ကြီးထွားလာတဲ့ အရိပ်
Vol. 8 Ch. 107
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီ အချက်အလက် ဇယားကို စိုက်ကြည့်နေခဲ့တယ်..။
ယင်းနောက်..သူ့မျက်လုံးထဲမှာ နားလည်တဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့ပါတယ်..။သူ နောက်ဆုံးတော့ ထပ်တူညီမူနဲ့ အရိပ်က ဘာကွာခြားလဲ ဆိုတာကို နားလည်သွားခဲ့ပါပြီ..။
ဒါက အရမ်းကို ရိုးရှင်းပါတယ်..။
ထပ်တူညီမူ ဆိုတာက..သားရဲကြီးတွေကို ပုံတူကူးထားတဲ့ အရာတစ်ခုပါပဲ..။သူတို့က နဂို ပုံသဏ္ဍာန် အတိုင်းသာ ရှိနေမှာဖြစ်ပြီး ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပေ..။
သို့ပေမယ့် အရိပ်တွေကတော့ ကွဲပြားပါတယ်..။ဘာပဲဖြစ်ဖြစ် သူတို့က သဘာဝအလိုက် ပြောင်းလဲနေတာဖြစ်ပြီး..ပတ်ဝန်းကျင်အလိုက် ပုံသဏ္ဍာန် ပြောင်းလဲနိုင်ပါတယ်..။
ဒါက ကြီးထွားနိုင်စွမ်းလည်း ရှိနေပါသေးတယ်..။
သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။
အိပ်မက်ဆိုး သားရဲတွေကို သတ်ဖြတ်ရင်း..သူက အရိပ်အပိုင်းအစတွေကို စုပ်ယူကာ..ပိုမို သန်မာလာနိုင်ပါတယ်..။ဒီအခြေအနေ အတိုင်းဆိုရင်..သူ့ရဲ့ အရိပ်အမြုတေက..န်ိုးထမူ အဆင့်ထက် ကျော်လွန်တဲ့ အဆင့် ကိုတောင် တက်နိုင်လောက်ပါသေးတယ်..။ဒီဖြစ်စဥ် နဲ့ အတူ မြင့်တက်လာနိုင်တဲ့ ခွန်အား တွေကလည်း..မှန်းဆလို့မရနိုင်ပေ..။
ဒီဖြစ်စဥ်ကို တော့ သူလည်း အတိအကျ မပြောနိုင်ပါဘူး..။လူသား တစ်ယောက် အနေနဲ့ကတော့..သူက အိပ်မက်ကမ္ဘာထဲကနေ ..အစစ်အမှန် ကမ္ဘာကို ပြန်နိုင်မှ နိုးထသူ တစ်ယောက်ဖြစ်လာမှာပါ..။ပြီးတော့ တောင်းဆိုချက် အတိုင်း အရိပ်အပိုင်းအစ တစ်ထောင် တိတိ ..စုဆောင်းနိုင်ရင်လည်း ဘာတွေ ဖြစ်လာမလဲ ဆိုတာကို သူမသိပေ..။
သို့ပေမယ့် ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ်. ဆန်နီ
န်ိုးထသူ လမ်းကြောင်းကို ရှေ့ဆက်နေသ၍ ..သူ့ရဲ့ မှတ်သားမူ နဲ့ ထပ်တူညီမူ တွေကလည်း သန်မာလာတော့မှာပါ..။ဒီအရာက အောင်မြင်နိုင်မလားဆိုတာကတော့ ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး..။
ဒီနေရာမှာတော့ ပြသနာတစ်ခု ရှိနေခဲ့ပါတယ်..။မှတ်သားမူ တွေက..ရရှိဖို့ လွယ်ကူနိုင်ပေမယ့် ထပ်တူညီမူက..အတော်လေး ရှားပါးပါတယ်..။အကယ်၍ ကိုယ့်ရဲ့ ထပ်တူညီမူ နဲ့ ချိတ်ဆက်ရတာ မဆင်မပြေဘူးဆိုရင်တောင်..အစားထိုးဖို့ ဆိုတာက အရမ်းကို ခက်ခဲတဲ့ အရာပါပဲ..။
သို့ပေမယ့် အရိပ်တွေကတော့..ဆန်နီ သန်မာလာတာနဲ့ ပိုပြီး သန်မာလာမှာပါ..။ဆန်နီသာ..အားစိုက်ထုတ်ပြီး ကြိုးစားနေသ၍ သူ့ရဲ့ အရိပ်တွေက ဘယ်တော့မှ နောက်မှာ ကျန်ခဲ့မှာ မဟုတ်ပါဘူး..။
