← Chapters

မူလဇာတ်လမ်း

Vol. 125 Ch. 4.1381

မူလဇာတ်လမ်း

Vol. 125 Ch. 4.1381

တန်းရွှမ်းယွမ်”အဲဒါကဘာလဲ?”

သူ့ဘေးနားက အစောင့်တစ်ယောက်ကို မေးပေမယ့် တုံ့ပြန်တဲ့အနေနဲ့ ထိုလူက မြေပြင်ပေါ် ပြုတ်ကျသွား၏။ သူသည် သူ့ခန္ဓာကိုယ်ကို စက်ဝိုင်းပုံစံ လှည့်နေလေသည်။ သူ့မျက်နှာပေါ်ရှိ အပြုံးကို ကြည့်လျှင် ယခင်လူများကဲ့သို့ပင် အန္တရာယ် တစ်စုံတစ်ရာကို သတိမထားမိသည့်အတိုင်း။

တန်းရွှမ်းယွမ် လန့်ဖျပ်သွားပြီး အခြားသူကိုပါ ဝင်တိုက်မိမည်အား စိုးရိမ်သဖြင့် လျင်မြန်စွာ နောက်ပြန် ဆုတ်သွားခဲ့သည်။ သူသည် လုရွှမ်အနားသို့ ပြေးသွားပြီးနောက် သူ့အစောင့်နှစ်ယောက် လဲကျသွားတာကို တွေ့လိုက်ရသော်လည်း မျှော်စင်နယ်ပယ် အဆင့် ၉ အဆင့်မှ တန်ခိုးအကြီးဆုံး သားရဲကသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

ထိုလူ၆ယောက် အုပ်စုကလည်း ခြွင်းချက်မရှိ လဲကျသွားကြသည်။

တန်းရွှမ်းယွမ်ရဲ့ အစောင့်သည် သူ့မျက်နှာပေါ်တွင် ထိတ်လန့်သော အကြည့်ဖြင့် ပြေးသွားသော်လည်း ကံကောင်းထောက်မစွာပင် လုရွှမ်ရဲ့ အသံက သူ့စိတ်ကို လှုပ်ရှားစေခဲ့သည်။ မဟုတ်ပါက သူသည်လည်း ထိုသားရဲများနောက် လိုက်သွားရသလိုမျိုး ခံစားရပေလိမ့်မည်။

အရွယ်အစား တိုတိုလေးသာ ရှိပြီး နီရဲနေသော အရာသည် သူ့ဘက်သို့ ပြေးထွက်လာသလို ခံစားခဲ့ရလေ၏။

အရမ်းအေးစက်​နေတဲ့ ခံစားချက်က အရင်သလင်းကျောက် တွင်းထဲကို ဝင်လာတုန်းက ကြုံဖူးသလိုပါပဲ။ ဒါပေမဲ့ တခဏချင်းမှာ ပိုပြင်းပြပြီး ဝမ်းနည်းစရာ ကောင်းတာက ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သွားသလို ခံစားမိတာက နောက်ဆုံး အခိုက်အတန့် ဖြစ်သွားခဲ့သည်။

ဤရုပ်အလောင်းများ ရေခဲအဖြစ်သို့ ပြောင်းလဲသွားခြင်း ရှိ၊ မရှိ စစ်ဆေးရန် ဘယ်သူကမှ ရှေ့မတိုးဝံ့ပေ။ ဘာပဲဖြစ်ဖြစ် လက်ရှိတွင် ၎င်းတို့အ​လောင်းများသည် ရေခဲအဖြစ်သို့ ပြောင်းလဲသွားခြင်း မရှိသေးတာတော့ သေချာလေသည်။

“လုရွှမ် ကျေးဇူးအများကြီး တင်ပါတယ်... ဒီတစ်ကြိမ်မှာ မင်းသာမရှိခဲ့ရင် ငါတို့အဖွဲ့တစ်ခုလုံး ပျက်စီးသွားမှာ ကြောက်ရတယ်...”

