← Chapters

နတ်ခန္ဓာ ပြောင်းရွှေ့ခြင်း

Vol. 125 Ch. 4.1395

နတ်ခန္ဓာ ပြောင်းရွှေ့ခြင်း

Vol. 125 Ch. 4.1395

“အစက အကြီးအကဲက အကောင်းဆုံး ကိုယ်စားလှယ်လောင်းပဲ... ဒါပေမဲ့ အကြီးအကဲလည်း အကြိမ်ကြိမ် စမ်းကြည့်ဖူးမယ်လို့ ထင်ပါတယ်... မဟုတ်ရင် ဝိညာဥ်စုမီးတောက်ကို အားကိုးရုံနဲ့ မလုံလောက်ဘူး ဆိုတာ မသိနိုင်ဘူး... အခု အဒေါ်ရဲ့ ဝိညာဉ် အပိုင်းအစတွေက ကွဲကုန်ပြီ”

“ဒါဆို ကျွန်​​တော်တို့က သန်မာပြီး လူတွေကို ဘယ်လို ကယ်တင်ရမလဲဆိုတာ သိတဲ့လူကို လိုအပ်တယ်” လုရွှမ် ပြုံးပြီးပြောလိုက်သည်။

“ဒီငယ်သားက အကြံပေးဖို့ လိုနေပုံရတယ်”

မိစ္ဆာသခင်ကလည်း ပြုံးပြီး “ကောင်လေး... မင်းရဲ့ယုံကြည်မှု ရှိတာကိုတော့ ငါလေးစားတယ် ဒါပေမဲ့ မင်းရဲ့အဆင့်က အရမ်းနိမ့်နေသေးတယ်”

လုရွှမ်: “အခြားသင့်လျော်တဲ့ ကိုယ်စားလှယ်လောင်းတွေရှိရင် အကြီးအကဲက ဒီငယ်သားကို လောင်းကြေးထပ်မှာ မဟုတ်ဘူး ဟုတ်တယ်မလား?”

“အဖေ...သမီး အစ်ကိုလုရွှမ်ကို ယုံကြည်တယ်... သူအောင်မြင်မှာ သေချာပါတယ်”

မိစ္ဆာသခင်က ခဏတာ တုံ့ဆိုင်းနေသေးသည်။ လဲလျောင်းနေသူက သူ့ချစ်ဇနီး ဖြစ်သည်။ ယခုက အခွင့်အရေးများစွာ မကျန်တော့ချေ။ ကျရှုံးသွားလို့ ဆက်လက်စောင့်ဆိုင်းရမယ် ဆိုရင်လည်း ဒီစောင့်ဆိုင်းမှုက အဆုံးမဲ့ ဖြစ်သွားနိုင်သည်။

ဖြစ်နိုင်ရင် လုရွှမ်ကလည်း မပါဝင်ချင်ပေ။ မိစ္ဆာသခင် စိတ်ဆိုးသွားပြီး သူ့မှာ ကျပန်း တယ်လီပို့ခြင်း သင်္ကေတ မရှိတော့ဘူးဆိုရင် ဒီသခင်ရဲ့လက်ကနေ လွတ်မြောက်ဖို့ဆိုတာ လက်တွေ့မကျသလောက်ပါပဲ။

လုရွှမ် သက်ပြင်းချလိုက်ပြီး လင်းလုံကို ကြည့်လိုက်သည်။

“လင်းလုံ.. ငါ့မှာ ယုံကြည်မှု မရှိဘူး... မင်းအဖေလည်း ယုံကြည်မှုမရှိဘူး.. ခဏစောင့်ရင် အနာဂတ်မှာ အံ့ဖွယ်အမှုတွေ ဖြစ်လာလိမ့်မယ်”

“ဒါပေမဲ့ အခုက အံ့ဩစရာကြီးပဲလေ... အခွင့်အရေးကို မဖမ်းဆုပ်မိရင် ငါတို့ အနာဂတ်မှာ အခွင့်အရေး မရှိတော့ဘူး... အဖေ!!”

လင်းလုံ အသံရှည်ကြီးနဲ့ အော်လိုက်သည်။ လုရွှမ်ကတော့ သူ့စိတ်ထဲမှာ ဘယ်တော့မှ သဘောမတူထားချေ။

မိစ္ဆာသခင်: “လုပ်လိုက်ကြရအောင်”

လုရွှမ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဘယ်လိုဖြစ်ပြီး သဘောတူပစ်တာလဲ။ ထိုအခိုက် လင်းလုံက လုရွှမ်ရဲ့ လက်မောင်းကို စိတ်အားထက်သန်စွာ ဆွဲကိုင်လိုက်ပြီး။

“အစ်ကိုလုရွှမ်... ကျေးဇူးပြုပြီး ညီမအမေကို ကယ်တင်ပေးပါ...”

