ယွမ်သန်း ၁၀၀ နှင့်စတင်ခြင်း! ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့်အာဆီယံကစားပွဲ! ၃
Vol. 39 Ch. 580
ချင်လင်ကပြောပြန်သည်_
''စီနီယာအစ်ကိုချူ... ဟွမ်ရှင်းက ရုံချန်းမှာ ယွမ်သန်း ၁၀၀ ရင်းနှီးမြှုပ်နှံဖို့စီစဉ်ထားတာ... ဥပဒေစာတမ်းတွေ အများကြီးပါလိမ့်မယ်... ခင်ဗျားစံအိမ်မှာအနားယူတာ အနှောင့်အယှက်မဖြစ်ဘူးဆိုရင် လုပ်ပါ''
''ဘာတွေပြောနေတာလဲ? ဘာမှအနှောင့်အယှက်မဖြစ်ပါဘူး''
ချူဖုန်းကချက်ချင်း ပြုံးပြုံးနှင့်ပြောလိုက်သည်။ ပွင့်ပွင့်လင်းလင်းပြောရရင် သန်း ၁၀၀ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ပေါ့သေးသေးမဟုတ်။
ဒီလိုဆက်ဆံရေးသာမရှိရင် ဒီအခမဲ့လုပ်ငန်းကိုလက်ခံစရာအကြောင်းမရှိပေ။
သူကရုတ်တရက် ရောက်လာသောအကြောင်းရင်းကိုသတိရပြီး ချင်လင်အား_
''ချင်လင်... မင်းအစ်မက သခွားသီးလိုချင်လို့တဲ့... ငါငွေလွှဲလိုက်မယ်''
''အစ်ကိုချူ... လူတစ်ယောက်ကပြောတယ်... ဒီသခွားသီးကို အရူးပဲဝယ်မှာတဲ့''
ချင်လင်ကစလိုက်သည်။
''အဲဒီအရူးက ငါပဲ''
ချူဖုန်းက ချက်ချင်းဝန်ခံလိုက်ပြီး_
''သခွားသီးရရင်ပြီးရောကွာ.. ရတယ်... ငါအခုပြန်မပို့ရင်လေ မင်းအစ်မကငါနဲ့ခွဲအိပ်လိမ့်မယ်''
''သေချာတာပေါ့''
ချင်လင်ကပြုံးပြုံးနှင့်_
''စီနီယာအစ်ကိုချူက ဒီလောက်ပွင့်လင်းမှတော့ နေ့ခင်းအလှအပသခွားသီးခူးရင် နည်းနည်းချန်ထားခိုင်းလိုက်မယ်''
''ညီအစ်ကိုကောင်းပဲ!''
အရူးဖြစ်ဖြစ်မဖြစ်ဖြစ် ချူဖုန်းဂရုမစိုက်။ သူ့မိန်းမပေးတဲ့တာဝန်ကျေရင် ရပြီ။
''စီနီယာအစ်ကိုချူ... ဟွမ်ရှင်းကို စံအိမ်ထဲလိုက်ပြပေးပါဦး... ကျွန်တော် ညစာပြင်ဆင်ပြီးဧည့်ခံမယ်''
ချင်လင်ကပြုံးပြီးပြောလိုက်သည်။
''အကြီးအကဲစားပွဲလား?''
ချူဖုန်းမျက်လုံးများအရောင်တောက်သွားသည်။
သူ့ဘဝမှာစားဖူးတဲ့အကောင်းဆုံးအစားအစာက ချင်လင်ရဲ့အကြီးအကဲစားပွဲပင်။ စားပြီး မမေ့နိုင်တော့။
"အင်း!"
