#ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှု#
Vol. 29 Ch. 409
နယ်မိမိတ်မဲ့နယ်မြေရှိ အင်အားစုများစွာမှ အစွမ်းထက်သဟဇာတတာအိုနယ်ပယ် စွမ်းအားရှင်များစွာက စေလွှတ်ခံထားရသူများဖြစ်သည်။
သူတို့ကမိုယွန်၏ အောက်ဆုံးသုံးလွှာသို့ စောစောရောက်လာခဲ့ကြသည်။
ရည်ရွယ်ချက်က နယ်မြေပြင်ပကမိစ္ဆာများ၏လုပ်ရပ်များကို တစ်လှမ်းကြိုတင်စောင့်ကြည့်ရန်ဖြစ်သည်။
တချိန်တည်းမှာပင် မိစ္ဆာကလန်မှ မိစ္ဆာဗိုလ်ချုပ်အဆင့်မိစ္ဆာများအား ရပ်တန့်ရန်ဖြစ်သည်။
နယ်နိမိတ်မဲ့မင်းဆက်၏ မင်းဆရာနှင့် ကြယ်ကြွေဂိုဏ်းချုပ်ကျန်းဝူဖန်းတို့ကလည်း ရောက်နေကြသည်။
ယဲ့ချိုးပိုင်တို့က တံခါးသို့၀င်ပြီး ဤနေရာသို့ခြေချလိုက်သည်နှင့်တပြိုင်နက် ကောင်းကင်တွင် တာအိုနယ်ပယ်အငွေ့အသက်များက ကောင်းကင်တခွင် ဖုံးလွှမ်းနေသည်။
အောက်တွင် မိစ္ဆာဗိုလ်ချုပ်များ၊ ခေါင်းဆောင်အဆင့်မိစ္ဆာကလန်များနှင့် မိစ္ဆာစစ်သည်များစွာရှိသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ တည်ရှိမှုက ကောင်းကင်ပေါ်က စွမ်းအားရှင်များ၏ အာရုံကိုဖမ်းစားသွားခဲ့သည်။
"ကြည့်ရတာရောက်လာပြီထင်တယ်"
ယဲ့ချိုးပိုင်နှင့်ရှီရှန်းတို့၏တည်ရှိမှုကို မြင်ရသောအခါ ကျန်းဝူဖန်းအနည်းငယ် စိတ်သက်သာရာရသွားသည်။
ရှောင်ဟိုင်ကိုမတွေ့တော့သဖြင့် သူ့မျက်နှာအမူအရာကတင်းမာသွားပြန်သည်။
တခုခုမှားခဲ့တာလား!
ရှောင်ဟိုင်တခုခုဖြစ်ပျက်သွားတာလား!
ဒီလိုဆိုရင် အဲဒီစီနီယာက ဘယ်လို ကမ္ဘာတုန်လှုပ်ဖွယ်အရာမျိုးကို လုပ်ဦးမှာလဲ!
