← Chapters

လျန်မိသားစုရဲ့ စွမ်းအား

Vol. 87 Ch. 1300

လျန်မိသားစုရဲ့ စွမ်းအား

Vol. 87 Ch. 1300

“ ငါ ဒီရောက်နေမှန်း မင်း ဘယ်လိုလုပ်ပြီး သိတာ..”

“ နင့်ကား အပြင်မှာ ထိုးရပ်ထားတာ တွေ့လို့လေ.. ကားထဲမှာလည်း ဘယ်သူမှ မရှိတာနဲ့ ဒီထဲ ဝင်လာကြည့်လိုက်တာ… “ လျန်ရူရွှယ် ပြောလိုက်ပြီး “ အဲ့မှာ နင် … နင် ဘာကိစ္စနဲ့ ဆေးဆိုင်ထဲ ဘာဝင်လာလုပ်တာ…”

“ မင်း ငါ့ကို အရင်က ပေးတဲ့ ဂျင်ဆင်းနဲ့ လင်ဇီးကို ထည့်ဖို့ သေတ္တာ လာဝယ်တာ… ဒါပေမယ့် ဆိုင်ရှင်ပြောတာ လူလုပ်ဂျင်ဆင်းကြီးတဲ့… အလွန်ဆုံးမှ ယွမ် ၁,၀၀၀ လောက်ပဲ တန်တယ်တဲ့… “

“ ယွမ် ၁,၀၀၀ တည်း ဟုတ်လား…”

လျန်ရူရွှယ် ဆေးဆိုင်ပိုင်ရှင်ကို ဖော်ရွေမှုမရှိစွာ ကြည့်လိုက်တော့သည်။

“ မိန်းကလေး.. နားခါးပေမယ့် ငါ မင်းကို ပြောစရာရှိတာတော့ ပြောရတော့မှာပဲ..” ဆိုင်ပိုင်ရှင်သည် လက်ညိုးထိုး၍ “ မင်း သိပ်ရက်စက်လွန်းတယ်.. လူလုပ်ဂျင်ဆင်းကို ယွမ် ဆယ်သန်းနဲ့ ဒီညီလေးဆီ တကယ်ကြီး ရောင်းပစ်ခဲ့တယ်… ဒါ တော်ရုံလိမ်တာ မဟုတ်တော့ဘူးနော်… ထောင်ကျသွားနိုင်တယ်…”

“ ကျွန်မဘယ်သူလဲ ရှင်သိလား…”

“ မင်းက နှလုံးသား ညစ်ထေးတဲ့ ကုန်သည်လေ… မင်းကများ မေး….”

“ အတွင်းရေးမှူးလျန်…”

ဆိုင်ပိုင်ရှင်မှ စကားဆုံးအောင် မပြောနိုင်သေးခင် သူ့နောက်ရှိ တစ်စုံတစ်ယောက်သည် အံ့အားသင့်သံ စွက်သည့် လေသံဖြင့် အသံထွက်လာခဲ့သည်။

လင်းရီ လှည့်ကြည့်လိုက်တော့ ပြောလိုက်သူက အသက်လေးဆယ် အရွယ်ဟု ထင်ရသည့် အမျိုးသမီး တစ်ယောက်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ လျန်ရူရွှယ်ကို မြင်တွေ့ပြီးနောက် သူမ၏ သဘောထားတို့က ရိုသေကျိုးနွံသည့်ဘက်ခြမ်းသို့ ကူးပြောင်းသွားခဲ့လေသည်။

သူမ၏ ပုံစံအနေအထားနှင့် လျန်ရူရွှယ်အပေါ် ပြသနေသည့် အမူအရာတို့မှတဆင့် အကဲဖြတ်ကြည့်ရသလောက်တော့ သူမက လျန်ရူရွှယ်၏ ရုံးမှ ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့များ၏။

အဆိုပါ စကားသံက ဆေးဆိုင်ထဲရှိ လူတိုင်း၏ အာရုံကို လျန်ရူရွှယ်ထံ တမဟုတ်ချင်း စုပြုံရောက်ရှိသွားစေလေသည်။

