← Chapters

#သုံ့၀မ်ကိုင်#

Vol. 29 Ch. 416

#သုံ့၀မ်ကိုင်#

Vol. 29 Ch. 416

"မင်းသားလင်းလုံထွက်ပြေးသွားတာလား"

ရှန်ကျင်းကုန်သည်များအသင်းက နယ်နိမိတ်မဲ့နယ်မြေ၏ရုံးချုပ်တွင်တည်ရှိပြီး ရှန်ကျင်းမြို့တွင်တည်ရှိသည်။

တချိန်တည်းမှာပင် နတ်ဘုရားလျှို့ဝှက်မြို့ဟုခေါ်သည့်ဤမြို့က နယ်နိမိတ်မဲ့နယ်မြေ၌ အင်ပါယာမြို့တော်ကလွဲ၍ အချမ်းသာဆုံးမြို့တစ်မြို့လည်းဖြစ်သည်။

ဤသည်အပြင် ဒီမြို့က မင်းဆက်၏ တရားစီရင်မှုအောက်တွင်ရှိမနေသည့် တစ်ခုတည်းသောမြို့ဖြစ်ပြီး ရှန်ကျင်းကုန်သည်များအသင်းနှင့် အပြည့်အ၀သက်ဆိုင်သည်။

လမ်းမများပေါ်၌ပင် ကြွယ်၀ချမ်းသာမှုကို နေရာတိုင်းတွင် တွေ့နိုင်သည်။

လမ်းဘေးဆိုင်များဟူ၍မရှိဘဲ ဈေးဆိုင်များသာတခုပြီးတခုတည်ရှိသည်။

အသုံးအဆောင်ကိရိယာများ၊ အဂ္ဂိရတ်ပညာရပ်များ၊ အဆောင်စည်းတံဆိပါများနှင့် အစီအရင်များကို နေရာတိုင်းတွင် တွေ့နိုင်သည်။

စာအုပ်စင်များကလည်းရှိပါသေးသည်။

ဤနေရာ၌ အရည်အသွေးကိုစိုးရိမ်နေစရာမလိုပေ။ ရောင်းသူတစ်ဦးရောင်းချသည့် ဆေးလုံးတိုင်း အဆောင်တိုင်းကို ရှန်ကျင်းကုန်သည်များအသင်းက စစ်ဆေးရန်လိုအပ်သည်။

အကဲဖြတ်မှု၏အရည်အသွေးကိုကျော်လွန်မှသာ စင်ပေါ်တွင်တင်၍ရောင်းချနိုင်သည်။

ဈေးနှုန်းကလည်း တခခြားနေရာများထက် အနည်းငယ်ပိုမြင့်မားသည်။

သို့စေကာမူ တခြားနေရာများတွင် နတ်ဘုရားလျှို့ဝှက်နယ်မြေ၏အရည်အသွေးများကပိုကောင်းမွန်သည်။

တခြားနေရာများတွင် မတွေ့ရသည့်အရာများကိုပင် နတ်ဘုရားလျှို့ဝှက်မြို့၌တွေ့ရသည်။

ထို့ကြောင့်ပင် ဤမြို့က မရေမတွက်နိုင်လောက်သောမိသားစုများကိုဆွဲဆောင်သွားသလို ကျင့်ကြံသူများစွာကလည်း လက်နက်များဆေးလုံးများ၀ယ်ယူရန် ဤနေရာသို့လာရောက်ကြသည်။

နယ်နိမိတ်မဲ့မင်းဆက်ပင်လျှင် နတ်ဘုရားလျှို့ဝှက်မြို့၌ ပုံမှန်အပိုဆောင်းပစ္စည်းများကို ၀ယ်ယူလေ့ရှိသည်။

အကယ်၍ နတ်ဘုရားလျှို့ဝှက်မြို့၌ ပုန်ကန်မှုတခုခုဖြစ်လာမလားဆိုသည့်အချက်အပေါ် စိုးရိမ်သည်ဆိုပါက ဒါကမဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ရှန်ကျင်းကုန်သည်များအသင်းက စီးပွားရေးလုပ်လိုပါက ပြင်ပအင်အားစုများစွာကို မှီခိုအားကိုးရပေမည်။

