← Chapters

ကြောင်ပုံသဏ္ဌာန် ဝိညာဥ်

Vol. 125 Ch. 4.1386

ကြောင်ပုံသဏ္ဌာန် ဝိညာဥ်

Vol. 125 Ch. 4.1386

နှစ်ယောက်သား အော်ဟစ်ရုံသာ တတ်နိုင်ကြ၏။ တခြားလူတွေကလည်း ထိတ်လန့်ကာ အမြန် ထွက်သွားကြသည်။

လုရွှမ်လည်း ဤကြောင်ပုံသဏ္ဌာန် ဝိညာဉ်က အလွန်ကြောက်စရာ ကောင်းပြီး ကြမ်းတမ်းနိုင်မယ်လို့ဟု မမျှော်လင့်ထားပေ။ သူ့​လက်ထဲက ဝိညာဥ်စွမ်းအင် လှိုင်းလုံးဖြင့် ဓားတစ်ချောင်းပုံဖော်ကာ ကြောင်ပုံသဏ္ဌာန် ဝိညာဉ်ဆီသို့ ခုတ်ထစ်သွားလိုက်သည်။

ကောင်းကင်နှင့် မြေကြီး၏ ကြွယ်ဝသော ထွက်သက်ဝင်သက်များက ကျယ်လောင်လာပြီး ကောင်းကင်လက်နက်ရဲ့ စွမ်းအင်က ပတ်ဝန်းကျင်လေထုကို လွင့်စင်သွားစေသည်။ ကြောင်ပုံသဏ္ဌာန် ဝိညာဉ်သည်လည်း ပျော့ပျောင်းသော အော်ဟစ်သံကို ထုတ်လွှတ်လာ၏။ ထို့နောက် ၎င်းရဲ့ခန္ဓာကိုယ်က ပျောက်သွားသည်။

အနီးနားရှိ လူသားများက လျင်မြန်စွာ နေရာပြောင်းသွားကြသည်။ တစ်ခဏချင်းတွင် အကိုက်ခံလိုက်ရသော လူလေးဦးကို တစ်ယောက်ပြီး တစ်ယောက် တရစပ် တားဆီးနေခဲ့ပေမယ့် ဘယ်သူမှ အနားမကပ်ရဲကြပေ။

အမှန်တော့ ဒီလူတွေကို မသတ်ရင်လည်း သူတို့ဘက်ကိုလည်း ရောထွေးလာလိမ့်မည်။

လုရွှမ် လေထုထဲ ပျံတက်သွားပြီး သူ့ရဲ့ ဓားပျံလေးစင်းကို ပွတ်ဆွဲကာ လူလေးယောက်ကို တိုက်ရိုက် သတ်ပစ်လိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏ အငွေ့အသက်များ စီးဆင်းနေတဲ့ ဓားပျံတွေကို ဘယ်အရာမှ မတားဆီးနိုင်ပေ။

ကွမ်းနင်လည်း ယခင်က ကြောင်ပုံသဏ္ဌာန် ဝိညာဉ်၏ ဖမ်းဆီးခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ အစောကတော့ မိစ္ဆာသားရဲတွေက ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ ဤကြောင်ပုံသဏ္ဌာန် ဝိညာဉ်က ၎င်းတို့ကို အမှန်တကယ် တိုက်ခိုက်လိမ့်မည်ဟု မထင်ထားခဲ့။

ကိုယ့်စကားနဲ့ကို မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

လုရွှမ်က နဂါးပြာသွေးနဲ့ ကောင်းကင်မီးတွေအပြင် မှော်လက်နက် တစ်ခုပါ ရှိနေပြန်ပြီ။ ဘယ်လိုလုပ်များ လူတစ်​​ယောက်​​က ဒီလိုကံ​ကောင်းခြင်းမျိုး ရှိနေရတာလဲ။

နတ်ခြေလှမ်းနယ်ပယ်ကို တက်လှမ်းခဲ့သော ကျင့်ကြံသူသားရဲက ကောင်းကင်လက်နက် မရှိဘဲ နတ်မီးနယ်ပယ် လူတစ်ယောက်က ရှိနေသည်။

ဒါက ဘယ်လိုအခွင့်အရေးလဲ။

လုရွှမ် ၎င်းကို သူ့ဘာသာသူ ပြုပြင်ခဲ့ကြောင်း ပြောပြလျှင် ယုံမည် မဟုတ်။ သူ့အမြင်အရ ဤသည်မှာ အခွင့်ကောင်း တစ်ခုသာဖြစ်ပြီး နားမလည်နိုင်သော အမွေအချို့သာ ဖြစ်ပေသည်။

