← Chapters

အတိတ်က အရာများ

Vol. 125 Ch. 4.1385

အတိတ်က အရာများ

Vol. 125 Ch. 4.1385

ကွမ်းနင်ထံမှ ညည်းသံ ထွက်ပေါ်လာသည်။

“ဒီတွင်းက အလောင်းတွေ မြှုပ်ထားတဲ့နေရာ မဟုတ်ဘူးလား... အထူးသဖြင့် နံပါတ်ရှစ် သလင်းကျောက်တွင်းဆို လူသားတွေရဲ့ ခုခံမှု အပြင်းထန်ဆုံး နေရာပဲ... ဒီမှာ တိုက်ရိုက် ပိတ်မိပြီး သေဆုံးခဲ့တာလို့တောင် ကြားရတယ်...”

“လူသေအလောင်းတွေ အကုန်လုံး ဒီမှာ စုထားကြတယ်.. အဟမ့် အဲဒါကြောင့် ဒီနေ့ နံပါတ်ရှစ် သလင်းကျောက်တွင်းမှာ ထူးဆန်းတဲ့ နတ်ဆိုးတွေနဲ့ ဝိညာဥ်ဆိုးတွေ ပေါ်လာတာလေ..အဲဒါကြောင့် မင်းတို့ မိစ္ဆာသားရဲတွေနဲ့ နှိုင်းရင် ငါတို့ လူသားတွေ ဒီထဲကို ဝင်ရတာ ပိုလုံခြုံတာလေ ”

ထိုစကားကြောင့် တန်းရွှမ်းယွမ်ရဲ့ အမူအရာလည်း ပြောင်းသွားတော့သည်။ သူပြောသွားတာက အမှန်ပင်။ လူသားတွေ ဤနေရာသို့ ဝင်ပြီးနောက် စုစုပေါင်း လူနှစ်ရာနီးပါး ရှိခဲ့သော်လည်း ယခုအခါ ၎င်းတို့အထဲ တချို့သာ အသက်ရှင်နေတော့သည်။

သို့သော် အခုတော့ လူသားတချို့သာ သေဆုံးခဲ့ရပြီး နောက်ထပ် သေဆုံးသူတွေ အားလုံးနီးပါးက မိစ္ဆာသားရဲများ ဖြစ်လာသည်။ ထိုဒေါသကြီးသော စိတ်ဝိညာဉ်များသည် သားရဲများကို လက်စားချေရန် ကြိုးပမ်းနေကြခြင်း ဖြစ်နိုင်ပါလား။

ကွမ်းနင်၏ စကားများသည် သိသိသာသာ ဘက်လိုက်နေသော်လည်း လုရွှမ် ဝင်မနှောင့်ယှက်ပေ။ ဤဝိညာဥ် အပိုင်းအစများသည် အချိန်အတော်ကြာပြီးနောက် ၎င်းတို့၏ လွတ်လပ်သောအသိစိတ် ပျောက်ဆုံးသွားကာ ဗီဇအနည်းငယ်ဖြင့်သာ လုပ်ဆောင်နေခဲ့သည်။

ဒါပေါ့။ အရင်က အကြောင်းတွေကြောင့် မိစ္ဆာသားရဲတွေကို အရင်ဆုံး တိုက်ခိုက်မယ်လို့ ထင်ခဲ့ပေမယ့် လူသားတွေကို မတိုက်ခိုက်ဘူးလို့ ပြောရင်လည်း ကြွားလုံးထုတ်ရာ ကျသွားလိမ့်မည်။

သူသည် ဤဝိညာဉ်များကို နှစ်ကြိမ်တိုင်တိုင် မီးရှို့ခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် လူသားများဖြစ်စေ မိစ္ဆာသားရဲများဖြစ်စေ သက်ရှိသတ္တဝါများအတွက် ဝိညာဉ်များ၌ မုန်းတီးမှုရှိကြောင်း သဘာဝအတိုင်း ခံစားနိုင်သည်။

သက်ရှိသတ္တဝါတွေ ရှိနေသရွေ့ သူတို့က သတ်ပစ်လိမ့်မည်။

“လုရွှမ် ငါတို့ဘာလုပ်သင့်လဲ”

