← Chapters

ဒီရောက်လာတဲ့အတွက် ဆု

Vol. 87 Ch. 1301

ဒီရောက်လာတဲ့အတွက် ဆု

Vol. 87 Ch. 1301

လင်းရီ ငိုရမှန်းမသိ၊ ရယ်ရမှန်းမသိ ဖြစ်သွားခဲ့တော့သည်။ လျန်ရူရွှယ်၏ သဝန်တိုမှု လယ်ဗယ်က အထင်ကြီးလောက်စရာအဆင့်ကို ရောက်လို့နေချေပြီ။

“ အဲ့ မဟုတ်တဲ့ အတွေးတွေ မြန်မြန် ခေါင်းထဲကနေ ထုတ်ပစ်လိုက်စမ်းပါ… အဲ့နေရာက တအား နွမ်းပါးလွန်းလို့ သွားပြီး ကူညီပေးတယ်ဆိုတာ အရှင်းကြီး…” လင်းရီ ပြောလိုက်ပြီး “ နောက် မင်း သူတို့ကို ငါ့အကြောင်း သတိပေးစရာမလိုဘူး… ငါ့ဟာငါ လုပ်တာပဲ ကောင်းတယ်..”

“ ဒါပေမယ့် ဟိုက ခေါင်းဆောင်ကြီးတွေက နင့်အကြောင်း သိနေပြီးပြီလေ…”

“ ဒါဆိုလည်း ငါ့ကိစ္စထဲ ဝင်မပါဖို့ ပြောလိုက်ကွာ.. သူတို့ ဘာမှ မသိသလို ဟန်ဆောင်နေဖို့ ပြောလိုက်..” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ငါ့ အစွမ်းအစနဲ့ သူတို့ကို ဆင်းရဲတွင်းက လွတ်အောင် ကူညီပေးနိုင်တယ်ဆိုရင် ငါ ကြွားလို့ ပိုမိုက်သွားမယ် မဟုတ်ဘူးလား…”

လျန်ရူရွှယ် လင်းရီကို နှစ်လိုဖွယ် ပြုံးပြလျက် “ သာမန် ကိစ္စရပ်တွေက နင့်အတွက် စိန်ခေါ်မှု မရှိတော့ဘူး ဆိုတော့ နင်က သူဆင်းရဲတွေကို ဆင်းရဲတွင်းက လွတ်အောင် လုပ်ပေးတော့မယ်ပေါ့.. ဟုတ်လား..”

“ အမ်… ဆိုပါတော့….. မင်း ကြိုက်သလို ပြောကွာ…”

“ ဒါဆိုလည်း နင့်ကိစ္စ ငါ ဝင်မပါတော့ဘူး… နင် လုပ်ချင်သလိုသာ လုပ်တော့..” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒါပေမယ့် နွမ်းပါးမှု တိုက်ဖျက်ရေး ဆိုတာကတော့ တကယ့် ကိစ္စကြီးနော်.. နင် အချိန်တစ်ခုလောက်ထိအောင် ပြန်ခွင့်မရှိတာမျိုးတွေ ရှိနိုင်တယ်…”

“ သီအိုရီအရဆိုရင်တော့ မင်း ပြောတာ မှန်တယ်… ဒါပေမယ့် ကျိုးဟိုင်နဲ့ ယွီဟန်မြို့ ခရီးက ကီလို ၂၀၀ လောက်ဝေးတာကို လေယာဉ်ပျံတောင် မလိုဘူး… ကားနဲ့ နှစ်နာရီမောင်းရင် ကြိုက်တဲ့ အချိန် လာလို့ရတယ်…”

“ ဟုတ်တယ်… ဒါပေမယ့် ကျိုးဟိုင်မှ မဟုတ်တာ… အရမ်း ဝေးတယ်လို့ ခံစားရတယ်..”

