← Chapters

မိစ္ဆာသခင်

Vol. 125 Ch. 4.1393

မိစ္ဆာသခင်

Vol. 125 Ch. 4.1393

သူ့အမေအကြောင်း သိလာကတည်းက လင်းလုံဟာ သူ့အမေကို ကယ်တင်ဖို့ အာရုံစိုက်ထားခဲ့သည်။ အမေ လျှို့ဝှက်ဆန်းကြယ်တဲ့ သလင်းကျောက် ခေါင်းတလားထဲမှာ လှဲနေမယ့်အစား အဖေက ဝမ်းနည်းနေမယ့်အစား ပြုံးနေဖို့ မျှော်လင့်နေပါ၏။

လင်းလုံသည် အူတူတူ ကလေးမလေးဖြစ်သော်လည်း သူမစိတ်ထဲရှိ အရာများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိပေ။

စိတ်ဝိညာဉ်ရဲ့ မှတ်ဉာဏ်များ အားလုံးကို ရရှိပြီးနောက် မီးတောက်နေရာကလည်း လုံးဝ မဖုံးကွယ်နိုင်တော့ပေ။ မီးတောက်က ငြိမ်းသွားပြီဖြစ်ကြောင်း သိသော်လည်း ယခုအချိန်တွင် သူ့စိတ်ဝိညာဉ်၏ စွမ်းအားဖြင့် သိနိုင်နေပြီ။

ဤမီးလျှံမျိုးသည် လုရွှမ်အတွက် မလိုအပ်သောကြောင့် ၎င်းကို လင်းလုံဆီသာ တိုက်ရိုက်ပေးလိုက်သည်။ ၎င်းသည် သူမ၏နှလုံးသားကို ခဏတာ ဖြည့်ဆည်းပေးသည်ဟု ယူဆနိုင်သည်။

အချိန်များက အလွန်လျင်မြန်စွာ ကုန်ဆုံး၏။ တစ်လအကြာတွင် လင်းလုံသည် လုရွှမ်၏ အကူအညီဖြင့် ဝိညာဥ်ခေါ်မီးတောက်ဟု ခေါ်သည့် မီးတောက်ကို လုံးလုံး ထိန်းချုပ်နိုင်ခဲ့သည်။

လုရွှမ် တစ်လအတွင်း သလင်းကျောက်များကို အများကြီး တူးယူခဲ့တာကြောင့် အမြောက်အမြား ရိတ်သိမ်းနိုင်ခဲ့သည်။ လှိုဏ်ဂူအဝင်ဝကို ရောက်တော့ ငှက်အိုကြီးနဲ့ တန်းရွှမ်းယွမ်တို့ဟာ အပြင်မှာ စောင့်နေကြပြီ။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပြုံးပြပြီး အတူတူ ထွက်လာခဲ့သည်။

ယနေ့လို ​​နေ့မျိုး ရောက်လာပြီး တံခါးပြန်ပွင့်လာမည့် အချိန်ကို စောင့်မျှော်နေသူများ အပြင်တွင် စုရုံးနေကြပါပြီ။ သို့သော် ကျယ်လောင်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး တံခါးက ကွဲထွက်သွားကာ ကျောက်ဆောင်များ ပျံသန်းသွားလေ၏။ မိစ္ဆာသားရဲများအားလုံး ကြောက်လန့်သွားပြီးနောက် သားရဲလေးကောင် ထွက်လာခဲ့သည်။

“အား.... သူတို့ အသက်ရှင်နေသေးတာပဲ”

တစ်စုံတစ်ယောက်က ကြောက်လန့်တကြား အော်လိုက်ပါ၏။ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖုန်မှုန့်များ ချက်ချင်း ရှင်းသွားအောင် လုပ်လိုက်သည်။

“ဟေး မင်းသားလေး တန်းရွှမ်းယွမ်က တကယ်ကြီး အသက်ရှင်လျက် ထွက်လာတယ်ဟ!”

