← Chapters

အံ့ဖွယ်

Vol. 125 Ch. 4.1391

အံ့ဖွယ်

Vol. 125 Ch. 4.1391

ယင်ချီသည် အလွန်ကြောက်စရာ ကောင်းသောကြောင့် လုရွှမ်သူ့ရဲ့ လက်ရှိခန္ဓာကိုယ်နှင့်ပင် ခဏလောက် မခံနိုင်အောင် ဖြစ်သွားရသည်။

ရွှေကျီးကန်း: “အိုး ကောင်လေး... ဒီယင်ချီက အရမ်းကြောက်ဖို့ ကောင်းမယ်လို့ မထင်ထားဘူး... ပမာဏက အရမ်းများလွန်းတယ် မင်း မထိန်းနိုင်​လောက်ဘူး”

လုရွှမ်ကိုယ်တိုင်သာ လွန်ခဲ့သည့် အချိန်က တစ်ဖက်ကမ်းပန်းကို မျိုမချလိုက်ပါက စိမ်းပြာနဂါးနှလုံးရဲ့ စွမ်းအင်အားလုံးကို စုစည်းနိုင်မည် မဟုတ်ပေ။

“ကျီးဖိုးဖိုး... နည်းလမ်းတစ်ခုခု အမြန်စဉ်းစားစမ်းပါ”

လုရွှမ် အော်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်ခါနေပြီး ရေခဲတုံးအလွှာတွေ အထပ်ထပ်က ရေခဲလူသားဖြစ်အောင် ဖန်တီးနေပြီ။ သို့သော် ရွှေကျီးကန်းက ရှက်ရွံ့စွာ ပြုံးပြီး။

“ဒီလို အေးခဲတဲ့ အရာတွေ ဒီလောက် ကြောက်စရာကောင်းလိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားဘူးလေကွာ... နည်းလမ်းရှာရမယ် ဟုတ်တယ်... နည်းလမ်းရှာရမယ်”

လုရွှမ်သည် ယခုအချိန်တွင် စွမ်းအင်စုပ်ယူရန် တာဝန် မရှိတော့ကြောင်း ခံစားလိုက်ရသော်လည်း ထိုအေးစက်သော လေက သူ့ခန္ဓာကိုယ်ထဲသို့ တက်ကြွစွာ စိမ့်ဝင်နေတာကို မတားဆီးနိုင်ချေ။

“ခဏနေပါဦး ကျီးဖိုးဖိုး... ဒီရောင်ဝါက ကျွန်​တော့်ခန္ဓာကိုယ်ကို စုပ်ယူနေသလို ခံစားနေရတယ်... ကျွန်တော့်ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်နေတာလား...”

သူ့ခန္ဓာကိုယ်အတွင်းက ယွမ်ယန်စွမ်းအင်ကို သိသိသာသာ မျိုသိပ်ထားသော်လည်း ၎င်းသည် သူ့ခန္ဓာကိုယ် အတွင်းသို့ ဆက်လက် မစိမ့်ဝင်သွား​တော့ဘဲ အပြင်ဘက်၌ ဆက်လက် ပြည့်နေခဲ့သည်။ ၎င်းက လုရွှမ်ခန္ဓာကိုယ်၏ ထူးကဲသော သဘာ၀ကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည့်အစား လက်ရှိခန္ဓာကိုယ်ကို သိမ်းချင်နေတာ အသိသာပင်။

သူ့မှာက နတ်ခန္ဓာ၊ ထူးကဲသော စွမ်းရည်များ၊ ရတနာမျိုးစုံနှင့် ကောင်းကင်လက်နက်များပင် ရှိနှင့်ပြီး ဖြစ်သည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်းရှိ သွေးများတွင် စိမ်း​ပြာနဂါးနှင့် ဖီးနစ်တို့၏ သွေးလိုင်းများကလည်း အမှန်တကယ် တည်ရှိနေသေး၏။

