ချင်းလင်အားဖြည့်လက်ဖက်ရည် ဒဏ်ခံနေရပြီ! ရူးသွားပြီလား? ၂
Vol. 39 Ch. 585
ဒါကလည်း မတတ်သာ။
အားကစားစိတ်ဓာတ်၊ အားကစားမှာ နယ်နိမိတ်မရှိဟုအော်နေကြသော်လည်း ဒီလူတွေကပဲ အားကစားတိုင်းမှာ နိုင်ငံများရှိနေကြောင်း သက်သေပြနေသည်။
ပါမောက္ခတစ်ဦးပြောဖူးသလို ဖြစ်ကောင်းဖြစ်မည်:
သိပ္ပံနှင့်အားကစားမှာ အမှန်ပင်နယ်နိမိတ်မရှိ၊ သို့သော် သိပ္ပံပညာရှင်နှင့်အားကစားသမားမှာ ရှိသည်တဲ့။
ရှန်လုံဒုတိယအကြိမ်ဆေးစစ်ခံရခြင်းမှာ အင်တာနက်ပေါ်တွင်ပွသွားသည်။ သူ့ကိုသေချာပစ်မှတ်ထားနေမှန်း အားလုံးသိသွားသည်။
''ဒီကောင်တွေမဆော့နိုင်တာများ... သက်သက်မဲ့စည်းကမ်းဖောက်တာ''
''ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုက အံ့ဩစရာကောင်းလွန်းတာ''
ရှန်လုံတင်မဟုတ်။ ရက်ကတ်၊ တင်းနစ်၊ ရေကူးကဲ့သို့ တခြားပြိုင်ပွဲအားလုံးတွင် အစစ်ခံရသည်။
''ဟင်း... ရလဒ်ကောင်းတဲ့အားကစားသမားတွေအကုန် အကြီးအကျယ်အကဲဖြတ်တာပဲ''
''စားပွဲတင်တင်းနစ်အစစ်မခံရဘူး... ဟား ဟား... စားပွဲတင်တင်းနစ်ကိုစစ်ဖို့ မျက်နှာပူလို့ထင်တယ်''
''ဟား ဟား ဟား... စားပွဲတင်တင်းနစ်က တခြားနိုင်ငံက ကစားသမားတွေကို အကုန်ဖြုတ်ချထားတာ''
''မင်းတို့တွေ မိစ္ဆာဘုရင်ကြီးတွေဖြစ်နေကြပြီ... မြင်ရတာဝမ်းသာတယ်ကွာ!''
''စားပွဲတင်တင်းနစ်မှာ နည်းနည်းပါးပါးညှာဖို့ တို့လူတွေကိုအကြံပြုချင်သေးတယ်... တစ်ဖက်က စားပွဲမှောက်ပြီး ဒီပွဲကိုဖျက်သိမ်းဖို့ချက်ချင်းသဘောတူလာမှဖြင့်...''
“……”
အမှန်ပင် စားပွဲတင်တင်းနစ်တွင် တခြားနိုင်ငံကစားသမားများအဖို့ သူတို့ကအိပ်မက်ဆိုးဖြစ်သည်။ ချင်းလင်အားဖြည့်လက်ဖက်ရည်သောက်ရင် အနိုင်ကျင့်သလိုပါဖြစ်နေသည်။
''အင်း... ဒါအနိုင်ကျင့်တာပဲ... နောက်ထပ်လူငယ်ကစားသမားကို ငိုအောင်လုပ်လိုက်ပြန်ပြီ''
ထို့ကြောင့် အာဆီယံပွဲလဝက်လောက်တွင် ချင်းလင်အားဖြည့်လက်ဖက်ရည်၏အကူအညီကြောင့် အားကစားသမားများရဲရဲဝံ့ဝံ့ဖြစ်နေကြသည်။
