အများထက် သာလွန်သူ
Vol. 87 Ch. 1297
သူ အင်တာနက်ပေါ်တွင် သတင်းစုံစမ်းကြည့်လိုက်တော့ တုံးစန်းကောင်တီသည် ကျယ်ကျန်းစီရင်စုထဲရှိ ယွီဟန်မြို့နှင့် ယွဲ့ကျိုးမြို့ နယ်နိမိတ်ကြားတွင် တည်ရှိသည်ကို မြင်တွေ့လိုက်ရသည်။
နှစ်စဉ် တစ်ဦးချင်း ဝင်ငွေ ၂,၉၇၂ ယွမ်ဖြင့် ကမ်းရိုးတန်းပိုင်းရှိ အနည်းစုသော ဆင်းရဲသည့် ကောင်တီများထဲမှ တစ်ခု ဖြစ်၏။
၂,၉၇၂ ဟူသည့် ဂဏန်း နံပါတ်ကို မြင်တော့ လင်းရီ တောက်တစ်ချက် ခေါက်မိသွားခဲ့သည်။
သူ့အသီးကို တစ်ကတ်တီ ယွမ် ၃,၀၀၀ ဖြင့်ရောင်းသည်ကပင် ရွဲ့တဲ့တဲ့ ဖြစ်နေသော်လည်း ဤနေရာရှိ တစ်နှစ်ဝင်ငွေမှာ ၂,၉၇၂ ယွမ်မျှ ဖြစ်နေသည်တဲ့လော။
ဒါ … ဒါသောက်ကျိုးနည်း ဆိုးဝါးတဲ့ အခြေအနေပဲ….
မစ်ရှင်ဖော်ပြချက် အသေးစိတ်ကို ကိုင်ထားရင်း လင်းရီ တစ်ဖန်ပြန်ဖတ်ကြည့်ကာ မကြာမီ ရာထူးအသစ်ကို လက်ခံရန် စိတ်ပြင်ဆင်ထားလိုက်၏။
တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် ရှောင်ပင်းကလည်း သူနှင့် ဘာညာကွီကွပြုရန် ယွီဟန်မြို့သို့ ဖိတ်ခေါ်ထားသေးသည်။ ယနေ့ မစ်ရှင်အတွက် ယွီဟန်မြို့သို့ သွားရန် အကြောင်းကိစ္စက ပေါ်ပေါက်လာခဲ့ချေပြီ။
စနစ်က သူ့အား ကူညီနေသည်ဟုတောင် လင်းရီ၏ ရွှေချသင့်သည့် ဦးနှောက်က အတွေးဝင်မိသွားခဲ့၏။
ထို့ပြင် သူ၏ ငါးယောက်မြောက် အခန်းဖော်သည်လည်း ယွီဟန်မြို့သို့ ရောက်နေသေးသည်။
သူသွားပြီး ထိုကောင်နှင့် ထမင်းတစ်နပ်လောက် သွားစားလို့လည်းရ၏။
သို့သော်လည်း သူ၏ ယွီဟန်မြို့မှ ခရီးက ဘယ်အချိန် ပြန်ရောက်လာမလဲဆိုတာ မသိသည့်အတွက် ဂျင်ဆင်းနှင့် လင်ဇီးကို ဤနေရာ၌ ဆက်လက်သိမ်းထားဖို့ရာက မည်သို့မျှ မဖြစ်နိုင်တော့ချေ။ သူ အိမ်သို့ ပြန်ယူသွား၍ ကောင်းမွန်စွာ ထိန်းသိမ်းထားရပေလိမ့်မည်။
