← Chapters

ကစားပွဲထဲက ချင်းလင်အားဖြည့်လက်ဖက်ရည်! လှည့်စားတယ်၊ဆေးသုံးတယ်!

Vol. 39 Ch. 581

ကစားပွဲထဲက ချင်းလင်အားဖြည့်လက်ဖက်ရည်! လှည့်စားတယ်၊ဆေးသုံးတယ်!

Vol. 39 Ch. 581

အာဆီယံပွဲဆိုသော အာရှကစားပွဲများမှာ အာရှတဝန်းအကျယ်ပြန့်ဆုံးကစားပွဲများဖြစ်သည်။ အာဆီယံအိုလံပစ်ကောင်စီအဖွဲ့ဝင်များမှကြီးမှူးပြီး လေးနှစ်တစ်ကြိမ်အလှည့်ကျကျင်းပလေ့ရှိသည်။

ရက်ပိုင်းခန့်ကြာပြီးနောက် အာဆီယံကစားပွဲများမှာ အင်တာနက်တစ်ခုလုံးတွင်ခေါင်းစဉ်ဖြစ်လာသည်။ ဒီလိုကြုံတောင့်ကြုံခဲနိုင်ငံတကာပွဲမှာ အလွန်စိတ်ဝင်စားဖို့ကောင်းသည်။

နိုင်ငံ့အသင်းကစားသမားများက ရလဒ်ကောင်းများယူပေးမည်ဟု စိတ်ရင်းနှင့်မျှော်လင့်သူများလည်းရှိနေသည်။

ထို့ကြောင့် တရားဝင်ပွဲမစခင် အင်တာနက်ပေါ်တွင် အာဆီယံကစားပွဲအကြောင်းသတင်းအချက်အလက်များနှင့်ကြိုတင်ခန့်မှန်းချက်များပြည့်နေသည်။

နောက်ပြီး အာဆီယံကစားပွဲများက အလွန်စိတ်ဝင်စားဖို့ကောင်းသည်။

ချင်းလင်စံအိမ်ဧည့်ခန်းနှင့်စားသောက်ခန်း LCD ဖန်သားပြင်ပေါ်တွင်လည်း အာဆီယံကစားပွဲ Live ဖွင့်ထားသည်။

ဒါကလည်း တုံ့ပြန်ချက်တစ်ခုပင်။

ရုံးခန်းထဲ၌_

ချင်လင်လည်း လက်ဖက်ရည်စားပွဲတွင်ထိုင်ပြီး နံရံပေါ်ရှိ LCD ဖန်သားပြင်ဖွင့်၍ အာဆီယံကစားပွဲ Live ကိုစောင့်ကြည့်သည်။

အဓိကသူကြည့်ချင်သည်မှာ ချင်းလင်အားဖြည့်လက်ဖက်ရည်က နိုင်ငံ့အသင်းကိုဘယ်လိုအထောက်အကူပေးမလဲဆိုတာပင်။

သူ့ခန့်မှန်းချက်အရဆိုလျှင် ချင်းလင်အားဖြည့်လက်ဖက်ရည်က ရက်ကတ်၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ကြက်တောင်နှင့်ဘတ်စကတ်ဘောကဲ့သို့ ရေရှည်ပြိုင်ပွဲများကို လုံးဝအထောက်အကူဖြစ်စေလိမ့်မည်။

ထို့အပြင် အပြေး၊ အမြင့်ခုန်၊ ရေကူးကဲ့သို့ ကစားပွဲများတွင် ပြိုင်ပွဲပထမနေ့ပြီးနောက် ဒုတိယနေ့ပတ်လည်ခြေစမ်းပွဲနှင့်အုပ်စုလိုက်ပြိုင်ပွဲများတွင် အားကစားသမား၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ကြီးကြီးမားမားအထောက်အကူဖြစ်လိမ့်မည်။

ချင်းလင်အားဖြည့်လက်ဖက်ရည်ကြောင့် အကောင်းဆုံးခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့်အခြေအနေကို ပွဲစဉ်တစ်ခုလုံးထိန်းသိမ်းထားနိုင်မည်။

ချင်လင်က အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ရည်တစ်အိုးနှပ်နေစဉ် တံခါးခေါက်သံကြားလိုက်ရသည်။

''ဝင်ခဲ့ပါ!''

တံခါးပွင့်လာသည်။

စီနီယာအစ်ကိုချူနှင့်ဟွမ်ရှင်းဝင်လာသည်။

''လက်ဖက်ခြောက်အမွှေးနှပ်တာလား?''

