← Chapters

#ရောက်ရှိလာခြင်း#

Vol. 29 Ch. 418

#ရောက်ရှိလာခြင်း#

Vol. 29 Ch. 418

သွေးကြောတောင်က စည်းတံဆိပ်ချိုးဖျက်ရန်ဟူသည် အချိန်တခုမျှသုလိုအပ်သည်။

ထိုဟာကိုထပ်မံချိတ်ပိတ်လိုပါက အစီအရင်ကို ပြန်လည်ပုံသွင်းရပေမည်။

အစီအရင်ကိုအားဖြည့်ရန်ဟူမူ ကြယ်ကြွေဓားဧကရာဇ်ပြန်လည်မွေးဖွားကာ သူ့ကိုယ်သူထပ်မံစွန့်လွှတ်မှရပေတော့မည်။

မည်သို့ပင်ဆိုစေကာမူ ဤချိတ်ပိတ်အစီအရင်ကို ကြယ်ကြွေဓားဧကရာဇ်၏ဝိဉာဉ်ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အထဲကဖွဲ့စည်းပုံကို လူတော်တော်များများ ပြုလုပ်နိုင်မည်မဟုတ်။

တကယ်တမ်းတွင် လူတစ်ယောက်၏ဝိဉာဉ်က လူသားကိုယ်ထဲတွင် အဆန်းကျယ်ဆုံးနှင့်အရှုပ်ထွေးဆုံးနေရာတခုပင်။

ခွန်အားကမည်မျှပင်သန်မာအားကောင်းပါစေ ဒါကိုရှာမတွေ့နိုင်ပေ။

အစီအရင်ကိုပြန်လည်အသက်သွင်းရန်အတွက်မူ နယ်မြေပြင်ပကမိစ္ဆာများကို ချိတ်ပိတ်ရန်လုံလောက်သည့် အစီအရင်ကိုမဆိုထားနဲ့၊ ၎င်း၏အဆင့်ကပင် အတော်လေးမြင့်မားသည်။ နယ်နိမိတ်မဲ့နယ်မြေ၏ လက်ရှိနယ်ပယ်အဆင့်တွင် ယခုလိုစွမ်းရည်မျိုးလုံး၀မရှိပေ။

မဟုတ်ပါက မည်သည့်အတွက်ကြောင့် ကြယ်ကြွေဓားဧကရာဇ်က သူ့ဝိဉာဉ်ကိုစတေးကာ သွေးနှင့်အသားများကို အစီအရင်ဖန်တီးခဲ့ရမည်နည်း။

တချိန်တည်းမှာပင် ယခုလိုအရည်အချင်းမျိုးရှိလျှင်ပင် ကျိုးပဲ့နေသည့်အစီအရင်၏ အက်ကြောင်းများကနေ ထွက်ပြေးလာသည့် နယ်မြေပြင်ပက မိစ္ဆာများ၏ ၀င်ရောက်စွက်ဖက်မှုအောက်တွင် ယခုလိုအစီအရင်ကို ချောချောမွေ့မွေ့ဖွဲ့စည်းနိုင်မည်မဟုတ်ပေ။

ထို့ကြောင့်ယခုတကြိမ် နယ်နိမိတ်မဲ့နယ်မြေကလုပ်နိုင်တာက သွေးကြောတောင်ကို ကာကွယ်ကာ သေတဲ့အထိခုခံရန်ဖြစ်ပြီး ရန်သူကို သွေးကြောတောင်အား ကျော်သွားခွင့်မပေးရန် တိုက််ခိုက်ရပေမည်။

မဟုတ်ပါက နယ်နိမိတ်မဲ့နယ်မြေတခုလုံးက ဆေးကြောရာနေရာတခုဖြစ်လာရပေလိမ့်မည်။

တခြားတဘပ်တွင်

ဟုန်ရင်တို့သုံးယောက် နယ်နိမိတ်မဲ့နယ်မြေသို့ရောက်လာစဉ် ပို့ဆောင်ခံလိုက်ရသည့်နေရာက ကြယ်ကြွေဓားဂိုဏ်းဖြစ်နေသည်။

မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်း နယ်နိမိတ်မဲ့နယ်မြေသို့ ပထမဆုံးအကြိမ်ရောက်လာတာက ကြယ်ကြွေဓားဂိုဏ်းကို ထောက်ပံ့ကူညီရန်ဖြစ်သည်။

ဒါကိုတွေးမိရုံနဲ့ တကယ်ဒေါသထွက်ရတယ်၊ မျိုးမစစ်လေးတွေ!