နောင်အနာဂတ်တွင် ဆိုပါက ဟွမ်ရှီးကျေးရွာသို့ ပို၍ပင် အရောက်ပေါက် နည်းသွားပေမည်။
ဒူ ဒူ ဒူ…
လင်းရီ ဂျင်ဆင်းနှင့် လင်ဇီးကို တူးဆွနေတုန်းမှာပဲ အိတ်ကပ်ထဲရှိ ဖုန်းက တုန်ခါလာခဲ့၏။ လျန်ရူရွှယ်မှ ဗွီဒီယိုကော ဆက်သွယ်လာခဲ့ခြင်းပင်။
ဖုန်းထဲရှိ လျန်ရူရွှယ်မှာ ရှပ်အဖြူကို ဝင်ဆင်ထားပြီး ဆံပင်ကိုလည်း စည်းနှောင်ထားကာ မိတ်ကပ်ပါးပါးနှင့် ရင့်ကျက်သည့် အသွင်ရောက်နေသည်။
သို့သော် အနှီရင့်ကျက်သည့် အလှတရားကို လူက ကြည့်မိလေလေ သူမက ပို၍ပင် ဆွဲဆောင်မှု ရှိလို့လာလေလေ ဖြစ်၏။
“ နင် ဘယ်မှာလဲ… ဘယ်တုန်း ကတည်းက ပြန်ရောက်နေတာ…”
လင်းရီ ကင်မရာကို လှည့်ပတ်ပြလိုက်ပြီး ဖန်လုံအိမ်ထဲရှိ မြင်ကွင်းကို လျန်ရူရွှယ်မြင်အောင် ပြပေးလိုက်၏။
“ မနေ့ကတင် ပြန်ရောက်တာပဲ.. ခုက ဟွမ်ရှီးကျေးရွာမှာ.. ဘာလို့တုန်း..”
“ ယွီဟန်မြို့ခေါင်းဆောင် ငါ့ဆီ ဖုန်းဆက်လာတယ်… သူပြောတာ တုံးစန်းကောင်တီလို့ခေါ်တဲ့ သူတို့လက်အောက်က တစ်နေရာမှာ နွမ်းပါးမှု ပပျောက်ရေးဌာန လက်ထောက်ဒါရိုက်တာ အသစ် ရှိတယ်တဲ့… သူ့နာမည်ကလည်း လင်းရီဆိုပဲ… အဲ့တာ နင်မလား…”
“ အာ…” လင်းရီ ခေတ္တရပ်တန့်၍ “ ငါ့နာမည်က သာမန်ပါပဲ… အဲ့လင်းရီက ငါလင်းရီပါလို့ မင်းက ဘာလို့အဲ့လောက် သေချာနေတာ…”
“ နင်က ဘယ်တော့မှ စည်းမျဉ်းတွေအတိုင်း မကစားဘူးလေ… နင်က လုပ်ချင်တာ လုပ်တဲ့လူ… ဒါကလည်း ငါ ကြားဖူးသမျှ အရူးသွပ်ဆုံး အကြံဉာဏ်တော့လည်း မဟုတ်သေးပါဘူး… ဒါကြောင့်မို့ ဟုတ်မလားဆိုပြီး နင့်ဆီ ခေါ်ကြည့်လိုက်တာ..” လျန်ရူရွှယ် ပြောလိုက်ပြီး “ နင်မလားလို့..”
“ မှန်းကြည့်ပေါ့….”
“ ပေါက်တတ်ကရ… ငါ့ကို ဖြေစမ်း..”
“ ဟမ်… မင်း လက်ထောက်ဒါရိုက်တာလင်းကို ဘယ်လိုလေသံနဲ့ စကားလာပြောနေတာ…”
“ ဟင်…”
လျန်ရူရွှယ် ချိုးတစ်ကူစာမျှ အံ့အားသင့်သွားခဲ့ပြီး “ တကယ်ကြီးနင်ပဲ….”
