← Chapters

#လင်းလုံထွက်ပြေးခြင်း#

Vol. 29 Ch. 415

#လင်းလုံထွက်ပြေးခြင်း#

Vol. 29 Ch. 415

ဘာလို့အရမ်းတိုက်ဆိုင်လွန်းတာလဲ!

အမွေးတိုင်တစ်တိုင်စာအချိန်နောက်ပြန်သွားမည်ဆိုပါက ထိုအချိန်က မင်းသားယွမ်က တာအိုနယ်ပယ်စွမ်းအားရှင်များနှင့် သုံ့ရှောင်ချင်းတို့အုပ်စုဖြင့် နောက်ကွယ်က တကယ့်ပြစ်မှုကျုးလွန်သူအကြောင်းကို ဆွေးနွေးနေခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အရေးပေါ်အစီရင်ခံစာပို့ခဲ့ပြီး လူသတ်သမားက ပေါ်လာကာ သွေးကြောတောင်ပြင်ပက စစ်ဆေးရေးအဖွဲ့အားလုံးကို သတ်ပစ်ခဲ့သည်ဟု ပြောခဲ့သည်။

လူတိုင်းအခင်းဖြစ်ရာနေရာသို့ရောက်သောအခါ သေနေသည့်သံချပ်ကာ၀တ်ခူကိုသာတွေ့ရပြီး ဒေါသထွက်နေသည့် ဝူလင်ဘုရင်နှင့် သူ့နောက်က အ၀တ်နက်လူများသာရှိသည်။

ဒါကအရမ်းတိုက်ဆိုင်လွန်းသည်။

ဤသည်အပြင် ဝူလင်ဘုရင်တို့အဖွဲ့ဖြစ်နေလျှင်ပင် အရင်ကထောင်ချီသည့် စစ်သားများခေါင်းဖြတ်ခံရစဉ်က မည်သည့်လှုပ်ရှားမှုမရှိဘဲ ခြေရာအားလုံးကို ဖျက်ဆီးခဲ့သည်။

လူအနည်းငယ်မျှသာပါ၀င်သည့် ကင်းလှည့်အဖွဲ့ကိုခေါင်းဖြတ်ခဲ့ခြင်းမဟုတ်။

ထို့အပြင် စစ်ဆေးရင်းအဖွဲ့၏အင်အားက စစ်တပ်က လူများထက် ယေဘုယျအားဖြင့် အားနည်းသည်။

သို့သော် တခြားသူများကိုရှာတွေ့ကာ အစီရင်ခံတင်ပြစေပြီး တချိန်တည်းမှာပင် ဆယ့်ငါးမိနစ်အတွင်း၌ အသတ်မခံရသေးသည့်လူတစ်ယောက်ရှိနေသည်လား။

သူတို့ကနောက်မဆုတ်သွားကြဘူးလား!

ဤသည်ကိုမဆိုထားနဲ့၊ ဤကိစ္စကို ကျူးလွန်ထားလျှင်ပင် မည်သည့်အတွက်ကြောင့် ဝူလင်ဘုရင်က စွန့်စားကာ သူ့ကိုယ်သူဖော်ပြရန်အတွက် တုံ့ဆိုင်းမနေခဲ့လေသနည်း။

ကျွမ်းကျင်သူတစ်ဦးထံမှ အကူအညီ လျှို့ဝှက်စွာတောင်းခံခြင်းက ပိုဘေးကင်းသည်မဟုတ်ပေလော။

ဤကြံစည်မှုကိစ္စက တမင်တကာလုပ်ထားခြင်းပင်။

သို့သော် သုံ့ရှောင်ချင်းဘာတခုမှမပြောပါ။

သူမကယခုချိန်တွင် အတည်ငြိမ်ဆုံးလူသားဖြစ်သည်။

မင်းသားယွမ်ကမူမမှန်ပုံရသည်။ သူကဒါကို အကြာကြီးကတည်းကသိထားရပေမည်။

မဟုတ်ပါက မင်းသားယွမ်၏အမြင်၊ IQနှင့်ဆိုပါက ဒီသံသယကို မဖော်ထုတ်နိုင်ဟူသည် မဖြစ်နိုင်ပေ။

