← Chapters

#မုမိသားစုစမ်းသပ်မှု#

Vol. 29 Ch. 420

#မုမိသားစုစမ်းသပ်မှု#

Vol. 29 Ch. 420

နယ်နိမိတ်မဲ့နယ်မြေတွင် အတောက်ပဆုံးဘက်ကိုကြည့်မည်ဆိုပါက နယ်နိမိတ်မဲ့နယ်မြေ၏ အုပ်ချုပ်သူ၏ခွန်အားက အားအကောင်းဆုံးဖြစ်ပြီး နောက်ခံက အင်မတန်လုံလောက်သည်။

ထို့နောက် နယ်နိမိတ်မဲ့နယ်မြေ၌ အရင်းအမြစ်အကြီးအသေးအားလုံးကို တာ၀န်ယူထားရသည်ဟု လူသိများကြသည်။

သို့သော် လူအနည်းငယ်သာသိထားသည်က ရှေးဟောင်းကလန်သုံးခု၏တည်ရှိမှုက နယ်နိမိတ်မဲ့မင်းဆက်ထက်ပင် ပို၍ ကြာခဲ့သောကြောင့်ပင်။

သို့စေကာမူ ရှေးဟောင်းကလန်သုံးခုက အတော်လေးနိမ့်ချနေထိုင်ကြသဖြင့်သာ လူအများစုက ရှေးဟောင်းကလန်များ၏ တည်ရှိမှုကို မသိကြခြင်းဖြစ်သည်။

သို့စေကာမူ အခြေခံခွန်အားပေါ်တွင် အားသာချင်အရ ရှေးဟောင်းကလန်သုံးခု၏ခွန်အားက နယ်နိမိတ်မဲ့မင်းဆက်ထက် မဆိုးရွားပေ။

ဤသည်သာမက ရှေးဟောင်းမျိုးနွယ်စု၏သွေးကိုလည်းပိုင်ဆိုင်ထားကြသည်။

ရှေးဟောင်းကလန်သုံးခု၏ပုံရိပ်ကို ယနေ့ထိတိုင် မည်သူမှလှုပ်ခါယမ်းနိုင်ခြင်းမရှိပါ။

သဟဇာတတာအိုနယ်ပယ်အထက်အဆင့်သို့ ချိုးဖျက်တက်ရောက်ပါက သွေးကြောက အရည်အသွေးပိုင်းဆိုင်ရာပြောင်းလဲမှုတခုကို ကြုံကြိုံက်ရမည်ဖြစ်ကာ ပါရမီနှင့် ခွန်အားကလည်း သိသိသာသာပင် တိုးတက်လာပေလိမ့်မည်။

တချိန်တည်းမှာပင် သူတို့ဘိုးဘေးများ၏သွေးကိုလည်း အနာဂတ်မျိုးဆက်များဆီ ကူးပြောင်းပေးနိုင်မည်ဖြစ်သည်။

ထို့ကြောင့်လည်း ရှေးဟောင်းကလန်သုံးခုက တိုက်ရိုက်သားစဉ်မြေးဆက်များကို ပြင်ပလူများနှင့် လက်ထပ်ခွင့်မပြုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရှေးဟောင်းကလန်သုံးခုက များသောအားဖြင့် အချင်းချင်းသာ လက်ထပ်ကြသည်။

ထိုအခါသွေးကြောနှစ်ခုက အတူတကွပေါင်းစပ်သွားကြပြီး သွေးကြောစွမ်းအားကို ပေါင်းစပ်ထားသည့် သားသမီးများက ပို၍အစွမ်းထက်သည်။

ယင်းကြောင့်ပင် ရှေးဟောင်းကလန်သုံးခုအကြား ဆက်ဆံရေးက အမြဲတမ်းခိုင်မာနေခဲ့သည်။

ရှေးဟောင်းကလန်သုံးခုအနက် တခုဖြစ်သည့်မုမိသားစုမှ မုဇီရှင်းက အသန့်စင်ဆုံးသွေးကြောစွမ်းအားဖြင့် တည်ရှိသူဖြစ်သည်။