လုရွှမ်သည် အနည်းငယ် အေးစက်နေသည့် ဤလူများ၏ မျက်လုံးများထဲက တပ်မက်နေသော အကြည့်များကို လျစ်လျူရှုလိုက်သည်။ ကြောက်ရွံ့ခြင်း ၊ ဝမ်းမြောက်ခြင်းအပြင် ကယ်တင်ခံရသော လူတွေကလည်း ငြူစူခြင်း နှင့် မနာလိုနေကြကာ ကျေးဇူးတင်ချင်စိတ် လုံးဝ မရှိကြ။

ဒါက တကယ်ပဲ လုရွှမ်ကို နည်းနည်း စိတ်အေးချမ်းနေစေ၏။ ဆန့်ကျင်ဘက် အနေဖြင့် တန်းရွှမ်းယွမ်နဲ့ လင်းလုံတို့ မိစ္ဆာသားရဲ နှစ်ကောင်စလုံးကတော့ ကျေးဇူးတရား အပြည့်ဖြင့် ကြည့်နေကြသည်။

ထိုအချိန်တွင် လူသားဦးရေ သိသိသာသာ လျော့ကျသွားကာ အချိန်တိုလေး အတွင်းမှာပင် လူလေးဦး သေဆုံးသွားခဲ့ပြီ။ လူသားတွေမှာ အလိုအလျောက် အတူတကွ စုရုံးသွားကြသည်။ လုရွှမ်ရဲ့ ဝန်းကျင်တွင်တော့ တန်းရွှမ်းယွမ်နဲ့ လင်းလုံတို့ဖြင့် သဘာဝအတိုင်း စည်ကားနေခဲ့သည်။

သို့သော် လင်းလုံနဲ့ တန်းရွှမ်းယွမ်ကို ကြည့်နေသော လူသားအားလုံး၏ မျက်လုံးများကတော့ ငြူစူခြင်းများဖြင့် ပြည့်နှက်နေ​ပြန်သည်။ လုရွှမ်ဟာ ယခင်က ကြောင်ပုံသဏ္ဌာန် ဝိညာဉ်ကို ဖယ်ထုတ်ခဲ့လို့ သူတို့ထက် သိသိသာသာ အားကောင်းကြောင်း သက်သေပြခဲ့သည်။

“လုရွှမ် မင်းပြောတာ မှန်တယ်လို့ ငါထင်တယ်... ငါတို့က လှေတစ်စင်းတည်းနဲ့ အတူတူနေပြီး အဲဒီမကောင်းတဲ့ဟာကို တွန်းထုတ်ဖို့ အတူတူ ပူးပေါင်းသင့်တယ်”

လူတိုင်းသည် ကွမ်းနင်၏ အရှက်ကင်းမဲ့မှုကို တိတ်တဆိတ် မုန်းတီးနေကြသော်လည်း ယခုအချိန်တွင် လုရွှမ်ကသာ ၎င်းတို့အား ကာကွယ်နိုင်မည်ဟု အလွန် မျှော်လင့်ထားကြသည်။

ကွမ်းနင်: “လုရွှမ်... မင်းက လူသားတစ်ယောက်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... မင်း လူသားတွေကို ပိုဂရုစိုက်သင့်တယ် ဒါပေမဲ့ မင်းက အဲ့မိစ္ဆာသားရဲတွေနဲ့ အလုပ်လုပ်နေတုန်းပဲ”

လုရွှမ်သည် ဤလူဆိုးကြီးရဲ့ စရိုက်ကို အခုနလေးတင်ကမှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးပြီ။ ကြောင်ပုံသဏ္ဌာန် ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကို ခုန်အုပ်ချိန်၌ ဘေးက လူတစ်ယောက်ကို သူ့ကိုယ်စား အသေခံပေးရန် တွန်းထုတ်ခဲ့သည်။

ယခု သူသည် လူသားတို့၏ အုပ်ထိန်းသူအဖြစ် ဟန်ဆောင်နေသေးသည်။

“ဘာလဲ? မင်းကငါ့ကို ခြိမ်းခြောက်ချင်သေးတာလား”

ကွမ်းနင် ရယ်မောပြီး “မင်းရဲ့ ရည်ရွယ်ချက်ကို ငါသိတယ်... ဟား ဟား မင်းက ငါတို့ရဲ့ ယဇ်ပလ္လင်ကို တယ်လီပို့ဖို့ သုံးချင်နေတာ မဟုတ်လား ဟားဟား... ဟီးဟီး ဒါဆို မင်းငါ့ကို တကယ် ကာကွယ်ရမယ်နော်...အဲ့ယဇ်ပလ္လင်က ငါ့ကိုယ်ပေါ်မှာ ရှိတယ်...”