ဒါက အနာဂတ်မှာ သူ့ရဲ့ အစီစဥ် တွေကို ပြောင်းလဲပစ်ဖို့ အတွက်တောင် လုံလောက်ပါတယ်..။အရင်တုန်းက ဆန်နီက တိုက်ပွဲထဲမှာဆိုရင် ကိုယ့်ကိုကိုပဲ အဓိက အားကိုး တိုက်ခိုက်ရပြီး..မှတ်သားမူတွေ ၊ ထပ်တူညီမူ တွေကို အကူအညီ အဖြစ်ပဲ ရယူရတာပါ..။
ဒါက ဘာလို့လဲဆိုတော့..အဆင့်မြင့်တဲ့ ထပ်တူညီမူတွေက ရရှိဖို့ ခက်ခဲလို့ပါတယ်..။ဒါက မှတ်သားမူတွေထက် ပိုပြီး ရှားပါးတယ် ဆိုပေမယ့်..များပြားလှတဲ့ ပြောင်းလဲမူ အဆင့် ထပ်တူညီမူ တွေ ၊ မဆိုးလှတဲ့ နိုးထမူအဆင့်တွေ ရှိနေပါသေးတယ်..။သူတို့က မာစတာ နဲ့ သူတော်စင် ကြားထဲမှာပဲ အသုံးပြုးကြတာ များပါတယ်..။
သို့ပေမယ့်..ကျရှုံးမူ အဆင့် ၊ ပျက်ပြားခြင်း အဆင့် မွန်းစတားတွေနဲ့ တိုကိခိုက်ရတာက ဘယ်တုန်းကမှ လွယ်ကူတဲ့ အရာမဟုတ်ပါဘူး..။ဒီလို အဆင့် သားရဲတွေကို သတ်ပြီး ထပ်တူညီမူ ရယူနိုင်တာ မျိုးက လက်တွေ့မဆန်သလို ၊ ဘယ်တုန်းကမှ မဖြစ်ဘူးပေ..။
ဆန်နီ အတွက်တော့ မဖြစ်နိုင်တဲ့ အရာမဟုတ်ပေ..။
သူက အားနည်းတဲ့ မွန်းစတားတွေကို သတ်ပြီး သူတို့ဆီကနေ ထပ်တူညီမူတွေ ရနိုင်ပါတယ်..။ပြီးတာနဲ့ ဖြစ်ရိုးဖြစ်စဥ် ဥပဒေသတွေကို ကျော်လွန်ပြီး ..အင်အားကြီးမားတဲ့ အရိပ် စစ်တပ်ကြီး တစ်ခု ဖြည်းဖြည်းချင်း တည်ဆောက်သွားမှာပါ..။ဒီလိုဆိုရင် သူက အဝေးတစ်နေရာကနေပြီး..ကောက်တေး လေးသောက်ကာ..တိုက်ပွဲကို ထိုင်ကြည့်နေယုံပါပဲ..ဉ
အာ..ချမ်းသာတဲ့ လူတွေက..အဲတာကို သောက်ကြတာ မလား....
မွန်းစတားတွေကလည်း အိပ်မက်ဆိုးကို ကျော်ဖြတ်ဖို့အဆင့်တက်နေကြတာလား ဆိုတာတော့ ဆန်နီ မပြောတတ်ပါဘူး..။အရိုးသားဆုံး ပြောရရင် အိပ်မက်ဆိုး သားရဲတွေက သူတို့ရဲ့ အမြုတေကို ဘယ်လိုမျိုး အဆင့်မြင့်တင်နေကြတာလည်း ဆိုတာတော့ သူမသိပေ..။ကြေးခွံနတ်ဆိုးက..ဝိဥာဥ် သစ်ပင်က အသီးတွေကို စားသုံးပြီး ဝိဥာဥ် အဆီအနှစ်တွေကို စုပ်ယူကာ အဆင့်တက်နေသလိုပါပဲ..။
ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ်...သူက ကျောက်တုံး သူတော်စဥ် ကိုတော့ ပိုပြီး သန်မာလာအောင် စွမ်းဆောင်နိုင်စွမ်းတွေ ရှိနေခဲ့ပါကြီ..။
ဖြစ်နိုင်တာက သူ့ရဲ့ ဒီနေရာက ဘဝကို အဆင်ပြေစေဖို့ အတွက် လုံလောက်တဲ့ ခွန်အားတွေ ရရှိတဲ့အထိ တိုးမြှင့်ပေးနိုင်တာ ဖြစ်နိုင်ပါတယ်..။
သူက အရိပ်ကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်..။သူ့အပြုံးတွေက နားရွက်ကိုတောငိ တက်ချိတ်ပါတော့မယ်..။
" မင်း နဲ့ ငါကတော့..ကောင်းမွန်တဲ့ အရာနဲ့ အလုပ်တွဲလုပ်ရတော့မယ် ကောင်လေး.."
