← Chapters

#မိစ္ဆာမျိုးနွယ်တွင်ခိုလှုံခြင်း#

Vol. 29 Ch. 417

#မိစ္ဆာမျိုးနွယ်တွင်ခိုလှုံခြင်း#

Vol. 29 Ch. 417

ခန့်ညားသည့်လူကထိုစကားလုံးများကို ပြောလာသောအခါ မင်းသားလင်းလုံနှင့် သူ့နောက်က အနက်၀တ်ကိုယ်ရံတော်များက ထိတ်လန့်သွားကြ၏။

ဤစကားလုံးများထဲကနေ ခန့်ညားသည့်လူ၏ ကိုယ်ပိုင်လက္ခဏာကို သံသယမရှိ ဖော်ထုတ်၍ရပေသည်။

နယ်မြေပြင်ပကမိစ္ဆာမျိုးနွယ်စု!

ဤလူက မိစ္ဆာမျိုးနွယ်၀င်ပေတည်း။

မင်းသားလင်းလုံ၏မျက်နှာက လေးနက်သွားပြီး သူ့ရှေ့ကခန့်ညားသည့်လူအား စိုက်ကြည့်လိုက်သည်။

"မိစ္ဆာမျိုးနွယ်လား၊ မင်းငါ့ကို ဇာတ်ကြောင်းတခုလုံးကို ဒီလိုပြောပြနေတာ ငါဘုရင်ကို တင်ပြမှာကို မကြောက်ဘူးလား"

ထိုစကားကိုနားထောင်နေစဉ် ခန့်ညားသည့်လူက မျက်နှာထက်တွင် မည်သည့်အကြောက်တရား၊ ထိတ်လန့်မှုကိုမှ မပြသဘဲ တည်ငြိမ်နေလေသည်။

ကြည့်ရသည်မှာ အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင်ရှိနေသည့်အလားပင်။

"တင်ပြမယ်၊ ဟုတ်လား၊ မင်းက သစ္စာဖောက်တယောက်ဖြစ်နေပြီလေ၊ အခုမင်းပုံစံအနေအထားအရဆိုရင် တစ်ယောက်ယောက်ကို တင်ပြဖို့အတွက် စေလွှတ်ရင်တောင် အခုအချိန် မင်းစကားလုံးတွေကို ဘယ်သူကယုံမှာတဲ့လဲ"

"ဒီလိုဆိုရင်တော့ ငါကမင်းအမြင်အောက်ကနေ ပျောက်ကွယ်သွားလို့ရတယ်၊ ငါ့ကိုယုံလိုက်၊ မင်းတို့လူသားမျိုးနွယ်စုအားလုံးကို စေလွှတ်မယ်ဆိုရင်တောင် ငါ့ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး"

မင်းသားလင်းလုံတိတ်ဆိတ်နေသည်။

သူ့ရှေ့ကလူပြောတာကမှန်ပေသည်။

ယခုတွင်မူ လူတိုင်းကသူ့ကိုအော်ဟစ်ဆဲဆိုနေပြီဖြစ်လေရာ သူကမိစ္ဆာမျိုးနွယ်နှင့် ဘာမှမခြားနားတော့ပါ။

ဘယ်သူကသူ့ကိုယုံတော့မည်နည်း။

မင်းသားလင်းလုံဆက်ပြောသည်။

"ဒါပေမယ့်မင်းကမိစ္ဆာပဲလေ၊ ငါမင်းကို ကူညီပေးရင်တောင် မင်းတို့ကငါတို့ကို သတ်နိုင်နေတုန်းလေ"

"ငါသာရှိမယ်ဆိုရင် သူတို့မင်းကိုသတ်မှာမဟုတ်ဘူး"

ခန့်ညားသည့်လူ၏မျက်နှာက ယုံကြည်မှုဖြင့်ပြည့်နှက်နေပြီး နောက်ဆုံး၌ သူပြသခဲ့သည့်အသွင်အပြင်က မာနထောင်လွှားမှုပင်။

