မွန်းစတား တစ်ကောင်ဖန်တီးခြင်း
Vol. 8 Ch. 106
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ ရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အောက်မှာပဲ..ထပ်တူညီမူဟာ စတင် ပြောင်းလဲလာခဲ့တယ်..။
အရိပ်အမြုတေကနေ ကျလာတဲ့ အလင်းရောင်လေးက ကျောကိတုံး သားရဲရဲ့ အသွေးသားတွေထဲကို ဝင်ရောက်သွားပုံပေါ်ပြီး တောက်ပနေခဲ့ပါတယ်..။သူမရဲ့ အောက်ဘက်မှာ ရှိနေတဲ့ အရိပ်ကတော့..ဒီအလင်းရောင်လေးနဲ့ ပေါင်းစပ်နေခဲ့တယ်..။ကျောက်တုံးသူတော်စင်ကို..အနက်ရောင် သရဲမီးတောက်က..ပြန်လည် ပြုပြင် ပြောင်းလဲ ပေးနေသလိုပါပဲ..။
သူမရဲ့ ခန္တာကိုယ်ပေါ်မှာ ရှိနေတဲ့ သေးငယ်တဲ့ အရောင်လေးဟာလည်း ပျောက်ကွယ်သွားခဲ့ပြီး..ဘာမှမရှိတဲ့..အမှောင်ထုတွေသာ အစားထိုးသွားခဲ့ပါတယ်..။သူမရဲ့ မျက်လုံးထဲမှာ ရှိနေတဲ့..ကြက်သွေးရောင် မီးတောက် နှစ်ခုက ရှိနေဆဲဖြစ်ပြီး..အရောင်အဆင်း တစ်ဖြည်းဖြည်း ပြောင်းလဲလာကာ ပိုပြီး ထိပ်လန့်ဖို့ ကောင်းလာခဲ့ပါတယ်..။
ဒါပေါ့..ဒီပြောင်းလဲမူတွေ အကုန်လုံးက အပေါ်ယံမှာ ဖြစ်နေခဲ့တာပါ..။ဆန်နီသာ..ဝီဗာ ရဲ့ မျိုးနွယ် အစိတ်အပိုင်းအဖြစ် ပြောင်းလဲမူကို မကျော်ဖြတ်ထားဘူးဆိုရင်..ဒီဟာက သူမြင်နိုင်တာ အကုန်ပါပဲ..။
သို့ပေမယ့် သူ့မျက်လုံးတွေက. ..နတ်ဘုရားသွေးကို သောက်ပြီး ပြင်းထန်တဲ့ နာကျင်မူကြောင့် ပြောင်းလဲ နေခဲ့ပါပြီ..။သူ အများကြီး ပိုပြီး မြင်နိုင်ပါတယ်..။
မျက်နှာပြင်ရဲ့ ရောက်မှာတော့ ထပ်တူညီမူ ရဲ့ အဆီအနှစ် တွေလည်း စတင်ပြောင်းလဲ လာခဲ့တယ်..။
တောက်ပနေတဲ့ စိန််ကြိုးတွေက အရောင်တောက်ပမူ လျော့ကျသွားခဲ့ပြီး..ဘာမှကို မရှိတော့တဲ့ အရိပ်အမြုတေ တွေဖြစ်သွားခဲ့ကြတယ်..။စိန်ကြိုးတွေက မရှိကြတော့ပဲ..အနက်ရောင်ပင်လယ်ပြင် အဖြစ် ဖြစ်သွားခဲ့တာပါ..။ဒီ အနက်ရောင်ပင်လယ်က ကျောက်တုံး သူတော်စင်ရဲ့ ခန္တာကိုယ်ထဲမှာ ပြီးပြည့်စုံစွာ ရှိနေခဲ့တယ်..။
အသက်ရှင်နေတဲ့ အရိပ်က အခုချိန်မှာ..ပြောင်းလဲမူ အဆင့်တွေကို ကျော်ဖြတ်နေရတာပါ..။
ဒါက မူလ ထပ်တူညီမူ နဲ့ ပုံသဏ္ဍာန် အရ တူညီနေတုန်းပဲ ဆိုပေမယ့်..ဒီသားရဲ အသစ်က လုံးဝကို ပြောင်းလဲသွားတဲ့ တည်ရှိမူ အသစ်ပါ..။ဆန်နီ အရင်က ဒါမျိုးကို ဘယ်တုန်းကမှ မမြင်ဖူးပေ..။
ဘာပဲဖြစ်ဖြစ် ဒီအရာကို သူ့ရဲ့ စွမ်းရည်ကနေ ဖန်တီးခဲ့တာပါ..။