ဒါပေမယ့် ငါဆင်ခြင်တုံတရားရှိတဲ့ တပည့်တယောက်ရခဲ့သေးတာပဲလေ!

အင်း.....

ကောင်းကျိုး၊ ဆိုးကျိုးတွေက ဟန်ချက်ညီ‌နေတော့ ဒီတကြိမ်တော့ ယဲ့ချိုးပိုင်ကို လွတ်ပေးလိုက်ပါမယ်လေ!

လုချန်ရှန်းဒီအကြောင်းကိုတွေးနေသည်။

မု၀မ်အာစူးစမ်းလိုသည့်အသွင် ‌ဘေးဘီဝဲယာစိုက်ကြည့်နေရင်း သူမ၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့်ပြည့်နှက်နေကြ၏။

"ဒါကနယ်နိမိတ်မဲ့နယ်မြေပေါ့၊ တကယ်ပဲ အဆင့်နိမ့်ကြယ်နယ်မြေက အားအကောင်းဆုံးနယ်မြေဆိုတဲ့အတိုင်းပဲ ဒီကအော်ရာက အရမ်းအားကောင်းတယ်"

ဟုန်ရင်ကလည်းခေါင်းညိတ်သည်။

"မှန်တယ်၊ မိသားစုကလွဲရင်ဒီနေရာက တကယ်မိုက်တယ်"

ဟုန်ရင်ပြောနေသည့်မိသားစုဆိုတာက စံအိမ်တော်ကိုရည်ညွှန်းလိုခြင်းဖြစ်သည်။

စံအိမ်တော်၏ ပတ်ပတ်လည်၀န်းကျင်ကို လုချန်ရှန်း၏အစီအရင်များဖြင့် ၀န်းရံထားသည်။

နယ်နိမိတ်မဲ့နယ်မြေတွင်ပင် ဝိဉာဉ်စွမ်းအင်ကြွယ်၀မှုက နောက်ကျကျန်နေသည်။

နင်းချန်ရှင်းက လှည့်ပတ်ကြည့်လိုက်သည်။

"ဒါကဘယ်နေရာလဲ၊ ယုတ္တိတန်စွာပြောရရင် ဆရာငါတို့ကိုဒီကိုပို့လိုက်တော့ ဒါက သူ့ရည်ရွယ်ချက်ဖြစ်ရမယ်"

"တစ်ယောက်ယောက်ကိုအရင်ဆုံးရှာပြီး အစ်ကိုကြီးနဲ့တခြားသူတွေရဲ့သတင်းအချက်အလက်တွေကို ရနိုင်မလား ကြည့်ကြည့်ကြရအောင်"

ယနေ့ဟုန်ရင်က လူရိုင်းနယ်မြေ၌ ကောင်းကင်ဘုံလမ်းကြောင်းတခုဖြစ်လာခဲ့ကာ မူလကိုးဆင့်ပြန်လည်မွေးဖွားမှုနှင့် ပေါင်းစပ်ထားသည့် နတ်ဆိုးဆန်သော ပင်ကိုယ်စွမ်းရည်နှင့်ပါဆိုပါက နယ်ပယ်က သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်သို့ရောက်သွားပြီဖြစ်သည်။

သူမတွင် အဆင့်ချိုးဖျက်တက်ရောက်သည့်အရိပ်အယောင်တခုရှိနေသည်။

နင်းချန်ရှန်းက လူရိုင်းနယ်မြေနှင့်ကောင်းကင်ဘုံနယ်မြေ၌ ရှေးရိုးစွဲတစ်ယောက်ဖြစ်လာပြီး ကမ္ဘာကြီးထဲက ကွန်ဖြူရှပ်နှင့်တာအိုဝါဒများက သူ့လေ့လာမှုထဲတွင်ရှိသည်။

ဤကမ္ဘာနှစ်ခုတွင် ယခုလိုကောလဟာလပင်ရှိသည်။

လေ့လာခြင်းက နင်းချန်ရှင်းတည်ထောင်ခဲ့သည့် ဟောပြောခြင်းအင်အားဖြစ်သည်။

ယနေ့ခေတ်တွင် လူများက ကွန်ဖြူးရှပ်နှင့်တာအိုကိုပို၍ပို၍ပင် လေ့လာကြသည်။

နင်းချန်ရှန်းအဖို့ ယခုလိုအားကောင်းသည့် ယုံကြည်မှုစွမ်းအားက သူ့ကို သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်တစ်ဦးနှင့် တိုက်ခိုက်နိုင်သည့်ခွန်အားကိုရသွားစေပြီး ခေါင်းဖြတ်သည့်အစွမ်းကို အောင်မြင်သွားစေခဲ့သည်။