ကယ်ရမှာလား။

ဒါက ဖြစ်နိုင်ပါ့မလား။ သူက နတ်ဘုရား မဟုတ်ဘူးလေ။

“ဟူး...!”

လုရွှမ် ရုတ်​တရက်​​ သူ့စိတ်​​တွေ တုန်​​နေသလို ခံစားလာရသည်​။ လင်းလုံရဲ့ ခန္ဓာကိုယ်ကပါ တုန်လှုပ်သွားပြီး အဘယ်ကြောင့် မှန်းမသိ လုရွှမ်ကို ကြည့်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

“လင်းလုံ... ငါမသေချာဘူး မင်းအဖေလည်း မသေချာဘူး ငါတို့က တုံ့ဆိုင်းမနေဘဲ ကြိုးစားနေတာက....ဟူး မင်း ငါ့ကို ကယ်တင်ဖို့ တောင်းဆိုရင်တောင် ငါ မလုပ်နိုင်ဘူး ငါက နတ်မီးနယ်ပယ်က လူလေးပဲ ငါမလုပ်နိုင်ဘူး...”

လင်းလုံသည် သူမအမေကို ဒီတစ်ခေါက်တော့ သေချာပေါက် ကယ်တင်နိုင်မယ်လို့ အလွန်အကျူး ယုံကြည်နေတာ သိသာထင်ရှားလှပြီး ထိုအတွေးထဲက ရုန်းမထွက်နိုင်တော့ပေ။ လုရွှမ်မှာ လင်းလုံကို စိတ်ပျက်စေလိုခြင်း မရှိသော်လည်း ထွက်ခွာမသွားခင် ပြဿနာမတက်ချင်ပေ။ မလုပ်နိုင်ဘူး ဆိုတော့ တခြားသူတွေကို မျှော်လင့်ချက် မပေးတာက အကောင်းဆုံးပါပဲ။

လင်းလုံ မတ်တပ်ရပ်လိုက်ပြီး မျက်လုံးများ နီရဲလာသည်။ မိစ္ဆာသခင်သည် ဒေါသလုံးဝ မထွက်ဘဲ သူ့သမီးကို ဆွဲတင်ကာ လုရွှမ်အား အပြုံးနဲ့ ခေါင်းညိတ်ပြ၏။ လုရွှမ်က သူ့သမီးကို စကားတွေနဲ့ အလွန်အမင်း နှောင့်ယှက်ခဲ့သည်။ သို့သော် ထိုမျှကြီးမားသော စကားကို ပြောသော အမျိုးသမီးကို သူ မထိခဲ့ပေ။

ဒီကလေး လုရွှမ်မှာ ဒီလောက်သတ္တိရှိမယ်လို့ မမျှော်လင့်ထားခဲ့။

လင်းလုံ မျက်ရည်တွေ ဝဲလာပြီး “ဘာလုပ်ရမလဲ အမေ”

“အခွင့်အရေးရရင် ငါတို့မှာ အခွင့်အရေး ရှိမှာ သေချာတယ်... ငါတို့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတာလေ... ဘာလို့ ဒီအချိန်လေးကို ဂရုစိုက်ရမှာလဲ”

လုရွှမ် ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး။

“လင်းလုံ တောင်းပန်ပါတယ်...ဒါပေမဲ့ မင်းကို မျှော်လင့်ချက် အတုအယောင် မပေးနိုင်ဘူး မအောင်မြင်ရင် မင်းပိုပြီး ပြိုလဲသွားလိမ့်မယ်”

“ညီမ သိတယ်...အခုနတုန်းက ဘာဖြစ်သွားမှန်း မသိလိုက်လို့ပါ...”

လင်းလုံ ငိုချလိုက်ပေ၏။ လုရွှမ် ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းကို လှည့်သွားသည်။ တစ်ခုခု ထပ်ဖြစ်သွားမည်ကို အမှန်တကယ် ကြောက်နေမိသည်။

မိစ္ဆာသခင်: “လုရွှမ်... လှုပ်ရှားလိုက်တော့ ငါတို့စောင့်ဖို့ အချိန်မရှိတော့ဘူး”

လုရွှမ် အနီးကပ်လာပြီး ကြည့်လိုက်တော့ နတ်ဘုရားမ၏ မျက်လုံးများမှ မျက်ရည်နှစ်ကြောင်း စီးဆင်းလာတာ တွေ့လိုက်ရသည်။

