← Chapters

#စိတ်ဝိဉာဉ်ခုနှစ်ခုနှင့်ခြောက်ခု#

Vol. 29 Ch. 413

#စိတ်ဝိဉာဉ်ခုနှစ်ခုနှင့်ခြောက်ခု#

Vol. 29 Ch. 413

နယ်နိမိတ်မဲ့နယ်မြေ၏ မိသားစုသုံးခုက ရှေးခေတ်ကနေ ယနေ့အထိ လက်ဆင့်ကမ်းတည်ရှိလာပြီး ယနေ့ နယ်နိမိတ်မဲ့မင်းဆက် နယ်နိမိတ်မဲ့နယ်မြေ၏ အချုပ်အချာအာဏာရှင်နှင့်ယှဉ်ပါက အတော်လေးကြာရှည်စွာတည်ရှိခဲ့သည်။

မိသားစုသုံးစုက ပုံမှန်မဟုတ်စွာပင် နိမ့်ချထားပြီးနေခဲ့ကြသည်။

အခြေခံအားဖြင့် မိသားစုမှ မည်သည့်လူငယ်မျိုးဆက်ကိုမှ လေ့ကျင့်နေခဲ့တာကို မည်သူမှမတွေ့ခဲ့ကြပေ။

တချိန်တည်းမှာပင် သူတို့တွင် နယ်နိမိတ်မဲ့နယ်မြေရှိ အရင်းအမြစ်များနှင့်စွမ်းအားအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိပါ။

နယ်နိမိတ်မဲ့မင်းဆက်ပင်လျှင် ဤရှေးဟောင်းမိသားစုသုံးစုကို ကြောက်ရသည်။

အကယ်၍ ရန်သူများက နယ်နိမိတ်မဲ့နယ်မြေအား ကြီးစိုးရန်အတွက် ယှဉ်ပြိုင်လိုပါက လက်ရှိနယ်နိမိတ်မဲ့မင်းဆက်တွင် အရှင်မင်းကြီးကသာ နယ်မြေ၏တစ်ဦးတည်းသောအရှင်သခင်မဟုတ်ဘဲ ရှေးဟောင်းမိသားစုသုံးစု၏ခွန်အားကလည်း တွေးတော၍မရနိုင်လောက်အောင် ကြီးမားလှပေသည်။

ကျန်းဝူဖန်း၏စကားလုံးများကို ယဲ့ချိုးပိုင်အရင်ကကြားဖူးသည်။

မိသားစုသုံးစုတွင် ကိုယ်ပိုင်သွေးမျိုးဆက်များရှိကြသည်။

၎င်းတို့၏ဘိုးဘေးများ တာအိုနယ်ပယ်ကို ချိုးဖျက်ခဲ့ကြသည့်တည်ရှိမှုမျိုးဖြစ်ကာ သဟဇာတတာအိုနယ်ပယ်ကိုချိုးဖျက်ပြီး အထက်နယ်ပယ်ကို ရောက်ရှိခဲ့ကြသည်။

ထို့နောက်၎င်းတို့၏ သားစဉ်မြေးဆက်များက သွေးဆက်ကို ဆက်လက်ထိန်းသိမ်းခဲ့ကြသည်။

ပါရမီတခုတည်းတင်မဟုတ်ဘဲ ကိုယ်ခွန်အားပိုင်တွင်သာ သူတို့က သာမန်လူများထက် အများကြီးပိုအားကောင်းသည်။

သွေးကြောများကို ‌ရောသွားခြင်းကနေ ကာကွယ်ရန်အတွက် ခေါင်းဆောင်သုံးဦးက တာအိုလက်တွဲဖော်ရွေးချယ်မှုတွင် အတော်လေးအလေးထားသည်။

ယေဘုယျအားဖြင့် ခေါင်းဆောင်သုံးဦးက တာအိုလက်တွဲဖော်ကို အချင်းချင်းဆီကနေ ရှာဖွေကြသည်။ သို့မဟုတ် သွေးကြောအားနည်းသည့်မိသားစု၀င်များက ပြင်ပလူများနှင့် တာအိုလက်တွဲဖော်ဖွဲ့နိုင်သည်။