ဤသည်အပြင် ရှန်ကျင်းကုန်သည်များအသင်းက နယ်နိမိတ်စည်းမရှိသည့် ဘီလူးကြီးဖြစ်ပြီး ဈေးကွက်၏ ၇၀ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည်။

မည်သည့်အတွက်ကြောင့် ပုန်ကန်၍ရမည်နည်း။

မည်သူကများ ယခုလိုအောက်ခြေမဲ့အရာမျိုးကိုလုပ်နိုင်မည်နည်း။

ရှန်ကျင်းကုန်သည်များအသင်း၏ ရုံးချုပ်က ရှန်ကျင်းမြို့အထက်တွင်ရှိသည်။

မှန်ပေသည်။

ရှန်ကျင်းကုန်သည်များအသင်း၏ ရုံးချုပ်က လေပေါ်မြို့တစ်မြို့ဖြစ်သည်။

လေပေါ်မြို့တဝိုက်တွင် နတ်ဘုရားလျှို့ဝှက်နယ်မြေ၏ တည်နေရာရှစ်ခုကို မြင်နိုင်သည့် လှေကားခွင်ရှစ်ဆင့်ရှိသည်။

အကယ်၍ ရှားပါးပစ္စည်းများကို အလည်သွားကြည့်ချင်တာ သို့မဟုတ် ၀ယ်ယူလိုပါက လှေကားထစ်များကနေ တက်သွားရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဗလာလေဟာနယ်က ဤနေရာ၌တားမြစ်ထားသောကြောင့်ပင်။

ရှန်ကျင်းကုန်သည်များအသင်း၏ ခွင့်ပြုချက်မပါဘဲ ဤနေရာသို့၀င်၍မရပါ။

ယနေ့ သုံ့ရှောင်ချင်းက ဌာနချုပ်ဆီသို့ ပြန်လည်ဆင့်ခေါ်ခံရသည်။

မင်းဟားလင်းလုံထွက်ပြေးသည့်သတင်းကို နားထောင်ပြီးနောက် သူမ၏နှုတ်ခမ်းများက ကွေးညွတ်သွား၏။

"ကြည့်ရတာ မုကျန်းထင်ကို ကမ္ဘာကြီးက အရမ်းကြီးနားမလည်သေးဘူးထင်တယ်"

သုံ့ရှောင်ချင်းနှင့်ဆန့်ကျင်ဘက်တွင် ၀ဖိုင့်သည့်အဖိုးအိုတစ်ဦးထိုင်နေပြီး သူ့ပါးနှစ်ဖက်လုံးတွင် မုတ်ဆိတ်များရှိနေသည်။

အဖိုးအိုကပြုံးလိုက်သည်။

"တော်၀င်မိသားစုကရက်စက်တယ်၊ မုကျန်းထင်က ဒီလိုလုပ်ရပ်မျိုးနဲ့ ဧကရာဇ်ရာထူးအတွက် တကယ်ထိုက်တန်သားပဲ"

သုံ့ရှောင်ချင်းကလည်းခေါင်းညိတ်သည်။

"အဖေ၊ သမီးတို့ ဒီမင်းသားလင်းလုံကို ရှာဖို့အတွက် နယ်နိမိတ်မဲ့မင်းဆက်ကို အကူအညီပေးသင့်လား၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကလည်း သူတို့အပေါ် သမီးတို့ဆီမှာ အကြွေးတခု တင်နေသလိုဖြစ်သွားမယ်လေ"

အဖိုးအိုက သုံ့ရှောင်ချင်း၏အဖေဖြစ်သည်။

တချိန်တည်းမှာပင် သုံ့ရှောင်းချင်းအဖေ သုံ့၀မ်ကိုင်က ရှန်ကျင်းကုန်သည်များအသင်း၏ လက်ရှိဥက္ကဌလည်းဖြစ်သည်။

သုံ့၀မ်ကိုင်က အဆင့်နိမ့်ကြယ်နယ်မြေစီးပွားရေးကို ခြယ်လှယ်ထားသူဟုဆို၍ရသည်။

သုံ့၀မ်ကိုင်ကို ဖယ်ရှားလိုပါက ရှန်ကျင်းကုန်သည်များအသင်းနှင့် ဖယ်ရှားလိုသည့်နယ်မြေကြားက ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ကာ ထိုနယ်မြေမှ ရှန်ကျင်းကုန်သည်များအသင်း၏ ရောင်းသူအားလုံးကို ဖယ်ရှားပစ်ရပေမည်။

