#အစီအစဉ်ပျက်ပြားခြင်း#
Vol. 29 Ch. 412
စမ်းသပ်မှုငါးခုကိုဖြတ်ကျော်ပြီးသည့်အပေါ် ရှောင်ဟိုင် မိုယွန်၏စွမ်းအားကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။
ဤနတ်ဆိုးချောက်ထဲတွင် သဟဇာတတာအိုနယ်ပယ်အထက်အဆင့်တွင် ရှိမနေသရွေ့ ရှောင်ဟိုင်အလွယ်တကူကိုင်တွယ်နိုင်သည်။
ဥပမာအားဖြင့် သူယခုလေးတင် ထုတ်လိုက်သည့် အနက်ရောင်ကြိတ်စက်က နတ်ဆိုးချောက်၏စွမ်းအားဖြစ်သည်။
လူတိုင်းက ကောင်းကင်ကို အထိတ်တလန့်ကြည့်လိုက်ကြသည်။
အနက်ရောင်ကြိတ်စက်က အနက်ရောင်နတ်ဘုရားအလင်းကနေ ပြုလုပ်ထားခြင်းဖြစ်သည်။
ထို့ထဲတွင် အတော်လေးကြောက်မက်ဖွယ်ကောင်းသည့် မှော်ဝဲဂယက်တခုရှိသည်။
အနက်ရောင်ကြိတ်စက်က အလျင်အမြန်လှည့်ပတ်လာသောအခါ သူတို့အား ပစ်မှတ်မထားသည့်တိုင် သူတို့ကိုယ်ထဲရှိသွေးမှ မူလသွေးများက မရီဒျန်များကနေ ဖြည်းညင်းစွာ စီးဆင်းလာကာ စတင်အပြင်းအထန်တုန်ခါနေပုံရသည်။
စီးဆင်းနှုန်းကလည်း အလွန်အမင်းမြန်ဆန်လာသည်။
ထို့နောက် သွေးကြောများကနေ ပေါက်ကွဲသွားတော့သည့်အလား ၎င်းက အနက်ရောင်ကြိတ်စက်၏လုံး၀စုပ်ယူခြင်းကို ခံလိုက်ရသည့်အလားပင်။
လေထဲကကျန်းဝူဖန်း၊ မင်းဆရာနှင့် တခြားအင်အားစုမျိုးစုံမှ တာအိုနယ်ပယ်စွမ်းအားရှင်များပင်လျှင် ဤခံစားချက်ကို ခံစားနေရသည်။
လေထဲရှိသည့်ဧရာမကြိတ်စက်ကြီးအား ခံစားမိရုံမျှဖြင့် ယခုလိုသက်ရောက်မှုကို ဖြစ်စေသည်။
ဒါကနတ်ဆိုးချောက်ရဲ့စွမ်းအားလား!
မိုယွန်သို့စူးစမ်းရန်အတွက် လာကြသည့် တာအိုနယ်ပယ်ကစွမ်းအားရှင်တစ်ချို့လည်းရှိကြသည်။
ဤအနက်ရောင်ကြိတ်စက်နှင့်ပတ်သက်၍ မည်သည့်မှတ်တမ်းများတွင်မှ အချက်အလက်မရှိချေ။
ကြည့်ရသည်မှာ နတ်ဆိုးချောက်၌ တခြားမသိသေးသည့်လျှို့ဝှက်ချက်များရှိနေပုံရသည်။
ဤလျှို့ဝှက်ချက်များက သေချာပေါက် သူတို့ရင်ဆိုင်နိုင်သည့်အရာများမဟုတ်ပါ။
ယခုလိုစွမ်းအားမျိုးကပင် အဆင့်နိမ့်ကြယ်နယ်မြေ၌ ခံနိုင်ရည်ရှိသည့်စွမ်းအားမျိုးမဟုတ်။
နတ်ဆိုးအရှင်ဟုခေါ်ကြသည့်ရှောင်ဟိုင်က မိုယွန်ကိုထိန်းချုပ်ထားလေသည်။
သူဘယ်ကလာတာလဲ!
