မင်းက သူမဟုတ်ဘူး… မင်းမှာ မောက်မှာပိုင်ခွင့် မရှိဘူး
Vol. 87 Ch. 1298
“ ကောင်းပြီလေ… ဒါဆိုလည်း မစ္စတာလီနဲ့ မစ္စတာကျန်းကို မေ့ထားလိုက်… လုယွင်ဇီနဲ့ ကျောက်ရှစ်ချီကိုပဲ ပြောကြရအောင်… သူတို့နှစ်ယောက်လုံးက A အဆင့် ဆယ်လီတွေနော်.. ရိုက်ကူးရေး လုပ်ငန်းတစ်လျှောက်လုံး ပူးပေါင်းဆောင်ရွက်ပေးတယ်.. နင်က ဘာမို့လို့ ထူးပြီး စန်းစန်းတင့် ဖြစ်နေရတာ…”
ဆယ်လီ အမျိုးသမီး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူမ၏ နေကာမျက်မှန်ကို ချွတ်၍ ရန်စီနှင့် ပြန်လည်ငြင်းခုံတော့သည်။
“ ဒါရိုက်တာရန်… ရှင်က အဲ့လိုပြောလာပြီဆိုမှတော့ ကျွန်မလည်း ပြန်ပြောရတော့မယ်… သူတို့နှစ်ယောက်က ပေါ်ပြူလာဖြစ်တာ မှန်ပေမယ့် ကျွန်မကလည်း သိမ်ဖျင်းမနေပါဘူးနော်… ဒီမှာ.. နောက်နှစ်ဝက်အထိကို ရုပ်ရှင်နှစ်ကားနဲ့ TV ဒရာမာ တစ်ခု ရိုက်ရဖို့ ရှိသေးတယ်… A အဆင့် ဆယ်လီစာရင်းကို ကြိုပြီးမှတောင် ဝင်လို့ရနေပြီ… ပြီးတော့ သူတို့ကို ကျော်တက်သွားတာမျိုးတောင် ဖြစ်နိုင်သေးတယ်… ကျွန်မကို လာအထင်မသေးနဲ့…”
“ ငါ နင့်ကို အထင်သေးနေတာ မဟုတ်ဘူး… ပိုပြီး ပရော်ဖက်ရှင်နယ်ဆန်စေချင်ရုံပဲ…” ရန်စီ ပြောလိုက်၏။
“ ကျွန်မက ပရော်ဖက်ရှင်နယ် မဆန်ဘူး ဟုတ်လား… ကျွန်မ ရိုက်ကူးရေး မလုပ်ပါဘူးလို့လည်း မပြောခဲ့ဘူး… ဒီတိုင်း ရာသီဥတုလေး နည်းနည်းပူလို့ ခေါင်းတွေ နောက်တောက်တောက် ဖြစ်လာလို့ ခု မရိုက်နိုင်သေးတာပဲရှိတယ်..”
“ နင်…”
“ အစ်ကိုကြီးလင်း ရောက်လာပြီလား… “
ရန်စီ ရှူးဒိုင်း ဖြစ်တော့မည့်အချိန်တွင်ပဲ သူမ ရုတ်တရက် ကျန်းဟော်ပင်း၏ အသံကို ကြားလိုက်ရသည်။
လင်းရီ လှမ်းလာနေသည်ကို မြင်တော့ ကျန်းဟော်ပင်း မတ်တပ်ရပ်၍ နှုတ်ဆက်သည်။ ကောင်းဟောင်ယွီသည်လည်း ထို့အတူပင်။
“ မင်းတို့ကောင်တွေက ရိုက်ကူးရေးမှာ ကူညီဖို့ ထုတ်လုပ်ရေး အသင်းက ငှားထားတာမဟုတ်ဘူးလား… ဘာလို့ သူများကို ပြုစုနေရတာ…”
“ ဒါရိုက်တာရန် ခွင့်ပြုပေးတယ်လေ… ဒါကြောင့်မို့ ဒီရောက်လာတာပဲ…” ကောင်းဟောင်ယွီမှ ရိုးသားစွာ ပြောဆိုလိုက်သည်။
လင်းရီ ရန်စီဘက် လှည့်ကြည့်လိုက်ပြီး သူမ ပြုလုပ်နေသည်က အနည်းငယ် မှားယွင်းနေသည်ဟု ခံစားနေရလေသည်။
“ ဟုတ်တယ် ဟုတ်တဘ်.. အဲ့မှာပဲ ရပ်နေ .. မရွေ့နဲ့… ရှောင်ရွှမ်းကို အဲ့လိုမျိုး နေကာထားပေး…”
ပြောလိုက်သည့်လူကတော့ အားလန်ပင်။ သူက လင်းရီကို ရှုထောင့်များ ချိန်ညှိရန် စေခိုင်းနေပြီး သို့မှသာ နေကွယ်နိုင်မည် ဖြစ်၏။
လင်းရီ “ …… “
“ သူက ဘယ်သူတုန်း… ရှိုးရိုက်ကူးဖို့ ရောက်လာတာ မဟုတ်ဘူးလား… ဘာလို့ ဘုရင်မကြီးလို ဒီမှာ လာလုပ်နေတာ…”
ရန်စီ အနားသို့ လှမ်းလာ၍ လင်းရီနားထဲ တီးတိုးပြောလိုက်၏။
“ သွားပြီး ဘေးမှာ စောင့်နေ… ငါ ဒီကိစ္စ ကိုင်တွယ်ပြီးရင် နင့်ကို လာရှာမယ်…”
“ ငါ ရွာ စရောက်ရောက်ချင်းကတည်းကရင် ဒီလိုဖြစ်နေတာ မဟုတ်ဘူးလား.. ဖြေရှင်းဖို့ ဘယ်လောက်ကြာဦးမှာ..”