တန်းရွှမ်းယွမ် လှမ်းအော်လိုက်သည်။ သိပ်မကြာခင်မှာပဲ သူ့ပတ်ဝန်းကျင်မှာ သူအားကိုးနိုင်တဲ့ တစ်ခုတည်းသော လူက သေသွားခဲ့ပါပြီ။ ဒါကြောင့် သူ့မှာ လုရွှမ်ဆီသာ အကူအညီ တောင်းရတော့၏။

လုရွှမ်: “စိတ်မပူပါနဲ့... ငါတို့သတိထားနေသရွေ့တော့ အန္တရာယ်အများကြီး ရှိမှာ မဟုတ်ဘူး”

တန်းရွှမ်းယွမ်က သူသတိထားမယ်လို့ ကတိအနည်းငယ် ပေးပြီး လုရွှမ်ရဲ့ နံဘေးမှာ နေရာယူထားလိုက်သည်။ မင်းသမီးလေးလည်း ဒီအချိန်မှာ သူမ မသေချင်ဘူး ဆိုတာကို နားလည်သွားတာမို့ သတိကပ်နေရ၏။

သူမ ကြောက်ရွံ့နေသော်လည်း “လုရွှမ်... ကျေးဇူးပြုပြီး ငါ့ကို ကျေးဇူးပြုပြီး နတ်မီးတောက်လေး ပေးပါလား... ငါနင့်ကို ကောင်းတာတွေ အများကြီး ပေးနိုင်ပါတယ်”

လုရွှမ်က ပြုံးလိုက်ပြီး “ဒီမီးတောက်က ကွဲအက်နေတဲ့ ဝိညာဉ်ကို စုစည်းနိုင်ပေမယ့် ပေါင်းစပ်ထားတဲ့ ဝိညာဉ်က မူလဝိညာဉ်လို မဟုတ်တော့ဘူး ဆိုတာ မင်း နားလည်ထားရမယ်... ဒီမီးတောက်အတွက် မင်းတကယ်ကို စျေးကြီးပေးချင်တာလား”

လုရွှမ် ထိုကလေးမကို စိတ်စွမ်းအင်ဖြင့် ဆက်သွယ်လိုက်သည်။

“မင်းသမီးလေး...မင်းအဖေက ဘာလို့ ဒီကို မလာတာလဲဆိုတာ နားလည်ထားသင့်တယ်.... ဒီမှာရှိတဲ့အရာတွေက စိတ်မချရဘူးဆိုတာ သူသိနေတာ ကြာပြီ”

မင်းသမီးလေးသည် ထိတ်လန့်သွားပြီး အသက်မဲ့အသံဖြင့် “ငါဘယ်သူလဲဆိုတာ နင်သိ​နေတာလား”

“ခန့်မှန်းမိပြီးသား... မင်းက လင်းလုံ မဟုတ်ဘူးလား”

မင်းသမီးလေး: “နင်အမှန်တိုင်း ပြောနေတာလား... ငါ့အဖေက ဒီမှာရှိတဲ့အရာ အားလုံးက အလုပ်မဖြစ်ဘူး ဆိုတာ သိနေတာကြာပြီပေါ့”

“ဒါကိုတော့ ငါ မပြောတတ်ဘူး... သူတို့ဝင်လာတဲ့အခါ တခြားအပြောင်းအလဲတွေ ဖြစ်ကောင်း ဖြစ်ခဲ့နိုင်တယ်... ဒါ့အပြင် မင်းတို့ရဲ့ သားရဲတစ်သောင်းမဟာမိတ်မှာလည်း အခြေအနေ​ကောင်း မရှိဘူး... တစ်ယောက်ယောက်က အပြင်ထွက်နိုင်သရွေ့ ကောင်းကင်ရေကန်မှာ ဆေးကြောနိုင်တယ်...အဲဒါကတော့ တစ်နေ့တည်းနဲ့ အကျိုးကျေးဇူး များများရမှာလား?”

“မင်းအဖေက မင်းအမေကို ကယ်တင်နိုင်တဲ့ ရတနာကို တစ်စုံတစ်ယောက်က အသက်ရှင်လျက် ထုတ်ယူနိုင်မယ်လို့လည်း မျှော်လင့်နေတာ ဖြစ်နိုင်တယ်”

မင်းသမီးလေး လင်းလုံလည်း လုံးဝ စိတ်ရှုပ်သွားတော့သည်။

လုရွှမ် သူမရဲ့ ခေါင်းကို ပွတ်သပ်ရင်း နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မပူပါနဲ့... အားလုံးက ဆုံးဖြတ်ပြီးသား... မင်းအမေကို ကယ်နိုင်မယ့် ပစ္စည်း ရှိရင် သယ်ထုတ်သွားကြမယ်... မထုတ်ယူနိုင်ရင်တော့ ကံကြမ္မာပဲပေါ့...အူတူတူလေး”

လင်းလုံ ဟစ်အော်ကာ လုရွှမ်လက်ကို ရိုက်ထုတ်လိုက်သည်။

“အား... ငါက အူတူတူလေး မဟုတ်ဘူးလို့!”

