← Chapters

ပိုပြီးကျယ်ပြန့်တဲ့ကမ္ဘာမှာ အရည်အချင်းရှိတဲ့သူတွေလည်း ပိုများလာမှာပဲ

Vol. 94 Ch. 1315

ပိုပြီးကျယ်ပြန့်တဲ့ကမ္ဘာမှာ အရည်အချင်းရှိတဲ့သူတွေလည်း ပိုများလာမှာပဲ

Vol. 94 Ch. 1315

အခန်း (၁၃၁၅) ပိုပြီးကျယ်ပြန့်တဲ့ကမ္ဘာမှာ အရည်အချင်းရှိတဲ့သူတွေလည်း ပိုများလာမှာပဲ

“အတုမရှိထိပ်တန်းအရှင်သခင်…"

မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကိုစဉ်းစားရင်း လူတိုင်းကမှင်တက်လျှက် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

အရှေ့မြောက်ထိပ်တန်းအရှင်သခင်’လျိုကျန်းကူ’ က ချီးကျူးသည့်အမူအရာဖြင့်...

“သံသယရှိစရာမလိုပါဘူး... သူက သမိုင်းတစ်လျှောက်မှာ စွမ်းအားအကြီးမားဆုံး သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သလို သေမျိုးလူသားတွေကြားမှာ အမြင့်ဆုံးဖြစ်တည်မှုတစ်ခုပဲ ၊ ကောင်းကင်ကိုးထပ်က နတ်ဘုရားတွေဆင်းသက်လာရင်တောင် သူ့ကိုအထင်ကြီးလေးစားနေရမှာပါပဲ”

သူက ဆက်ပြောလိုက်သည်။

“အတုမရှိထိပ်တန်းအရှင်သခင်... သူက ဒီနာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်...”

ဝမ်ဖူက သက်ပြင်းချရင်း...

“ဂိုဏ်းတူညီလေး’ရန်’ လိုလူမျိုးက သမိုင်းတစ်လျှောက် တစ်ခါမှ ထွက်ပေါ်မလာဖူးဘူး ၊ သူ့လိုမျိုးစွမ်းဆောင်ရည်ရှိတဲ့လူတစ်ယောက်က အနာဂတ်မှာလည်း ထပ်ပြီးထွက်ပေါ်လာနိုင်မယ် မထင်ဘူး”

လျိုကျန်းကူက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...

“ကမ္ဘာကိုဖန်ဆင်းပြီးတဲ့နောက် ရာစုနှစ်ပေါင်းများစွာကုန်ဆုံးခဲ့ပြီးမှ တစ်ယောက်ပဲ ထွက်ပေါ်လာခဲ့ဖူးတယ် ၊ သူ့လိုလူမျိုး နောက်တစ်ယောက်ရှိလာဖို့ဆိုတာ မလွယ်ပါဘူး”

ချိုးကျားဟိုင်က ရေရွတ်လိုက်သည်။

“ကျွန်တော်တို့က သမိုင်းကို မျက်မြင်တွေ့ခွင့်ရခဲ့ကြတာပေါ့...”

သူ့လေသံက ချီးကျူးသံနှင့် ဟာသနှောသံပါနေသည်။

သူ့စကားကြားတော့ လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

အရှေ့တောင်နတ်ဓားမယ်နှင့် အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှ အခြားသူများကတော့ အလွန်ပင် စိတ်ခံစားချက် လွန်ကဲလျှက် ရှိကြသည်။

ရန်ကျောက်ကဲ တဖြည်းဖြည်း တန်ခိုးစွမ်းအားမြင့်မားလာပြီး သြဇာအာဏာကြီးမားလာသည်ကို သူတို့က မျက်မြင်တွေ့ခဲ့ကြသူများ ဖြစ်သည်။

ထိုစဉ်အချိန်က ရန်ကျောက်ကဲတို့သားအဖ မည်သူမည်ဝါဖြစ်ကြောင်း သူတို့အားလုံး သိရှိခဲ့ကြခြင်း မရှိပေ။

သို့သော် ထိုအချိန်မှစတင်ပြီး ရန်ကျောက်ကဲက ဒဏ္ဍာရီတစ်ခု ဖန်တီးနေပြီ ဖြစ်သည်။

သူက သက်ရှိဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်။

ရန်ကျောက်ကဲက နတ်ဘုရားတံခါးကို ဖွင့်လှစ်ရခြင်းမရှိသေးသော်လည်း သမိုင်းတွင် ဖျောက်ဖျက်မရသော အမှတ်အသားတစ်ခုကို ရေးထိုးခဲ့သည်။

လျိုကျန်းကူက သူ၏ မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း...