“ ပြဿနာ ရှိနေတာ အမှန်ပဲ… ငါလည်း ဖြေရှင်းနေပါတယ်ဟယ်…”
“ သူက ဒီ အပိုင်းရဲ့ကြယ်ပွင့် ဧည့်သရုပ်ဆောင်.. သူ့နာမည်က ပိုင်ရွှမ်း… ရာသီဥတုက အရမ်း ပူတယ်ထင်လို့ ရိုက်ကူးရေး မလုပ်နိုင်ဘူးတဲ့… ညအထိ စောင့်ချင်တယ်ဆိုပဲ..”
“ ပူတယ်ထင်ရင်လည်း ထွက်သွားပေါ့… ဒီလာပြီး ဘာတွေ ဟိတ်ဟန်ထုတ်နေတာ… ကိုယ့်ကိုယ်ကို ဘာလို့ အရင် ပြန်မကြည့်လဲ…”
ရန်စီ ခေါင်းသာ ခါယမ်းလိုက်သည်။ လင်းရီ၏ တုံ့ပြန်မှုက သူ ထင်မှတ်ထားသည့်အတိုင်းပင် ဖြစ်လေသည်။
“ နင် ဘယ်သူ့ကို အဲ့လို လာပြောနေတာလဲ…”
အားလန်သည်လည်း ဒေါသူပုန် ထသွားခဲ့ပြီး လင်းရီကို လက်ညိုးငေါက်ငေါက် ထိုး၍ “ မင်း ဘယ်သူ့ကို လာပြောနေတာလဲ…”
“ ငါ့ကို အဲ့လို ဆက်ထိုးနေရင် မင်းရဲ့ ခြေထောက်တွေ ရိုက်ချိုးပစ်မယ်…. ကြိုးစားကြည့်ချင်လား…”
“ မင်း…”
အားလန် နောက်သို့ ခြေနှစ်လှမ်းမျှ ဆုတ်ပြီး လက်ကိုလည်း ပြန်ရုတ်လိုက်၏။ လင်းရီအား ဆက်ပြီး လက်ညှိုး မထိုးဝံ့တော့ချေ။
“ ဒီရွာသားတွေကတော့ တကယ့်ကို အရိုင်းအစိုင်းတွေ…”
“ သူတို့ကို ပြန်ခိုင်းလိုက်… ဒီမှာရှိနေလည်း စိတ်အနှောင့်အယှက် ဖြစ်မယ့် အတူတူတော့…”လင်းရီ ပြောလိုက်သည်။
“ ငါလည်း အစတုန်းက သူ့ကို ခေါ်မရိုက်ချင်ပါဘူး.. ဒါပေမယ့် ရင်းနှီးမြုပ်နှံသူတစ်ယောက်က ဆက်သွယ်လာပြီး သူ့အတွက် တစ်နေရာ စီစဉ်ပေးပါတဲ့… ငါလည်း ဘယ်တတ်နိုင်မှာ.. “ ရန်စီ ကိုးရို့ကားယား ဖြစ်စွာ ပြောဆိုလိုက်သည်။
ယခု ဘာဖြစ်နေလဲဆိုတာ လင်းရီ နားလည်သွားပြီး ရန်စီ၏ အခက်အခဲများအား သဘောပေါက်သွားခဲ့လေသည်။
မဟုတ်လျှင် သူမ၏ စိတ်ဓာတ်ဖြင့် ဆိုပါက ဤ ဆယ်လီ အမျိုးသမီးကို သည်းခံနေလိမ့်မည် မဟုတ်ချေ။
ကံဆိုးစွာဖြင့် လူအများ၏ ရှယ်ယာလည်း ပါဝင်နေသည်ဖြစ်ရာ သူမ စိတ်တိုင်းကျ ပြုမူ၍ မရဘဲ ဖြစ်နေသည်။
“ ဟမ့်… တကယ်ဆို ကျွန်မလည်း ရှင်တို့ ရှိုးကို မလာချင်ပါဘူးနော်… ဒီနေရာကိုပဲ ကြည့်စမ်း… ဖုန်တွေ သဲတွေနဲ့… လူနေသင့်တဲ့ နေရာကို မဟုတ်တာ… ခြံထဲမှာ ခဏလေးနေတာကို အဝတ်အစားတွေဆိုတာ ဝတ်စော်ကို နံလို့…” ပိုင်ရွှမ်းမှ ထေ့ငေါ့ပြောဆိုလိုက်ပြီး “ ငါ့ ဦးဦးကသာ လာဖို့ မပြောရင် ဒီလို စုတ်ပဲ့နေတဲ့ ရှိုးကို လာတောင် မလာဘူး…”
