← Chapters

#တခုခုမှား‌နေပြီ#

Vol. 29 Ch. 408

#တခုခုမှား‌နေပြီ#

Vol. 29 Ch. 408

သွေးကြောတောင်အပြင်၌ မုကျန်းထင်က တပ်များကို စခန်းချရန်အတွက် စေလွှတ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

ရည်ရွယ်ချက်က နယ်မြေပြင်ပကမိစ္ဆာများ ရုတ်တရက်တိုက်ခိုက်လာခြင်းကနေ တားဆီးကာကွယ်ရန်ဖြစ်ကာ သွေးကြောတောင်ကိုဖြတ်လျက် နယ်နိမိတ်မဲ့နယ်မြေသို့ အကြီးအမားတိုက်ခိုက်လာခြင်းကနေ တားဆီးရန်လည်းဖြစ်သည်။

ယနေ့ထိုသတင်းကိုကြားလိုက်ရသောအခါ မုကျန်းထင်၏မျက်နှာက အတော်လေးကြည့်ရဆိုးသွားခဲ့သည်။

သတင်းအချက်အလက်အရ ဒါက နယ်မြေပြင်ပကမိစ္ဆာများဖြစ်မည်မဟုတ်ပေ။

အကယ်၍ မိစ္ဆာများကသာ သွေးကြောတောင်ကို ဖြတ်လာမည်ဆိုပါက သွေးကြောတောင်၌ စီစဉ်ထားသည့် အခင်းအကျင်းများအတွက် မည်သည့်တုံ့ပြန်မှုမှ မရှိရန်ဟူသည်မဖြစ်နိုင်။

ဖျက်ဆီးခံရသည်ဖြစ်စေ သို့မဟုတ် အတင်းထိုးဖောက်ခံရသည်ဖြစ်စေ မုကျန်းထင်ချက်ချင်းသိနိုင်မည်ဖြစ်သည်။

ဤသို့ဆိုပါက မည်သူကများ ဒီလှုပ်ရှားမှု‌ကိုလုပ်ခဲ့လေသနည်း!

အတွင်းလူတွေလား!

မုကျန်းထင်၏အမူအရာက အတော်လေးလေးနက်နေသည်။

ဒါက နယ်နိမိတ်မဲ့နယ်မြေတွင် တစ်စုံတစ်ယောက်က နယ်မြေပြင်ပက မိစ္ဆာများနှင့် ပူးပေါင်းသွားပြီဟု ဆိုလိုနေခြင်းပင်။

သို့မဟုတ် တော်၀င်မိသားစုအတွင်း စွမ်းအားအာဏာက ပြန့်ကြဲလာသောအခါ ထိုကဲ့သို့အရေးပါသည့်အခိုက်အတန့်၌ သူတို့၌ ရုတ်တရက်တိုက်ခိုက်မှူတခုကို စတင်လိုကြခြင်းပေလား။

ထိုစေ့ဆော်မှုအတိုင်းဆိုပါက မကြာသေးခင်က မုကျန်းထင်၏အာရုံကို ဆွဲဆောင်ခဲ့သည့်လူတစ်ယောက်သာရှိသည်။

ဒါကိုတွေးတောရင်း မုကျန်းထင်ပြောလိုက်သည်။

"မင်းသားလင်းလုံ"

၀န်ကြီးများကအချင်းချင်းထိတ်လန့်စွာကြည့်ရင်း ချက်ချင်းတုံ့ပြန်လာကြသည်။

သိပ်မကြာခင်မှာပင် ခရမ်းရွှေရောင်စပါးအုံး၀တ်ရုံကို၀တ်ဆင်ထားသည့် မင်းသားလင်းလုံက ခန်းမထဲသို့ ဖြည်းညင်းစွာလျှောက်လာသည်။

ဤခရမ်းရွှေရောင်စပါးအုံး၀တ်ရုံကို ယခင်ဧကရာဇ်ကပေးအပ်ခဲ့ခြင်းဖြစ်ပြီး နယ်နိမိတ်မဲ့မင်းဆက်တွင် မင်းသားလင်းလုံ၏ ကြီးမားသည့်ထောက်ပံ့မှုအတွက် ချီူးကျုးသည့်အနေဖြင့် ပေးအပ်ခဲ့ခြင်းပင်။

