← Chapters

#အနက်ရောင်နတ်ဘုရားအလင်း၊ လမ်းခင်းခြင်း#

Vol. 29 Ch. 410

#အနက်ရောင်နတ်ဘုရားအလင်း၊ လမ်းခင်းခြင်း#

Vol. 29 Ch. 410

ဘေးကနေရုတ်တရက်တိုက်ခိုက်မှုက နယ်မြေပြင်ပကမိစ္ဆာများအား မျှော်လင့်မထားစွာပင် သတိကင်းသွားစေသည်။

ဤနေရာက မွန်းစတားများကို ကိုင်တွယ်ရန်ကပင် အတော်လေးခက်ခဲနေလေပြီ။

အကယ်၍သူတို့တွင်သာ အရေအတွက်၌ အသာစီးမရှိဘူးဆိုပါက ရှုထောင့်အလုံးစုံကနေ ဖိနှိပ်ခံနေရမည်ဟု ဆိုနိုင်သည်။

နတ်ဆိုးချောက်က မွန်းစတားများက သူတို့မျှော်လင့်ထားသည်ထက် လုံး၀သာလွန်နေကာ ပုံဖော်နိုင်ခြင်းပင်မရှိကြပါ။

ဤအဆင့်နိမ့်ကြယ်နယ်မြေတွင် ထိုမွန်းစတားများက သူတို့ထက်ကိုယ်ခန္ဓာပိုအားကောင်းသန်မာသည့် သတ္တဝါများဖြစ်ကြသည်။

တချိန်တည်းမှာပင် ထိုကြောက်ခမန်းလိလိမှော်စွမ်းအင်ကလည်း သူတို့ကိုယ်ထဲက မိစ္ဆာစွမ်းအားကို ဖိနှိပ်ထားနေကြသည်။

သို့စေကာမူ ဤနေရာသို့ရောက်လာခဲ့သည့် မွန်းစတားများက အဆင့်မြင့်ကြယ်နယ်မြေကဖြစ်နေတာကို သူတို့မည်သို့သိနိုင်မည်နည်း။

သို့စေကာမူ ၎င်းတို့က အဆင့်မြင့်ကြယ်နယ်မြေ၌ အားအနည်းဆုံးအမျိုးအစားဖြစ်ကြသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့်လူတိုင်းက ရုတ်တရက်တိုက်ခိုက်မှုတခု စတင်လိုက်ကြပြီး မတိုးသာမဆုတ်သာအနေအထားတွင် ရှိနေသည့် နယ်မြေပြင်ပကမိစ္ဆာများအား ရုတ်ချည်းဆိုသလို နစ်နာမှုထဲတွင် ကျရောက်သွားစေဟည်။

ထိုမိစ္ဆာဘုရင်များ၏ဉာဏ်ရည်ကလည်း ကုန်ခမ်းနေကြသည်။

ယခုသူတို့ရှေ့က မွန်းစတားများက သူတို့ကို ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအား သွားရောက်တိုက်ခိုက်၍မရနိုင်အောင် လုပ်နေသည်။

ကမ္ဘာသန့်စင်အစီအရင်နှင့်မွန်းစတားများ၏ထိန်းချုပ်မှုအောက်တွင် မိစ္ဆာဗိုလ်ချုပ်များနှင့် မိစ္ဆာတပ်မှူးများက ယဲ့ချိုးပိုင်တို့အတွက် ပြိုင်ဘက်မဟုတ်ခဲ့ကြပါ။

ဓားသခင်အဆင့်ဓားဆန္ဒ၏ အလျားလိုက်၊ ဘေးလိုက်ရှုထောင့်မျိုးစုံ!

ကြယ်စွမ်းအား၏ဖိနှိပ်ခြင်း!

သတ်ဖြတ်ခြင်းသင်္ကေတမျိုးစုံပေါက်ကွဲနေခြင်း!