ထို့ကြောင့် ပုံမှန်အတိုင်းပင် ပြင်ပလူနှင့် လက်ထပ်ခွင့်မရှိချေ။

ယဲ့ချိုးပိုင် မုစီချန်းကိုတွန်းထုတ်ကာ မုလီရီဆီသို့လျှောက်လာသည်။

မုလီရီက မုမိသားစု၏ တိုက်ရိုက်သားစဉ်မြေးဆက်ဖြစ်သည်။ သူ့သွေးကြောစွမ်းအားက မုစီချန်းနှင့်မုဇီရှင်းတို့လောက် အားမကောင်းသော်လည်း အလွန်အမင်းသန့်စင်သည်။

"လက်လျှော့လိုက်ပါတော့၊ ရှေးဟောင်းကလန်သုံးခုကလူတွေက ပြင်ပလောကက သွေးဆက်မရှိတဲ့လူတွေနဲ့ တာအိုလက်တွဲဖော်ဖန်တီးဖို့ဆိုတာက မဖြစ်နိုင်ဘူး"

မုလီရီက ငေါ့တော့တော့ပြုံးသည်။

"ဒါ့အပြင် သွေးစွမ်းအားမရှိဘဲ မင်းက ဘယ်လိုလုပ်နယ်ပယ်တူမှာ ငါ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"

ရှေးဟောင်းကလန်ကလူများက သွေးစွမ်းအားကို အတော်လေးတန်ဖိုးထားကြပြီး တချိန်တည်းမှာပင် ဂုဏ်ယူတတ်ကြသည်။

ယဲ့ချိုးပိုင်ခပ်ပေါ့ပေါ့ရယ်မောကာ ကိုးပေရှည်ကြယ်ကြွေဓားကို ထုတ်ယူပြီးနောက် အပြုံးဖြင့်ပြောသည်။

"သွေးစွမ်းအားက အရာရာလို့ထင်တာလား၊ သေချာပေါက်မဟုတ်ဘူးပေါ့"

ထိုစကားလုံးများကိုကြားရသောအခါ အေးစက်သည့်အကြည့်တချက်က မုလီရီ၏ မျက်လုံးများအတွင်း ဖြတ်သန်းသွား၏။

"အိုး၊ ကြည့်ရတာ မင်းကသွေးစွမ်းအားကို အထင်သေးပုံပဲ"

"ဒါကမမှန်ပါဘူး" ယဲ့ချိုးပိုင်လက်ထဲတွင် ကြယ်ကြွေဓားကိုကိုင်ထားပြီး ခပ်ပေါ့ပေါ့ပြောသည်။

"သွေးစွမ်းအားနဲ့ဆိုရင် ကျင့်ကြံသူရဲ့ ပါရမီနဲ့ ပင်ကိုယ်စွမ်းရည်စတင်ရာနေရာက သာမန်ကျင့်ကြံသူတွေထက် ပိုမြင့်မားတာ မှန်ပါတယ်"

ဒါပေမယ့် ယဲ့ချိုးပိုင်က သာမန်လူတစ်ယောက်မဟုတ်ပါ။

သူ့တွင် ရှေးဟောင်းမူလဓားခန္ဓာရှိသည်။

ဓားနှလုံးသားကလည်း ကြည်လင်နေသည်။

ခိုင်မာသည့်အခြေခံအုတ်မြစ်ရှိပြီး နယ်ပယ်ကလည်း စကြာ၀ဠာဓားသခင်နယ်ပယ်ဖြစ်သည်။

သိုင်းဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်က စံအိမ်တော်၏တပည့်သားများအကြား အနည်းငယ်မထင်မရှားဖြစ်သည်ဟု ဆိုနိုင်သော်လည်း ယခုလိုငယ်ရွယ်သည့်အရွယ်မှာပင် သူကစကြာ၀ဠာဓားသခင်နယ်ပယ်ကိုပင် ရောက်နေလေပြီ။

ဓားသိုင်းလမ်းကြောင်းပေါ်ရှိပါရမီအရ ယဲ့ချိုးပိုင်က အတော်လေးကြောက်မက်ဖွယ်ကောင်းသည်။