မင်းသားလင်းလုံက မုကျန်းထင်အနားချဉ်းကပ်လာပြီး ဒူးထောက်ကု ခေါင်းကို ကြမ်းပြင်၌နစ်မြှုပ်ထားရင်း ကျယ်လောင်စွာပြောသည်။

"အရှင်မင်းကြီးကို အရိုအသေပေးပါတယ်"

ယခုအချိန်မှစ၍ မင်းသားလင်းလုံ၏ သစ္စာခံမှုက ပြဿာနာတခုမဟုတ်တော့။

ဤသည်အပြင် ယခင်ဧကရာဇ်ပေးခဲ့သည့် ခရမ်းရွှေစပါးအုံ၀တ်ရုံတွင် ဧကရာဇ်ကို တွေ့ရချိန်၌ ဒူးထောက်စရာမလိုသည့် အထူးအခွင့်အရေးရှိသည်။

သို့စေကာမူ လက်ရှိမင်းသားလင်းလုံကမူ သူ့သစ္စာရှိမှုကိုပြသရန်အတွက် ဒူးထောက်ထားဆဲပင်။

ထို့ကြောင့်မုကျန်းထင်နှလုံးသားထဲက သံသယကပို၍ပင်ကြီးမားလာခဲ့သည်။

မင်းသားလင်းလုံ၏နှလုံးသားတွင် ကြီးမားသည့်ရည်မှန်းချက်များရှိပြီး သူက အင်မတန်မာနကြီးသူဖြစ်သည်။

ဤအချက်က မုကျန်းထင်၏သံသယကို နှိုးဆွပေးနေသည်။

သို့စေကာမူ မုကျန်းထင်ကတိုက်ရိုက်မပြသဘဲ ယင်းအစားအပြုံးဖြင့်ထရပ်ကာ မင်းသားလင်းလုံထံလျှောက်သွားပြီး ထရပ်ရန်အတွက် ကူညီရန် လက်ဆန့်ပေးလိုက်သည်။

"မကြာခင်က မင်းသားဘာတွေလုပ်နေသလဲဆိုတာ ငါတကယ်သိချင်မိတယ်"

မင်းသားလင်းလုံထရပ်ကာ အပြုံးဖြင့်ပြောသည်။

"အရှင်မင်းကြီးက ကျန်းခန်းသာနေတော့ ဒီ၀န်ကြီးကို တကယ်သက်တောင့်သက်သာဖြစ်စေပါတယ်"

"အားလုံးအဆင်ပြေပါတယ်"

မုကျန်းထင်ခေါင်းညိတ်သည်။

"ဒီလိုဆိုရင်တော့ ငါမစိုးရိမ်တော့ပါဘူး၊ ဘာပဲဆိုဆို မင်းသားက မင်းဆက်ရဲ့ သူရဲကောင်းကြီးတစ်ဦးဖြစ်ပြီး အနာဂတ်မှာ မင်းသားစိုးရိမ်ပူပန်ဖို့လိုအပ်တဲ့ အရာတွေတသီကြီးရှိပါသေးတယ်၊ ဒါပေမယ့် မင်းကျန်းမာရေးကိုလည်း ဂရုစိုက်သင့်တယ်"

မင်းသားလင်းလုံထပ်မံဒူးထောက်လိုက်သည်။

"ဒီ၀န်ကြီးက အရှင်မင်းကြီးရဲ့ယုံကြည်မှုနဲ့ရှင်သန်နေတာပါ၊ မင်းဆက်အတွက် ကျုပ် မီးနဲ့ရေကိုပါဖြတ်ကျော်ပြီး အကောင်းဆုံး လုပ်ဆောင်ပါမယ်"

သူ့အသံအနေအထားအရ ဒါကအတော်လေးပင်စစ်မှန်သည်ဟုထင်ရသည်။

မသိသောသူများကမူ မင်းသားလင်းလုံက အမှန်တကယ် သစ္စာရှိ၀န်ကြီးတယောက်ဟု တွေးတောမိကြပေလိမ့်မည်။

