ကစားပွဲထဲက ချင်းလင်အားဖြည့်လက်ဖက်ရည်! လှည့်စားတယ်၊ဆေးသုံးတယ်! ၃
Vol. 39 Ch. 583
''အင်း!''
Kento momota လည်း ဒီအတိုင်းယုံကြည်ထားသည်။
ပွဲပြီးလျှင် ရှန်လုံကချက်ချင်းအနားယူသောနေရာသွားလိုက်သည်။ သူကနည်းပြဆီမှ ချင်းလင်အားဖြည့်လက်ဖက်ရည်ယူပြီး မြန်မြန်မော့သောက်လိုက်သည်။
သူ့ခန္ဓာကိုယ်တွင် ခွန်အားနှင့်သက်လုံပြည့်လာသောခံစားချက်မျိုးပေါ်လာပြန်သည်။ ပထမအချီအပြီးတွင် လုံလုံလောက်လောက်နားချိန်ရသည်။ ချင်းလင်အားဖြည့်လက်ဖက်ရည်ကြောင့် ခွန်အားအပြည့်အဝပြန်ဖြည့်ချိန်ရသည်။
ဒီခံစားချက်က အလွန်ကောင်းသည်။
ဒုတိယအချီပြန်စသည်။
Kento momota လည်း ခွန်အားအတော်လေးပြန်ပြည့်လာသည်။
ကြက်တောင်ပြိုင်ပွဲဒုတိယအချီမှာ ကြံ့ခိုင်မှုချင်းပြိုင်ရသောပွဲဖြစ်သည်။ သူကလူငယ်ဖြစ်သောကြောင့် ပိုကြံ့ခိုင်ရုံသာမက မြန်မြန်လည်းအားပြန်ပြည့်နိုင်သည်။
ထို့ကြောင့် ဒုတိယအချီအစပိုင်းတွင် Kento momota က အပြင်းအထန်ဆက်တိုက်ဖို့ရည်ရွယ်ထားသည်။
သို့ရာတွင် ပွဲစစချင်း ပြိုင်ဘက်ရှန်လုံက အပြင်းအထန်စတိုက်လာလိမ့်မည်ဟု သူမထင်မိ။
သူခဏကြောင်သွားသည်။
တစ်ဖက်က သူ့ထက်အသက်ကြီးတယ်၊ ပြီးတော့ ကြံ့ခိုင်မှုက သူ့လောက်မကောင်းဘူး၊ သူဒီလိုတိုက်တာ ရှုံးအောင်လုပ်နေတာမလား?
Kento momota မှာ မတတ်သာ၍ အလိုက်သင့်ခပ်မြန်မြန်လှုပ်ရှားရသည်။ သို့ရာတွင် သူ့ပြိုင်ဘက်၏ကြံ့ခိုင်မှုက အရင်ပွဲမှာလုံးဝအားမကုန်ထားသလိုဖြစ်နေသောကြောင့် သူပိုပြီးအံ့အားသင့်မိသည်။
မဖြစ်နိုင်။
မကြာမီ Kento momota မှာ သူအားကုန်တော့မည်ကိုခံစားမိ၍ ထိတ်လန့်လာသည်။
သူဟန်ချက်ပျက်နေတာ အားလုံးမြင်နိုင်သည်။
''ဒါဘယ်လိုဖြစ်တာလဲ?''
Yamada မှာ ပွဲအခြေအနေကိုကြည့်ရင်း လုံးဝမယုံနိုင်။
ထိုအချိန်တွင် တစ်ဖက်က Kento momota ကြောင့် အားကုန်လာသည်။
ရှန်လုံက ကြက်တောင်ဘေးချော်သွားချိန်တွင် ချင်းလင်အားဖြည့်လက်ဖက်ရည်နည်းနည်းသွားသောက်လိုက်သည်။
ခွန်အားပြန်ပြည့်လာသောခံစားချက်ဖြစ်လာပြန်သည်။
ထို့ကြောင့် ပွဲစစချင်း စိတ်ဓာတ်ပျက်ပြားနေပြီဖြစ်သော Kento momota ကိုတစ်ချက်ကြည့်ကာ အပြင်းအထန်တိုက်တော့သည်။ ခြေကုန်လက်ပမ်းကျနေသူကိုအနိုင်ယူရတာ ကောင်းသလားသူမသိ။
မကြာမီ Kento momota က သူ့ကိုယ်သူမထိန်းနိုင်တော့မှန်းသိလာသည်။ ဒုတိယအချီတစ်ဝက်တွင် ရှန်လုံ၏ခွန်အားနှင့်သက်လုံကိုမလိုက်နိုင်တော့။ ချင်းလင်အားဖြည့်လက်ဖက်ရည်သောက်ပြီး အားပြန်ဖြည့်ထားသောရှန်လုံ၏အနိုင်ပိုင်းခြင်းကိုခံလိုက်ရတော့သည်။
သူမလန့်ဘဲမနေနိုင်။
ငါကပိုငယ်တယ်၊ ငါ့ဗျူဟာမမှားဘူး။
Kento momota မှာ ပြိုင်ပွဲရှုံးပြီး မျက်လုံးများနည်းနည်းကြောင်ကာ မယုံနိုင်အောင်ဖြစ်နေသည်။
Kento momota ကိုလာအားပေးသူများလည်း အံ့အားသင့်သွားသည်။ ကမ္ဘာ့ဒုတိယအဆင့်က ရှုံးသည်ကို မယုံနိုင်ကြ။
သုံးချီတွင် နှစ်ချီဆက်တိုက်ရှုံးသောကြောင့် Kento momota လည်း အုပ်စုအဆင့်ပထမပွဲရှုံးသွားသည်။ စောစောကကြွေးကြော်နေသောဂျပန်မီဒီယာမှာ အသံပျက်သွားသလိုပင်။
အင်တာနက်ပေါ်၌_
Live ကြည့်နေသူ ပြည်သူများအားလုံးမှာ စိတ်လှုပ်ရှားနေကြသည်။
''ဟား ဟား... ချင်းလင်က အေးဆေးပဲ... ရှန်လုံကြည့်ရတာ လုံးဝအားကုန်နေတဲ့ပုံမပေါက်ဘူး!''
