← Chapters

#လျှို့ဝှက်ပေါက်ကွဲမှု#

Vol. 29 Ch. 407

#လျှို့ဝှက်ပေါက်ကွဲမှု#

Vol. 29 Ch. 407

ထိုတွင်းပေါက်ကနေခုထိ ဆယ့်လေးရက်တိတိကြာမြင့်ခဲ့သည်။

ယခု ပြန်သွားမည်ဆိုပါက အနည်းဆုံး ဆယ့်လေးရက်ထပ်ကြာပေလိမ့်မည်။

ဤအတောအတွင်း ဘယ်လိုအန္တရာယ်မျိုး ကျရောက်လာမလဲဆိုတာကိုလည်း မည်သူမှမသိကြပါ။

သို့သော် အချိန်များက တနေ့ပြီးတနေ့ကုန်ဆုံးသွားပြီး လူတိုင်းက သတ္တဝါများကို တကောင်ပြီးတကောင်ဖြေရှင်းကြချိန် လူအရေအတွက်က တချိန်လုံးလျော့ကျနေစဉ် ရှီရှန်း၏မျက်လုံးများကပို၍ တောက်ပလာပြီး သူ့နှလုံးသားက ပို၍ရှင်းလင်းလာသည်။

သူကခေါင်းပေါ်က အလင်းစက်ဝိုင်းကို ဆက်လက်စိုက်ကြည့်နေသည်။

ဤစက်ဝိုင်းကတောက်ပနေသည်။

သူတို့အောက်ဆင်းခဲ့စဉ် ၎င်းကသေးသထက်သေးလာသော်လည်း ရက်အနည်းငယ်ကြာသည့်တိုင် ထိုတွင်းပေါက်အရွယ်အစားက မည်သောအခါမှ ပြောင်းလဲမသွားခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ယုတ္တိတန်စွာပြောရမည်ဆိုပါက သူတို့အရှိန်နှင့်ဆိုလျှင် ဆယ့်လေးရက်ကြာပြီးနောက် အလင်းကို မြင်နိုင်သေးလျှင်ပင် မမြင်ရနိုင်တော့သည်အထိ အလွန်သေးငယ်နေရပေလိမ့်မည်။

သို့စေကာမူ ထိုအလင်းစက်ဝိုင်းက အချိန်နှင့်နေရာနှင့်အတူရပ်တန့်နေပုံရပြီး ဘယ်တော့မှ မပြောင်းလဲပေ။

ထိုအချိန်တွင် သူတို့ကခုနှစ်ရက်ကြာ အပေါ်သို့တက်လာခဲ့ကြလေပြီ။

ထိုခုနှစ်ရက်အတွင်း ရှီရှန်းက ‌အပေါ်က အပေါက်ကို ဆက်လက်စောင့်ကြည့်နေသည်။

သူ့နှလုံးသားထဲကမှန်းဆထားသည့်အတိုင်းပင် ဘာပြောင်းလဲမှုမှမရှိချေ။

ဤသည်က ရှီရှန်းအတွေးများက မှန်ကန်သည်ကို သက်သေပြနေသည်။

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ကြည့်ရတာ ဒီလှည့်စားမှုအလွှာရဲ့ သဲလွန်စခြေရာက အနားမှာမရှိဘူးထင်ရပေမယ့် ဒီအလင်းအလွှာကရော"

မုဖူရှန်းကလည်း နဖူးကို ဆွံအစွာဖုံးလိုက်မိသည်။

"တကယ်လို့လူအုပ်စုက အဲဒီအချိန်တုန်းက ပြန်သွားဖို့ပြောတာကိုသာ မတားခဲ့ဘူးဆိုရင် အရင်ကတည်းက သိခဲ့ကြရမှာပဲ"

သို့စေကာမူ လှေကားထစ်တွေက လှည့်စားမှုအစီအရင်များဖြင့် ဖုံးအုပ်နေသည်ကို တွေ့ခဲ့သော်လည်း သူတို့အောက်ဆင်းရန် အချိန်မည်မျှပင်ကုန်ဆုံးပါစေ အဆုံးကိုရောက်မည်မဟုတ်။