"ဒါပေမယ့် အရှင်မင်းကြီးက ဒီဝန်ကြီးကို ဒီကိုလာဖို့ပြောခဲ့တာက ဒီကိစ္စအတွက်တော့ မဟုတ်ပါဘူးနော်"

မင်းသားလင်းလုံ မုကျန်းထင်ပလ္လင်ပေါ်၌ ပြန်ထိုင်သည်ကိုကြည့်ရင်း သူ့မျက်လုံးများက လောဘရောင်ခြည်သမ်းလာသည်။

မုကျန်းထင်ထိုင်လိုက်သည်။

"သွေးကြောတောင်အပြင်ဘက်မှာ တပ်စွဲထားတဲ့ စစ်တပ်က လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်ရဲ့ သုတ်သင်ခြင်းကို ခံလိုက်ရတယ်၊ မင်းသားဒီအကြောင်းကို သိထားသလားဆိုတာ ငါတကယ်စိတ်၀င်စားမ်တယ်"

ဟမ့်၊ ခင်ဗျားကျုပ်ကိုသံသယရှိနေတာလား!

ထိုစကားလုံးများကိုကြားပြီးနောက် ဒါက မင်းသားလင်းလုံတွေးမိသည့်အရာဖြစ်သည်။

သို့စေကာမူ သူကပြင်ဆင်ထားပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူက ဧကရာဇ်၏ သံသယ၀င်မှုကိုခံရမယ်ဆိုတာ မျှော်လင့်ထားပြီးသားပင်။

မင်းသားလင်းလုံ အံ့ဩသင့်သွားသည့်အသွင်ဟန်ဆောင်ရင်း သူ့မျက်လုံးများက ဒေါသဖြင့်ပြည့်နှက်သွားကာ ကျယ်လောင်စွာပြောလိုက်သည်။

"ဘယ်သူကဒီလိုအရာမျိုးကိုလုပ်ရဲတာလဲ"

မုကျန်းထင် မင်းသားလင်းလုံကို စတင်အနီးကပ်စူးစိုက်ကြည့်ကာ ခေါင်းခါယမ်းသည်။

"ငါမသိဘူး၊ အဲလူရဲ့မျက်နှာကို ဘယ်သူမှ ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရဘူး၊ ပြီးတော့ သူ့ရဲ့အငွေ့အသက်နဲ့ တိုက်ခိုက်မှုစွမ်းရည်တွေကိုဆို ကြားတောင်မကြားဖူးဘူး"

"ဒီလိုအချိန်မှာ ဒီလိုအရာမျိုးကို လုပ်ရတဲ့ရည်ရွယ်ချက်ကဘာများလဲ" မင်းသားလင်းလုံကျယ်လောင်စွာ အော်ဟစ်ကာ မျက်လုံးအစုံမှ ဒေါသကိုပြသနေသည်။

"ကျွန်တော်တို့နယ်ပယ်မှာ နယ်မြေပြင်ပက မိစ္ဆာတွေနဲ့ပူးပေါင်းထားတဲ့ ဂိုဏ်းတွေရှိနေတာလား"

မုကျန်းထင်ခေါင်းညိတ်သည်။

"ငါ့မှာလည်း ဒီလိုစိုးရိမ်မှုမျိုးရှိတယ်"

မင်းသားလင်းလုံလက်နှစ်ဖက်ဆုပ်လိုက်သည်။

"ကျေးဇူးပြုပြီး သွားခွင့်ပေးပါ၊ ဒီ၀န်ကြီးက ဒီကိစ္စကို အောက်ခြေကနေ သေချာပေါက် စစ်ဆေးပြီး ဘယ်သူအဲလိုလှုပ်ရှားခဲ့သလဲဆိုတာ ရှာဖွေပါမယ်"

ထိုအတောအတွင်း မုကျန်းထင်က မင်းသားလင်းလုံ၏မျက်လုံးများကို ဆက်လက်စိုက်ကြည့်နေခဲ့သည်။