ဤသည်ကိုတွေးမိသောအခါ သူက ယဲ့ချိုးပိုင်ထံသို့ ချက်ချင်းအသံပို့လွှတ်လိုက်သည်။
ကျန်းဝူဖန်းဆီကနေ အသံလွှင့်သည်ကို ရရှိလိုက်သဖြင့် ယဲ့ချိုးပိုင်အပြုံးဖြင့်ဖြေသည်။
"စီနီယာ၊ မစိုးရိမ်ပါနဲ့၊ ရှောင်ဟိုင်ရှေ့တလှမ်းတိုးပြီး နတ်ဆိုးချောက်ရဲ့ စမ်းသပ်မှုထဲကို ၀င်ခဲ့ပါတယ်"
"အန္တရာယ်မရှိဘူးလို့ယူဆလို့ရပါတယ်"
ကျန်းဝူဖန်းစိတ်သက်သာရာရစွာ သက်ပြင်းချသည်။
မုချင်းချင်းကလည်း ဧကရာဇ်မင်းဆရာကိုကြည့်ကာမေးလိုက်သည်။
"မင်းဆရာ၊ ဒီနေရာကအခြေအနေက ဘယ်လိုရှိလဲ"
မင်းဆရာကခေါင်းခါယမ်းကာ လေးနက်စွာပြောသည်။
"အကောင်းဖက်မှာမရှိဘူး၊ ငါတို့က ရန်သူရဲ့မိစ္ဆာဘုရင်ကိုပဲတားနိုင်တယ်၊ ဒါပေမယ့် မိစ္ဆာဗိုလ်ချုပ် ဒါမှမဟုတ် မိစ္ဆာတပ်မှူးတွေကို မတားဆီးနိုင်ဘူး"
မိစ္ဆာဘုရင်ဟူသည် လူသားမျိုးနွယ်စုနှင့် ယှဉ်နိုင်သည့်တည်ရှိမှုမျိုးဖြစ်သည်။
ကျန်းဝူဖန်ကလည်း အသံပို့လွှတ်သည်။
"အခုလုပ်ဖို့လိုအပ်တာက ကျန်တဲ့မိစ္ဆာတွေကိုအမီလိုက်ပြီး သူတို့ရဲ့အစီအစဉ်ကို တားဖို့ပဲ"
မုချင်းချင်းခေါင်းညိတ်ပြီးနောက် အမိန့်ပေးလိုက်သည်။
"ရှေ့ကိုအရှိန်အပြည့်တင်မယ်"
အသံကျဆင်းလာသည်နှင့်တပြိုင်နက် လူတိုင်းက အနက်ရောင်ခန်းမရှိရာနေရာဘက်သို့ ဦးတည်သွားကြသည်။
ကြက်သွေးရောင်လွင်ပြင်၌ တိုက်ပွဲနှင့် သတ်ဖြတ်မှုအရိပ်အယောင်များ တွေ့ရသော်လည်း အလောင်းများသွေးစများမရှိပေ။
ကြောက်ခမန်းလိလိသွေးများက ကမ္ဘာမြေထဲတွင် ထွက်လာသည်။
ဤကုန်းမြေအပိုင်းအစက သွေးစွမ်းအင်နှင့် အသိစိတ်ပင်လယ်ကို မျိုချပစ်လိုက်ပုံရသည်။
လူတိုင်း၏အရှိန်က အလွန်အမင်း မြန်ဆန်လာသည်။
နယ်မြေပြင်ပကမိစ္ဆာများက လမ်းကြောင်းတလျှောက်က သတ္တဝါများကိုရှင်းလင်းပြီးပြီဖြစ်လေရာ လမ်း၌ဘာတခုမှမရှိတော့ပါ။
မကြာမီသူတို့ရှေ့၌ မှော်စွမ်းအင်နှင့် မိစ္ဆာစွမ်းအားနှစ်ခုရှိနေတာကို ရှာဖွေတွေ့ရှိသွားသည်။
မှော်နက်စွမ်းအင်နှင့် မြူခိုးနက်များဖြစ်ကြပြီး ဤနှစ်ခု၏စွမ်းအားအရောင်အဆင်းက နီးစပ်သော်လည်း အငွေ့အသက်က လုံး၀ကိုကွဲပြားသည်။
မုချင်းချင်းလက်ဝှေ့ယမ်းသည်။
"အားလုံးပဲ မလှုပ်ရှားကြနဲ့ဦး၊ မိစ္ဆာတွေရဲ့ စွမ်းအားကုန်ခမ်းပြီး သတ္တဝါကြီးတွေ သုတ်သင်ခံရတဲ့အချိန်အထိ စောင့်ကြရအောင်၊ ပြီးတော့ ဒါကိုလုပ်ဖို့ အခွင့်အရေးတခုရှာကြမယ်"
ယခုတွင်မူ နယ်မြေပြင်ပကမိစ္ဆာများကို သတ္တဝါကြီးများက ထိန်းချုပ်ထားသည်။