“ မင်းက သိနေပြီးပြီဆိုမှတော့ ငါလည်း ဖုံးကွယ်နေစရာ အကြောင်းမရှိတော့ပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ကဲ ငါ့ဖဲကို စားပွဲပေါ်မှာ လှန်ပြလိုက်ပြီ.. အဲ့တာ ငါပဲ…”
“ ငါသိသားပဲ… နင်လေ... လုပ်ချင်ရာလုပ်… ဒါပေမယ့် နင့်စီးပွားရေးကိုတော့ လျစ်လျူမရှုနဲ့ပေါ့…”
“ ဘာတွေ လာပြောနေတာ… အရင်ဆုံး ဒီလိုလုပ်တာက ငါ့ဝင်ငွေကိုလည်း မထိခိုက်စေဘူး… ဒုတိယတစ်ချက် … ငါ့ရဲ့ စော်ကြည်နှုန်းကိုလည်း မကန့်သတ်ထားဘူး… ငါ့ရဲ့ ပိုလျှံနေတဲ့ စွမ်းအင်တွေကို တခြားနည်းလမ်းနဲ့ သုံးပစ်လိုက်တာ မရလို့လား..”
“ ကျစ်.. ငါနဲ့ လာမငြင်းစမ်းနဲ့…” လျန်ရူရွှယ်ပြောလိုက်ပြီး “ ပြောစမ်း… နင် ဘာတွေ စဉ်းစားနေတာ.. နင့်မှာ သုံးစရာပိုက်ဆံတွေ များလွန်းလို့ အဲ့သွားပြီး နွမ်းပါးမှုတွေ ပပျောက်အောင် လုပ်ပေးတော့မယ်ပေါ့…. နင့်ရဲ့ ကော်ပိုရေးရှင်းမှာ ဖောင်ဒေးရှင်း ရှိပြီးသား မဟုတ်ဘူးလား.. နင်ကိုယ်တိုင် လုပ်စရာတောင် မလိုပါဘူး.. “
လင်းရီ ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့၏။
ငါလည်း သောက်ရမ်းသုံးချင်တာပေါ့… အဲ့သောက်စနစ်က ခွင့်မပြုလို့သာ…
“ ဟေ့ ဒီမှာ… လူတစ်ယောက်ကို ဟင်းစားငါးတစ်ခွက်ပေးလိုက်တာထက် ငါးဖမ်းနည်း သင်ပေးလိုက်တာက ပိုကောင်းတယ်… ဖောင်ဒေးရှင်းက ဒီလိုကိစ္စတွေအတွက်ကျ လုံလောက်အောင် မကောင်းသေးဘူး… ဒါကြောင့်မို့ ငါကိုယ်တိုင် ကိုင်တွယ်မလို့…”
“ အဲ့လိုဆိုရင် ငါနင့်ကို မေးစရာ နည်းနည်းရှိသွားပြီ…” လျန်ရူရွှယ် သူမ၏ ကိုယ်ဟန်ကို တစ်မျိုးပြောင်း၍ လေးနက်သည့် အမူအရာဖြင့် “ နင်က နွမ်းပါးမှု တိုက်ဖျက်ချင်တယ်ဆိုရင် ဘာလို့ ကျိုးဟိုင်ကို မလာခဲ့လဲ.. နင် ရန်ချိန်ကို သွားခဲ့မယ်ဆိုရင်တောင် ငါနားလည်ပေးလို့ရတယ်.. ခု နင်က ယွီဟန်မြို့ကို သွားနေတယ်… နင် ဘာတွေ စဉ်းစားနေတာ… နင် အဲ့မှာ ကောင်မလေး အသစ်တွေ့လို့ သွားပြီး ဖော်လံဖား လုပ်မလို့မလား…”
အာ….