“ အဆင်ပြေပါတယ်…. လွမ်းတယ်ဆိုလည်း ငါ့ဆီ လာခဲ့ပေါ့… ဒီက အလွမ်းဖျားလေးတွေ ကုတာ သိပ်ကျွမ်းတာ…”

“ ကိုယ့်ကိုယ်ကို အထင်တွေ ကြီးမနေနဲ့… နင့်ကို လွမ်းနေမယ် အားကြီးကြီး…” လျန်ရူရွှယ် အကောင်စုတ်အား မျက်လုံးလှန်ပြလိုက်၏။

“ နင် ပြဿနာ မရှာသရွေ့ အဆင်ပြေတယ်… မဟုတ်ရင် ငါနင့်ကို ကူညီပေးနေရမှာ..”

“ ရက်ဆာ…”

နာရီဝက်ကြာမျှ နေ့လည်စာ စားပြီးနောက် လင်းရီ လျန်ရူရွှယ်ကို ပြန်ပို့ပေးကာ ဂျင်ဆင်းသေတ္တာကို ကမ်းပေး၍ လျန်ချွင်းရှောင်ထံ ပေးရန် ပြောလိုက်သည်။

“ နင် ဒီဥစ္စာနဲ့ ဝိုင်ဖက်မယ်လို့ ပြောတယ် မဟုတ်ဘူးလား.. ဘာလို့ အဖေ့ကို ပေးမှာ…”

“ ငါက ငယ်ရွယ်ပြီး ခွန်အားအပြည့်ရှိတယ်လေ… ဒီလိုအရာမျိုးကို မလိုသေးဘူး.. အနာဂတ် ခမည်းခမက်လောင်းကြီးအတွက် ပိုပြီး သင့်လျော်တယ်..”

“ ကျစ်….” လျန်ရူရွှယ် စုတ်သပ်လိုက်ပြီး “ ယုံကြည်ချက်တွေ လွန်ကဲမနေနဲ့ဦး… ဘယ်သူမှ တသမှတ်တည်း ပြောလို့မရဘူး.. နင်က ငယ်တယ်ဆိုပေမယ့် နင့် ခန္ဓာကိုယ်ကြီးက အခြေအနေ ဆိုးရွားနေတာလည်း ဖြစ်နေနိုင်တာပဲလေ… စောစီး ဖြည့်တင်းထားတော့ ပိုကောင်းတာပေါ့…”

“ ဟမ် ဒါဆိုလည်း အခု စမ်းလိုက်ကြစို့… ငါ့သက်လုံတွေ ကောင်းမကောင်း လုပ်ရပ်နဲ့ သက်သေပြပေးလိုက်မယ်…”

“ မဟုတ်မဟတ်တွေ လျှောက်ကြံမနေနဲ့… ခုက ကားကြီးထဲမှာ…”

“ ဘာတွေ ကြောက်နေတာ… ငါတို့ ရန်ကျင်းမှာတုန်းကလည်း တစ်ခါ ကြိုးစားကြည့်ခဲ့ပြီးပြီ မဟုတ်ဘူးလား…”

“ ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ… အရင်တစ်ခါတုန်းက ည ၊ ခုတစ်ခေါက်က နေ့… ဖီး ဖီး ဖီး… အရင်တစ်ခါတုန်းက ညဆိုရင်တောင် ငါတို့ ဘာလုပ်ခဲ့လို့.. နင် စိတ်ကူးယဉ်လွန်းနေပြီ..”

“ ဘာကွာသွားလို့… ဘယ်သူမှ မရှိတာတော့ အတူတူပဲလေ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်း သိပ်ရှက်နေတယ်ဆိုရင် ငါတို့ ပန်နီဆူလာ ဟိုတယ် သွားကြမလား.. အဲ့တာက ငါ့နေရာ… ဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်…”

“ နင့်အိပ်မက်ထဲမှာလား… ဟွန့်…” လျန်ရူရွှယ် နှာခေါင်းရှုံ့လိုက်ပြီး “ ငါ သွားတော့မယ်.. နင့်ဟာနင် ပြန်တော့…”

ပြောပြီးနောက် လျန်ရူရွှယ် ကားတံခါးဖွင့်၍ ကားထဲမှ ထွက်လိုက်သည်။ ထို့နောက် အဆောက်အဦးထဲသို့ ကျော့မော့စွာ ဝင်သွားခဲ့၏။

လင်းရီကတော့ သူမလေး၏ နောက်ပိုင်းအလှကို ငေးမောရင်း …..

