← Chapters

လူသား

Vol. 125 Ch. 4.1382

လူသား

Vol. 125 Ch. 4.1382

“အခု ငါတို့ အသက်ရှင်ချင်နေသရွေ့ ဘယ်သူနဲ့ ပူးပေါင်းဆောင်ရွက် ရမလဲဆိုတာ အရေးမကြီး​​တော့ဘူး”

ငှက်အိုကြီးက လုရွှမ်ရဲ့ စကားကို သဘာဝကျကျ နားလည်ပေသည်။ ယခုအချိန်တွင် တန်းရွှမ်းယွမ်က သံသယဖြစ်လာမှာ သေချာတာကြောင့် သူကပဲ ဝင်ပြောလိုက်သည်။

“မင်းသားငယ်လေး တန်းရွှမ်းယွမ် ..စိတ်မပူဖို့ မလိုပါဘူး... ကျုပ်သခင်ငယ်က သူ့စကားထဲမှာ အဓိပ္ပာယ်တချို့ကို အမြဲ ဖုံးကွယ်ထားတတ်တယ်...”

တန်းရွှမ်းယွမ်: “သူက လူသားတွေနဲ့ ပူးပေါင်းချင်တယ်လို့ ပြောလာမှတော့ လူသားတွေနဲ့ ပူးပေါင်းလိုက်တာပေါ့”

ယခုအချိန်တွင် တန်းရွှမ်းယွမ်က လုရွှမ်ရဲ့ ဝိသေသလက္ခဏာကို စိုးရိမ်နေပြီ ဖြစ်သည်။ ငှက်အိုကြီးရဲ့ အင်အားကို ထပ်တူထပ်မျှပင် ကြောက်လန့်ရတာကြောင့် ရန်စတဲ့ အပြုအမူမျိုး မလုပ်ဝံ့ပေ။

တစ်ဖက်ကို လမ်းလျှောက်လာကြတဲ့အခါ မိစ္ဆာသားရဲတွေ အသတ်ခံထားရတာကို တွေ့လိုက်ရသည်။ ဒါပေမဲ့ လူသားတွေကတော့ မသေ​သေးချေ။

လုရွှမ်: “ရှေ့မှာ တူးနေတဲ့ အသံ ကြားရတယ်”

တန်းရွှမ်းယွမ် သူ့နားကို တင်းတင်းမာမာ ထားပြီး ခဏကြာအောင် နားထောင်​​ကြည့်သော်လည်း ဘာသံမှမကြားရပေ။ သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကာ လုရွှမ်ရဲ့ မွေးရာပါ နောက်ခံက ထူးထူးခြားခြား ဖြစ်ကြောင်း ပို၍ပို၍ အတည်ပြုလာခဲ့သည်။

လုရွှမ်သည် လူတိုင်း သူ့နောက်သို့ အမြန်လိုက်လာရန် အချက်ပြလိုက်သည်။ ထိုအသံသည် လက်သည်းများ​ဖြင့် တူးနေသံ မဟုတ်ဘဲ လက်နက်သံပဲ ဆိုတာကို လျင်မြန်စွာ ကောက်ချက်ချခဲ့သည်။

“မိစ္ဆာသားရဲတစ်ကောင် ရောက်လာပြီ!”

လူအုပ်စုရဲ့ တုံ့ပြန်မှုက အလွန်လျင်မြန်သည်။ မကြာမီတွင် လုရွှမ်နှင့် အခြားသူများ ရောက်လာတာကို ချက်ချင်း သတိပြုမိလိုက်ကြသည်။

“မင်းသား တန်းရွှမ်းယွမ်.. မင်း ငါတို့ဆီ လာတာက ဘာကိုဆိုလိုတာလဲ?”

တန်းရွှမ်းယွမ်: “ဟန်ဆောင်​နေတာကို ရပ်လိုက်ပါတော့... မင်းတို့ လူသားတွေကရော ငါတို့ဆီရောက်လာတာ သဘောလဲ?”

တန်းရွှမ်းယွမ်သည် သူတို့ရဲ့ အစစ်အမှန် ဝိသေသလက္ခဏာကို ထိုးထွင်း သိမြင်ပြီး ဟန်ဆောင်တာကို ရပ်သင့်တယ်လို့ ဒီလူသားတွေ သိစေဖို့အတွက် သူက လူသားတွေလို့ အတိအကျ ထုတ်ပြောခဲ့သည်။ လုရွှမ်လည်း သူ့စိတ်ထဲတွင် အေးခဲသွားသလို ခံစားလိုက်ရ၏။

နှစ်​ဖက်​က တိုက်​​တော့မှာလား?

