ချင်းလင်အားဖြည့်လက်ဖက်ရည် ဒဏ်ခံနေရပြီ! ရူးသွားပြီလား?
Vol. 39 Ch. 584
ရှန်လုံဆေးစစ်ခံရမည်ဆိုသောသတင်းက လျင်လျင်မြန်မြန်ပြန့်သွားပြီး အင်တာနက်ပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ချင်းလင်စံအိမ်_
ချင်လင်၏ရုံးခန်းထဲတွင် ဟွမ်ရှင်းက Live ကြည့်ရင်း ရုတ်တရက်ထဆဲလိုက်သည်_
''ဂျပန်ကလူတွေ မဆော့နိုင်ဘူးလား? ရှုံးတာနဲ့တိုင်တယ်!''
ချင်လင်ကခေါင်းခါပြီး_
''ငါဘာမှရှာမတွေ့ဘူး... ချင်းလင်အားဖြည့်လက်ဖက်ရည်မှာ တားမြစ်ဆေးလုံးဝမပါဘူး''
နိုင်ငံ့အသင်းက ကစားသမားတွေအတွက်သုံးရဲမှတော့ အကြိမ်ကြိမ်စစ်ဆေးပြီးပြီဆိုတဲ့သဘော။
သို့သော် ရှန်လုံကိုဆေးစစ်ခံရရင်တောင် အာဆီယံပွဲများကို အစီအစဉ်အတိုင်းဆက်လုပ်ရမည်။
ထို့နောက် အရေးပါသောအပြေးပြိုင်ပွဲတွင် အုတ်အော်သောင်းတင်းဖြစ်ခဲ့ပြန်သည်။ ချင်းလင်အားဖြည့်လက်ဖက်ရည်ကြောင့် အမျိုးသမီးမာရသွန်အပြေးသမားတစ်ဦးက ကမ္ဘာ့စံချိန်ချိုးပြီး ရွှေတံဆိပ်ဆုရခဲ့သည်။
လုံးဝအုတ်အော်သောင်းတင်းပင်။
ထိုအမျိုးသမီးကစားသမားလည်းအတိုင်ခံရပြီး ဆေးစစ်ရသည်။
တချို့လူတွေမျက်စိထဲတွင် သူတို့ကစားသမားများက ကမ္ဘာ့စံချိန်ချိုးဖို့မဖြစ်နိုင်ဟုထင်သည်။
ထို့ကြောင့် ကော်မတီက အမျိုးသမီးကစားသမားကိုဆေးစစ်ဖို့ခေါ်သွားသည်။
သို့ရာတွင် ပြိုင်ပွဲကဆက်ကျင်းပဆဲ။ ကြက်တောင်ပွဲလိုပင်။ ရှန်လုံကိုဆေးစစ်နေသည့်အတောအတွင်း ယာယီရပ်ဆိုင်းထားသည်။
နောက်တစ်နေ့ သူ့အုပ်စုဒုတိယပွဲကို ပုံမှန်အတိုင်းဆက်ကျင်းပသည်။
ဒီတစ်ကြိမ်တွင် ရှန်လုံက ကိုရီးယားကစားသမားနဲ့တွေ့သည်။
ကိုရီးယားကစားသမားကလည်း ကမ္ဘာ့အဆင့် ၁၅ ရှိသောလူငယ်ဖြစ်သည်။
အထူးသဖြင့် ထိုလူငယ်ရှောင်ကျန်းမှာ အလွန်ကြည့်ကောင်းပြီး ကိုရီးယားနှုတ်ခမ်းနီမလေးများအတွက် အိုပါးဆန်သောရုပ်ရည်မျိုးဖြစ်သည်။
ထို့ကြောင့် ဆီလီကွန်မျက်နှာနှင့်ကိုရီးယားမလေးများမှာ လူငယ်အိုပါးကိုအားပေးဖို့ မိုင်ထောင်ချီခရီးဝေးမှရောက်လာကြသည်။
ဖြစ်ချင်တော့ ရှန်လုံက ချင်းလင်အားဖြည့်လက်ဖက်ရည်သောက်ပြီး အိုပါးကိုပြင်းထန်သောတိုက်ကွက်များနှင့် ပွဲသိမ်းပေးလိုက်သည်။
ထို့ကြောင့် ဆီလီကွန်မျက်နှာကောင်မလေးအုပ်စုက မကျေမနပ်နှင့်ဆိုင်းဘုတ်များမြှောက်ပြီး ဆန္ဒပြကြသည်_