မု၀မ်အာတွင်မူ ကျင့်ကြံခြင်းနယ်ပယ်တိုးတက်နှုန်းက အတော်လေးနှေးကွေးသည်။

ယခုအချိန်ထိ သူမကသိုင်းဧကရာဇ်တ၀က်အဆင့်တွင်သာရှိနေသေးသည်။

ဒါကလည်း မု၀မ်အာက သူမ၏အဂ္ဂိရတ်ပညာကို အမြဲလိုလိုတိုးတက်အောင် လုပ်နေသောကြောင့်ပင်။

ယနေ့သူမ၏အဂ္ဂိရတ်နယ်ပယ်အရ သူမက ရောဂါပျောက်ဆေးကို အလွယ်တကူဖန်တီးရန်ဖြစ်နိုင်ချေရှိနေလေပြီ။

ရောဂါပျောက်ဆေးက ကောင်းကင်ဘုံအဆင့်ထက်ပင်ပိုမြင့်မားသည့် ဆေးလုံးတစ်မျိုးဖြစ်သည်။

ဝိဉာဉ်ဆေးလုံးနှင့်ပတ်သက်ပြီးဆိုရမည်ဆိုပါက ၎င်းက မြေကမ္ဘာအဆင့်တွင်ရှိပြီး အထက်တွင် သူ့အထက်တွင် ဟင်းလင်းပြင်ကောင်းကင်အဆင့်ဆေးလုံးရှိသည်။

ကမ္ဘာမြေအဆင့်ပြီးနောက် မု၀မ်အာက ၆၀ရာခိုင်နှုန်းသေချာနေပြီဖြစ်သည်။

သူမ၏အဂ္ဂိရတ်အဆင့်က အလျင်အမြန် တိုးတက်လာသော်လည်း သူမ၏နယ်ပယ်က အလွန်အမင်းနှေးကွေးစွာတိုးတက်နေသဖြင့် မု၀မ်အာစိုးရိမ်နေခဲ့သည်။

ထိုအချိန်က မိုးမခပင်က သူမအား ၎င်း၏အမြင်ကိုပြောခဲ့သည်။

တာအိုနယ်ပယ်ကိုဆေးလုံးအသုံးပြုပြီး ၀င်ရောက်ခြင်းဆိုတာကလည်း မဖြစ်နိုင်တာတော့မဟုတ်။

ဤစကားလုံးများ၏ဆိုလိုရင်းကို မု၀မ်အာနားလည်ပြီးနောက်တွင် သူမကထိုအကြောင်းကို ထပ်မံစိုးရိမ်မနေတော့ပါ။

အဂ္ဂိရတ်ပညာက သူမ၏စိတ်၀င်စားမှုပင်။

သူမကတာအိုနယ်ပယ်သို့ကျင့်ကြံရန်အတွက် အမှန်တကယ်စိတ်မ၀င်စားချေ။

ထိုအချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးရောက်လာသည်။

ဟုန်ရင်တို့သုံးယောက်ကိုကြည့်ရင်း သူတို့ကမေးလိုက်ကြ၏။

"မင်းတို့သုံးယောက်ကဘယ်သူတွေလဲမသိဘူး၊ ဘာလို့ကြယ်ကြွေဂိုဏ်းကို ရောက်လာရတာလဲ"

ဟုန်ရင်ရှေ့တလှမ်းတိုးလိုက်သည်။

ဤလူသုံးယောက်ကိုရင်ဆိုင်ရစဉ် သူမကလုံး၀ကြောက်ရွှံ့ခြင်းမရှိပေ။

သူမ၏မျက်လုံးများဖြစ်စေ စကားလုံးများဖြစ်စေ ဧကရီဟူသောအဓိပ္ပာယ်ဖြင့် ပြည့်နှက်နေသည်။

"ကျွန်မတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေမရှိပါဘူး၊ ဒီကိုလူတစ်ချို့ကို ရှာဖို့အတွက်လာခဲ့တာပါ"

ဤစာသားကမည်သည့်ပြဿာနာမှ မရှိသည့်တိုင် အမျိုးသားနှင့်အမျိုးသမီးက မသိစိတ်က နောက်တစ်လှမ်းဆုတ်မိကြသည်။

သူတို့နှလုံးသားထဲတွင် ဟုန်ရင်အား ကြောက်ရွံ့ရိုသေသည့်ခံစားချက်တခုရှိနေခဲ့သည်။

ဤသည်ကိုသဘောပေါက်သွားသောအခါ သူတို့ထိတ်လန့်သွားကြသည်။

ဒီမိန်းကလေးကဘယ်သူလဲ!