“ဒါ ငါ့အမေ ငိုနေတာလား”

လုရွှမ်: “မဟုတ်ဘူး... ဒါက ခန္ဓာကိုယ်ထဲက နာကျင်မှုကြောင့် စိတ်ဝိညာဉ် လုံးဝပျက်စီးသွားမယ့် လက္ခဏာတစ်ခုပဲ”

“ကောင်းပြီ... စလုပ်ကြရအောင်... ငါတို့က စမ်းကြည့်လို့ရတယ်”

လုရွှမ် ခဏတာမျှ စကားမပြောနိုင် ဖြစ်သွားသည်။ မိစ္ဆာသခင် သဘောတူလာမယ်လို့ သူ မမျှော်လင့်ခဲ့ပေ။ ဒါပေမဲ့ အခုအချိန်မှာ တခြားနည်းလမ်း မရှိတော့တဲ့အတွက် မြင်းသေကို အသက်ရှင်လာအောင် ကုသရမယ့် မြင်းသမားတော် တစ်ယောက်အနေနဲ့ပဲ ကုသလို့ရတော့မည်။

မိစ္ဆာသခင် လက်ထဲက လှိုင်းလုံးကြောင့် လျှို့ဝှက်ဆန်းကြယ်သော သလင်းကျောက်ခေါင်းတလားသည် အပိုင်းပိုင်း ပြိုကျသွားပြီး အောက်ခြေရင်းက ဇနီးဖြစ်သူ၏ အလောင်းကို ပလက်ဖောင်း တစ်ခုပေါ်တွင် တင်ထားလျက်သား ဖြစ်သွားသည်။

“ငါ့ရဲ့စွမ်းအားကို မင်းရဲ့ခန္ဓာကိုယ်ထဲကို သွင်းမယ်... ပြီးရင်တော့ မင်းအပေါ်မှာပဲ မူတည်သွားပြီ”

မိစ္ဆာသခင်က သူ့လက်ဝှေ့ယမ်းပြီး ကောင်းကင်ပစ္စည်းတွေနဲ့ မြေကြီးရတနာတွေ အရပ်ရပ် ပြန့်ကျဲသွားအောင် လုပ်ဆောင်လိုက်သည်။

လုရွှမ် တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီအရာတွေဟာ မိစ္ဆာသခင် ရရှိဖို့ အများကြီး အားထုတ်ထားတဲ့ အရာတွေဆိုတာ သိပါ၏။ ဒါတွေက ဒီအမျိုးသမီးကို ကယ်တင်ရာတွင် အလွန်ကောင်းမွန်သော သက်ရောက်မှု ရှိနိုင်သည်။

လုရွှမ်မှာ ရွှေကျီးကန်းနဲ့ စိတ်ထဲတွင် ပြောဆိုနေသည်။

“သားလေး... လုပ်လိုက်ပါတော့ မင်းရဲ့ လက်ရှိ ခွန်အားနဲ့ ဝိညာဉ်စွမ်းအားနဲ့ မင်း အောင်မြင်နိုင်မှာ မဟုတ်ဘူး.... မင်းတို့နှစ်ယောက်လုံးက နတ်ခန္ဓာကိုယ်တွေမို့ မင်းက အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်းပဲ... စမ်းကြည့်စမ်း ငါ မင်းကို ကူညီမယ်...”

လုရွှမ်ခမျာ တခြားရွေးချယ်စရာ မရှိတော့ပေ။ အခုတော့ အတင်းအကြပ် လုပ်ရုံပဲ ရှိတော့သည်။ လုရွှမ်ရဲ့ နတ်ဝိညာဉ်သည် လွင့်ထွက်သွားပြီး နတ်ဘုရားမ၏ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ယွမ်ယန်စွမ်းအင်ဖြင့် ဖုံးအုပ်ထားလိုက်သည်။ ထို့နောက် နတ်ဘုရားမ၏ နတ်ဝိညာဉ် အပိုင်းအစများထဲသို့ တဖြည်းဖြည်း စီးဆင်းသွားသည်။

နတ်ဘုရားမရဲ့ ခန္ဓာကိုယ်မှာ ထီးဆောင်းထားသော အလင်းရောင် အနည်းငယ် လင်းလက်နေသည်။ လုရွှမ်ခန္ဓာကိုယ်က မလှုပ်နိုင်တော့ဘဲ သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်များကသာ ဖြာထွက်နေ၏။

“ဒါက လူ့ခန္ဓာကိုယ်ရဲ့ အလိုအလျောက် ဆွဲငင်မှုပဲ.... သမီး မှန်တယ်.. ဒီလူလုရွှမ်က တကယ့်ကို အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်းပဲ”