သေချာတာပေါ့။ လူ၁၁တစ်ယောက်ရဲ့ အမူအရာတွေ ပြောင်းလဲသွားပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ တစ်ချိန်တည်းမှာပဲ ​ပြောင်းလဲသွားကြသည်။

“ဟမ့် မင်းက ငါတို့ကို နှုတ်ပိတ်ချင်တာလား”

တန်းရွှမ်းယွမ်က လုရွှမ်နဲ့ ငှက်အိုကြီးကို ကြည့်လိုက်သည်။

လုရွှမ် ဆွံ့အသွားသည်။ ဒီညီအစ်ကိုက တစ်ဖက်လူတွေကို ဒေါသတကြီး မျက်လုံးပြူးပြီး သူရဲကောင်း တစ်ယောက်လို ပြုမူချင်ပေမယ့် အခု ပြဿနာတက်တော့ သူတို့ကို အကူအညီ ပြန်တောင်းနေပြီ။ ဒီသားရဲက အရမ်းညံ့မနေဘူးလား။

မိစ္ဆာသားရဲတွေဟာ အချိန်တွေ ကောင်းလာတဲ့အခါ သိမ်သိမ်မွေ့မွေ့ ဆက်ဆံတတ်ပေမယ့် အချိန်တွေ ဆိုးလာတဲ့အခါ စိတ်တွေက ဖရိုဖရဲဖြစ်တတ်သလို အခြေခံ သန့်ရှင်းမှုကိုတောင် မထိန်းနိုင်တော့ဘူး။

အခုက အချင်းချင်း ရန်မဖြစ်ဘဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေတဲ့ အခြေအနေ ဖြစ်လေသည်။

လုရွှမ် ရယ်လျက်။

“လူတိုင်း ဘာလို့ တစ်ယောက်ကို တစ်ယောက် ရန်တွေ့နေကြတာလဲ... လူတိုင်းကးလည်း ဒီခြိမ်းခြောက်မှုကို အရင်က ခံစားဖူးကြမယ်လို့ ထင်တယ်...အခု နှစ်ဖက်ရန်ငြိုးက တစ်ခုတည်းသော ခြိမ်းခြောက်မှုလို့ မင်းတို့ ထင်လား? မထင်ဘူး ဟုတ်တယ်ဟုတ်... အခု ငါတို့ အားလုံး ဒုက္ခရောက်နေကြပြီ လှေတစ်စင်းတည်း စီး... အချင်းချင်း လက်တွဲပြီး အသက်ရှင်လျက် ဒီကနေ ထွက်သွားနိုင်မလား တွေးကြရမှာ.. “

“အမ်... ငါ့ညီအစ်ကိုက အခုနတုန်းက နည်းနည်းတော့ စိတ်ရှုပ်သွားတယ်ရယ်... တောင်းပန်ပါတယ်”

လုရွှမ် ဆိုရင်း လူသားတွေကို တောင်းပန်ဖို့ တန်းရွှမ်းယွမ်အား အကြိမ်ကြိမ် လက်ဟန်ပြပြီး ပြောလိုက်ပါ၏။ တန်းရွှမ်းယွမ်က လူတွေကို တောင်းပန်ဖို့ ဝန်လေးပေမယ့် လုရွှမ်က တောင်းပန်စေချင်နေသည်။ သူ လုရွှမ် ဒေါသထွက်မှာ စိုးတာကြောင့် နာခံလိုက်ရသည်။

“တောင်းပန်ပါတယ် အားလုံးပဲ.. အခုနတုန်းက ငါ အရမ်းစိတ်လှုပ်ရှားမိသွားတယ်... မင်းတို့ကို တောင်းပန်ပါတယ်”

နံပါတ်ရှစ် သလင်းကျောက် တွင်းကို ဖောက်ထွင်းဝင်ရောက်ဖို့ အားလုံးက ဒီမှာ ပုန်းအောင်းနေတာ ကြာပါပြီ။ ဒီမှာကြာကြာနေလေလေ၊ ဒီမှာရှိတဲ့ မိစ္ဆာသားရဲတွေက လူသားတွေကို ဘယ်လောက်ထိ ရှုတ်ချတယ်ဆိုတာ ပိုနားလည်လာလေပါပဲ။