တချိန်တည်းမှာပင် တခြားတာအိုစွမ်းအားရှင်များကလည်း ဒေါသထွက်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့က လွန်ခဲ့သောရက်အနည်းငယ်က ဝူလင်ဘုရင်၏ စုံစမ်းစစ်ဆေးမှုကို အတင်းလက်ခံခဲ့ရသည်။

ယခုတွင်မူ တကယ့်လက်သည်တရားခံက ဝူလင်ဘုရင်ဖြစ်နေသည်လား။

ဤကဲ့သို့ မကျေနပ်မှုမျုးကို တာအိုနယ်ပယ်က စွမ်းအားရှင်များတဖြစ်လဲ သူတို့က မည်သို့မည်ပုံလက်ခံနိုင်မည်နည်း။

ဒေါသ၏လွှမ်းမိုးမှုအောက်တွင် သူတို့က အသေးစိတ်အကြောင်းအရာများများကို မတွေး‌နိုင်တော့ပါ။

မင်းသားယွမ်ဆက်လက်ပြောဆိုသည်ကိုသာနားထောင်နေကြသည်။

"ဘယ်သူ မင်းကိုဒီလိုလုပ်ဖို့ အမိန့်ပေးတာလဲ"

ထိုစကားပြောပြီးနောက် မင်းသားယွမ်တခုခုကိုတွေးတောမိပုံရပြီး သူ့အမူအရာက ပြောင်းလဲသွားကာ ကျယ်လောင်စွာ ပြောလိုက်လေသည်။

"မင်းသားလင်းလုံများလား"

ဝူလင်ဘုရင်က မင်းသားလင်းလုံအိမ်တော်၏လူဖြစ်သည်။

တရားရုံကလူအနည်းငယ်ကသာ ဒီကိစ္စကိုသိထားကြသည်။

သို့စေကာမူ မင်းသားယွမ်ကလည်း သိသူများထဲမှတစ်ဦးဖြစ်သည်။

ဝူလင်ဘုရင်က မင်းသားယွမ်ကိုကြည့်ရင်း လက်ညိုးထိုးကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"မင်းသားယွမ်၊ နောက်ဆုံးတော့ မင်းရည်ရွယ်ချက်တွေကို ငါနားလည်သွားပြီ"

"မုကျန်းထင်နဲ့မင်းမှာ သက်သေမရှိတော့ မင်းသားလင်းလုံကိုဆွဲချချင်တာမလား"

"ဒါပေမယ့် မုကျန်းထင်ရဲ့သတ္တိကို ဒီဘုရင်ကတကယ်လေးစားတယ်၊ သူကဒီလိုအရာမျိုးကိုတောင် လုပ်နိုင်တယ်"

မင်းသားယွမ်က ဒေါသဖြင့်ပေါက်ကွဲသွားပြီး အော်ဟစ်လိုက်သည်။

"ဝူလင်ဘုရင်၊ မှန်တာနဲ့မှားတာကို ဒီနေရာမှာ ရောမထွေးချင်စမ်းပါနဲ့၊ အခုမြင်နေရတာကယုံကြည်မှုပဲ၊ တကယ်လို့မင်းတခုခုပြောချင်တယ်ဆိုရင် အရှင်မင်းကြီးရှေ့မှာပဲသွားပြောလိုက်တော့"

ထိုအသံကျဆင်းလာသည်နှင့်တပြိုင်နက် တာအိုနယ်ပယ်ကလူများက တချိန်တည်းမှာပင် ဒေါသတကြီး စွမ်းအားထုတ်လွှတ်ကြသည်။

သူတို့ကဝူလင်ဘုရင်နှင့်ထိုအ၀တ်လက်လူများကို ဖြုတ်ချပစ်ချင်ကြသည်။

မင်းသားယွမ်ကြောင့်သာမဟုတ်ပါက တာအိုနယ်ပယ်ကဤစွမ်းအားရှင်များက ဝူလင်ဘုရင်၏ဝိဉာဉ်ကိုပင် ဖျက်ဆီးပစ်လေပြီ။

ငါတို့အသက်ကြာကြာနေခဲ့ရပြီ!