"မင်းငါ့ကိုနာခံဖို့ဆန္ဒရှိ‌နေသရွေ့ ငါမင်းကို ကယ်တင်ပေးမယ်"

မင်းသားလင်းလုံမျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမယ့် မင်းက နယ်နိမိတ်မဲ့နယ်မြေနဲ့ အဆင့်နိမ့်ကြယ်နယ်မြေကို သုတ်သင်ပြီးသွားရင် ငါထီးနန်းမှာထိုင်နေရင်ရော ဘာအကျိုးရှိတော့လို့လဲ"

ဒါကိုကြားသောအခါ ခန့်ညားသည့်လူက သရော်သည့်အသွင်ပြုံးလိုက်သည်။

"အဆင့်နိမ့်ကြယ်နယ်မြေက ဧကရာဇ်ဆိုတာကို ဘာအတွက်အသုံးပြုတာလဲ"

"ငါမင်းကိုမေးမယ်၊ မင်းဘာလို့ထီးနန်းကို လိုချင်ရတာလဲ"

သူကမင်းသားလင်းလုံဖြေကြားသည်ကိုပင် စောင့်မနေတော့ဘဲ ပြောလိုက်လေသည်။

"ဒါကစွမ်းအားအတွက်ပဲလေ၊ စွမ်းအားရှိရင် မင်းမှာအရင်းအမြစ်တွေအများကြီးရှိလာမယ်၊ ပြီးတော့မင်းနယ်ပယ်က မြန်မြန်ဆန်ဆန်တိုးတက်လာလိမ့်မယ်"

"နယ်ပယ်တိုးတက်မှုဆိုတာက အင်မော်တယ်ဖြစ်လာဖို့အတွက်ပဲ"

"မင်းငါ့ကိုနာခံမယ်ဆိုရင် ငါမင်းကို အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ခေါ်သွားပေးနိုင်တယ်"

"အဲဒီအချိန်ကျရင် မင်းကအရင်းအမြစ်တွေပိုရလာပြီး အော်ရာကပိုအားကောင်းလာလိမ့်မယ်၊ ဒါကပိုမကောင်းဘူးလား"

ဤသည်ကိုကြားသောအခါ မင်းသားလင်းလုံနှုတ်ဆိတ်သွားပြန်သည်။

ဤအကျိုးအမြတ်များကသူ့နှလုံးသားထဲ ရောက်ရှိသွားပြီဖြစ်သည်။

အင်မော်တယ်မသေမျိုးဖြစ်ခြင်းက ကျင့်ကြံသူတိုင်း၏ ပန်းတိုင်ပေတည်း။

မင်းသားလင်းလုံကလည်းခြွင်းချက်မဟုတ်ပါ။

အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့သွားခြင်းက အကောင်းဆုံးဖြစ်သည်။

ခန့်ညားသည့်လူကဆက်လက်သွေးဆောင်သည်။

"ဒါ့အပြင် ငါတို့ရဲ့မိစ္ဆာကလန်ကိုလည်း မင်း၀င်လို့ရတယ်"

မိစ္ဆာကလန်ကို၀င်ရောက်ခြင်း!

လူတိုင်း၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားခဲ့ကြသည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

"ဘာလို့မဖြစ်နိုင်ရမှာလဲ"

လူငယ်ကတည်ငြိမ်စွာပြောသည်။

"မင်းရဲ့သွေးကိုပြောင်းလိုက်ရုံပဲ‌လေ၊ မင်းကိုယ်ထဲက အဲဒီပုရွက်ဆိတ်သွေးကို မိစ္ဆာမျိုးနွယ်သွေးအဖြစ် မင်းအစားထိုးလို့ရတယ်၊ ပြီးမှ ကိုယ်ခန္ဓာကို ပြန်လည်ပုံသွင်းလို့ရတယ်"

"အဲဒီအချိန်ကျရင် မင်းနယ်ပယ်နဲ့ခွန်အားက လက်ရှိနယ်ပယ်ထက်အများကြီး သာလွန်သွားလိမ့်မယ်"

