#မုမိသားစုမှဆင့်ခေါ်ခြင်း#
Vol. 29 Ch. 419
သွေးကြောတောင်အပြင်ပ၌ အဓိကအင်အားစုအားလုံးထိုနေရာ၌ စုဝေးနေကြသည်။
ပြင်ပမိစ္ဆာများကိုရင်ဆိုင်ရန် နယ်မြေက အင်အားစုအားလုံးက သူတို့၏ယခင်သံသယများကို ယာယီစွန့်လွှတ်ကာ အတူတကွလုပ်ဆောင်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ ယခုတကြိမ်က နယ်နိမိတ်မဲ့နယ်မြေရှင်သန်ရန်အချိန်ဖြစ်သည်။
စံအိမ်တော်ကလူများကလည်း လုံချီမြို့၌စုဝေးကြသည်။
စုဝေးပြီးနောက်တွင် အမှတ်တရတခုခုရှိမည်ကသဘာ၀ကျပေသည်။
"ဒါကဂျူနီယာမောင်လေး၆လား" ဟုန်ရင်က မုဖူရှန်းကို အပြုံးရေးရေးလေးဖြင့် ကြည့်နေသည်။
မုဖူရှန်းချက်ချင်းပင်ရှေ့တိုးကာပြောသည်။
"စီနှယာအစ်မနှစ်ကလည်း အလားတူ ပါရမီရှိပြီး အရမ်းလှပတယ်လို့ ကျွန်တော်ကြားခဲ့ရပါတယ်"
ယဲ့ချိုးပိုင် "...."
ရှီရှန်း "...."
ရှောင်ဟိုင် "....."
ဒီကောင်ကကပ်ဖားတာ တော်လွန်းမနေဘူးလား!
ဟုန်ရင်ကရယ်မောလိုက်သည်။
"ငါတို့မောင်နှမတွေကြား ဒီလောက်တင်းမာနေစရာမလိုပါဘူး၊ အားလုံးကမိသားစုတွေပဲလေ"
နင်းချန်ရှင်းကလည်းအပြုံးဖြင့် နှုတ်ဆက်ပြီးနောက် ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
"အစ်ကိုကြီး၊ လက်ရှိအခြေအနေက သိပ်မကောင်းဘူးလို့ ကျွန်တော်ကြားခဲ့ရတယ်"
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်၏ အမူအရာကလေးနက်သွား၏။
"ဟုတ်တယ်၊ တကယ်ကောင်းမနေဘူး၊ နယ်မြေပြင်ပကမိစ္ဆာမျိုးနွယ်က အလယ်အလတ်အဆင့်ကြယ်နယ်မြေက အင်အားစုတခုပဲ၊ သူတို့ကအရမ်းအစွမ်းထက်ပြီးတော့ အခုစည်းတံဆိပ်ကို ချိုးဖျက်ကြတော့မယ်ထင်တယ်"
ဟုန်ရင်ကပါ၀င်လာသည်။
"ညီမလည်း နယ်မြေပြင်ပကမိစ္ဆာမျိုးနွယ်တချို့ကိုသိတယ်၊ အဲဒီအချိန်က သူတို့က ကောင်းကင်ဘုံဝိဉာဉ်နယ်မြေကို ကျူးကျော်ဖို့ရောက်လာခဲ့ကြတာ"
"တခါကျုးကျော်ပြီးတာနဲ့ ရန်သူက ဆက်တိုက်တိုက်ခိုက်တော့မယ်လို့ ညီမထင်နေခဲ့တာ"
"ဒါပေမယ့်ဘာလို့မှန်းမသိဘူး၊ ညီမတို့ ကောင်းကောင်းပြင်ဆင်ထားပေမယ့် သူတို့ကိုအချိန်အကြာကြီးမတွေ့ရတော့ဘူး"
အဝေးစံအိမ်တော်တွင်ရှိနေသည့် လုချန်ရှန်းမှာ ရုတ်တရက်မှာချေလိုက်မိလေရာ နှာခေါင်းကိုပွတ်ရင်းတွေးနေမိသည်။
"ဘာလို့ရုတ်တရက်နှာချေရတာတုန်း၊ တယောက်ယောက်ငါ့အကြောင်း အတင်းပြောနေတာလား ဒါမှမဟုတ် ငါအအေးမိတာများလား"
နယ်နိမိတ်မဲ့မင်းဆက်ရှိ ဧကရာဇ်အမွေခံတဖြစ်လဲ မုဖူရှန်းက နယ်မြေပြင်ပကမိစ္ဆာများအကြောင်းကို အများဆုံးသိထားသည်။