“ ဒါဆိုလည်း မင်း ဝင်ပါစရာ မလိုတော့ဘူး… "
“ နင့်ကိုယ်နင် ဘယ်သူထင်နေတာလဲ… ငါ့ဦးဦးက ဒီလာခိုင်းတာ… ဘာကိစ္စ နင့်စကားနားထောင်ရမှာလဲ…”
“ ဒီ ချမ်းသာတဲ့ ဘဲကြီးတွေကတော့ အမြဲတမ်း အသစ်အသစ်ကို စူးစမ်းနေကြတော့တာပဲ.. ‘ ဒယ်ဒီ ‘ ဆိုတဲ့ စကားလုံးက ခေတ်အောက်သွားတော့ ‘ဦးဦး’ တွေ ဖြစ်ကုန်ကြပြီပေါ့…”
လင်းရီ ဖုန်းကိုင်၍ ရန်စီကို ကြည့်လိုက်သည်။
“ ဒီငကြောင်ကို ဘယ်သူလဲ ဝင်လာခိုင်းတာ…”
“ မေ့ထွမ်က မစ္စတာဝမ်…”
“ အဲ့ဒီ လေးဆယ်ကျော် ထိပ်ပြောင်ကြီး ဝမ်ရှုပင်းလား..”
“ အမ်…. အင်း … သူပဲ…”
အကုန်လုံးက နယ်ပယ်တစ်ခုတည်းမှ ဖြစ်လေရာ လင်းရီသည်လည်း အင်တာနက် နယ်ပယ်မှ အကောင်ထွားထွား တစ်ချို့နဲ့ ရင်းနှီး၏။ သူ့ဖုန်း အဆက်အသွယ်ထဲ၌ပင် ၎င်းတို့၏ နံပါတ်များ ရှိလေသည်။
“ ဥက္ကဌလင်း… ဘာများ ကူညီပေးရမလဲခင်ဗျ…”
“ ပိုင်ရွှမ်းလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ဒီရောက်နေတယ်.. ခင်များ သူ့ကို ရှိုးထဲ သွင်းခဲ့ပေးတာလား…”
“ ဟုတ်တယ်လေ.. ကျုပ် ဒါရိုက်တာရန်ကို ပြောပြီးပါပြီ… ဒီလို ကောင်းတဲ့ ရှိုးကို လက်လွှတ်လိုက်ရရင် သူ့အတွက်လည်း နှမြောစရာကောင်းလို့ပါ…”
“ ဒါပေမယ့် ခင်များလူက တော်တော်လေး ဟိတ်ဟန်များလွန်းတယ်… ရှိုးမှာ ဆရာကြီး လာလုပ်နေပြီးတော့ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့လည်း ကန့်လန့်တိုက်နေတယ်… ကျုပ်တို့ ဒါ ဘယ်လိုလုပ်သင့်တယ်ထင်လဲ…”
“ ဟမ်… အဲ့လိုကိစ္စလည်း ရှိသေးတာလား..” ဝမ်ရှုပင်း ပြောလိုက်ပြီး “ ကျုပ် သူ့ကို အခုပဲ ဖုန်းခေါ်လိုက်မယ်…”
“ မလိုဘူး.. ကျုပ် စပီကာ ဖွင့်ထားတယ်… ခင်များ ပြောလိုက်ရင်ကို သူ ကြားပြီ…”
“ ဦးဦး… သမီးဒီမှာ…”
ပိုင်ရွှမ်း၏ မျက်နှာ အမူအရာသည် ညှို့မှိုင်းနေပြီး တစ်စုံတစ်ခု လွဲချော်နေသည်ကို ခံစားမိနေလေသည်။