ဒါကိုမဆိုထားနဲ့၊ သူ့ကဲ့သို့ပွင့်လင်းသော စိတ်ထားရှိသည့်ဆရာတယောက်လည်းရှိသေးသည်။

ဒါကသာမန်ဖြစ်နိုင်မည်လား။

အဖြေကသေချာပေါက်မဟုတ်ပေ။

မုလီရီကလည်း ယဲ့ချိုးပိုင်၏ စကားလုံးများထဲက အဓိပ္ပာယ်ကိုနားလည်သည်။

သူကရူးသွပ်နေသူတစ်ယောက်ဖြစ်သည်။

သို့သော်သူ့ရှေ့က ယဲ့ချိုးပိုင်ကလည်း ရူးသွပ်နေသူတစ်ယောက်ဖြစ်လေသည်။

"ဒီလို‌ဆိုမှတော့ မင်းမှာဒီလိုပြောဖို့ အရည်အချင်းများရှိသလားဆိုတာ ကြည့်ကြတာပေါ့"

ထို့နောက် မုလီရီလှည့်လာပြီး ယဲ့ချိုးပိုင်အား လက်ဖဝါးဖြင့်ရိုက်ချလိုက်သည်။

မုမိသားစု၏သွေးစွမ်းအားက ရေခဲဝိဉာဉ်သွေးစွမ်းအားဖြစ်သည်။

ထို့ကြောင့် မုလီရီလက်ဖဝါးဖြင့် ရိုက်ချလိုက်သောအခါ ရေခဲအလွှာများက လက်ဖဝါးပေါ်၌ ဖြစ်တည်လာသည်။

ပတ်၀န်းကျင်အပူချိန်က ရုတ်တရက်စတင်ကျဆင်းလာသည်။

ဘေးကသလင်းရေကန်ကလည်း ထိုအခိုက်အတန့်၌ အေးခဲသွားပုံပေါ်ပြီး ယခုလေးတင်က ပျော်ရွှင်စွာကူးခတ်နေကြသည့် ငါးကလေးကလည်း အေးခဲသွားပုံရသည်။

သူ့ကိုယ်ခန္ဓာက ၀န်းကျင်ရှိအေးစက်လှသည့်အအေးဓာတ်ကြောင့် သက်ရောက်ခံနေရတာကို ယဲ့ချိုးပိုင်ခံစားနေရသည်။

လှုပ်ရှားမှုကအနည်းငယ် မသက်မသာဖြစ်လာပြီး နှေးကွေးလာသည်။

ဤသည်ကိုခံစားမိသောအခါ ယဲ့ချိုးပိုင်တွေးလိုက်မိသည်။

ဤသွေးကြောစွမ်းအားတွင် အမှန်ပင် စွမ်းဆောင်ရည်တချို့ရှိလေသည်။

ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်က ကျော်လွှားခြင်းမရှိဘဲ လက်ထဲက ကြယ်ကြွေဓားဖြင့် ရှေ့သို့ထိုးလိုက်လေသည်။

ဓားဆန္ဒကထိုးထွက်လာပြီး ဓားစက်ကွင်းကလည်း ထွက်လာသည်။

အလွန်အမင်းထက်ရှသည့်ဓားဆန္ဒများစွာက ကြယ်ကြွေဓားသွားပေါ်၌ လှည့်ပတ်နေကြ၏။

"ဒါက ကြယ်ကြွေဓားဧကရာဇ်ရဲ့ဓားလား"

"မင်းဒီဓားကို ဘယ်လောက်ထိ အားကောင်းကောင်းနဲ့ အသုံးပြုနိုင်မလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်"

မုလီရီ ယဲ့ချိုးပိုင်ဓားကို သူ့လက်ဖဝါးဖြင့် ရိုက်ချခြင်းမရှိဘဲ ယင်းအစား မုလီရီကိုယ်ထဲက သွေးစွမ်းအားက အရူးအမူးထိုးတက်လာသည်။

သူ့တကိုယ်လုံးကနေ အရိုးခိုက်လုနီးပါး အအေးဓာတ်တခုထွက်လာသည်။

ရေခဲမြူအမျှင်စများစွာက မုလီရီကိုယ်တဝိုက်တွင် ရေခဲမြူချပ်၀တ်တခုကို ဖန်တီးလိုက်ပုံရသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်လက်ထဲက ကြယ်ကြွေဓားက မုလီရီ၏အသားအရေရှိသည့် လက်ဖဝါးကို မထိုးမိခဲ့ပေ။

