← Chapters

တာ့တာ ထျန်းရွှမ်တံခါးရေ

Vol. 13 Ch. 182

တာ့တာ ထျန်းရွှမ်တံခါးရေ

Vol. 13 Ch. 182

“ဒီကောင် အသက်ကော ရှင်ပါ့မလား...” စုရှောင်ရှန် စိတ်ထဲမှ ဆုတောင်းလိုက်သည်။

“ကျဲ ကိုပြောရဲတော့လဲ ခံပေါ့။ ‘စာအုပ်ကို အဖုံးကြည့်ပြီး မဆုံးဖြတ်နဲ့’ ဆိုတဲ့ စကားကို လက်ကိုင်မထားဘူးထင်တယ်”

ကျိုးထျန်းရှန် ထိုဗလာနယ်ပယ်လမ်းကြောင်းထဲ၀င်ရောက်ပျောက်ကွယ်သွားတာကို တွေ့လျှင် စုရှောင်ရှန် ကျေနပ်သွားသည်။

“ဒီအရာက ထျန်းရွှမ်တံခါးနားမှာ ပေါ်လာရမှာမဟုတ်ဘဲ ငါ့ရှေ့မှာပေါ်လာတယ်တဲ့။ ခေါင်းဆောင်များ ငါ့ကို ဆုချနေတာလားပဲ”

“ကျဲ” ရုပ်သေးကလေးငယ်ကိုကြည့်ပြီး စုရှောင်ရှန်၏ ပါးစပ်အနည်းငယ် တွန့်သွားရသည်။ “ငါတို့ထွက်မယ်”

ကျဲက ဗလာနယ်ပယ်လမ်းကြောင်းကို သင်္ကာမကင်းကြည့်လိုက်သည်။ “မေမေ...”

“ကျုံ့စမ်း” စုရှောင်ရှန် အပိုစကားမဆြိတော့ချေ။ သူသိရသလောက်တော့ ရဲ့ရှောင်ထျန်းတောင် ထိုသို့ ဗလာနယ်ပယ်‌အပေါက်မျိုးကို ကြာကြာ ထိန်းထားနိုင်လိမ့်မည်မဟုတ်ချေ။

ခဏတာတုန်းဆိုင်းနေပြီးနောက်မှာ ကျဲက သံလုံးအသေးလေးအရွယ်အစားကို ကျုံ့သွားပြီး စုရှောင်ရှန် ရှေ့၌ ပျံဝဲလိုက်သည်။ စုရှောင်ရှန်ကလည်း ဖမ်းယူလိုက်ပါသည်။

“မှတ်ထား။ အပြင်ရောက်တဲ့အခါကျ နဂိုမူလပုံစံကို ပြန်မရောက်မိစေနဲ့။ ငါအမိန့်ပေးမှ တိုက်ခိုက်။ ပြဿနာလည်းမရှာနဲ့ ဟုတ်လား”

အနီစက်နှစ်စက်နှင့် ဘောလုံးလေးက မျက်စိမှိတ်ပြသည်။ စုရှောင်ရှန် ကျေနပ်သွားသော်လည်း သေချာသွားအောင်ထပ်လောင်း၍ “မင်းအမှားတစ်ခုခုလုပ်မိလို့ ဒီကိုပြန်ပို့ခံရရင် ငါတောင် မင်းကို ကယ်နိုင်မှာမဟုတ်ဘူးနော်။ မှတ်ထား”

“မေမေ...”

“လိမ္မာစမ်းပါသားရယ်။ တစ်နေ့ သမီးရည်းစားရှာပေးပါ့မယ်”

“…”

သံဘောလုံးလေးမတုန့်ပြန်ပါချေ။ စုရှောင်ရှန် ကျဲကို အင်္ကျီထဲ ထည့်လိုက်ပြီး ဗလာနယ်ပယ်လမ်းကြောင်းစီကို ပျံတက်သွားကာ ၀င်လိုက်သည်။

လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့၏။

ထျန်းရွှမ်တံခါးက နောက်ဆုံးတော့ ပြန်လည် ဆိတ်ငြိမ်သွားခဲ့ပေပြီ။

စိတ်ဝိညာဉ်စွမ်းအင်များဖြင့် နေရာလပ်မကျန်အောင် ပြည့်နေသည့် ကမ္ဘာငယ်လေးက နှစ်ရက်အတွင်း ဤသို့ ပျက်ကပ်အခြေအနေကို ရောက်သွားခဲ့၏။ ဒီမှာသာ တစ်ရက်ဆက်နေလိုက်ရင် ဘာဖြစ်မယ်မှန်း သူမခန့်မှန်းရဲပါချေ။