ကော်မတီအဖွဲ့ဝင်များမှာ ပြိုင်ပွဲတိုင်းလိုလို တိုင်စာရရင်း ဆေးစစ်ရင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆေးစစ်ပွဲတစ်ခုဖြစ်လာသည်ဟုဆိုနိုင်သည်။
သို့သော် အံ့ဩစရာအကောင်းဆုံးက ဆေးစစ်ပြီးနောက် ဘယ်ကစားသမားမှ တားမြစ်ဆေးသုံးသည်ဟုမတွေ့ရပေ။
ထို့ကြောင့် သူတို့လည်းမတတ်နိုင်။ ဆေးစစ်ချက်လုပ်ရင်း ဆုတံဆိပ်ယူသွားသည်ကိုသာ ထိုင်ကြည့်နေရသည်။ ဆေးစစ်ချက်မှာပြဿနာမရှိကြောင်း တရားဝင်ကြေညာချက်လည်းထုတ်ပြန်ရသေးသည်။
သို့ရာတွင် အင်တာနက်ပေါ်တွင် မြင်သူတိုင်းကဝမ်းသာနေကြသည်။ လက်ပိုက်ကြည့်နေရတယ်ဆိုတာ ဒါကိုပြောတာပဲဖြစ်မည်။
ချက်ကျလက်ကျလှည့်စားခံရရင် သေမတတ်ဒေါသထွက်ရသည်။
ရေရှည်ကစားပွဲတွင် ချင်းလင်အားဖြည့်လက်ဖက်ရည်၏အထောက်အပံ့ကြောင့် မူလချန်ပီယံရှင်က ချန်ပီယံဆု၊ မူလဒုတိယဆုရှင်ကလည်း ချန်ပီယံဆု၊ မူလက အခွင့်အရေးမရှိသူမှာ ဆုတံဆိပ်ပိုင်ရှင်ဖြစ်လာလိမ့်မည်။
ထိုမြင်ကွင်းက ပြိုင်ပွဲဝင်များအားလုံးကိုအံ့အားသင့်စေသည်။
အာဆီယံပွဲကော်မတီမှာ ပိုတောင်စိတ်ရှုပ်နေသည်။ ဒါလုံးဝအဓိပ္ပါယ်မရှိ။
နိုင်ငံတကာအိုလံပစ်ကော်မတီရုံးချုပ်က သတင်းရပြီး ရုံးကိုကိုယ်စားလှယ်လွှတ်လိုက်သည်။
ကိုယ်စားလှယ်မှာ Venod အမည်ရှိလူဖြူတစ်ဦးဖြစ်သည်။
အာဆီယံပွဲများအဆုံးသတ်ပြီဖြစ်သောကြောင့် ဒီနှစ်အာဆီယံပွဲဆုတံဆိပ်အရေအတွက်ကို Venod က အလေးအနက်ကြည့်လိုက်သည်။ ကြည့်ရတာ ဒီအာဆီယံပွဲက ကိုယ်ပိုင်ပွဲဖြစ်သွားသလိုပင်။
အဓိကမှာ တားမြစ်ဆေးများမတွေ့ရခြင်းပင်။ ဒီကိစ္စမဖြေရှင်းနိုင်ရင် နောက် ၂ နှစ်အကြာ အိုလံပစ်ကစားပွဲမြင်ကွင်းကိုစိတ်ကူးကြည့်ပါ။ ဒီလိုအခြေအနေမျိုး ထပ်အဖြစ်မခံနိုင်။
''ဖျော်ရည်ကြောင့်ဆိုတာ သေချာလား?''
Venod က သူ့ရှေ့မှဖျော်ရည်ပုလင်းကို မျက်မှောင်ကြုတ်ကာကြည့်ရင်း မယုံနိုင်ပုံပေါက်နေသည်။
အားလုံးက ဒီဖျော်ရည်ကြောင့်?
ဒီလိုကမ္ဘာ့အဆင့်ပြိုင်ပွဲကို ဖျော်ရည်ပုလင်းကထိန်းချုပ်သွားတာတဲ့!