ထိုစကားလုံးများကိုကြားရပြီးနောက်တွင် သူကခေါင်းခါယမ်းသည်။

"မလိုပါဘူး၊ မင်းသားလင်းလုံမှာ ကိစ္စတွေအများကြီးရှိသေးတယ်လေ၊ ဒီကိစ္စကို စုံစမ်းဖို့ ငါလူတွေလွှတ်လိုက်ပါမယ်"

"ဒီလို‌ဆိုမှတော့ ဒီ၀န်ကြီးက သတင်းကောင်းတွေကို စောင့်ဆိုင်း‌နေပါမယ်"

မုကျန်းထင်လက်ဝှေ့ယမ်းသည်။

"မင်းသားကို အိမ်တော်ကိုပြန်ပို့လိုက်တော့"

မင်းသားလင်းလုံလက်နှစ်ဖက်ဆုပ်လိုက်သည်။

"နှုတ်ဆက်ပါတယ်"

မင်းသားလင်းလုံထွက်သွားပြီးနောက် မုကျန်းထင်ပလ္လင်ပေါ်၌ထိုင်ကာ တစုံတရာကိုတွေးတောနေသည်။

"အဆင်ပြေပုံပဲ"

ပလ္လင်နောက်ကနေ အနက်ရောင်၀တ်စုံနှင့် ပုံရိပ်တခုပေါ်လာသည်။

မုကျန်းထင် ဒီအချက်ကြောင့် အံ့ဩသင့်သွားခြင်းမရှိဘဲ စိတ်မချမ်းမြေ့သည့်အကြည့်ဖြင့်ပြောသည်။

"ပြဿာနာမရှိတာမို့လို့ ဒါကအကြီးမားဆုံးပြဿာနာပဲ"

အနက်၀တ်လူက အနည်းငယ်အံ့ဩသင့်သွားသည်။

"အိုး၊ အရှင်မင်းကြီးဆိုလိုတာက သူလုပ်ခဲ့တာများလား"

မုကျန်းထင်ခေါင်းညိတ်သည်။

"အတိအကျပဲ၊ နောက်တခု၊ သူ့လက်အောက်ငယ်သားတွေရဲ့လှုပ်ရှားမှုကို စောင့်ကြည့်ပေးပါဦး"

အနက်၀တ်လူကခေါင်းညိတ်ကာ ထိုနေရာတွင်ပင် ပျောက်ကွယ်သွား၏။

မုကျန်းထင်ခေါင်းမော့ကာ ကောင်းကင်ပေါ်သို့ကြည့်ရင်း သက်တောင့်သက်သာပင် သက်ပြင်းချလိုက်သည်။

"လက်ရှိအခြေအနေမှာ ပြည်တွင်းစစ်ဆိုတာ ထပ်ဖြစ်လို့မရတော့ဘူး၊ ဖြစ်လာခဲ့မယ်ဆိုရင်တောင် ဘယ်လောက်ပဲကုန်ကျကုန်ကျ အညစ်အကြေးတွေကို ရှင်းထုတ်ပစ်ရမယ်"

......

တခြားတဘက်တွင် မင်းသားလင်းလုံက မင်းသားစံအိမ်သို့ရောက်လာသည်။

သူကလေးနက်သည့်အမူအရာဖြင့် ကိုယ်ပိုင်အစောင့်များစွာကို ချက်ချင်းခေါ်လိုက်သည်။

"သွေးကြောတောင်ကိုချက်ချင်းသွားပြီး သွေးကြောတောင်ကစစ်တပ်ကို ဘယ်သူတိုက်ခိုက်သလဲ‌ဆိုတာ ရှင်းရှင်းလင်းလင်းစုံစမ်းကြ"

အစောင့်များကအံ့ဩသင့်သွားကြသည်။

ဤသည်ကိုမြင်သောအခါ မင်းသားလင်းလုံပြဿာနာအကြောင်းရင်းကို ရှင်းပြလိုက်သည်။

"ငါအပြစ်တင်မခံနိုင်ဘူး၊ အထူးသဖြင့် ဒီလိုအခြေအနေရပ်မျိုးမှာပေါ့"