"နယ်မြေပြင်ပကမိစ္ဆာတွေရဲ့ခွန်အားက ကျွန်တော်တို့ထက်အများကြီးပိုအားကောင်းတယ်၊ အမြင့်ဆုံးခွန်အားအရဆိုရင် သူတို့က ကျွန်တော်တို့လူသားမျိုးနွယ်ရဲ့ အမြင့်ဆုံးခွန်အားကို လုံး၀ကျော်လွန်သွားပြီ"
"ဒီလိုဆိုရင်ငါတို့အခုဘာလုပ်လို့ရလဲ"
မုဖူရှန်းခေါင်းခါယမ်းသည်။
"နည်းလမ်းမရှိဘူး၊ ရန်သူရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားရုံပဲတတ်နိုင်တယ်"
လူတိုင်းတိတ်ဆိတ်သွားကြသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေနှင့် အဆင့်နိမ့်ကြယ်နယ်မြေဟူသည် စကားလုံးတလုံးတည်းသာကွာခြားသော်လည်း ကြားကခွန်အားအရာ၌ကွာဟချက်ကို စကားလုံးအနည်းငယ်ဖြင့်ဖြည့်စွက်၍မရပါ။
ဒါက ကောင်းကင်ဘုံကဲ့သို့ပင်။
ထိုစဉ် မျှော်လင့်မထားသည့်ဧည့်သည်တစ်ယောက်က ရုတ်တရက် ယဲ့ချိုးပိုင်တို့၏ နေအိမ်သို့ရောက်လာသည်။
ထိုလူကိုမြင်သောအခါ ယဲ့ချိုးပိုင်အံ့ဩသင့်သွားသည်။
"ဦးလေး...အမ်.... မဟုတ်ဘူး၊ မုစီချန်း၊ မင်းဘာလို့ဒီမှာရှိနေရတာလဲ"
မုစီချန်းလူများစွာကို ဤနေရာ၌ တွေ့လိုက်ရသဖြင့် အနည်းငယ်ရှက်သလိုခံစားလိုက်ရသည်။
"အင်အားစုတွေကသွေးကြောတောင်မှာ စုဝေးနေကြတာဆိုတော့ ပင်မိမိသားစုသုံးစုကလည်း ခြွင်းချက်မဟုတ်ဘူးလေ"
"ဒါက ငါ့အဖေက မင်းနဲ့တွေ့ချင်လို့တဲ့...."
မုစီချန်းအဖေလား!
ယဲ့ချိုးပိုင်အနည်းငယ်လန့်သွားသည်။
ဒါကယခုမုမိသားစုခေါင်းဆောင်ဖြစ်သည့် ဇီရှင်းအဖေဖြစ်လေသည်။
ဟုန်ရင်၊ နင်းချန်ရှန်းနှင့် မု၀မ်အာတို့က အနည်းငယ်စိတ်ရှုပ်ထွေးနေကြသည်။
ဘေးကရှီရှန်းက ထိုကိစ္စကိုရှင်းပြသောအခါမှသာ သူတို့အားလုံး ရုတ်တရက် နားလည်သွားကြသည်။
သူတို့ကလည်း ဇီရှင်းနှင့်ဆုံခဲ့ကြပြီး နှစ်ဦးသားက တိတ်တဆိတ်ချစ်ကြိုက်နေတာကို သိထားကြပြီးဖြစ်သည်။
ယဲ့ချိုးပိုင်အပေါ် သုံးယောက်စလုံးကြည့်နေသည့်အကြည့်က မရေမရာဖြစ်လာသည်။
"အစ်ကိုရေ၊ လုပ်ထားနော်"
"ကျွန်တော်တို့စံအိမ်တော်ရဲ့မျက်နှာကို မဆုံးရှုံးပါရစေနဲ့"
ယဲ့ချိုးပိုင်ရှက်သွားသဖြင့် ချက်ချင်းချောင်းဆိုးသည့်ဟန်ဆောင်လိုက်၏။
"မင်းတို့ဘာတွေပြောနေကြတာလဲ"
"ကောင်းပြီလေ၊ အကြီးအကဲတွေက ငါ့ကိုတွေ့ချင်နေမှတော့ ယဉ်ကျေးမှုအရ ငါသွားတွေ့ရမှာပေါ့၊ မင်းတို့အခုအနားယူလို့ရတယ်"
စကားပြောပြီးနောက် မုစီချန်းနှင့်ယဲ့ချိုးပိုင်တို့ကထွက်သွားကြသည်။
လမ်းတစ်လျှောက်တွင် ယဲ့ချိုးပိုင်က မုဇီရှင်းအကြောင်း မေးမြန်းနေသည်။
မုစီချန်းမှာအကူအညီကင်းမဲ့စွာပြောလိုက်ရသည်။
"မုဇီရှင်းမလာဘူး"
"ဒီလိုအခြေအနေမျိုးမှာ မိသားစုရဲ့ အသန့်စင်ဆုံးသွေးဆက်ဖြစ်တဲ့ ဇီရှန်းကို မတော်တဆဖြစ်ရပ်တွေကနေ ရှောင်ရှားနိုင်ဖို့အတွက် အပြင်ထွက်ခွင့်မပေးထားဘူး"