ကံကောင်းစွာ ကောင်းကင်သစ်ပင်က အချိန်မှီ ကမ္ဘာငယ်လေးကို ကယ်တင်လိုက်‌နိုင်ပေလို့ပေါ့။ နောက်ဆုံးတော့ အရာအားလုံးပြန်တည်ငြိမ်သွားရသည်။

ထိုမယူရသေးသော ကမ္ဘာငယ်လေးကို တည်ငြိမ်အောင်လုပ်ထားပေးသည့် ရတနာနှင့် ယွမ်တု၏ ဝိညာဉ်မှလွဲ၍ အားလုံးက အဆင်ပြေကြသည်။

ရွှစ်...။

လေညှင်းကလေးနှင့်အတူ နှင်းများစတင်ကျရောက်လာခဲ့သည်။ ကောင်းကင်ကြီးက အပေါက်အပြဲများလည်း ပြန်လည် ပိတ်နေကြပြီး ကမ္ဘာကြီးက လမ်းမှန်ပေါ်ပြန်တည့်သွားတော့၏။

…

ညီလာခံခန်းမအရှေ့က ဗလာနယ်လမ်းကြောင်းက အလင်းတစ်ချက်သွားသည်။

“ဟားဟားဟား။ ငါ စုရှောင်ရှန် နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီကွ”

စုရှောင်ရှန် ခေါင်းမူးသလိုလိုဖြစ်သွားပြီး ပြန်လည်သက်သာအောင် ခေါင်းအနည်းငယ်ခါရမ်းလိုက်သည်။ ထိုစဉ်တောင်များအကြားမှ ထိုးဖောက်၀င်လာသော နေရောင်ကလေးက သူ့မျက်နှာပေါ် လာကျ၏။

[ကြည့်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၇၂]

“လခွမ်း”

ယခုလိုစိုက်ကြည့်ခံရသည့်အတွက် စုရှောင်ရှန်အထိန်တလန့်ဖြစ်သွားတယ်‌ဆိုပေမယ့် အသိပေးဖန်သားပြင်က ကိန်းဂဏာန်းကိုမြင်သောအခါ နှုတ်ခမ်းသားများ ကွေးတက်သွားရသည်။

‘လူများတဲ့နေရာနဲ့ ငါနဲ့အသင်တော်ဆုံးပဲ။ အဲ့ဒီမုကျစ်ရှီတစ်နေကုန်ထိုင်ဆဲနေတာက ဘာမှမရတဲ့အပြင်ကို ပါးစပ်စီးပြီးတကယ်ဖြစ်သွားရင် သေနေဦးမယ်’

‌သူ့ကို အနက်၀တ်လူရာနှင့်ချီ၍ စူးစူးရှရှစိုက်ကြည့်နေ၏။ ထိုထဲမှ ရင်းနှီးသောမျက်နှာများကို သူတွေ့ရသည်။

‘ဟမ်။ ဒီလူတွေအားလုံး ငါပြန်လာတာ ကြိုဆိုဖို့လား’ သူတွေးလိုက်သည်။

အတိတ်ဘ၀က ထိုမြင်ကွင်းကို ပြန်မြင်ယောင်မိသောအခါ သူ့မျက်နှာထက်၌ ထူးဆန်းသော အမူအရာတစ်ခုပေါ်လာခဲ့သည်။ “ဒီကစလို့ ငါအုပ်ချုပ်မယ်” လို့ပြောချင်တာကို အတင်းထိန်းချုပ်လိုက်ရ၏။

သူ့မျက်လုံးများ မိုမိုတို့ကို လိုက်လံရှာဖွေရာမှာ တဲလေးတစ်ခုအတွင်းတွေ့လိုက်ရသည်။ သူတို့အားလုံးလွတ်လာတာပဲ။

ထို့နောက် ရဲ့ရှောင်ထျန်း၊ အကြီးအကဲကျောက်နှင့် မျက်နှာလွှားစနှင့်မိန်းကလေးတို့ထံ အာရုံရောက်သွားသည်။