“ မင်း သောက်ရူးလား.. ဒါရိုက်တာရန်ရဲ့ ရှိုးမှာ ဝင်ရိုက်နိုင်ဖို့က ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ မင်းမသိဘူးလား… အခွင့်အရေးကို တန်ဖိုးထားရမယ့် အစား မင်းက ဆရာကြီးလို လုပ်နေတယ်ပေါ့… မင်းကိုယ်မင်း တိုင်းကျော်ပြည်ကျော်လို့များ နားထင်ရောက်နေတာလား ဟုတ်လား…. ငါတာ မင်းကို မပံ့ပိုးပေးခဲ့ဘူးဆိုရင် မင်း အခုထိ အဲ့ သောက်စုတ် မောလ်မှာ စားပွဲထိုးပဲ ဖြစ်နေဦးမှာ… မင်း အဲ့တာတွေ နားလည်လား…”
ဝမ်ရှုပင်းနှင့် ရင်ဆိုင်ရာတွင် ပိုင်းရွှမ်းသည် ပိုးစိုးပက်စက် အဆူဆဲ ခံနေရသော်လည်း စကားတစ်လုံးပင် ပြန်ခံ မပြောဝံ့ချေ။
“ ဦးဦး … သမီးမှားမှန်း သိပါပြီနော်… နောက် ထပ်မလုပ်တော့ပါဘူး… ရိုက်ကူးရေးမှာလည်း ကြိုးစားမှာပါ…”
“ ဥက္ကဌလင်းက ငါ့ဆီတောင် ဖုန်းဆက်လာနေပြီ… မင်းက ချီးကို ရိုက်ကူးရေး အကြောင်းတွေ လာပြောနေတာလား.. မြန်မြန်ပြန်လာခဲ့တော့ … ဥက္ကဌလင်းကို ဒေါသမထွက်စေနဲ့…”
“ ဟုတ် ဟုတ် .. နားလည်ပါပြီ..”
“ ဒါ ကျုပ်အမှားပါ ဥက္ကဌလင်း … ဘယ်အချိန်လောက် အားမလဲ… ကျုပ် စားပွဲဝိုင်း စီစဉ်ထားလိုက်မယ်လေ… သူက ဒီတိုင်း သရုပ်ဆောင် မင်းသမီးလေးပါဗျာ… ခင်များ အဆင့်ကို သူ့အောက်ကျအောင် နိမ့်ချနေစရာ မလိုပါဘူး…”
“ ခင်များက တကယ့်ကို အရသာမခံတတ်ဘူးပဲ… ဒီလို လူစားမျိုးကို လိုက်ရှာနေတယ်ဆိုရင် ကျုပ် ခင်များကို အချိန်ရမှ ပိုကောင်းတဲ့ မိန်းကလေးတစ်ချို့နဲ့ မိတ်ဆက်ပေးမယ်.. “ လင်းရီ ပြောလိုက်ပြီး “ ကျုပ် ကြားမိတာတော့ သူ့မှာ နောက် ရိုက်ကူးဖို့ ဇာတ်ကားတွေ တန်းစီနေတာပဲဆို… ခင်များ ဖြစ်နိုင်ရင် ဝေးနိုင်သမျှ ဝေးဝေးပို့ထားတာ ကောင်းမယ်နော်.. ဒီလို အိုင်ကျူ နိမ့်တဲ့လူနဲ့ ဆက်တွဲနေမယ်ဆိုရင် အနှေးနဲ့အမြန် ဖောက်ပြန်ခံရမှာပဲ…”
“ ကောင်းပြီလေ… ဥက္ကဌလင်းက အကြံပေးလာပြီဆိုမှတော့ ကျုပ်ကလည်း နားထောင်ရမှာပေါ့…”
“ ဒါဆို ဒီလောက်ပဲ… အချိန်ရရင် အတူစားကြတာပေါ့… ဒီကိစ္စကို စိတ်ထဲထားနေစရာ မလိုပါဘူ..”