''ဆေးသုံးထားပါတယ်... ညစ်နေပါတယ်''
''ဟုတ်တယ်... ဆေးသုံးတဲ့နိုင်ငံ''
''အားကစားစိတ်ဓာတ်မရှိဘူး... ညစ်ပတ်တဲ့နည်းတွေအမြဲသုံးတယ်''
''အင်း... အရှုံးကိုလက်မခံရဲတာလေ... သူတို့ရှုံးရင် တို့ကစားသမားတွေကိုညစ်တယ်လို့ စွပ်စွဲနေကြပဲဟာ''
“……”
ဒါပွဲမစခင်ကတည်းက သူတို့လုပ်မယ့်အစီအစဉ်။ သူတို့အိုပါးနာမည်ကိုအကောင်းပြောတဲ့အပြင် အလေးမပွဲပရိသတ်တွေလို အဆုံးအဖြတ်ကိုလွှမ်းမိုးဖို့လည်း ကြိုးစားကြသည်။
ထိုအချိန်တွင် အာဆီယံပွဲကော်မတီဝင်က စစ်ဆေးချက်အစီရင်ခံစာကိုင်၍ ပေါ်လာပြန်သည်။
ထို့ကြောင့် ကိုရီးယားမလေးများအလွန်စိတ်လှုပ်ရှားသွားသည်။
တစ်ရက်ပြည့်ရင် ဆေးစစ်ထားတဲ့ရလဒ် အဖြေထွက်မည်မှန်း သူတို့သိသည်။
တစ်ဖက်လူက ဆေးသုံးပြီးညစ်တာဖြစ်မည်။ သူပြိုင်ပွဲဝင်ဖို့အဆင့်မမီရင် ဒီပွဲကိုသူတို့အိုပါးရှုံးမည်မဟုတ်။
''လူကြီးမင်းရှန်လုံ... ခင်ဗျားအတွက်သတင်းကောင်းရှိတယ်... ဆေးစစ်ချက်အောင်မြင်ပါတယ်... ခင်ဗျားရဲ့သွေးထဲမှာ တားမြစ်ဆေးမရှိပါဘူး''
အာဆီယံကစားပွဲကော်မတီ၏ကိုယ်စားလှယ်က ဆေးစစ်ချက်အစီရင်ခံစာကိုင်ထားသည်။ သတင်းကောင်းဟုဆိုသော်လည်း သူ့မျက်နှာကကောင်းပုံမရ။
စမ်းသပ်ချက်ရလဒ်က သူတို့ဖြစ်စေချင်တဲ့အတိုင်းမဟုတ်။ ပြိုင်ဘက်၏သွေးထဲတွင် တားမြစ်ဆေးမရှိချေ။ ဒီတော့ အရင်ပြိုင်ပွဲရလဒ်က အကျုံးဝင်တယ်ဆိုတဲ့သဘောပင်။
သိပ်မကြည်သော်လည်း သူများနိုင်ငံရောက်နေပြီး စမ်းသပ်မှုကိုကြီးကြပ်သူများရှိနေ၍ ဘာမှမလုပ်ရဲ။ ကူညီမယ့်သူတွေရှိတဲ့ဟိုရှီနိုမဟုတ်ပေ။ ဟိုမှာ စတိုးဆိုင်ဝန်ထမ်းတောင် ဆေးစစ်သူဖြစ်နိုင်သည်။
အာဆီယံပွဲကော်မတီဝင်က ရှန်လုံကိုအသိအမှတ်ပြုပြီး စမ်းသပ်ချက်အစီရင်ခံစာကို ကြေညာရသည်။
ရှန်လုံ၏ဆေးစစ်ချက်မှာပြဿနာမရှိသောကြောင့် ကိုရီးယားမလေးများမျက်နှာပျက်သွားကြသည်။
သူတို့အိုပါးကို လုံးဝမရှုံးစေချင်။
သို့ရာတွင် ကော်မတီဝင်ဆက်ပြောလိုက်သောစကားကြောင့် မျှော်လင့်မိပြန်သည်။
''လူကြီးမင်းရှန်လုံ... နောက်ထပ်သတင်းဆိုးရှိပါသေးတယ်... ကိုရီးယားနည်းပြကထပ်တိုင်ထားတဲ့အတွက် ဒုတိယအကြိမ်ဆေးစစ်ချက်လုပ်ရပါမယ်''
ကော်မတီဝင်က လူဖြူဖြစ်သည်။ လူဖြူက အာဆီယံပွဲအကြီးအကဲကော်မတီအဖွဲ့ဝင်လုပ်နိုင်သည်ဆိုသော်လည်း သူ့ကိုကြည့်လျှင် တချို့နိုင်ငံတွေ လက်တံဘယ်လောက်ရှည်ကြောင်းသိနိုင်သည်။
