#အပြစ်တင်ခြင်း#
Vol. 29 Ch. 414
သွေးကြောတောင်အပြင်ဘက်တွင် မူလက ထိုနေရာ၌တပ်စွဲထားသည့်အင်ပါယာအစောင့်များက အသတ်ခံရသလို ဒဏ်ရာများလည်းရနေကြပြီး အလောင်းများက နေရာတိုင်းတွင်ရှိနေသည်။
တချိန်တည်းမှာပင် ဒဏ်ရာရနေသူအားလုံးကို ကုသရန်အတွက် လုံချီမြို့သို့ ပြောင်းရွေ့ထားကြသည်။
ကယ်တင်ခံရသူများအား လုံချီမြို့တင်မဟုတ်ဘဲ နယ်စပ်မြို့အသီးသီးကလူများကသာ ကူညီထောက်ပံ့ပေးရန်အတွက် သွားကြသည်။
တချိန်တည်းတွင် အင်ပါယာမင်းဆက်မှ လူများနှင့်အတူ ရှန်ကျင်းကုန်သည်များအသင်းကလည်း ဤနေရာသို့ ရောက်လာကြသည်။
ရှန်ကျင်းကုန်သည်များအသင်းက ကုသရေးဆေးလုံးများစွာကို အခမဲ့ထောက်ပံ့ပေးသည်။
ထိုဆေးလုံးများ၏အဆင့်နှင့်အရည်အသွေးက မနိမ့်ကျသော်လည်း ဒဏ်ရာရနေသူများ၏ဒဏ်ရာများက အတော်လေးပြင်းထန်သည်။
သူတို့က အဆင့်မြင့်ကုသဆေးလုံးများကိုသုံးခဲ့သည့်တိုင် လူအများစုက တိုက်ပွဲအတွင်းသေဆုံးခဲ့ကြသည်။
ယခုတကြိမ်တွင် လုံချီမြို့က မြူနှင်းမှုန်များဖြင့် ရစ်ဝဲနေလေသည်။
မြို့တော်၀န်စံအိမ်တွင် မင်းဆက်ကလူများသာမက ပင်မဂိုဏ်းများ၏နယ်စပ်မြို့များနှင့် ရှန်ကျင်းကုန်သည်များအသင်းက လူများပါ အစည်းအဝေးလုပ်နေကြသည်။
"ဒါဘယ်သူလဲ"
"နယ်မြေပြင်ပကမိစ္ဆာတွေများလား"
ရှန်ကျင်းကုန်သည်းများအဖွဲ့၀င်က အမျိုးသမီးငယ်လေးတစ်ဦးဖြစ်သည်။
သူမကအတော်လေးသိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းကာ ထူးခြားသည့်အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။
အမျိုးသမီးကခေါင်းခါယမ်းသည်။
"မဖြစ်နိုင်ဘူး၊ သွေးကြောတောင်ပြင်ပက စည်းတံဆိပ်အစီအရင်က လုံးဝမပြိုကွဲသေးတော့ ဒီလိုလှုပ်ရှားမှုကို တိတ်တဆိတ်လှုပ်ရှားပြီး တချိန်တည်းမှာ ထွက်သွားနိုင်တဲ့မိစ္ဆာကလန်ကလူက မိစ္ဆာဘုရင်အဆင့်ဖြစ်ရမယ်"
"ပြီးတော့ သူက မိစ္ဆာဘုရင်တွေအကြား အားအကောင်းဆုံးဖြစ်လိမ့်မယ်"
"ဒါပေမယ့်ဒါကမဖြစ်နိုင်ဘူး"
ထိုအမျိုးသမီးက သုံ့ရှောင်ချင်းဖြစ်သည်။
သုံ့ရှောင်ချင်းက တာ၀န်ရှိသူဖြစ်သည်သာမက ရှန်ကျင်းကုန်သည်များအသင်း၌ နောက်ထပ်အထောက်အထားတခုလည်းရှိသေးသည်။