ဒါပေါ့။ လုရွှမ်ရဲ့ စိုးရိမ်ပူပန်မှုတွေက မြန်မြန်ဆန်ဆန်ပဲ ဖြစ်လာခဲ့သည်။

သူ့ကျင့်ကြံခြင်း အမြုတေကို သိမ်းပိုက်ပြီး သူ့ခေါင်းဆီသို့ပါ ဦးတည်လာတဲ့အခါ လုရွှမ်ခမျာ ရှိုက်ကြီးတငင် ပြုံးလိုက်သော်လည်း သူဘာမှမတတ်နိုင်မှန်း သိလိုက်သည်။ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ပြီမို့ ယခုတော့ သူသည် သူ့ဝိညာဉ်ကို ငှက်အို​ကြီး ခန္ဓာကိုယ်ထဲသို့သာ လွှဲပြောင်းနိုင်​တော့မည် ဖြစ်သည်။

သို့သော် လုရွှမ်၏ နှလုံးသားသည် တွန့်ဆုတ်မှုအပြည့်ဖြင့်။ သူလက်ရှိ အဆင့်ကိုရောက်ရန် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပြီး အန္တရာယ်များသော နေရာများစွာကို ဖြတ်သန်းခဲ့ရသည်။ ယနေ့သူရှိသမျှ အရာအားလုံးကို အောင်မြင်ရန်အတွက် ရန်သူများစွာကို တိုက်ထုတ်ခဲ့ရာ သိမ်းပိုက်ခံလိုက်ရရင် အရာအားလုံး မီးခိုးတွေလို ဖြစ်သွားပေမည်။

“ရွှေကျီးကန်း... ဒါ ခင်ဗျားရဲ့အပြစ် မဟုတ်​ဘူး...ကျွန်တော့်အပြစ်​ပဲ... နောက်​တစ်​​ခေါက်​မှာ ပို​တော်​​တဲ့ ဆက်​ခံသူ ရှာ​တွေ့နိုင်​ဖို့ မျှော်​လင့်​ပါတယ်​”

သူ့စိတ်ဝိညာဉ်ကို လွှဲပြောင်းရန် တွေးထားသော်လည်း လွှဲပြောင်းမှု အတွင်းတွင် သူ့နှလုံးသားထဲတွင် နားမလည်နိုင်သော ဝမ်းနည်းမှုတစ်ခု ခံစားခဲ့ရပြီး လွှဲပြောင်းမှုကို ရပ်တန့်သွားစေခဲ့သည်။

ဒီလိုမျိုး ကြိုးစားခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲ။ ကမ္ဘာငယ်လေး တစ်ခုကနေ စွန့်စားရင်း တခြား ကမ္ဘာလေးတစ်ခုဆီ တဖြည်းဖြည်း တက်လာခဲ့သည်။ ဒါကအဆုံးသတ် ဖြစ်ပါစေလို့ ဆုတောင်းမိရင် ထိုက်တန်ပါ၏။

လုရွှမ် သူ့မျက်လုံးများကို မှိတ်ထားပြီး သူ့အားလွှမ်းမိုးနေသော အေးမြသော စိတ်ဝိညာဉ်ပင်လယ်ကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ ခဏနေဆို သူလုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။

အအေးဓာတ်က သခင်​​နေရာကို အသွင်ပြောင်းဖို့ ကြိုးစားနေပြီ။ ၎င်းက ပြင်းပြင်းထန်ထန် တိုက်ခတ်လာတဲ့ ပင်လယ် လေပြင်းတစ်ခုလို ဝိညာဉ်ပင်လယ်ထဲကို ပြေးဝင်သွား၏။ ယင်လေထုဟာ လုရွှမ်နဲ့ တကယ်​တူတဲ့ အသွင်ဖြင့် ဝိညာဥ်ပင်လယ်ပေါ်၌ ရပ်နေသည်။

“ကောင်လေး... မင်းက တကယ်ကို ကောင်းတဲ့ ခန္ဓာကိုယ်နဲ့ စွမ်းရည်မြင့်တာပဲကွ... ဟား ဟား ငါဒီနှစ်တွေအတွင်းမှာ မင်းလို အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ ဟားဟားဟားဟား... မေ့လိုက်ပါတော့...မင်း ထွက်သွားတော့”

လုရွှမ်လည်း သူ့​စိတ်ဝိညာဉ် လှုပ်ရှားသွားတာကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် ထို​ဝိညာဉ်၏ ဆန့်ကျင်ဘက်ဘက်တွင် ရပ်​နေခဲ့သည်။

“မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းပြီး အံ့သြစရာကောင်းတဲ့ ဘဝကို ဖြတ်သန်းကြည့်ပါ့မယ်... စိတ်မပူပါနဲ့ နောက်ဆုံးတော့ မင်းကို ငါမျိုချဦးမှာပဲလေ... ဟာဟားဟား”

ဝိညာဥ်က ရယ်မောလိုက်ပြီး ပါးစပ်ကိုဖွင့်ကာ ရှူသွင်းလိုက်သည်နှင့် အောက်ဖက်မှ ဝိညာဉ်ပင်လယ်ရေများသည် ဝိညာဥ်၏ပါးစပ်ထဲသို့ စိမ့်ဝင်သွား၏။ လုရွှမ်မှာ တိတ်တဆိတ်သာ ကြည့်နေရကာ ဘာလှုပ်ရှားမှုကိုမှ မလုပ်ဆောင်နိုင်ဘဲ မျက်လုံးများကိုပင် မမှိတ်ထားပေ။

“အဟွတ်! အဟွတ်!

ဝိညာဥ်မှာ ရုတ်တရက် ချောင်းထဆိုးလေ၏။ ၎င်းက လည်ချောင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားကာ မစုပ်ယူသင့်သော အရာတစ်ခုကို စုပ်လိုက်မိသကဲ့သို့ ဖြစ်သွားသည်။ ပါးပြင်များ နီရဲနေပြီး ဆက်တိုက်ကို ချောင်းဆိုးနေတော့သည်။

ဘာလို့ စုပ်ယူလို့မရတာလဲ?

လုရွှမ်: “ငါပြောဦးမယ်... ဒါ​တွေအကုန် မင်းပိုင်တယ်ဆိုရင် မင်းဘာလို့ဒီလောက် အလျင်လိုနေတာလဲ”

လုရွှမ် အရွှန်းဖောက်လိုက်သည်။ အခုအချိန်မှာ ဒါက သူလုပ်နိုင်တာပဲလေ။

“ဟင့်အင်း... မဟုတ်သေးဘူး...မင်းငါ့ကို လုပ်ကြံနေတာ... မင်းရဲ့ဝိညာဉ်ပင်လယ်ထဲမှာ မင်းဘာတွေ ဖွက်ထားတာလဲ”

စိတ်ဝိညာဉ်က အော်လိုက်၏။ ၎င်းခမျာ နောက်ဆုံးတွင် ချောမွေ့စွာ အသက်ရှုသော်လည်း သူ့ဗိုက်ကို ပွတ်သပ်လိုက်တဲ့ အခါမှာတော့ သူ့အမူအရာမှာ သိသိသာသာ ပြောင်းလဲသွား​လေသည်။

လုရွှမ်: “မင်းဘာ​တွေ​ပြော​နေတာလဲ ငါမသိဘူးလေ”

“ခွဲ!”

စိတ်ဝိညာဉ်က အော်လိုက်ပေမယ့် သူ့ခန္ဓာကိုယ်က မူလပုံသဏ္ဌာန်အတိုင်းပဲ ရှိနေကာ ကွဲမသွားသေးချေ။

ဝွီ!

လုရွှမ်ဘက်မှာတော့ ရုတ်တရက် သူ့ခန္ဓာကိုယ် ပြေလျော့သွားသလို ခံစားလိုက်ရပြီး ဤစိတ်ဝိညာဉ်၏ ချုပ်နှောင်မှုကလည်း ပျောက်ကွယ်သွားသည်။ လုရွှမ် စိတ်ဝိညာဉ်နံဘေးသို့ ရောက်ရှိလာ၏။ တစ်ဖက်အကောင်ဟာ သက်တောင့်သက်သာ ရှိသော်လည်း သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သေးပေ။

‘ဖြောင်း!

စိတ်ဝိညာဉ်မှာ အရိုက်ခံရပြီးနောက် ပါးစပ်က သွေးတွေ ထွက်လာ၏။

လုရွှမ် :”.....”