လူတိုင်းက ဆင်းသက်လာသည့်နတ်ဆိုးဘုရင်တစ်ပါးနှင့်တူသည့် ရှောင်ဟိုင်အား ကြည့်ကာ လေးနက်သွားကြ၏။
နယ်မြေပြင်ပကမိစ္ဆာများ၏နေရာကို အနက်ရောင်ကြိတ်စက်ကပိတ်ဆို့ထားသည်။
လွတ်မြောက်ထွက်ပြေးသည်ဖြစ်စေ၊ ခွန်အားအလုံးစုံဖြင့်ခုခံသည်ဖြစ်စေ မည်သူကမှ အနက်ရောင်ကြိတ်စက်မှ သွေးစုပ်ယူခံရသည့် ကံကြမ္မာကနေ မလွတ်မြောက်နိုင်ပေ။
အလုံးစုံသောအကြွင်းမဲ့စွမ်းအားအောက်တွင် တိုင်းတာမှုအားလုံးက ဖြူရော်ပြီး စွမ်းအားမဲ့နေပုံပင်။
အမွေးတိုင်တစ်တိုင်စာမျှသာကြာမြင့်ခဲ့သည်။
မိစ္ဆာဘုရင်များအပါအ၀င် မိစ္ဆာမျိုးနွယ်၏တည်ရှိမှုက အနက်ရောင်ကြိတ်စက်မှ သွေးစုပ်ယူခြင်းကိုခံရပြီး ခြောက်သွေ့သော မံမီအလောင်းကောင်များအဖြစ် ပြောင်းလဲသွားကြ၏။
ဤသည်ကိုမြင်သောအခါ ရှောင်ဟိုင်လက်ဝှေ့ယမ်းလိုက်စဉ် အနက်ရောင်ကြိတ်စက်က အနက်ရောင်နတ်ဘုရားအလင်းအဖြစ် ထပ်မံပြောင်းလဲကာ ကမ္ဘာထဲကနေ ပျောက်ကွယ်သွားလေသည်။
ကြိတ်စက်ပျောက်ကွယ်မှုနှင့်အတူ လူတိုင်း၏ကိုယ်ထဲကရူးသွပ်စွာ မငြိမ်မသက်ဖြစ်နေသည့်သွေးများကလည်း ငြိမ်သက်သွားကြ၏။
သို့သော် သူတို့၏နှလုံးသားထဲတွင် အကြောက်တရားများက ရစ်ဝဲနေသေးသည်။
ရှောင်ဟိုင်အနက်ရောင်နတ်ဘုရားအလင်းဖြင့် ခင်းကျင်းထားသည့် လမ်းမပေါ်ကနေ လျှောက်လာသည်။
ထို့နောက်ယဲ့ချိုးပိုင်တို့ဘေးကိုရောက်လာကာ ပြုံးလိုက်လေသည်။
"ဒီလိုဆိုရင် ပြဿာနာမရှိတော့ဘူး"
သူတို့ဒီကိုလာရသည့်ရည်ရွယ်ချက်က နယ်မြေပြင်ပကမိစ္ဆာများ၏အစီအစဉ်ကို ဟန့်တားရန်ဖြစ်သည်။
ယခုဒီနေရာသို့ရောက်လာသည့် မိစ္ဆာအားလုံးသုတ်သင်ခံလိုက်ရပြီဖြစ်လေရာ တာ၀န်ကပြီးစီးသွားပြီဟု ဆို၍ရသည်။
မုချင်းချင်းကရှေ့တိုးလာပြီး လေးနက်စွာပြောသည်။
"ကျေးဇူးပါ၊ ရှင့်ကြောင့်သာမဟုတ်ဘူးဆိုရင် နယ်မြေပြင်ပကမိစ္ဆာတွေရဲ့ အစီအစဉ်တွေကို ဟန့်တားမယ့်အကြံက ဒီတကြိမ် ကျရှုံးသွားရုံတင်မက သေရေးရှင်ရေး အကျပ်အတည်းထဲကိုလည်း ရောက်သွားကြမှာ"