သူမက ရှန်ကျင်းကုန်သည်များအသင်း၏ သူတော်စင်မဖြစ်နေခြင်းပင်။
ထို့နောက် ကုန်သည်များအသင်းဥက္ကဌ သုံ့၀မ်ကိုင်၏ သမီးလည်းဖြစ်သည်။
မိစ္ဆာဘုရင်များအကြား အားသာချက်နှင့်အားနည်းချက်များရှိသည်။ အစွမ်းထက်မိစ္ဆာဘုရင်ဆိုပါက တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်ရှိလျှင်ပင် ပြိုင်ဘက်မဟုတ်ပါ။
သုံ့ရှောင်ချင်း၏စကားလုံးများကို ကြားရသောအခါ မင်းဆက်ကလူတိုင်းက လေးနက်စွာပြောသည်။
"ဒါဆိုရင်ဘယ်သူဖြစ်နိုင်မလဲ၊ ဒီလိုအရေးပါတဲ့အချိန်မှာဆိုရင် အတွင်းက တယောက်ယောက်က ဒီလိုလုပ်တာများဖြစ်နိုင်မလား"
တချိန်တည်းမှာပင် မင်းဆက်၏ နောက်ထပ်အဖွဲ့၀င်တစ်ဦးက နယ်စပ်မြို့၏ အခြေအနေကို တာ၀န်ယူထားရသည့် ဝူလင်ဘုရင်ဖြစ်သည်။
ဝူလင်ဘုရင်က အမူအရာဖြင့်ဆန့်ကျင်ကာ ဒေါသတကြီးပြောသည်။
"ဒီလိုဆိုရင် ဒီလူကိုချက်ချင်းသိရဖို့လိုနေပြီ"
"နယ်နိမိတ်မဲ့နယ်မြေရှင်သန်မှု ဒါမှမဟုတ် အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးက ဒီလိုအခြေအနေရှိနေတဲ့အချိန် တယောက်ယောက်က ဒီလိုလုပ်တယ်ဆိုရင် သူ့ဝိဉာဉ်ကို ထာ၀ရဘယ်တော့မှ မမွေးဖွားလာရအောင် သတ်ပစ်ရမယ်"
သုံ့ရှောင်ချင်း မြန်မြန်ပြောလိုက်သည်။
"ဝူလင်ဘုရင်၊ အခုအရမ်းစိတ်လှုပ်ရှားမနေပါနဲ့ဦး၊ ဒါကရှင့်ရဲ့အတွေးကိုသက်ရောက်လိမ့်မယ်၊ အခုလုပ်ရမှာက စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ဒီလူကိုရှာဖွေဖို့ပဲ"
ဝူလင်ဘုရင်ကအေးစက်စွာနှာခေါင်းရှုံ့ပြီးနောက် ပြန်ထိုင်လိုက်သည်။
သုံ့ရှောင်ချင်းနောက်က အဖိုးအိုက ဤမြင်ကွင်းကို အေးစက်သည့်အမူအရာဖြင့် ကြည့်နေသည်။
သို့သော်သူကမလှုပ်ရှားပေ။
မည်သို့ပင်ဆိုစေကာမူ လက်ရှိအခြေအနေတွင် မျက်နှာလှည့်ရန်မသင့်တော်ပါ။ ရှန်ကျင်းကုန်သည်များအသင်း ဤနေရာသို့ လာရသည့်အကြောင်းရင်းက နယ်နိမိတ်မဲ့နယ်မြေအတွက်တင်မဟုတ်ဘဲ သူတို့ကိုယ်တိုင်အတွက်လည်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နယ်မြေပြင်ပကမိစ္ဆာများသာ နယ်နိမိတ်မဲ့နယ်မြေ သို့မဟုတ် အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးကို သိမ်းပိုက်မည်ဆိုပါက သူတို့စီးပွားရေး မည်သို့လုပ်ရတော့မည်နည်း။