သို့သော်မည်သို့ဖြေရှင်းရမည်နည်း။

ဒါကမေးခွန်းအသစ်ဖြစ်သည်။

မုချင်းချင်းကလည်း ရှီရှန်းကိုကြည့်လိုက်သည်။ ဤကွယ်လျှိုးနေသည့်အကွက်ကို သူရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဤလှည့်စားမှုကို ဖော်ထုတ်ရန် အကောင်းဆုံးအခွင့်အလမ်းရှိသူက ရှီရှန်းပေတည်း။

ရှီရှန်း အလင်းစက်ဝိုင်းနောက်တွင် အနီးကပ်စိုက်ကြည့်နေပြီး ရုတ်တရက် လက်အစုံကို ဖြန့်လိုက်သည်။

ကြယ်တာယာကောင်းကင်၏ဒန်‌တျန်၌ ကောင်းကင်၌တွဲလောင်းရှိနေသည့် ပထမကြယ်က တောက်ပသည့်အလင်းကို ထုတ်လွှတ်သည်။

ကြယ်ဗဟိုချက်စွမ်းအားကလည်း ထိုအခိုက်အတန့်၌ အပြည့်အ၀ပွင့်လန်းလာသည်။

အနားကလူများက ဤသည်ကိုမြင်ရသောပခါ ထိတ်လန့်တုန်လှုပ်သွားကြ၏။

ရှီရှန်းကိုယ်မျက်နှာပြင်၌ တောက်ပသည့်ကြယ်ရောင်များလွှမ်းခြုံထားပြီး ချက်ချင်းဆိုသလို အလင်းတန်းတခုပမာ ပစ်၀င်သွားသည်။

ဒါကအစွမ်းထက်တယ်ဆိုပေမယ့် သူဘာလုပ်နေတာလဲ!

ရှီရှန်းသူ့၀န်းကျင်က လူများ၏အကြည့်ကို လျစ်လျုရှုကာ ကိုယ်ထဲ၌ တောက်ပသည့်ကြယ်များအား တခုတည်းအဖြစ် စုစည်းရင်း ပြန့်ကြဲနေသည့် အလင်းတန်းများကိုလည်း စုစည်းသည်။

ထို့နောက် မီးအလင်းတန်းတခုပမာ ၎င်းက အပေါက်ရှိရာဘက်သို့ပစ်၀င်သွားသည်။

ထိုအချိန်တွင် ကြယ်အလင်းအောက်၌ မူလက တွင်းပေါက်အတွင်း ပြောင်းလဲခြင်းစိုးစိမျှမရှိခဲ့သည့် ထိုအလွှာက ထိုအခိုက်အတန့်၌ ဖြည်းဖြည်းချင်းစတင် ကြီးထွားကျယ်ပြောလာခဲ့သည်။

လူတိုင်းဖြည်းဖြည်းချင်းကျယ်ပြန့်လာသည့် အပေါက်ကို အထိတ်တလန့်ကြည့်နေကြသည်။

ထိုစဉ်၀န်းရံနေသည့် နတ်ဆိုးနက်စွမ်းအင်များက ထိုအချိန်၌ ဖြည်းဖြည်းချင်း ကျယ်ပြောလာသည့် အပေါက်နှင့်အတူ အလင်းဖြာထွက်ကာ ‌ဖြည်းညင်းစွာ ပျောက်ကွယ်သွားနေသည်။

ရှီရှန်း ကြယ်အလင်းတန်းကို အဆက်မပြတ်ထုတ်လွှတ်နေသည်။ ဒါက သူ့ကြယ်စွမ်းအားအများအပြားကို ကုန်ခမ်းစေသည်။

ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့က ဘေးတွင် ရပ်နေကြသော်လည်း သူတို့ကဘေးကနေ အကူအညီမပေးနိုင်ကြပါ။

