← Chapters

လှပပြီး ဂရုစိုက်တတ်တဲ့ ဇနီးလေး

Vol. 87 Ch. 1303

လှပပြီး ဂရုစိုက်တတ်တဲ့ ဇနီးလေး

Vol. 87 Ch. 1303

နောက်တစ်နေ့နံနက်တွင် ကျီချင်းရန် လင်းရီကို စောစီးလာနိုး၍ ဒိတ်လုပ်ရန် ကြိုတင် ပြင်ဆင်ခိုင်းလေသည်။

မနက်စာကိုလည်း သဘောတူထားသည့်အတိုင်း ပြင်ဆင်ပေး၏။

ခါးတွင် အေပရွန်၊ လက်တွင် ယောင်းမကို ကိုင်ထားလျက် သူမ၏ သွင်ပြင်သည် လှပသည့် စားဖိုမှူး သေးသေးလေးကဲ့သို့ ဖြစ်နေပေတော့သည်။

“ မနေ့ညကနေ ခုချိန်ထိ မင်းလုပ်တာ မဆိုးဘူး… မဒမ်လင်း… နောက်လည်း ဒီအတိုင်းပဲ ဆက်ရှိနေပေးနော်…”

“ နင် အရမ်းလွန်တယ်..” ကျီချင်းရန် ပြောလိုက်ပြီး “ ငါ ခုလိုလုပ်ပေးတယ်ဆိုတာ နင်က သွားတော့မှာမို့လို့… အဲ့တာကို နင်ကများ နေ့တိုင်း လုပ်စေချင်နေတယ်ပေါ့… အိပ်မက်မက်နေလိုက်…”

“ ဒါဆိုလည်း ငါ နေ့တိုင်း ထွက်သွားမယ်ဆိုရင် ငါ့ကို နေ့တိုင်း အရသာရှိတာတွေ ပြင်ဆင်ပေးမယ်ပေါ့ ဟုတ်လား…”

“ နေ့တိုင်း… ဟမ့်…”

ကျီချင်းရန် လက်တစ်ဖက်ကို ခါးပေါ်တင်၍ ယောင်းမဖြင့် ကြိမ်းမောင်းလိုက်ပြီး “ နင်နေ့တိုင်း ထွက်သွားရဲ ထွက်သွားကြည့်စမ်း.. ခုချက်ချင်း နင့်ကို သတ်ပစ်မယ်…”

“ မဟုတ်တာ မဟုတ်တာ.. မစ္စလင်းကလည်း စိတ်ကလေး လျှော့စမ်းပါ…”

“ ကျစ်… တူနဲ့ ပန်းကန်တွေ သွားယူလာခဲ့…”

လင်းရီ တူနှင့် ပန်းကန်လုံးများ သွားယူလိုက်ပြီး နှစ်ယောက်အတူ နံနက်စာ သုံးဆောင်ကြသည်။

အစားအသောက်တို့မှာ ရိုးရှင်းပြီး မည်သည့်ချဲ့ကားမှုတို့မျှ မရှိ။ သို့တိုင် နှစ်ယောက်လုံးက မြိန်ရေယှက်ရည်နှင့် သုံးဆောင်နေကြလေသည်။

ရုပ်ဝတ္ထုပစ္စည်းတို့ဖြင့် အစားထိုးမရသည်က အိမ်နှင့် နွေးထွေးစွာ ရှိနေပေးမည့်သူများပင်။

ထမင်းစားပြီးနောက် ကျီချင်းရန်သည် မိတ်ကပ်လိမ်းရန် ထွက်သွားခဲ့၏။ ထို့နောက် နှစ်ယောက်မှာ ကျိုးဟိုင်ရှိ ဒစ်စနီလန်သို့ ရောက်လာခဲ့ကြသည်။

နေ့တစ်ဝက်လောက်ကို ထိုနေရာတွင် ကုန်ဆုံးပြီးနောက် ကျီချင်းရန်သည် လင်းရီကို ရုံရှင်းပလာဇာသို့ ဆွဲခေါ်လာခဲ့၏။ အရာရာကို လိုက်ပြီး စိုးရိမ်ပူပန်ပေးတတ်သည့် ဇနီးလေးတစ်ယောက်နှယ် နေ့စဉ်သုံး ပစ္စည်းများနှင့် အဝတ်အစားများအား ဝယ်ခြမ်းပေးလေသည်။