ဒါက ရှန်ကျင်းကုန်သည်များအသင်း၏ ဘဏ္ဍာရေးအရင်းအမြစ်များကို ဖြတ်တောက်လိုက်ခြင်းနှင့်ညီမျှသည်။
မင်းဆက်၏ကိုယ်စားလှယ် မင်းသားယွမ်ကလည်းခေါင်းညိတ်သည်။
"သူတော်စင်မပြောတာမှန်တယ်၊ အခုစိတ်တည်တည်ငြိမ်ငြိမ်ထားသင့်တယ်"
မင်းသားယွမ်က ဧကရာဇ်မုကျန်းထင်၏ ညီတော်ဖြစ်သည်။
နှစ်ဦးသားအကြားက ဆက်ဆံရေးက အတော်လေးကို သဟဇာတဖြစ်သည်။
ထို့ကြောင့် မင်းသားယွမ်က ပြည်ပရေးရာကိစ္စများစွာကိုကိုင်တွယ်သည်။
မင်းသားယွမ်က ဝူလင်ဘုရင်ကိုကြည့်လိုက်သည်။
"ဝူလင်ဘုရင်၊ ခင်ဗျားကနယ်စပ်ရဲ့တာ၀န်ခံပဲ၊ ဒီဒေသကခင်ဗျားရဲ့လုပ်ပိုင်ခွင့်အောက်မှာရှိတာဆိုတော့ ကျုပ်ခင်ဗျားကို အားကိုးရဦးမယ်"
ဝူလင်ဘုရင်ခေါင်းညိတ်သည်။ သူ့မျက်လုံးများက ဒေါသဝေဆာနေသေးသည်။
နောက်တဆင့် ဆက်လက်စုံစမ်းခြင်းပင်။
တကယ်တမ်းတွင် စုံစမ်းရေးနယ်ပယ်က အတော်လေးသေးသဖြင့် အင်မတန်ခက်ခဲသည်။
ယခုလိုအရာမျိုးကိုလုပ်နိုင်သည့်လူက သေချာပေါက် သဟဇာတတာအိုနယ်ပယ် သို့မဟုတ် ယင်းထက်ပင်မြင့်ရပေမည်။
နယ်နိမိတ်မဲ့နယ်မြေတခုလုံးတွင်ပင် တာအိုနယ်ပယ်ကျင့်ကြံသူများက မည်မျှပင် ရှိလေသနည်း။
သွေးကြောတောင်တန်း၌ စုစည်းနေသည့် သဟဇာတတာအိုနယ်ပယ်စွမ်းအားရှင်များဆိုပါက လက်နှစ်ဖက်ဖြင့်ပင် ရေတွက်၍ရသည်။
သို့သော် ဤတာအိုနယ်ပယ်က အစွမ်းထက်လူများအားလုံးက မောက်မာကြသည်။
မည်သူကများ စုံစမ်းစစ်ဆေးမှုကိုလက်ခံမည်နည်း။
သို့သော် ဤလူပ်ဆောင်မှုတွင် ဝူလင်ဘုရင်က အတော်လေးခေါင်းမာနေခဲ့သည်။
ဤအားကောင်းသည့်တာအိုပညာရှင်များနှင့်နောက်ကွယ်က အင်အားစုများကို စော်ကားရန်အတွက် မတုံ့ဆိုင်းတော့ရန် ဆုံးဖြတ်ထားသည့်လူများက အတင်းအဓမ္မစစ်ဆေးမှုများလုပ်တော့မည်ဟု ဆို၍ရသည်။
သို့သော်စုံစမ်းစစ်ဆေးမှုဖြစ်စဉ်၌ ဘာတခုမှမရှာတွေ့သေးပေ။ ဆန့်ကျင်ဘက်ဖြင့် သူတို့က တာအိုနယ်ပယ်ကစွမ်းအားရှင်များကိုပင် စော်ကားမိခဲ့ကြသည်။
ညဘက်တွင် ဝူလင်ဘုရင်အိမ်တော်၌ သူ့ရှေ့တွင် အနက်၀တ်လူခုနှစ်ယောက်ရှိသည်။