“ငါ မွေးဖွားလာတာ အရမ်းနောက်ကျလို့ အရင်တုန်းက အထက်ဘုံကမ္ဘာ တည်ထောင်တာကို မျက်မြင်မတွေ့ခဲ့ရဘူး ၊ ဒါပေမဲ့ မီးလျှံထက်ယံအရှင်သခင် ‘ကောင်းကင်နတ်ဘုရား’ အဆင့် တက်ရောက်တာကို တွေ့မြင်ခဲ့ရပြီး အထက်ဘုံကမ္ဘာ ပိုင်းခြားခံရတာကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတဘ် ၊ သမိုင်းဝင်အဖြစ်အပျက်တွေကို တွေ့မြင်ခဲ့ရတာပဲ”

သူက ဆက်ပြောသည်။

“ဒီလိုအရာတွေ ဖြစ်ပျက်လာမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး ၊ ဒီနေ့မှာတော့ အတုမရှိထိပ်တန်းအရှင်သခင်’ရန်’ ရဲ့ မယုံကြည်နိုင်စရာ အံ့မခန်း စွမ်းဆောင်မှုကိုတောင် တွေ့မြင်ခဲ့ရတယ်”

ဘွင်းဘွင်းရှင်းရှင်းဟန်ပန်ရှိသော အဘိုးအိုက သက်ပြင်းချလိုက်ရင်း...

“ငါတို့ လမ်းမှန်တာအိုဝါဒတော့ အထွတ်ထိပ်ရောက်ဖို့ အခွင့်အလမ်းရှိလာပြီထင်တယ် ၊ ဒါဆို ဒီဘဝမှာ နောင်တရစရာ မကျန်တော့ပါဘူး”

ထိုစကားကိုကြားတော့ လူတိုင်း၏မျက်နှာထက်တွင် စိတ်ခံစားချက်များ ပြည့်နက်သွားသည်။

ဝါဒတောင်၏ ဂိုဏ်းချုပ်ဟောင်းဖြစ်သော ‘ယွမ်ကျန်းဖုန်း’ ၏ မျက်နှာကတော့ တည်ငြိမ်နေဆဲပင်။

သူက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှလူများထက် ရန်ကျောက်ကဲ ကြီးပြင်းလာမှုနှင့် အရည်အချင်းမြင့်တက်လာမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသူ ဖြစ်သည်။

ဂိုဏ်းချုပ်ဟောင်း’ယွမ်ကျန်းဖုန်း’ က အခြားသူများကဲ့သို့ အံ့အားသင့်ခြင်းနှင့် ချီးကျူးပြောဆိုခြင်းမရှိသော်လည်း ရင်ထဲကတော့ ဝမ်းမြောက်ဝမ်းသာဖြစ်လျှက် ရှိသည်။

ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းသည့်အလင်းတန်းတစ်ခုပမာ ထာဝရတောက်ပနေမည်ဟု သူက အမြဲတမ်း ယုံကြည်ခဲ့သည်။ ယနေ့ ဖြစ်ပျက်ခဲ့သောကိစ္စရပ်များက သူ့အတွေးများကို သက်သေပြရုံသာ ရှိ၏။