ချင်လင်ကပြုံးပြီး ခေါင်းညိမ့်ပြသည်။
ချူဖုန်းကချက်ချင်းပင်_
''ချင်လင်... ဘာမှမပူနဲ့... ဂျူနီယာညီလေးဟွမ်ရှင်းကို ငါ့လက်ထဲအပ်လိုက်... မင်းစိတ်ချလက်ချပြင်ဆင်လို့ရတယ်''
သည်လိုနှင့် ရုံးခန်းအပြင်ထွက်သွားပြီး အစ်ကိုချူက ဟွမ်ရှင်းကိုစံအိမ်လိုက်ပြသည်။ သူကဂိုဒေါင်သွား၍ အရည်အသွေး ၂ ပစ္စည်းတစ်သုတ်ကို ဂိမ်းထဲမှထုတ်လိုက်သည်။ ထို့နောက် စံအိမ်ယူသွားပြီး ဆရာလင်းလက်ထဲအပ်ထားသည်။
ညပိုင်းတွင် ဆရာလင်းကို ဟွမ်ရှင်းအတွက်အကြီးအကဲစားပွဲပြင်ခိုင်းလိုက်သည်။ ထိုစားပွဲကို ဒုတိယမျိုးဆက်သူဌေးသားဟွမ်ရှင်း လုံးဝအံ့ဩသွားသည်။
ဟွမ်ရှင်းက တအံ့တဩရေရွတ်ပြီး ဆရာလင်းဘက်လှည့်ကာ_
''ဒါကို ဘာလို့အကြီးအကဲစားပွဲလို့ခေါ်လဲ သဘောပေါက်သွားပြီ... ဒီစားဖိုမှူးရဲ့လက်ရာက ကြယ်သုံးပွင့်မီချီလင်စားဖိုမှူးထက်တောင် ကောင်းသေးတယ်... မီချီလင်စားသောက်ဆိုင်တွေမှာတောင် ဒီလိုအစားအစာမျိုးမစားဖူးဘူး''
ကြယ်သုံးပွင့်မီချီလင်စားဖိုမှူးဆိုသောအသံကြားပြီး ဆရာလင်းကနည်းနည်းမသတီပုံနှင့်_
''မီချီလင်ကုမ္ပဏီရဲ့တာယာလုပ်တဲ့သူက ဘာချက်တတ်မှာလဲ? Lazda ဆိုတဲ့ကြယ်သုံးပွင့်မီချီလင်စားဖိုမှူးတစ်ယောက်က ကျုပ်တို့စံအိမ်လာပြီး စိန်ခေါ်သေးတယ်... နောက်ဆုံးကျ ရှုံးပြီး အမြီးကုပ်ပြန်သွားရတာပဲ''
''Lazda? အမှန်ပဲလား?''
ထိုစကားကြားပြီး ဟွမ်ရှင်းအံ့ဩသွားသည်။ အနောက်တိုင်းမှာစာလေ့လာစဉ်က ငွေရှားသူမဟုတ်သောကြောင့် အဆင့်မြင့်စားသောက်ဆိုင်များတွင် မကြာခဏသွားစားခဲ့သဖြင့် ကြယ်သုံးပွင့်မီချီလင်စားဖိုမှူး Lazda အကြောင်းအတော်အတန်သိထားသည်။
ကမ္ဘာ့ထိပ်တန်းအနောက်တိုင်းစားဖိုမှူးများတွင်အပါအဝင်ဖြစ်သည်။
Lazda မှာ သဘာရင့်မီချီလင် ၁၀ ဦးထဲမှတစ်ဦးဖြစ်သည်။ လတ်တလော သူလုပ်နိုင်စွမ်းမြင့်နေပြီး တခြားမီချီလင်ဆရာများကို တဆက်တည်းအနိုင်ယူခဲ့သည်။ အတော်ဆုံးမီချီလင်စာဖိုမှူးဖြစ်လာတော့မည့်သူပင်။
ဒါပေမဲ့ အခု အတော်ဆုံးမီချီလင်စာဖိုမှူးက ချင်းလင်စံအိမ်မှာရှုံးပြီး ထွက်သွားရသတဲ့လား?
''ဘယ်လိုလုပ်အမှားဖြစ်နိုင်မှာလဲ? ကျုပ်ဗီဒီယိုရိုက်ထားတယ်''
ဆရာလင်းကပြောပြောဆိုဆို ဖုန်းထုတ်၍ ဗီဒီယိုတစ်ပုဒ်ဖွင့်ပြီး ဟွမ်ရှင်းလက်ထဲပေးလိုက်သည်။ ဗီဒီယိုထဲတွင် Lazda ကပြိုင်ပွဲရှုံးပြီး ရိုရိုသေသေတောင်းပန်နေပုံ၊ ထို့နောက် စိတ်ပျက်လက်ပျက်နှင့်ထွက်သွားပုံပါသည်။
''တကယ် Lazda ပဲ''
ဟွမ်ရှင်းမျက်နှာမှာ အံ့ဩမှုအပြည့်နှင့်။ Lazda ၏လက်ရာမှာ ဟိုရှီနိုတွင်အလွန်နာမည်ကြီးပြီး ဟိုရှီနိုပြည်သူတွေက ကမ္ဘာ့နံပါတ်တစ်စာဖိုမှူးဟုတောင် ကြိတ်ပြီးအသိအမှတ်ပြုထားကြသည်။
ဟိုရှီနိုပြည်သူတွေသာ Lazda ချင်းလင်စံအိမ်မှာရှုံးလို့တောင်းပန်နေတဲ့ပုံကိုမြင်ရင် ဟိုမောက်မာနေတဲ့နောက်လိုက်တွေ ဘယ်လိုဖြစ်သွားကြမလဲ?