သို့သော် မုဇီရှင်းက နှစ်တသောင်းတွင် တယောက်သာရှိသည့် မုမိသားစု၏ အသန့်စင်ဆုံးကောင်မလေးဖြစ်သည်။

ထို့ကြောင့် ပြင်ပလူများနှင့်တာအိုလက်တွဲဖော်ဖွဲ့ခွင့်ပေးမည်မဟုတ်တာ သိသာထင်ရှားနေသည်။

သွေးစွမ်းအားက လူအများစုအတွက် သူတို့၏ကိုယ်ခွန်အားနှင့်ပါရမီကို အကြီးအမားမြှင့်တင်ရန် အတော်လေးအသုံး၀င်သည့်အရာတခုဖြစ်သည်။

သို့စေကာမူ လူတချို့အတွက်မူ ဒါက အဟန့်အတားအလွှာတခုလည်းဖြစ်သည်။

ထို့ကြေုင့် ကျန်းဝူဖန်းထိုသို့ပြောရခြင်းပင်။

ယဲ့ချိုးပိုင်အပြုံးဖြင့်ဖြေသည်။

"ဒီလိုဆိုရင်တောင် မကြိုးစားရင် ဘယ်လိုသိနိုင်မှာလဲ"

ရှင်းရှင်းပြောရမည်ဆိုပါက သွေးမျိုးဆက်၏အထက်တွင်ရှိနေလျှင်ပင် ပေါင်းစပ်ပါကရော ဘာအရေးနည်း။

ယဲ့ချိုးပိုင်နောက်တွင် မည်သူရပ်နေလေသနည်း။

သွေးကြောစွမ်းအားက ရောယှက်ခံလိုက်ရလျှင်ပင် ယခုလိုနောက်ကွယ်က အားကောင်းလှပါက ဒါကအမြတ်လား အရှုံးလား!

အဖြေကရှင်းပါသည်။

သို့သော်နောက်ဆုံးအကြိမ်မတိုင်ခင်အထိ ယဲ့ချိုးပိုင် လုချန်ရှန်းကိုအားကိုးမည်မဟုတ်။

ယခုလိုအရာမျိုးအတွက် သူကကိုယ့်ကိုကိုယ်အားကိုးရန်လိုအပ်ပါသည်။

အကယ်၍ အမျိုးသမီးတစ်ယောက်ကို ရရန် ကိုယ့်ကိုကိုယ်ပင်အားမကိုးနိုင်ပါက ကျင့်ကြံခြင်းက ဘာအတွက်လဲ!

ထို့နောက် နယ်နိမိတ်မဲ့နယ်မြေ အင်အားစုအသီးသီးကလူများက နတ်ဆိုးချောက်ကနေ ထွက်သွားကြသည်။

ယဲ့ချိုးပိုင်၊ ရှီရှန်း၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ကမူ ထိုနေရာ၌ရှိနေသေးသည်။

ရှောင်ဟိုင်က ကျန်သုံးယောက်ကို အနက်ရောင်တံခါးရှိရာသို့ ဦးဆောင်ခေါ်သွားသည်။

အထဲတွင် ရတနာအိမ်တစ်လုံးရှိပြီး အတိတ်က မိုယွန်သို့စူးစမ်းရန်အတွက်လာရောက်ကာ သေဆုံးသွားခဲ့ကြရသည့် မျိုးနွယ်အသီးသီးက အစွမ်းထက်လူများကျန်ထားခဲ့သည့် ပစ္စည်းများစွာပါရှိသည်။

လမ်းတလျှောက်တွင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ရှောင်ဟိုင်ကို ဘာထပ်မှတ်မိခဲ့သလဲ‌ဆိုတာ မမေးခဲ့ပါ။

ဒါကသူ့၏ကိုယ်ပိုင်မှတ်ဉာဏ်များဖြစ်သည်။

အကယ်၍ ရှောင်ဟိုင်သာအရင်မပြောလာပါက သူတို့သုံးယောက်ကလည်း မေးမည်မဟုတ်ပေ။

သို့စေကာမူ ရှောင်ဟိုင်ကယဲ့ချိုးပိုင်တို့ဆီကနေ ဘာတခုမှဖုံးကွယ်မထားတာ သိသာထင်ရှားနေသည်။