လုရွှမ် အံ့အားသင့်သွားသည်။ ဒီကောင်က ဝိညာဥ် မဟုတ်လား။ ဘယ်လိုလုပ်ပြီး သွေးထွက်နေတာလဲ။

ရုတ်တရက် လုရွှမ်မျက်လုံးများ တောက်ပသွားသည်။ ဝိညာဥ်ရဲ့ဝမ်းဗိုက်တွင် တောက်ပနေသော အရာတစ်ခုကို သူတွေ့လိုက်ရ၏။ ထိုအရာက ဦးချိုရွှေရောင်ပဲ ဖြစ်သည်။

လုရွှမ် တအံ့တသြဖြင့် ဝိညာဥ်နန်းတော်ပင်လယ်ထဲ လှမ်းကြည့်လိုက်တော့ ရွှေချိုကြီး ပျောက်ကွယ်သွားပြီး ယခုအခါ စိတ်ဝိညာဉ်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားလေတာ တွေ့ရပေသည်။

လုရွှမ်အရမ်း ဝမ်းသာသွားသည်။ ရွှေချိုရဲ့ အထောက်အထားအမှန်ကို ယခုထိ မသိခဲ့သော်လည်း သူ့ကို အသက်အန္တရာယ် အရှိဆုံးအချိန်တိုင်း ကယ်တင်ခဲ့သည်။

စိတ်ဝိညာဉ်သည် ဒူးတစ်ဖက် ထောက်ထားလျက်မှ ပါးစပ်မှ သွေးများ ထွက်လာကာ သူ့မျက်နှာသည် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားသည်။ လုရွှမ်ကတော့ ထိုဝိညာဉ် ဒဏ်ရာ ရလာသည်နှင့်အမျှ သူ့ကိုယ်ပိုင်ခွန်အားက တဖြည်းဖြည်း အားကောင်းလာတာ ခံစားလိုက်ရသည်။

အလင်းရောင်က ပိုတောက်ပလာသောအခါ လုရွှမ် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တဖြည်းဖြည်း ထိန်းချုပ်နိုင်နေပြီ ဆိုတာကို သိလိုက်ရသည်။ ယွမ်ယန်စွမ်းအင်ကလည်း အားကြိုးမာန်တက် လုပ်ဆောင်လာပြီး စိမ်းပြာနဂါးရဲ့ နှလုံးသည်လည်း ပြင်းထန်စွာ ခုန်နေပြီ။ နတ်ခန္ဓာသည် အလိုအလျောက် အလင်းထုတ်လွှတ်ကာ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ရေခဲများ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး!”

စိတ်ဝိညာဉ်က ဟောက်ပေမယ့် သွေးတွေသာ ပိုထွက်လာပြီး သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ကျုံ့သွား၏။ သူယူထားတဲ့ လုရွှမ်အသွင်က တဖြည်းဖြည်း ရေတွေ တရွေ့ရွေ့ စီးဆင်းသွားသလို ပျက်ပြယ်လာသည်။

ရွှေချိုသည် အစမှအဆုံး မပြောင်းလဲသေးပေ။ ၎င်းဟာ ပတ်ဝန်းကျင်မှ အပြောင်းအလဲများကို ဂရုမစိုက်ဘဲ စောင့်ကြည့်နေသော ပညာရှိ အဖိုးအိုတစ်ယောက်ကဲ့သို့ပင်။ စိတ်ဝိညာဉ်သည် ရေကန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုရွှမ် ဝိညာဉ်ပင်လယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။

လုရွှမ်လည်း စိတ်ဝိညာဉ်ပင်လယ်များ လှိုင်းထလာတာ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပဲ သူ၏စိတ်ဝိညာဉ်သည် မထင်မှတ်ဘဲ ယခင်ကထက် ကြည်လင်လာကာ စွမ်းအင်လှိုင်းသံက ကျယ်လောင်လာကာ ပြင်းထန်သော လေလှိုင်းကိုပင် ဖန်တီးပစ်ခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် ရေခဲများ ချက်ချင်း အက်ကွဲသွား၏။ မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်က ဖိနှိပ်ချုပ်ချယ်မှုကို တိတ်တဆိတ် တိုးလာသလို ခံစားလိုက်ရသော်လည်း အပြောင်းအလဲများကို ဂရုမစိုက်ဘဲ ကြည့်နေလိုက်သည်။

All Chapters