ပြောင်းလဲ မူ ဖြစ်စဥ်က အဆုံးသတ်ကို ရောက်လာခဲ့တယ်..။အရိပ်အမြုတေကနေ ထွက်လာတဲ့ အလင်းရောင်က တဖြည်းဖြည်း မှိန်လာပြီး. တည်ငြိမ်တဲ့ ပင်လယ်ပြင် အဖြစ်ပြောင်းလဲသွားခဲ့ပါပြီ..။အနက်ရောင် မီးတောက်တွေကိုလည်း..သူတော်ရဲ့ အကာအကွယ်တွေက စုပ်ယူသွားခဲ့ပါတယ်..။
ဆန်နီ ကျောက်တုံးသူတော်စင်ကို စူးစမ်းလိုက်တယ်..။သူမက ..စစ်မှန်တဲ့ အမှောင်ထု အဖြစ်ကို ပြောင်းလဲ သွားတဲ့ပုံပါပဲ..။ဒါက ငရဲကနေ ကောင်းကင်ဘုံကို စစ်ခင်းဖို့ ထွက်လာတဲ့ နတ်ဆိုး တစ်ပါးနဲ့တောင် တူနေပါသေးတယ်..။အပြောင်းလဲဆုံး အရာကတော့ သူမရဲ့ တည်ရှိမူပါ..။
အရင်က ထပ်တူညီမူကို ..သက်ရှိဆိုတာထက်..မှော်လက်နက် တစ်ခုအဖြစ်သာ သူ ခံစားရပါတယ်..။အခုတော့ သူမရဲ့ မျက်လုံးထဲနေ ဆန်းကျယ်မူတွေကို မြင်နေခဲ့ရတယ်..။
ဒါက အရိပ်တစ်ခုပဲ..။
ဒီအတွေးလေး ဆန်နီရဲ့ စိတ်ထဲမှာ ပေါ်လာတာနဲ့ ရင်းနှီးတဲ့ အခိုက်အတန့်ရဲ့ အသံက..အနက်ရောင် ဝိဥာဥ် ပင်လယ်ရဲ့ အထက်မှာပေါ်လာခဲ့တယ်..။
[ သင်ဟာ အရိပ်မွန်းစတား တစ်ကောင်ကို ဖန်တီးခဲ့ပါပြီ - ကျောက်တုံး သူတော်စင် ]
***
ဒီစကားတွေကို ကြားပြီး ဆန်နီ ပြုံးလိုက်တယ်..။သို့ပေမယ့် စက္ကန့်အနည်းငယ် အကြာမှာတော့..သူ့အပြုံးက ပျောက်ကွယ်သွားပြီး နာကျင်တဲ့ အမူအရာ ပေါ်လာခဲ့ပါတယ်..။
အခုလို ဖြစ်စဥ်တစ်ခုလုံးပြီးသွားတဲ့ အချိန်မှပဲ..သူ့ခန္တာကိုယ်တစ်ခုလုံးကို..သိမ်မွေ့တဲ့ စိမ့်ဝင်မူတွေ လွှမ်းမိုးနေတာကို ခံစားလိုက်ရတယ်..။သူက အားနည်းနေတယ် လို့ ခံစားနေခဲ့ရတာပါ..။အရိပ်အပိုင်းအစ ရာနဲ့ချီပြီး ဆုံးရှုံးရတာက နောက်ဆုံးတော့..အချက်ပြလာခဲ့ပါပြီ..။အရိပ်အပိုင်းအစ တွေကို ဒီလို သုံးလိုက်တာက..သူ လွန်ခဲ့တဲ့ လတွေက စုဆောင်းထားခဲ့သမျှ အားလုံး ကို ကုန်ဆုံးသွားစေပါတယ်..။
သူ ဝင်္ကပါ ကိုကျော်ဖြတ်ပြီးနောက်မှာ အတော်လေး သန်မာလာခဲ့ပေမယ့်လည်း..သူ့ရဲ့ ခွန်အားတစ်ချို့ ကုန်ဆုံးသွားသလို ခံစားနေရတာကြောင့် အနည်းငယ် ခါးသက် ပြီးနောင်တရသလို ခံစားနေရတယ်..။
မဟုတ်ဘူး..မဟုတ်ဘူး..တကယ်လို့ ဒီလိုဖြစ်မယ် ဆိုတာ သိထားရင်လည်း သူ ဒီဖြစ်စဥ်ကို လုပ်ကြည့်ဖို့ ဆုံးဖြတ်ဦးမှာပါပဲ..။
ဒါက ထိုက်တန်ပါတယ်..။
သူ့ ခန္တာကိုယ်ရဲ့ ပြောင်းလဲမူတွေကို မေ့ပြီး သူ့ရဲ့ အရိပ်ဆီကို လျောက်သွားကာ..သူမကို မတူညီတဲ့ အဖက်ဖက် ကနေ လေ့လာကြည့်လိုက်တယ်..။ကျောက်တုံး သူတော်စင်ရဲ့ မျက်လုံးတွေက..သူ့ရဲ့ လှုပ်ရှားမူတိုင်းကို လိုက်ပြီး ရွေ့လျားကာ ကြည့်နေခဲ့ပါတယ်..။
' ဒါက အံ့ဩစရာပဲ..။သူမ ဘယ်လိုစွမ်းဆောင်နိုင်မလဲ ငါ တကယ် သိချင်မိတယ်.."