တချိန်တည်းမှာပင် အသင်းထဲက အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်များ၏ အရူးအမူးတိုက်ခိုက်မှုများက နယ်မြေပြင်ပကမိစ္ဆာများအား အချိန်တိုအတွင်း ရှုံးနိမ့်မှုသို့ ဦးတည်သွားစေသည်။

သို့စေကာမူ ထိုမိစ္ဆာဘုရင်များက ရှက်ရွှံ့မှုကိုမပြသကြသေး။

သူတို့အပေါ်၌ အစွမ်းထက်လူသားများစွာနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့်တိုင် သူတို့တည်ငြိမ်နေကြသည်။

ဤမြင်ကွင်းကိုမြင်ပြီးနောက် မိစ္ဆာဘုရင်တစ်ပါးက ဆိုယုတ်သည့်အပြုံးတခုကို ပြသလိုက်သည်။

၎င်းကိုမြင်သောအခါ ကျန်းဝူဖန်းနှင့် မင်းဆရာတို့က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကြ၏။

ဒီလိုအတော်လေးယုတ်လျော့နေတဲ့အ‌ခြေအနေမှာ မင်းကဘာလို့ဒီလိုပြုံးနေရတာတုန်း!

ချက်ချင်းဆိုသလို မုချင်းချင်းနှင့် ကျန်သောသူများ၏အနီးတွင် မြူခိုးနက်အလွှာများက တဖြည်းဖြည်းပျံ့နေသည်။

ကျန်းဝူဖန်းနှင့် မင်းဆရာတို့၏မျက်နှာများက အကြီးအကျယ်ပြောင်းလဲသွားခဲ့ကြ၏။

မကောင်းတော့ဘူး!

ပြိုင်ဘက်ကချောင်းမြောင်းတိုက်ခိုက်နေပြီ!

ဤသည်က ကျန်းဝူဖန်းနှင့် မင်းဆရာတို့၏ ပထမဆုံးအတွေးဖြစ်သည်။

သူတို့သတိပေးချင်သော်လည်း တခြားတဘက်က မိစ္ဆာဘုရင်များစွာက တချိန်တည်းမှပင် လက်အစုံကိုဖြန့်လိုက်ကြသည်။

မြူခိုးနက်များကသူတို့အားလုံးကို၀န်းရံထားသည်။

အသံလွှင့်ခြင်းဖြစ်စေ အသံဖြစ်စေ အထဲကနေ ပို့လွှတ်နိုင်မည်မဟုတ်ပေ။

ကျန်းဝူဖန်းရှေ့က မိစ္ဆာဘုရင်က နှာခေါင်းရှုံ့သည်။

"မင်းတို့က ငါတို့မိစ္ဆာမျိုးနွယ်ကို လျှော့တွက်နေတာပဲ"

"စည်းတံဆိပ်ကိုအပြည့်အ၀ မဖယ်ရှားနိုင်သေးသလို ဒီအစီအရင်ကြောင့် ချိတ်ပိတ်ခံထားရတဲ့ တူညီတဲ့မိသားစုက လူတွေလည်းရှိသေးတယ်"

"ဒါပေမယ့် ဒီလိုဆိုရင်တောင် မင်းတို့လို လူသားပုရွက်ဆိန်အုပ်စုလေးတွေက ရင်ဆိုင်နိုင်မှာလဲ"

လူသားမျိုးနွယ်စု၏ တာအိုနယ်ပယ်စွမ်းအားရှင်အားလုံးက ပြင်ပအခြေအနေကို မမြင်နိုင်ကြတော့သဖြင့် မျက်နှာအမူအရာများက အတော်လေး ကြည့်ရဆိုးသွားခဲ့ကြသည်။

ထိုလူများအနက် ဂိုဏ်းအသီးသီးက ကောင်းကင်သားတော်များပါရှိသလို ဂျီဂျီ၊ မုစီချန်းတင်မကဘဲ မင်းသားနှင့်မင်းသမီးပါပါနေသည်။