အောက်ဆုံးသုံးလွှာရှိ မွန်းစတားသတ္တဝါများ၏အဆင့်က အတော်လေးမြင့်မားသည်။ ထို့ထဲတွင် တာအိုနယ်ပယ်သတ္တဝါများပင် ပေါ်လာကြသည်။
နယ်မြေပြင်ပကမိစ္ဆာများတွင်လည်း မိစ္ဆာဘုရင်များရှိနေသေးသည်။
မည်သို့ပင်ဆိုစေကာမူ လူသားမျိုးနွယ်က ဂိုဏ်းအသီးသီးမှ အစွမ်းထက်တာအိုနယ်ပယ်စွမ်းအားရှင်များစွာကို စေလွှတ်ခဲ့သော်လည်း စုစုပေါင်းအရေအတွက်က ထိုနယ်မြေပြင်ပကမိစ္ဆာများထက် လျော့နည်းနေတုန်းပါ။
ဤသည်သာမက တာအိုနယ်ပယ်က သတ္တဝါကြီးများနှင့် တိုက်ခိုက်နေသည်က မိစ္ဆာဘုရင်များဖြစ်ကြသည်။
လက်ရှိတွင် နှစ်ဖက်စလုံးက တန်းတူညီမျှနေပုံရပြီး တဖက်ကိုတဖက်အသာစီးမရနိုင်ကြသေး။
မိစ္ဆာဗိုလ်ချုပ်များ၊ တပ်မှူးများနှင့် မိစ္ဆာစစ်သည်များက အားနည်းသည့် မွန်းစတားများနှင့် တိုက်ခိုက်နေကြသည်။
မိစ္ဆာစစ်သည်များကမူ အမြောက်ဆံများသာဖြစ်သည်။
နတ်ဘုရားတ၀က်နယ်ပယ်ခွန်အားက အောက်ဆုံးသုံးလွှာ၌ မလုံလောက်သဖြင့် မွန်းစတားကြီးများ၏ တဖက်သတ် သတ်ဖြတ်ခြင်းကို ခံနေရသည်။
သို့သော် မိစ္ဆာမျိုးနွယ်စုက မိစ္ဆာစစ်သည်များကို မျှားခေါ်ရန်အတွက်သာ အသုံးပြုပုံရသည်။
မွန်းစတားတကောင်က ခေါင်းဖြတ်နေစဉ် တခြားတပ်မှူးနှင့်မိစ္ဆာဗိုလ်ချုပ်များက ဘေးကနေ တိုက်ခိုက်လာကြသည်။
ဤနည်းလမ်းက အတားအဆီးများကို ဖယ်ရှားရန်အတွက် အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။
မုချင်းချင်းနှင့်ကျန်သောသူများက အခြေအနေကို အဝေးတနေရာကနေ စောင့်ကြည့်နေကြ၏။
ထိုစဉ်ကျဆင်းလာသည့်လက္ခဏာကပြသလာသည်။
ယဲ့ချိုးပိုင်ပြောလိုက်သည်။
"ဒီအခွင့်အရေးကောင်းကို ကျုပ်တို့အသုံးချသင့်တယ်လို့ထင်တယ်"
ဤသည်ကိုကြားသောအခါ လူတိုင်းကြက်သေသေသွားကြသည်။
မုချင်းချင်းကလည်း ယဲ့ချိုးပိုင်ကိုကြည့်ကာ မေးလိုက်၏။
"ဘာကိုပြောချင်တာလဲ"
ယဲ့ချိုးပိုင် သူ့အမြင်ကိုရှင်းပြသည်။
"တာအိုနယ်ပယ်အဆင့်မှာ နယ်ပယ်တူတဲ့လူအချင်းချင်းကို သတ်နိုင်ဖို့ဆိုတာက တကယ်ခက်ခဲတယ်မလား"
လူတိုင်းခေါင်းညိတ်ကြသည်။
အကြောင်းရင်းကရိုးရှင်းသည်။
နယ်ပယ်မြင့်လေလေ၊ နယ်ပယ်တူအချင်းချင်းတိုက်ခိုက်ရာ၌ တိုက်ခိုက်ရေးစွမ်းအား၌ ကွာဟချက်ရှိလျှင်ပင် ကွာဟချက်ကအရမ်းမကြီးမားပါက လုံး၀သတ်ပစ်ရန်ဟူသည် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
တိုက်ခိုက်ရေးစွမ်းအားအကြား ကွာဟချက်က အရမ်းကြီးမားမှသာဖြစ်နိုင်ပေလိမ့်မည်။
