အန္တိမ မစ်ရှင်
Vol. 87 Ch. 1296
“ နင်… နင် အဲ့လိုပြောပြီး ငါတို့ကို လှောင်လိုက်တာပဲ…” လော့ကျီ ရင်ကို ဆတ်ကနဲ ကော့လိုက်ပြီး “ ငါတို့က သန်မာအားကောင်းပြီးသား… နော်…”
“ ဟားဟား….”
“ ခေါင်းဆောင်လင်းရဲ့ မိသားစုက ကျိုးဟိုင်ကလား…” ရှောင်ပင်းမေးလိုက်သည်။
“ ဘာလုပ်ဖို့ မေးတာ…”
“ ကျွန်မရဲ့ မိဘတွေက ယွီဟန်မြို့ကလေ… ကျိုးဟိုင်နဲ့ဆို တော်တော်လေး နီးတယ်… ကျွန်မ ကြားမိတာတော့ ရှင့်မှာ ကိုယ်ပိုင်လေယာဉ်လည်း ရှိတယ်ဆိုလို့…. အဲ့တာ ပြန်မယ်ဆို ပေးစီးပါလားလို့..”
“ ဟဲ့ ဟဲ့ ဟဲ့… နင် ဒါ သဘာလဲ ဟမ်…” လော့ချီ ပြောလိုက်ပြီး “ နင် အခွင့်ကောင်းယူပြိး ခေါင်းဆောင်လင်းနဲ့ တိတ်တိတ်လေး ခိုးတွေ့ချင်နေတာလား… နင့်ကို ပြောလိုက်မယ်… ငါတို့ချင်း အတူကြီးပြင်းလာတာကို နင် ငါ့နောက်ကွယ်မှာ အဲ့လို လှည့်ကွက်တွေနဲ့ ကစားလို့ရမယ်များ ထင်နေလား…”
ရှောင်ပင်း ပါးစပ်ကို လက်ဝါးဖြင့် ကွယ်လျက် တသိမ့်သိမ့်တုန်အောင် ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏။ ရင်ဘက်ရှိ ယုန်ကြီးများဆို ခုန်ပေါက်လို့နေသည်။
“ ရတာပဲ.. ကျိုးဟိုင်နဲ့လည်း မဝေးဘူးဆိုတော့ မနက်ဖြန် မနက် အတူပြန်ကြမယ်.. လမ်းလည်း သင့်နေတာပဲ…”
“ ဟီးဟီး.. ကျေးဇူးပါ ခေါင်းဆောင်လင်း..”
အသင်း ချစ်ကြည်ရေးပွဲပြီးတော့ လူတိုင်းက အနားယူရန် ပြန်သွားခဲ့ကြသည်။
နောက်တစ်နေ့ နံနက်တွင် လင်းရီနှင့် ရှောင်ပင်းတို့မှ လေယာဉ်ပေါ် အတူတက်၍ ကျိုးဟိုင်သို့ ပျံသန်းလာခဲ့ကြသည်။
သို့သော် လင်းရီမှာ တော်တော်ကြီးကို လူကြီးလူကောင်း ဆန်ပြနေသည်။ သူ ယွီဟန် လေဆိပ်တွင် အရင်ရပ်ပြီးမှ ကျိုးဟိုင်သို့ တစ်ဖန်ပြန်လာခဲ့၏။
“ လိုက်ပို့ပေးလို့ ကျေးဇူးနော် ခေါင်းဆောင်လင်း… မွ…” ရှောင်ပင်း လင်းရီကို ဖလိုင်းကစ် တစ်ခု ပို့ပေးလိုက်၏။
“ လူမြင်ကွင်းကြီး ဂရုစိုက်ဦးဟ… မင်းနောက်မှာ အလုပ်နဲ့ မိသားစုနဲ့ ရှိသေးတယ်…”
“ ရတယ်အေးဆေး… ယောင်းမလည်း သိတာမှတ်လို့… ခေါင်းဆောင်လင်းသာ အချိန်ရရင် ယွီဟန်မြို့ကို အလည်လာနော်… ကျွန်မ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုနေမယ်… ပြီးတော့ ဆန္ဒတချို့လည်း ဖြေဖျောက်ပေးဦးမှာနော်…”
လင်းရီ “ ….. “
ကောင်မလေးက တည့်တိုးဆန်လိုက်တာ…