ဟောလိဝုဒ်စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းထဲမှာသာတွေ့ရတတ်သော ဇာတ်ကွက်နှင့်တူနေသည်။
သို့သော် ရုပ်ရှင်ဇာတ်ကွက်က လက်တွေ့မှာဖြစ်နေပြီ။
အရေးအကြီးဆုံးက ဖျော်ရည်ထဲမှာ တရားမဝင်ပစ္စည်းတစ်ခုမှမတွေ့ရခြင်းပင်။ ဖျော်ရည်ကြောင့်မှန်းသိနေရင်တောင် ဘာမှမတတ်နိုင်။
ဒီကိစ္စဖြေရှင်းချင်ရင် အရင်ဆုံး ဖျော်ရည်ထဲကပစ္စည်းကိုတရားမဝင်ကြောင်းသွင်းရမည်။ ပြီးရင် ပြိုင်ပွဲလောကမှာဖြေရှင်းရမည်။
ဖြေရှင်းဖို့ဖိအားပေးခံရရင် တစ်ဖက်အားကစားသမားအတော်များများကိုထုတ်ပယ်ပစ်ရမည်။
နိုင်ငံငယ်လေးများနှင့်ဆန့်ကျင်လျှင် ကိစ္စမရှိသော်လည်း လူဦးရေဘီလီယံ ၁.၄ ရှိသောနိုင်ငံကြီးကိုမူ မီးနှင့်မကစားချင်သောကြောင့် ဖိအားမပေးရဲ။
လူဦးရေ ၁.၄ ဘီလီယံမှာ အကြီးမားဆုံးပြိုင်ဘက်စျေးကွက်ဖြစ်ပြီး ဝင်ငွေဖန်တီးဖို့အကောင်းဆုံးစျေးကွက်ဖြစ်သည်။ တစ်ဖက်ကိုဒေါသထွက်ရင် စျေးကွက်ပျောက်သွားလိမ့်မည်။ ငွေအတွက်တိုက်ခိုက်စရာမလို။
ဒီလူတွေမှာ ရှေ့နောက်မညီသောစိတ်မျိုးရှိသည်။ ဒီစျေးကွက်ကိုလိုချင်ရင် ပြည်သူ ၁.၄ ဘီလီယံမပါဘဲမဖြစ်။ သို့သော် ဒီ ၁.၄ ဘီလီယံနိုင်ငံမှာ အကောင်းမမြင်ချင်သောကြောင့် နေရာအရပ်ရပ်တွင် ပစ်မှတ်ထားပြီးဖိနှိပ်နေသည်။
လက်ရှိအခြေအနေအရ ဒီလူတွေမှာ လုံးဝမနှစ်မြို့သော်လည်း ဘာမှမတတ်နိုင်ကြချေ။
သူ့ဘေးမှလူပုလေးက ခေါင်းညိမ့်ပြီး_
''တကယ် ဒီဖျော်ရည်ကြောင့်ပါ... ကျွန်တော်တို့စမ်းသပ်ကြည့်တော့ ခွန်အားနဲ့အင်အားပြန်ဖြည့်ပေးနိုင်တဲ့ပစ္စည်းတချို့ပါတာတွေ့ရတယ်... အရင်က စမ်းကြည့်ပြီးပြီ... ဒိုက်ထိုးတာ အားကုန်တယ်ဆိုပေမဲ့ ဒီချင်းလင်အားဖြည့်လက်ဖက်ရည်သောက်ပြီးတော့ အရမ်းထိရောက်တယ်''
''ဒီပါဝင်ပစ္စည်းကြောင့် အားကစားသမားတွေရဲ့ခွန်အား အင်အားတွေပြန်ပြည့်လာတာ... အဲဒါကြောင့် ရေရှည်ကစားပွဲမှာ ပွဲဒုတိယပိုင်းဆို လုံးဝအကျိုးရှိတယ်''
''ဒါမျိုးတကယ်ရှိလား?''
Venod က မယုံနိုင်သေး၍ သူကိုယ်တိုင်စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
သူက တခြားအာဆီယံကော်မတီအဖွဲ့ဝင်များရှေ့တွင် ဒိုက်စထိုးတော့၏။ လက်မောင်းတွေပျော့ပြီး အားလျော့လာချိန်တွင် ချင်းလင်အားဖြည့်လက်ဖက်ရည်ကို ထသောက်လိုက်သည်။
တခဏအတွင်း လုံးဝအားပြန်ပြည့်လာသောကြောင့် သူ့မျက်နှာမှာ မယုံနိုင်ပုံပေါက်နေသည်။
''တကယ့်အားဖြည့်ဖျော်ရည်ပဲ... ဒီလိုဖျော်ရည်မျိုးဘယ်လိုလုပ်ဖန်တီးနိုင်တာလဲ?''
Venod မှာ မယုံနိုင်သေး၊ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလိုခံစားနေရဆဲပင်။
ဒီလိုဖျော်ရည်မျိုးက လုံးဝနည်းပညာထင်ဟပ်နေသည်။ အနောက်နိုင်ငံတွေမှာတောင် မရှိသေးပေမဲ့ အခုဒီပစ္စည်းက အရှေ့တိုင်းမှာပေါ်နေပြီတဲ့။