ဤသည်အပြင် တာအိုနယ်ပယ်အဆင့်တွင် လူတိုင်း၌ အသက်ကယ်ဝှက်ဖဲတချို့ရှိကြသည်။
မွန်းစတားကြီးများ၏တိုက်ခိုက်ရေးစွမ်းအားက မိစ္ဆာများထက်ပို၍မြင့်မားသော်လည်း ဒါကသတ်ပစ်ရန်အတွက် မလုံလောက်ပါ။
ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ မိစ္ဆာလူမျိူးများသာ တခြားမွန်းစတားများကို သတ်မည်ဆိုပါက သူတို့ဘေးကနေ ၀င်ပါရပေတော့မည်။။
ဒါကဆုံးရှုံးမှုများကိုဖြစ်စေသော်လည်း တာအိုနယ်ပယ်က မွန်းစတားတကောင်သာ မိစ္ဆာဘုရင်များလက်ထဲတွင် အသတ်ခံရမည်ဆိုပါက သူတို့၌အခွင့်အရေးရှိမည်မဟုတ်တော့။
"ဒီတော့ တကယ်လို့မိစ္ဆာတွေက မွန်းစတားတွေကို ရှင်းလင်းပြီးတဲ့အထိ ကျုပ်တို့စောင့်မယ်ဆိုရင် မိစ္ဆာဘုရင်အဆင့်ကမိစ္ဆာတွေရဲ့ လက်တွေက လွတ်လပ်ခွင့်ရသွားလိမ့်မယ်၊ ကျုပ်တို့အဲချိန်သာ ရန်သူကိုဟန့်တားမယ်ဆိုရင် ဒါက ကျောက်ဆောင်ကို ကြက်ဥနဲ့ပေါက်သလိုဖြစ်သွားလိမ့်မယ်"
ဒါကအရမ်းရိုးရှင်းသည့်အကြောင်းပြချက်ပင်။
ရန်သူ၏တိုက်ခိုက်ရေးစွမ်းအားက ကုန်ခမ်းသွားမည်၊ မိစ္ဆာဘုရင်များက တိုက်ပွဲစွမ်းအားတချို့ကုန်ဆုံးသွားမည်ဟု ဆို၍ရသော်လည်း သဟဇာတတာအိုနယ်ပယ်က တာအိုနယ်ပယ်သာဖြစ်သည်။
သူတို့၌ကုန်ခမ်းသွားလျှင်ပင် မိမိတို့ရင်ဆိုင်နိုင်သည့်ရန်သူများမဟုတ်သေးပါ။
နယ်ပယ်ကွာဟချက်က အရမ်းကြီးမားသည်။
ဤသည်ကိုကြားပြီးနောက် မုချင်းချင်းကလည်းတုံ့ပြန်လာကာ သူမ၏အမူအရာက ပြောင်းလဲသွား၏။ သူမက ယဲ့ချိုးပိုင်အားကြည့်လိုက်သည်။
"ကြည့်ရတာ ရှင့်က ကျွန်မထက် စစ်ဦးစီးချုပ်ဖြစ်ဖို့ ပိုသင့်တော်လောက်တယ်"
ယဲ့ချိုးပိုင်ပြုံးသည်။
"အာဏာရှင်တွေအတွက် ဘေးကလူတွေက သဘောကျလာအောင်လုပ်ရမှာပဲလေ"
"အခု ကျုပ်တို့လုပ်သင့်တာက မွန်းစတားတွေရဲ့အော်ရာပိတ်ဆို့မှုကနေ ရှောင်ရှားပြီး မှန်ကန်တဲ့အခွင့်အလမ်းကိုရှာပြီး မွန်းစတားတွေရဲ့တိုက်ခိုက်မှုတွေနဲ့ ပူးပေါင်းရမယ်၊ ပြီးရင် မိစ္ဆာဗိုလ်ချုပ်တွေနဲ့ ခေါင်းဆောင်အဆင့်မိစ္ဆာတွေကို တိုက်ခိုက်ရမယ်"
"ပြီးတော့ အဲဒီမိစ္ဆာဘုရင်တွေက တာအိုနယ်ပယ်က မွန်းစတားတွေရဲ့စစ်ဆင်ရေးစက်ဝိုင်းကနေ ခွဲထွက်ပြီး ကျုပ်တို့ကို ထိန်းချုပ်ဖို့အတွက် လာနိုင်မှာမဟုတ်ဘူး"
မုဖူရှန်း ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
သူက ဆရာလုချန်ရှန်း၏စကားလုံးများကို ထပ်မံနားလည်လာသည်။
ဘာလို့စီနီယာအစ်ကိုကြီးယဲ့ချိုးပိုင်က စိတ်အနှောက်အယှက်အပေးနိုင်ဆုံးလို့ ပြောရတာလဲ!