သာမန်လူတစ်ယောက်ဆိုပါက ထိုကဲ့သို့ ခေါင်းစဉ်တပ်ခံရလိမ့်မည် မဟုတ်ချေ။

“ မင်း သူ့ကို ဘယ်လိုခေါ်လိုက်တယ်…” ဆိုင်ပိုင်ရှင်မှာ မှင်တက်သွားခဲ့တော့၏။

“ အတွင်းရေးမှူးလျန်လို့လေ…”

သက်လတ်ပိုင်း အမျိုးသမီးမှ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် “ သူက ကျိုးဟိုင်မှာ တတိယ တာဝန်ခံ… တခြား ဘာပြောမိလို့…”

“ တ… တတိယ တာဝန်ခံ…”

သူ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရ၏။

ဆေးဆိုင်ထဲရှိ လူတိုင်းလည်း ကြက်သေသေသွားခဲ့ကြတော့သည်။

ဤနေရာက မြို့တော်ဝန်ရုံးနှင့် ရင်းနှီးသော်ငြား ယခုလို ရာထူးကြီးမားသူတစ်ယောက်ကို အပြင်မှာ မြင်တွေ့နိုင်ရန် အင်မတန် ခဲယဉ်းလှ၏။

“ ကျွန်မ အတုပေးလိုက်တာလို့ ရှင်ထင်သေးလား..”

ဆေးဆိုင်ပိုင်ရှင်မှာ ဒူးပင် မခိုင်ချင်တော့ချေ။ သူ ကြမ်းပြင်ပေါ်သို့ လဲပြိုချင်သလိုလို ဖြစ်နေတော့၏။

နှုတ်ခမ်းက ဟစိဟစိ ဖြစ်နေသော်လည်း အချိန်အတော်ကြာသည်အထိ စကားသံက ထွက်လို့မလာချေ။ သူ၏ အတွေးတို့က သူ၏ ထိန်းချုပ်မှုအောက် ဆက်လက် ရှိမနေတော့ချေ။

“ ရှင့်ဆိုင်က မသင်္ကာစရာပဲ.. ခဏကျရင် ရှင့်ဆိုင်ကို စုံစမ်းစစ်ဆေးဖို့ လူရောက်လာလိမ့်မယ်… အသင့်ပြင်ထားလိုက်…”

ဆိုင်ပိုင်ရှင်သည် နေရာ၌ တောင့်တင်းအေးခဲသွားခဲ့တော့၏။ သူ ဘာပြန်ပြောရမှန်းလည်း မသိတော့။

သူဆိုသည်မှာ သူများအပေါ်ကို ကတုံးပေါ် ထိပ်နည်းနည်းကွက်ချင်ရုံလောက်သာ။ ယခုလို ဖြစ်လာလိမ့်မည်လို့ မည်သူက ထင်ထားလိမ့်မည်နည်း။

ဒါ သံသရာ တစ်ပတ်လည်လာတာများလား…

“ ဟဲဟဲ… အစ်ကိုကြီး … ခင်များရဲ့ လှည့်ကွက်လေးတွေက နုပါသေးတယ်.. အိမ်ပြန်ပြီး လေ့ကျင့်လိုက်ဦး…”

ပြောပြီးနောက် လင်းရီ သေတ္တာနှစ်ခုနှင့်အတူ လျန်ရူရွှယ်အား ခေါ်ဆောင်၍ ကားထဲ ရောက်လာသည်။

“ တကယ်တည်း… နင် တစ်ခုခု လိုအပ်ရင်လည်း ငါ့ကို ပြောလိုက်ရင် ပြီးနေတာကို ဘာလို့ ဒီရောက်လာတာလဲ…”

“ မင်းမှ ထွက်မလာသေးတာ… အဲ့တာနဲ့ တစ်ယောက်တည်း ထွက်လာခဲ့လိုက်တာပဲ… ဒီလောက်ထိ ပြဿနာများသွားလိမ့်မယ်လို့ကော ဘယ်သူက ထင်ထားမှာ..”