ထို့နောက် ချောင်ရန် အုပ်စုသို့ ပြန်လာခဲ့သည်။

“ ပြောတော့ ဟွမ်ရှီး ကျေးရွာသွားမယ်ဆို… ဘာလို့ အဲ့လောက် အမြန်ကြီး ပြန်လာခဲ့တာလဲ…”

လင်းရီ ဝင်လာသည်ကိုမြင်တော့ ကျီချင်းရန်၏ မျက်ဝန်းတစ်ခုလုံး ၀င်းလက်တောက်ပသွားကာ မျက်နှာအမူအရာက ညင်သာသိမ်မွေ့မှုတို့ဖြင့် ပြည့်နှက်သွားခဲ့၏။

“ ဖန်လုံအိမ်ထဲက အသီးတွေလည်း အကုန်ရောင်းထွက်သွားပြီဆိုတော့ ဒီတိုင်း လက်စသတ် ကိစ္စ တစ်ချို့ သွားလုပ်ရုံပါကွာ… ပြီးတာနဲ့ မင်းဆီ ပြန်လာလိုက်တာပဲ…” လင်းရီ သူမ၏ ဦးခေါင်းကို ခပ်ဖွဖွပွတ်သပ်ရင်း “ နေ့လည်စာ အချိန်မှီ ပြန်မလာခဲ့လိုက်ရဘူး… မင်း ရုံးခန်းထဲက ကွတ်ကီးတွေ ထပ်ပြီး ခိုးစားနေပြန်ပြီလား…”

“ အမ်ဟမ့်… လုံးဝပဲ… ကွတ်ကီးတွေ မဝယ်တော့တောင် ကြာနေပြီနော်… ကန်သင်းမှာ စားရင်စား… မစားရင် အော်ဒါမှာပြီးစားတယ်..”

ကျီချင်းရန် ချက်ကျလက်ကျဖြင့် ရှင်းပြလိုက်၏။

“ တော်တယ်… ဆုချတဲ့အနေနဲ့ ငါ့ကို အာဘွားပေးခွင့် ပေးလိုက်မယ်.”

“ ခစ်ခစ်… ကျေးဇူးနော် မစ္စတာလင်း… မွ…”

ကျီချင်းရန်း ခိုးခိုးခစ်ခစ် ရယ်သွမ်းရင်း လင်းရီ ပါးထက် အနမ်းပေးလိုက်၏။

“ ခု ဟွမ်ရှီးကျေးရွာမှာလုပ်စရာ သိပ်မရှိတော့ဘူးဆိုတော့ နင် ဘာတွေဆက်ပြီး လုပ်ဦးမှာ..”

“ မင်း လေသံကလည်း ငါက ပြဿနာ သွားရှာမယ့် ပုံစံ ပေါက်နေပြီ… ဒီတိုင်း ကုမ္ပဏီသွားပြီး ငါ့အလုပ်ငါရော လုပ်လို့မရဘူးလား…”

“ ဖြစ်နိုင်ပါတယ်.. ဒါပေမယ့် မဖြစ်နိုင်ဘူး… “ ကျီချင်းရန် ပြုံးလျက် ကြည့်ရင်း “ ပြောစမ်း… ကျွန်မရဲ့ ချစ်လှစွာသော မစ္စတာလင်းက ဘာ အိုင်ဒီယာ အသစ်အဆန်းတွေများ ရှိထားလို့လဲလို့…”

“ အဟမ်း… အဟမ်း…”

လင်းရီ အကြိမ်အနည်းငယ်ခန့် ချောင်းဟန့်လိုက်ပြီး သူ၏ အမူအရာမှာ အနည်းငယ် တည်ကြည်နေလျက် ရှိကာ “ ရဲဘော် ကျီချင်းရန်… ခုက ရုံးချိန်… ဆိုတော့ ကျေးဇူးပြုပြီး မင်းရဲ့ အမူအရာကို ပြင်ပြီး ငါ့ကို ဒါရိုက်တာလင်းလို့ ပြောင်းခေါ်လိုက်ပါ…”

“ ဟင်… ဒါရိုက်တာလင်း ဟုတ်လား..”

“ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ.. ငါက အခု ယွီဟန်မြို့၊ တုံးစန်းကောင်တီရဲ့ နွမ်းပါးမှုတိုက်ဖျက်ရေး ဌာနက လက်ထောက်ဒါရိုက်တာ လင်းရီပါ…”

“ အာ…”

ကျီချင်းရန်၏ အမူအရာမှာ အေးခဲတောင့်တင်းသွားခဲ့တော့၏။ သူမ၏ အမူအရာက ချစ်ဖို့ကောင်းသည်ထက်ကို ကျော်လွန်နေတော့သည်။

“ နင် တကယ်ကြီး နွမ်းပါးမှုတိုက်ဖျက်ရေးဌာနရဲ့ လက်ထောက် ဒါရိုက်တာ ဖြစ်လာတယ်ပေါ့…” ကျီချင်းရန်၏ အမြင်တွင် ဤကိစ္စက သိပ်ကို ဒရာမာဆန်လွန်းလှသည်။ ဖြစ်နိုင်ချေ များစွာကို သူမ စဉ်းစားခဲ့ပြီး ဆိုပေမယ့် တစ်ခုတစ်လေမျှပင် တိုက်ဆိုင်သွားခြင်း မရှိခဲ့ချေ။

“ ဟားဟား.. အဲ့လောက်ထိ အံ့အားသင့်သွားစရာ လိုလို့လားကွာ… ထွေထူးလည်း မဟုတ်ဘဲနဲ့ကိုပဲ…”

“ အဓိကက ဒီကိစ္စရဲ့ သဘောသဘာဝက သိပ်ကို ထူးခြားနေလို့…. ပြီးတော့ ဒီလိုလုပ်ဖို့ဆို ထက်သန်တဲ့ ဇွဲဝီရိယရယ်၊ ကြီးမားတဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိရတယ်… အလုပ်က လွယ်တာ မဟုတ်ဘူး… နင် မလုပ်နိုင်မှာ စိုးလို့ပါ…”

“ စိတ်ချ… ငါ ဘယ်လောက်ထိ သန်မာအားကောင်းလဲ မင်းသိပါတယ်… မင်းလေးကို အပေါ်တင်ထားရင်တောင် ဒိုက် ၂၀၀ လောက် အေးဆေး ထိုးနိုင်သေးတာ ဘာကြောက်စရာရှိလို့…”

“ ဟဲ့… အဲ့နှစ်ခုက တူမလား… နင် ဘယ်လိုတွေများ နှိုင်းယှဉ်လိုက်တာပါလိမ့်…”

“ ဆိုတော့ ဘာဖြစ်တုန်း… ချင်းရန်က ကိုယ့်ကို အားမပေးဘူးဆိုတဲ့ သဘောလား…”

“ ဒါပေါ့… နင့်ကို အားပေးပါတယ်… သျှောင်နောက် ဆံထုံးပါဆိုသလို နင် ဥပဒေနဲ့ မညီညွှတ်တာတွေ မလုပ်သရွေ့ ငါက နင့်ကို အားပေးပြီးသား..”

“ ဘာပဲဆိုဆို ငါတို့ စုထားတဲ့ ပိုက်ဆံတွေကလည်း လုံလုံလောက်လောက် ရှိပြီးသားလေ… ဘာတွေပဲ ဖြစ်လာဖြစ်လာ ဖူလုံနေပြီးသားပဲ…”

“ ဒီရဲ့ နှုတ်ခမ်းလေးကို သိပ်ကြိုက်သွားပြီ…”

လင်းရီ ကျီချင်းရန်ကို ခါးမှ ပွေ့၍ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

“ ဒါပေမယ့် ငါ ယွီဟန်မြို့ကို သွားမယ်ဆိုရင် ပြန်လာချိန် သိပ်ရှိတော့မှာ မဟုတ်တော့ဘူးနော်.. ကျိုကျုံးဗီလာမှာပဲ နေမနေနဲ့တော့.. ယောက္ခမကြီးအိမ် သွားနေလိုက်ဦး..”