ရှောင်ပင်းကို လိုက်ပို့ပေးပြီးနောက် လင်းရီ ကျိုးဟိုင်သို့ ပြန်လာခဲ့ကာ ချောင်ရန်အုပ်စုသို့ ချက်ချင်းထွက်ခွာလာခဲ့၏။
သို့သော် ကျီချင်းရန်မှာမူ ရုံးခန်းထဲတွင် ရှိမနေချေ။
သူ လှည့်ပတ်မေးမြန်း စုံစမ်းကြည့်ရာ မီတင်တစ်ခု သွားနေကြောင်း သိရှိလိုက်ရ၏။
ထိုစဉ် အစည်းအဝေး လုပ်ရင်း တန်းလန်း ဖြစ်နေသည့် ကျီချင်းရန်မှာ အတွင်းရေးမှူးမှ လင်းရီ ပြန်ရောက်လာပြီဖြစ်ကြောင်း သတင်းပို့လာတော့ အစည်းအဝေးကို ကတိုက်ကရိုက် အဆုံးသတ်လိုက်၏။ ထို့နောက် ရုံးခန်းသို့ အလျင်အမြန် ပြေးလာပြီး သူမကိုယ်သူမ လင်းရီထံ ခုန်အုပ်လိုက်တော့သည်။
သူမ၏ သွယ်လျသည့် ခြေတံများက လင်းရီ၏ ခါးကို ရေဘဝဲနှယ် ရစ်ပတ်ထားပြီး လက်များကတော့ မျက်နှာကို ကိုင်ထားလျက် ရှိကာ ရင်ဘက်ကြီးတစ်ခုလုံး ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ အားလုံးပြီးခဲ့ပြီလား… လီတိုဂရပ်ဖီစက် ကိစ္စရော.. မနေ့တုန်းကပဲ သတင်းတွေများ တောမီးလောင်သလား ပျံ့နှံ့နေတာ ဒီနေ့ကျတော့ ငြိမ်လို့နော်…”
“ အင်း… ကိုယ်တိုင် မနေ့ကပဲ ဂျပန်သွားပြီး မစ်ဆူအုပ်စုနဲ့ ညှိနှိုင်းပြီးသွားပြီ… ခု- အားလုံး - ပြီးပြီ…”
“ မစ်ဆူအုပ်စုရဲ့ ဥက္ကဌရာထူး အလှည့်အပြောင်းက နင်နဲ့ ပတ်သက်နေတယ်မလား..”
လင်းရီ ကျီချင်းရန်၏ ပါးလေးများအား ဖျစ်ညစ်၍ ပြောလိုက်၏။
“ သိပ်တော်တာပဲ…”
မြေခွေးမလေး တစ်ကောင်နှယ် ကျီချင်းရန်သည် လင်းရီကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေရင်း “ ဒါဆို နင် မစ်ဆူ အုပ်စုကနေ မြိုးမြိုးမြတ်မြတ်ကလေး ရလာမှာပေါ့…”
“ အမှန်ပဲ… ဒါပေမယ့် ငါတို့ မလိုလို့ သူများကို ပေးပစ်လိုက်ပြီ…” လင်းရီ ပြုံးလိုက်ပြီး “ ခု လင်းယွင်အုပ်စုကို မပြောသေးနဲ့ မင်းရဲ့ ချောင်ရန်အုပ်စုဆိုရင်တောင် ကျိုးဟိုင်မှာ လုပ်ချင်တာ လုပ်လို့ရနေပြီကိုပဲ…”
“ ခစ်ခစ်… အဲ့လိုဆိုရင်တော့ ကျွန်မတို့က မစ္စတာလင်းရဲ့ ရက်ရောပေးမှုအတွက် ကျေးဇူးတင်ရတော့မှာပေါ့နော်..”
“ ညကျ ကောင်းကောင်းလုပ်… နောင်ကျ ဆုကြီးကြီးချမယ်..”
“ ကျစ်… နှာဘူး…”
လင်းရီ ပြုံးလျက် ကျီချင်းရန်၏ တင်ပါးကို နှစ်ချက်မျှ ဆတ်ခနဲ ပုတ်ရင်း “ ဆင်းတော့ … ငါတို့ ညကျ စားသောက်ပွဲလုပ်ကြမယ်…”
“ ဟာ….. ဒီက ရုပ်ရှင်ကြည့်ဖို့ စီစဉ်ထားတာပါဆို…”
“ ဒါဆိုလည်း ရုပ်ရှင်ကြည့်ကြတာပေါ့… မင်းလေးစိတ်တိုင်းကျပါပဲဗျာ…”
“ ကောင်းတယ်….”