မင်းသားမုဖူရှန်းက ဧကရာဇ်အမွေခံဖြစ်သည်။

အကယ်၍ရန်သူ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံရပြီး သေဆုံးရမည်ဆိုပါက ဒါက နယ်နိမိတ်မဲ့မင်းဆက်အတွက်သာမက နယ်နိမိတ်မဲ့နယ်မြေတခုလုံးက ထိပ်တန်းအင်အားစုများအတွက်ပါ ကြီးမားသည့်ရိုက်ချက်တခုဖြစ်လာပေလိမ့်မည်။

အောက်တွင် မုချင်းချင်းက ဘေးဘီဝဲယာကြည့်နေပြီး သူမမျက်နှာက အနည်းငယ်မည်းမှောင်နေသည်။

"ချောင်းမြောင်းတိုက်ခိုက်ခံရတာလား"

ယဲ့ချိုးပိုင်ကလည်းရပ်ကာ ဘေးဘီဝဲယာကြည့်လိုက်သည်ာ မရေမတွက်နိုင်လောက်သောနတ်ဆိုးအားလှိုင်းများကထွက်ပေါ်နေပြီး မြူခိုးနက်ထဲတွင် တဖြည်းဖြည်းပျံ့နှံ့နေသည်။

မိစ္ဆာမျိုးနွယ်စုများက မြူခိုးနက်ထဲကနေ ထွက်လာခဲ့ကြသည်။

"အခြေအနေရပ်ကမကောင်းတော့ဘူး..."

မုဖူရှန်းကလည်းခါးသီးစွာပြုံးသည်။

"အစကနည်းနည်းချောမွေ့တယ်လို့ ခံစားရပေမယ့် အခုကြည့်ရတာ သူတို့က ငါတို့ကို တချက်တည်းနဲ့ အနိုင်ယူပစ်ချင်ပုံပဲ"

ဒါက ထောင်ချောက်တခုပင်။

မကြာ‌သေးခင်က မိစ္ဆာကလန်က လျို့ဝှက်မှော်လက်နက်တခုကိုသုံးခဲ့သည်။ ထိုလက်နက်က တာအိုနယ်ပယ်က စွမ်းအားရှင်ပင် မရှာတွေ့နိုင်သည်အထိ အားကောင်းသော လျှို့ဝှက်ပစ္စည်းတခုဖြစ်ကာ ပုန်းထားခဲ့သည်။

အကြောင်းရင်းက မုချင်းချင်းနှင့်ကျန်သောသူများအမှီလိုက်လာမည်ကို စောင့်ဆိုင်းရန်ပင်။

ဤနေရာသို့ ယခုတကြိမ်ရောက်လာသည့် လူသားများက အင်အားစုများအကြား ထိပ်တန်းပါရမီရှင်များဖြစ်ကြောင်း မိစ္ဆာမျိုးနွယ်က နားလည်သဘောပေါက်ထားသည်။

ဤလူများကိုခေါင်းဖြတ်ပြီးသည်နှင့် ဒါက နယ်နိမိတ်မဲ့နယ်မြေတခုလုံး၌ ကြီးမားသည့် ရိုက်ခတ်မှုတခုဖြစ်လာပေလိမ့်မည်။

ဒါက မိစ္ဆာမျိုးနွယ်များအား နောက်ဆက်တွဲတိုက်ခိုက်မှုများအတွက် အဆင်ပြေမှုများစွာကိုလည်း ပေးဆောင်နေသည်။

ရှီရှန်းပတ်လည်ကြည့်လိုက်သည်။

ကနဦးတွက်ချက်ပြီးနောက်သူကပြောသည်။

"မိစ္ဆာဘုရင်နှစ်ပါး၊ မိစ္ဆာဗိုလ်ချုပ်ဆယ့်လေးယောက်၊ မိစ္ဆာတပ်မှူးနဲ့ စစ်သည်အများကြီး..."