မည်သို့ပင်ဆိုစေကာမူ ကြယ်စွမ်းအားက သာမန်အော်ရာနှင့်မတူပေ။

ယခုသူတို့ကရှီရှန်းကိုယ်တိုင် ဆက်ထိန်းနိုင်မလား၊ မနိုင်ဘူးလားဆိုသည်ကို သူတို့ကြည့်နေရုံသာ တတ်နိုင်ကြသည်။

တစ်မိနစ်နှင့်တစ်စက္ကန့်အချိန်က ကုန်ဆုံးသွား၏။

အပေါင်အကျယ်က တဖြည်းဖြည်း တိုးလာနေသည်။

ခေါင်းမော့ကြည့်လိုက်စဉ် သူက နတ်ဆိုးချောက်၏ ရင်းနှီးနေသည့်ကောင်းကင်ကိုပင် မြင်နေရလေပြီ။

၀န်းရံနေသည့်မြူခိုးနက်များ ပျောက်ကွယ်သွားသောအခါ လူတိုင်းထိတ်လန့်သွားပြီး ဘေးဘီဝဲယာကြည့်လိုက်မိကြသည်။

ဤလှေကားထစ်က ပေတစ်ရာမျှသာမြင့်မားသည်။

အောက်ခြေကိုကြည့်မည်ဆိုပါက အကြည့်တချက်တည်းနှင့် အဆုံးကိုမြင်နိုင်သည်။

အဆုံးတွင် မရေမတွက်နိုင်လောက်သည့် အလောင်းများစွာရှိသည်။ ထိုထဲတွင် သတ္တဝါနှင့်လူသားအလောင်းများဖြစ်ကြသည်။

ဆင်တူစွာပင် နယ်မြေပြင်ပကမိစ္ဆာများ၏ အလောင်းများစွာလည်းရှိသည်။

တချိန်တည်းမှာပင် အဆုံး၌တံခါးတချပ်လည်းရှိသည်။

ထိုတံခါးက အောက်သုံးလွှာသို့ ဦးတည်နေသည့်တံခါးပေါက်ပေတည်း။

ရှီရှန်းကြယ်အလင်းကို ထုတ်လွှတ်နေခြင်းအားရပ်လိုက်သည်။ သူ့မျက်နှာက အတော်လေးဖြူဖျော့နေသည်။

အချိန်အကြာကြီး ကြယ်စွမ်းအားကို အဆက်မပြတ်ထုတ်လွှတ်ခဲ့လေရာ သုံးစွဲမှုက အတော်လေးကြီးမားသည်။

ယဲ့ချိုးပိုင်ဘေးကနေပြောသည်။

"မင်းအဆင်ပြေလား"

မုဖူရှန်းက ကိုးလွှာမိုးကြိုးဒိုင်းတခုကို ထုတ်ယူကာ တခြားသူများအာရုံစိုက်မနေစဉ်မှာပင် ရှီရှန်းအဝတ်များ၏အတွင်းပိုင်းကို ဖုံးလိုက်သည်။

သတ္တဝါကြီးများ၏တိုက်ခိုက်မှုကို ခံရမည်ဆိုပါက ရှီရှန်းတွင် ခုခံရန်စွမ်းအားမရှိတော့။

ရှီရှန်းခါးသီးစွာပြုံးရင်းခေါင်းခါယမ်းသည်။

"အနာဂတ်မှာ ဒါက ကျွန်တော့်အပေါ် မူတည်သွားပြီ၊ ကျွန်တော်ကုသချင်တယ်ဆိုရင် တရက်ကြာလိမ့်မယ်"

‌ဤနေရာရှိကောင်းကင်ယံ၌ကြယ်မရှိပါ။

ထို့ကြောင့် သူကြယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုပါက ကြယ်များ၊ ဥက္ကာခဲများနှင့် ကြယ်ဗဟိုချက်များအပေါ် မှီခိုအားထား၍သာဖြည့်နိုင်သည်။