အဂ္ဂိရတ်ခန်းမ၏ အတွင်းပိုင်းစကြာဝဠာက နောက်ဆုံးတွင် ပြန်လည် တတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အမတခုံရုံးမှ သိုင်းကျင့်ကြံသူများအားလုံး ရန်ကျောက်ကဲ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ရန်ကျောက်ကဲကတော့ အရေးမပါသည့်အလုပ်တစ်ခုအား ပြုလုပ်ခဲ့သည့်ပမာ အရေးမစိုက်ဟန်ဖြင့် သူ၏ပုံရိပ်က စကြာဝဠာအတွင်းမှပျောက်ကွယ်သွားပြီး အဂ္ဂိရတ်ခန်းမ၏ ပင်မထိန်းချုပ်ရေးဗဟို ‘ခရမ်းရောင်ဝိညာဉ်ခန်းမ’ ထဲတွင် ပြန်ပေါ်လာသည်။

သူက လက်ကိုအသုံးပြုပြီး စည်းတံဆိပ်များဖန်ဆင်းလိုက်ပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထက်သို့ တစ်ချိန်တည်း ဖိနှိပ်ချလိုက်သည်။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို တုန်ခါလာပြီး ထုံးတမ်းအစီအရင်က စတင်လည်ပတ်လာသည်။

ခရမ်းရောင်ဝိညာဉ်ခန်းမအား ဗဟိုချက်ပြုကာ ရောင်ဝါစက်ဝန်းတစ်ခုက အဂ္ဂိရတ်ခန်းမ၏ စကြာဝဠာထဲတွင်စပြင်ကျယ်ပြန့်လာသည်။

အဂ္ဂိရတ်ခန်းမတစ်ခုလုံး တုန်ခါသွားပြီး ဖိအားများ ပိုမိုပြင်းထန်လာသည်။

ကျောက်စိမ်းဖြူနန်းဆောင်ကြီးအား ဝိုင်းပတ်ထားသည့် ခရမ်းရောင်မြူခိုးများက တိမ်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့သွားသည်။

ဖန်းယွင်ရှန်း ၊ ယွဲ့ကျန့်ပေတို့နှင့် တိုက်ခိုက်နေကြသော အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များမှာ မြင်ကွင်းကိုကြည့်ပြီး ရင်ထဲနင့်သွားကြသည်။

“သူတို့ မအောင်မြင်ဘူးလား...”

လှုပ်ရှားနေသည့်တိမ်ပင်လယ်ကြီးက အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များဆီသို့ အငြိုးတကြီး ဝင်ရောက်လာသည်။

ရွှေရောင်အလင်းတန်းများက အမတခုံရုံးမှ ကျင့်ကြံသူများထံသို့ ဝင်ရောက်လာလေရာ ၊ နဂိုကပင် ရန်သူကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်ဖြစ်ရာ ယခုတော့ ခုခံရန် ခက်ခဲသွားပေပြီ။

သူတို့ ထိန်းထားရန် ကြိုးစားခဲ့သောအခြေအနေက ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွားသည်။ ဖန်းယွင်ရှန်းနှင့် ယွဲ့ကျန့်ပေတို့က ချက်ချင်းပင် ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲသွားသည်။

ယွဲ့ကျန့်ပေ၏ဓားအလင်းတန်းက ပေါက်ကွဲထွက်သွားပြီး အမတခုံရုံမှ ဧကရာဇ်တစ်ပါးကို နှစ်ပိုင်းပိုင်ပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အမတခုံရုံးမှ ‌ထျန်းကျွင်းနယ်ပယ် တန်ခိုးစွမ်းအားရှင်တစ်ယောက်မှာလည်း ဖန်းယွင်ရှန်း၏ ကရုဏာတရားကင်းမဲ့သည့်ဓားဝိညာဉ်ကို အာရုံခံမိပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

သူက မျက်မှောင်ကျုံ့ရင်း...

“ပြန်ဆုတ်တော့... ဆက်မတိုက်နဲ့တော့... နောက်မှပဲ လက်စားချေကြရအောင်...”

