← Chapters

ယာမာဇူကီ၏ ဖြေရှင်းနည်းလမ်း

Vol. 87 Ch. 1291

ယာမာဇူကီ၏ ဖြေရှင်းနည်းလမ်း

Vol. 87 Ch. 1291

လူလေးယောက် အထဲရောက်လာသည်ကို မြင်တော့ ပေါလ်နှင့် ချိုးရွှီချိန်တို့ အံ့အားသင့်သွားခဲ့ကြသည်။

သူတို့အားလုံး မစ်ဆူမိသားစုက လင်းရီကို ဤနေရာတွင် ထောင်ဖမ်းရန် ကြံရွယ်ထားကြသည်ကိုသိ၏။

၎င်းအဖို့ အကူအညီ ခေါ်လာဖို့ရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့ဆိုလျှင် ဤလူများက ဘယ်ကနေ ရောက်လာခဲ့ကြသနည်း။

“ အံ့ဩသွားသလား…” လင်းရီ ရယ်သွမ်းလျက် “ တကယ်တမ်းကျ မစ်ဆူ အုပ်စုရဲ့ လှည့်ကွက်သေးသေးလေးလောက်တော့ ငါတို့လည်း မသိဘဲ ဘယ်နေမှာ… မင်းတို့ ရောက်လာမယ်လို့လည်း သတင်းကြိုရထားပြီးသား… ဒီတော့ အံ့အားသင့်စရာ မရှိပါဘူး.. အကုန်လုံးက မျှော်လင့်ထားတဲ့ ဘောင်အတွင်းမှာပဲရှိတယ်…”

“ မဖြစ်နိုင်ဘူး… မင်း ငါတို့ လှုပ်ရှားမှုတွေကို ဘယ်လိုလုပ်ပြီး သိနေရတာ…” ပေါလ် ကယောင်ချောက်ချားဖြစ်စွာ ပြောသည်။

သူ အလှည့်စားခံလိုက်ရပြီဖြစ်ကြောင်းကို လက်သင့်မခံနိုင်ဘဲ ရှိနေတော့၏။

“ ကျစ်… ပိန်းချက်ပဲ… ဒီအခြေအနေထိရောက်တာတောင် ငါက ကျုံးဝေ့တပ်ဖွဲ့ကဆိုတာ မင်း မပြောနိုင်သေးဘူးလား… မင်း ကျွန်းကနေ ထွက်လာကတည်းကရင် ငါတို့ သိနေပြီးသား… ဆက်စပ်တွေးကြည့်လိုက်ရင် လွယ်ပါတယ်…”

“ မင်း တကယ်ကြီး ကျုံးဝေ့တပ်ဖွဲ့က…….”

ကျုံးဝေ့တပ်ဖွဲ့က မည်သည့်တပ်ဖွဲ့မှန်း ချိုးရွှီချိန် နားမလည်သော်ငြား ပေါလ်နှင့် သူ့အပေါင်းအပါများ၏ အမူအရာမှာ ထိတ်လန့်သွားပြီး ပို၍ သတိကပ်သွားသည့် အသွင်မျိုး ဖြစ်သွားသည်ကို တွေ့ရှိလိုက်ရသည်။ ယင်းက ဝံပုလွေတစ်အုပ်ကို ရင်ဆိုင်တော့မည့် ပုံစံပင်။

“ ဒါပေါ့… မဟုတ်ရင် ငါ ဘာလို့ မင်းတို့ကို ဆန့်ကျင်နေဦးမလဲ…” လင်းရီ တည်ငြိမ်စွာ ပြောသည်။

“ ငါတို့ဘက်မှာ လူငါးယောက် ရှိတယ်… မင်းတို့ဘက်မှာက လူခြောက်ယောက်… မင်းတို့ ဘယ်လောက်ထိ ကြမ်းလဲ ငါမသိဘူး… ဒါပေမယ့် ငါတို့အကုန်လုံးကတော့ D အဆင့်ပဲ… မင်း ဒီက ပြန်ထွက်နိုင်မယ် ထင်ထား…”