ယခုမုဖူရှန်းနားလည်လာသည်။ ဤပြောဆိုမှုက မှန်ကန်သော်လည်း အန္တရာယ်များလွန်းသည်။
ထိုစကားကိုကြားပြီးနောက် မုချင်းချင်း သဘောတူသည့်အသွင်ခေါင်းညိတ်သည်။
"ဒါကတကယ်ပဲ အခုအချိန်အကောင်းဆုံးနည်းလမ်းပဲ"
"ကမ္ဘာ့သန့်စင်အစီအရင်ကို ချက်ချင်းဖန်တီးကြ၊ စီစဉ်ပြီးသွားတဲ့အခါကျရင် မွန်းစတားတွေကိုရှောင်ရှားပြီး မိစ္ဆာတွေကို တိုက်ခိုက်ဖို့အာရုံစိုက်ထားကြ"
ချက်ချင်းသလို မုချင်းချင်းက စာလိပ်ကို ထပ်မံထုတ်ယူလိုက်သည်။
စာလိပ်ထဲတွင် ကမ္ဘာသန့်စင်အစီအရင်ကို ထွင်းထုထားလေသည်။
မည်သူမှအနှောက်အယှက်မပေးသဖြင့် ကမ္ဘာသန့်စင်အလင်းတန်းက မကြာမီ မိစ္ဆာများပေါ်သို့ကျဆင်းလာသည်။
နယ်မြေပြင်ပကမိစ္ဆာများ၏ အမူအရာများက အကြီးအကျယ်ပြောင်းလဲသွား၏။
မိစ္ဆာဘုရင်၏မျက်နှာကလည်းတည်ကြည်သွားသည်။
သူကမိစ္ဆာဘုရင်အဆင့်ဖြစ်သည့်တိုင် ကမ္ဘာသန့်စင်အလင်း၏လွှမ်းမိုးမှုအောက်တွင် အနည်းနှင့်အများထိခိုက်နေသေးသည်။
တချိန်တည်းမှာပင် ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ကျန်သောသူများက မိစ္ဆာများထံပြေး၀င်သွားကြသည်။
ဓားစက်ကွင်းကပေါက်ကွဲသွား၏။
ကြယ်စွမ်းအားကတောက်ပလာသည်။
မုဖူရှန်းကလည်း သတ်ဖြတ်ခြင်းအဆောင်ကိုစတေးပစ်လေရာ မိုးကြိုးများက မိစ္ဆာများအကြားကျဆင်းလာပြီး အပြင်းအထန်တိုက်ခိုက်သည်။
မွန်းစတားများ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည့်မိစ္ဆာဘုရင်က လုံး၀မလှုပ်ရှားနိုင်ပေ။
တချိန်တည်းမှာပင် မိစ္ဆာဗိုလ်ချုပ်နှင့် မိစ္ဆာတပ်မှူးများက ကမ္ဘာ့သန့်စင်အလင်းအောက်တွင်ကျရောက်နေပြီး မွန်းစတားများ၏တိုက်ခိုက်မှုအောက်တွင် ရန်သူ၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန်အချိန်ပင်မရှိတော့။
မကြာမီ မိစ္ဆာလူမျိုးများက ကြီးမားသည့် သေကြေပျက်စီးမှုများကို ကြုံတွေ့ခံစားလိုက်ရလေတော့သည်။
အပိုင်း(410) coming။