အဲ့ ဂေါက်တောက်တောက် စနစ်က သွားစေချင်တာလေ.. ငါနဲ့ ဆိုင်မှမဆိုင်တာ…
သို့သော် ထိုသို့ ပြောပြန်လျှင်ကလည်း မဖြစ်သဖြင့် တခြား အကြောင်းပြချက် တစ်ခု ရှာရတော့၏။
“ ဟေ့…. မင်း ဒါကတော့ နည်းနည်းလေး တစ်ကိုယ်ကောင်းဆန်လွန်းသွားပြီ… ဘာလို့ အဲ့လောက်တောင် စိတ်သဘောထား သေးသိမ်နေရတာ… ငါတို့ အကုန်လုံးက အုပ်ချုပ်မှု တစ်ခုတည်း အောက်မှာရှိတဲ့ နိုင်ငံသားတွေပဲ မဟုတ်ဘူးလား.. လူတိုင်းကို ကူညီသင့်တာပဲလေ… “ လင်းရီ လေးနက်တည်ကြည်စွာ ပြောလိုက်၏။
“ ရှောင်မီ ရှောင်မီ… မင်း စိတ်က တအား ကျဉ်းမြောင်း သေးသိမ်လွန်းတယ်… ဒီအတိုင်းဆို နောင်ကျ ဘာမှဖြစ်မြောက်မှာ မဟုတ်ဘူးနော်.. ”
“ နင်ကသာ ပေါက်တတ်ကရတွေ ပြောဖို့လောက် သိတဲ့ကောင်..” လျန်ရူရွှယ် လင်းရီကို မျက်လုံးလှန်လိုက်၏။
“ နင် ဘယ်တော့ပြီးမှာ… ခု ဆယ့်တစ် မတ်တင်းနေပြီ.. အလုပ်မများဘူးဆို ငါနဲ့ လာစားလှည့်..”
“ ပြဿနာ မရှိဘူး.. ဆယ့်နှစ်ထိုးကျရင် မင်းတို့ရုံးပေါက်ဝမှာ စောင့်နေလိုက်…”
“ အိုကေ… ဒါပေမယ့် ဝင်ပေါက်ဝတည့်တည့်မှာတော့ ကားလာထိုးမရပ်နဲ့နော်… ဘေးခပ်ဝေးဝေးမှာသွားရပ်… မီဒီယာတွေကိုလည်း သတိထားဦး…”
“ ဘာလို့ အဲ့လောက် သောက်လုပ်ရှုပ်နေရတာ… စောင့်မှာသာ စောင့်နေ…”
လျန်ရူရွှယ်၏ ဖုန်းကို ချပြီးနောက် လင်းရီ ဂျင်ဆင်းနှင့် လင်ဇီးကို ဂရုတစိုက်နှင့် ဆက်လက်တူးထုတ်၍ ကားထံ သယ်ဆောင်လာခဲ့သည်။ ကျိုးဟိုင်သို့ ရောက်ပါက သေတ္တာတစ်ခု ဝယ်ယူပြီး ကောင်းမွန်စွာ သိမ်းဆည်းထားလိုက်ပေမည်။
သို့သော် လင်းရီမှာ ထွက်ခွာရန် အလျင်မလိုသေးချေ။ ထိုအစား ရိုက်ကူးရေး ပြုလုပ်သည့် နေရာသို့ လှမ်းလာခဲ့၏။
ဤနေရာသို့ ရောက်ပြီးမှတော့ ရန်စီအား သွားရောက်တွေ့ဆုံသင့်လေသည်။
သူ ရောက်လာသည့် အချိန်တွင် ရိုက်ကူးရေးမှာ ရပ်တန့်နေကြောင်း သတိထားမိလိုက်၏။
သို့သော် ရိုက်ကွင်းရှိ အခြေအနေတို့က တည်ငြိမ်သည့်ပုံမပေါ်။ နည်းနည်းလေး ပရမ်းပတာ ဖြစ်နေပုံရ၏။
“ မစ်ပိုင်… အသင်းတစ်ခုလုံးက ရှင့်ကို စောင့်နေတာနော်.. ဘာလို့ ရိုက်ကူးရေးကို ဒီတိုင်း ရပ်ပစ်လိုက်ရတာလဲ..”