အစောင့်များကတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ချက်ချင်းခေါင်းညိတ်လိုက်ကြသည်။

မင်းသားဘာကိုစီစဉ်နေသလဲဆိုတာ သူတို့သိကြသည်။

တကယ်တမ်း၌ ဤကိစ္စကိုကြိုတင်ဖော်ထုတ်နိုင်မည်မဟုတ်သလို အကြောင်းမဲ့အပြစ်တင်သည်ဟုဆို၍ရသေးသည်။

အတည်ပြုပြီးတာနှင့်တပြိုင်နက် လုပ်ခဲ့တာက မင်းသားလင်းလုံဖြစ်သည်။

တကြိမ်တည်းတွင် သူကဖျက်ဆီးခံရမည်ဖြစ်ကာ သူ့အသက်ကိုပင်ဆုံးရှုံးနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ တခါတရံ သက်သေမလိုဘဲ သဲလွန်စများသာလိုအပ်ပြီး မင်းသားလင်းလုံလုပ်ခဲ့တာကို ခန့်မှန်းနိုင်မည်ဖြစ်သည်။

အရှင်မင်းကြီးက မင်းသားလင်းလုံကို စတင်သံသယဖြစ်နေပြီဖြစ်သည်။

ထို့ကြောင့် ဤမြင်ကွင်းနောက်ကွယ်က တကယ့်တရားခံကို သူတို့ရှာဖွေရပေမည်။

အစောင့်များထွက်သွားပြီးနောက်တွင် ခန့်ညားသည့်လူက ရုတ်တရက် မင်းသားလင်းလုံရှေ့တွင်ပေါ်လာသည်။

"မင်းလုပ်ခဲ့တာလား"

မင်းသားလင်းလုံက ခန့်ညားသည့်လူကို စူးစိုက်ကြည့်လိုက်သည်။

ခန့်ညားသည့်လူကခေါင်းခါယမ်းပြသည်။

ဤသည်ကိုမြင်သောအခါ မင်းသားလင်းလုံသံသယမရှိတော့ပါ။

မည်သို့ပင်ဆိုစေကာမူ ဤလူ၏ခွန်အားအရ ဒီကိစ္စကို တကယ်ပင်ဖုံးကွယ်ထားစရာမလိုပါ။

"ငါဒါကိုစဉ်းစားရမယ်"

စကားပြောပြီးနောက် မင်းသားလင်းလုံအခန်းထဲသို့လျှောက်သွားသည်။

ခန့်ညားသည့်လူကထိုနေရာ၌ပင် တွေးနေသည်။

ဒီကိစ္စနှင့်ပတ်သက်၍ တခုခုမှားယွင်းနေသည်ဟု သူအမြဲခံစားရသည်။

.....

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက အောက်သုံးထပ်ကို၀င်သွားကြပြီဖြစ်သည်။

နောက်သုံးထပ်တွင် မြင်ကွင်းကလုံး၀ကွဲပြားသွားသည်။

သူတို့၏အမြင်အာရုံရှေ့၌ ကြက်သွေးရောင်လွင်ပြင်တခုရှိသည်။

သူတို့အမြင်တဆုံး အဝေး၌ မြူများကထူထဲနေပြီး ကြားတွင် အနက်ရောင်ခန်းမတခုပေါ်လာသည်။ တခြားဘာမှမရှိပါ။

ကောင်းကင်ထက်တွင်မူ တာအိုနယ်ပယ်က စွမ်းအားရှင်များစွာ၏အော်ရာများရှိသည်။

ထို့ထဲတွင် နယ်မြေပြင်ပကမိစ္ဆာများအပြင် နယ်နိမိတ်မဲ့နယ်မြေက ဂိုဏ်းအသီးသီး၏ စွမ်းအားရှင်များလည်းရှိကြသည်။

နှစ်ဖက်စလုံးက အချင်းချင်းထိပ်တိုက်ရင်ဆိုင်တွေ့ဆုံနေကြသည်။

အပိုင်း(409) coming။

All Chapters