သူက ယွဲ့ကျန့်ပေ၏ တိုက်ခိုက်မှုကို ခုခံလိုက်ပြီး ဖန်းယွင်ရှန်းနှင့် အဂ္ဂိရတ်ခန်းမမှ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ အမတခုံရုံးမှ နက်ရှိုင်းနတ်ဘုရား ကျင့်ကြံသူအုပ်စုကို ကူညီပေးလိုက်သည်။

ထို့နောက် ဦး‌ဆောင်ပြီး ဆုတ်ခွာသွားခဲ့သည်။

ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို ထပ်မံအမိန့်ပေးလိုက်ရာ သံကြိုးများနှင့်ဆင်တူသည့် ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ရန်သူများ ဆုတ်ခွာနိုင်ခြင်းမရှိစေရန် ပိတ်ဆို့ထားလိုက်သည်။

တစ်ဆက်တည်းမှာပင် ဖန်းယွင်ရှန်း၏ဓားက ဆင်းသက်လာပြီး အမတခုံရုံးမှ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၏ ကြေကွဲဖွယ် အော်ဟစ်သံက ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ် ရိုက်ခတ်သွားသည်။ သူ့ပတ်ဝန်းကျင်မှ အလင်းတန်းများက ချက်ချင်းပင် ရှုပ်ထွေးသွားသည်။

သူ တန်ပြန်တိုက်စစ်ဆင်ရန် မစဉ်းစားနိုင်တော့သလို ထပ်မံတိုက်ခိုက်နိုင်ခြင်းလည်း မရှိတော့ပေ။

သူက တခြားသူများကိုခေါ်ကာ လျှင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

ထိုအချိန်မှာပင် အမတခုံရုံးမှ နောက်ထပ် နက်ရှိုင်းနတ်ဘုရားတစ်ပါးမှာ ဘွဲ့ကျန့်ပေ၏ဓားချက်အောက်တွင် သေဆုံးသွားရပြန်သည်။

ပြင်ပတာအိုကျင့်ကြံသူအုပ်စု အထက်ဘုံကမ္ဘာမှ ထွက်ခွာသွားပြီးနောက် တာအိုစကြာဝဠာထဲတွင် ဆက်လက်နေထိုင်ရန် မဝံ့ရဲတော့ပေ။ သူတို့ ပြင်ပဗလာနယ် အစွန်းဆီသို့ ထွက်ခွာသွားကြသည်။

ရန်ကျောက်ကဲက သူတို့နောက်သို့ လိုက်ပါတိုက်ခိုက်ခြင်း မရှိပေ။

သူက အထက်ဘုံကမ္ဘာနှင့် ချိတ်ဆက်ထားသည့် ထုံးတမ်းအစီအရင်ကိုသာ အာရုံစိုက်လိုက်သည်။

ရန်သူများနှင့်တိုက်ခိုက်ရသဖြင့် ရန်ကျောက်ကဲ ခဏမျှ စိတ်ပျံ့လွင့်သွားချိန် မြေကမ္ဘာထိပ်တန်းအရှင်သခင်’ကျန်းရှန်’ က သိသိသာသာပင် တိုးတက်မှုရှိလာခဲ့သည်။

သူက အထက်ဘုံကမ္ဘာကို တည်ငြိမ်အောင်ထိန်းထားနိုင်ရုံသာမက အဂ္ဂိရတ်ခန်းမအတွင်း ဆွဲယူခံလိုက်ရသော အထက်ဘုံကမ္ဘာ အစိတ်အပိုင်းများကိုပင် ပြန်လည်ဆွဲထုတ်ရန် ကြိုးပမ်းနေခဲ့သည်။

ရန်ကျောက်ကဲ၏အစီအစဉ်က အချိန်အကန့်အသတ်ရှိသည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများအားလုံးကို အထက်ဘုံကမ္ဘာအတွင်းတွင်သာ ပြုလုပ်နိုင်ခဲ့သည်။

အရင်က အခြားသော ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ ချန်ထားခဲ့သည့် အမှတ်အသားများကို ရှင်းလင်းနိုင်ခဲ့ခြင်း မရှိပေ။

အနောက်ပိုင်းထိပ်တန်းအရှင်သခင်’လန်ချင်း’ က အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ်မှ ထွက်ခွာသွားပြီဖြစ်သော်လည်း ရန်ကျောက်ကဲအနေဖြင့် ထိုဧရိယာကို အပြည့်အဝ ပြင်ဆင်ရန် အချိန်မရခဲ့ပေ။

မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်က ပြင်ပဗလာနယ်ထဲမှ အေးစိမ့်စမ်းချောင်းနယ်မြေများနှင့် ဆက်စပ်နေသည်ဖြစ်ရာ ၊ ရန်ကျောက်ကဲအနေဖြင့် ထိုနယ်မြေကိုလိုချင်လျှင်ပင် ယူဆောင်မည် မဟုတ်ပေ။

လက်ရှိတွင် ကျန်းရှန်က အနောက်မြောက် ၊ မြောက်ပိုင်းနှင့် အနောက်ပိုင်းနယ်မြေများအပေါ်မှီခိုပြီး အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်၏ ပြင်းထန်သောစွမ်းအားဖြင့် ရန်ကျောက်ကဲအား ဆန့်ကျင်တွန်းလှန်နေသည်။

ရန်ကျောက်ကဲ၏ ထုံးတမ်းအစီအရင် မအောင်မြင်ပါက ကျန်းရှန်ဘက်မှ အောင်မြင်သွားပေမည်။

ထုံးတမ်းအစီအရင်တစ်ခုအတွက် ပြင်ဆင်မှုများပြုလုပ်ခြင်းသည် အချိန် ၊ စွမ်းအားနှင့် ရင်းမြစ်များစွာ အလွန်အမင်း သုံးစွဲရပေသည်။

သို့ဖြစ်ရာ ထိုသို့ဖြစ်လာပါက အမတခုံရုံးက လှုပ်ရှားလာမည်ကိုမဆိုထားနှင့် ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ စိတ်အာရုံသည်ပင် အထက်ဘုံကမ္ဘာသို့ ပြန်လည်ကျရောက်လာပေမည်။

ကျန်းရှန်ကတော့ ဖန်းယွင်ရှန်းနှင့် ယွဲ့ကျန့်ပေ ရှိနေသေးသည့်တိုင် စွန့်စားကြည့်ချင်သေးသည်။

ကံဆိုးသည်မှာ ရန်ကျောက်ကဲက သူ့ကို ထိုသို့ပြုလုပ်ရန် အခွင့်အရေး မပေးခဲ့ပေ။

ရန်ကျောက်ကဲက ခရမ်း‌ရောင်ဝိညာဉ်ခန်းမထဲတွင်ရှိနေပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို လှည့်ပတ်လျှက် လမ်းလျှောက်နေသည်။

သူက ရောင်ဝါခြေလှမ်းပညာအသုံးပြုပြီး လိုရှုရင်ပြင်၏ ကိုးနန်းတော်အစီအရင်အတွင်းသို့ ခြေလှမ်းလှမ်းကာ ဝင်ရောက်လိုက်သည်။

သူက လေထုထဲသို့ လက်ဝါးရိုက်ချက် (၉)ချက်ထုတ်လွှတ်လိုက်ရာ ထိုလက်ဝါးရိုက်ချက်တိုင်းက ရွှမ်ရှောကျိကျင်းမီးပြင်းဖိုပေါ်သို့ ကျရောက်သွားသည်။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို၏ မျက်နှာပြင်ထက်မှ အလင်းတန်းများ တောက်ပလာ၏။

ထိုအလင်းတန်းများက အလင်းသံကြိုး(၉)ခုပမာ ပြောင်းလဲသွားပြီး အဂ္ဂိရတ်ခန်းမ၏ အစိတ်အပိုင်းတစ်ခုစီတွင် နစ်မြုပ်သွားကြသည်။

ထို့နောက် အလင်းသံကြိုး(၉)ခုက ပြောင်းပြန်လှည့်ပတ်သွားလေရာ ကျောက်စိမ်းဖြူရောင်နန်းတော်ကြီးက မကြုံစဖူး တောက်ပမှုကို ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်ဗလာနယ်သာမက အထက်ဘုံကမ္ဘာတစ်ဝှမ်းလုံးသို့ပါ အလင်းရောင်ဖြာကျသွားသည်။