လင်းရီ၏ တိုက်ပွဲခွန်အားကို သိရှိလိုက်ရတော့ ပေါလ် စိတ်ထဲတွင် ပို၍ တင်းကြပ်သွားခဲ့၏။

သူ့ဘက်တွင် သူကလွဲ၍ D အဆင့်ဟူသည် နှစ်ယောက်တည်းသာလျှင် ပါသည်။ အကယ်၍ သူတို့ချင်း တိုက်ကြခိုက်ကြမည် ဆိုပါက တစ်ဖက်အဖွဲ့၏ ပြိုင်ဘက် မည်သို့မျှ မဖြစ်နိုင်ချေ။

ဂျောက်ဂျက် ဂျောက်ဂျက် ( သေနတ်မောင်းဆွဲသံ )

ပေါလ်နှင့် သူ့နောက်ရှိ လူနှစ်ယောက်မှ ခါးနောက်ရှိ သေနတ်များအား ထုတ်၍ လင်းရီ၏ ဦးခေါင်းကို ပြိုင်တူချိန်ရွယ်လိုက်ကြသည်။

“ မင်းရဲ့ အထောက်အထားကိုတော့ တကယ်ကြီး ထင်မထားဘူး… ဒါပေမယ့် ငါ့ကို အဲ့လောက် လွယ်လွယ်နဲ့ သတ်နိုင်မယ် ထင်ရင်တော့ မှားသွားလိမ့်မယ်… ဒီနေ့ ဒီနေရာမှာ ခေါင်းချရမယ့်သူက …. မင်းပဲ မစ္စတာလင်း…”

“ အိုး… မင်း အဲ့လိုပြောတယ်ဆိုရင်တော့ ငါကလည်း စိတ်မကောင်းပါဘူးလို့ ပြောချင်ပါတယ်… ငါတို့လည်း လက်ဗလာနဲ့ လာခဲ့ကြတာ မဟုတ်တော့လေ ဟဲဟဲ…”

ချိုးယွီလော့နှင့် ကျန်သူများ သေနတ်ဆွဲထုတ်၍ တစ်ဖက်အဖွဲ့ကို ပြန်ချိန်ရွယ်ထားကြ၏။

“ မင်း ဘယ်လိုတောင် သတ္တိကောင်း…”

လင်းရီ ပခုံးတွန့်လျက် “ ဘာပဲပြောပြော ငါတို့က တရားဝင် အဖွဲ့အစည်းက လူတွေပဲလေ… သံရုံးက ငါတို့တောင်းတာနဲ့ ဒီလက်နက်တွေ ထုတ်ပေးလိုက်တာပဲ.. ဆိုတော့ နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်မနေနဲ့…”

ပြောပြီးနောက် လင်းရီ ချိုးရွှီချိန်ဘက် လှည့်လာခဲ့ကာ သူ၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်၏။

“ မင်း ဒါရိုက်တာရှန်းကို တစ်ပတ်ရိုက်လိုက်နိုင်တယ်ဆိုတိုင်း ငါ့ကိုလည်း အဲ့လိုလုပ်နိုင်မယ် ထင်မနေနဲ့… မင်း သေရမှာ… ဒါပေမယ့် ငါ့လက်နဲ့တော့ မဟုတ်သေးဘူး… မင်းလို စက်ဆုပ်ဖို့ကောင်းတဲ့ လူရဲ့ သွေးတွေနဲ့ ငါ့လက်ကို အစွန်းထင်း မခံနိုင်ဘူး…”

ချိုးရွှီချိန်၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့တော့သည်။ မျက်ဝန်းများတွင်လည်း ယခင် တက်ကြွမှုတို့ ကွယ်ပျောက်သွားကာ စိတ်ဝေဒနာရှင် တစ်ဦးနှယ် ဆိုဖာပေါ် ထိုင်နေလျက် ရှိသည်။

ထိုအခိုက်အတန့်တွင် သူ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းမှာ အလုပ်ဆက်မလုပ်တော့။ သူ အသက်ရှင်သန်နိုင်ဦးမည့် နေ့ရက်တို့က လက်ချိုး၍ပင် ရေတွက်၍ ရပြီဖြစ်ကြောင်းကို သူသိနေတော့သည်။

.............