“တောင်းပန်ပါတယ် မင်းရဲ့ ကျဥ်းမြောင်းတဲ့ မျက်လုံးပုံစံက တစ်ချိန်က ငါမွေးခဲ့တဲ့ သားရဲတစ်ယောက်လို ချစ်ဖို့ကောင်းနေလို့ပါ”

“နင်ဘာတွေ မွေးဖူးလို့လဲ?”

“ငါမွေးထားတာက ကြောင်ကလေးလေ...”

“အား!!”

လင်းလုံ အော်ဟစ်ပြီး လုရွှမ်ကို ခုန်ပေါက်ကာ ရိုက်နှက်ပြန်သည်။

လုရွှမ်သည် မိန်းကလေးနှင့် ဆော့ကစားရန် စိတ်အားထက်သန် နေသေးသည်ကို မြင်လိုက်ရသဖြင့် အခြားလူများက ခေါင်းခါယမ်းလိုက်ကြသည်။ တန်းရွှမ်းယွမ်ရဲ့ အမြင်မှာတော့ လိမ္မာတဲ့လူဟာ ရဲရင့်လွန်းတာကြောင့် လုရွှမ်ရဲ့ပေါင်ကို ပွေ့ဖက်ဖို့သာ ပိုပိုပြီး စိတ်ပိုင်းဖြတ်ထားခဲ့သည်။

ရုတ်တရက် အနက်ရောင် ကြောင်တစ်ကောင်က ပြေးထွက်လာ၏။ ၎င်းရဲ့ မျက်လုံးတွေက နီရဲနေကာ လူတိုင်းကို စိုက်ကြည့်နေလေသည်။

“အဲဒါ ဘာကောင်လဲ”

သူတို့အားလုံးမှာ အနည်းဆုံးတော့ မျှော်စင်နယ်ပယ်ရဲ့ အစွမ်းသတ္တိတွေ ရှိနေကြသည်။ ဒါကြောင့် တစ်ခုခုချဥ်းကပ်လာရင် အနည်းဆုံးတော့ သူတို့ ခံစားရမှာပဲ။ အဲဒါကို ခံစားလိုက်ရလို့ လှည့်ကြည့်လိုက်ချိန်မှာတော့ ချဉ်းကပ်လာတဲ့ အရာတစ်ခုက သူတို့အနားတောင် ရောက်နေပြီ။

ဒါပေမဲ့ သူတို့ ကြောင်ရောက်လာတာကို လုံးဝ မခံစားမိခဲ့ကြ။ မမြင်ရရင် ကြောင်တစ်ကောင် လှည့်ပတ်သွားနေတယ် ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။

ကြောင်မျက်လုံးတွေကို ကြည့်လိုက်ရုံနဲ့ နီရဲနေပြီး သွေးဆာနေတယ် ဆိုတာ သိနိုက်သည်။ ​​အထူးသဖြင့် ငှက်အိုကြီးနဲ့ တန်းရွှမ်းယွမ်ကို ကြည့်လိုက်တဲ့အခါ ၎င်းရဲ့မျက်လုံးတွေက သူတို့အသားကို စားပြီး သွေးတွေ သောက်ချင်နေပုံရလေ၏။

သို့သော် လုရွှမ်နဲ့ လင်းလုံကို ကြည့်လိုက်ရာ ၎င်းတို့နှစ်ဦးက ဘယ်သူဘယ်ဝါဆိုတာ မပြောနိုင်သကဲ့သို့ အနည်းငယ် စိတ်ရှုပ်သွားသည်။

လုရွှမ်သည် ဤကြောင်ကို မြင်သောအခါ ၎င်းသည် ယခင်က အနီရောင်ဆံပင်များလို ဝိညာဉ်မွေးထုတ်ခြင်း တစ်မျိုး ဖြစ်နိုင်ကြောင်း သိလိုက်သည်။ သို့သော် ထိုအနီရောင် ဆံပင်ပုံစံသည် အလွန်ရိုးရှင်းသော အရာတစ်ခု ဖြစ်၏။