ဒါကရန်သူများ၏ အစောပိုင်းချုံခိုတိုက်ခိုက်ခြင်းကြောင့်တင်မဟုတ်ဘဲ အားကောင်းသည့်စွမ်းအားကြောင့်ပင်။
နယ်နိမိတ်မဲ့နယ်မြေ၏စွမ်းအားက နယ်မြေပြင်ပကမိစ္ဆာများနှင့် အတော်လေးအလှမ်းဝေးသည်။
ရှောင်ဟိုင်ကြောင့်သာမဟုတ်ပါက သူတို့အမှန်တကယ် ဒီနေရာ၌မြှုပ်နှံခံရပေလိမ့်မည်။
လေထဲရှိ သဟဇာတတာအိုနယ်ပယ်က လူတိုင်းက အောက်သို့ဆင်းလာကြသည်။
ကျန်းဝူဖန်းက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအားကြည့်ရင်း အပြုံးဖြင့်ခေါင်းညိတ်သည်။
"အနာဂတ်မှာ ဂိုဏ်းကိုမကြာမကြာသွားဦး"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"သေချာတာပေါ့"
ကြယ်ကြွေဓားဂိုဏ်းအပေါ် လူတိုင်းတွင် အမြင်ကောင်းတခုရှိနေဆဲပင်။
ကြယ်ကြွေဓားဂိုဏ်းကလူတိုင်းအတွက် ယဲ့ချိုးပိုင်၏စရိုက်နှင့်သွင်အပြင်ကို လေးစားရပေမည်။
ဤသည်ကိုမဆိုထားနဲ့၊ ဂိုဏ်းအသီးသီးက သူတို့ကိုတိုက်ခိုက်လိုသောအခါ ကြယ်ကြွေဓားဂိုဏ်းကလည်း သူတို့ကိုတားဆီးရန် ဂိုဏ်းတခုလုံး၏ခွန်အားကိုသုံးခဲ့သည်။
ထို့နောက်လုချန်ရှန်းအချိန်မီရောက်လာပြီး ဒီကိစ္စကိုဖြေရှင်းခဲ့သော်လည်း ယဲ့ချိုးပိုင်တို့သုံးယောက်နှင့် ခင်မင်ရင်းနှီးမှုကို သူတို့နှလုံးသားထဲတွင် ထိန်းသိမ်းထားဆဲပင်။
မင်းဆရာကလည်းပြုံးကာ ရှောင်ဟိုင်အားပြောလိုက်သည်။
"ဒီကိစ္စကြောင့် ငါတို့နယ်နိမိတ်မဲ့မင်းဆက်တင်မကဘဲ နယ်နိမိတ်မဲ့နယ်မြေတခုလုံးက မင်းကိုကျေးဇူးတင်ရပါမယ်"
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"ကျုပ်က ကျုပ်ရဲ့ဂျုနီယာညီလေးကို ကူညီနေတာပါ"
မုဖူရှန်းက သူညီလေးဖြစ်သည်။
မုချင်းချင်းက မုဖူရှန်း၏ညီမငယ်ဖြစ်သည်။
သူတို့နှစ်ဦးအကြားဆက်ဆံရေးက အတော်လေးကောင်းမွန်လေရာ သူကူညီရပေမည်။
မင်းဆရာက အပြုံးဖြင့်မုတ်ဆိတ်ဖြူများကိုထိရင်း ရှောင်ဟိုင်ကိုကြည့်ကာ ရှင်းမပြနိုင်သည့်အပြုံးတပွင့်ဖော်ပြလိုက်သည်။
"မင်းမှာ တာအိုလက်တွဲဖော်ရှိလား"
တာအိုလက်တွဲဖော်!