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ငါနားလည်တယ်၊ အရင်ဆုံးအနားယူလိုက်ဦး"

မုချင်းချင်းကလည်း ရှီရှန်းကိုကြည့်ကာ ခေါင်းညိတ်သည်။

"ငါပြန်သွားတဲ့အခါကျရင် ခမည်းတော်ကို ရှင့်ကို ဆုလာဘ်ချီးမြှင့်ဖို့ ပြောလိုက်ပါမယ်"

ဒါကလွန်ကဲစွာလုပ်နေခြင်းမဟုတ်ပါ။

ဤမှော်အသူရာချောက်၌ ယခုရှောင်ဟိုင်နှင့်ရှီရှန်းတို့က ပထမဆုံးရေတွက်သင့်သည့်သူများဖြစ်လာကြလေပြီ။

အပေါ်သုံးထပ်တွင် ရှောင်ဟိုင်က သတ္တဝါကြီးများကို မတိုက်ခိုက်ဘဲဖြတ်သန်းခဲ့လေရာ အချိန်နှင့်ထိခိုက်မှုများစွာကို အများကြီးသက်သာစေခဲ့သည်။

တချိန်တည်းမှာပင် အလယ်သုံးလွှာတွင်လည်း လှေကားနက်ပေါ်၌ဖြစ်သည်။

ရှီရှန်းကြောင့်သာမဟုတ်ပါက သူမတို့က အဆုံးအစမဲ့စွာလျှောက်လှမ်း‌‌နေရပေလိမ့်မည်။

ဤသို့ဆိုပါက အကျိုးဆက်က အများကြီးပို၍ ဆိုးရွားသွားပေလိမ့်မည်။

လူတိုင်း ရှီရှန်းကိုကြည့်သည့်အမူအသွင်းများကလည်း ပြောင်းလဲသွားကြ၏။

တချို့ကအံ့ဩသင့်နေကြသည်။

တချို့က ထိတ်လန့်နေကြသည်။

တချိန်တည်းမှာပင် တချို့ကမူ တွေးတောနေကြသည်။

အနာဂတ်မှာ ဒီငနဲနှင့် ဆက်ဆံရေးကောင်းတခုရှိအောင်လုပ်ရမယ်!

ဤလူက ကြယ်စွမ်းအားကိုပင်ကျင့်ကြံလေရာ သူ့အနာဂတ်က အကန့်အသတ်မဲ့‌နေသည်မှာ သေချာနေသည်။

ဤသည်အပြင် သူက အနာဂတ်ဧကရာဇ်ဆက်ခံသူဖြစ်သည့် မင်းသားမုဖူရှန်း၏ စီနီယာအစ်ကိုလည်းဖြစ်သည်။

ထို့နောက် မုချင်းချင်းက လူအုပ်ကို လှေကားထစ်အောက်သို့ ဦးဆောင်သွားပြီးနောက် တံခါးရှိရာသို့ရောက်လာသည်။

တံခါးကတုံ့ပြန်ပုံရသည်။

ကလစ်ဟူသည့်ကျယ်လောင်စွာမြည်သံနှင့်အတူ တံခါးနှစ်ချပ်က ပွင့်သွားသည်။

မုချင်းချင်း ခေါင်းလှည့်ကာ လူအုပ်စုကြီးအားကြည့်လိုက်သည်။

"ငါတို့ဒီတံခါးကနေ၀င်လိုက်တာနဲ့ နယ်မြေအပြင်ပက မိစ္ဆာတွေကိုတွေ့နိုင်တယ်"

"နောက်အန္တရာယ်က အခုထက်မလျော့နည်းဘူး၊ ဒီတော့အားလုံးပဲ ဒါကို ပေါ့ပေါ့လေးလို့မယူဆကြပါနဲ့"

"မိစ္ဆာတွေရဲ့အစီအစဉ်ကို ဟန့်တားဖို့အတွက် အောင်မြင်မှု ကျရှုံးမှုဆိုတာက အဲဒီအချက်အပေါ်မူတည်တယ်"

လူတိုင်းလေးနက်စွာခေါင်းညိတ်ကြသည်။

ထို့နောက်ချက်ချင်းဆိုသလို တံခါးထဲသို့ ၀င်လိုက်ကြလေတော့သည်။

....

