← Chapters

#နတ်ဆိုးနတ်ဘုရားအရှင်ရောက်လာခြင်း၊ အနက်ရောင်ကြိတ်စက်#

Vol. 29 Ch. 411

#နတ်ဆိုးနတ်ဘုရားအရှင်ရောက်လာခြင်း၊ အနက်ရောင်ကြိတ်စက်#

Vol. 29 Ch. 411

ရှောင်ဟိုင်၏စမ်းသပ်မှုငါးခုကပြီးသွားလေပြီ။

ပထမလေးခုက အရိုးများ၊ သွေးနှင့်အသား၊ အကြောများနှင့် အရေပြားအတွက်ဖြစ်သည်။

ဤစမ်းသပ်မှုလေးခုက ပြန်လည်ပုံသွင်းပေူခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ရှောင်ဟိုင်၏ရုပ်ပိုင်းခန္ဓာကို အကြီးအမား အားကောင်းလာစေခြင်းပင်။

အတိတ်တွင် ရှောင်ဟိုင်၏ရုပ်ပိုင်းခန္ဓာက သိုင်းဧကရာဇ်တ၀က်နှင့်ညီမျှသည်ဟု ဆိုပါက ရှောင်ဟိုင်၏ရုပ်ပိုင်းဆိုင်ရာခွန်အားက သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်နှင့် ယှဉ်၍ရနေပြီဖြစ်သည်။

ပဉ္စမမြောက်စမ်းသပ်မှုက ရှောင်ဟိုင်နှင့် တထေရာတည်းတူသည့်လူနှင့် ယှဉ်ပြိုင်ခြင်းပင်။

တကယ်တမ်းတွင် ဒါကစမ်းသပ်မှုတခုနှင့်မတူဘဲ သင်ကြားမှုတခုဖြစ်ကာ လက်သီးပညာရပ်နှင့် တိုက်ခိုက်ခြင်းစွမ်းရည်များစွာကို သင်ကြားခြင်းဖြစ်သည်။

ဤလက်သီးနည်းစနစ်က အကြောင်းရင်းတချို့ကြောင့် တိုက်ပွဲအတွင်း အတော်လေးရင်းနှီးနေသည်ဟု ခံစားနေရသည်။

ထို့ကြောင့် ထိုလူနှင့်တိုက်ပွဲတွင် သူက အလျင်အမြန်သင်ယူနိုင်လာသည်။

ဤလက်သီးနည်းစနစ်၏နာမည်က သူ့စိတ်ထဲသို့၀င်ရောက်လာသည်။

၎င်းကို လက်သီးချက်လေးချက်အဖြစ် ခွဲခြားထားသည်။

ကောင်းကင်ချိုးဖျက်!

ကောင်းကင်သတ်ဖြတ်!

ခွေးနေ့ခွင်!

အသုဘနေ့ရက်!

ရှောင်ဟိုင်၏လက်ရှိခွန်အားဖြင့်ဆိုပါက သူကပထမအချက်ဖြစ်သည့် ကောင်းကင်ချိုးဖျက် လက်သီးချက်ကို ဖန်တီးရုံမျှသာ ဖန်တီးနိုင်သည်။

စမ်းသပ်မှုငါးခုလုံးပြီးဆုံးပြီးနောက် ရှောင်ဟိုင်၏အဆုံးစွန်သောဆုလာဘ်က သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာနှင့် ဤလက်သီးနည်းစနစ်တင်မဟုတ်ဘဲ ထို့ထဲတွင် မှတ်ဉာဏ်အပိုင်းအစတခုရှိပြီး မိုယွန်အပေါ် ထိန်းချုပ်နိုင်စွမ်းလည်းပါ၀င်သည်။

ထို့နောက် လမ်းမပေါ်၌ခင်းကျင်းထားသည့် အနက်ရောင်နတ်ဘုရားအလင်းပင်။

အနက်ရောင်ခန်းမကနေထွက်လာသည့် ပုံရိပ်က ရှောင်ဟိုင်ဖြစ်လေသည်။

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ညီ၄ရဲ့အော်ရာက အများကြီးပိုအားကောင်းလာပြီ"