စကားလေးပြောရုံနဲ့ သူတို့ကိုတကယ် ကြောက်ရွှံ့ရိုသေမှုကိုခံစားရစေတာလား!

သူတို့နှစ်ယောက်က ဂျီဂျီလောက် အားမကောင်းသော်လည်း ကြယ်ကြွေဂိုဏ်း၏ ပါရမီရှင်များဖြစ်ကာ ကျန်းယွန်ဇောင်၏ တိုက်ရိုက်တပည့်များဖြစ်သည်။

အမျိုးသား‌ကမေးသည်။

"ဘယ်သူတွေလဲ"

ဟုန်ရင်ပြန်ဖြေသည်။

"ယဲ့ချိုးပိုင်၊ ရှီရှန်းနဲ့ ရှောင်ဟိုင်တို့ပါ"

ထိုနာမည်သုံးခုကိုကြားရသောအခါ အမျိုးသားနှင့်အမျိုးသမီးက တစ်ဦးကိုတစ်ဦး အံ့ဩသင့်နေသည့်အမူအရာဖြင့် ကြည့်လိုက်ကြသည်။

"ဘာလို့ ဓားအရှင်ကျန်းကျိကိုရှာနေကြတာလဲ"

ဓားအရှင်!

ဟုန်ရင်တို့သုံးယောက်က အချင်းချင်းကြည့်လိုက်ကြပြီးနောက် တစ်ဦးကိုတစ်ဦး ပြုံးပြလိုက်ကြသည်။

ကြည့်ရသည်မှာ အစ်ကိုကြီးက ဤနေရာ၌အဆင်ပြေနေပုံရပြီး ဓားအရှင်ဟူသောနာမည်ကို ရေးထွင်းခဲ့ပုံရသည်။

"ကျွန်မတို့အားလုံးက ယဲ့ချိုးပိုင်နဲ့ တစ်မိသားစုတည်းကပါ"

ထိုစကားလုံးများကိုကြားသောအခါ အမျိုးသားနှင့်အမျိုးသမီးက စိတ်သက်သာရာရသွားသည်။

စကားပြောနေစဉ်မှာပင် ယခုလိုအော်ရာတခုရှိနေသည်မှာ အံ့ဩသင့်စရာမရှိတော့။

သူတို့က ယဲ့ချိုးပိုင်လိုမျိုး မကောင်းဆိုးဝါးလေးသုံးကောင်ဖြစ်နေပြန်သည်။

ယခုလိုအစွမ်းထက်ဆရာသခင်လက်အောက်တွင် ထိုကဲ့သို့ခွန်အားမျိုးရှိသည်က သာမန်မျှသာ။

သုံးယေက်စလုံး၏ ကိုယ်ပိုင်လက္ခဏာများကို သိရပြီးနောက်တွင် အမျိုးသားနှင့် အမျိုးသမီးတို့က လျစ်လျူမရှုထားရဲတော့ဘဲ သုံးယောက်ကိုချက်ချင်းကြိုဆိုကာ ဂိုဏ်းထဲသို့ခေါ်သွားသည်။

ဂိုဏ်းထဲသို့ရောက်လာသောအခါ ကျန်းဝူဖန်းကလည်း ဂိုဏ်းကိုပြန်ရောက်နေပြီဖြစ်သဖြင့် ဟုန်ရင်တို့ကို ကိုယ်တိုင်ကိုယ်ကျ လက်ခံတွေ့ဆုံသည်။

ကျန်းဝူဖန်းပြုံးလိုက်သည်။

"ယဲ့ချိုးပိုင်ကအခုဒီမှာမရှိသေးဘူး"

စကားပြောနေစဉ် သူကဟုန်ရင်တို့သုံးယောက်ကိုလည်း အကဲခတ်ကြည့်နေသည်။

ဟုန်ရင်က ဧကရီ၏အဓိပ္ပာယ်ကို ဖော်ဆောင်နေပြီး သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်တွင်တည်ရှိသည်။