လုရွှမ် စိတ်သက်သာရာ ရသွားသည်။ သူထင်ထားတဲ့အတိုင်း လူသားတွေဆီမှာ ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ ကွမ်းနင်ရဲ့ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးကာ “ပူးပေါင်းတယ်!” ဟု ဖြေလိုက်သည်။

ကွမ်းနင်ရဲ့ မျက်လုံးများ တောက်ပလာပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

“လူတိုင်း နားထောင်! ငါတို့ အတူတူရှင် အတူတူ သေကြမယ်... လူသားတွေနဲ့ မိစ္ဆာတွေကြားက ဘယ်လိုအစွဲတွေပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်​​တော့ဘူး... အတူတူ စုရုံး​နေရင် ပိုလုံခြုံတယ်”

ထိုသို့ပြောပြီးနောက် သူသည် လုရွှမ်အနားသို့ လျှောက်သွားရန် အစပြုခဲ့သည်။ တန်းရွှမ်းယွမ် အနည်းငယ် မကျေမနပ် ဖြစ်လာတာကြောင့် လုရွှမ်ကို လှည့်ကြည့်လိုက်သည်။ လုရွှမ်က အနည်းငယ် ခေါင်းညိတ်ပြတာမို့ သူလည်း ပြန်ငြိမ်နေရ၏။

“အားလုံး ဒီကိုလာ... ငါတို့ အခက်အခဲတွေ အတူတူ ရင်ဆိုင်ကြမယ်”

လူသားအုပ်စုသည် ဝမ်းသာအားရဖြင့် ချက်ချင်း ပြေးလာကာ လုရွှမ်နောက်တွင် ပုန်းနေလိုက်သည်။ ငှက်အိုကြီးက စိတ်ပူသွားတာနဲ့ စိတ်စွမ်းအားဖြင့် ဆက်သွယ်လာသည်။

“သခင်?”

“သူတို့အတွက် စိတ်မပူနဲ့... သူတို့သေသေရှင်ရှင် သူတို့ရဲ့ ကံကြမ္မာအပေါ် မူတည်တယ်... ကွမ်းနင်ကိုတော့ မသေစေနဲ့!”

“ဟုတ်ကဲ့ပါ သခင်!”

လုရွှမ့် လူတိုင်းကို နောက်ပြန်ဆုတ်ဖို့ အချက်ပြ၍ အရှေ့ကို လျှောက်သွားကာ မျက်လုံးတွေကို မှိတ်ချလိုက်သည်။ သူ့မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှ နတ်မီးလုံးဟာ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်။

အာရုံခြောက်ပါး ပိတ်သွားတဲ့အခါ သူ့ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို မသိတော့ဘဲ ကြောင်ပုံသဏ္ဌာန်ကိုသာ သတိထားမိနိုင်တော့သည်။ သို့သော် ခဏကြည့်ပြီးနောက် လုရွှမ် မထိန်းနိုင်ဘဲ ကျိန်ဆဲမိသွား၏။

အပြင်မှာ တိရိစ္ဆာန်ပုံသဏ္ဍာန် သေးငယ်တဲ့ ဝိညာဉ် ဆယ့်ခုနစ်ခု သို့မဟုတ် ဆယ့်ရှစ်ခုလောက်က စုဝေးပြီး သူတို့ဆီကို အရူးအမူး ပြေးလာ​နေကြပြီ။ ယခုလို သလင်းကျောက်တွင်းထဲက စိတ်ဝိညာဉ်များကို ပိတ်ဆို့ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဤဝိညာဉ်များသည် လူသား အစုအဝေးထဲသို့ ပြေးဝင်လာသည်နှင့် တပြိုင်နက် အားလုံး ပရမ်းပတာ ဖြစ်မည်သွားမှာ သေချာသည်။

“မြန်မြန် သွားကြရအောင်!”

လုရွှမ် ကွမ်းနင်ကို ကြည့်လိုက်ပြီးနောက် လင်းလုံကို ဆွဲထုတ်ကာ အမြန်ထွက်သွား​​တော့သည်။ ကွမ်းနင်က လျင်မြန်စွာ လိုက်လာပြီး တန်းရွှမ်းယွမ်နဲ့ ငှက်အိုကြီးကလည်း သဘာဝအတိုင်း နောက်ကျမခံပေ။ ဒါပေမဲ့ လူသားတွေက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ရှေ့ကို ပြေးသွား၏။

လင်းလုံ စိတ်စွမ်းအင်ဖြင့်: “လုရွှမ် ဘာဖြစ်တာလဲ “

“စိတ်ဝိညာဉ် အုပ်စုကြီးတွေက ငါတို့ကို လိုက်ဖမ်းနေတယ်... ငါတို့ခွန်အားနဲ့ သူတို့ကို မတိုက်နိုင်ဘူး အဲဒါကြောင့် အရင်ဆုံး ရှောင်နေရအောင်”

အုပ်စုကြီး?