“ ကျုပ် မှတ်ထားတယ်… အချိန်ရရင် ထပ်တွေ့ကြတာပေါ့..”
ဖုန်းချပြီးနောက် ပိုင်ရွှမ်းနှင့် အားလန်တို့၏ မျက်နှာသည် ဖြူဖပ်ဖြူလျော် ဖြစ်နေတော့သည်။ အကယ်၍ ဝမ်ရှုပင်းသည်သာ သူတို့ကို ဆက်လက် ပံ့ပိုး မပေးတော့ဘူးဆိုပါက သူတို့၏ အနာဂတ်သည်လည်း ကိစ္စတုံးလေပြီ။
နောက်ပြီး သူတို့ ရှေ့က လူကကော အတိအကျ ဘယ်သူများပါလိမ့်…
သူက တကယ်ကြီး ဝမ်ရှုပင်းကို အော်ငေါက်ဝံ့နေတယ်….
“ နောင်ကျ တစ်ယောက်ယောက်က ဖုန်းဆက်လာပြီး မင်းရဲ့ ရှိုးထဲ နေရာပေးဖို့ ပြောလာခဲ့ရင် ငါ့ ရှိုးလို့သာ ပြောလိုက်… ဘယ်ကောင်က တမူးသာချင်လဲ ငါ ကြည့်စမ်းမယ်…”
“ ငါက ဒီတိုင်း နင့်ကို ပြဿနာ မတက်စေချင်လို့ပါဟာ…”
စပွန်ဆာရှစ်များ အားလုံးက လင်းရီကြောင့် ရလာခဲ့မှန်းကို ရန်စီသိသည်။ အကယ်၍ သူ့ကြောင့်သာ မဟုတ်ပါက ယခုရှိုးသည်လည်း ဖြစ်တည်လာလိမ့်မည် မဟုတ်ချေ။
လင်းရီ၏ အဆက်အသွယ်များကို ကာကွယ်ပေးချင်စိတ်ကြောင့်သာ သူမ မငြင်းဆန်လိုက်ခြင်းပင်။
“ အဆင်ပြေပါတယ်… ဒီလို အသေးအမွှား ကိစ္စလေးတွေက ငါ့အပေါ် သက်ရောက်မှု မရှိပါဘူး..”
“ အွန်း…”
လင်းရီနှင့် စကားပြောပြီးနောက် ရန်စီ ပိုင်ရွှမ်းနှင့် အားလန်တို့ဘက် လှည့်၍ “ ငါတို့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီ… နင် ဒုတိယ ရှိုးတစ်ဝက်ကို ဆက်ရိုက်ပေးဖို့လည်း မလိုတော့ဘူး… နင့်ပစ္စည်း နင်သိမ်းပြီး ပြန်လိုက်တော့… အဲ့လိုဆို နေလည်း မလောင်တော့ဘူး…”
“ ဒါရိုက်တာရန် .. ကျေးဇူးပြုပြီး နားထောင်ပေးပါနော်.. ခုနက တကယ်ကြီး ကျွန်မဘက်ကမှားသွားတာပါ.. ခု ကိုယ့်အမှားကိုယ် သိပါပြီ… ကျိန်းသေပေါက် ပူးပေါင်းပေးပါ့မယ်… အခွင့်အရေး နောက်တစ်ခါပဲ ထပ်ပေးပါနော်….” ပိုင်ရွှမ်း ရန်စီ၏ လက်ကို ဆုပ်ကိုင်၍ မျက်ရည်လည်ရွဲလေးနှင့် တောင်းဆိုလိုက်သည်။
“ အဲ့တာ ငါနဲ့ မဆိုင်ဘူး… နင် သွားသင့်ပြီ… နင် ဒီကိစ္စကနေ သင်ခန်းစာယူပြီး ရင့်ကျက်လာမယ်လို့ မျှော်လင့်ရတာပဲ… ဖျော်ဖြေရေးနယ်ပယ်က တစ်ချက်ကလေးတောင် အမှားမခံတဲ့ နေရာ.. နင် မောက်မာလို့ မရဘူး…” ပြောပြီးနောက် ရန်စီ လင်းရီကို ကြည့်လိုက်ပြီး ထူးမခြားနားသည့် အမူအရာဖြင့် “ ဘာပဲပြောပြော နင်က သူ မဟုတ်ဘူးလေ… နင့်မှာ မောက်မာပိုင်ခွင့် မရှိဘူး…”