ယခုကြောင်က ဖရိုဖရဲ အတွေးများနှင့် စိတ်ဝိညာဉ်များ တပြိုင်နက် ပေါင်းစပ်သွားတာမျိုး ဖြစ်မှာ သေချာသည်။ ဒီကြောင်က သူ့စိတ်ဝိညာဉ် ရှိပြီးသားဖြစ်သည်။ ဆိုလိုတာကတော့ သူ့မှာ ကြီးစိုးတဲ့ ဝိညာဉ်ရှိကာ လုံးဝကို ထူးခြားလေသည်။

အနည်းဆုံးတော့ လုရွှမ်ဟာလည်း သူ့ရဲ့ဝိညာဉ်စွမ်းအားနဲ့ ကြောင်ရောက်လာတာကိုတောင် မခံစားခဲ့ရပါဘူး။ ကြောင်ကလေးသည် ဖြည်းညှင်းစွာ လှုပ်ရှားကာ ရုတ်တရက် ငှက်အိုကြီးဆီသို့ အမြန်ပြေးသွားခဲ့သည်။

ငှက်အိုကြီးက ညင်သာစွာ အသံပြုလိုက်သည်။ သူလည်း ကြောင်နက်ရဲ့ ပြင်းထန်သော မုန်းတီးမှုကို အစောကတည်းက ခံစားမိတာကြောင့် လျှပ်တပြက်အတွင်း ဘေးသို့ ရှောင်ထွက်သွားခဲ့သည်။

လုရွှမ်နှလုံးက ရုတ်တရက် တုန်လှုပ်သွားပြီး တန်းရွှမ်းယွမ်အား အဝေးသို့ ဆွဲထုတ်လိုက်သည်။

ကြောင်ကလေးသည် လေထဲတွင် အလိုအလျောက် လှည့်ကာ တန်းရွှမ်းယွမ်ဆီသို့ လှည့်သွား၏။ ၎င်း၏ မူလပစ်မှတ်မှာ တန်းရွှမ်းယွမ်သာ ဖြစ်ပြီး ငှက်အိုကြီးကိုက ဟန်ဆောင် တိုက်ခိုက်ခြင်းသာ ဖြစ်သည်။

လုရွှမ် ကြောင်ကလေး၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသူပင်။ ၎င်း ရွေ့လျားသွားသောအခါတွင် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ အမှန်တော့ ဒီကြောင်လေးက လွှမ်းမိုးထားတဲ့ ဝိညာဉ်ရှိပြီးသားမို့ အားနည်းသူတွေကို အရှုံးမပေးဘဲ သန်မာသူတွေကို တိုက်ခိုက်မှာ သေချာပါ၏။

ထို့ကြောင့် သူသည် တန်းရွှမ်းယွမ်ကို တိုက်ရိုက်ဆွဲထုတ်လိုက်တာကနေ ကြောင်ကလေးသည်လည်း သေချာပေါက် ပြေးလာသည်။ လုရွှမ်သည် ကြောင်လေး၏ မျက်လုံးများမှ ဒေါသအရိပ်အမြွက် ထွက်ပေါ်လာတာကို ခံစားလိုက်ရသည်။

လုရွှမ် လင်းလုံရဲ့လက်ကို ထပ်မံ ဆုပ်ကိုင်လိုက်ပြီး ကြီးမားသော စုပ်ယူမှု စွမ်းအားဖြင့် လင်းလုံကို ဘေးပို့လိုက်သည်။ ကြောင်ကလေးက သူတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လူသားများဆီသို့ ခုန်ဆင်းသွားတော့သည်။

အော်သံတွေက တစ်သံပြီးတစ်သံ ထွက်ပေါ်လာလေ၏။

ကြောင်ကလေး လူနှစ်ယောက်ကြားထဲ ဖြတ်သွားစဥ် သူတို့ရဲ့ ခန္ဓာကိုယ်တွေက ချက်ချင်းဆိုသလို နီရဲနေတဲ့ အမွေးလူသားကြီး ဖြစ်သွားကာ ရုတ်တရက် သူတို့ဘေးက လူသားကို ကြမ်းကြမ်းတမ်းတမ်း ကိုက်ချလိုက်ကြတော့သည်။

All Chapters