စီနီယာအစ်ကိုချူကထိုင်ပြီး လက်ဖက်ရည်ခွက်ဆေးရန်ပြင်လိုက်သည်။ ချင်လင်ရဲ့လက်ဖက်ရည်က အရမ်းအရသာရှိသည်။

စီနီယာအစ်ကိုချူ လက်ဖက်ရည်ခွက်များဆေးပြီးနောက် ချင်လင်လည်း သူတို့နှစ်ယောက်အတွက်တစ်ခွက်စီငှဲ့ပေးလိုက်ရင်းမေးသည်_

''ဟွမ်ရှင်းရဲ့ရင်းနှီးမြှုပ်နှံမှုက ပြီးသွားပြီလား?''

ဟွမ်ရှင်းက လက်ဖက်ရည်ခွက်ယူပြီး_

''ဆုံးဖြတ်ပြီးပြီ... စာချုပ်လက်မှတ်ထိုးလိုက်ပြီ... ရုံချန်းစီရင်စုကလူတွေ အရမ်းအာရုံစိုက်ထားတာပဲ... အနည်းဆုံးတော့ ငါအထင်ကြီးသွားပြီ''

''ချင်လင်... မင်းအာဆီယံပွဲကြည့်လား?''

ချူဖုန်းက လက်ဖက်ရည်သောက်ရင်း LCD ဖန်သားပြင်ပေါ်မှ အာဆီယံပွဲ Live ကို တအံ့တဩကြည့်လိုက်သည်။

''ကျွန်တော်တို့ချင်းလင်အားဖြည့်လက်ဖက်ရည်က နိုင်ငံ့အသင်းကိုစပွန်ဆာပေးထားတယ်''

ချင်လင်ကရှင်းပြသည်_

''နိုင်ငံ့အသင်းအတွက်အထောက်အကူဖြစ်မဖြစ် ကြည့်ရမယ်လေ''

''အင်း... ငါဒီအကြောင်းမေ့တောင်မေ့နေပြီ''

ထိုအချိန် ဟွမ်ရှင်းကတစ်ခုခုတွေးမိသွားပုံရပြီး ရုတ်တရက်ဖုန်းထုတ်ကာ အလုပ်လုပ်လိုက်သည်_

''ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့ဆို ငါတို့ပြိုင်ဘက်အတော်များများရှုံးမယ်ထင်တယ်''

''ဂျုနီယာညီလေးဟွမ်... ဘာတွေလုပ်နေတာလဲ?''

ချူဖုန်းကစူးစမ်းလိုက်သည်။

ဟွမ်ရှင်းကရှင်းပြ၏_

''ချင်လင်စပွန်ဆာပေးတဲ့ချင်းလင်အားဖြည့်လက်ဖက်ရည်အပါအဝင် အားကစားပြိုင်ပွဲတွေအတွက်လောင်းတာ... ရေရှည်ကစားပွဲအတွင်း အမျိုးသားဘောလုံးပွဲအပြင် မိုက်မဲတဲ့လောင်းကစားတွေရှိသေးတယ်... အပျော်ပေါ့''

ချူဖုန်းကအနားကပ်ကြည့်လိုက်ရာ ဟွမ်ရှင်းလုပ်ကိုင်နေပုံကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဟွမ်ရှင်းက တဆက်တည်း ၁၀ ပွဲလောင်းပစ်သည်။ ပွဲတိုင်းက ကြက်တောင်၊ ရက်ကတ်၊ တင်းနစ်လို နာမည်ကြီးရေရှည်ပြိုင်ပွဲများဖြစ်ပြီး တစ်ခုစီ၏နောက်တွင် သုညခြောက်လုံးနှင့်။

ချင်းလင်အားဖြည့်လက်ဖက်ရည်၏အာနိသင်ကို ချူဖုန်းကောင်းကောင်းသတိထားမိသည်။ အရင်က သူသောက်ဖူးသည်။ လုပ်နိုင်စွမ်းအားကောင်းရုံသာမက သူ့ဇနီးနှင့်လေ့ကျင့်ခန်းလုပ်ပြီးနောက် ခွန်အားနှင့်သက်လုံကိုလည်း အမြန်ပြန်ဖြည့်ပေးနိုင်သည်။

ဒီလိုအာနိသင်မျိုးက ခန္ဓာကိုယ်ခွန်အားသုံးဖို့လိုသော အားကစားသမားများကို များစွာအထောက်အကူဖြစ်စေလိမ့်မည်။

ထို့ကြောင့် ဟွမ်ရှင်း၏မိုက်မိုက်မဲမဲလောင်းကစားမျိုးက သေချာပေါက်ပိုက်ဆံအများကြီးရနိုင်ခြေရှိသည်။

ဟွမ်ရှင်းလိုဉာဏ်သွက်တဲ့လူအတော်များများလုပ်ပြီးလောက်ပြီဟုတောင် သူထင်သည်။ ချင်းလင်အားဖြည့်လက်ဖက်ရည်ကြောင့် ဒီပွဲပြီးရင် ပင်လယ်ကမ်းခြေမှာ စံအိမ်တွေ၊ ကလပ်တွေမှာ မော်ဒန်အသစ်တွေ ရှိကောင်းရှိလာနိုင်သည်။

''ဂျုနီယာညီလေးဟွမ်... ငါဘယ်လိုလောင်းရမလဲ?''