“ဟုတ်တယ်... ဒီကောင်တွေ အားလုံးကို မင်းသားငယ်က ငှားထားတာမလား... တကယ် အသက်ရှင်လျက် ထွက်လာတာပဲ”

လုရွှမ်သည် ဤဘီလူးများနှင့် စကားပြောရန် စိတ်မ၀င်စားတော့ပေ။ နောက်ဆုံးတွင် သူသည် သဘာဝအတိုင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလိုပြီး ကမ္ဘာ၏ ကျယ်ပြောလှသော အတိဒုက္ခကို ခံစားရတော့မှာ ဖြစ်သည်။

ဒါပေမဲ့ အတွေးလောက်တော့ မလွယ်ချေ။

ယွမ်ယန်ကျင့်စဥ်ပဲဖြစ်ဖြစ်၊ စိမ်းပြာနဂါးရဲ့ စွမ်းအားတွေပဲ ဖြစ်ဖြစ် သူ အများကြီး ရခဲ့ပါသည်။ အထူးသဖြင့် စိတ်ဝိညာဉ်ရဲ့ တိုးတက်မှုက ပိုအားကောင်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အာရုံခံစားမှုကလည်း ပိုသန်မာလာပြီ။ ပိုအားကောင်းစေပါတယ်။ ကောင်းကင်နှင့်မြေကြီးရဲ့ စွမ်းအင်အပေါ် ခံစားမှုကလည်း ပို၍သိမ်မွေ့လာသည်။

လုရွှမ်သည် အတိဒုက္ခကို မဖြတ်သန်းမီ သူ့ခန္ဓာကိုယ်အား လုံးလုံးလျားလျား ခိုင်ခံ့စေရန်အတွက် ကောင်းကင်ရေကန်သို့ သွားရန် အကြံထုတ်ထားသည်။

“အစ်ကိုလုရွှမ် အစ်ကို့ကို ကျွန်မတို့ရဲ့ မဟာမိတ်အဖွဲ့မှာ ဧည့်သည်အဖြစ် လေးနက်စွာ ဖိတ်ကြားမယ်... လက်ခံမလား”

လုရွှမ်: “ဒါပေါ့ ဒါပေမဲ့ မင်းကမ်းလှမ်းတဲ့အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မှတ်မိနေရမယ်နော်...မင်းရော ကောင်းကင်ရေကန်မှာ ကောင်းကောင်း ရေချိုးချင်သေးလား”

လင်းလုံ: “ဒီရေကန်က ဘာကောင်းလို့လဲ... ကျွန်မဆို နေ့တိုင်း ဝင်စိမ်နေရတာ ပျင်းတောင်ပျင်းနေပြီ!”

လုရွှမ် ဤအကြောင်းနှင့် ပတ်သက်၍ စကားမပြောနိုင်တော့ပေ။ ဒါတွေက မွေးကတည်းက တည်ရှိနေသော ခြားနားချက်ဖြစ်ပြီး သူက ကြိုးစားမှုဖြင့်သာ ရပ်တည်နိုင်ခဲ့သူ ဖြစ်သည်။

“အစ်ကို့ကို ဖိတ်ခေါ်တယ်နော်... ကျွန်မမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်... သူတို့အားလုံးက လှတယ်။ အစ်ကို့မှာ ကြိုက်တဲ့သူရှိလား... အစ်ကိုကို ချောမောတဲ့ အစ်မတွေနဲ့ မိတ်ဆက်ပေးနိုင်တယ်နော်...”

လုရွှမ် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

“အဲဒါကတော့ မလိုပါဘူး... ငါ့မှာ ချစ်ရတဲ့သူ ရှိနေပြီးသား”

“အိုး... နှမြောစရာပဲ”

ရုတ်တရက် စိတ်လှုပ်ရှားနေတဲ့ သူမရဲ့ အမူအရာက ပျောက်သွားလေသည်။ လုရွှမ်အနေနဲ့ ယခင်က ထိုနေရာ၌ ရှိခဲ့ဖူးသူဖြစ်သောကြောင့် လင်းလုံ၏ အတွေးများကို မသိဘဲ မနေပေ။ သူက ပြုံးပြီး လင်းလုံရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

“မင်းရဲ့ ဒီအစ်ကိုက အရမ်း အစွမ်းထက်ပြီး မင်းကို အများကြီး ကူညီပေးတာကိုပဲ မင်းမြင်ဖူးတယ်... အခွင့်အရေး တစ်ခုရတာနဲ့ ငါတို့ တစ်ယောက်ကို တစ်ယောက် အတူရှိပြီလို့ မဆိုလိုဘူး... မင်း နောင်တစ်ချိန်မှာ တစ်ယောက်ယောက် ထိပ်တိုက်တွေ့လိမ့်မယ်... မင်းကို အရမ်းချစ်ပြီး မင်းအတွက် သူ့အသက်ကို စတေးဖို့ ဆန္ဒရှိနေတဲ့သူပေါ့.... အစ်ကို့မှာ အခု ဒီလိုမျိုး တစ်ယောက်ရှိနေပြီ”

လင်းလုံ ရှက်ရွံ့စွာ ဟစ်အော်လိုက်ပြီး လုရွှမ်ခြေထောက်ကို တက်နင်းကာ ထွက်ပြေးသွားခဲ့သည်။

“သခင် မင်းသမီးလေးကို တကယ် စိတ်မဝင်စားဘူးလား”

လုရွှမ် ခေါင်းခါလိုက်ပြီး “ပင်လယ်ကြီးက ကျယ်ပြောတယ်!”