အချက်အလက်ကို ထုတ်ကြည့်လိုက်တဲ့ အချိန်မှာ..အချက်အလက်တစ်ခုက ဖော်ပြချက်တွေ ထဲမှာ ထပ်တိုးနေတာကို တွေ့လိုက်ရတယ်..။
အရိပ်များ : [ ကျောကိတုံး သူတော်စင် ]
သူ့ရဲ့ မွန်းစတား အသစ်ကို လေ့လာဖို့အတွက် အချက်အလက်ကို အာရုံစိုက်ဖို့ လုပ်လိုက်ပေမယ့်..သူ့ကိုယ်ပိုင် အရိပ်ကို လှည့်ကြည့်မိလိုက်တဲ့အချိန်မှာ ရှက်ရွံ့ပြီး ရပ်တန့်သွားခဲ့ပါတယ်..။
"အာ...စိတ်မကောင်းပါဘူး..။မင်း ဘယ်လို ခံစားရလဲ ကောင်လေး..။မင်း မခံစားရဘူးမလား...။အာ..မင်းက မနာလိုဖြစ်တာတို့..ဘာတို့ကိုရော ..သိတာပဲလား..."
အရိပ်ဟာ အကြည့်ကို လွှဲလိုက်ပြီး..သူ့ကို မသိချင်ယောင် ဆောင်နေခဲ့တယ်..။သူက အရိပ်အသစ်ကို ဂရုမစိုက်တဲ့ ပုံစံနဲ့ လျစ်လျူရူထားခဲ့ပါသေးတယ်..။
"ကောင်းပြီ..မင်း ဒီလိုဖြစ်ဖို့ မလိုဘူးလို့ ငါပြောချင်တယ်..။ငါ မင်းကို အများကြီး တန်ဖိုးထားပါတယ်..။ကျောက်တုံး သူတော်စင်က..အင်အားကြီးတဲ့ သားရဲတွေကို သတ်ဖြတ်နိုင်တဲ့အချိန်မှာ..မင်းက ဘာမှမလုပ်နိုင်ဘူး ဆိုပေမယ့်..အဟမ်း အဟမ်း..မင်းက မယုံကြည်နိုင်စွာပဲ..ကင်းထောက်တဲ့ နေရာမှာ စွမ်းဆောင်နိုင်ပြီး ငါ့ရဲ့ အယုံကြည်ရဆုံး ဘော်ဒါဖြစ်နေသေးတယ်လေ..။ငါ မင်းကို ဂုဏ်ယူနေတုန်းပဲ..။ဟုတ်တယ်..."
သူ အရိပ်ကို စိုက်ကြည့်နေခဲ့ပေမယ့် အရိပ်က မတုန့်ပြန်တာကို မြင်ပြီး အကြည့်ကို ပြန်လွှဲလိုက်တယ်..။
' ဒီငနဲကလည်း..အခြေအနေကို ကောင်းကောင်း ကစားတတ်တာပဲ..ဟဟ..'
အချက်အလက်ကို အာရုံစိုက်လိုက်ပြီး ဆန်နီဟာ..အရိပ်ရဲ့ ဖော်ပြချက်ကို ဖွင့်ကာ ဖတ်လိုက်တယ်..။
အရိပ် : ကျောက်တုံး သူတော်စင်
အရိပ်အဆင့် : နိုးထမူ
အရိပ် အမျိုးအစား : မွန်းစတား
အရိပ် စွမ်းရည် : [ တိုက်ပွဲ မာစတာ ] , [ အားထားရသူ ] , [ နတ်ဘုရား အမှတ်အသား ]
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။ကြည့်ရတာ ကျောက်တုံး သူတော်စင်ရဲ့ နတ်ဘုရား စွမ်းရည်တွေက သူနဲ့ ဆက်နွယ်နေသလိုပါပဲ..။သူက သူမရဲ့ မာစတာ ကြောင့်များလား..။သို့ပေမယ့် အခုထိ သူမရဲ့ ပြောင်းလဲမူ တွေကို မတွေ့ရသေးပါဘူး..။
သူ မျက်မှောက်ကျုတ်လိုက်ပြီး အချက်အလက်တွေကို ဆက်ဖတ်လိုက်တယ်..။
အရိပ်ဖော်ပြချက် : [ အရိပ်သူတော်စင်ကို မေ့ပျောက်ကုန်းမြေ၏ ကျိန်စာသင့် နေရာတွင် ..ဒုက္ခပေးတတ်သော အလင်းမှပျောက်ဆုံးသူက ဖန်တီး ထားခဲ့သည် ]
' ဒီ ဒုက္ခပေးတတ်တဲ့ အရာက ပါလာပြန်ပြီလား..။ငါ ့ကို တစ်ခြားနာမည်ပေးလို့ မရဘူးလား...'
သို့ပေမယ့် ခနအကြာမှာတော့..သူ ဒီမကျေနပ်မူကို မေ့ပျောက်သွားခဲ့ပါတယ်..။ဒါက အချက်အလက်ဇယားရဲ့ အောက်ဘက်မှာတော့..မထင်မှတ်ထားတဲ့ အရာတစ်ခုခု ရှိနေတာကြောင့်ပါပဲ..။
[ အရိပ် အပိုင်းအစ : 0 / 200 ]