ကော်မတီဝင်၏ဆုံးဖြတ်ချက်ကြောင့် ရှန်လုံကိုအားပေးနေသောပရိသတ်များ ဒေါသထွက်ကုန်သည်။
ပုံမှန်အတိုင်းဆို ပထမဆေးစစ်ချက်မှာပြဿနာမရှိရင် အချိန်တိုအတွင်း ဒုတိယဆေးစစ်ချက်ကိုလုပ်မည်မဟုတ်ပေ။
သို့ရာတွင် သူတို့နိုင်ငံကစားသမားနှင့်ပတ်သက်လာလျှင် ဒီအလေ့အကျင့်ကပျက်သွားမည်။
သူတို့နိုင်ငံကစားသမားများမှာ ခဏခဏပစ်မှတ်ထားခံရသည်။ အလေးမ၊ တိုက်ကွမ်ဒို၊ ကာယဗလ၊ လက်ဝှေ့ရွှေတံဆိပ်ဆုများကို မကြာခဏဆိုသလို အခိုးခံရသည်။
သူတို့ကိုပစ်မှတ်ထားရန် နိုင်ငံခြားဒိုင်များက စည်းကျော်ရင်တောင် မမြင်ချင်ယောင်ဆောင်ကြသည်။
ထို့ကြောင့် အားကစားတွင် နိုင်ငံတကာနယ်နိမိတ်များရှိနေသည်။
အင်တာနက်ပေါ်တွင် အားကစားနှင့်သိပ္ပံမှာ နယ်နိမိတ်မရှိဟုအော်နေကြသူအများစုမှာ ၅၀၀၀၀၀ ဒါမှမဟုတ် သူတို့ကိုယ်သူတို့ သူတော်ကောင်းဇာတ်သွင်းချင်သူများဖြစ်သည်။ သူတို့အားလုံးက ရုပ်ဝတ္ထုပစ္စည်းလောကအထက်မှာဟုထင်နေသူများပင်။
''လူကြီးမင်းရှန်လုံ... ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ပူးပေါင်းပေးပါ!''
ကော်မတီအဖွဲ့ဝင်က ပြုံးပြုံးနှင့်ပြောသည်။ ဆေးစစ်ချက်ကရလဒ်မထွက်ရင်တောင် ဒီလိုဆက်တိုက်ဆေးစစ်ခံနေရခြင်းက ပြိုင်ပွဲဝင်၏စိတ်ဓာတ်ကိုပျက်ပြားစေပြီး နောက်ပြိုင်ပွဲများတွင် အမှားဖြစ်စေလိမ့်မည်။
ထိုမြင်ကွင်းကြောင့် ဆီလီကွန်မျက်နှာနှင့်ကိုရီးယားမလေးများ ဝမ်းသာသွားပြန်သည်။
ဒါနောက်ထပ်မျှော်လင့်စရာ။
သူတို့အိုပါးက အတော်ဆုံးပင်။
ရှန်လုံက လုံးဝဂရုမစိုက်။ နောက်ထပ်သွေးဖောက်ခံလိုက်ရုံသာ။ သူ့အတွက် ဘာမှဆုံးရှုံးစရာမရှိပေ။
နောက်ပွဲလည်း ဒီအတိုင်း။
ဒီအခြေအနေကို နည်းပြကသုံးသပ်ထားပြီးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေအရ သူတို့ကိုအတော်လေးပစ်မှတ်ထားခံနေရသည်။
အာဆီယံကစားပွဲများမှာ အာရှအတွင်းအားကစားပြိုင်ပွဲဖြစ်သော်လည်း နိုင်ငံတကာအိုလံပစ်ကော်မတီက ထိန်းချုပ်ပြီးရင်းထိန်းချုပ်ထားသည်။ ကော်မတီအဖွဲ့ဝင်အများစုက အနောက်တိုင်းသားများဖြစ်သည်။ သူတို့မှာ ပြည်တွင်းကော်မတီရှိသော်လည်း နိုင်ငံတကာအိုလံပစ်ကော်မတီနှင့် အဆင့်ခြားနားချက်ရှိသည်။