဗျားကဒီလိုချီးကျူးတော့ နည်းနည်းမျက်နှာပူမိတယ်''
ချင်လင်ကဒီအကြောင်းဆက်မပြောချင်သောကြောင့် ဟွမ်ရှင်းဘက်လှည့်ပြီးမေးလိုက်သည်_
''ဟွမ်ရှင်း... အဲဒီနောက်ပိုင်း မင်းနဲ့ဆရာမ ဘယ်ရောက်သွားတာလဲ? မင်းကိုဆက်သွယ်ချင်ပေမဲ့ မင်းဖုန်းနံပါတ်က တပ်ဆင်ထားခြင်းမရှိပါတဲ့''
ဟွမ်ရှင်းကသက်ပြင်းချပြီး_
''ဟင်း... အဲတုန်းက ဆရာမကကိုယ်ဝန်နဲ့... ငါဖြေရှင်းဖို့နည်းလမ်းရှာနေတုန်း ဒီလိုတွေဖြစ်လာလိမ့်မယ်လို့ဘယ်ထင်မလဲ? အဆောင်ကဘယ်သူ့လက်ချက်မှန်းမသိဘူး... ငါလည်းဒေါသထွက်ထွက်နဲ့ အဆက်အသွယ်အားလုံးဖြတ်ပစ်တယ်... မမြင်ရရင်အေးရော... ဒီအတိုင်း ဆရာမကိုခေါ်သွားလိုက်တော့တာ''
''အဲဒီနောက်ပိုင်း ဆရာမနဲ့လက်ထပ်စာချုပ်လက်မှတ်ထိုးတယ်... ကလေးမွေးပြီးနို့ဖြတ်ချိန်မှာ အိမ်က ငါနဲ့ဆရာမကိုပြန်လေ့လာဖို့ နိုင်ငံခြားကနာမည်ကြီးကျောင်းတစ်ကျောင်းကိုပို့တယ်... ငါလည်း ဒီနှစ်မှာဘွဲ့ရတာ''
''ကောင်းတယ်!''
ချင်လင်က ဟွမ်ရှင်းဘေးမှ ကလေးမလေးကိုကြည့်ရင်း စလိုက်သည်_
''မင်းကကျောင်းမှာဆယ်လီကြီးကွ... ဖိုရမ်ထဲကထိပ်တန်းအချစ်ဇာတ်လမ်း ၁၀ ခုမှာ မင်းနဲ့ဆရာမချူက အမြဲတမ်းထိပ်ဆုံးပဲ... ကိုယ့်ဆရာမကိုပြန်လိုက်တဲ့စီနီယာဟွမ်ကို ဂျူနီယာတွေအကုန်သိတယ်... မင်းကိုစံပြမော်ဒယ်လိုမြင်နေကြတာ''
ထိုစကားကြားပြီး ချူဖေးမျက်နှာနီရဲသွားသည်။
အတိတ်ကိုပြန်ကြည့်ရင် သူမရှက်မိသည်။ တက္ကသိုလ်ဆရာမဖြစ်ခါစ၊ အချစ်အပေါ်အမြင်က အလွန်ဖြောင့်မှန်သည်။ သူမကျောင်းသားတွေနဲ့ မရှင်းမရှင်းတွေလုံးဝမလုပ်။
ကိုယ့်ကျောင်းသားအပေါ်စိတ်မထိန်းနိုင်ဘဲ တိမ်းညွတ်သွားလိမ့်မယ်လို့ဘယ်ထင်မလဲ? နောက်ဆုံး ဘဝပါပျက်ခဲ့ရသည်။ ဒါကြောင့် ခံစားချက်လိုအရာမျိုးက လုံးဝထိန်းချုပ်မရ။
သူမသာလက်ရဲဇက်ရဲဆိုရင် ကိုယ့်ကျောင်းသားဖြစ်နေလည်း ဂရုစိုက်မှာမဟုတ်ချေ။