“ ရပြီ.. ခုကိစ္စ ဆက်မပြောနဲ့တော့..”

လျန်ရူရွှယ် ထိုင်ခုံခါးပတ်ကို တောင်တန်းကြီး နှစ်ခုကြား ဖြတ်သန်း၍ သွယ်ဆက်လိုက်သည်။

ယခုလို ပြုလိုက်သည်က သူမ၏ အလှကို ပို၍ပင် သိသာထင်ရှားသွားစေသည်။

“ နင် စားချင်တာ ရှိလား.. စားချင်တဲ့ဆိုင်ရှိရင် မောင်းသွားလိုက်… ငါနင့်ကို လိုက်ကျွေးမယ်..”

“ ဘာလို့… တစ်ခုခုကောင်းတာ ဖြစ်လို့လား… ဘာလို့ ထမင်းလိုက်ကျွေးမှာ…”

“ နင် လုပ်တာ‌ ကောင်းလို့ ဆုချမလို့ဟေ့…”

“ ငါတို့ချင်း မတွေ့တာကြာပြီကို ငါလုပ်တာ ကောင်းတာနဲ့ ဘာမှ မသက်ဆိုင်သလိုပဲနော်…”

လျန်ရူရွှယ် ဆံပင်ကို ဖြီးသပ်လိုက်ရင်း လင်းရီအား ပြုံးပြ၍ “ အမေ မနေ့က ငါ့ဆီ ဖုန်းဆက်လာတယ်… သူ ပြောတာ နင် မစ်ဆူ မိသားစုဆီကနေ အရေးကြီးတဲ့ နည်းပညာ အချက်အလက်တွေ အများကြီး ရလာခဲ့တယ်ဆို… ပြီးတော့ ခရစ်ဒစ်(အမှတ်) အားလုံးကိုလည်း ငါ့ဆီပဲ လွှဲပေးလိုက်တယ်ဆို… ဒါကြောင့်မို့ နင့်ကို ထမင်းကျွေးချင်နေတာ.. ဒီတိုင်းကြီး လက်ခံလိုက်လို့တော့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား…”

လင်းရီ ပျော်ရွှင်မှုကြောင့် မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့၏။

ဤသည်က သူ့အဖို့ အချက်ပြကောင်းတစ်ခုဆိုသာ ကျန်းသေသည်။

ရှန်းရှုရီက လျန်ရူရွှယ်ကို ထိုကိစ္စ ပြောပြလိုက်ပြီဆိုတော့ ဆိုလိုသည်မှာ သူမဘက်က မျက်လုံးစုံမှိတ်ထားပေးမည် ဟူ၍ပင်။

ကြည့်ရသလောက်တော့ ပြဿနာ သိပ်များမည်လို့ မထင်။

အနည်းဆုံးတော့ အနာဂတ်တွင် တစ်စုံတစ်ရာမှာတော့ ရေရာသွားခဲ့ချေပြီ။

ထို့ကြောင့် သူ လျန်ရူရွှယ်ကို ထမင်းတစ်နပ် ကျွေးခိုင်းလိုက်၍ မဖြစ်ချည်။ သူ့ကပင် ပြန်ကျွေးသင့်၏။

“ ဘာများလဲလို့ကွာ… အဲ့ဒါ ငါလုပ်သင့်တာ မဟုတ်ဘူးလား…” လင်းရီ ထိုစကားပြော၍ လျန်ရူရွှယ်ထံမှ အမှတ်ကောင်းများ ရယူလိုက်သည်။

“ ဘာစားချင်လဲပြော… ငါ မင်းကို ကိုယ်တိုင် ချက်ကျွေးရမယ်ဆိုလည်း ရတယ်..”