တန်းရွှမ်းယွမ် ကြောက်လွန်းလို့ အကာအကွယ် နတ်လက်နက်ကို ကိုင်ထားရတဲ့ အထိ အရမ်းရှက်သွားတာ သေချာ၏။ သူ့ရဲ့ အကာအကွယ် လက်နက်က တစ်ကြိမ်သာ သုံးနိုင်သည်။ လုရွှမ်ကြောင့်သာ မဟုတ်ရင် အဲဒီနေရာမှာ သူ့အလောင်းလည်း ရောက်နေလောက်ပြီ။

လုရွှမ် တခြားမိစ္ဆာသားရဲများ ရှောင်ပြေးသွားသောအခါ၌ သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ရာ မီးလုံးကြီး ဖြစ်သွားတာကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဆန်းကြယ်ရေခဲမီးတောက်နဲ့ ဆင်တူတဲ့ ထူးဆန်းတဲ့ မီးတောက်မျိုးပင်။

သို့မဟုတ်ပါဘဲ ထူးဆန်းသော မီးတောက်လည်း မဟုတ်နိုင်ပါ။ ထူးဆန်းသောမီးရဲ့ တည်ရှိမှုကို ကျော်လွန်သွားပါက ဤမီး၏ အရည်အသွေးသည် ၎င်း၏မူလ အသွင်အပြင်ထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့မှာ သေချာပါ၏။

ဤနေရာသည် မရေမတွက်နိုင်သော သလင်းကျောက်များ ရှိသော သလင်းကျောက်တွင်း တစ်ခုဖြစ်သည်။ မရေမတွက်နိုင်သော ကြီးမားသော စွမ်းအင်များ ရှိထားတာမလို့ မီးတောက်များကို အဆင့်မြှင့်ရန် ရိုးရှင်းလွန်းလှသည်။

လုရွှမ် မိစ္ဆာသားရဲ တစ်ကောင်ဆီသို့ လျှောက်လာပြီး သူ့လက်ဖဝါးကို ထိုခန္ဓာကိုယ်ဆီသို့ ချဥ်းကပ်လိုက်သောအခါ ငှက်အိုကြီးက ခပ်မြန်မြန် အော်လိုက်၏။

“သခင်! မလုပ်နဲ့!!”

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး။

“စိတ်မပူပါနဲ့ ငါ ဘာလုပ်နေလဲ ငါသိတယ်”

မိစ္ဆာသခင်၏ မင်းသမီးလေးသည် လုရွှမ်အတွက် စိုးရိမ်ပူပန်မှု အပြည့်ရှိနေခဲ့၏။ လုရွှမ် မကယ်ရင် သူမလည်း သေ​နေပေလိမ့်မည်။ လုရွှမ်အပေါ် သူမ အလွန်ကျေးဇူးတင်မိပြီး အလွန်လည်း စိတ်ပူပင်နေမိသည်။

“လုရွှမ်... သတိထား”

လုရွှမ်က သူမကို အပြုံးဖြင့် ပြန်ကြည့်သည်။

“ဘာမှမဖြစ်ဘူး!”

လုရွှမ်၏ လက်ဖဝါးပေါ်၌ စိမ်းပြာနဂါး စွမ်းအားများက ပြည့်နေသည်။ သူက အလောင်းကို ဖြည်းဖြည်းချင်း ထိ​ကြည့်လိုက်သည်။ အလောင်းပေါ်၌ အေးခဲသော စွမ်းအင် မရှိဘဲ နွေးထွေးမှုတစ်ခု ရှိနေသေးသည်။

လုရွှမ် အလောင်းကို သူ့လက်ဖဝါးနဲ့ ထိလိုက်တာနဲ့ အလောင်းထဲကနေ အနီရောင်ဆံပင်တစ်ဆုပ် ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲကို ဝင်ဖို့ကြိုးစားလေ၏။ လုရွှမ် သူ့ပါးစပ်ကိုဖွင့်ပြီး နဂါးကြီးရဲ့ ဟောက်သံကို သူ့လက်ထဲကနေ အလိုအလျောက် ပြေးထွက်သွားစေကာ အနီရောင်ဆံပင်တွေကို သန့်စင်ပစ်လိုက်သည်။

“အား!”

မင်းသမီးလေးမှာ လန့်ဖျပ်သွားတာကြောင့် ထအော်လိုက်မိသည်။ သူမပါးပြင်များ နီရဲလာကာ ရင်ဘတ်ကို ပွတ်သပ်ကာ ထပ်ခါတလဲလဲ အသက်ရှူသွင်းလိုက်သည်။ ယခုအချိန်မှာ သူမ တကယ်ကို ထိတ်လန့်သွားတာ ဖြစ်ပေ၏။

“အမ်... အဲဒါက နတ်ဝိညာဉ် ဖြစ်သွားတာလား?”