မည်သို့ပင်ဆိုစေကာမူ စံအိမ်တော်ကလူတိုင်းကို ရှောင်ဟိုင်က သူ့မိသားစုအဖြစ် မှတ်ယူထားသည်။

"စမ်းသပ်မှုကိုဖြတ်ကျော်ပြီးတော့ ကျွန်တော် မိုယွန်ထိန်းချုပ်ခွင့်တင်မဟုတ်ဘဲ မှတ်ဉာဏ်တပိုင်းတစလည်းရခဲ့တယ်"

သုံး‌ယောက်လုံးက ရှောင်ဟိုင်ကိုကြည့်လိုက်ကြသည်။

ယဲ့ချိုးပိုင်ပြောလိုက်သည်။

"ပြောလို့အဆင်ပြေလား"

ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"ဒါကအနာဂတ်မှာ အစ်ကိုကို့လည်း ပါ၀င်လာစေနိုင်လို့ ကျွန်တော်ပြောပါမယ်"

ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင် တခြားမည်သည့်စကားမှမဆိုတော့ဘဲ ရှောင်ဟိုင်၏ဇာတ်လမ်းကို တိတ်ဆိတ်စွာ နားထောင်ရင်း ခန်းမဆီသို့လျှောက်သွားသည်။

ရှောင်ဟိုင်ဆက်ပြောသည်။

"မှတ်ဉာဏ်အပိုင်းအစတွေထဲမှာ ကျန်တော်အရင်က အရမ်းအားကောင်းပြီး အစွမ်းထက်ခဲ့ပုံပဲ၊ ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုရင် သက်ရှိအားလုံးကို ပုရွက်ဆိတ်တွေအဖြစ် ရှုမြင်နိုင်တဲ့အထိတဲ့"

ဒီအချက်ကို ယဲ့ချိုးပိုင်တို့ကသံသယမဖြစ်ကြပါ။ သူတို့က ဝေဝါးဝါးခန့်မှန်းမိကြပြီဖြစ်သည်။

ရှောင်ဟိုင်၏နောက်ခံကမရိုးရှင်းပေ။

"ဒါပေမယ့် တစုံတခုအတွက်တော့ ကျွန်တော်အဲဒါကို မမှတ်မိနိုင်သေးဘူး"

"အဲဒီအရာကြောင့်ပဲ ကလန်ထဲက တချို့အားကောင်းတဲ့လူတွေက အဖွဲ့ဖွဲ့ပြီး ကျွန်တော့ကို ပိတ်ဆို့ပြီး ပုန်ကန်ဖို့ ပူးပေါင်းလိုက်ကြတယ်"

"ပြီးတော့ ကျွန်တော်လှည့်ကွက်ထဲကို ကျသွားပြီး အပြင်းအထန်ဒဏ်ရုရသွားခဲ့တယ်၊ စိတ်ဝိဉာဉ်ခုနှစ်ခုနဲ့ခြောက်ခု၊ ခြောက်ခု၊ စိတ်ဝိဉာဉ်ငါးခု အဲလိုပြန့်ကြဲသွားခဲ့တယ်"

"ပြီးတော့ ဒီမှတ်ဉာဏ်အပိုင်းအစတွေက တခြားမှတ်ဉာဏ်တွေမဟုတ်ဘဲ ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ်ခြောက်ခုနဲ့ ငါးခုပဲ"

"အခု ကျွန်တော်နှစ်ခုတွေ့ခဲ့ပြီ...."