မင်းသားလင်းလုံကတုံ့ဆိုင်းနေသေးသည်။

"ဒါမှမဟုတ် မင်းမှာတခြားပိုကောင်းတဲ့ ရွေးချယ်မှုရှိသေးလို့လား"

"မိစ္ဆာမျိုးနွယ်က အဆင့်နိမ့်ကြယ်နယ်မြေကို သိမ်းပိုက်ဖို့ဆိုတာ အချိန်တခုပဲလိုတယ်၊ ခွန်အားကွာဟချက်က အရမ်းကြီးမားပြီး မင်းတို့မှာ ခုခံဖို့အတွက် နည်းလမ်းမရှိဘူး"

အလယ်အလတ်အဆင့်ကြယ်နယ်မြေနှင့် အဆင့်နိမ့်ကြယ်နယ်မြေတို့၏ စုစုပေါင်းခွန်အားက တူညီသည့်အဆင့်တွင်မရှိပါ။

ထို့နောက် ခန့်ညားသည့်လူကထပ်မပြောတော့ဘဲ မင်းသားလင်းလုံကိုသာ တိတ်တဆိတ်ကြည့်ရင်း သူ့အဖြေကို စောင့်ဆိုင်းနေသည်။

ယခုလိုသတင်းစကားအများကြီးအပေါ် မင်းသားလင်းလုံတွင် တွေးရန်အချိန်အများကြီးမရှိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ယခုသူ့တွင် ထွက်စရာလမ်းမရှိတော့ပါ။

အကယ်၍ငြင်းဆန်မည်ဆိုပါက ထွက်ပြေးသည့်အချိန်တခဏတာမျှသာ အသက်ရှင်နိုင်မည်ဖြစ်ကာ အခြေအနေကို ပြန်ပြောင်းရန်ဟူသည် လုံး၀မဖြစ်နိုင်ပေ။

ဒါကိုတွေးတောမိသောအခါ မင်းသားလင်းလုံအံကြိတ်မိသည်။ သူစွမ်းအားကိုနှစ်သက်သည်။

မဟုတ်ပါက ပုန်ကန်ရခြင်း၏ရည်ရွယ်ချက်က ဘာအတွက်ကြောင့်များလဲ!

သူထာ၀ရရှင်သန်ချင်သည်။

ယင်းအတွက် အရင်းအမြစ်များစွာနှင့် နယ်ပယ်များစွာကို လိုအပ်သည်။

ထို့ကြောင့်တွေးတောရန်အတွက် ဘာတခုမှမရှိပေ။

မင်းသားလင်းလုံခေါင်းညိတ်သည်။

"ငါမင်းကိုကတိပေးတယ်"

ခန့်ညားသည့်လူကခေါင်းညိတ်ကာ လက်စွပ်များစွာ ထုတ်ယူလိုက်သည်။

"ဒါကဘာတွေလဲ"

"ဝိဉာဉ်လက်စွပ်" ခန့်ညားသည့်လူက ပေါ့ပါးစွာပင်ပြောသည်။

"မင်းငါ့နောက်လိုက်ပြီး ငါ့အမိန့်နာခံဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ဒီဝိဉာဉ်လက်စွပ်ကို ၀တ်ထားသင့်တယ်၊ မင်းမှာ ပုန်ကန်မယ့် အတွေးတခုခုရှိလာရင် ဒီဝိဉာဉ်လက်စွပ်က အာရုံခံမိပြီး မင်းဝိဉာဉ်ကို ချက်ချင်းဖျက်ဆီးပစ်လိမ့်မယ်"

မင်းသားလင်းလုံနှင့်ကျန်သောသူများ၏ အမူအရာများကပြောင်းလဲသွားပြီးနောက် ကြည့်ရဆိုးသွားကြသည်။

"ငါမင်းကိုကတိပေးပြီးပြီလေ၊ မင်းဒီလိုလုပ်ဖို့လိုသေးလို့လား"