မုဖူရှန်းကလည်း ဤစီနီယာအစ်ကို၄၏ နောက်ခံကို ပို၍ပင်သိချင်စိတ်ပြင်းပြလာသည်။

ရှီရှန်းကလည်းစိတ်သက်သာရာရစွာ သက်ပြင်းချသည်။

ယခုလိုအစွမ်းထက်အငွေ့အသက်နှင့်ဆိုပါက တိုက်ပွဲကွင်းပြင်၌ မိစ္ဆာဘုရင်အဆင့် မိစ္ဆာများအပါအ၀င် နယ်မြေပြင်ပက မိစ္ဆာများကို ဖိနှိပ်ထားနိုင်သည်။

အခြေအနေက ပြောင်းပြန်ဖြစ်သွားလေပြီ။

နယ်မြေပြင်ပကမိစ္ဆာများကလည်း အနက်၀တ်လူကိုကြည့်လိုက်စဉ် အမြန်အကြည့်လွှဲလိုက်ရသည်။

ထိုလူ၏မျက်လုံးများက ထူးမခြားနားစွာရှိပြီး ခံစားချက်မရှိသည့်အလားပင်။

သူကသူတို့အား ပုရွက်ဆိတ်များကို ကြည့်နေသည်ပမာ။

"မင်းကဘယ်သူလဲ...."

ယခုလိုအားကောင်းလှသည့်သွေးကြောဖိနှိပ်ခြင်း!

ဤအရာက သေချာပေါက် အဆင့်နိမ့်ကြယ်နယ်မြေတွင် မပေါ်ပေါက်လာသင့်သည့် အရာတခုပေတည်း။

သူတို့က တစ္ဆေမျိုးနွယ်၏သွေးခြေရာရှိသည်။

သူတို့၏အမြင်အရ ယခုလိုမြင့်မြတ်အစွမ်းထက်သည့်သွေးကြောစွမ်းအားက လုံး၀ဖိနှိပ်နေလေသည်။

ယခုလိုလူမျိုးက အဆင့်နိမ့်ကြယ်နယ်မြေက လူတစ်ယောက်မဖြစ်နိုင်ပေ။

ရှောင်ဟိုင်မည်သည့်စကားမှမဆိုဘဲ ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့် မုဖူရှန်းတို့အား ကြည့်လိုက်သည်။

ထိုအခိုက်အတန့်၌ သူ့မျက်လုံးများထဲမှ ထီမထင်ဟန်သည့်အမူအရာက နှင်းကဲ့သို့ပင် ဦးစွာအရည်ပျော်သွားပြီး ရိုးရှင်းရိုးသားသည့်အပြုံးကိုထပ်မံပြသလိုက်သည်။

"အစ်ကိုကြီး၊ ကျွန်တော်အစ်ကိုကြီးကို စိတ်ပူစေမိတယ်"

ယဲ့ချိုးပိုင်အပြုံးဖြင့်ခေါင်းခါယမ်းသည်။

"မင်းအဆင်ပြေနေတာကောင်းတယ်၊ မင်းကိုအခုလိုမြင်ရတာ ကြည့်ရတာ မင်းခွန်အားက အများကြီးတိုးတက်ခဲ့ပုံပဲ"

ဒီအချက်ကယဲ့ချိုးပိုင်ကို အကူအညီမဲ့သွားစေသည်။

သူကစံအိမ်တော်‌၏အစ်ကိုကြီးဖြစ်ကာ သူ့ဂျူနီယာလေးများအား ကာကွယ်ပေးရမည်ဖြစ်သည်။

ရလဒ်အနေဖြင့် သူ့ဂျူနီယာအားလုံးက သူ့ထက်ပိုတော်နေကြပုံရလေသည်။

ဤသည်က ယဲ့ချိုးပိုင်ကို အတော်လေးရှက်သွားစေသည်။

သို့သော်သူတို့ကြီးထွားလာသည့်အပေါ် သုပျော်ရွှင်ရပါသည်။

ရှောင်ဟိုင်အပြုံးဖြင့် ခေါင်းကုတ်လိုက်သည်။

ဤမြင်ကွင်းကိုတွေ့ပြီးနောက် နယ်မြေပြင်ပကမိစ္ဆာများက ယဲ့ချိုးပိုင်ကို အထိတ်တလန့်ကြည့်လိုက်ကြသည်။

အစ်ကိုကြီးလား!