ဒီလိုနစ်နာမှုမျိုးကို ဘယ်တုန်းကခံစားခဲ့ရဖူးလဲ!

အဖမ်းခံရပြီးနောက် ဝူလင်ဘုရင်ရူးသွပ်စွာရယ်မောသည်။

"ဒီမျိုးမစစ်အဖိုးကြီးမုကျန်းထင်...."

ဝူလင်ဘုရင်ကိုခေါ်သွားသောအခါ သုံ့ရှောင်ချင်းကဒီမြင်ကွင်းကိုကြည့်နေပြီး ချပ်၀တ်၀တ်ဆင်ထားသည့်လူက ပျောက်ကွယ်သွားတာ ကြာပြီဖြစ်သည်ကို တွေ့လိုက်ရသည်။

သုံ့ရှောင်ချင်း၏နှုတ်ခမ်းအစုံက အနည်းငယ်ကွေ့သွားကာ အသံနိမ့်ရင်း ပြောလိုက်သည်။

"ဒါကတကယ်ပဲပုန်းကွယ်နေတဲ့ ကြင်နာမှုအရှင်သခင်လို့လူသိများတဲ့ မုကျန်းထင်လား"

....

ရက်ပနည်းငယ်ကြာပြီးနောက် ဝူလင်ဘုရင်ကို နန်းတော်သို့ပြန်ခေါ်လာသည်။

အကျဉ်းထောင်ထဲတွင် ဝူလင်ဘုရင်က ရောက်လာသည့်မုကျန်းထင်နှင့် သူ့နောက်က မင်းသားယွမ်ကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

"မင်းကြီးဘာများမေးချင်တာလဲ"

မုကျန်းထင်အေးစက်စွာပြောသည်။

"ငါမင်းကိုဘာမှမေးမှာမဟုတ်ဘူး၊ သေချာတာပေါ့၊ မေးရင်တောင် မင်းကဘာမှ ဖြေမှာမဟုတ်ဘူးလေ"

မုကျန်းထင်၏စကားလုံးများကိုကြားရသောအခါ ဝူလင်ဘုရင်အနည်းငယ်အံ့ဩသင့်သွားသည်။

"ဘာမှမမေးဘူးလား"

"ဘာလို့မေးရမှာလဲ"

ဤသည်ကိုကြားပြီးနောက် ဝူလင်ဘုရင်ညတခုခုကိုတွေးမိသွားကာ အလွန်အမင်း ကြောက်ရွှံ့သွား၏။

သူ့မျက်နှာက မီးခိုးရောင်သမ်းနေလေပြီ။

မှန်ပေသည်။

အခုဘာပဲမေးမေးအရေးမကြီးတော့ပါ။ မုကျန်းထင်က ဒီပြဇာတ်၌ ဒါရိုက်တာအဖြစ် သရုပ်ဆောင်ခဲ့ကာ ကြင်နာမှုအရှင်သခင်ဟူသော ပုံရိပ်ကို ချိုးဖျက်ပစ်ပြီး တပ်စွဲထားသည့် ထောင်သောင်းချီသည့်စစ်သားများကို သတ်ရန် တစ်ယောက်ယောက်ကို လျှို့ဝှက်စွာစေလွှတ်ခဲ့သည်။

ဒါကသူတို့ကိုစိတ်တိုအောင်လုပ်ရန်နှင့် မင်းသားလင်းလုံကို ရာဇ၀တ်မှုကျူးလွန်ဖို့အတွက် အတင်းပြုလုပ်ရန်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မင်းသားလင်းလုံ၏ ပုန်ကန်မည့်အတွေးမျုးရို မုကျန်းထင် ရှာတွေ့သွားပြီဖြစ်ကာ တချိန်တည်းမှာပင် လုပ်ဆောင်ခဲ့သည်။