မင်းသားငယ်လေး တန်းရွှမ်းယွမ်ရဲ့ အဆင့်အတန်းက မွန်မြတ်လွန်း၏။ အများအားဖြင့် သူနဲ့တွေ့တဲ့အခါ သူတို့က အမြဲတမ်း မြန်မြန်ဆန်ဆန် ထွက်သွားတတ်သည်။ ဒါပေမဲ့ ဒီနေ့ မင်းသားငယ်လေးက သူတို့ကို တကယ်တောင်းပန်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

စိတ်ထဲမှာ နားမလည်နိုင်တဲ့ ပျော်ရွှင်မှု တစ်ခုကလည်း ဝင်ရောက်လာခဲ့သည်။

လုရွှမ် တခစ်ခစ်ရယ်ရင်း “ကောင်းပြီ ညီအစ်ကိုကလည်း တောင်းပန်ပြီးပြီဆိုတော့ ငါတို့ ဘာဆက် လုပ်ရမလဲဆိုတာ ဆွေးနွေးကြရအောင်”

လုရွှမ်ရဲ့ မျက်လုံးများက လူဆယ့်တစ်ယောက်ဆီ ဝေ့သွားသည်။ အဆင့်အမြင့်ဆုံး လူက တစ်လျှောက်လုံး အရမ်းတိတ်ဆိတ်နေပြီး စကားဝင်မပြောခဲ့ချေ။

ထိုလူ၏ မျက်လုံးများက အနည်းငယ် ထိတ်လန့်သွားကြောင်း သိသာသည်။ လုရွှမ်လို ကျင့်ကြံမှုနဲ့ သူတို့အဖွဲ့ကြားတွင် ဤမျှတိကျစွာ ပြောဆိုသူ အစစ်အမှန်ကို တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့တာ ထင်ရှားသည်။

“စိတ်မပူပါနဲ့... ငါက လူသားတစ်ယောက်ပါ ငါ သဘာဝကျကျနဲ့ ပြောနိုင်တယ်”

လုရွှမ် စိတ်စွမ်းအင်ဖြင့် အသံ ပို့လိုက်ပြီး ထိုလူကို မျက်စိမှိတ် ပြလိုက်သည်။

“မင်းက လူလား”

အဲဒီလူကလည်း ပြန်ဆိုသည်။ သူ့ရဲ့ သရုပ်ဆောင် စွမ်းရည်က အရမ်းကောင်းပြီး အံ့အားသင့်သွားတဲ့ အရိပ်အယောင်တောင် မပြလာချေ။

လုရွှမ်: “ဟုတ်တယ် ငါက သားရဲတစ်ကောင် မဟုတ်ဘူး... သလင်းကျောက်တွေကို တူးချင်လို့ သူတို့နဲ့ ရောနေတာလေ.. ဟားဟား”

ထိုလူကလည်း ပြုံးကာ သူတို့နှင့် ရည်ရွယ်ချက်တူကြောင်း ပြောလိုက်သည်။

ဤကိစ္စတွင် တစ်ဖက်သားက သူ့ကို လိမ်ညာရန် လုံးဝ မလိုအပ်ပေ။

“နတ်ခြေလှမ်းနယ်ပယ်ကို တက်ထားတဲ့ ဒီနတ်ဆိုးအတွက် စိတ်ပူမ​နေပါနဲ့... အဲဒီကောင်က ငါ့အစေခံ... ငါ့ကို လက်နက်ချပြီးပြီ ငါအသက်ရှင်စေချင်ရင် အသက်ရှင်မယ်... သေ​စေချင်ရင် သေလိမ့်မယ်...”

လုရွှမ်သည် ငှက်အိုကြီး၏ ဝိသေသလက္ခဏာကို တမင်တကာ ပြောပြခဲ့သော်လည်း လက်ရှိကိစ္စကို ရှင်းရှင်းလင်းလင်း မြင်ရမည့်အစား ထိုလူကို ပိုမိုစိတ်ရှုပ် ထွေးသွားစေခဲ့သည်။

လုရွှမ်ကလည်း ဤလူဟာ သလင်းကျောက်အတွက် အသက်စွန့်နိုင်သူများထဲ ပါဝင်လိမ့်မည်ဟု လုံးဝ မယုံကြည်ခဲ့ပေ။ ဒါက အသက်နဲ့ ကစားရတာမလို့ ဘယ်သူကမှ အလွယ်တကူ ဝင်လာလိမ့်မည် မဟုတ်။