တကယ်လို့ သူ့ရဲ့ အရိပ်သာ ဆန်နီရဲ့ ဦးစားပေး နေရာကို လုယူခံရမှာ ကြောက်နေသေးတာ မဟုတ်ဘူးဆိုရင် အခုချိန်မှာ စိတ်လှုပ်ရှားနေလောက်ပါပြီ..။
***
အခု ဆန်နီ ရဲ့ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ တစ်ခုတည်းသော အတွေးကတော့..အရိပ် သူတော်စင် ကို အပိုင်းအစ တွေ ဘယ်လို ကျွေးရမလဲ ဆိုတာပါပဲ..။
တကယ်လို့ သူ့ရဲ့ ကိုယ်ပိုင် အပိုင်းအစတွေကိုသာ သူမဆီကို ပေးလို့ ရနိုင်တယ် ဆိုရင် သူ နှစ်ခါတောင် ပြန်မစဥ်းစားပဲ ပေးလိုက်မှာပါ..။သို့ပေမယ့် ဒီလို ရလောက်တဲ့ ပုံတော့ မပေါ်ပေ..။
ဆန်နီက သူ့ရဲ့ အရိပ်ကို အကြံဥာဏ်တောင်းကြည့်ပေမယ့်လည်း ဒီငနဲက သိပ်ပြီး စကားပြောချင်ပုံ မရပါဘူး..။
ဆန်နီ ခေါင်းကို ကုတ်လိုက်ပြီး..ဝိဥာဥ် ပင်လယ်ထဲမှာ လျောက်သွားကာ..ကျောက်တုံး သူတော်စင်ကို
အရိပ်အပိုင်းအစ ထည့်သွင်းပေးမယ့် နည်းလမ်းကို စဥ်းစားနေခဲ့တယ်..။
"ကောင်းပြီ..အကောက်းဆုံး အဖြေကတော့ သူမကို အပြင်ခေါ်ထုတ်ပြီး အိပ်မက်ဆိုး သားရဲတစ်ချို့ကို သတ်ခိုင်းဖို့ပဲ...။ဒါပေမဲ့ ဒါက အလုပ်ဖြစ်ပါ့မလား..။ငါ့ရဲ့ သစ္စာရှိ ကြေးခွံသားရဲ က တစ်ခုခုကို သတ်လိုက်တော့ အရိပ်အပိုင်းအစကို ရခဲ့တာက ငါပဲလေ..။ခနလေး..ငါ ဘာလို့ အတွေးတွေ များနေရတာလဲ "
ဆန်နီ အပြင်ကမ္ဘာကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။လက်ရှိအချိန်က နေ့အချိန်ရောက်နေပြီဖြစ်ပြီး ပုံမှန်ဆိုရင် သူက အိပ်ပျော်နေလောက်ပါပြီ..။နေ့ဘက် အချိန်မှာ အပြင်ကို ထွက်တာက အတော်လေး အန္တရာယ် များပါတယ်..။သူသာ အရိပ် မရှိတဲ့ နေ့ဘက်ကြီးမှာ လျောက်သွားနေမယ်ဆိုရင် ကျရှုံးမူ အဆင့် သားရဲတွေက သူ့ကို မြင်တာနဲ့ ပစ်မှတ်ထားတိုက်ခိုက်ကြမှာပါ..။
သူ ဒီငရဲလို နေရာမှာ အချိန်အကြာကြီး အသက်ရှင်နေနိုင်တာက..သွေးကြောင်တယ်ပဲ ပြောပြော..ညဘက်တစ်ချိန်တည်း အမဲလိုက်လို့ပါပဲ..။သူ ဒီသင်ခန်းစာကို ရဖို့ ပေးဆပ်ရတဲ့ တန်ဖိုးက အရမ်းကို များပြားပြီး..သူ့အသက်တောင် ဆုံးရှုံးမတတ်ဖြစ်ခဲ့ရပါတယ်..။
သို့ပေမယ့်...ဒီလိုဆိုရင်တောင် သူ စွန့်စားကြည့်သင့်လား....။