"သူကသွေးကြောစွမ်းအားကိုအပြည့်အ၀အသက်သွင်းနိုင်ပြီး တာအိုနယ်ပယ်ရောက်မှသာ ခွင့်ပြုလိမ့်မယ်"
ယဲ့ချိုးပိုင်သဘောတူလိုက်သည်။
"ဒါကကောင်းပါတယ်၊ အခုအပြင်လောကက အန္တရာယ်အတော်များနေတယ်လေ"
မုစီချန်းအံ့ဩသင့်သွားသည်။
"ဒါကိုကောင်းတယ်လို့ထင်တာလား"
"ဒါက မင်းတို့နှစ်ယောက်အကြား တွေ့ဆုံရဖို့အတွက် ပိုမခက်ခဲသွားဘူးလား"
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ပခုံးတွန့်ရင်း ထူးမခြားနားစွာပြောသည်။
"အဲဒါက အရမ်းကြီးမခက်ခဲပါဘူး၊ မင်းနဲ့ဇီရှင်းအဖေကို နားချဖို့ပဲလိုတာပါ"
သူ့စကားလုံးများကအနည်းငယ် ဂရုမစိုက်ပုံပေါ်သော်လည်း အနည်းငယ်နှလုံးသားမဲ့ပုံရသည်။
သို့သော် မုစီချန်းက ဒီကနေ ခိုင်မာသည့် စိတ်ဓာတ်ကြံ့ခိုင်မှုကို ကြားနိုင်သည်။
မုစီချန်းအနည်းငယ်သိချင်သွားသည်။
ယဲ့ချိုးပိုင်ကိုဘာကများ ဒီလောက်ထိ ယုံကြည်မှုပြင်းထန်စေတာလဲ!
ယခုမိသားစုခေါင်းဆောင်ဖြစ်သည့် သူ့အဖေမုလီပိုင်က စကားပြောဆိုရလွယ်ကူသည့်သူတစ်ယောက်မဟုတ်ပါ။
သူတို့စကားပြောနေစဉ် ယာယီနေအိမ်တစ်ခုသို့ရောက်လာကြသည်။
ဤစံအိမ်တည်နေရာက အတော်လေးဝေးလံခေါင်ကျသည်။
သို့စေကာမူ ပတ်ပတ်လည်၌ အမှောင်ထုလှိုင်းများနှင့်အစီအရင်များစွာရှိသည်။
တံခါးအနီးတွင်အစောင့်မရှိပါ။
မုစီချန်းလက်ဆန့်ထုတ်ကာ စံအိမ်တံခါးရှေ့က ဟင်းလင်းပြင်အပိုင်းအစတခုအပေါ်သို့ လက်တင်လိုက်သည်။
ထိုအချိန်တွင် ၎င်းက မမြင်ရသည့်အတားအဆီးတခုကို ထိသွားပုံရသည်။
မုစီချန်းလက်ဖဝါးတဝိုက်တွင် ရေစီးကြောင်းစက်ဝိုင်းများစွာရှိသည်။
ချက်ချင်းဆိုသလို မမြင်ရသည့်အတားအဆီးက အပေါက်တခုဖွင့်လှစ်လာသည်။
နှစ်ဦးစလုံးကအထဲသို့၀င်သွားကြသည်။
ယဲ့ချိုးပိုင်တံခါးထဲသို့လှမ်းလိုက်သည်နှင့်တပြိုင်နက် ချက်ချင်းပင် မြောက်မြားစွာသောအစွမ်းထက်အငွေ့အသက်များစွာက သူ့ကိုတချိန်တည်းမှာပင် ပိတ်ဆို့ပစ်ကာ ကြည့်နေသည်ကို သတိထားမိလိုက်သည်။
ဒါကယဲ့ချိုးပိုင်ကိုအနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။
သူကစောင့်ကြည်ခံနေရသည့်ခံစားချက်ကို မကြိုက်ပါ။
သို့သော် ဇီရှင်းမိသားစုဖြစ်နေသည့်ကံတရားကြောင့် ယဲ့ချိုးပိုင်ဓားကို ဆွဲမထုတ်ရန် ဆုံးဖြတ်လိုက်သည်။
သူဓားဆွဲထုတ်လျှင်ပင်တိုက်ခိုက်နိုင်မည်မဟုတ်။
နှစ်ဦးစလုံးက ကျောက်၀င်းထဲကနေ ဖြတ်လျှောက်လာပြီး အခန်းတခန်းသို့ ရောက်လာသောအခါ သူတို့လမ်းကို ပိတ်ဆို့ထားသည့် လူတစ်ယောက် တံခါးနားတွင်ရှိနေသည်။
မုစီချန်းမျက်မှောင်ကြုတ်လိုက်သည်။