ကျီချင်းရန် အလုပ်လုပ်ရန်အတွက် ရုံးခန်းစားပွဲသို့ သွားခဲ့ပြီး လင်းရီကတော့ ဟိုလိုဒီလိုနှင့် ဝမ်ရင်း၏ ရုံးခန်းထဲ ရောက်ချလာသည်။
အနည်းငယ် လှုပ်ရှား၍ ပင်ပန်းမှုတစ်ချို့ကိုလည်း ဖြေဖျောက်လိုက်နိုင်၏။
မွန်းလွဲညနေ လေးနာရီလောက်ကျ ကျီချင်းရန် အလုပ်ပြီးသွားခဲ့ပြီး လင်းရီနှင့်အတူ ဟော့ပေါ့စားရန် ထွက်လာသည်။ ထို့နောက် ရုပ်ရှင်တစ်ကားကြည့်ပြီး ကျေနပ်မှု အပြည့်ဖြင့် အိမ်သို့ ပြန်ရောက်လာခဲ့၏။
ညဉ့်နက်သည့် အချိန်တွင်တော့ လင်းရီမှာ အိပ်မပျော်နိုင်သေးချေ။
နောက်ဆုံး မစ်ရှင် ပြီးသွားခဲ့သည်မှာ ရက်အတန်ကြာနေပြီး ဖြစ်သော်လည်း အန္တိမ မစ်ရှင်က ပေါ်မလာသေးချေ။
အဲ့ သောက်စနစ်က ဘာတွေလုပ်နေတာတုန်းတဲ့…
နောက်တစ်နေ့ နံနက်ခင်းတွင် နှစ်ယောက်သား မနက်စာအတူ စားသောက်လိုက်ကြပြီး ခေတ္တမျှ တီတီတာတာများ လုပ်နေကြ၏။ ထို့နောက် ကျီချင်းရန်သည် စိတ်လက်မပါစွာဖြင့် ရုံးတက်ရန် ထွက်ခွာသွားခဲ့လေသည်။
ထိုစဉ် လင်းရီမှာမူ ဟွမ်ရှီးကျေးရွာသို့ ဦးတည်လာခဲ့၏။
သူ၏ အရင် စိတ်ပိုင်းဖြတ်ထားမှုများအရ မစ်ရှင်ပြီးသည်နှင့် ဤနေရာသို့ ဘယ်သောအခါမှ ပြန်မလာတော့ဟူ၍ပင်။
သို့သော် စဉ်းစားသုံးသပ်ပြီးနောက် ဤသည်က နည်းနည်းတော့ မလျော်ကန်သည်ဟု သူခံစားနေရ၏။
ဖန်လုံအိမ်ထဲရှိ အသီးများက အရသာရှိလွန်းလှပြီး အကုန်လုံးကို စွန့်ပစ်လိုက်မည်ဆိုပါက ရင်နာစရာ ကောင်းလှသည်။
မစ်ရှင် ဆက်လုပ်ရန် မရှိတော့သော်လည်း လူငှား၍ ဆက်လက်စိုက်ပျိုးနိုင်လေသည်။ မဟုတ်ပါက အလဟဿ ဖြစ်ရာ ကျ၏။
သူ ဟွမ်ရှီးကျေးရွာကို ရောက်တော့ ပျာပန်းခတ်နေသည့် ရိုက်ကူးရေး အသင်းသားများကို မြင်တွေ့လိုက်ရသည်။
လင်းရီ အဝေးမှနေတဆင့် ရန်စီ၏ ပုံရိပ်ကို ရေးတေးတေး မြင်နေရသည်။ သူမက ရိုက်ကူးရေး ကိစ္စနှင့် တော်တော်ကြီးကို အလုပ်များနေလေသည်။
သို့နှင့် သူမကို နှောင့်ယှက်ရန် မကြံရွယ်တော့ဘဲ ဖန်လုံအိမ်သို့သာ ပြန်လာခဲ့လိုက်သည်။ အပင်များကတော့ အနည်းငယ် ခြောက်သွေ့ညိုးလျော်နေဟန်ဖြင့် ရိုးတံတို့က ကျိုးတို့ကျဲတဲ ဖြစ်လို့နေသည်။
ဂျင်ဆင်းနှင့် လင်ဇီးဘက် တစ်ချက် သွားကြည့်လိုက်တော့ ၎င်းတို့က ကောင်းမွန်စွာ ကြီးထွားနေသည်ကို မြင်တွေ့လိုက်ရသည်။ သို့နှင့် သူ အနီးတစ်ဝိုက်ရှိ ပေါင်းပင်များကိုသာ ဖယ်ရှားပစ်လိုက်၏။