ရန်စီမှာ ယခင်အတိုင်း ဝတ်ဆင်ထားဆဲပင်။ သာမန်လျှံကာ ဝတ်ဆင်ထားသော်လည်းပဲ အဘက်ဘက်က ပြီးပြည့်စုံနေသည့် လှပသည့် ကိုယ်လုံးကိုယ်ပေါက်ကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ချေ။
နေကာထီးအောက်တွင် cropped pant တစ်ထည်နှင့် မိုးပြာရောင်ဂျက်ကတ်ကို ဝတ်ဆင်ထားသည့် ဆယ်လီ မိန်းမငယ်လေး တစ်ဦး ရှိနေသည်။
သူမက နေကာမျက်မှန် တပ်ထားပြီး လက်ထဲတွင်လည်း ရေခဲစိမ် coke တစ်ဘူးကို ကိုင်ထားလျက်ရှိကာ လက်ထောက်မှာတော့ လျှပ်စစ် ပန်ကာ သေးသေးလေး တစ်လုံးကိုင်၍ သူမအား အအေးခံပေးနေသည်။
ထို့ပြင် ကျန်းဟော်ပင်းနှင့် ကောင်းဟောင်ယွီတို့သည်လည်း ပန်ကာ အသီးသီး ကိုင်ဆောင်၍ သူမအား အအေးခံပေးရန် တောင်းဆိုခံထားရလေသည်။
ထုတ်လုပ်ရေး အသင်းတစ်ခုလုံးတွင် သူမတစ်ဦးတည်းကသာ ဘုရင်မကြီးသဖွယ် ဖြစ်နေတော့သည်။
ကြည့်ရသလောက်တော့ ပရိုဂရမ်၏ ဧည့်သရုပ်ဆောင် တစ်ဦး ဖြစ်ပုံရ၏။
သို့သော် လင်းရီ အနည်းငယ် ဇဝေဇဝါတော့ ဖြစ်မိသည်။
အစီစဉ် တစ်ခုလုံးမှာ ကျောက်ရှစ်ချီက အတောက်ပဆုံး ဖြစ်နေသင့်တာ မဟုတ်ဘူးလား… ဧကန္တ ဒီတစ်ယောက်က သူ့ထက်တောင် ပိုပြီး အထင်ကြီးဖို့ ကောင်းနေတာများလား..
“ ငါလည်း မရိုက်ဘူး ပြောနေလို့လား… ဒီတိုင်း ရာသီဥတုက အရမ်းပူလို့… ငါ့ အသားအရေတွေ ဘယ်လိုတောင် ညိုလာခဲ့လဲ ကြည့်စမ်း… “ ဆယ်လီ အမျိုးသမီးမှ ပြောလိုက်ပြီး “ နေလေး နည်းနည်းအေးမှ ရိုက်ကြစို့…”
“ ဒီလတွေမှာ ညနေခင်းပဲ အေးတယ်.. ပြီးတော့ နေ့ခင်းဘက် အလုပ်တွေကလည်း ခုထိ မပြီးသေးဘူး… မရဘူး…” ရန်စီ ပြောလိုက်၏။
“ ငါလည်း အဲ့တာပြောတာလေ… ဘာလို့ လာပြီး အပြစ်ရှာနေတာ… နင် editor ကို ဖြတ်ညှပ်ကပ် လုပ်ခိုင်းလိုက်ပေါ့… တခြား သရုပ်ဆောင်တွေနဲ့ တခြား မှတ်တမ်းတွေ ရိုက်လို့ရနေတာကိုပဲ အချိန်တွေအများကြီးကို..”