လုရွှမ်ဟာ ကောင်းကင်မီးကို ထိန်းချုပ်ထားတာကြောင့် ကောင်းကင်မီးက ဘာတွေလောင်တယ်ဆိုတာ သူ သဘာဝကျကျ သိသည်။ အနီရောင်ဆံပင်ဟာ တစ်ခုခုပဲလို့ ထင်ခဲ့ပေမယ့် ဝိညာဉ်ဘောလုံး ​ဖြစ်​​နေမယ်လို့ မမျှော်လင့်ထားခဲ့ချေ။ ဒါပေမဲ့ ဒီအလောင်းရဲ့ ဝိညာဉ်မဟုတ်တော့ဘဲ လိမ်ပြီး ရောထွေးနေတဲ့ ဝိညာဉ်တစ်ကောင် ဖြစ်နေလေသည်။

ဒါပေမဲ့ အလွန်နာကျည်း​နေတဲ့ သရဲတစ္ဆေ အုပ်စုအဖြစ် လှည့်ပတ်သွားနေကြ၏။ လူ့ခန္ဓာကိုယ် ဒါမှမဟုတ် သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲ တိုက်ရိုက် ပြေးဝင်သွားနိုင်တာ အံ့သြစရာ မရှိတော့ပေ။

၎င်းသည် ကျိုးပဲ့ထားသော ဝိညာဉ်ဖြစ်နေပြီ ဖြစ်သောကြောင့် သာမန်လူများ သို့မဟုတ် မိစ္ဆာသားရဲများက ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအင်ဖြင့် အလိုလို တိုက်ခိုက်မိမည် မဟုတ်ပေ။ ယင်းအစား ဝိညာဥ်ကို ခန္ဓာကိုယ်ထဲ ဝင်လာတာကိုပါ သတိမထားမိ ဖြစ်သွားကြသည်။

အဲဒါက ဝံပုလွေတစ်ကောင်ကို အိမ်ထဲကို မြှူဆွယ်မိသလိုပါပဲ။ ဒါ​ကြောင့် သူတို့ဝိညာဉ်ကိုတောင် တိုက်ရိုက် စုပ်ယူသွားခဲ့တာပဲ ဖြစ်လေသည်။ ထိုမှတစ်ဆင့် နတ်ဝိညာဥ်ရဲ့ ဝိညာဉ်အပိုင်းအစ တစ်ခုလို ဖြစ်လာခဲ့တာ ဖြစ်သည်။

ဤတိုက်ခိုက်မှုမျိုးသည် လျင်မြန်လွန်းသောကြောင့် မိစ္ဆာသားရဲများကို သေ​စေခဲ့သည်။ အကြောင်းမှာ လူသားများသည် ထူးဆန်းမီး၊ ကောင်းကင်မီး စတာတွေကို ရွေးချယ်ကြမှာ ဖြစ်သော်လည်း သားရဲများအတွက်မူ ၎င်းတို့၏ နတ်ဆိုးမီးကိုသာ မွေးမြူရန် ကြိုးစားမှာ သေချာပါသည်။

ဤဝိညာဉ်မျိုးကို ယှဥ်ပြိုင်ရန် နတ်ဆိုးမီးက လုံးဝ ယုတ်ညံ့သည်။ နတ်ဆိုးမီး မစမီတွင်ပင် ရန်သူရဲ့ တိုက်ခိုက်မှုကြောင့် မိစ္ဆာသားရဲ၏ ဝိညာဉ်တစ်ခုလုံး ပျက်စီးသွားကာ သေဆုံးသွားခဲ့သည်။ သတ်ဖြတ်သွားတဲ့ အချိန်ကာလက ၁၀ စက္ကန့်လောက်သာ ကြာသည်။

လုရွှမ် သူ့လက်တွေကို ရွှေ့လိုက်သည်။ ထိုအခါ မီးတောက်တွေက အလောင်းရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်ပျံ့နှံ့သွားရာ ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ တစ်ကိုယ်လုံးက မီးလောင်သွားသည်။

“လုရွှမ်...ဒါက ဘာဖြစ်သွားတာလဲ သိလား”

မင်းသမီးလေးက မေးလေသည်။ လုရွှမ် မရှင်းပြဘဲ တန်းရွှမ်းယွမ်ကို အရင် ကြည့်လိုက်သည်။ တစ်ဖက်လူမှာ မယုံနိုင်စွာ မျက်လုံးများကို ပြူးကျယ်ထားသည်။