အရံအတားနယ်နိမိတ်များ၏ စွမ်းအားများ ပုံပျက်သွားပြီး များပြားလှစွာသောလမ်းကြောင်းများ စကြာဝဠာထဲတွင်ထွက်ပေါ်လာကာ အထက်ဘုံကမ္ဘာနှင့်ချိတ်ဆက်ထားသော အောက်ဘုံကမ္ဘာများဆီသို့ ရောက်ရှိသွားသည်။

အောက်ဘုံကမ္ဘာများမှ အထက်ဘုံကမ္ဘာနှင့်ချိတ်ဆက်ထားသည့် များပြားလှစွာသော ကောင်းကင်အက်ကွဲကြောင်း နယ်နိမိတ်လမ်းကြောင်းများက ယခုတော့ ကျောက်စိမ်းဖြူနန်းတော်ကြီးဆီသို့ လွှဲပြောင်းဦးတည်သွားသည်။

ကျောက်စိမ်းဖြူနန်းတော်ကြီးမှ မဟာတာအိုကြုံးဝါးသံထွက်ပေါ်လာပြီး ကျန်းရှန် နောက်ပြန်ဆုတ်သွားရသည်။

ထို့နောက် ခမ်းနားသည့်နတ်ဘုရားနန်းတော်ကြီးက အလင်းတန်းများနှင့်အတူ အောက်ဘုံကမ္ဘာများစွာအား ခန်းမတံခါးဆီသို့ ဆွဲယူလိုက်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာ။

သမုဒ္ဒရာကမ္ဘာ။

မျောလွင့်ဝိညာဉ်ကမ္ဘာ။

ယန်ဖူကမ္ဘာ။

ရာနှင့်ထောင်နှင့်ချီသော အောက်ဘုံကမ္ဘာများစွာမှာ ရာနှင့်ချီသောမြစ်များ ပင်လယ်ထဲသို့စီးဝင်သည့်အလား ခရမ်းရောင်တိမ်တိုက်ပင်လယ်ကြီးအတွင်းမှ ကျောက်စိမ်းဖြူနန်းတော်ကြီးဆီသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားကြသည်။

အထက်ဘုံကမ္ဘာတွင်ရှိနေသောကျန်းရှန်မှာ မြင်ကွင်းကို ကြည့်နေရုံသာတတ်နိုင်ခဲ့ပြီး မည်သို့မှ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပေ။

“ပိုပြီးကျယ်ပြန့်တဲ့ကမ္ဘာမှာ အရည်အချင်းရှိတဲ့သူတွေလည်း ပိုများလာမှာပဲ”

အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်နှင့် အခြားသူများက ခွန်လွန်တောင်ထက်တွင် မတ်တတ်ရပ်ရင်း စိတ်ရှုပ်ထွေးသည့် မျက်နှာအမူအရာဖြင့် ဗလာနယ်ထဲမှ ဖြစ်ပျက်သမျှမြင်ကွင်းကို ကြည့်ရှုလျှက် ရှိသည်။

ဖန်းယွင်ရှန်းနှင့် ယွဲ့ကျန့်ပေတို့က အဂ္ဂိရတ်ခန်းမအတွင်းသို့ အတူတကွ ဝင်ရောက်သွားကြသည်။

ကျောက်စိမ်းဖြူနန်းတော်ကြီး တုန်လှုပ်သွားပြီး ခန်းမတံခါး ပိတ်သွားသည်။

ထို့နောက် အဂ္ဂိရတ်ခန်းမြီးက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကျယ်ပြောလှသောစကြာဝဠာဗလာနယ်ကို ဖြတ်သန်းထွက်ခွာသွားတော့သည်။

ခန်းမကြီးက တာအိုစကြာဝဠာအတွင်းမှ ထွက်ခွာသွားပြီး ပြင်ပဗလာနယ်ထဲသို့ ဦးတည်ထွက်ခွာသွားသည်။

ဤသို့ထွက်ခွာသွားခြင်းနှင့်အတူ သူတို့အားလုံးက အထက်ဘုံကမ္ဘာမှလူများ မဟုတ်ကြတော့ပေ။

ယခု သူတို့က ကမ္ဘာအသစ်ကိုတည်ဆောက်ကြမည် ဖြစ်လေသည်။

All Chapters