ဒီကြောက်စရာကောင်းတဲ့လူက ဟိုပုရွက်‌ဆိတ်လူသားရဲ့ ဂျုနီယာဖြစ်နေတာလား!

မုချင်းချင်းနှင့်ကျန်သောသူများကလည်း ဤမြင်ကွင်းကို ရှုပ်ထွေးနေသည့်ခံစားချက်များဖြင့် ကြည့်နေကြသည်။

နတ်ဆိုးချောက်ထဲ၀င်စဉ်က ရှောင်ဟိုင်၏ ဘ၀အတွေ့အကြုံက ထူးခြားတယ်ဆိုတာ သူတို့ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဤနတ်ဆိုးချောက်ထဲတွင် သတ္တဝါအားလုံးက ရှောင်ဟိုင်ကို အဓိကမွန်းစတားအဖြစ် ရှုမြင်ကြပုံပေါ်သည်။

တွေးမတောနိုင်လောက်အောင် နက်ရှိုင်းသော ခွန်အားရှိသည့် ဆံပင်နက်လူကပင် သူ့ကိုနတ်ဆိုးအရှင်ဟုခေါ်သည်။

ယခုရှောင်ဟိုင်ကပြန်ပေါ်လာပြီဖြစ်ကာ သူတို့အတွက် မယှဉ်နိုင်သည့်ဖြစ်တည်မှုတခု ရှိလာပုံရသည်။

မှော်စွမ်းအင်ပေါက်ကွဲမှုက ကောင်းပင်ပေါ်၌ မိစ္ဆာဘုရင်များစွာဖွဲ့စည်းထားသည့် အတားအဆီးပြိ မတိုက်ခိုက်ဘဲ ဖျက်ဆီးပစ်သည်။

ကျန်းဝူဖန်း၊ ဂူချီနှင့် တာအိုနယ်ပယ်က တခြားစွမ်းအားရှင်များကလည်း ဤမြင်ကွင်းကိုတွေ့ခဲ့သည်။

မင်းဆရာက ပထမကအံ့ဩသင့်နေပြီးနောက် ပျော်သွားသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ ‌အိမ်ရှေ့မင်းသားက ထိုလူ၏ ညီငယ်ဖြစ်လာသည်မဟုတ်ပေလော။

ထိုလူတွင် ယခုလိုအစွမ်းထက်ပါရမီရှိသည်။

ဤသို့ဆိုပါက သူ့ဆရာကရော!

သူတို့၏‌အိမ်ရှေ့မင်းသားက အစွမ်းထက်မဟာမိတ်တခုကို ရှာတွေ့သွားခဲ့သည်။

ကျန်းဝူဖန်းကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

အစက သူကရှောင်ဟိုင်တခုခုဖြစ်သွားမည်ကိုစိုးရိမ်နေခြင်းဖြစ်သည်။

အကယ်၍တခုခုသာဖြစ်ပျက်သွားမည်ဆိုပါက ထိုစီနီယာက မည်သို့ပင်လုပ်လာမည်မသိ။

မည်သို့ပင်ဆိုစေကာမူ ထိုလူက ပထမတန်းစားအင်အားစုသုံးခုကို တစ်ရက်ပင်မကြာသည့်အချိန်အတွင်း သုတ်သင်ပစ်ခဲ့သည်။

ယခုလိုခွန်အားမျိုးက နယ်နိမိတ်မဲ့နယ်မြေ၏ အချုပ်အချာအာဏာရှင်ပင်လျှင် လုပ်ဆောင်နိုင်မည်မဟုတ်။

ကံကောင်းစွာပင် မည်သည့်အရာတခုမှ မဖြစ်ပျက်ခဲ့ပေ။

သို့စေကာမူပြောရမည်ဆိုပါက ထိုစီနီယာ၏တပည့်ဆိုသည့်အတိုင်းပင် ယဲ့ချိုးပိုင်ကဲ့သို့ အစွမ်းထက်ဓားပညာရှင်ရှိသည်သာမက ရှောင်ဟိုင်ကဲ့သို့ကျင့်ကြံသူလည်းရှိသည်။