ယဲ့ချိုးပိုင်ကိုရင်ဆိုင်ရသောအခါ မုလီရီ ဂရုမစိုက်၊ သတိမပေါဘဲမနေရဲပါ။

အပြင်ပန်းအားဖြင့် သူကမောက်မာသော်လည်း ရန်သူကိုရင်ဆိုင်ရသောအခါတွင်မူ သူကဘာကိုမှ ခပ်ပေါ့ပေါ့ဟု မမှတ်ယူထားပေ။

သူကတခဏမျှမျက်နှာပြန်အဖတ်ဆယ်ရအောင်လုပ်ရပေမည်။ သတိပေါ့ပေါ့နေပြီး ပြိုင်ဘက်ကိုရှုံးနိမ့်ပါက သူမျက်နှာပျက်ရပေမည်။

ပို၍အရေးပါသည်က မုလီရီက ဒါကို ရှင်းရှင်းလင်းလင်းခွဲခြားနိုင်ခြင်းပင်။

ထို့ကြောင့် သူကပြိုင်ဘက်ကိုဆန့်ကျင်ရန် အကုန်ထုတ်သုံးတော့မည်ဖြစ်သည်။

သူ့သွေးစွမ်းအားအပြည့်ပါသည့်လက်ဖဝါးက ယဲ့ချိုးပိုင်ကို မအေးခဲသွားစေပေ။

ဒါက မုလီရီ၏မျက်လုံးများကို အနည်းငယ် ဂဏှာမငြိမ်ဖြစ်သွားစေသည်။

သူ့ကိုယ်ခန္ဓာထဲရှိ ရေခဲ၏အဓိပ္ပာယ်က တူညီသည့်နယ်ပယ်တွင်ညပြိုင်ဘက်မရှိဟု ‌ဆိုလိုခြင်းပင်။

ဂျီဂျီဖြစ်နေလျှင်ပင် အေးခဲသွားရပေလိမ့်မည်။

သို့စေကာမူ သူ့ရှေ့ကယဲ့ချိုးပိုင်က ဤအအေးဓာတ်ကြောင့် ထိခိုက်ပုံမပေါ်ပေ။

သို့သော်ဆန့်ကျင်စွာပင် ဓားထိပ်ဖျားမှ ထွက်လာသည့်ထက်ရှသောဓားဆန္ဒက သူ့ကိုယ်ခန္ဓာမျက်နှာပြင်ပေါ်က ရေခဲမြူသံချပ်ကာကို အမှန်တကယ်စုတ်ဖြဲနေသည်။

ဒီလူတွင် ခွန်အားတချို့ရှိသည်။

မုလီရီ၏မျက်နှာကအနည်းငယ်တည်ကြည်သွားပြီး သူ့လက်ကိုရုတ်ချည်းဆိုသလို ဆွဲယူကာ ချက်ချင်းလက်ဖ၀ါးကိုမြှောက်လိုက်သည်။

သူ့ကိုယ်ခန္ဓာနောက်တွင် ရေခဲမြူစီကြောင်းများက ထက်ရှကြီးမားသည့်ရေခဲဆူးများကို ဖြစ်တည်လာစေသည်။

လက်ဖဝါးတချက်ဝှေ့ယမ်းလိုက်သောအခါ ရေခဲဆူးများက ယဲ့ချိုးပိုင်အား ထိုးဖောက်ရန် ၀င်ရောက်သွားကြ၏။

ရေခဲစိုင်များက နေရာတိုင်းတွင်ပြန့်ကြဲနေသည်။ လမ်းတစ်လျှောက်လေထုက ရေခဲအဖြစ် အေးခဲနေသည်။

ယဲ့ချိုးပိုင်ကလည်း ဓားကိုဆွဲသိမ်းယူကာ ထောက်ပြလိုက်သည်။

ဓားစက်ကွင်းကထိုးတက်လာပြီး ဓားဆန္ဒမြစ်ရှည်ကြီးတစင်းအဖြစ်ပြောင်းလဲကာ ထိုရေခဲဆူးများရှိရာသို့ ပြေး၀င်သွား၏။

ယခုအချိန်တွင် ယဲ့ချိုးပိုင် သူ့လက်ကို ထိန်းချုပ်ထားရန်ရည်ရွယ်ချက်မရှိဘဲ ရှေ့တလှမ်းတိုးလိုက်စဉ် ဓားဆန္ဒက အရူးအမူးထိုးတက်လာလေသည်။

မုလီရီ၏အံ့ဩသင့်နေသည့်အကြည့်အောက်တွင် ဓားဆန္ဒ၏မြစ်ရှည်ကြီးက ကြောက်မက်ဖွယ်လှိုင်းတခုအဖြစ် ပြောင်းသွားပြီး ရူးသွပ်စွာ လေဟာနယ်ထဲတွင် ထိုးတက်သွားသည်။

"ဓားသခင်နယ်ပယ်......"