မျက်နှာချင်းဆိုင် အခန်း။ အခန်း 2405။

ယာမာဇူကီ မစ်ဆူမှာ ဆိုဖာပေါ်တွင် မျက်လုံးမှေးလျက် ထိုင်နေရင်း သူ့နောက်တွင်လည်း ပိန်သွယ်သည့် အမျိုးသမီးမှ သူမ၏ နူးညံ့သည့် အသားစိုင်နှစ်ခုနှင့် ပခုံးများကို နှိပ်နှယ်ပေးနေလျက် ရှိသည်။

သူ့ဘေးတွင်တော့ ရုပ်ထုကြီးနှင့် မခြား၊ လက်နောက်ပစ်လျက် မတ်တပ်ရပ်နေကြသည့် လက်အောက်ငယ်သား လေးယောက်ရှိပြီး သူ၏ ညွှန်ကြားချက်များကို လက်ခံရန် အသင့် စောင့်ဆိုင်းနေသည်။

“ မင်းဘက်က အခြေအနေ ဘယ်လိုလဲ…”

တာခါယာမစ်ဆူ ဖုန်းထဲမှ မေးမြန်းလာသည်။

“ အေးဆေးလေးပဲ… လင်းရီ မျက်နှာချင်းဆိုင် အခန်းထဲ ဝင်သွားခဲ့ပြီ… သူ ပေါလ်တို့ အဖွဲ့နဲ့ တွေ့ပြီးနေလောက်ပြီ… ငါတို့အစီအစဉ် အောင်မြင်တော့မှာ…”

“ ပြီးရင် သူ့ကို ငါ့ဆီ လူကိုယ်တိုင် ခေါ်ခဲ့… ငါသူနဲ့ စကားပြောချင်တယ်…”

“ ကိုယ်တိုင် ပြောမလို့လား..” ယာမာဇူကီ ပြောလိုက်ပြီး “ ငါ ကိုင်တွယ်လိုက်ပါ့မယ် အစ်ကိုရာ ... စိတ်ချထားလိုက်စမ်းပါ…”

“ ဒီလူငယ်လေးက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်… ငါ့ကို ကြီးကြီးမားမား ဆုံးရှုံးအောင် လုပ်နိုင်တဲ့လူက မပေါ်လာတာ ကြာပြီ… ဒါကြောင့်မို့ ငါသူနဲ့ တွေ့ချင်တယ်…”

“ ဪ အိုကေ… ငါလည်း ပေါလ် ငါ့ကို လာတွေ့ဖို့ သိပ်မကြာလောက်တော့ဘူးလို့ ထင်တယ်… ပြီးရင် အစ်ကို့ဆီ လာပို့ပေးမယ်..”

ပြောပြီးနောက် ယာမာဇူကီ ဖုန်းကို ချလိုက်သည်။ ထို့နောက် သူ၏ နာရီကို ငုံ့ကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။

“ ကြာနေပြီ ဘာလို့ ဘာလှုပ်ရှားမှုမှ ထွက်မလာသေးတာ…”