ဒါကတကယ်တော့မလွယ်ကူလှပါ။

ထိုအချိန်တွင် ရှောင်ဟိုင်ကအောက်က နယ်မြေပြင်ပကမိစ္ဆာများအားကြည့်သည်။

"အတိတ်ကိုနောက်မှပြောမယ်၊ အခုဒါကို အရင်ကျွန်တော်ဖြေရှင်းလိုက်မယ်"

ထိုစကားကိုပြောနေစဉ် ရှောင်ဟိုင်၏ အမူအရာကလုံး၀ပြောင်းလဲသွားခြင်းမရှိဘဲ သာမန်ဖြစ်နေကျအရာတခုကို ပြောနေသည့်အလားပင်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက သံသယအနည်းငယ်မျှပင်မရှိဘဲ အပြုံးဖြင့် ခေါင်းညိတ်လိုက်ကြသည်။

နယ်မြေပြင်ပကမိစ္ဆာများ၏ အမူအရာများကအကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

ယခုလေးတင်ထွက်လာသည်နှင့် သူတို့သွေးကိုအပြည့်အ၀ဖိနှိပ်ထားခဲ့သည်။

သူတို့မည်သို့မည်ပုံခုခံနိုင်မည်နည်း။

မိစ္ဆာဘုရင်တစ်ပါးက အလျင်အမြန်ပြောသည်။

"ငါတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေက မိစ္ဆာမျိုးနွယ်၀င်တွေပဲ၊ ငါတို့မှာ တစ္ဆေမျိုးနွယ်ရဲ့သွေးရှိတယ်၊ အရှင်က ငါတို့ကိုရှင်သန်ခွင့်ပေးဖို့မျှော်လင့်ပါတယ်၊ အနာဂတ်မှာ ငါတို့က အရှင်ကို ကောင်းကောင်းလုပ်ကျွေးပါမယ်၊ ငါက သေချာပေါက်အသုံး၀င်မှာပါ"

"မိစ္ဆာမျိုးနွယ်"

ရှောင်ဟိုင်၏မျက်လုံးအစုံက ထူးမခြားနားစွာရှိနေဆဲပင်။

သူက ကမ္ဘာကြီးကိုအုပ်စိုးနေသည့် နတ်ဆိုးအလား။

"အလယ်အလတ်အဆင့်ကြယ်နယ်မြေက တစ္ဆေသွေးခြေရာတစွန်းတစပါရှိတဲ့ အဆုံးသတ်ခါနီး ပထမတန်းစားအင်အားစုတခုပဲလေ"

"ပြီးတော့ မိစ္ဆာမျိုးနွယ်ဘယ်နှစ်ယောက်ကများ တစ္ဆေသွေးကိုစေ့ဆော်နိုင်ခဲ့လို့လဲ"

"ဒီတော့ဘာအတွက်အသုံး၀င်မှာလဲ"

ရှောင်ဟိုင်ပြောသည်ကိုကြားရသောအခါ မိစ္ဆာများ၏မျက်နှာများက အကြီးအကျယ် ပြောင်းလဲသွားကြသည်။

မိစ္ဆာမျိုးနွယ်ရဲ့အခြေအနေကိုဒီလောက်တောင်သိနေတာ၊ ဒီကောင်ကဘယ်သူလဲ!

ရှောင်ဟိုင်လက်ကိုဆန့်ကာ အဓိပ္ပာယ်မရှိသည့်စကားများကို ပြောမနေတော့ပါ။

ရန်သူကမိစ္ဆာမျိုးနွယ်ဖြစ်စေ သို့မဟုတ် တစ္ဆမျိုးနွယ်တချို့၏သွေးပင်ရှိနေပါစေ ဘာဖြစ်သနည်း။

အစစ်အမှန်တစ္ဆေမျိုးနွယ်များ ဤနေရာသို့ ဆင်းသက်လာလျှက်ပင် သူ့အစ်ကိုများအား နာကျင်အောင်လုပ်ခြင်းက စံအိမ်တော်ကို နာကျင်အောင်လုပ်ခြင်းပင်။