"အဲဒီလူတွေကအရမ်းအားကောင်းပြီး အနည်းဆုံးလက်ရှိ ကျွန်တော့်အတွက်တော့ မခုခံနိုင်လောက်အောင်သန်မာကြတယ်"

ရှီရှန်းမေးလိုက်သည်။

"သူတို့က ဆရာ့ရဲ့ပြိုင်ဘက်တောင်ဖြစ်နိုင်တာလား"

ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"ဆရာ့ရဲ့ခွန်အားကို ငါကိုယ်တိုင်တောင်နားမလည်သေးဘူး၊ ဒီတော့ဒါကို အကဲဖြတ်လို့မရဘူး"

"အခု ဝိဉာဉ်နှစ်ခုကိုပြန်ရပြီဆိုတော့ တဖက်လူကလည်း ကျွန်တော်အသက်ရှင်နေတာကို သတိထားမိသွားလိမ့်မယ်၊ ဒီတော့ ခွန်အားအကုန်သုံးပြီး အနီးစပ်ဆုံးဘယ်နေရာတွေမှာရှိသလဲ‌ဆိုတာ သေချာပေါက် ရှာဖွေရမယ်"

ထိုစကားလုံးများကိုကြားရသောအခါ ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ဆိုလိုတာက အနာဂတ်မှာ မင်းအခြေအနေက အရမ်းအန္တရာယ်များနေပြီပေါ့"

ရှောင်ဟိုင်တိတ်ဆိတ်နေသည်။

ထို့နောက်သူချက်ချင်းပြောသည်။

"ဒါပြီးရင်တော့ ကျွန်တော်တစ်ယောက်တည်းဖြစ်....."

သူစကားပြောမပြီးသေးခင်မှာပင် ယဲ့ချိုးပိုင်စကားပြောသည်ကို ၀င်ရောက်ရာ ရှောင်ဟိုင်ပခုံးကိုပုတ်ရင်း အပြုံးဖြင့်ပြောသည်။

"ဒါကပြဿာနာကြီးတော့မဟုတ်ပါဘူး၊ အနည်းဆုံးတော့ ရန်သူကမင်းရဲ့တိကျတဲ့ တည်နေရာကိုမသိဘူးလေ၊ ဟုတ်တယ်မလား"

ရှောင်ဟိုင်တခဏမျှတုံ့ဆိုင်းနေပြီးနောက် တိုးတိုးလေးပြောသည်။

"ကျွန်တော်တတိယဝိဉာဉ်ကိုရှာတွေ့တဲ့အခါကျရင် ကျွန်တော့်တည်နေရာကို သူတို့ မှိန်မှိန်လေးသတိထားမိလာလိမ့်မယ်"

စိတ်ဝိဉာဥ်ခြောက်ခုနှင့်ငါးခုကိုမူ ရှောင်ဟိုင်ပြန်လည်ရှာဖွေရပေမည်။

ယဲ့ချိုးပိုင်ကြားဝင်ပြောသည်။

"ဒီတော့ ငါတို့ပိုပြီးကြိုးကြိုးစားစားကျင့်ကြံရတော့မှာပေါ့"

ရှောင်ဟိုင်ခေါင်းမော့ကာ ယဲ့ချိုးပိုင်ကို အံ့ဩသင့်တကြီးကြည့်လိုက်မိသည်။

ရှီရှန်းကလည်းပြုံးလိုက်သည်။

"စီနီယာအစ်ကို၄၊ အစ်ကို ပြောပြနိုင်တယ်ဆိုမှတော့ ကျွန်တော်တို့ကို ဆွေမျိုးလို့ သတ်မှတ်တယ်လို့ ဆိုလိုနေတာပဲလေ၊ ဒီလိုဆိုမှတော့ ထပ်ပြောနေစရာလိုသေးလို့လား"

မုဖူရှန်းကလည်းအကူအညီမဲ့စွာသက်ပြင်းချသည်။

"ပထမဆုံးအကြိမ်က မသိသေးတာအရမ်းများခဲ့တယ်၊ ဒီတော့ ကျွန်တော့်အစီအစဉ်အရ အနည်းဆုံး နှစ်ထောင်ချီကြာ ဘေးကင်းကင်းနဲ့ပုန်းကွယ်လို့ရနေဦးမယ်"

"ဒါပေမယ့် အခုဒီလိုအနေအထားရောက်နေပြီ‌ဆိုမှတော့လည်း အစ်ကိုဘာမှထပ်မလုပ်နိုင်တော့ဘူးလေ"