"လီရီ၊ ညီလေးယဲ့ကို အဖေဒီကိုခေါ်ထားတာ"
မုလီရီက မုစီချန်း၏ညီလေးဖြစ်သည်။
ခွန်အားနှင့်ပါရမီက မုစီချန်းလောက် မကောင်းသော်လည်း ပထမတန်းစားပါရမီရှင်တစ်ဦးတဖြစ်လဲ နယ်ပယ်က ယခုတွင် သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်ကိုရောက်နေပြီဖြစ်သည်။
မုလီရီမျက်ခုံးပင့်ကာ ယဲ့ချိုးပိုင်အားကြည့်လိုက်သည်။
"ဇီရှင်းရဲ့စိတ်ကူးထဲကက သူလား"
"ငါနည်းနည်းစိတ်၀င်စားတယ်"
ယခုတွင်မူ ယဲ့ချိုးပိုင်၏နယ်ပယ်က သိုင်းဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ကို ရောက်နေလေပြီ။
သို့စေကာမူ သာကသာမန်သေမျိုးသွေးဆက်သာဖြစ်ပြီး မုဇီရှင်းကိုယ်ထဲရှိ မုမိသားစုသွေးဆက်နှင့်ခြားနားသည်။
သူကသဘောမကျနိုင်ဖြစ်နေသည်။
မုစီချန်းဘာများပြောနိုင်တော့မည်နည်း။
ထိုစဉ်ယဲ့ချိုးပိုင်ကသူ့ကိုဖမ်းကိုင်ကာ ညင်သာစွာခေါင်းခါယမ်းပြသည်။
"မစိုးရိမ်ပါနဲ့၊ ငါကိုင်တွယ်လိုက်ပါမယ်"
"ဟေး....." ယဲ့ချိုးပိုင်ရှေ့သို့လျှောက်သွားသည်ကိုမြင်ရသောအခါ မုစီချန်းတစ်ယောက် နှလုံးသားထဲက အကူအညီကင်းမဲ့စွာ ရေရွတ်လိုက်မိသည်။
"ငါမင်းကိုစိုးရိမ်နေတာမဟုတ်ဘူး... ငါ့ညီလေးကိုစိုးရိမ်နေတာဟ"
ဂျီဂျီ၏သူငယ်ချင်းဖြစ်လေရာ သူက ယဲ့ချိုးပိုင်ဘယ်လိုမွန်းစတားမျိုးလဲဆိုတာ မသိဘဲနေမည်နည်း။
သူက သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ကိုချိုးဖျက်ခဲ့သည့်တိုင် ယဲ့ချိုးပိုင်၏ ပြိုင်ဘက်တစ်ယောက်မဟုတ်သေးပါ။
ဒီမွန်းစတားက သိုင်းဧကရာဇ်နယ်ပယ်တ၀က်အဆင့်နှင့် သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်ကို ဆန့်ကျင်တိုက်ခိုက်နိုင်သူဖြစ်သလို အင်အားစုများတွင်ပါ၀င်ကာ အာရုံထွေပြားခြင်းနယ်ပယ်က မိစ္ဆာဗိုလ်ချုပ်များကိုလည်း အပြင်းအထန်ဒဏ်ရာရစေခဲ့သည်။ ဤသည်သာမက သူက ဓားသခင်နယ်ပယ်ကိုပင်ရောက်နေလေပြီ။
ယဲ့ချိုးပိုင်၏ပုံစံအရ သူကအရမ်းကြီးမာနကြီးမောက်မာသူမဟုတ်ပေ။
သို့စေကာမူ သူကမုဇီရှင်းကို မြင်တွေ့လိုပါက တခုခုတော့ထုတ်သုံးရပေမည်။
မည်သို့ပင်ဆိုစေကာမူ သူကယခုတွင် မုမိသားစု၏စောင့်ကြည့်မှုအောက်တွင် ရှိနေသည်။
အကယ်၍သူသာဘာတခုမှမလုပ်နိုင်ပါက လေးစားမှုကိုမည်သို့မည်ပုံရယူနိုင်မည်နည်း။
ဤသည်ကိုမဆိုထားနဲ့ မုလီရီက မိသားစု၏ ဂျူနီယာလေးတစ်ဦးလည်းဖြစ်သည်။
သူ့ကိုခေါ်ထားသည့်မုမိသားစုခေါင်းဆောင်က မုလီရီကို မတားဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
ဒါကစမ်းသပ်မှုတခုဆိုတာ သိသာထင်ရှားနေသည်။
အပိုင်း(420) coming။