မိစ္ဆာသခင်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်လေသည်။ လုရွှမ်သည် စိတ်ဝိညာဉ် ဆုံးရှုံးမှုကို ခံစားဖူးသူမို့ ခဏတာအတွင်း စိတ်ဝိညာဉ် အပိုင်းအစများကို စုပ်ယူနိုင်ခဲ့သည်။ အလင်းအနည်းငယ် ထွန်းလင်းပြီးနောက် နတ်ဝိညာဉ်၏ အလင်းအပိုင်းအစများ ထွက်လာ၏။

“လင်းလုံ... ဝိညာဉ်စုနတ်ဆိုးမီးကို ဖွင့်လိုက်...”

လင်းလုံလည်း နတ်ဆိုးမီးကို လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။ ၎င်းမီးတောက်က လုရွှမ်ရဲ့ ယွမ်ယန်စွမ်းအင်ထဲသို့ ပေါင်းစည်းသွားပြီး နတ်ဘုရားမ၏ ခန္ဓာကိုယ်ထဲသို့ မီးတောက်ကို တွန်းပို့လိုက်သည်။

လုရွှမ်ရဲ့ စိတ်ကူးထက်တောင် အရမ်းလွယ်နေသည်။ လင်းလုံအမေရဲ့ ဝိညာဉ်အပိုင်းအစ နှစ်ခုက ချိတ်ဆက်နေ​ပြီ။ ပြီးတော့ အတော်လေးကို လိုက်လျောညီထွေ ရှိ၏။ မိစ္ဆာသခင်လည်း သဘာဝကျကျ မြင်နေရတာမို့ သူ့သမီးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ သူ့ရင်ထဲတွင် မျက်ရည်များ စီးကျလာသည်။

လုရွှမ် သတိလက်လွတ် မခံဝံ့ပေ။ ယခင်အတိုင်း ခြေလှမ်းများကို ဖြည်းဖြည်းချင်း ဆက်လျှောက်သွားကာ နတ်ခန္ဓာကိုယ်၏ စွမ်းဆောင်မှု အနည်းငယ်သည် နတ်ဘုရားမ၏ ခန္ဓာကိုယ်ဆီသို့ အမှန်တကယ် ရောက်ရှိသွားခဲ့သည်။

ရွှေကျီးကန်း: “ကောင်လေး ဒါမင်းရဲ့ ကံကောင်းမှုပဲ... ဒီလိုအဖြစ်မျိုး ငါသခင့်ဆီကနေ ကြားဖူးတယ်....”

လုရွှမ် အံ့သြသွားပြီး ဒီကိစ္စကို အမြန်ရှင်းပြလိုက်သည်။ ဤအကြောင်းကို မိစ္ဆာသခင်သိလျှင် သူ့ဇနီးရဲ့ နတ်ခန္ဓာကိုယ်ကို ခိုးယူရန် ကြံစည်နေသည်ဟု ထင်သွားပေမည်။

“ကိစ္စမရှိပါဘူး... သူနိုးလာနေသရွေ့တော့ နောက်တစ်ကြိမ် လေ့ကျင့်နိုင်မှာပဲ... ဘာပြဿနာမှ မရှိဘူး...”

“ဟုတ်တယ် အစ်ကိုလုရွှမ် ညီမတို့ အစ်ကို့ကိုယုံတယ်”

အဖေရော သမီးရော သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ပြော လာနိုင်တဲ့အတွက် လုရွှမ် သူ့စိတ်ထဲက မငြိမ်မသက် ဖြစ်နေမှုကို ရပ်လိုက်ပြီး ဆက်လက် လုပ်ဆောင်လေသည်။ နတ်ဆိုးမီးက လင်းလက်နေသော်လည်း အလင်းရောင်သည် မှိန်ဖျော့သွားလာ၏။ အစပိုင်းတွင်ပင် ဝိညာဉ်အပိုင်းအစ နှစ်ခုကို ချိတ်ဆက်ရန် ပို၍ ခက်ခဲလာသည်။

မိစ္ဆာသခင်၏ လက်ဖဝါးသည်လည်း လုရွှမ်၏ နောက်ကျောပေါ်တွင် တင်လျက် သူ၏စွမ်းအားကို ထိုထဲသို့ ပို့လွှတ်လိုက်သည်။ လုရွှမ် လူကယ်တင်ရတဲ့ အလုပ်က တရွေ့ရွေ့ ကုန်ဆုံးသွားကာ သူ မသိလိုက်မီတွင် ခုနစ်ရက် ကြာသွားလေပြီ။

All Chapters