ချူဖုန်းကစဉ်းစားကြည့်ပြီး မေးလိုက်သည်။

''စီနီယာအစ်ကိုချူ... ကျွန်တော်သင်ပေးမယ်''

ဟွမ်ရှင်းကချက်ချင်းပြသည်။

ချင်လင်ကစိတ်ဝင်စားနေ၏။ ဟွမ်ရှင်းရဲ့နည်းက ငွေအများကြီးဝင်မည်မှန်းသိရင်တောင် လောင်းကစားနှင့် အမြဲစည်းတစ်ခုတော့ခြားထားသည်။

ဒါကစိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခု။

အကြောင်းမှာ လောင်းကစားကြောင့် အလွန်ပျော်ရွှင်စရာကောင်းသောမိသားစုတစ်ခုပြိုကွဲပြီး နောက်ဆုံး အကြွေးပင်လယ်နစ်ကာ ယောက်ျားဖြစ်သူတိုက်ပေါ်မှခုန်ချသတ်သေသွားသည်ကို သူမြင်ဖူးသည်။

အစပိုင်း ထိုလူလည်းနိုင်သည်။ တစ်လအတွင်း BMW နှင့်၊ Audi နှင့်ဖြစ်လာသည်။ သို့သော် သုံးလအကြာတွင် ပြိုလဲပြီး တိုက်ပေါ်မှခုန်ဆင်းရသောအခြေအနေရောက်ရတော့သည်။

ခဏအကြာ_

LCD ဖန်သားပြင်ပေါ်တွင် ပထမပွဲ Live လွှင့်သည်။

နောက်ပြီး ပထမပွဲက နိုင်ငံအတွင်း အကျော်ကြားဆုံးအားကစားတစ်ခုဖြစ်သောကြက်တောင်ပွဲဖြစ်သည်။

ချင်လင်တို့က ပွဲကိုအသည်းအသန်ကြည့်နေကြသည်။

''ပထမပွဲက အရမ်းစိတ်ဝင်စားစရာကောင်းတယ်''

ဟွမ်ရှင်းကပြောလိုက်သည်_

''အုပ်စု A ရဲ့ပထမပွဲပဲ... တို့နိုင်ငံက ရှန်လုံနဲ့ ဂျပန်က Kento momota''

ကြက်တောင်နတ်ဘုရားအနားယူပြီးနောက်တွင် Kento momota မှာ အာရှကြက်တောင်ချန်ပီယံဖြစ်လာသည်။ ဒီတစ်ကြိမ် Kento momota က ကျွန်ုပ်တို့ကစားသမားများကို ဘာဆုမှမရအောင်ပိတ်ပင်ထားလိမ့်မည်ဟူ၍ ပြည်တွင်းမီဒီယာတွင် ကျွက်ကျွက်ညံနေသည်။ ကြောင်မရှိ ကြွက်ထသလိုပင်။

သို့သော် လက်ရှိသူ့အဆင့်က အမှန်ပင်ရှန်လုံထက်မြင့်နေသည်။ ကမ္ဘာ့ဒုတိယအဆင့်ဖြစ်သည်။ ရှန်လုံမှာအသက်ရလာပြီဖြစ်ပြီး အနားယူတော့မည်ဖြစ်၍ ကမ္ဘာ့အဆင့် ၆ သာရှိသည်။ အဓိကက နိုင်ငံအတွင်း ဗိုလ်လုပွဲတက်ဖို့အရည်အချင်းအပြည့်မီဆုံးမှာ ရှန်လုံဖြစ်နေသည်။

ထို့ကြောင့် နိုင်ငံခြားဝဘ်ဆိုဒ်များတွင် ရှန်လုံကိုနိုင်ခြေအနည်းဆုံးနေရာတွင်လောင်းထားကြသည်။

ပထမအချီမှာတင် ဒီနှစ်ယောက်အချင်းချင်းတွေ့ကြမယ်လို့ ဘယ်ထင်မလဲ?

သို့သော် နိုင်ငံခြားသားများက ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုမသိကြ။ ဒီတစ်ခါ တရုတ်တွေအချဉ်ဖမ်းတာခံရတော့မည်။

…

ဒီအာဆီယံပွဲများကို ဟန်ကျိုးအိုလံပစ်အားကစားကွင်းထဲတွင်ကျင်းပနေသည်။

Live လွှင့်မည့်ကြက်တောင်ပြိုင်ပွဲအုပ်စု A ပထမဆုံးပွဲကို အတော်များများစိတ်ဝင်စားနေကြသည်။

တစ်ဖက်တွင် ပထမဆုံး Live လွှင့်မည့်ပြိုင်ပွဲဖြစ်သောကြောင့် ရှန်လုံမှာတာဝန်ကြီးနေသည်။

All Chapters