ငှက်အိုကြီးခမျာ ရှက်ပြီး ခေါင်းငုံ့သွားသည်။ ဘာကိုဆိုလိုမှန်း နားမလည်သောကြောင့် မေးခွန်းတွေ ထပ်မမေး​နေတော့ချေ။

လင်းလုံကို ပြန်ပို့ပေးတဲ့ မဟာမိတ်၏ တောင်တံခါးသို့ ရောက်သောအခါတွင် တစ်ယောက်ယောက်က သူမကို နှုတ်ဆက်နေပြီ ဖြစ်သည်။ ထိုမိန်းကလေးက လင်းလုံကို မြင်သောအခါ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။

သူမက စိုးရိမ်ပူပန်မှု အပြည့်နဲ့။

“နောက်ကျရင် ထပ်ပြီး မဆိုးနဲ့တော့... မင်းအဖေက မင်းရဲ့ခရီးက လုံခြုံမလား မလုံခြုံဘူးလား ဆိုတာတောင် မသိနိုင်ဘူး... “

“အစ်မဖုန်းကလည်း ညီမ အဆင်​ပြေပါတယ်... ဟီးဟီး မိတ်​ဆက်​​ပေးမယ်နော်​ ဒါက အစ်ကိုလုရွှမ်... ညီမ ကို အကြိမ်​​ပေါင်းများစွာ ကယ်​တင်​ခဲ့တာ... ဒါက ဦးလေးယွင်ချွဲ့... ဒါကတော့ တန်းရွှမ်းယွမ်... ညီမတို့က နံပါတ်ရှစ် သလင်းကျောက်တွင်းထဲမှာ သေအတူရှင်အတူ ဖြတ်ကျော်ခဲ့တာ....”

လင်းလုံနဲ့ ထိုမိစ္ဆာသားရဲ မိန်းကလေးရဲ့ ဆက်ဆံရေးက အလွန်ရင်းနှီးကြပြီး နှစ်ယောက်သား များစွာစကား ပြောဆိုဖူးကြသည်မှာ ထင်ရှားသည်။ ထိုမိန်းကလေးက အထပ်ထပ်အခါခါ ခေါင်းညိတ်ပြကာ ၎င်းတို့အနားက ဖြတ်သွားရင်း ထိုသုံးဦးကို အပေါ်နှင့်အောက် စိုက်ကြည့်နေ​သေးသည်။

မင်းသမီးလေးနှင့် အနီးကပ်ဆုံးသူသည် အမှန်တကယ်တော့ နတ်မီးနယ်ပယ် အဆင့်၉၌ ရှိနေသူဖြစ်သည်။

ထူးဆန်းသည်မှာ ယွင်ချွဲ့သည် လုရွှမ်၏နောက် ခြေတစ်လှမ်း တစ်ဝက်ခန့်၌ ရပ်နေပြီး နောက်လိုက်တစ်ယောက်လို ဖြစ်နေသည်။ နတ်ခြေလှမ်းနယ်ပယ် သခင်သည် နတ်မီးနယ်ပယ် ကောင်လေးတစ်ယောက်၏ နောက်လိုက် ဖြစ်​နေ၏။

ဒီကောင်လေးက နောက်ခံအများကြီး ရှိပုံပဲ။

တန်းရွှမ်းယွမ်ကတော့ သူ့အကြောင်း အချက်အလက်တွေ စုဆောင်းထားပြီးသား ဖြစ်ပါသည်။ ဒါပေမဲ့ သားရဲတစ်သောင်း မဟာမိတ်နဲ့ ယှဉ်ရင် သူက သေးငယ်တဲ့ အသွင်အပြင်ပဲ ရှိလေသည်။

တန်းရွှမ်းယွမ်မှာ အလွန်စိတ်လှုပ်ရှားနေပုံရသော်လည်း လုရွှမ်ကတော့ အလွန်တည်ငြိမ် အေးဆေးနေသည်။