အလုပ်လုပ်နေရင်းဖြင့် လင်းရီ စိတ်ထဲ အစီအစဉ်နှစ်ခု ရှိနေသည်။
အကယ်၍ မစ်ရှင် နောက်တစ်ဆင့်သည်သာ ဟွမ်ရှီးကျေးရွာနှင့် ဆက်စပ်နေမည်ဆိုပါက ဂျင်ဆင်းနှင့် လင်ဇီးကို အချိန်တစ်ခု ကြာသည်အထိ ဆက်လက်ထိန်းသိမ်းထားမည်။
မဟုတ်ဘူးဆိုလျှင်တော့ သူ လက်ဆောင်အဖြစ် ပြန်သယ်သွားရန် ဆုံးဖြတ်ထား၏။ မည်သို့ပင်ဆိုစေ သူ၏ ခမည်းခမက်နှစ်ယောက်ကို သိတတ်ပေးရပေမည်။
[ စနစ် မစ်ရှင် : နွမ်းပါးသည့် ကောင်တီများကို ကူညီပေး၍ ဆင်းရဲတွင်းမှ လွတ်မြောက်ပါစေ ]
[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]
“ ဟမ်…”
စနစ်၏ အသံကို ကြားတော့ လင်းရီ ကြက်သေသေသွားခဲ့၏။
“ နွမ်းပါးမှု တိုက်ဖျက်ရေး မစ်ရှင်လား…” လင်းရီ ရေရွတ်လိုက်ပြီး “ ဘာ မစ်ရှင် ဖော်ပြချက်မှလဲ မရှိဘူးပေါ့..”
စနစ်သည် တုံ့ပြန်လာခြင်း မရှိချေ။ ယခင်အတိုင်း အေးစက်မြဲ အေးစက်နေဆဲ ဖြစ်၏။ သူ၏ အသံ စနစ်က စကားပြန်ပြောဖို့ရာကို အတော်ကြီး ဝန်လေးနေသည့်ပုံရသည်။
လင်းရီ ပတ်ဝန်းကျင်ကို လှည့်ပတ်စူးစမ်းကြည့်လိုက်၏။ စနစ်၏ စရိုက်ဖြင့် ဆိုပါက ထိုကဲ့သို့ ရိုးရှင်းသည့် မစ်ရှင်ကို ပေးအပ်လာစရာ အကြောင်းမရှိချေ။ သူ့အား နေရာအတိအကျကိုပင် ပြောမပြသွားဘဲ သောက်ကျိုးနည်း သူက မည်သည့်နေရာကို သွား ကူညီပေးရမည်နည်း။
ထို့ကြောင့် အနီးအနားတွင် မစ်ရှင်နှင့် ပတ်သက်သည့် ဖော်ပြချက် တစ်စုံတစ်ရာ ကျိန်းသေပေါက်ကို ရှိရမည်။
လှည့်ပတ်ကြည့်ရှုပြီးနောက် မည်သည့် သံသယဖြစ်စရာ တစ်စုံတစ်ရာကိုမျှ မတွေ့ရသဖြင့် လင်းရီ ဖန်လုံအိမ် အပြင်ဘက်သို့ ရောက်လာခဲ့ကာ သူ့ကားတာယာအောက်ရှိ စာဖိုင်အိတ် အညိုရောင်တစ်ခုကို မြင်တွေ့လိုက်ရသည်။
ရင်းနှီးနေသည့် တစ်စုံတစ်ရာပင်။
ယခုဆို သူ နေသားကျနေပြီးဖြစ်၏။
စာဖိုင်အိတ်ကို ဖွင့်ကြည့်ရန် သူ မည်သို့မျှ စိတ်မရှည်နိုင်တော့ချေ။ ထင်မှတ်ထားသည့်အတိုင်း အထဲတွင် မစ်ရှင် ညွှန်ကြားချက်တို့ ပါဝင်နေသည်။
မစ်ရှင် တည်နေရာ : ကျယ်ကျန်း စီရင်စု၊ တုံးစန်း ကောင်တီ။
ရာထူး : နွမ်းပါးမှု ပပျောက်ရေးဌာန၏ လက်ထောက်ဒါရိုက်တာ ၊ တုံးစန်း ကောင်တီ။
မစ်ရှင် လိုအပ်ချက် : မိမိ၏ ကိုယ်ပိုင်အစွမ်းအစပေါ်တွင် အမှီသဟဲပြု၍ တုံးစန်းကောင်တီအား ဆင်းရဲတွင်းမှ လွတ်မြောက်ပါစေ။
“ ဒါ ဘယ်လို မစ်ရှင်ကြီးတုန်းဟ..”