ထိုညတွင်တော့ ညတာသည် ပုံမှန်အတိုင်း ငြိမ်းချမ်းဆဲ အေးချမ်းနေမြဲပင်။

ကျီချင်းရန်မှာ အပေါ်ထပ်သို့ တက်သွားပြီး လင်းရီအတွက် ယူသွားရမည်များကို ထုပ်ပိုးပေးသည်။

ထိုစဉ် လင်းရီကတော့ အောက်ရှိ ဆိုဖာပေါ်တွင် ထိုင်၍ သူ၏ ကျောင်းတုန်းက သူငယ်ချင်းများနှင့် စကားပြောနေသည်။

“ ဝူကြီး… မင်း ယွီဟန်မြို့မှာ နေတာ ဘယ်လိုတုန်း…” လင်းရီ မေးမြန်းလိုက်သည်။

“ အဲ့ကောင် ခု စောက်ရမ်းတွေ လန်းနေတာ..” ကျန်းစုန့်မှ ဂရုချက်တွင် ပြောလိုက်ပြီး “ ငါကြားတာတော့ ဒီကောင် တခြားတစ်ယောက်နဲ့ စီးပွားရေး တွဲလုပ်နေတယ်ဆိုပဲ… နောက်ဆို ငါတို့ကောင်တွေ စီအီးအို စွန်းဆိုပြီး ခေါ်ရတော့မှာ..”

“ ချီးကို စီအီးအိုစွန်း…” စွန်းကျန်းမှ ပြောလိုက်ပြီး “ ငါက ဒီတိုင်း နည်းပညာ ကုမ္ပဏီသစ်လေးရဲ့ ပါတနာပါကွာ… ငါ့ သူငယ်ချင်းတစ်ယောက်က အသိုင်းအဝိုင်းကြီးကဆိုတော့ သူ့အဖေက ယွီဟန်မြို့မှာ နည်းနည်းပိုင်တယ်… ဒီကုမ္ပဏီထောင်ဖို့ကိုလည်း သူ့အဖေကပဲ ပိုက်ဆံ ထုတ်ပေးတာ… အဲ့တာနဲ့ ငါလည်း စရိတ်ပေးပြီး သူ့လှေပေါ် တက်စီးလိုက်တယ်ကွာ… ငါတို့ဘော့စ်(လင်းရီ)နဲ့တော့ ယှဉ်လို့ ဘယ်ရမှာ…”

“ ပြောတာ ဟုတ်တယ်… ဘော့စ်က ခုဆို အောင်မြင်မှု အထွတ်အထိပ်ကို ရောက်နေတာ.. မင်း သူ့ကို ဖားထားရင် ကောင်းမယ်နော်… ပြောမရဘူး သူက မင်းဆီ ရင်းနှီးမြုပ်နှံ ပေးရင်လည်း ပေးမှာပေါ့…”

“ အဲ့အကြောင်း မပြောကြစို့… ငါတို့ချင်း လေးနှစ်ကျော်တောင် အတူနေလာခဲ့ကြတာ ငွေကိစ္စတွေ မပါလာရင်ကောင်းမယ်.. မဟုတ်ရင် ဇာတ်လမ်းတွေ ရှုပ်တယ်…” လင်းရီမှ ပြောဆိုလိုက်သည်။

“ လုပ်စမ်းပါ… မင်းက ခုဆို ဘောစိကြီး ဖြစ်နေပြီ…မင့်ပေါင်ကြီးမှ မဖက်ထားရင် ဘယ်သူ့ပေါင် သွားဖက်ရမှာလဲ…” ကျန်းစုန့် ရယ်သွမ်းနေသည့် အီမိုဂျီဖြင့် ပြောလာသည်။ ထို့နောက် ဆက်လက်၍