ဒေါက် ဒေါက် ဒေါက်…

ယာမာဇူကီ အတွေးနက်နေစဉ်မှာပဲ သူ တံခါးခေါက်သံကို ကြားလိုက်ရလေသည်။

“ ဘယ်သူလဲ…” ဘော်ဒီဂတ် လေးဦးထဲမှ တစ်ဦး မေးမြန်းလိုက်၏။

“ ငါပါ… “

လင်းရီ ပေါလ်၏ အသံကို အတုခိုး၍ သဘာဝကျသည့် အင်္ဂလိပ်လေသံဖြင့် ပြောလိုက်သည်။

ယာမာဇူကီ မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့၏။ အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် တစ်ဖက်ခန်းရှိ အိမ်နီးနားချင်းသည်လည်း သူ့ကိစ္စသူ ပြီးစီးသွားခဲ့လေပြီ။

“ တံခါးသွားဖွင့်ပေးလိုက်…”

ယာမာဇူကီ မတ်တပ်ရပ်၍ ကိုယ်ကို အညောင်းဆန့်ရင်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

“ ငါ့ကို တွေ့တုန်းက မောက်မာထားတဲ့ကောင် မင်းအခု မောက်မာနိုင်သေးလား ကြည့်စမ်းဦးမယ်..”

ချလပ် …

တံခါး ပွင့်ဟလာခဲ့ပြီး လင်းရီ လှစ်ခနဲ အထဲသို့ ရောက်လာခဲ့ကာ ဘော်ဒီဂတ်အား ကန်ကျောက်လိုက်၏။

နင်ချဲ့နှင့် ကျန်သူများလည်း နောက်မှ ကပ်လျက် လိုက်ပါလာပြီး တံခါးကို ချက်ချင်းပြန်ပိတ်ကာ နေရာတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်ချေပြီ။

လင်းရီကိုမြင်တော့ ယာမာဇူကီ မစ်ဆူ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့တော့၏။

သူ မယုံကြည်နိုင် စိုးထိတ်အံ့အား ကြောက်လန့်မှုတို့ လက်တစ်ဖျစ်အတွင်း ဖြစ်ပေါ်သွားခဲ့သည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်။

“ မင်း … မင်း ဘာလို့ ဒီရောက်လာတာလဲ…”

“ ကျုပ်က ချိုးရွှီချိန်ကို လာရှာတာလေ… ခု သူ့ကို တွေ့ပြီးပြီဆိုတော့ ခင်များအလှည့် မဟုတ်ဘူးလား… ဘာမှားလို့…”

“ ဟုတ်…. ဟုတ်သားပဲနော်…” ယာမာဇူကီ ကတုန်ကယင် ဖြစ်နေသည့် အသံဖြင့် ဖျစ်ညစ်ပြုံးပြလိုက်၏။

“ ခု မင်းလည်း သူနဲ့ တွေ့ပြီးပြီဆိုတော့ ငါ မင်းကို ငါ့အစ်ကိုနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်… သူက မင်းကို လူကိုယ်တိုင် တွေ့ပြီး မစ်ဆူ အကြီးစားစက်မှုလုပ်ငန်းအကြောင်းနဲ့ တောင်းပန်မယ့် အကြောင်းတွေ ပြောချင်နေတုန်းပဲ…”

သူ၏ ထိတ်လန့်နေမှုကြောင့် ယာမာဇူကီ ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်နေခဲ့သည်။

သူ့စိတ်ထဲတွင် မေးခွန်း သောင်းခြောက်‌ထောင်တို့ဖြင့် ပြည့်နှက်နေပြီး

လင်းရီ ဘယ်လိုလုပ်ပြီး ဒီရောက်လာခဲ့တာလဲ…

ပေါလ် လူတွေ အဲ့လောက် အများကြီး‌ ခေါ်သွားတာ ဒီကောင် သေခြင်းတရားကနေ လွတ်မြောက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား…

လင်းရီကြောင့် ထိတ်လန့် ဗျာများနေရသဖြင့် နင်ချဲ့နှင့် ချိုးယွီလော့တို့ကိုပင် အာရုံစိုက်ရန် မေ့လျော့နေခဲ့၏။

