← Chapters

ယွမ်သန်း ၁၀၀ နှင့်စတင်ခြင်း! ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့်အာဆီယံကစားပွဲ! ၂

Vol. 39 Ch. 579

ယွမ်သန်း ၁၀၀ နှင့်စတင်ခြင်း! ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့်အာဆီယံကစားပွဲ! ၂

Vol. 39 Ch. 579

''ဟွမ်ရှင်း... အခုဘယ်သူ့လက်ချက်လဲသိပြီလား?''

ချင်လင်နည်းနည်းစပ်စုလိုက်သည်။

တစ်ဖက်လူကိုအတိတ်အကြောင်း ပြန်ပြောင်းမေးရခြင်းက သူ့လက်ချက်လုံးဝမဟုတ်သောကြောင့်ပင်။

ဟွမ်ရှင်းကခေါင်းညိမ့်လိုက်ပြီး_

''အင်း... ငါထွက်သွားပြီးနောက်ပိုင်း သူကကျောင်းသားသမဂ္ဂထဲဝင်တယ်... ဘွဲ့ရပြီးတော့ ကုမ္ပဏီတစ်ခုမှာ အဆင့်မြင့်မန်နေဂျာဖြစ်လာတယ်... ဒါပေမဲ့ ငါသူငယ်ချင်းတစ်ယောက်ကိုအကူအညီတောင်းလိုက်တာ... သူအခုလုပ်ငန်းမှာနာမည်ပျက်စာရင်းဝင်သွားပြီ... သူလည်းအကြွေးတွေသန်းချီနဲ့''

ဘယ်သူမှန်းရိပ်မိပြီး ချင်လင်နည်းနည်းအံ့ဩသွားသည်။ တစ်ဖက်လူကမျက်မှန်တပ်လေ့ရှိပြီး နူးညံ့သိမ်မွေ့ပုံပေါက်သောမှန်ကြောင်။

ကျောင်းထုတ်ခံရသောအခါ သူ့ဆီလာမေးပြီး ဘယ်သူ့လက်ချက်ဖြစ်မည်၊ မင်းသတိထားသင့်သည်ဟုတောင် ပြောခဲ့သေးသည်။

ဘယ်သူထင်မှာလဲ?

တစ်ဖက်တွင် သူ့ဂုဏ်သတင်းက ဟွမ်ရှင်းကြောင့်ပျက်စီးသွားပြီ။ အကြွေးသန်းချီတင်သည့်အတွက် သူ့ကိုယ်သူသာအပြစ်တင်ရပေမည်။

ချင်လင်က စိတ်မချမ်းသာစရာတွေသိပ်မပြောချင်၍ တခြားအကြောင်းမေးလိုက်သည်_

''ဟွမ်ရှင်း... မင်းရော အခုဘယ်လိုလဲ? ဘာလို့ရုံချန်းကိုရုတ်တရက်ရောက်လာတာလဲ?''

ဟွမ်ရှင်းကပြုံးပြီး ရှင်းပြသည်_

''ဘွဲ့ရပြီး တရုတ်ပြန်ရောက်ခါစမလား? ဘိုးတော်ရဲ့ကုမ္ပဏီထဲမဝင်ချင်ဘူး... ငါကရေမွှေးအကြောင်းလေ့လာနေတာ... အိမ်ခြံမြေမှမဟုတ်တာ... အဲဒါကြောင့် ငါလုပ်ငန်းစဖို့ ဘိုးတော်က သန်း ၁၀၀ ပေးတယ်''

"ကျွတ်... ကျွတ်" ချင်လင်။

"ဗုဒ္ဓေါ" ချန်လီ။

သူတို့နှစ်ဦးမှာ ရုတ်တရက်အချင်းချင်းကြည့်လိုက်ပြီး ဗာဆိုင်းမှာကစားနေသလိုခံစားရသည်။

လုပ်ငန်းစဖို့ သန်း ၁၀၀ တဲ့?

သူတို့ဘဝတွေက တကယ်ခြားနားတာပဲ။

ပြီးတော့ သူ့မိသားစုကလည်း အိမ်ခြံမြေလုပ်ငန်းကလား? ဒါဝမ်ယိယိနဲ့တူမနေဘူးလား?

အိမ်ခြံမြေသူဌေးတွေက သူတို့သားတွေကိုလုပ်ငန်းစပေးတတ်တာ သန်း ၅၀၀ မဟုတ်ရင် သန်း ၁၀၀ ပေါ့လေ?

အဓိကက ဒီအိမ်ခြံမြေသူဌေးတွေရဲ့ဒုတိယမျိုးဆက်သူဌေးသားတွေအကုန် အရှုံးသမားပုံပေါက်နေတာပဲ။

ဟွမ်ရှင်းရဲ့ဘောင်းဘီတိုဝတ်ပြီး ခြေချင်းချိတ်ကာ တရှုံ့ရှုံ့အနံ့ခံနေပုံကိုတောင် မြင်ယောင်မိသည်။ သူကဘယ်လိုလုပ်ပြီး TV ဇာတ်လမ်းတွေထဲက ဒုတိယမျိုးဆက်သူဌေးသားနဲ့တူမှာလဲ?