“ စွန်းကြီး မင်း မသိလို့… ငါ ကျိုးဟိုင်ကို မနှစ်က အလုပ်ခရီးနဲ့ ထွက်လာခဲ့တုန်းကဆို ချီးတဲ့မှ ငါ ရှော့ခ်ဆိုမှ အကြီးကြီးရသွားခဲ့တာ.. ဘော့စ် နေတဲ့ ဗီလာဆိုတာ နန်းတော်နဲ့ နင်လားငါလားပဲ… သောက်ရမ်း လန်းတယ်… ဘော့စ်ရဲ့ လက်ရှိ အဆင့်အတန်းက မင်း စိတ်ကူးယဉ်ကြည့်လို့ပဲရမယ်…”

ကျန်းစုန့် ထိုစကားများကို နောက်ပြောင်ပြောနေခြင်းပင်။ အကယ်၍ သူ့တွင်သာ ထိုကဲ့သို့သော အတွေးများ ရှိနေသည်ဆိုပါက အစောကြီးကတည်းက လင်းရီကို တောင်းဆိုနေပြီးဖြစ်၏။

“ ဒါပေါ့… ဘော့စ်ရဲ့ ကားတွေဆိုတာ ယွီဟန်မှာ အိမ်တစ်လုံးစာလောက်ရှိမယ်..” စွန်းကျန်း ပြောဆိုလိုက်ပြီး “ ဆိုကာကျမှ မင်းတောင် ဘော့စ်နဲ့ တစ်ခါလောက် တွေ့ဖြစ်သေးတယ်… ငါက ဘွဲ့ရပြီးတော့ ခရီးတွေ ပတ်ထွက်နေတာ နောက်ဆုံး ဒီယွီဟန်မြို့မှာ အခြေကျသွားတာပဲ… မင်းအချိန်ရရင် ကျိုးဟိုင်သွားပြီး အတူမုန့်သွားစားကြတာပေါ့…”

“ နောက်လကျရင် ငါ အားလပ်ရက် ရတယ်… အဲ့ကျ သွားကြတာပေါ့..”

“ ဟားဟား… အဆင်ပြေပြီ.. ကလပ်တက်ပြီး ရူးသွပ်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ အတွေ့အကြုံရချင်နေတာ… မင်းတို့ကောင်တွေ လိုက်ပို့ပေးရမှာနော်..” စွန်းကျန်းမှာ အပျော်အပါး သိပ်မကြိုက်ရှာစွာဖြင့် ပြောလိုက်၏။

“ ကလပ်တက်ပြီး ဘာတုန်းလုပ်မှာ… အဲ့က မိန်းမတွေက ဘယ်လိုကြွားပြောရမလဲပဲ သိတယ်.. ပြောတော့ အကုန်ကျွမ်းတယ်နဲ့ တကယ့်တကယ် လက်တွေ့ကျတော့ အရည်အချင်းက ကြောက်စရာကြီးတွေနော်… ငါ ကြုံဖူးလို့ ပြောပြနေတာကွ…” ကျန်းစုန့်မှ အစ်ကိုကြီးတစ်ယောက်နှယ် သူ၏ အတွေ့အကြုံကို ပြောပြနေပြီး “ ငါတော့ ငါတို့ကောင်တွေ ဟိုတယ်မှာ အခန်းတစ်ခုငှားပြီး ပရိုပလေယာတွေ ခေါ် rank တင်ကတာက အကောင်းဆုံးပဲ.. ဇုန် ၁ မှာ Top 1 ဖြစ်အောင် လုပ်လိုက်ကြစို့…”

စွန်းကျန်း “ မြန်မြန် လစ်ပြီး အိပ်လိုက်တော့…”

လင်းရီ “ မြန်မြန် လစ်ပြီး အိပ်လိုက်တော့…”

“ ဘော့စ်… ဒီကောင်က စိတ်အခြေအနေ သိပ်တည်ငြိမ်တာ မဟုတ်ဘူး.. ငါတို့ပဲ ဆက်ပြောကြတာပေါ့…” စွန်းကျန်း ပြောလိုက်ပြီး “ နောက်လဆို မင်းရော အားပါ့မလား…”

“ နောက်လတွေ လုပ်မနေနဲ့… ငါ မနက်ဖြန်ကျရင် ကိစ္စတစ်ခုနဲ့ ယွီဟန်မြို့ကို ရောက်လာခဲ့မယ်… အဲ့မှာ တွေ့ကြစို့…”

“ ချီးတဲ့မှ မင်း အတည်ကြီးလား… ကောင်းတာပေါ့…” စွန်းကျန်း စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်ပြီး “ မင်း ဘယ်တော့လဲ ရောက်မှာ… ငါ နေရာ ကြိုငှားထားလိုက်မယ်..”