ထို့နောက်တွင်မူ ထိုနယ်မြေက ပြင်းထန်စွာ ထိခိုက်သွားပေလိမ့်မည်။

နောက်ထပ်လက်နက်ကောင်းများ၊ ဆေးလုံးများ၊ စည်းတံဆိပ်အဆောင်များနှင့် အစီအရင်များရှိတော့မည်မဟုတ်။

ဒါက နယ်ပယ်တခုထဲတွင်ကျင့်ကြံနေသည့် ကျင့်ကြံသူများအဖို့ အင်မတန်ပြင်းထန်သည့်ရိုက်ခတ်မှုတခုပင်။

မည်သည့်နယ်မြေကမှ ဒါကိုခံနိုင်ရည်ရှိမည်မဟုတ်ပါ။

ထို့ကြောင့် ရှန်ကျင်းကုန်သည်များအသင်းဖြစ်စေ သုံ့၀မ်ကိုင်ဖြစ်စေ သူတို့က နယ်မြေတခုကို သက်ရောက်နိုင်သည့် တည်ရှိမှုမျိုးဖြစ်သည်။

သုံ့၀မ်ကိုင်က သုံ့ရှောင်ချင်းပြောပြသည့် စကားလုံးများကိုနားထောင်ရင်း ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ ဒါပေမယ့် လူသိရှင်ကြားနလုပ်နဲ့၊ မုကျန်းထင်ကိုအသိပေးပြီး လျှို့ဝှက်စွာကူညီပေးလိုက်"

သုံ့ရှောင်ချင်းခေါင်းညိတ်သည်။

"သမီးအခုချက်ချင်းလုပ်လိုက်ပါမယ်"

အခင်းဖြစ်ရာနေရာ၌ရှိခဲ့သည့် သုံ့ရှောင်ချင်းအတွက် မင်းသားလင်းလုံထွက်ပြေးမှုကို ဆောင်ရွက်ရာ၌ ဤကိစ္စ၏ တိုးတက်မှုအပေါ် အချက်ခုနှစ်ချက်၊ ရှစ်ချက်ကို ခန့်မှန်း၍ရသည်။

ရိုးရှင်းစွာပြောရမည်ဆိုပါက မုကျန်းထင်က သွေးကြောတောင်၌တပ်စွဲထားသည့် တပ်များကို ရှင်းလင်းသုတ်သင်ရန်အတွက် သူ့လူများကို လျှို့ဝှက်စွာ စေလွှတ်ရန်စီစဉ်ခဲ့သည်။

ဤနေရာတွင် သူကမင်းသားလင်းလုံ၏ အမှားများ၊ ဟာကွက်များကို ပြသရန်အတွက် လှုံ့ဆော်ပေးလိုက်ခြင်းပင်။

မင်းသားလင်းလုံက အင်မတန်သတိကြီးသည်။

သို့သော် ဒါက မင်းသားလင်းလုံအား သူ့၏အပြစ်အနာအဆာများကို ပြသရန်အတွက်တင်မဟုတ်ပါ။

ထိုဟာကိုမထုတ်ဖော်ခဲ့လျှင်ပင် မုကျန်းထင်က မင်းသားယွန်နှင့်ပူးပေါင်းကာ မင်းသားလင်းလုံ၏ခေါင်းပေါ်သို့ ရာဇ၀တ်မှုကို အတင်းကျူးလွန်စေသည်။

ထိုအချိန်တွင် မင်းသားလင်းလုံက မလွတ်မြောက်နိုင်ခဲ့လျှင်ပင် သူ့တွင် ပုန်ကန်ရန်ရည်ရွယ်ချက်များရှိသလားဆိုတာ စုံစမ်းစစ်ဆေးရန်ဟူသည် တရားမျှတပါသည်။

သို့စေကာမူ မင်းသားလင်းလုံတွင် ပုန်ကန်မည့်နှလုံးသားရှိသည်။ သူလုပ်ခဲ့သည့်အရာများကို ဖုံးကွယ်ထားသော်လည်း ခြေရာမကျန်ခဲ့ဘူးဟူသည် မဖြစ်နိုင်။