လျန်ရူရွှယ် လင်းရီအား အစုံအဆန်ကြည့်လျက် “ ဘာလို့… နင် ရုတ်တရက်ကြီး စိတ်ကောင်းဝင်လာသလိုပဲနော်.. ငါပဲ အတွေးလွန်နေတာများလား… ဧကန္တ နင် တစ်ခုခု ဖြစ်ထားလို့လား…”

“ ငါက ဘာဖြစ်ရမှာမို့လို့…. ငါ့လည်း အဲ့လောက် အထင် မ small စမ်းနဲ့…”

“ ချက်ပေးဖို့ မလိုဘူး… ပထမတစ်ချက် .... အချိန်ဖြုန်းရာ ကျတယ်… ဒုတိယ တစ်ချက် … ဘယ်သူမှလည်း မရှိတော့ နင့်ကို မယုံဘူး… နီးနီးနားနားက ဆိုင်မှာပဲ သွားစားကြစို့…”

“ သဘောပါဗျာ…”

လင်းရီ မောင်းနှင်လိုက်ပြီး စီချွမ် စားသောက်ဆိုင်ကို တွေ့တော့ ထိုးရပ်၍ ရိုးရှင်းသည့် ထမင်းတစ်နပ်ကို သုံးဆောင်ရန် ဟန်ပြင်လိုက်သည်။

ထင်ပေါ်ကျော်ကြားသည့် မီချယ်လင်း ကြယ်သုံးပွင့် စားသောက်ဆိုင် တစ်ခု မဟုတ်သော်ငြား သူတို့နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်၍ စားသောက်ရသည်ထက် ချိုမြိန်သည့် အရာ မရှိတော့ချေ။

တူနှစ်ကိုယ် တစ်ကမ္ဘာတည်း ရှိရမည် ဆိုပါက ဘယ်နေရာမှာပဲ စားရစားရ အဆင်ပြေသည်။

“ အိုး ဒါနဲ့ ငါ ယွီဟန် သွားမယ့် ကိစ္စကို ဘာလို့ ဟိုဘက် အကြီးအကဲက ဖုန်းဆက်လာခဲ့တာလဲတဲ့….” လင်းရီ စားနေစဉ် မေးမြန်းလိုက်သည်။

“ ဘာလို့ဆို သူက ငါတို့ မိသားစုဝင်မို့…” လျန်ရူရွှယ် ပြောလိုက်ပြီး “ အရင်တုန်းက အဲ့ဒီက ခေါင်းဆောင်က ဝမ်မိသားစုဝင်… ဒါပေမယ့် ဟို ကိစ္စ ဖြစ်ပျက်ပြီးတော့ သူ့ကို ဖြုတ်ချပြီး ငါ့ ဘိုးဘိုးရဲ့ ကျောင်းသားတစ်ယောက်နဲ့ အစားထိုးလိုက်တာ.. ပြီးတော့ သူက နင် လျန်မိသားစုအတွက် အခွင့်အရေး ဖန်တီးပေးထားတယ်ဆိုတာ သိနေတယ်လေ.. ဒါကြောင့်မို့ နင့်နာမည်ကို မြင်တော့ ငါ့ဆီ အသိပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖုန်းဆက်လိုက်တာ… စစချင်းတုန်းကတော့ ငါတို့ နှစ်ယောက်လုံးက တိုက်ဆိုင်တယ်ပဲ ထင်နေကြတာ ဒါပေမယ့် တကယ်ကြီး နင်ဖြစ်နေလိမ့်မယ်လို့တော့ ထင်မထားဘူး…”

“ ဆိုတော့ အဲ့လိုကိုး…” လင်းရီ လေးနက်တည်ကြည်စွာ ခေါင်းတဆတ်ဆတ် ညိမ့်လိုက်ပြီး “ ယွီဟန်မြို့ကလူတွေတောင် လျန်မိသားစုကလူတွေ ဖြစ်ကုန်ပြီပေါ့… အထင်ကြီးစရာပဲ…”

“ နင် ခု မြင်နေရတယ်ဆိုတာ ရေခဲတောင် ထိပ်ဖျားလောက်လေး ရှိတာ… ငါတို့ လျန်မိသားစုက အများကြီး အများကြီး အံ့အားသင့်ဖို့ကောင်းတယ်..”