သို့သော်ဒါအတွက် သက်သေမရှိပါ။

ထို့ကြောင့် ယနေ့မြင်ကွင်းကိုသာ သူတို့ ပုသနိုင်မည်ဆိုပါက မင်းသားလင်းလုံမလုပ်ခဲ့ဘူးဟုသူပြောခဲ့လျှင်ပင် အပြင်ပကမ္ဘာ၌ ဤကိစ္စက မင်းသားလင်းလုံ၏ ကြံစည်မှုဟု ကောလဟာလများ ပျံ့နှံ့သွားပေလိမ့်မည်။

ထို့ကြောင့် မုကျန်းထင်မေးမြန်းသည်ဖြစ်စေ မမေးမြန်းသည်ဖြစ်စေ ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

မုကျန်းထင်ပြောသည်။

"မင်းနံ့မင်းသားလင်းလုံမှာ ဒီလိုအကြံရှိပြီး လက်တွေ့အကောင်အထည်ဖော်ချင်နေတဲ့အခါ ဒီအတွက်အကျိုးဆက်ကိုလည်း မင်းတို့တွေးထားသင့်တယ်"

"မင်းကိုလွှတ်ပေးမယ်လို့ မျှော်လင့်နေတာဆိုရင်တော့ စိတ်မကောင်းပါဘူး"

"ဒါကမဖြစ်နိုင်ဘူးလေ၊ တချိန်တည်းမှာပဲ မင်းရဲ့သွေးဆက်ထဲက ဆွေမျိုးတွေအားလုံးကို ငါကွပ်မျက်ပစ်မယ်"

တော်၀င်မိသားစုက အမှန်တကယ်ရက်စက်သည်။

တကယ်တမ်းတွင်ရည်ရွယ်ချက်က မြက်ကိုရိတ်ပြီးအမြစ်များကိုသာဖြတ်ရန်ပင်။

ဝူလင်ဘုရင်ခေါင်းငုံ့ကာ ဘာတခုမှမပြောပေ။ သူယခုလိုအရာမျိုးကို တွေးနေမိခြင်းပင်။

ဒီလိုအဆုံးသတ်မျိုးနှင့် အဆုံးသတ်သွားရခြင်းက ရယ်စရာကောင်းလွန်းသည်။

မုကျန်းထင် ဝူလင်ဘုရင်ကိုတချက်စိုက်ကြည့်ပြီးနောက် တဖက်လှည့်ကာ ထွက်သွားရန် ပြင်ဆင်လိုက်တော့သည်။

မုကျန်းထင်နှင့်မင်းသားယွမ်တို့ အကျဉ်းထောင်ထဲကနေ ထွက်သွားရန်ပြင်နေခိုက် နှုတ်ဆိတ်နေသည့်ဝူလင်ဘုရင်က ပြောလာသည်။

"ကျုပ်ရဲ့မိသားစုကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးပါ၊ မင်းသားလင်းလုံစီစဉ်ထားတာတွေ အားလုံးကို အရှင်မင်းကြီးကိုပြောပြပါမယ်"

မုကျန်းထင်နှင့် မင်းသားယွမ်တို့က အချင်းချင်းကြည့်ရင်း ပြုံးလိုက်ကြသည်။

သူတို့၏မျက်လုံးထဲတွင် လျှို့ဝှက်ကြံစည်မှု၏အရိပ်အယောင်များရှိနေသည်။

ဝူလင်ဘုရင်၏ထွက်ဆိုချက်မရှိလျှင်ပင် ဒီကိစ္စ၏ရလဒ်ကိုပြောင်းလဲနိုင်မည်မဟုတ်။

သို့စေကာမူ ဝူလင်ဘုရင်၏ သက်သေခံချက်က အတော်လေးအသုံး၀င်နေဆဲပါ။

တချို့လူများက ၀န်ကြီးနှင့်ဧကရာဇ်အကြား အငြင်းပွားမှုများကို လုပ်ချင်နေသေးလျှင်ပင် ဝူလင်ဘုရင်က မင်းသားလင်းလုံကို စွပ်စွဲသည့်ကိစ္စကို မင်းဆက်က လူအားလုံးသိသွားသောအခါ သူတို့ဘာများ လုပ်နိုင်ကြဦးမည်နည်း။