‘လခွမ်း။ ဒီကောင်မလေးကဘာလဲဟ။ အနည်းဆုံးတော့ သူမက လျှိုလင်းလင်းလို စစ်မှန်ခြင်းနယ်ပယ် အထွတ်အထိပ်ပဲ။ ဒါပေမယ့် စွမ်းအင်ကိုဖိနှိပ်ထားတာနေမယ်။ ဒါဆိုရင် အရှင်သခင်နယ်ပယ်မှာများလား။ ပြီးတော့ ဘေးနားက သူမရဲ့အဖေလား။ အင်း... ဧကရာဇ်နယ်ပယ်နဲ့ ခေါင်းဆောင်နီးနီးလောက်တော့ ရှိမယ်’

လက်ရှိနေရာတစ်ခုလုံးကို သူ့အကြားအမြင်ရောက်သွားသည်။ ဒါ့အပြင်ကို သူ့အကြားအမြင်က မီးခိုးမြူပုံရိပ်ကဲ့သို့လူများမှလွဲ၍ သူတွေ့သမျှလူတိုင်း၏ ကျင့်ကြံခြင်းနယ်ပယ်ကို တိတိကျကျ ပြောစေနိုင်၏။

“မေ...”

အဟမြးးးးး...။

သူ့အင်္ကျီထဲမှ အသံဖျော့ဖျော့အသံတစ်ချက်ထွက်လာသည်။ ထိုအရာကို ဖုန်းကွယ်ဖို့ စုရှောင်ရှန်ချောင်းချက်ခြင်းဟန့်လိုက်လေသည်။

‘လိမ္မာတဲ့ကလေးလေးလေ စကားမပြောသင့်တဲ့အချိန်မှာ မပြောပါနဲ့ဟ’

သာမန်ဆို စုရှောင်ရှန်အော်ဟစ်ဆဲပြီးလောက်နေပြီ။ ယခုတော့ အနက်၀တ်လူများက သူ့ကို စိုက်ကြည့်နေကြရာ မသင့်တော်ဟု ရပ်လိုက်၏။ ဒါကြောင့် ထိုသံလုံးဘေးနှင့် စိတ်ချင်းဆက်သွယ်ဖို့ကြိုးစားလိုက်သည်။

စိတ်နှင့်ဆက်သွယ်တာကို ဘယ်လိုလုပ်သလဲ သူမသိပါချေ။ ကျဲကလည်း မတုန့်ပြန်လေရာ အောင်မြင်သလားသူမသိရပါ။

လူအတော်များများ အစက စုရှောင်ရှန်ထံမှ အကြည့်လွှဲလိုက်ကြပြီးဖြစ်ပြီး၍ ယခု ချောင်းထပ်ဟန့်လိုက်သောအခါ အားလုံး၏ အာရုံကိုပြန်ဆွဲဆောင်သွားခဲ့သည်။

ထိုသို့ အကြည့်များအောက်မှ နေမရထိုင်မရ ဖြစ်လာသော စုရှောင်ရှန် အင်္ကျီလက်စကို နောက်ပို့ပြီး ပြောသည်။ “မင်းတို့ဘာကြည့်နေတာလဲ။ ဥစ္စာပေါ ရုပ်ချောမျိုးမမြင်ဖူးဘူးလား”

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၇၂]

အလွန်စည်းကမ်းကြီးကြသော ထိုအနက်၀တ်လူရာနှင့်ချီ၍ လေထဲမှ လူတစ်ယောက်ကြောင့် ဒေါသထွက်သွားကြသည်။

“ခစ်ခစ်...” ယွဲ့ကျစ်၀မ် ပါးစပ်ကိုကာ၍ ခိုးခိုးခစ်ခစ် ရယ်သည်။ “ဒီလူက တကယ် ရဲတင်းတာပဲ။ ဒီလောက်လူအများကြီးကြားမှာတောင် နောက်ပြောင်ရဲတယ်။ သူက ကြောက်ရွံ့မှုနဲ့ တုန်လှုပ်သွားတဲ့ တစ်ချို့လူတွေထက်တော့ သာတာပဲ”

“နောက်ပြောင်တယ်ဟုတ်လား”

ယွဲ့ကျစ်၀မ် တီးတိုးပြောတာကိုတောင် စုရှောင်ရှန်ကြားလိုက်ရသည်။ သို့ဖြင့်သူမဘက်လှည့်ကာ အလေးအနက်ဆိုသည်။ “ငါ ချောတယ်ဆိုတာ နောက်နေတယ်ထင်လို့လား”