လင်းရီ သူ၏ နောက်လာမည့် ရက်များအတွက် အစီအစဉ်ကို တစ်ချက်စဉ်းစားပြီးနောက် ယခုလို ဖြေလိုက်။ “ မွန်းလွဲလောက်ရောက်မယ်… နေ့လည်စာ အတူစားကြတာပေါ့…”

“ ကောင်းပြီ… မင်းက ယွီဟန်မြို့ကို လာမယ်ဆိုတော့ ငါကလည်း အကုန်စီစဉ်ပေးထားရမှာပေါ့…”

“ လုပ်စမ်းပါ… ငါကျွေးမှာပါဟ…”

“ ယဉ်ကျေးနေစရာ မလိုဘူး… ငါ ကျိုးဟိုင်ကို ရောက်လာရင် မင်း ငါ့ဖို့ စီစဉ်ပေးလို့ရတယ်….. ယွီဟန်မှာ ဆိုရင်တော့ ငါပဲ စီစဉ်ပေးမယ်..”

“ အသေးမွှားလေးပါကွာ… ငါမနက်ဖြန်ကျ မင်းကို ပြန်ခေါ်လိုက်မယ်…”

“ အိုကေ…”

ဝီချက်ပေါ်တွင် ခေတ္တမျှ စကားပြောဆိုပြီးနောက် သုံးယောက်သား ဂိမ်းသုံးလေးပွဲခန့် ကစားကာ အနားယူလိုက်ကြ၏။

TV ကို ပိတ်ရင်း လင်းရီ အညောင်းဆန့်၍ အပေါ်ထပ်သို့ တက်လာသည်။

“ သောက်ကျိုးနည်း… မင်း ဘယ်လောက်ကြီးတောင် ထည့်ပေးထားတာတုန်း…”

ကြမ်းပြင်ပေါ်ရှိ အိတ်ကြီး သုံးအိတ်ကို မြင်တော့ လင်းရီ ခဏမျှ ကြက်သေသေသွားခဲ့၏။

“ ဒါ နည်းနည်း မများလွန်းဘူးလား…”

“ ဒီတစ်ခေါက်က အရင်တစ်ခေါက်တွေနဲ့ မတူဘူးလေ… ငါ့အထင် နင် တော်တော်ကြာအောင် ပြန်လာဖြစ်သေးမှာ မဟုတ်ဘူး.. ဒါကြောင့်မို့ အများကြီး ထည့်ပေးလိုက်တာ….”

ကျီချင်းရန် လက်ချောင်းလေးများဖြင့် ချွေးစို့နေသည့် ဆံနွယ်တို့အား ပင့်သပ်လိုက်သည်။

“ ငါ ယွီဟန်မြို့ကို ရောက်ဖူးတယ်… ဒီနဲ့ သိပ်မဝေးဘူး… တကယ်လို့ နင့်မှာ ပစ္စည်းတွေ မလောက်တော့ဘူးဆိုရင် ပြန်လာခဲ့… တကယ်လို့ အချိန်မရဘူးဆိုလည်း ငါ ဒီကနေ ဝယ်ပြီး ပို့ပေးလိုက်မယ်…”

“ မလိုပါဘူးကွာ… ယွီဟန်မြို့ကလည်း ပထမတန်းစား မြို့တော်ကိုပဲ… လိုအပ်တာရှိရင် ဟိုမှာ ဝယ်လို့ရပါတယ်..”