ဤသည်ကိုကြားသောအခါ ရှောင်ဟိုင်အံ့ဩသင့်သွားပြီးနောက် မသိစိတ်က ခေါင်းခါယမ်းလိုက်မိသည်။
ချက်ချင်းဆိုသလို မင်းဆရာက မုချင်းချင်းကို လက်ညိုးထိုးပြသည်။
"ငါတို့ရဲ့ဂုဏ်သရေရှိမင်းသမီးလေးကိုရော အင်းဘယ်လိုထင်လဲ"
မုချင်းချင်း ချက်ချင်းရှက်သွေးဖြာသွားပြီး နူးညံ့စွာပြောသည်။
"ဆရာ၊ ဘာတွေပြောနေတာလဲ"
မင်းဆရာက မုချင်းချင်းကိုလျစ်လျုရှုထားပြီး အပြုံးဖြင့်ဆက်ပြောသည်။
"ငါဆုံးဖြတ်ချက်မချနိုင်ဘူးဆိုပေမယ့် မိတ်ဆွေလေးရဲ့ ပါရမီ၊ ခွန်အားအရဆိုရင် အရှင်မင်းကြီးနဲ့ ငါစကားပြောလိုက်ရင် သူသေချာပေါက်ငြင်းမှာမဟုတ်ဘူး"
"ပြီးတော့ ငါတို့ရဲ့မင်းသမီးကမဆိုးဘူး၊ သူ့ရဲ့ပါရမီနဲ့ခွန်အားကို ထူးချွန်သူတွေအကြား ထိပ်တန်းအဆင့်လို့သတ်မှတ်လို့ရပြီး နယ်နိမိတ်မဲ့နယ်မြေရဲ့ စစ်အင်အားကိုလည်း ပိုင်ဆိုင်ထားသေးတယ်"
ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့်မုဖူရှန်းတို့က အချင်းချင်းကြည့်လိုက်ကြ၏။
သူတို့ကဆွံအနေကြသည်။
ဘာလားဟ၊ အောင်သွယ်ပေးနေတာလား!
သို့စေကာမူ ရှောင်ဟိုင်၏တုံ့ပြန်မှုက လူတိုင်းမျှော်လင့်ထားသည်ထက်သာလွန်နေသည်။
ရှောင်ဟိုင်ခေါင်းခါယမ်းကာငြင်းလိုက်၏။
"ကျုပ်တာအိုလက်တွဲဖော်တစ်ယောက်ရှာဖို့ မတွေးတောချင်သေးပါဘူး"
အရမ်းရိုးရှင်းပြီး ကွေ့ကောက်သွယ်ဝိုက်ပြောဆိုနေခြင်းမျိုးမရှိ။
ထိုစကားကိုကြားသောအခါ မင်းဆရာက နောင်တရစွာသက်ပြင်းချလိုက်သည်။
"နားလည်ပါပြီ"
ဆိုလိုတာက ရှောင်ဟိုင်လိုလူတစ်ယောက်ကို အနိုင်မယူနိုင်ခဲ့ခြင်းက တကယ် ၀မ်းနည်းစရာကောင်းသည်။
ဘေးကကျန်းဝူဖန်းကလည်း ဤမြင်ကွင်းကို ဆွံအစွာကြည့်နေသည်။
တကယ့်မြေခွေးအိုကြီးပဲ!
မုဖူရှန်းကိုပေးတာနဲ့တင်မလုံလောက်ဘဲ မင်းသမီးကိုပါ ပေးလိုက်ချင်တာလား!