“ကောင်းပြီလေ... မင်းတို့ စကားပြောချင်ရင် နောက်မှ ဆက်ပြောတော့... သွားကြရအောင် မင်းရဲ့သူငယ်ချင်းတွေကို ဖိတ်ခေါ်လိုက်... မင်းအဖေ အရမ်းစိုးရိမ်နေပြီ”

“ဟီးဟီး အစ်ကိုလုရွှမ်... တောင်ပေါ်တက်ရအောင်”

လူငါးဦး တောင်ထိပ်သို့ ပျံတက်လာကြသည်။ အထက်ရောက်သော် ချောက်ကမ်းပါးပေါ်တွင် ဆံပင်ဖြူ၊ မုတ်ဆိတ်မွေး​ဖြူနှင့် လူလတ်ပိုင်းတစ်ဦးကို တွေ့လိုက်ရသည်။

လုရွှမ်ရဲ့ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွား၏။ ဤလူရဲ့ ကျင့်ကြံမှုက သူမြင်ဖူးသမျှထက်ပင် ပြင်းထန်လှသည်။ ဒါဟာ လုံဝူကျီကိုတော့ ယှဉ်လို့ မရနိုင်လောက်ချေ။

သို့သော် နတ်မိသားစု၏ အကြီးအကဲ လုံယွင်ဖုန်းနဲ့ အကြီးအကဲတိခွင်းတို့နှင့် နှိုင်းယှဉ်ပါက ၎င်းတို့ နှစ်ဦးစလုံးရဲ့ အဆင့်နှစ်ဆင့်ထက် သိသိသာသာ အားကောင်းနေပါသည်။

“အကြီးအကဲကို နှုတ်ဆက်ပါတယ်...”

ငှက်အိုကြီးကလည်း အတူ လိုက်နှုတ်ဆက်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် နတ်ခြေလှမ်းနယ်ပယ်၌ ရှိသော်လည်း သူ့အဆင့်က တစ်ဖက်လူထက် နိမ့်ကျသည်။ လုရွှမ်လဘ်း သူ့လက်များကို လက်သီးများဖြင့် ဆုပ်ကိုင်လိုက်ပြီး။

“မင်္ဂလာပါ အကြီးအကဲ”

လူလတ်ပိုင်းအရွယ်က လှည့်ကြည့်လိုက်တော့ လုရွှမ်ခမျာ မျက်လုံးပြူးသွားရသည်။ ထိုလူသည် အလွန်ချောမောပြီး သူ့တွင် ဆိုးရွားသော စွမ်းအားတစ်ခု ရှိနေ၏။ ဒီကနေ ထိုစဉ်က သူမည်မျှ ကြီးကျယ်ခမ်းနားလိုက်မလဲ စိတ်ကူးကြည့်နိုင်သည်။ ၎င်းသည် လူသားနတ်ဘုရားမကိုပင် လက်ထပ်မိအောင် လှုံ့ဆော်ပေးနိုင်ခဲ့သူ ဖြစ်သည်။

“ထပါ... အစ်ကိုယွင် မင်းနဲ့ငါ နှစ်ယောက်လုံးက နတ်ခြေလှမ်းနယ်ပယ် ရောက်နေတော့ ငါတို့ ရွယ်တူတွေပဲ... အချင်းချင်း ပေါ့ပေါ့ပါးပါး ခေါ်လို့ရတယ်”

တန်းရွှမ်းယွမ်မှာ မတ်တပ်ထရပ်နေရာကနေတောင် စိတ်လှုပ်ရှားနေပုံရသည်။ သို့သော် ငှက်အိုကြီးရဲ့ မျက်နှာကတော့ နီမြန်းသွားပြီး ဆက်ပြောသည်။

“မဝံ့ရဲပါဘူး...”

ထိုစဥ် လုရွှမ်နားထဲသို့ အသံတစ်ခု စိမ့်ဝင်လာသည်။

“လူသားခန္ဓာကိုယ်နဲ့ ငါတို့ရဲ့ သားရဲတစ်သောင်းမဟာမိတ် အနက်ပိုင်းထဲကို ထိုးဖောက်လာတယ်ပေါ့....ဟားဟား ကောင်လေး မင်း သေမှာကို တကယ် မကြောက်ဘူးလား ဒါမှမဟုတ် မင်းက အရမ်းမိုက်နေတာလား”

All Chapters