ဒီလူကလည်း သူ့ကို ယုံလိမ့်မည်မဟုတ်။ နတ်မီးနယ်ပယ် လူတစ်ယောက်မှာ ဘယ်လိုလုပ် နတ်ခြေလှမ်းနယ်ပယ် ကျွန်တစ်ယောက် ရှိမှာတဲ့လဲ။ ဤလူသည် လုရွှမ်ကို အမြောက်စာ သို့မဟုတ် ထောင်ချောက်အဖြစ်သာ ဆက်ဆံလိမ့်မည်။

မျှော်စင်နယ်ပယ် ပဉ္စမအဆင့် ရှိသူက ဒီနတ်မီးနယ်ပယ် ကောင်လေးတစ်ယောက်ကို ညီအကိုအဖြစ် မှတ်ယူခဲ့သည်။ ထို့နောက်တွင် နတ်ခြေလှမ်းနယ်ပယ်က သခင်ကြီးအား ကျွန်အဖြစ် သဘောထားခဲ့သည်။ ဒါသတင်းကိုသာ လွှင့်လိုက်ရင် တစ်ကမ္ဘာလုံး ကမောက်ကမ ဖြစ်သွညးလိမ့်မည်။

လုရွှမ်နဲ့ ပတ်သက်၍ သတိနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များက သူ့နှလုံးသားထဲတွင် ချက်ချင်း စိုးမိုးလာ၏။ လုရွှမ် လိုချင်တာ ဒီအချက်ပင်။ ဒီလူအုပ်စုအပေါ် သူ့စိတ်ထဲမှာ ကြောက်ရွံ့မှု နည်းနည်းမှ မရှိပေ။ သူတို့က သူ့ကို လျှို့ဝှက်စွာ ရန်ပြုဖို့ ကြံစည်နေရင်တောင်မှ လွတ်ကင်းမှာ သေချာပါသည်။

လူသားများနှင့် နှိုင်းစာလျှင် လုရွှမ်သည် တခါတရံတွင် စိတ်ရှုပ်စရာ မလိုသော မိစ္ဆာသားရဲများနှင့် ခင်မင်ရတာက ပိုကောင်းတယ်လို့ ခံစားမိလေသည်။

ထိုလူက ချောင်းဆိုးပြရင်း။

“ကောင်းပြီ လူတိုင်းက ဒီလိုအခြေအနေမျိုးမှာ ရောက်နေကြပြီ ဆိုတော့ သဘာဝအတိုင်း လှေတစ်စင်းတည်းစီး ဖြစ်သွားပြီ... အတူတူ ပူးပေါင်းဆောင်ရွက်ကြတာပေါ့...ငါက ကွမ်နင်း... ဒါက လုရွှမ် ဟုတ်တယ်ဟုတ်?”

“ဟုတ်တယ်... ဒါက အစ်ကိုတန်းရွှမ်းယွမ်.... ဘယ်သူလဲဆိုတာ မင်းတို့အားလုံး သိလောက်ပါပြီ... ဒါက အူတူတူလေး၊ ဒါက လောင်ယွင်နဲ့ ဒီဘက်ကတော့ တန်းရွှမ်းယွမ်ရဲ့ အခြွေအရံပဲ “

တခြားလူတွေကလည်း သူတို့ကိုယ်သူတို့ အတိုချုံး မိတ်ဆက်ကြပြီး အရင်က ဖြစ်ပျက်ခဲ့တာတွေကို ဆွေးနွေးကြလေသည်။

မျှော်လင့်ထားသည့်အတိုင်း ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အမွေးတွေနဲ့ မီးတောက်သည် ဤနေရာက ထူးဆန်းသော မီးတစ်မျိုး ဖြစ်နိုင်ကြောင်း တစ်စုံတစ်ယောက်က စီရင်ဆုံးဖြတ်ထားပြီး​ပြီ။ ဒါပေမဲ ဘယ်လိုထူးဆန်းတဲ့ မီးလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။

လုရွှမ် အမိန့်ပေးလိုက်တော့ သူတို့နဲ့ တခြားလူတွေဟာ သလင်းကျောက်တွေကို စတင် တူးဖော်ကြတော့သည်။ တန်းရွှမ်းယွမ်နဲ့ သူ့အစောင့်တွေက လူသားတွေနဲ့ ဘယ်လိုမှ မပတ်သက်ချင်ဘူး ဆိုတာ ထင်ရှားပါ၏။

မင်းသမီးလေးက အလွန်သိချင်စိတ် ရှိသူပင်။ သူက လုရွှမ် လူသားတစ်ဦးနှင့် အလွန်ရင်းနှီးစွာ ပြောဆိုဆက်ဆံနေတာကို ကြည့်ကာ အလွန်ပင် မနာလိုဖြစ်​နေခဲ့သည်။

All Chapters