''ဟိုဖက်က အစပိုင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုချင်းယှဉ်နေတာ သိသာတယ်... တို့မှာ ချင်းလင်အားဖြည့်လက်ဖက်ရည်ရှိမှန်း သူတို့မသိဘူး''
''ကျေးဇူးပါ ချင်းလင်အားဖြည့်လက်ဖက်ရည်... ငါ BMW 3 စီးရီးဝယ်ဖို့ရောက်နေပြီ''
''အမျိုးသားအသင်းကိုမလောင်းသရွေ့ ပင်လယ်နားမှာနေရဖို့မဝေးတော့ဘူး!''
“……”
ချင်းလင်စံအိမ်_
ချင်လင်လည်း ပြိုင်ပွဲရလဒ်ကြောင့်တပြုံးပြုံးဖြစ်နေသည်။ ချင်းလင်အားဖြည့်လက်ဖက်ရည်က ကြီးကြီးမားမားအထောက်အကူဖြစ်သည်။
''ချင်လင်... မင်းရဲ့ချင်းလင်အားဖြည့်လက်ဖက်ရည်ကအလုပ်ဖြစ်မှန်း သိသားပဲ''
ချူဖုန်းမှာ မရယ်ဘဲမနေနိုင်။
ဟွမ်ရှင်းနဲ့လိုက်လောင်းပြီး သူကံကြမ္မာကောင်းကောင်းဖန်တီးထားပြီ။
''ဂျပန်ကစားသမား ကြောင်နေဦးမှာပဲ''
ဟွမ်ရှင်းလည်း စလိုက်သည်။
သို့သော် ထိုအချိန်တွင် ကွင်းထဲ၌အပြောင်းအလဲတစ်ခုဖြစ်သွားသည်။ Yamada က အာဆီယံပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များထံသွားခဲ့သည်။
ကော်မတီအဖွဲ့ဝင်တစ်ယောက်က ရုတ်တရက်ကွင်းထဲရောက်လာပြီး လက်နှစ်ဖက်နှင့်အချက်ပြသည်။
ထိုအပြုအမူကြောင့် တစ်ကွင်းလုံးညံသွား၏။
သဘောက ဒီပွဲကိုလောလောဆယ်ထည့်မတွက်ဟူ၍။ တားမြစ်ဆေးသုံးထားသော ကစားသမားတစ်ဦးရှိသည်ဟုတင်ပြလာသောကြောင့် ဆေးစစ်ရဦးမည်။
ကော်မတီအဖွဲ့ဝင်ကအချက်ပြပြီး ရှန်လုံဆီလျှောက်သွားကာ ရယ်သံစွက်၍_
''လူကြီးမင်းရှန်လုံ... တားမြစ်ဆေးသုံးတယ်လို့အတိုင်ခံထားရပါတယ်... ခင်ဗျားကိုဆေးစစ်ရပါမယ်''
အမှန်အတိုင်းဆိုရလျှင် သူတို့မြန်မြန်ဆန်ဆန်လုပ်ဆောင်ရခြင်းမှာ ရှန်လုံ၏ပုံစံက လုံးဝပုံမှန်မဟုတ်ဟုထင်သောကြောင့်ပင်။
ရှန်လုံဆေးသုံးသည်ဟုထင်ရသောအကြောင်းရင်းရှိသည်။
အဓိကအကျဆုံးမှာ သူတို့နိုင်ငံတွင်ကျင်းပသောအာဆီယံကစားပွဲများ၌ မူးယစ်ဆေးဝါးကအကြီးမားဆုံးအရှုပ်တော်ပုံဖြစ်လာသည်ကို သူတို့မြင်ချင်သည်။
တစ်ခါတရံ အားကစားတွင် နိုင်ငံတကာကန့်သတ်ချက်များရှိသည်။
ဝင်ငွေနှင့်အကျိုးအမြတ်အတွက် ပွဲကျင်းပခွင့်ပေးနိုင်သော်လည်း အားကစားလောကတွင် ဒီအရှေ့ပိုင်းနိုင်ငံများက နေရာအမြင့်ကြီးရယူထားသည်ကို လုံးဝမမြင်ချင်။
ရှန်လုံနှင့်နည်းပြက အချင်းချင်းမတတ်သာပုံနှင့်ကြည့်လိုက်သည်။
ဒီလိုဖြစ်မယ်မှန်း သူတို့သိသည်။ အစစ်ဆေးခံရမှာ လုံးဝမကြောက်။ ဘာမှရှာမတွေ့ရင် ထူးဆန်းနေကြဦးမည်။
ရှန်လုံကို ကော်မတီကခေါ်သွားသောကြောင့် Kento momota ကိုလာအားပေးသော ဂျပန်သားများပျော်သွားကြသည်။
''ငါပြောသားပဲ... Kento momota ရှုံးစရာအကြောင်းမရှိဘူး''
''အဲတော့ ဟိုဖက်ကဆေးသုံးတာပေါ့... စိတ်ပျက်စရာကောင်းလိုက်တာ''
''သူတို့က ဆေးစွဲနေတာ... ပထမဆုံးပွဲမှာ ဆေးသုံးတာမိသွားလို့ကတော့ ရှက်စရာပဲ''
''ဒါမျိုးမြင်ရတာ ဝမ်းသာလိုက်တာ''
“……”