“ ကြွားနေလိုက်…”

လျန်ရူရွှယ် ဆွဲဆောင်မှု ရှိသည့် အပြုံးလေးအား လှစ်ဟာပြလာရင်း “ စကားမစပ် နင် အဲ့ကိုရောက်ရင် နင့်ကို ဂရုစိုက်ပေးဖို့ ယွီဟန်မြို့က ခေါင်းဆောင်ကြီးတွေကို သတိပေးလိုက်ရမလား… အထူးရန်ပုံငွေ ယွမ် သုံးလေးသန်းလောက် လွှဲပြောင်းပေးလို့လည်း ရတယ်နော်…”

“ မလိုဘူး… ငါ့လက်ထဲလည်း ပိုက်ဆံရှိနေတာပဲ.. အဲ့လို ပုံမှန် မဟုတ်တဲ့ နည်းလမ်းတွေ လုပ်ပေးဖို့ မလိုဘူး..”

လျန်ရူရွှယ် ငါးအပိုင်းအစတစ်ခုအား တူဖြင့်ညှပ်၍ ဂရုတစိုက် အရသာခံကြည့်လိုက်သည်။

သို့သော် သူမ၏ အကြည့်တို့က လင်းရီကိုသာ စေ့စေ့စပ်စပ် စိုက်ကြည့်နေသည်။ ငါးအရသာ အကြောင်း တွေးတောနေခြင်း မဟုတ်ဘဲ လင်းရီ အကြောင်း စဉ်းစားနေခြင်း ဖြစ်၏။

“ နင် သူတို့ကို တကယ်ကြီး နွမ်းပါးမှုတွင်းကနေ ကယ်ချင်နေတာ မဟုတ်ဘူးမလား… “

“ မဟုတ်လို့ ငါက ဘာသွားလုပ်ရမှာ… ငါ့မှာသာ အဲ့လို အတွေးမျိုး မရှိဘူးဆိုရင် ဘာလို့ သွားဒုက္ခခံနေတော့မှာ…”

“ အဲ့ဆိုလိုရင်တောင် ငါတော့ ဒီကိစ္စ မလွယ်ဘူးလို့ ခံစားနေရတယ်နော်..” လျန်ရူရွှယ် ပြောလိုက်ပြီး “ နင်က ထက်မြက်ပြီးမှ အစွမ်းအစ သိပ်ရှိတာကို ဝန်ခံပါတယ်ဟယ်… ဒါပေမယ့် ဒါက အသေးအမွှား ပြဿနာ မဟုတ်ဘူးနော်…”

“ လူကို ငါးတစ်ကောင်ပေးလိုက်… မင်း သူ့ကို တစ်ရက် မငတ်စေဘူး… လူတစ်ယောက်ကို ငါးမျှားနည်း သင်ပေးလိုက်.. မင်း သူ့ကို တစ်သက် မငတ်စေတော့ဘူး… ဘယ်လောက်ပဲ ခဲယဉ်းပါစေ ငါတို့ လုပ်ရမယ်… ဘယ်လိုပဲ ဖြစ်နေပါစေ သူတို့ကို ဆင်းရဲတွင်းကနေ လွတ်အောင် ကူညီပေးရမယ်..”

“ ဟမ့်…”

လျန်ရူရွှယ် သူမ၏ ဒေါက်ဖိနပ်အား ချွတ်၍ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် လင်းရီအား ခုံအောက်မှတဆင့် ဆောင့်ကန်လိုက်၏။

“ နင် အဲ့လောက်ထိ ကောင်းကျိုးဆောင်ရွက်ချင်စိတ်တွေ ပြင်းပြနေတယ်ဆိုလည်း ဘာလို့ ကျိုးဟိုင်မှာ မလုပ်တာ… ဘာလို့ တခြား တစ်နေရာကိုမှ သွားပြီး ကူညီချင်နေရတာ.. ဒီကိစ္စမှာ တစ်ခုခု မရှိဘူးဆိုတာ ငါမယုံဘူး…”

All Chapters