မုကျန်းထင်ချက်ချင်းဆိုသလို မင်းသားလင်းလုံ၏အိမ်တော်ကို၀န်းရံရန်အတွက် စစ်တပ်ကို စေလွှတ်ခဲ့သော်လည်း မင်းသားလင်းလုံ၏အိမ်တော်တွင် မည်သူမှ ကျန်မနေခဲ့ပါ။

မင်းသားယွမ်က ဒီကိစ္စကို မုကျန်းထင်အား အစီရင်ခံတင်ပြသည်။

မုကျန်းထင်၏အမူအရာကအရမ်းကြီးပြောင်းလဲသွားခြင်းမရှိ။

"သူကအရမ်းမြန်လွန်းပေမယ့် ဘာအကျိုးသက်ရောက်မှုမှတော့မရှိဘူးလေ"

"ပြီးတော့ မင်းသားလင်းလုံထွက်ပြေးမှုကလည်း ဝူလင်ဘုရင်ရဲ့ထွက်ဆိုချက်ကို အတည်ဖြစ်သွားစေတာပေါ့"

"အခုကနေစပြီးတော့ မင်းသားလင်းလုံရဲ့ မင်းဆက်အပေါ် ဩဇာလွှမ်းမိုးမှုအားလုံးကို ဖယ်ရှားပစ်လိုက်ပြီ"

မင်းသားယွမ်ကအပြုံးဖြင့်ခေါင်းညိတ်သည်။ သူကဒီအစီအစဉ်ကို သိထားသည့်သူဖြစ်ပေသည်။

အရင်ကဝူလင်ဘုရင်နှင့်ထိပ်တိုက်တွေ့ဆုံခြင်းက သရုပ်ဆောင်မှုတခုသာ။

မဟုတ်ပါက သူ့IQနှင့်ဆိုပါက အခင်းဖြစ်ပွားရာနေရာ၌ တခုခုမှားနေတာကို တဖက်က ဘယ်လိုလုပ်သတိမထားမိဘဲနေမည်နည်း။

"နောက်ထပ်ခြေလှမ်းက မင်းသားလင်းလုံရဲ့တည်နေရာကို ရှာဖွေဖို့ပဲ"

"အခုချက်ချင်းလုပ်လိုက်ပါမယ်"

....

တချိန်တည်းမှာပင် တောင်ပိုင်းဒေသက စံအိမ်တော်၌ နင်းချန်ရှင်း၊ ဟုန်ရင်နှင့် မု၀မ်အာတို့အားလုံးက စံအိမ်တော်သို့ ပြန်လာခဲ့ကြသည်။

ဟုန်ရင်ကပြုံးရင်း လုချန်ရှန်းအားပြောသည်။

"ဆရာ၊ တပည့်တို့အခု ကောင်းကင်ဘုံဝိဉာဉ်နယ်မြေကကိစ္စအတွက် အစီအစဉ်တွေလုပ်ပြီးပါပြီ၊ အခုစီနီယာအစ်ကိုနဲ့ ကျန်တဲ့သူတွေကို သွားတွေ့ဖို့အချိန်ကျပြီလေ"

လုချန်ရှန်း "...."

ဆရာတပည့်ဆက်ဆံရေးကို အခုဖျက်လို့ရသေးလား!

ငါထပ်မစောင့်နိုင်တော့ဘူး!

ဒါကအရမ်းအရေးကြီးနေပြီ!

အပိုင်း(416) coming။

All Chapters