သွေးကြောတောင်၌ ဖြစ်ပျက်ခဲ့သည်ကို စုံစမ်းစစ်ဆေးရန် သုံးစွဲနေသရွေ့ သူက သေချာပေါက်ရှာဖွေခံရလိမ့်မည်။

မင်းသားလင်းလုံက စုံစမ်းစစ်ဆေးမှုတွင် ကျရှုံးသွားခဲ့သည်မှာသေချာသည်။

သေချာတာတခုက မင်းသားလင်းလုံ ထွက်ပြေးသည်နှင့်တပြိုင်နက် သူကိုအပြစ်ရှိကြောင်း စီရင်ချက်ချလိုက်လေသည်။

ဒါကလျှို့ဝှက်ကြံစည်မှုတခုတည်းတင်မဟုတ်ဘဲ မုကျန်းထင်၏ ပွင့်လင်းသည့် လျှို့ဝှက်ကြံစည်မှုတခုဟု ဆို၍ရသည်။

အားကောင်းသန်မာသည့်လူတစ်ယောက်က သူ့လက်ကောက်၀တ်ကိုချိုးပစ်ကာ လျှို့ဝှက်ကြံစည်မှုများနှင့် အစီအမံများဖြင့် မိမိကိုယ်မိမိ အလွှာလိုက်ရစ်ပတ်ချည်နှောင်လိုက်သည်။

မင်းသားလင်းလုံကလမ်းပိတ်နေပြီဖြစ်ကာ အခွင့်အလမ်းတွေရှာရန်အတွက် ယာယီမျှသာ ထွက်ပြေးလွတ်မြောက်ပေလိမ့်မည်။

သို့စေကာမူ မုကျန်းထင်ကလည်း အကျိုးအမြတ်မရခဲ့တာတော့မဟုတ်ပါ။

အနည်းဆုံးတော့ မင်းသားလင်းလုံက မင်းဆက်ထဲ၌ အာဏာကို အပြည့်အ၀ ဆုံးရှုံးသွားခဲ့ပြီဖြစ်ကာ လူတိုင်းက အော်ဟစ်ရိုက်နှက်ချင်ကြသည့် သစ္စာဖောက်တစ်ယောက်ဖြစ်လာရသည်။

မည်သို့ပင်ဆိုစေကာမူ ဒါက နယ်မြေပြင်ပကမိစ္ဆာများထိုးဖောက်တော့မည့် အခြေအနေအောက်တွင်ရှိနေခဲ့ပြီး နယ်နိမိတ်မဲ့နယ်မြေက အသက်နှင့်သေခြင်းတရား၏တိုက်ပွဲမျိုးကိုတွေ့ကြုံရကာ ရှင်သန်မှုအတွက် အန္တရာယ်များလာစေတော့မည့်ကာလပင်။

ယခုထွက်ပြေးသွားပြီဖြစ်လေရာ မင်းသားလင်းလုံက နယ်နိမိတ်မဲ့နယ်မြေ၌ သူ့မျက်နှာကို နောက်ထပ်ပြသနိုင်တော့မည်မဟုတ်တော့။

သုံ့ရှောင်ချင်းထွက်သွားပြီးနောက် သုံ့၀မ်ကိုင်က မုတ်ဆိတ်များကိုပွတ်သပ်ရင်း ပြုံးလိုက်သည်။

"မုကျန်းထင်.... ကွယ်လွန်သူအရှင်မင်းကြီးက အတားအဆီးတွေကိုဂရုမစိုက်ဘဲ သူ့ကို ထီးနန်းဆက်ခံစေချင်ခဲ့တာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"

"တောင်တွေနဲ့ရေတွေကိုတကယ်မပြသဘဲ ပြတ်သားမှုကိုပဲပြသရင် ကမ္ဘာကြီးကို လှုပ်ခါစေမှာပေါ့....."

.....

အတော်လေးဝေးလံသည့်ချိုင့်ဝှမ်းတခု!