ကြောင်ပုံသဏ္ဌာန် ဝိညာဉ် တစ်ကောင်ကတင် အလွန်ကြောက်စရာ ကောင်းနေပြီ။ ၎င်းတို့ အုပ်စုလိုက်ကြီး လာနေပြီ ဆိုတာကို နားထောင်ရုံဖြင့် အားလုံး ထိတ်လန့်သွားကြသည်။

ဒီအချိန်မှာတော့ လူတိုင်းက အပြေးပြိုင်နေသလို တစ်ယောက်ပြီး တစ်ယောက် အမြန်ပြေးကြလေ၏။

“နောက်ကို ကြည့်ဦး!”

လူတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။ သူတို့ ပြန်ကြည့်လိုက်တော့ တိရိစ္ဆာန် ဝိညာဉ် တစ်ဒါဇင်ကျော်က အရှိန်အဟုန်နဲ့ ပြေးတက်လာတာ တွေ့လိုက်ရသည်။

“ကောင်းကင်မီး၊ မြေမီး၊ ဒါမှမဟုတ် ထူးဆန်းတဲ့ မီးနဲ့ တိုက်ခိုက်ရမယ်... ဒါမှမဟုတ် ကောင်းကင်နဲ့မြေကြီး စွမ်းအင်နဲ့ ဖောက်ထုတ်လိုက်... ကျန်တာ အသုံးမဝင်ဘူး!!”

လုရွှမ် အော်ပြောလိုက်သည်။

ထို့ကြောင့် သူ့စကား ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း အံသြသွားကြသည်။ သူတို့မှာ ဒီလိုမျိုး ရှိခဲ့မယ်ဆိုရင် ဘာကြောင့် ဒီကျောက်တုံးတွေကို တူးဖော်ဖို့ လာကြမှာလဲ။

သို့နှင့် လုရွှမ်လည်း သက်ပြင်းသာ ချပြီး ဆက်ပြေးရတော့သည်။ ဒါပေမဲ့ ဒီလိုသာ ဆက်ပြေးနေမယ်ဆိုရင် ဒီလူတွေ တကယ်ပဲ ရှင်းသွားလိမ့်မည်။

“ငှက်အိုကြီး မင်း လူအုပ်ကို တာဝန်ယူထား! တန်းရွှမ်းယွမ် မင်းကဒီနေရာကို ရင်းနှီးတဲ့လူပဲ... ကောင်းကင်နဲ့ မြေကြီးရဲ့ အပြင်းထန်ဆုံး အငွေ့အသက်ရှိတဲ့ နေရာဖြစ်အောင် ကြိုးစားထား!”

လုရွှမ် အမိန့်ပေးပြီးနောက် သူ့လက်ထဲက ဓားစွမ်းအင်များကို ဖောက်ခွဲပစ်လိုက်သည်။ ကောင်းကင်လက်နက်သည် ကောင်းကင်နှင့် မြေကြီး၏ အလင်းရောင်များနှင့်အတူ ထွန်းတောက်လာကာ နောက်ဆုံးတွင် ထိုဝိညာဉ်များကို ခေတ္တ ပိတ်ဆို့နိုင်ခဲ့သည်။

“လုရွှမ်.... ကောင်းကင်နဲ့ မြေကြီးရဲ့ အပြင်းထန်ဆုံး အငွေ့အသက်ရှိတဲ့ နေရာက ဘယ်မှာလဲ”

တန်းရွှမ်းယွမ် လုံးလုံး ထိတ်လန့်သွားပြီး အမြန်မေးလိုက်သည်။

လုရွှမ်: “အပူဆုံးနေရာ!!”

တန်းရွှမ်းယွမ် သူ့ကိုယ်ထဲက မိုးခြိမ်းသံကို ထည့်တွေးနေစရာ မလိုတော့ပေ။ ဒါကြောင့် သဘာဝအတိုင်း နေပူရှိန်ရှိတဲ့ ကောင်းကင်နဲ့ မြေကြီး နေရာကိုသာ ရှာဖွေသင့်ကြောင်း လက်ခံလိုက်သည်။

All Chapters