ယွဲ့ကျစ်၀မ် စွံ့အသွားရသည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

“နင်ကစိတ်၀င်စားဖို့ကောင်းသားပဲ” ဒီလို အရှက်မဲ့သည့် လူမျိူကို သူမ တစ်ခါမှ မမြင်ဖူးပါချေ။

‘နင်လည်းမဆိုးပါဘူး။ ရိုးသားသလိုလိုနဲ့ မိန်းမ’ စိတ်ထဲမှ ပြောလိုက်သည်။

ထို့နောက် စုရှောင်ရှန် အသိပေးချက်ဖန်သားပြင်ပေါ်က အကြည့်လွှဲ၍ ရိုရိုးသားသားဆိုလိုက်သည်။ “နင့် မျက်လုံးတွေကလှလိုက်တာ”

‘ဘယ်သူက ဒီလို အနှစ်မပါတဲ့ စကားဆိုတာ မသိလို့လဲ’

တကယ်က မြှောက်ပင့်နေခြင်းလို့တောင်မဆိုရပါ။ ထိုမျက်နှာလွှားစနှင့် ကောင်မလေး၏ မျက်၀န်းများအတွင်း တကယ်ကြယ်များတောက်ပနေသည့်အလား လင်းထိန်နေပြီး စွဲမက်ဖွယ်ရာ ကောင်းလွန်းနေတော့သည်။

ယွဲ့ကျစ်၀မ် ရှက်ရွံ့သွားသည်။ သူမ၏ မျက်နှာလွှားစက ကွယ်ထားလို့သာပေါ့။ မဟုတ်ရင် ပပ၀တီတောင် အရှုံးပေးသွားရလောက်မည်။ ယွဲ့ကျစ်၀မ်တစ်ဘက်လှည့်ကာ သူ့ကို ဘာမှ မပြောတော့ချေ။

အရင်က ပါရမီရှင်များဆိုတာကိုသူမမြင်ဖူးပါသည်။ တစ်ချို့က သူမကိုချစ်ကြောင်း၊ ကြိုက်ကြောင်းကို ဖွင့်ဟ၀န်ခံတတ်ကြသည်။ သို့သော် ဘယ်သူမှတော့ ဒီလောက် တည့်တိုးမဆန်ပါချေ။

သို့ဖြင့် ဘာပြောရမယ်မှန်းမသိ။ တိတ်ဆိတ်လို့သာနေလိုက်တော့၏။

စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားသည်။ သို့သော် သူ့အပြုံးက ကြာကြာမခံလိုက်ပါချေ။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ်...

ဟ ဒီမိန်းမ ဘယ်လောက်တောင် ဟန်ဆောင်ကောင်းလိုက်သလဲ။

အပြင်ဘက်မှာ ရှက်သလိုလိုနဲ့ ငါ့ကို စိတ်ထဲက ကျိန်ဆဲနေတယ်။

နေပါဦး။ ဒီဆဲတဲ့ကြိမ်နှုန်းက..

ထျန်းရွှမ်တံခါးထဲမှ အရင်ထွက်လာကြသော အနက်ရောင်လူများဖြင့် ၀န်းရံထားခြင်းခံရသည့် အဖွဲ့ကို စုရှောင်ရှန်ကြည့်လိုက်သည်။ မုကျစ်ရှီက ထိုထဲတွင် အပါအ၀င်ဖြစ်၏။

“ဘာကြည့်တာလဲ”

စုရှောင်ရှန်၏ မျက်၀န်းများကို သူမ၏ အပြင်ကင်းစင်သလို မျက်လုံးဝိုင်းကြီးများဖြင့် ပြန်ရင်ဆိုင်လိုက်သည်။

နောက်တစ်ကြိမ် အသိပေးချက်ဖန်သားပြင်ကို ပြန်ကြည့်လိုက်သောအခါ

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁...