ထိုအချိန် နယ်နိမိတ်မဲ့နန်းတော်၌ ဧကရာဇ်မုကျန်းထင်က သူ့လက်အောက်ငယ်သားများ၏ အစီရင်ခံတင်ပြနေသည်ကို နားထောင်နေသည်။

သူတို့ကအကြောင်းအရာတခုတည်းကို တင်ပြနေခြင်းဖြစ်ကာ ၎င်းက မိုယွန်အကြောင်းဖြစ်သည်။

"မင်းဆရာကိုယ်တိုင်သွားခဲ့ပါတယ်၊ နယ်မြေပြင်ပက မိစ္ဆာတွေက သူတို့ထက်အရင် အောက်ဆုံးသုံးလွှာကို ရောက်သွားပြီလို့ သတင်းတွေထွက်ရှိနေပါတယ်"

မုကျန်းထင်ခေါင်းညိတ်ကာမေးသည်။

"မုချင်းချင်းနဲ့တခြားသူတွေကရော"

လက်အောက်ငယ်သားကခေါင်းခါယမ်းသည်။

"သူတို့အကြောင်းသတင်းတွေ မကြားရသေးပါဘူး၊ ဒါပေမယ့် အောက်ဆုံးသုံးလွှာကို မရောက်သေးဘူးလို့ ခန့်မှန်းလို့ရပါတယ်"

မုကျန်းထင်၏အမူအရာကလေးနက်သွား၏။

အချိန်ကကုန်ဆုံးနေလေပြီ။

မြောက်မြားစွာသော သဟဇာတတာအိုနယ်ပယ်စွမ်းအားရှင်များက သတ်မှတ်ချိန်ထက်စောပြီး အောက်ဆုံးသုံးထပ်ကို ရောက်ခဲ့ကြသော်လည်း သူတို့က နယ်မြေပြင်ပကမိစ္ဆာများကိုတားဆီးနေရသည်။

သို့စေကာမူ မုကျန်းထင်က နယ်မြေပြင်ပကမိစ္ဆာများ၏ခွန်အားကို ရှင်းရှင်းလင်းလင်းသိသည်။

ဤသို့သာဆက်ဖြစ်နေမည်ဆိုပါက ရန်သူ၏အစီအစဉ်က အောင်မြင်သွားရပေလိမ့်မည်။

ထို့နောက် အကျိုးဆက်တွေကို မည်သူမှသိနိုင်ကြမည်မဟုတ်တော့။

မုကျန်းထင် နှာခေါင်းအစွန်းကိုပွတ်သပ်ရင်း တိတ်ဆိတ်စွာပြောသည်။

"အမိန့်ပို့လိုက်၊ လူတွေကို နယ်နိမိတ်မဲ့တောင်ကို ချက်ချင်းထပ်ပို့လိုက်"

လက်အောက်ငယ်သားက အလျင်အမြန်ခေါင်းညိတ်သည်။

"ကောင်းပြီ၊ နောက်ဆုတ်တော့"

ထိုလက်အောက်ငယ်သားကထွက်သွားချင်နေသည်။

ထိုအချိန်တွင် ၀န်ကြီးတစ်ယောက်က အထိတ်တလန့်၀င်လာလေသည်။

"အရှင်မင်းကြီး တခုခုမှားနေပြီ"

မုကျန်းထင်မျက်မှောင်ကြုတ်လိုက်သည်။

"ပြော"

ဝန်ကြီးမင်းကပြောသည်။

"သွေးကြောတောင်က ကျွန်တော်တို့ရဲ့ စစ်တပ်လူအင်အားက အမည်မသိလူတွေရဲ့ အစုလိုက်အပြုံလိုက်သုတ်သင်သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်"

အပိုင်း(408) coming။

All Chapters