ဤသည်က တာအိုနယ်ပယ်အထွပ်အထိပ်တည်ရှိသူနှစ်ဦး၊ အာရုံထွေပြားခြင်းနယ်ပယ်က ဆယ့်‌လေးယောက်နှင့် မြောက်မြားစွာသော နတ်ဘုရားတ၀က်နယ်ပယ်နှင့် သိုင်းဧကရာဇ်နယ်ပယ်မိစ္ဆာများဟုဆို၍ရသည်။

ဤလူအုပ်စုကို မုချင်းချင်းနှင့်ကျန်သောသူများ ရင်ဆိုင်မည်ဆိုလျှင်ပင် ရှင်သန်ရန်အတွက် ဖြစ်နိုင်ချေမရှိပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့ထဲတွင် ခွန်အားအမြင့်ဆုံးတစ်ယောက်က ရွှေချပ်၀တ်တပ်မှူးဖြစ်ပြီး တာအိုတ၀က်နယ်ပယ်အဆင့်သာရှိသည်။

တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်နှင့်ညီမျှသည့် ဤမိစ္ဆာဘုရင်နှစ်ပါးရှေ့တွင် သူကမော့ကြည့်ရန်ပင် အရည်အချင်းမရှိပါ။

မုဖူရှန်းက ယဲ့ချိုးပိုင်၊ ရှီရှန်းတို့ထက် တလှမ်းနောက်ကျနေပြီး လေးနက်စွာပြောသည်။

"လွတ်မြောက်အဆောင်ကို အသုံးပြုဖို့ အသင့်ပြင်ထား"

ယဲ့ချိုးပိုင်နှင့်ရှီရှန်းတို့ကခေါင်းညိတ်သည်။

သူတို့၏လက်ရှိခွန်အားအရ ထိုမိစ္ဆာများကို ထိပ်တိုက်ရင်ဆိုင်ပါက အသက်ရှင်ရန်ဟူသည် လုံး၀ဖြစ်နိုင်ချေမရှိပါ။

ယခုသူတို့ပထမဆုံးနောက်ဆုတ်ရပေမည်။

ရန်သူများကစပ်ဖြီးဖြီးပြုံးရင်း ပစ်၀င်လာသောအခါ မုဖူရှန်း၊ ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် ကျန်သောသူများက ‌ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်များကို ထုတ်လိုက်ကြပြီး မိုးကြိုးအဖြစ်ပြောင်းကာ ထွက်ပြေးရန်ပြင်လိုက်စဉ်မှာပင် ကောင်းကင်က ပြောင်းလဲသွားခဲ့သည်။

မူလကတိုက်ခိုက်လာသည့် နယ်မြေပြင်ပကမိစ္ဆာများကလည်း အံ့ဩသင့်သွားကြပြီး ကောင်းကင်အား မော့ကြည့်လိုက်ကြ၏။

မြေပေါ်ကမွန်းစတားများကလည်း ထိုအခိုက်အတန့်၌ တိုက်ခိုက်နေသည်ကို ရပ်လိုက်ကြပြီး မြေပေါ်တွားတွားသွားလိုက်ကြသည်။

သူတို့က သူတို့၏ဘုရင်ကို နှုတ်ဆက်နေကြသည့်အလား ကိုင်းရှိုင်းနေပုံရသည်။

မူလက ကြက်သွေးရောင်ကောင်းကင်က ထိုအချိန်တွင် မှော်စွမ်းအင်များဖြင့် ဖုံးအုပ်ခြင်းကိုခံလိုက်ရသည်။

မှော်စွမ်းအင်အမျှင်တန်းများက ထိုအခိုက်အတန့်၌ မိုးတိမ်ကွက်များနှင့်တူနေပြီး ကောင်းကင်တခုလုံးကို ပကတိမျက်စိနှင့်မြင်နိုင်သည့်အမြန်နှုန်းဖြင့် ဖုံးလွှမ်း‌နေသည်။