ဤနေရာက နယ်နိမိတ်မဲ့မင်းဆက်နှင့် အတော်လေးဝေးကွာသလို တချိန်တည်းမှာပင် လူမနေကြသဖြင့် မည်သည့်အရင်းအမြစ်မှမရှိပေ။

မည်သူကမှ အရင်းအမြစ်မရှိသည့်အတွက် ဤနေရာကို မလာချင်ကြဟုဆို၍ရသည်။

သို့သော်ချို့င့်ဝှမ်း၌ ကောင်းကင်ထိလုနီးပါး ဧရာမသစ်ပင်ကြီးများကရှိနေပြီး နေရိပ်များက အရိပ်ထိုးနေကြသည်။

မှောင်မိုင်သည့်၀န်းကျင်၌ အရွက်အကိုင်းများကြားက သေးငယ်သည့်အပေါက်များကနေ နေရောင်ခြည်အလင်းတန်းအနည်းငယ်သာ ထိုးထွက်နေပြီး မြေပေါ်၌ တစ်ခုတည်းသော အလင်းစက်နေရာတခု ဖြစ်လာစေသည်။

သို့သော် ယခုလိုလူမနေသည့်ချိုင့်ဝှမ်း၌ ပထမဆုံးခရီးသွားအုပ်စုတစ်စု စတင်ပေါ်လာခဲ့သည်။

အနက်၀တ်လူအနည်းငယ်က ဤနေရာသို့ရောက်လာကြသည်။

သူတို့၏မျက်နှာများကမည်းမှောင်နေကြပြီး မျက်လုံးများ၌ ပြောမပြနိုင်လောက်သည့် ဒေါသများရှိနေကြသည်။

သူတို့ထဲတွင် ခေါင်းဆောင်က ယခုအချိန်တွင်နယ်နိမိတ်မဲ့နယ်မြေ၌ လူတိုင်းသတ်လိုသည့်သစ္စာဖောက်တစ်ဦးဖြစ်လာသော မင်းသားလင်းလုံပေတည်း။

"ဒီခွေးအိုကြီးမုကျန်းထင်က တကယ်ကို လှည့်ကွက်ကောင်းတွေကို အသုံးပြုခဲ့တာပဲ"

"ငါသူ့ကိုတကယ်သည်းမခံနိုင်တော့ဘူး"

မင်းသားလင်းလုံနောက်က အနက်၀တ်ကိုယ်ရံတော်တစ်ဦးကပြောသည်။

"မင်းသား၊ အခုကျုပ်တို့ဘာလုပ်သင့်လဲ"

ဤသည်ကိုကြားသောအခါ မင်းသားလင်းလုံခေါင်းခါယမ်းသည်။

"စောင့်ပါဦး"

စောင့်ရမယ်!

ဘယ်သူကများ အခုအချိန်ငါတို့ကို ကူညီချင်ဦးမှာလဲ!

များမကြာခင်မှာပင် မီးခိုးရောင်အလင်းတန်းတခုဖြတ်သန်းသွားပြီး ခန့်ညားသည့်လူတစ်ယောက်က လူတိုင်းရှေ့တွင်ပေါ်လာသည်။

မင်းသားလင်းလုံပြောသည်။

"ငါတို့နောက်ထပ်ဘာလုပ်သင့်လဲ"

အစောင့်အားလုံးက မင်းသားက ထိုအလွန်အမင်းငယ်ရွယ်ပုံရသည့်လူငယ်ကို မေးခွန်းထုတ်နေတာကိုတွေ့လိုက်ရသည်။

သူတို့ကအံ့ဩသင့်နေကြသည်။

ဒီလူကဘယ်သူလဲ!

လူငယ်ကလက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။။

"နည်းလမ်းတခုက နယ်မြေပြင်ပကမိစ္ဆာကလန်နဲ့ပူးပေါင်းပြီး နယ်နိမိတ်မဲ့မင်းဆက်မှာ မင်းဝှက်ထားတဲ့စစ်တုရင်အပိုင်းတွေပို မိစ္ဆာကလန်ကို သတင်းပို့ဖို့အတွက် အသုံးပြုလိုက်ပါ"

"ဒီနည်းလမ်းနဲ့ဆိုရင် မင်းပြန်လာနိုင်ဖို့အတွက် အခွင့်အရေးတခုရလိမ့်မယ်"

အပိုင်း(417) coming။

All Chapters