ဒါပေမဲ့ ဟွမ်ရှင်းရဲ့ဘိုးတော်က ဟွမ်ရှင်းလုပ်ငန်းစဖို့ ယွမ်သန်း ၁၀၀ ရက်ရက်ရောရောပေးတယ်ဆိုမှတော့ သူ့မိသားစုစီးပွားရေးက ပေါ့သေးသေးမဟုတ်။

ချင်လင်ကသက်ပြင်းချပြီး_

''မင်းတို့ဒုတိယမျိုးဆက်သူဌေးသားတွေများ တကယ်အားကျစရာကောင်းတယ်... သန်း ၁၀၀ နဲ့လုပ်ငန်းစလိုက်တာပဲ... မင်းငွေတွေဆုံးရှုံးမှာမကြောက်ဘူးလား?''

ဟွမ်ရှင်းကခေါင်းခါ၍_

''အဲဒီကျ အိမ်ပြန်ပြီး မိဘအမွေဆက်ခံလိုက်ရုံပေါ့... ဒီလိုဆိုပြန်တော့ ဘိုးတော်ကငါ့ကိုဆုံးရှုံးပါစေလို့ဆုတောင်းနေမှာ''

"ကျွတ်... ကျွတ်" ချင်လင်။

"ဗုဒ္ဓေါ" ချန်လီ။

သူတို့နှစ်ဦးမှာ ဗာဆိုင်းထဲရောက်သလိုခံစားရပြန်သည်။ ဘာလို့သူ့ကိုမနိုင်တာလဲ?

အားလုံးမှာဘွဲ့ရပြီးနောက် အလုပ်ရှာရင်း လမ်းပျောက်နေကြစဉ် တချို့တွေက သန်း ၁၀၀ နဲ့လုပ်ငန်းစပြီး ဆုံးရှုံးရင် အိမ်ပြန်၊ အမွေဆက်ခံမယ်တဲ့။

ဟွမ်ရှင်းက_

''ချင်လင်... ငါက ရုံချန်းမှာရင်းနှီးမြှုပ်နှံရင်ကောင်းမလား စဉ်းစားနေတာ... အခုမင်းကချင်းလင်စံအိမ်ပိုင်ရှင်မှန်းသိလိုက်ရတော့ ရုံချန်းမှာရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်လိုက်ပြီ''

''ရုံချန်းက မင်းလိုကိုယ့်အားကိုယ်ကိုးတဲ့တစ္ဆေမျိုးကို ချင်းလင်ကုမ္ပဏီလိုလုပ်ငန်းမျိုးစနိုင်အောင် အလိုက်အထိုက်ရှိမှတော့ ရင်းနှီးမြှုပ်နှံဖို့ကောင်းတဲ့ပတ်ဝန်းကျင်ပဲဖြစ်ရမယ်... ရုံချန်းမှာအလားအလာရှိတယ်''

သူ့စကားကြားပြီး ချန်လီမျက်နှာမှာ အမှတ်တမဲ့ဝမ်းသာပုံပေါက်သွားသည်။

စွန်းရှန်ပေးတဲ့တာဝန်က ဒီလိုနဲ့အပြီးသတ်တော့မလား?

''စိတ်မပူပါနဲ့ မစ္စတာဟွမ်''

သူကချက်ချင်းကတိပေးလိုက်သည်_

''ရုံချန်းမှာရင်းနှီးမြှုပ်နှံရင် စိတ်မပျက်စေရပါဘူး''

''ဒါဆိုရင် မနက်ဖြန် ခင်ဗျားတို့စီရင်စုမှာအသေးစိတ်ဆွေးနွေးမယ်''

ဟွမ်ရှင်းကအပြုံးနှင့်ပြောလိုက်သည်။

''ကောင်းပါပြီ... မစ္စတာဟွမ်နဲ့သူဌေးချင်တို့ပြန်ဆုံတာ မနှောင့်ယှက်တော့ပါဘူး... ကျုပ်အရင်ပြန်ပြီး မနက်ဖြန်ဆွေးနွေးဖို့ပြင်ဆင်ထားလိုက်ပါမယ်!''

ချန်လီကချက်ချင်းပြောလိုက်သည်။ ထို့နောက် သူကနှုတ်ဆက်ပြီး ခပ်သုတ်သုတ်ပြန်ထွက်သွားသည်။

ဒီသန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှုက ပေါ့သေးသေးလုပ်ငန်းမဟုတ်။ သူလောရမည်။

''ကြည့်ရတာ ရုံချန်းက ရင်းနှီးမြှုပ်နှံသူတွေကို တကယ်တန်ဖိုးထားတဲ့ပုံပဲ''

ချန်လီအလောတကြီးထွက်သွားပုံကိုကြည့်ရင်း ဟွမ်ရှင်းကပြောသည်။

''လက်ထောက်ချန်ရော လက်ထောက်စွန်းပါ လူကောင်းတွေပဲ''