"ရလဒ်ကမထွက်လာသေးဘူး၊ ဘယ်သူကများ ဒီလိုအရာကိုလုပ်ခဲ့တာလဲ"
အနက်၀တ်တစ်ယောက်က လူသားဆန်စွာပြောသည်။
"ကျုပ်တို့တတ်နိုင်သမျှမြန်မြန်ရှာဖွေဖို့အတွက် မင်းသားအမိန့်ပေးလိုက်တယ်၊ မဟုတ်ရင် မင်းသားရဲ့အနာဂတ်အစီအစဉ်တွေကို ထိခိုက်လိမ့်မယ်"
ဝူလင်ဘုရင်၏မျက်နှာကကြည့်ရဆိုးနေသည်။
ယခုလိုအရာမျိုးလုပ်နိုင်သည့်လူက တာအိုနယ်ပယ်က အစွမ်းထက်လူတစ်ယောက် ဖြစ်ရပေမည်။
သွေးကြောတောင်က တာအိုနယ်ပယ်စွမ်းအားရှင်အားလုံးကို စစ်ဆေးပြီးသွားပြီဖြစ်ကာ မည်သည့်သဲလွန်စမှမရှိချေ။
ဒဏ်ရာရသူများနှင့်သေဆုံးသူများ၏ ဒဏ်ရာများနှင့် အခင်းဖြစ်ပွားရာနေရာ၏ အော်ရာကို စစ်ဆေးပြီးသည့်တိုင် ဘာလက္ခဏာမှထွက်မလာပေ။
ကျုးလွန်သူက ဤမြင်ကွင်းကို ကြိုသိထားပုံရပြီး ခြေရာအားလုံးကိုဖျက်ပစ်ခဲ့သည်။
ထိုစဉ် လူတစ်ယောက်က ကျယ်လောင်စွာ ကြေညာလေတော့သည်။
"အစီရင်ခံတင်ပြပါတယ်၊ သွေးကြောတောင်ပြင်ပက တပ်ရင်းက တိုက်ခိုက်ခံနေရပါတယ်"
ဤသည်ကိုကြားသောအခါ ဘုရင်ဝူလင်၏ အမူအရာကပြောင်းလဲသွားပြီး ချက်ချင်းအော်ဟစ်လိုက်သည်။
"ငါ့နောက်လိုက်ခဲ့ကြ"
ဝူလင်ဘုရင်နှင့်ထိုအနက်၀တ်လူများက သွေးကြောတောင်တန်းသို့ တိုက်ရိုက်သွားလိုက်ကြသည်။
ဘယ်လိုခွေးသတောင်းစားက ဒီလိုလုပ်ရပ်မျိုးလုပ်သလဲဆိုတာ ငါတကယ်သိချင်မိသေးတယ်!
သူတို့သွေးကြောတောင်သို့ရောက်လာသောအခါ အခင်းဖြစ်ရာနေရာ၌ သတင်းပေး၊ ဝူလင်ဘုရင်နှင့် အနက်၀တ်လူများသာရှိနေသည်။
ဝူလင်ဘုရင်က တိုက်ပွဲ၌သေဆုံးနေသည့်လူများစွာကိုကြည့်ရင်း သူ့မျက်နှာက ကြည့်ရဆိုးနေပြီး အသိပေးသည့်လူအား ကြည့်လိုက်သည်။
"တခြားသူတွေဘယ်မှာလဲ"
ဝူလင်ဘုရင်ပြောဆိုသည့်တခြားလူများဆိုတာက မင်းသားယွမ်၊ ရှန်ကျင်းကုန်သည်များအသင်းနှင့် ကျန်သောသူများပင်။
အကြောင်းကြားသည့်လူကပြန်မဖြေဘဲ မျက်နှာဖုံးကို ချွတ်လိုက်သည်။
သူကတော်၀င်စစ်တပ်၏သံချပ်ကာကို ၀တ်ဆင်ထားပြီး စစ်လှံတချောင်းကိုကိုင်ကာ ရှင်းပြ၍မရနိုင်သည့်အပြုံးဖြင့် ရင်ဘတ်အား ရိုက်ချလိုက်သည်။
တချိန်တည်းမှာပင် အော်ရာကလည်း ၎င်း၏ကိုယ်ကိုထိခိုက်သွားစေသည်။
ဖူး.....