စ‌ကားပြောပြီးသည်နှင့် မုဖူရှန်းလက်အစုံကို ဆန့်တန့်လိုက်သည်။

သူ့အသံကအကူအညီမဲ့နေပုံရသော်လည်း သူကရှောင်ဟိုင်ကိုလုံး၀အပြစ်တင်နေခြင်းမဟုတ်ပါ။

ထိုစကားလုံးများ၏ဆိုလိုရင်းက ရှောင်ဟိုင်နှင့်အတူရပ်တည်ရန်ဆုံးဖြတ်ချက်လည်းဖြစ်သည်။

ဤသည်ကိုကြားသောအခါ ရှောင်ဟိုင်အပြုံးဖြင့် ခေါင်းကုတ်ရင်း ခေါင်းညိတ်သည်။

"ကောင်းပါပြီ၊ အနာဂတ်မှာ ကျွန်တော် အစ်ကိုတို့နဲ့ ဂျူနီယာညီ‌လေးကို သေချာပေါက်ကာကွယ်ပေးပါမယ်"

ယဲ့ချိုးပိုင် "....."

ထိုစကားကြားပြီးနောက် အစ်ကိုကြီးအဖြစ် သူ့ပုံရိပ်က အတုဟုပင် ယဲ့ချိုးပိုင်ခံစားလာရသည်။

ဟုန်ရင်က ကိုးယောက်မြောက်ဘုရင်မ!

နင်းချန်ရှင်းက ကွန်ဖြူရှပ်နှင့်တာအိုဝါဒကိုပေါင်းစည်းထားသည်!

ရှောင်ဟိုင်က နတ်ဆိုးဘုရင်!

ရှီရှန်းက ကြယ်စွမ်းအား!

မုဖူရှန်းက ဆရာ၏အလေးအနက်သဘောကျခြင်းကိုခံရသူ!

သူကအစ်ကိုကြီးတယောက်အနေဖြင့် ဖိအားအများကြီးအောက်တွင် ကျရောက်နေသည်ဟုဆို၍ရသည်။

လေးယောက်သား အနက်ရောင်ခန်းမသို့ ရောက်လာသောအခါ ကြောက်ခမန်းလိလိ မှော်စွမ်းအင်များက စိမ့်၀င်လာပြီး အဓိကခန်းမ၏၀င်ပေါက်၌ ဆံပင်နက်လူက ရှေ့တိုးကာ ဒူးထောက်လိုက်သည်။

"နတ်ဆိုးအရှင်ကိုအရိုအသေပေးပါတယ်"

ရှောင်ဟိုင်လက်မြှောက်လိုက်သည်။

"ထပါ"

ဆံပင်နက်လူကထရပ်ကာပြောသည်။

"နတ်ဆိုးအရှင်၊ အရှင်အသက်ရှင်ကျန်သေးတဲ့သတင်းကို သူပုန်တွေသိသွားကြလိမ့်မယ်၊ ဒီတော့ အနာဂတ်အပြုအမူတွေမှာ အရှင်ဂရုစိုက်ရမယ်၊ ဝိဉာဉ်သုံးခုစွမ်းအားကို အသက်မသွင်းဖို့သတိရပါ၊ မဟုတ်ရင် တဖက်လူက အလွယ်တကူသတိထားမိသွားလိမ့်မယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

"ကျုပ်တို့ကို ရတနာခန်းမကိုခေါ်သွားပါ"

ဆံပင်နက်လူကခေါင်းညိတ်သည်။

ယခုရှောင်ဟိုင်က မိုယွန်တခုလုံး၏ပိုင်ရှင်ဖြစ်သည်။ ရတနာခန်းမက ဗလာဖြစ်နေလျှင်ပင် ဘာတခုမှပြောစရာမရှိ။

.....

တခြားတဘက်တွင် မင်းသားလင်းလုံ၏ ကိုယ်ပိုင်အစောင့်များက သွေးကြောတောင်သို့ရောက်လာကြသည်။

အပိုင်း(414) coming။

All Chapters