ချင်လင်က အမှန်အတိုင်းပြောလိုက်သည်။

ချင်းလင်စံအိမ်မှာ လက်ရှိအခြေအနေအထိရောက်လာအောင် စနစ်ကိုအားကိုးရသည်ဆိုသော်လည်း စီရင်စု၏အထောက်အပံ့နှင့်သဘောထားက အလွန်ကောင်းမွန်သည်။

ထို့နောက် ချင်လင်နှင့်ဟွမ်ရှင်းမှာ တက္ကသိုလ်တုန်းကအကြောင်းများ စားမြုံ့ပြန်ကြသည်။ ဟွမ်ရှင်းကပြောရင်းပြောရင်း သူ့သမီးအကြောင်းရောက်လာသည်။

ကလေးမလေးနာမည်က ဟွမ်လင်း၊ အလွန်ချစ်စရာကောင်းသည်။

တစ်ချိန်တည်းမှာ ဟွမ်ရှင်းက ဗာဆိုင်းထဲမှာဟုခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်မှာကလေးရပြီး ဘွဲ့ရချိန်တွင် ကလေးကသုံးလေးနှစ်အရွယ်ရောက်နေပြီ။ သူနှင့်ကျောက်မိုချင်းမှာ ဘယ်အချိန်ကလေးယူမလဲ တတွတ်တွတ်အမေးခံနေရသည်။

ဒါမှဗာဆိုင်းမဟုတ်ရင် ဘာလဲ?

သူတို့နှစ်ဦးစကားပြောနေစဉ် စီနီယာအစ်ကိုချူရုတ်တရက်ဝင်လာပြီး_

''ချင်လင်... မင်းမှာဒါမျိုးရှိသေးလား? မင်းအစ်မက ယူလာခိုင်းနေလို့ကွာ... အိုး.. ဒါနဲ့.. သူ့ကိုသိသလိုပဲ!''

''စီနီယာအစ်ကိုချူလည်း ရုံချန်းမှာလား?''

ဟွမ်ရှင်းက ချူဖုန်းကိုမှတ်မိသည်။ ချင်လင်နှင့်ချူဖုန်းတို့အဖွဲ့ထဲမဝင်သော်လည်း ချူဖုန်းရဲ့အချစ်ကို တစ်ကျောင်းလုံးရှေ့တွင်ဝန်ခံစဉ်က ချင်လင်ဆွဲခေါ်၍လူအင်အားဖြည့်ပေးခဲ့သေးသည်။

အဲဒီတုန်းက ဒီစီနီယာအစ်ကိုချူမှာ လွှမ်းမိုးနိုင်စွမ်းရှိသောပုံရိပ်တစ်ခုဖြစ်သည်။

''စီနီယာအစ်ကိုချူ... သူကဟွမ်ရှင်း... ခင်ဗျားတို့နှစ်ယောက်လုံး တက္ကသိုလ်ဖိုရမ်ထဲက ထိပ်တန်းအချစ်ဇာတ်လမ်း ၁၀ ပုဒ်မှာ အမျိုးသားဇာတ်ဆောင်တွေ''

ချင်လင်ကမိတ်ဆက်ပေးသည်။

''ခင်ဗျားက ဝန်ခံတဲ့နေရာမှာ... ဟွမ်ရှင်းက စာရင်းရဲ့ထိပ်ဆုံးကတစ်ယောက်... သူ့ဘေးကအမျိုးသမီးဇာတ်ဆောင် ဆရာမချူပဲ''

''သော*က်!''

ရုတ်တရက် ချူဖုန်းအံအားသင့်သွားသည်။

နတ်ဘုရားပဲ။

ဆရာမနဲ့ကျောင်းသားဆက်ဆံရေး ဒီလောက်ခိုင်မာတာမြင်ဖူးလား? ကိုယ့်ဆရာမနဲ့ချိန်းတွေ့ရုံတင်မကဘူး၊ ကျောင်းထုတ်ခံရတော့ ဆရာမနဲ့ပါ အတူထွက်သွားတာမလား?

''အစ်ကိုချူက ဥပဒေကျောင်းသားမလား?''

ဟွမ်ရှင်းကရုတ်တရက်မေးသည်။

''စီနီယာအစ်ကိုချူက အခုချွမ်းယဲ့ဥပဒေကုမ္ပဏီမှာ အကြီးတန်းရှေ့နေ... မကြာခင် မင်းနဲ့လုပ်ငန်းတွဲဖက်ဖြစ်လာလိမ့်မယ်''

ချင်လင်ကရှင်းပြသည်။

ဟွမ်ရှင်းမျက်နှာဝင်းထိန်သွားပြီး_

''ချွမ်းယဲ့ဥပဒေကုမ္ပဏီကို ကျွန်တော်သိတယ်... နိုင်ငံမှာနာမည်အကြီးဆုံးဥပဒေကုမ္ပဏီပဲ... ဒီတစ်ခါရင်းနှီးမြှုပ်နှံမှုအတွက်ရှေ့နေလိုနေတာ... စီနီယာအစ်ကိုချူဒီမှာရှိနေတာဆိုတော့ ကူညီပေးမလား... ရုံချန်းကိုလာဖို့ အပြင်ကရှေ့နေရှာစရာမလိုတော့ဘူးပေါ့''

All Chapters