သူကပါးစပ်အပြည့်သွေးတလုပ်အန်လိုက်သည်။
မကြာမီချပ်၀တ်ကထိခိုက်ပျက်စီးသွားပြီး တကိုယ်လုံး၌အမာရွတ်များသာ ကျန်နေခဲ့သည်။ တချိန်တည်းမှာပင် အသက်ရှူသံကလည်း နှေးကွေးလာသည်။
ဤမြင်ကွင်းကိုကြည့်ရင်း ဝူလင်ဘုရင်တခဏမျှဆွံအနေပြီးနောက် သူ့မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
ထို့နောက်ဝူလင်ဘုရင်မတုံ့ပြန်နိုင်ခင်မှာပင် သိပ်မဝေးလှသည့်နောက်တွင် မြောက်မြားစွာသော အစွမ်းထက်အော်ရာများက ကျရောက်လာသည်။
ထို့ထဲတွင် မင်းသားယွမ်၊ ရှန်ကျင်းကုန်သည်များအသင်း၏ သူတော်စင်မနှင့် သွေးကြောတောင်သို့ရောက်လာသည့် တာအိုစွမ်းအားရှင်များရှိသည်။
ထိုမြင်ကွင်းကိုမြင်ပြီးနောက်တွင် ဝူလင်ဘုရင်၏မျက်နှာက ဖြူဖျော့သွား၏။
ထို့နောက် သူကသံချပ်ကာကွဲအက်ကာ အသက်မရှုနိုင်ဖြစ်နေသည့် ဟန်ဆောင်သူအားကြည့်ရင်း ရုတ်တရက်တစုံတရာကို နားလည်သွားသည့်အလား ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်းလိုက်တဲ့နည်းဗျုဟာ၊ မုကျန်းထင်က တကယ့်ကိုနည်းစနစ်ကောင်းတခုကို သုံးခဲ့တာပဲ"
"မင်းကကိုယ့်လူကိုယ်ရက်စက်စွာသတ်ပစ်ဖို့အတွက်လည်းဝန်မလေးသလို ငါတို့ကိုလည်း အပြစ်ရှိသူအဖြစ်် သတ်မှတ်စေချင်တာပေါ့"
ပြေးလာနေသည့်မင်းသားယွမ်၊ သုံ့ရှောင်ချင်းနှင့် ကျန်သောသူများက ဤမြင်ကွင်းကိုမြင်ပြီးနောက် ဒေါသမီးထသွားကြသည်။
မင်းသားယွမ်က ဒေါသတကြီးအော်ဟစ်သည်။
"ဒီတော့ လုပ်ခဲ့တာကခင်ဗျားပေါ့"
တာအိုနယ်ပယ်က ကျွမ်းကျင်သူအားလုံးက ရက်အနည်းငယ်အကြာက စုံစမ်းစစ်ဆေးခံရသည်။ မူလကသူအနည်းငယ် အသက်ရှူကျပ်နေမိသည်။
ယခုတွင်မူ အကျဉ်းသားက တကယ်တော့ ဝူလင်ဘုရင်ကိုယ်တိုင်ဖြစ်နေသည်လား!
ဒါကသူတို့ကိုဘယ်လိုလုပ် ဒေါသမထွက်စေမည်နည်း။
သုံ့ရှောင်ချင်းကသာ စဉ်းစားတွေးတောနေပုံရသည်။
ဝူလင်ဘုရင်နှင့် မင်းသားယွမ်ကိုစိုက်ကြည့်ပြီးနောက် အရာများက ဤမျှထိ မရိုးရှင်းဘူးဟု သူမခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် အရာအားလုံးက အတော်လေးတိုက်ဆိုင်လွန်းသောကြောင့်ပင်။
အပိုင်း(415) coming။