မှော်မိုးကြိုးများကထိုးတက်လာသည်။

မိုးတိမ်နက်များက နေကိုဖုံးအုပ်ထားသည်။

နတ်ဆိုးချောက်တခုလုံး၌ မှော်စွမ်းအင်များက မြည်ဟီးကာထိုးတက်လာသည်။

နယ်မြေပြင်ပကမိစ္ဆာများ၏သွေးပင်လျှင် ထိုအခိုက်အတန့်၌ လုံး၀ဖိနှိပ်ခံထားရသည်။

ထိုမိစ္ဆာဘုရင်များကမယုံနိုင်ဖြစ်နေကြသည်။

သူတို့တွင် အဆင့်မြင့်ကြယ်နယ်မြေက တစ္ဆေကလန်၏ သွေးခြေရာရှိသည်။

အဆင့်နိမ့်ကြယ်နယ်မြေတွင် ‌သူတို့က မည်သည့်အတွက်ကြောင့် သွေး၏လုံး၀ဖိနှိပ်ခြင်းကိုခံနေရလေသနည်း။

ဒါဘယ်လိုဖြစ်နိုင်မှာလဲ!

ဒီမှော်စွမ်းအင်ကဘာလဲ!

တချိန်တည်းမှာပင် လူသားမျိုးနွယ်များကလည်း သွေး၏ဖိနှိပ်ခြင်းကိုခံနေရသည်။

သူတို့ထဲအများစုက ရင်ဘတ်ကိုဖုံးထားကာ မြေကြီးပေါ်ဆောင့်ကြောင့်ထိုင်နေကြပြီး သူတို့၏မျက်နှာများက အလွန်အမင်း ဖြူဖျော့နေကြသည်။

ကြည့်ရသည်မှာ မမြင်ရသည့်လက်ကြီးတဖက်က သူတို့ကိုမြေပေါ်၌ ထိုင်နေစေရန် ဖိနှိပ်ထားသည့်အလားပင်။

သို့သော်တခုတော့ရှိသည်။

ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့်မုဖူရှန်းတို့က အဆင်ပြေနေသည်။

သုံးယောက်စလုံးက အချင်းချင်း တုန်လှုပ်ချောက်ချားစွာကြည့်လိုက်ကြ၏။

ငါတို့ကြားမှာကျ ဘာဖြစ်သွားတာလဲ!

ထိုစဉ် လူတိုင်းကထိတ်လန့်ပြီး သံသယဖြင့် ပြည့်နှက်နေစဉ် သူတို့ရှေ့က အနက်ရောင်ခန်းမမှ အနက်ရောင်နတ်ဘုရားအလင်းတခုကို ထုတ်လွှတ်ပေးလေသည်။

အဆုံးမဲ့အလင်းက မြူထဲသို့ထိုးဖောက်သွားပြီး သူတို့ထံပစ်၀င်လာသည်။

ထိုအနက်ရောင်နတ်ဘုရားအလင်းက ကောင်းကင်၌ လမ်းခင်းပေးပုံရသည်။

ပုံရိပ်တခုက အနက်ရောင်ခန်းမကနေ ထွက်လာပြီး အနက်ရောင်နတ်ဘုရားအလင်းစုစည်းမှုဖြင့် ဖန်တီးထားသည့်လမ်းပေါ်က တိုက်ပွဲမြေပြင်ဆီသို့ တလှမ်းချင်းလျှောက်လာခဲ့သည်။

ခြေလှမ်းတိုင်း၊ ခြေရာတိုင်းက ခြေသံများကိုထွက်ပေါ်စေပြီး ထိုအသံက လူတိုင်း၏ နှလုံးသားကို တဒိန်းဒိန်းခုန်‌နေစေသည်။

ဤသည်ကသေခြင်းတရားကို ပြန်လည်ရေတွက်နေသည့်အလားပင်။

စက္ကန့်ပိုမိုနီးလာသည်နှင့်အမျှ မိမိအသက်ကို ယူနေသည့်အသွင်။

ထိုပုံရိပ်ကနီးသထက်ပိုနီးလာသောအခါ မှော်စွမ်းအင်က ပို၍ပင်အားကောင်းလာသည်။

ထိုစဉ် ပုံရိပ်ကဖြည်းဖြည်းချင်းပေါ်လာသည်။

ထိုပုံရိပ်ကိုကြည့်ရင်း ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် မုဖူရှန်းတို့ကပြုံးလိုက်ကြသည်။

အပိုင်း(411) coming။

All Chapters