ကျီချင်းရန် လင်းရီကို စိတ်ကသိကအောက် ဖြစ်နေသည့် အကြည့်တစ်ချက် ပေးလိုက်၏။

“ မထင်ရဘူးနော်… နင်က ငတုံးပဲ…”

ဟမ်… ဟင်…

တုံးတယ်လား…

ငါ တုံးသွားတာလား…

…………………

နောက်တစ်နေ့နံနက်တွင် ကျီချင်းရန်သည် ပုံမှန်အတိုင်း စောစီးထ၍ မနက်စာ ပြင်ဆင်ပေးသည်။ သို့သော် လင်းရီကိုတော့ အိပ်ရာထခိုင်းရန် အလျင်မလိုသေးချေ။

ဤတစ်ကြိမ် သူသွားမည့် ခရီးက ရှည်ကြာမည် ဖြစ်ပြီး အတော်ကြာမှ အိမ်ပြန်ရောက်သည်မျိုးလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကောင်းကောင်းလေး အိပ်စက်ခိုင်းရန် စိတ်ဆုံးဖြတ်လိုက်သည်။

စားသောက်ပြီးနောက် ကျီချင်းရန် လင်းရီ၏ ရင်ခွင်ထဲတွင် လူးလားတွန့်ကွေးနေပြီး မသိမသာ ကျဆင်းနေသည့် မျက်ရည်များကိုပင် ခိုးသုတ်နေလိုက်၏။

သူ့ဘက်က သူမကို ကတိပေးပြီးပြီ ဆိုသော်ငြားလည်း လင်းရီ အကြောင်းပြချက်မရှိ ယွီဟန်မြို့ကို ထွက်သွားခဲ့သည်ကိုတော့ သူမ စိတ်ဆိုးမိပါသည်။

အရမ်း မဝေးဘူး ဆိုပေမယ့် ယွီဟန်ဆိုတာကလည်း ကျိုးဟိုင်မြို့ပြင်မှာပဲလေ။ ဟုတ်တယ်မလား။

သူမ၏ စိတ်ထဲတွင်တော့ ခွဲခွာရသကဲ့သို့ ဝမ်းနည်းနေမိ၏။

ကျီချင်းရန်သည် လင်းရီ၏ ရင်ခွင်ထဲတွင် တစ်နာရီကျော်ကြာအောင် လူးလားတွန့်ကွေးနေပြီး ထို့နောက်တွင်မှ စိတ်မပါ့တပါဖြင့် လွှတ်ပေးလိုက်၏။

ကျိုကျုံးဗီလာမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ယွီဟန်မြို့သို့ ချက်ချင်း မသွားသေးပေ။ ထိုအစား သူ ဟွာရှန်း ဆေးရုံသို့ ဦးတည်လိုက်၏။

မည်သို့ပင်ဆိုစေ သူက ထွက်သွားတော့မည်။ လီကျူးဟန်ထံသို့ သွားပြီး သူသွားမည့် အကြောင်းကို ပြောပြရပေမည်။

လင်းရီ သူ့နာရီကို တစ်ချက် ငုံ့ကြည့်လိုက်၏။ အချိန်က မနက် ကိုးနာရီ ဖြစ်ပြီး လီချူးဟန်ထံ ခေတ္တ သွားဦးမည်ဆိုပါက ယွီဟန်မြို့သို့ နေ့လည်ခင်းတွင် ရောက်ရှိနိုင်သည်။

........

ဟွာရှန်း ဆေးရုံ၏ ပြင်ပ လူနာဆောင်ဌာနသည် အချိန်အခါမရွေး လူစည်ကားသည့် နေရာတစ်ခုဖြစ်၏။

လင်းရီ သူ၏ ဝီချက် အကောင့်မှတဆင့် လီချူးဟန် ရောက်ရှိနေသည့် နောကို အတည်ပြုပြီး ခြေလှမ်းကျယ်ကျယ်လှမ်း၍ အမြန်ရောက်ရှိလာသည်။ သို့သော် သူ တံခါးဝသို့ ရောက်သည့် အချိန်တွင်ပဲ အထဲမှ အငြင်းပွားနေသည့် အသံဗလံများကို ကြားလိုက်ရသည်။

“ နင်တို့ ဒါ ဘာသဘောလဲ… ငါတို့က ဆေးကုဖို့ လာတာကို နင်တို့က ဘာကိစ္စ ကုမပေးနိုင်ရတာ…”

All Chapters