ခုနက နဂါးဟောက်သံကို သူကြားလိုက်သည်။ လုရွှမ်ဟာ နတ်နဂါးရဲ့ အနွယ်ဝင်ထဲက ဆင်းသက်လာသူ ဖြစ်နိုင်သလို သွေးကြောရှိနေတာလည်း ဖြစ်နိုင်၏။ အဲ့ဒါကြောင့် သူက အရမ်းအစွမ်းထက်နေတာပင်။

လုရွှမ်သည် တန်းရွှမ်းယွမ် အတွေးလွန်နေမှန်း သူ့မျက်လုံးများမှ တစ်ဆင့် သိသော်လည်း ဤနားလည်မှု လွဲတာမျိုးက ဖြေရှင်း​နေရန် မလိုအပ်ပါ။

“ဒါက ဒီလိုပဲ”

လုရွှမ်က နတ်ဆိုးမီးများကြားက ခြားနားချက်များကို ရှင်းပြခဲ့သည်။ သူ့စကားတွေက မင်းသမီးလေးကို အလွန်ထိတ်လန့်စေခဲ့သည်။

“အဲ့လောက်တောင် ရိုးရှင်းလား?”

လုရွှမ် ဖျတ်ခနဲ ပြုံးလိုက်ပြီး။

“ဘယ်လောက်​တောင် ခက်မယ် ထင်လို့လဲ? မင်းအရမ်းတွေးနေရုံနဲ့ အများကြီး ဖြစ်သွားမှာ သေချာတာပေါ့... နားမလည်နိုင်တဲ့ ထူးဆန်းတဲ့ မီးကို ထိန်းချုပ်ထားကလွဲလို့ တခြားအရာတွေ ရှိသေးရင် ငါတို့ စဉ်းစားလို့ ရသေးတယ်...ဒါပေါ့ လေ့လာဖို့လည်း လိုဦးမှာပဲ...”

“ဒီမီးတောက်က ဒီမှာပဲ ဆက်ပြီး ပျံနေမယ် ဆိုပေမယ့် လူတွေအတွက် အန္တရာယ်ရှိတယ်... အဲ့တော့ သဘာဝအတိုင်း နှိမ်နင်းလိုက်တာက အကောင်းဆုံးပဲ”

မင်းသမီးလေးက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမကို သက်သာရာရစေတာက အကောင်းဆုံး ဖြစ်ပေမည်။ ဒါပေမဲ့ သူ့အမေကို ကယ်တင်ချင်ရင် တွင်းထဲက ပစ္စည်းတွေကို သုံးရလိမ့်မယ် ဆိုတဲ့ စကားတွေကို သူမ လေးလေးနက်နက် သံသယဝင်မိလာသည်။

လုရွှမ်သည် တန်းရွှမ်းယွမ်က သူ့အပေါ် မရေရာသော လေးစားမှု ရှိလာကြောင်း ခံစားမိသည်။ သူ့စိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း ဖော်ပြတာမျိုး မရှိပေ။ အခုဆို လူငါးယောက်ပဲ ကျန်တော့ပေမယ့် လုရွှမ်ဘက်က ပိုအားကောင်းတာကြောင့် တန်းရွှမ်းယွမ်လည်း လုရွှမ်ကို အားကိုးရတော့သည်။

“ငါတို့ အခုတခြားသားရဲတွေနဲ့ ပေါင်းလိုက်တာ ပိုကောင်းမယ်... မဟုတ်ရင် ဒီထူးဆန်းတဲ့ မီးကြောင့် သူတို့တွေ သုတ်သင်ခံလိုက်ရရင်... ငါတို့ တစ်ယောက်တည်း ရယ်ရခက်ငိုရခက် ဒေါသထွက်​နေရမယ်”

တန်းရွှမ်းယွမ်: “ဒါပေမဲ့ လူသားတွေ ဟန်ဆောင်နေတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်”

လုရွှမ်လည်း ထိုလူများသည် အလွန်ညံ့ဖျင်းသော ဝတ်စားဆင်ယင်မှုကြောင့် မိစ္ဆာသားရဲများ အားလုံးက မှတ်မိနေကြောင်း သဘောပေါက်ပါသည်။

All Chapters