နင်းချန်ရှန်း၏ကိုယ်တဝိုက်၌ ကွန်ဖြူးရှပ်နှင့်တာအိုဝါဒ၏ အဓိပ္ပာယ်က၀န်းရံနေသည်။

မု၀မ်အာတွင် အဂ္ဂိရတ်ဆိုင်ရာအော်ရာတခုရှိနေသည်။

ကျန်းဝူဖန်း စိတ်လှုပ်ရှားစွာသက်ပြင်းချလိုက်မိသည်။

ထိုစီနီယာ၏တပည့်များက အမှန်တကယ်ပင် သာမန်လူများမဟုတ်ကြပေ။

ဟုန်ရင်မေးလိုက်သည်။

"စီနီယာအစ်ကိုတို့ကို အခုဘယ်မှာရှိနေသလဲဆိုတာ မေးခွင့်များရှိမလား"

"သွေးကြောတောင်"

ကျန်းဝူဖန်းက ယနေ့နယ်နိမိတ်မဲ့နယ်မြေ၏ ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။

မု၀မ်အာကခါးသီးစွာပြောသည်။

"အစ်မဟုန်ရင်၊ ကြည့်ရတာ ညီမတို့ အချိန်မှားရောက်လာမိပြီထင်တယ်"

ဟုန်ရင်ကပြုံးကာ မု၀မ်အာ၏ပခုံးကို ပုတ်လိုက်သည်။

"ငါတို့ဒီလိုကာလမျိုးမှာ အချိန်မှီရောက်လာနိုင်တာမို့လို့ အစ်ကိုကြီးနဲ့တခြားသူတွေကို ကူညီပေးနိုင်တယ်လေ"

ကျန်းဝူဖန်းပြောသည်။

"မင်းတို့သွေးကြောတောင်ကိုသွားကြမှာလား၊ ဟုတ်တယ်ဆိုရင် ငါနဲ့အတူသွားလို့ရပါတယ်"

"အခုအဓိကဂိုဏ်းတွေက သူတို့ရဲ့တပ်တွေကိုပေါင်းစည်းပြီး သွေးကြောတောင်ကို စောင့်ကြပ်ဖို့အတွက် လက်ရွေးစင်တွေကို စေလွှတ်နေကြတယ်"

"ငါတို့ကြယ်ကြွေဂိုဏ်းကလည်း ခြွင်းချက်မဟုတ်ဘူး"

ဤသည်ကိုကြားသောအခါ ဟုန်ရင်တို့သုံးယောက်က တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြသည်။

ယခုအကြိမ်ပူပန်နေခြင်းကအသုံးမ၀င်ပါ။

"ကောင်းပြီ၊ စီနီယာအစ်ကိုနဲ့ကျန်တဲ့သူတွေကို အသံလွှင့်အစီအရင်ကနေ အရင်ဆုံးအသိပေးကြရအောင်"

.....

သွေးကြောတောင်တွင် ယဲ့ချိုးပိုင်၊ ရှီရှန်း၊ ရှောင်ဟိုင်နှင့်မုဖူရှန်းတို့က မိုယွန်ကနေ ထွက်လာကြသည်။

ထို့ထဲကရတနာများက အဆင့်က အရမ်းမနိမ့်ကျသည့်တိုင် ယနေ့သူတို့လေးယောက်အတွက် အရမ်းကြီးအသုံးမ၀င်ပေ။

ယဲ့ချိုးပိုင်တွင် ကြယ်ကြွေဓားနှင့် ရှင်းယွန်ဓားရှိသည်။

ရှီရှန်းတွင် အင်ပါယာမင်ရွှမ်ပုဆိန်နှင့် ကြယ်ကြွေနတ်ဘုရားပုဆိန်ရှိသည်။

ရှောင်ဟိုင်တွင် ကောင်းကင်ကိုးသွယ်နတ်ဆိုးတင်းပုတ်နှင့် အစွမ်းထက်ရုပ်ခန္ဓာရှိသည်။

မုဖူရှန်းကရော!

သူကမူ အသက်ကယ်နိုင်ရန်အတွက် မှော်လက်နက်များစွာကိုထုတ်နိုင်သည်။

သွေးကြောတောင်၌ရှိနေသေးသည့်သူတို့က ဟုန်ရင်ဆီကနေ အသံလွှင်မှုကို လက်ခံရရှိလိုက်ကြသည်။

"ဖူရှန်း၊ မင်းရဲ့စီနီယာအစ်မ၂နဲ့ စီနီယာအစ်ကို၃ကို မိတ်ဆက်ပေးပါရစေ"

အပိုင်း(419) coming။

All Chapters