ဤသို့လုပ်ခြင်းအားဖြင့် သူတို့က လွပ်လပ်မှုကိုဆုံးရှုံးသွားရမည်ဖြစ်သည်။

ထို့နောက် ထာ၀ရအသက်နှင့်ရှင်သန်မှုအတွက် ပုန်ကန်သည့်နှလုံးသားကို မွေးဖွားခွင့်ရတော့မည်မဟုတ်တော့။

ဒါကမင်းသားလင်းလုံအတွက် လက်မခံနိုင်စရာပင်။

ခန့်ညားသည့်လူငယ်ကအေးစက်စွာပြောသည်။

"တကြိမ်တခါက ပုန်ကန်ဖို့နှလုံးသားရှိခဲ့ဖူးတဲ့ လူသားတစ်ယောက်ကို ငါက ဒီဝိဉာဉ်လက်စွပ်မ၀တ်ထားခိုင်းဘဲနဲ့ မယုံကြည်နိုင်ဘူး"

"ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ လုပ်စရာအရာတွေက မိစ္ဆာမျိုးနွယ်ရဲ့ဆုံးရှုံးမှုကို သက်ရောက်စေနိုင်တယ်"

မင်းသားလင်းလုံကအတော်လေးကြည့်ရဆိုးနေသည်။

သူ့နောက်ကလူများက ဒေါသတကြီးမေးလိုက်ကြသည်။

"ဒါကိုမ၀တ်ဘူးဆိုရင်ရော"

"မ၀တ်ရင်လား"

ခန့်ညားသည့်လူ၏လက်ချောင်းက လှုပ်ရှားသွားစဉ် မိစ္ဆာအလင်းတန်းတခုက ဖြတ်သန်းသွား၏။

ရုတ်ချည်းဆိုသလို ထိုစကားလုံးကိုပြောလိုက်သည့်လူ၏ မျက်ခုံးထဲသို့ထိုးဖောက်သွားပြီး ဝိဉာဉ်ကချက်ချင်းဖျက်ဆီးခံရသည်။

လူတိုင်းထိတ်လန့်သွားကြသည်။

ဤကိုယ်ပိုင်သက်တော်စောင့်က တာအိုနယ်ပယ်တ၀က်အဆင့်တည်ရှိမှုပင်။

လက်တစ်ချောင်းတည်းနှင့် လူငယ်က တာအိုနယ်ပယ်တ၀က်ကစွမ်းအားရှင်ကို ချက်ချင်းသတ်ပစ်ခဲ့သည်။ ဤသို့ဆိုပါက သူတို့ရှေ့ကလူငယ်က မည်မျှပင် အားကောင်းလိုက်လေသနည်း။

သူတို့မသိနိုင်သလို မမြင်နိုင်ပေ။

"ဒီလိုအ‌ခြေအနေထိရောက်လာပြီဆိုမှတော့ ငြင်းစရာမလိုတော့ဘူးလေ၊ ငြင်းဆန်မယ်ဆိုရင် ငါမင်းဆို့ကို နှုတ်ပိတ်ပစ်မှာပါ၊ ဘာပဲဖြစ်ဖြစ် ဒီလိုအရာမျိုးကို ထုတ်ဖော်ပြောကြားလို့မှမရတာ"

မင်းသားလင်းလုံတခဏမျှတိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်သည်။

"ငါသဘောတူတယ်"

ချက်ချင်းဆိုသလို သူကလက်ချောင်းကိုဆန့်ကာ ဝိဉာဉ်လက်စွပ်ကို လက်ချောင်းထဲ စွပ်ထည့်လိုက်သည်။

ချက်ချင်းဆိုသလို သူ့ဝိဉာဉ်ကို ထိန်းချုပ်ထားသည့် မမြင်ရနိုင်သောကြိုးတချောင်း ပေါ်လာပုံရသည်။

နည်းနည်းလေးဆန့်ကျင်ဘက်တွေးမိသည်နှင့်တပြိုင်နက် ဒီကြိုးက မင်းသားလင်းလုံ၏ဝိဉာဉ်ကို ချေမွဖျက်ဆီးသွားပေလိမ့်မည်။