“ မစ်ပိုင်… variety show ရိုက်ကူးရေးလုပ်ရင် မြင်ကွင်းများများရလေ ရှင့်အတွက် ပိုပြီး ထိရောက်လေဆိုတာ နားမလည်ဘူးလား… ကျွန်မကို တခြားလူတွေချည်းပဲ ရိုက်ကူးစေချင်နေတာလား…”
“ ငါသိတယ်လေ… ဒါပေမယ့် ရာသီဥတုက ဒီလောက်ပူနေတာ မခံနိုင်ဘူး…” ဆယ်လီ အမျိုးသမီးမှ ပြောလိုက်ပြီး “ ကြာရင် ငါ့အသားတွေ နေလောင်ပြီး မည်းသည်းသွားလိမ့်မယ်… နောက်ဇာတ်ကားကျ သရုပ်ဆောင်လို့ရမှာ မဟုတ်တော့ဘူး…”
ရန်စီ ဒေါသထွက်ထွက်နှင့် မျက်မှောင်နှစ်ခုကို ပွတ်သပ်နေမိ၏။ သူမ အတော်လေး စိတ်ကသိကအောက် ဖြစ်နေသည်မှာ သိသာသည်။
“ အားလန်… နင်က သူ့မန်နေဂျာပဲ… နင် သူနဲ့ စကားပြောလိုက်.. သူ့မှာ ဘာလို့ အခြေခံကျဆုံး နားလည်မှုလေးတောင် မရှိနိုင်ရတာလဲ…”
အားလန်ဆိုသည့် အမျိုးသားမှာ ပခုံးတွန့်ပြလိုက်သည်။
“ ကျုပ်တော့ ပြဿနာလို့ မထင်ဘူး.. ကျုပ်တို့ မပူးပေါင်းပေးချင်တာမှ မဟုတ်တာ.. အခြေအနေက ကြမ်းတမ်းလွန်းနေတာကိုး… ဒီလောက် ပြင်းတဲ့ နေရောင်အောက်မှာ ဘယ်လိုလုပ်ပြီး ဆက်တိုက်ကြီး ရိုက်ကူးနေနိုင်မှာလဲ…”
“ ဒါပေမယ့် လူတိုင်းကလည်း ဒီတိုင်း ရိုက်ကူးနေကြတာပဲလေ.. သူကချည်း ကွက်ပြီး တမူထူးချင်နေလို့ ဘယ်ရမှာ… ဟုတ်တယ်မလား..” ရန်စီ ဒေါသက ထွက်လာပြီး စကားလုံးတို့သည်လည်း အနည်းငယ် ရင့်သီးလာခဲ့၏။
“ မစ္စတာလီနဲ့ မစ္စတာကျန်းတို့တောင် အသက်ငါးဆယ် ရှိနေပြီ… သူတို့ရဲ့ ခန္ဓာကိုယ်ဆိုတာ နင့်လို လူငယ်လေးလောက်တောင် မကောင်းတော့ဘူး… ဒီလောက် နေပြင်းတာတောင် သူတို့က ပရိုဂရမ် ရိုက်ဖို့ ပြောနေကြတုန်းပဲ.. နင်ကရော ဘာလို့ မလုပ်နိုင်ရတာ…”
“ ဟယ်…ငါတို့ချင်း တူလို့လား…” ဆယ်လီ အမျိုးသမီးမှ ချေပပြောဆိုလိုက်ပြီး “ ခုခေတ်က ပေါ်ပြူလာဖြစ်တဲ့သူတွေ နေရာယူတဲ့ခေတ်… သူတို့လို သက်ကျားအိုကြီးတွေက ဖယ်ကြဉ်ခံထားရတာ ကြာလှပေါ့… ဒီ အစီအစဉ်မှာသာ လာပြီး သရုပ်မဆောင်ရရင် စားဖို့သောက်ဖို့တောင် အနိုင်နိုင် ဖြစ်နေလောက်တယ်… ဒီတော့ အလုပ်ကြိုးစားကြမှာ သဘာဝပဲလေ.. အဲ့လိုလူတွေက ငါနဲ့ ယှဉ်လို့ရမှာလား….”