မုလီရီ၏အမူအရာက ထိတ်လန့်ချောက်ချားမှုအဖြစ် ပြောင်းလဲသွား၏။

အလွန်အမင်းနိမ့်ချနေထိုင်သည့် ရှေးဟောင်းကလန်သုံးခုကလူများက လေ့ကျင့်ရန်အတွက် အပြင်ထွက်သည်ဟူသည် အရမ်းရှားပါးသည်။

ထို့ကြောင့် သူကအပြင်ပကမ္ဘာအကြောင်း အနည်းအကျဉ်းမျှသာသိသည်။

နယ်နိမိတ်မဲ့နယ်မြေ၌ ယဲ့ချိုးပိုင်၏ဂုဏ်သတင်းကို သူမသိပေ။

အဘယ်ကြောင့်ဆိုသော် ကြယ်ကြွေဓားဂိုဏ်းနှင့် နယ်နိမိတ်မဲ့မင်းဆက်က ယဲ့ချိုးပိုင်၏သတင်းများကို တချိန်တည်းတွင်လည်း ဖိနှိပ်ထားခဲ့ကြသောကြောင့်လည်းဖြစ်သည်။

ထို့ကြောင့် အပြင်ပကမ္ဘာတွင် ယဲ့ချိုးပိုင်၏ ကြောက်ခမန်းလိလိဓားသိုင်းပါရမီကို သိသူဟူသည် ထိပ်သီးအင်အားစုအနည်းငယ်သာရှိသည်။

ဓားသခင်နယ်ပယ်ဓားဆန္ဒက အင်မတန်ကိုထက်ရှသည်။

မဟာဓားနယ်ပယ်နှင့်စကြာ၀ဠာဓားသခင်နယ်ပယ်ဟူသည် လုံး၀ကွဲပြားသည့် အဆင့်နှစ်ဆင့်ပေတည်း။

ထိုစဉ် ဓားသခင်နယ်ပယ်ဓားဆန္ဒက ဖြစ်တည်လာသည့် ကြောက်ခမန်းလိလိလှိုင်းများက ဧရာမရေခဲဆူးများကို အပိုင်းပိုင်းအစစကြေမွသွားစေပြီး ရေခဲပုံဆောင်ခဲများအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ထဲသို့ရောက်သွားစေသည်။

သို့စေကာမူ ကြောက်ခမန်းလိလိလှိုင်းများက ထို့အတွက်ကြောင့် ရပ်တန့်ခြင်းမရှိသေးဘဲ မုလီရီ၏ဆက်လက်ပြေး၀င်နေသည်။

မုလီရီ၏မျက်နှာ၌ ထိတ်လန့်နေသည့်အမူအရာတစ်ခုပေါ်လာခဲ့သည်။

ဤကြောက်မက်ဖွယ်ဓားသခင်နယ်ပယ်ဓားဆန္ဒကို ရင်ဆိုင်နေရစဉ် သူ့တွင် ခုခံရန်အတွက် ယုံကြည်မှုမရှိပေ။

ထိုအခိုက်အတန့်၌ မုလီရီနောက်က တံခါးကရုတ်တရက်ပွင့်သွားပြီး အခန်းထဲကနေ ရေခဲဆန္ဒတခုပစ်၀င်လာသည်။

ဓားသခင်နယ်ပယ်ဓားဆန္ဒကနေ ပြောင်းလဲထားသည့် ကြောက်မခန်းလိလိဓားဆန္ဒက ချက်ချင်းဆိုသလို ရေခဲများအဖြစ် သိပ်သည်းသွားရသည်။

အပိုင်း(421) coming။

All Chapters