“ ဟင့်…”

ကျီချင်းရန် လင်းရီပါးကို လက်နှစ်ဖက်ဖြင့် ဖျစ်လျက် နှုတ်ခမ်းဆူအောင် ပြုလုပ်လိုက်ပြီး “ ဟိုမှာ ငါ့ကို တအား လွမ်းမနေနဲ့နော်… ငါ အားရင် နင့်ဆီ လာလည်မယ်… နင် အချစ်ဆိပ်တွေ တက်ပြီး ဖျားရင် ကောင်းမှာ မဟုတ်ဘူး..”

“ ပိုပိုပြီး ဆိုးသွမ်းလာနေတယ်ပေါ့… ဟုတ်လား…”

“ ခစ်ခစ်…” ကျီချင်းရန် ရယ်မောလိုက်ပြီး “ ဒါဆို နင် ဘယ်အချိန်လောက်သွားဖို့ စီစဉ်ထားလဲ…”

“ သန်ဘက်ခါ… မနက်ဖြန်ကျ မင်းနဲ့ အတူ လျှောက်လည်မယ်… ကောင်းကောင်းကြီး အချိန်ဖြုန်းပြီးမှ သွားမှာ..”

“ အနည်းဆုံးတော့ နင့်မှာ အသိစိတ် ရှိသေးသားပဲ… ခုတလော အိမ်နဲ့ မကပ်တာများ ခုမှပဲ ငါ့ကို အဖော်လုပ်ပေးရကောင်းမှန်း သိတော့တယ်ပေါ့…”

“ မြန်မြန် အလုပ်သွားလုပ်တော့လေ.. စောစောပြီး စောစောပြန်ကြမယ်.”

“ အွန်း..”

ကျီချင်းရန် လင်းရီပေါ်မှ ထ၍ စားပွဲသို့ ပြန်ကာ အလုပ်ဆက်လုပ်သည်။ လင်းရီကတော့ ဝေ့လည်ကြောင်ပတ်နှင့် ဝမ်ရင်းရုံးခန်းထဲ ရောက်လာခဲ့ပြီး သူမအား ယွီဟန်မြို့သို့ သွားမည့် အကြောင်းကို ပြောပြလိုက်လေသည်။

“ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်တုန်းက တို့တွေ ရုံးခန်းတစ်ခုတည်းမှာ အတူထိုင်ပြီး မှတ်တမ်းတွေ အတူစစ်ခဲ့ကြတယ်… တစ်နှစ်ကျော် ကြာပြီးတော့ နင်က ကျိုးဟိုင်မှာ နာမည်ကြီး တိုင်ကွန်းတစ်ယောက်တောင် ဖြစ်လာနေပြီ… အစ်မတော့ နင့်ကို ထိန်းမထားနိုင်တော့ဘူး…”

လင်းရီ ဘယ်ဆီပဲသွားသွား ဝမ်ရင်း စိတ်မပူမိပေ။ အန္တရာယ် မရှိသရွေ့ အဆင်ပြေလေသည်။

“ ကျွန်တော်က ဒီတိုင်း အလေလိုက်နေတာပါဗျာ… စိတ်ထဲထားမနေပါနဲ့… ကျွန်တော်လည်း ဘာမှလုပ်စရာ မရှိတာနဲ့ အစ်မရင်းဆီ မသွားခင် လာပြောပြတာ…”

ဝမ်ရင်း၏ မျက်ဝန်းအစုံတို့သည် ကျေးဇူးတင်မှု ကြင်နာမှုတို့ဖြင့် ထုံလွှမ်းကမ်းပြိုနေပြီး “ အစ်မအကြောင်း တွေးပေးရုံနဲ့တင် ဟော့ဒီက ကျေနပ်လှပါပြီလေ… ဒီတော့ နင် ဒီရောက်လာပေးတဲ့ အစ်မက နင့်ကို ဆုချမယ်…”

ပြောပြီးနောက် ဝမ်ရင်းမှာ ကျင်လည်စွာဖြင့် ဒူးထောက်ချလိုက်ပြန်သည်။

( စာရှုသူတို့ မျက်စိကျန်းမာရေးအား ထောက်ရှု၍ ဤနေရာတွင် စာလုံးတစ်သိန်းခန့်ကို ချန်လှပ်ထားခဲ့ပါရစေ…..)

All Chapters