မကောင်းသည့် စိတ်ခံစားချက်တို့က ရင်ထဲ ပြည့်နှက်လာခဲ့ကာ သူ၏ ဘဝမှာ သေမင်း နှုတ်ခမ်းဝသို့ ကျရောက်နေပြီဖြစ်ကြောင်းကို ယာမာဇူကီ တပ်အပ်သိလိုက်သည်။ ယခုတော့ မီးစင်ကြည့်ကရုံသာ ကျန်လေသည်။

“ ကျုပ် ခင်များ အစ်ကိုကြီးနဲ့ ကျိန်းသေပေါက် တွေ့မှာ… ဒါပေမယ့် အဲ့တာမတိုင်ခင် ကျုပ်တို့ချင်း စကား အရင်ပြောသင့်တယ် မထင်ဘူးလား…”

“ ငါ.. ငါက ဒီတိုင်း ပြာတာပဲ…. ငါတို့နှစ်ယောက်ကြားမှာ ဘာပြောစရာစကားမှ မရှိဘူး…”

“ သေချာလို့လား… ခင်များ ကျုပ်ကို လှည့်စားပြီးတော့ ခုကျတော့လည်း ဘာပြောစရာ စကားမှ မရှိဘူး ပြောနေပြန်ပြီ… ခင်များ ကျုပ်ကို သောက်ရူးများ မှတ်နေလား..”

“ ငါ .. ငါ အဲ့လို မရည်ရွယ်ပါဘူးကွာ…”

ယာမာဇူကီ၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါနေလေသည်။ ယခု အချိန်ရောက်မှတော့ သူ ဖုံးကွယ်လို့လည်း အသုံမဝင်ဆိုတာကို သူသိသည်။ ထို့ကြောင့် သိချင်သည်များကို မေးမြန်းရန် ဆုံးဖြတ်လိုက်တော့၏။

“ မင်း… မင်း ပေါလ်ကို ဘယ်လိုလုပ်လိုက်တာ… ပြီးတော့ မင်း ဘေးက လူတွေကကော ဘာတွေလဲ… ငါ ဟိုတယ် တစ်ခုလုံးကို ပိတ်ဆို့ထားတာ မင်းလူတွေ ဘယ်လိုလုပ်ပြီး အထဲဝင်လာနိုင်နေတာလဲ…”

“ ခင်များရဲ့ အစီအစဉ်က ကျုပ်ရောက်လာပြီးမှ တခြားသူတွေကို ဝင်ခွင့်မပြုလိုက်တာလေ…. “ လင်းရီ ပခုံးတွန့်လျက် ပြောဆိုလိုက်ပြီး “ ဆိုတော့ ကျုပ်လူတွေကို ဒီအရင်ပို့လိုက်တယ်.. လွယ်လွယ်လေးမလား…”

“ မဖြစ်နိုင်တာ… မင်း အဲ့လိုလုပ်မှာစိုးလို့ ငါ တမင် နေရာမှားပြောလိုက်တာ… ဒါ လုံးဝ မဖြစ်နိုင်ဘူး… ငါ့လူတွေလည်း ဒီမှာ တစ်ချိန်လုံး စောင့်ကြည့်နေတာ…”

“ ခင်များ ဒီတစ်ခါတော့ ဉာဏ်မကောင်းခဲ့ဘူး..” လင်းရီ ပြောလိုက်ပြီး “ ကျုပ် ယာဉ်တိုက်မှုဖြစ်ခဲ့တာကို ခင်များ မှတ်မိသေးလား…” “ ကျုပ် အဲ့နှစ်ယောက်နဲ့ အချိန်အကြာကြီး ညှိနှိုင်းဆွေးနွေးနေပြီးတော့မှ ကျုပ်လူတွေကို ဒီရောက်အောင် အချိန်ဝယ်ပေးခဲ့တာ.. ခု ဘာတွေဖြစ်နေလဲ ခင်များ နားလည်သွားပြီလား…”

All Chapters