ထို့နောက်ရှောင်ဟိုင်က သူတို့ကို အသက်နှင့်သေခြင်းတရား၏ရန်သူအဖြစ် ဆက်ဆံရပေလိမ့်မည်။

သူ့အတွက်မူ စံအိမ်တော်က သူ့အိမ်ဖြစ်သည်။

သူ့မိသားစုကို ထိခိုက်စေမည်ဆိုပါက ရှောင်ဟိုင်မည်သောအခါမှ ခွင့်လွှတ်မည်မဟုတ်။

ရှောင်ဟိုင်လက်ညိုးထိုးလိုက်သည်။

လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်၌ ထိုအနက်ရောင်နတ်ဘုရားအလင်းတန်းများက ရှောင်ဟိုင်လက်ဖဝါးပေါ်၌ စုဝေးလာခဲ့သည်။

လူတိုင်း၏အမြင်မှာပင် ထိုအလင်းက ကြီးသထက်ပိုကြီးလာသည်။ တဖြည်းဖြည်းနှင့် ၎င်းက ဧရာမအနက်ရောင်ကြိတ်စက်တခုအဖြစ် ပြောင်းလဲသွား၏။

ကြိတ်စက်က နယ်မြေပြင်ပကမိစ္ဆာများ၏ အပေါ်၌ ချိတ်ဆွဲထားသည့်အလား ချက်ချင်းနေရာလှည့်ကာ မှော်စွမ်းအင်များက အရူးအမူးထိုးတက်လာသည်။

မိစ္ဆာစစ်သည်များနှင့် တပ်မှူးအဆင့်မိစ္ဆာများက ထိုကြိတ်စက်၏လှည့်ပတ်မှုအောက်တွင် တကိုယ်လုံးမှ သွေးကြောများက ပေါက်ကွဲသွားကြသည်။

သွေးများက ကိုယ်ခန္ဓာမျက်နှာပြင်ကနေ အဆက်မပြတ်စီးကျလာကြပြီး အနက်ရောင်ကြိတ်စက်၏ အရူးအမူးစုပ်ယူခြင်းကိုခံလိုက်ရသည်။

တချိန်တည်းမှာပင် မိစ္ဆာဗိုလ်ချုပ်များက ခုခံနေသော်လည်း သူတို့က အသက်ရှုကြိမ်ရေအနည်းငယ်မျှသာခုခံနိုင်ပြီး သွေးများက စုပ်ယူခံလိုက်ရကာ မံမီတစ်ကောင်အဖြစ်ပြောင်းလဲသွားကြရ၏။

မိစ္ဆာဘုရင်များကအံကြိတ်ရင်း အပြင်းအထန်ခုခံနေပြီး သူတို့၏ကြွက်သားများက ထိုအခိုက်အတန့်၌ထိုးခွက်လာသည်။

သွေးကြောများက တုန်ခါလာသည်။

ဤသည်ကိုမြင်သောအခါ ရှောင်ဟိုင်အေးစက်စွာ နှာခေါင်းရှုံ့ပြီး လက်ဖဝါးဖြင့် ညင်သာစွာ ဖိနှိပ်လိုက်သည်။

အနက်ရောင်ကြိတ်စက်က ထိုအခိုက်အတန့်၌ ပို၍ပင်မြန်မြန်လည်နေပြီး ကြိတ်စက်အောက်တွင် မိစ္ဆာဘုရင်များက စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်နေကြသည်။

မရေမတွက်နိုင်လောက်သောအသားများထဲမှသွေးများက အနက်ရောင်ကြိတ်စက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ရှောင်ဟိုင်၏လက်ဖဝါးချက်အောက်တွင် ဤနယ်မြေပြင်ပကမိစ္ဆာအုပ်စုတွင် ခုခံရန်အတွက် အခွင့်အရေးအနည်းငယ်မျှပင် မရှိဘဲ အစုလိုက်အပြုံလိုက်အသတ်ခံရသည်။

(ယခုရှောင်ဟိုင်က မိုယွန်၏သခင်ဖြစ်လာပြီး မိုယွန်စွမ်းအားကို ကနဦးထိန်းချုပ်နိုင်သည်)

အပိုင်း(412) coming။

All Chapters