ညပိုင်း_
ချင်လင်က ဟွမ်ရှင်းမိသားစုအတွက် သတို့သမီးခန်းပြင်ခိုင်းထားသည်။ နောက်တစ်နေ့ စီရင်စုတွင် ရင်းနှီးမြှုပ်နှံမှုအကြောင်းဆွေးနွေးရန် ဟွမ်ရှင်းကို စီနီယာအစ်ကိုချူကအဖော်လိုက်ပေးသည်။
ဟွမ်ရှင်းရဲ့အဓိကမေဂျာက ရေမွှေး။ သူက ရေမွှေးကုမ္ပဏီထောင်ဖို့ရင်းနှီးမြှုပ်နှံပြီး ကိုယ်ပိုင်ဘရန်းဖန်တီးချင်သည်။
ဒါလွယ်ကူတဲ့အလုပ်မဟုတ်။ ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲမှာ ရေမွှေးဘရန်းတွေအများကြီးရှိသည်။
သို့သော် ဟွမ်ရှင်းအဖို့ ရေမွှေးဘရန်းစလုပ်ရာမှာ သူများထက်ပိုလွယ်သည်ဟုထင်ရသည်။ ဘာပဲဖြစ်ဖြစ် သူ့မှာစစချင်း ယွမ်သန်း ၁၀၀ ရှိသည်။
ချင်လင်က ဂိမ်းထဲမှပစ္စည်းများစံအိမ်ပို့ပြီးချိန်တွင် အလုပ်များလွန်းသဖြင့်မမြင်ရသောတန့်ကွမ်းရောက်ချလာသည်။
''လောင်တန့်... အခုတလော အလုပ်တွေပိနေတယ်နော်''
ချင်လင်က တန့်ကွမ်းကိုလက်ဖက်ရည်စားပွဲဆွဲခေါ်ပြီးထိုင်ခိုင်းသည်။ သူကိုယ်တိုင် အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်ထုတ်၍ လက်ဖက်ရည်တစ်အိုးနှပ်လိုက်သည်။
ချင်းလင်အားဖြည့်လက်ဖက်ရည်အတွက် တခြားစီရင်စုများတွင် ကိုယ်စားလှယ်များရှာထားသည်။ ထို့ကြောင့် ဒီအတောအတွင်း နင်းမြို့တော်စက်ရုံကိုထပ်ချဲ့ထားရမည်။ တန့်ကွမ်းမှာ နင်းမြို့တော်တွင်အလုပ်များလွန်းသဖြင့် မတွေ့ဖြစ်ချေ။
''ကျွန်တော်လုပ်သင့်တာပါ''
တန့်ကွမ်းကပြောရင်းဆိုရင်း လက်မှတ်တစ်ထပ်ထုတ်ပြီး လက်ဖက်ရည်စားပွဲပေါ်တင်လိုက်ကာ_
''ဥက္ကဌချင်... ဒါအာဆီယံကစားပွဲလက်မှတ်တွေပါ... ကျွန်တော်တို့ချင်းလင်အားဖြည့်လက်ဖက်ရည်က နိုင်ငံတော်အသင်းကို စပွန်ဆာပေးထားတယ်မလား? သူတို့ပို့လိုက်တာ အကောင်းဆုံးရှေ့တန်းလက်မှတ်တွေ... အာဆီယံကစားပွဲကြည့်ဖို့လက်မှတ်လိုတဲ့သူတွေများရှိလား?''
ချင်လင်မှာ ဒီကိစ္စကိုအာရုံမစိုက်မိ။ အာဆီယံကစားပွဲအတွက် ချင်းလင်အားဖြည့်လက်ဖက်ရည်စပွန်ဆာပေးထားသည်ကို မေ့တောင်မေ့တော့မည်။ တစ်ဖက်က ဒီလိုလက်မှတ်ပို့ပေးပြီး ကျေးဇူးတုံ့ပြန်မည်ဟု မထင်မိပေ။
လက်မှတ်များကိုကြည့်ရင်း သူက ကျောက်မိုချင်း၊ သူ့အမေနှင့် သူ့ယောက္ခမကို ဖုန်းဆက်မေးလိုက်သည်။ ဘယ်သူမှမသွားချင်သောကြောင့် သူလည်းတန့်ကွမ်းအား_
''ကျွန်တော်လည်း သွားဖို့အချိန်မရှိဘူး... ဒီလက်မှတ်တွေကို ခင်ဗျားကောင်းသလိုသာစီစဉ်လိုက်ပါ''
တန့်ကွမ်းကခေါင်းညိမ့်ပြီး_
''ကောင်းပါပြီ... ဒါဆိုရင် ထူးချွန်ဝန်ထမ်းတွေကို ဆုချလိုက်ပါမယ်... အာဆီယံကစားပွဲကြည့်ဖို့ သူတို့အတွက်ပါတီလုပ်ပေးတာပေါ့!''
"အင်း!"
ဒီအတွက် ချင်လင်ဘယ်လိုမှသဘောမထား။
သို့သော် သူလည်း အာဆီယံကစားပွဲကိုမျှော်လင့်စောင့်စားနေသည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်အားဖြည့်လက်ဖက်ရည်မှာ အားပြန်ပြည့်ပြီးသက်လုံကောင်းစေသောအာနိသင်ရှိသည်။ ဒီရေရှည်ပြိုင်ပွဲကို ကြီးကြီးမားမားအထောက်အကူပေးနိုင်လိမ့်မည်။