“…”

‘အင်း။ ဘယ်သူမှ နင့်လို မဆဲနိုင်ပါဘူး။ ဘယ်လို ထူးဆန်းလိုက်တဲ့ညီမလေးလဲ’

စုရှောင်ရှန် ကောင်းကင်ပေါ်က ဖြည်းဖြည်းချင်းဆင်းလာတာကိုတွေ့သောအခါ သူနှင့်ပတ်သက်ပြီး တစ်ခုခုမှားနေတာသိပေမယ့် ဘာမှားနေလဲ ထောက်ပြမရဖြစ်နေကြသည်။

အကြီးအကဲကျောက်က သူ့ထူးဆန်းမှုကို ပထမဆုံးရိပ်မိသူဖြစ်ပြီး တအံ့တအောမေးလိုက်သည်။ “စုရှောင်ရှန် မင်း စစ်မှန်ခြင်းနယ်ပယ်ကို ရောက်သွားပြီလား”

လူတိုင်း မှင်တက်သွားကြသည်။ သို့မှ စုရှောင်ရှန်က ထျန်းရွှမ်တံခါးကို မ၀င်ခင်က စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၉) ဆိုတာ သတိရသွားကြ၏။

ဆိုလိုတာက နှစ်ရက်အတွင်း အဆင့်တစ်ဆယ်ကို ကျော်ဖြတ်ပြီး စစ်မှန်ခြင်းနယ်ပယ်ကို ရောက်သွားတယ်ပေါ့။ ဒါ့အပြင်ကို သာမန် မူလနန်းတော်မဟုတ်ဘဲ အစောပိုင်း အထွတ်အထိပ်အဆင့်၌ဖြစ်သည်။

သူ့ကျင့်ကြံမှု ‌အခြေခံအုတ်မြစ်က ခိုင်မြဲသွားပြီး အချိန်မရွေး မူလနန်းတော်အလယ်ပိုင်းကိုရောက်သွားနိုင်နေ၏။

“လခွေး...”

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၄၇၂]

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၃၆၅]

“…”

စုရှောင်ရှန် ကျေနပ်သွားသည်။ ဒါကြောင့် လူများတဲ့နေရာကို သူကြိုက်ရခြင်းဖြစ်၏။ အမြဲတမ်းသူ့အတွက် ပင်ကိုယ်မှတ်ရှာရန် လယ်ခင်းကြီးဖြစ်ပေသည်။

ဒီကို လူလုံးခဏသာ ပြရသေးသော်လည်း ပင်ကိုယ်မှတ်က (၂၀၀၀) နီးပါး ရသွားခဲ့ပေပြီ။

“ဟုတ်တယ် ကျုပ်က စစ်မှန်ခြင်းနယ်ပယ်မှာ”

သူ့လက်အင်္ကျီစများကို လှုပ်ခါလိုက်ပြီး ပြိုင်ဘက်ကင်းသလိုပြုမူလိုက်သည်။

မကြာသေးခင်က သူ့မှာ လူတစ်သောင်းအကြား၌ ‘ငါက စစ်မှန်ခြင်းနယ်ပယ်မှာ’ ဟု‌အော်ပြီး ပင်ကိုယ်မှတ် တစ်သောင်းရယူဖို့ စိတ်ကူးလေးတစ်ခုရှိခဲ့သည်။

ထိုစဉ်က လူအများ၏ ထုထောင်းခြင်းခံရမည်စိုး၍သာ အကောင်အထည်မဖော်ခဲ့ရခြင်းပါ။ ယခုတော့ သူမသိလိုက်ခင်မှာပဲ ထိုစိတ်ကူးလေးက ဖြစ်ပျက်လာခဲ့သည်။

စုရှောင်ရှန်၏ ပြုံးဖြဲဖြဲ မျက်နှာကိုကြည့်ပြီး ‌အကြီးအကဲကျောက် မနေနိုင်တော့ပါချေ။ “ဟားဟားဟားးး... ကြည့်ရတာ ထျန်းရွှမ်တံခါးထဲမှာ မင်းတော်တော် ပွသွားတယ်ထင်တယ်”

ဟုတ်တယ် ပွသွားသည်။

အနက်ရောင်ရေတံခွန်က ပင်ကိုယ်မှတ် ၂၈၀၀၀၀ သာမက ရတနာသုံးခုက သူ့နှင့်တစ်ပါးတည်းအတူရှိနေသည်။ ကျဲကိုပါ ထည့်တွက်လျှင် လေးခုဖြစ်မည်။

စုရှောင်ရှန် မြေပြင်ပေါ်ကို ဖက်ကတည်း ဆင်းသက်လိုက်သည်။ သူ့မျက်နှာက ထိန်းမနိုင်သိမ်းမရ ပြုံးဖြဲဖြဲ အနေအထားရှိနေသည်။

“ဘယ်လိုပြောရမလဲ ပွတာတော့ အတော်ပွတယ်...”

All Chapters