လင်းရီ ရေရွတ်လိုက်၏။ သူ၏ လက်ရှိ အစွမ်းအစဖြင့်ဆိုပါက ပိုက်ဆံ တစ်ချို့ ရင်းနှီးပေးလိုက်ပြီး ဆင်းရဲတွင်းမှ လွတ်မြောက်စေရန် ကူညီပေးလိုက်၍ရသည်။
ကြည့်ရသလောက်တော့ လွယ်ကူမည့်ပုံပင်။
[ ငါးတစ်ကောင်ပေးလိုက်တာထက် ငါးမျှားနည်း သင်ပေးလိုက်တာ ပိုကောင်းပါတယ်။ စစ်မှန်တဲ့ နွမ်းပါးမှုမှ လွတ်မြောက်ခြင်းသည်သာလျှင် တာဝန်ကို ပြီးမြောက်စေနိုင်ပါမယ်။ မဟုတ်ရင် စနစ်က ထည့်သွင်းဆုံးဖြတ်သွားမှာ မဟုတ်ပါဘူး။ ]
စနစ်၏ အသိပေးသံက မြည်ဟီးလာခဲ့ပြီး လင်းရီလည်း ရှင်းလင်းစွာ ကြားလိုက်ရ၏။
ဤသို့ ဖြစ်မည်လို့လည်း သူ မျှော်လင့်ထားပြီးသားပင်။
စနစ်က ဖြတ်လမ်းနည်းကို သုံးခွင့်မပြုထားပေ။ သူကိုယ်တိုင်ကိုက ဖြတ်လမ်းတစ်ခု ဖြစ်နေသည် ဆိုပေမယ့်လည်းပေါ့။ အကယ်၍ သင်ကသာ မစ်ရှင် ပြီးမြောက်ရန်အတွက် ငွေကို ရေလို သုံးမည်ဆိုပါက ဖြတ်လမ်းစနစ် တစ်ခုအောက်တွင် ဖြတ်လမ်းလိုက်ရာ ကျသွားလိမ့်မည်။
သို့သော် အဆိုပါ ‘ ငါးတစ်ကောင်ပေးလိုက်သည်ထက် ငါးမျှားနည်း သင်ပေးသည်က သာ၍ကောင်းသည် ‘ ဟူသော စကားကတော့ သင်ယူရန် ထိုက်တန်လှသည်။
မစ်ရှင်ပြီးမြောက်ရန်အတွက် သူ ကြိုးပမ်းအားထုတ်ရန် လိုအပ်နေဆဲပင်။ လှည့်စားမှု တစ်စုံတစ်ရာကိုမျှလည်း အသုံးပြု၍ မဖြစ်။
သူ အသီးရောင်းသည့် အချိန်တုန်းကလည်း ထိုနည်းလည်းကောင်းပင်။ ရင်းနှီးသူများ ဝယ်ယူသည်ကို ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ပေ။
ထိုအကြောင်း စဉ်းစားရင်း လင်းရီ ဖုန်းထုတ်၍ တုံးစန်း ကောင်တီဟူသော နေရာကို စတင် စုံစမ်းစစ်ဆေးရန် ဟန်ပြင်လိုက်တော့သည်။
ခေတ္တကြာအောင် လှန်လောရှာဖွေပြီးနောက် လင်းရီ၏ နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားခဲ့၏။
“ ဒီရဲ့… ဒီနေရာကြီးက ငါ-ိုးကျလောက်အောင် မွဲတေနေတာပဲကွ…”