ဤသည်ကိုမြင်သောအခါ ကျန်သောအစောင့်များတွင်လည်း ရွေးချယ်စရာမရှိတော့သဖြင့် လက်ချောင်းများကို ဆန့်ထုတ်ကာ လက်စွပ်များကိုစွပ်လိုက်ရသည်။

ဒါက သူတို့၏လွတ်လပ်မှုနှင့်ဂုဏ်သိက္ခာကို ဆုံးရှုံးလိုက်ရပြီဟု ကိုယ်စားပြုနေသည်။

ခန့်ညားသည့်လူကအပြုံးဖြင့်ခေါင်းညိတ်သည်။

"မှန်တယ်၊ ကောင်းပြီ၊ မင်းဆက်ထဲမှာ မင်းမှာ လျှို့ဝှက်ချက်နဲ့စွမ်းအားတွေ ဘယ်လောက်များများရှိလဲ"

မင်းသားလင်းလုံ တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် စာရင်းတခုချရေးလိုက်သည်။

သူကခိုလှုံခဲ့ပြီဖြစ်လေရာ နောက်ထပ်ဖုံးကွယ်နေစရာမလိုတော့ပါ။

တန်ဖိုးအပြည့်အစုံကိုဖော်ပြထားပါက နောက်ပိုင်းတွင် ပိုကောင်းသည့် အကျိုးခံစားခွင့်များကို ရယူခံစားနိုင်သည်။

မင်းသားလင်းလုံ၏ သဘောထားအပေါ် ခန့်ညားသည့်လူက ကျေနပ်စွာခေါင်းညိတ်သည်။

ထိုစုရင်းကိုကြည့်ပြီးနောက် သူက အတော်လေးကျေနပ်နေဟည်။

ထို့ထဲတွင် အဆင့်အတန်းမြင့်သည့်လူအနည်းငယ်လည်းရှိသည်။

မည်သို့ပင်ဆိုစေကာမူ သူကတကြိမ်တခါက အစွမ်းထက်မင်းသားလင်းလုံဖြစ်ခဲ့သည်မဟုတ်ပေလော။

ခရမ်းရွှေစပါးအုံး၀တ်ရုံပိုင်ရှင်တဖြစ်လဲ မင်းသားလင်းလုံတွင် ယခုလိုအရိပ်နက်များရှိသည်က သာမန်သာ။

ဤသည်ကလည်း ခန့်ညားသည့်လူက မင်းသားလင်းလုံကို လာရှာရသည့် ရည်ရွယ်ချက်တခုဖြစ်သည်။

"နောက်ပိုင်း သူတို့နဲ့ဆက်သွယ်ဖို့နည်းလမ်းရှာပြီး တိုက်ပွဲသတင်းအချက်အလက်နဲ့ နယ်နိမိတ်မဲ့နယ်မြေက တပ်ဖွဲ့၀င်တွေအကြောင်း တစ်ယောက်ပြီးတစ်ယောက် အသေးစိတ်မေးလိုက်၊ ပြီးရင်ငါ့ကိုပြော"

"ဒီကိစ္စပြီးသွားရင် ငါမင်းကို အလယ်အလတ်အဆင့်ကြယ်နယ်မြေက မိစ္ဆာနယ်မြေကိုခေါ်သွားပြီး မင်းအတွက် ငါကိုယ်တိုင် သွေးမျိုးဆက်လဲပေးမယ်"

ထိုသို့ကတိပေးလာသောအခါ မင်းသားလင်းလုံခေါင်းညိတ်သည်။

"မင်းကတိမဖျက်ဖို့ မျှော်လင့်ပါတယ်"

.....

တခြားတဘက်တွင် ဟုန်ရင်၊ နင်းချန်ရှင်းနှင့် မု၀မ်အာတို့က ကျယ်ပြောသည့်အစီအရင်တခုကို စံအိမ်တော်၏လေဟာနယ်ကနေ နယ်နိမိတ်မဲ့နယ်မြေသို့ ပို့ဆောင်လိုက်လေသည်။

အပိုင်း(418) coming။

All Chapters