ထို့နောက် မူစီချန်းကရှေ့တိုးကာ ယဲ့ချိုးပိုင်အားကြည့်လိုက်သည်။
"ကျုပ်ညီမက ခင်ဗျားကိုတကယ်သိတယ်"
ထိုစကားများကိုကြားရသောအခါ ယဲ့ချိုးပိုင်အနည်းငယ်အံ့ဩသင့်သွားသော်လည်း အလွန်ပျော်သွားသည်။
မုစီချန်းပြောဆိုနေသည့်ညီမလေးဆိုသူက မုဇီရှင်းပေတည်း။
"အခြေအနေကရောဘယ်လိုနေလဲ"
မုစီချန်းခေါင်းညိတ်သည်။
"အဆင်တော့ပြေပါတယ်၊ ဒါပေမယ့် မိသားစုကထွက်သွားလို့မရသေးဘူး"
ယဲ့ချိုးပိုင်ပြောသည်။
"နားလည်ပြီ၊ ဇီရှင်းခနစောင့်နေပါစေ၊ ကျုပ်သူ့ဆီမကြာခင်သွားလိုက်ပါမယ်"
မုစီချန်းက ယဲ့ချိုးပိုင်၏ ရိုးသားသော မျက်လုံးများကိုကြည့်လိုက်သည်။
"ခင်ဗျားနဲ့ကျုပ်ညီမလေးကြားက ဆက်ဆံရေးကဘယ်လိုလဲဆိုတာ ကျုပ်မသိပေမယ့် တခုတော့သတိပေးပါရစေ"
"တကယ်လို့သူမကိုမိသားစုထဲကနေ ခေါ်သွားမယ်ဆိုရင်တော့ အဲဒါနည်းနည်းခက်ခဲနိုင်တယ်"
စကားပြောပြီးနောက် မုဖူရှန်း ထိုနေရာကနေ မုမိသားစု၏အစွမ်းထက်ပညာရှင်များနှင့်အတူထွက်သွားလေတော့သည်။
မိုယွန်ခရီးစဉ်ကပြီးဆုံးသွားပါပြီ။
လူတိုင်းကအိမ်ပြန်ရန်အတွက် စီစဉ်နေကြသည်။
မိုယွန်၏အမွေကိုလုရန်အထိ မည်သူကမှ မမိုက်မဲကြသေးပါ။
ရှောင်ဟိုင်က မိုယွန်စွမ်းအားကို ထိန်းချုပ်နိုင်သည်ကို သူတို့တွေ့ခဲ့ကြသည်မဟုတ်ပေလော။
သူတို့ဘာတခုမှမလုပ်ရသေးခင် အပိုင်းပိုင်းအစစသေသွားကြရပေလိမ့်မည်။
အနက်ရောင်ကြိတ်စက်ဆီသို့ ထပ်မံစတေးရန်အချိန်ကျရောက်လာမည်ဆိုပါက မည်သူကခုခံနိုင်တော့မည်နည်း။
ဤနေရာရှိမည်သူကမှ ခုခံနိုင်မည်မဟုတ်ပေ။
ထို့ကြောင့်ဒီနေရာတွင် ဆက်နေနေတာက အဓိပ္ပာယ်မရှိတော့ပါ။
သူတို့က နယ်မြေပြင်ပကမိစ္ဆာများ၏ အစီအစဉ်ကို အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့သော်လည်း အန္တရာယ်ကို လုံး၀ဖယ်ရှားလိုက်နိုင်ပြီဟု ဆိုလိုနေခြင်းမဟုတ်။
ရန်သူများကအချိန်မရွေးရောက်လာနိုင်သည်။
နယ်မြေပြင်ပကမိစ္ဆာများ၏စွမ်းအားက သူတို့ထက်အများကြီးပိုသည်။
ကျန်းဝူဖန်း ဤမြင်ကွင်းကိုဘေးကနေ ကြည့်ပြီးနောက်သတိပေးလိုက်သည်။
"ချိုးပိုင်၊ မင်းနဲ့မုမိသားစုကြားမှာ ကိစ္စတခုခုရှိလို့လား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒီလိုဆိုရင် ငါလည်းမင်းကိုသတိပေးပါရစေ၊ မုမိသားစုက နယ်နိမိတ်မဲ့နယ်မြေမှာ သက်တမ်းအရင့်ဆုံးမိသားစုသုံးခုထဲက တခုပဲ"
"ဒါကတကယ်မလွယ်ကူဘူး"
"ဒါ့အပြင် ဒီမိသားစုသုံးခုက သူတို့ရဲ့သွေးဆက်တွေကို အထူးအာရုံစိုက်ထားကြတယ်၊ မုဇီရှင်းရဲ့သွေးကြောက နှစ်တသောင်းမှာ တယောက်ရခဲတဲ့ အသန့်စင်ဆုံးသွေးကြောလို့ငါကြားခဲ့တယ်"
"ဒါကဘာကိုဆိုလိုတာလဲဆိုတာ မင်းနားလည်လား"
အပိုင်း(413) coming။